Saturday, July 11, 2009

စုတ်ပြတ်နေတဲ့  ဗမာပြည်

အာဏာပိုင်များဦးစီးကာ လောင်းကစားလုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ဆောင်နေFriday, 10 July 2009 21:24 ဖြိုးကြီး
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် ကျေးရွာအာဏာပိုင်များကိုယ်တိုင် ဦးစီးကာ လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေလျှက်ရှိသည်။

မြန်အောင်မြို့နယ်၊ ကညင်အုပ်စု ကျေးရွာဥက္ကဌ ကိုကြည်စိုးနှင့် ရယကစာရေး ကျော်စွာတို့ ဦးစီးကာ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားလုပ်ငန်းများကို မြို့ပေါ်ရှိ ဒိုင်များနှင့် ချိတ်ဆက်ကာ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

"ဒိုင်က မြို့ပေါ်က နာမည်ကြီးဒိုင်နှစ်ဒိုင် ကျေးရွာမှာ လက်ခွဲတွေ ဖွင့်တယ်၊ အဲဒီထဲမှာ ရယကစာရေးကို အစုထည့်ပေးထားတယ်၊ ကြွေးတောင်းမရတဲ့ လက်ခွဲဒိုင်လေးတွေကို ရယကဥက္ကဌက ခေါ်ပြီး စာချုပ်တွေ လုပ်ပေးနေတာ၊ အဲဒါက နှစ်လုံး၊ သုံးလုံးထိုးတဲ့ ကြွေးမဟုတ်ဘူး၊ တခြားကိစ္စနဲ့ လုပ်တဲ့ ကြွေးဆိုပြီး လက်မှတ်ထိုးခိုင်း၊ အဲလိုတွေလုပ်တာ" ဟု ပြောသည်။

ကညင်အုပ်စုအတွင်း နေ့စဉ် နှစ်လုံးထီလောင်းကစားမှ တက်ငွေ ၂၅ သိန်းမှ သိန်း ၃၀ အထိရှိပြီး သုံးလုံးထီမှာ တပတ်လျှင် သိန်း ၅၀ မှ ၁၀၀ ဝန်းကျင်အကြားရှိကြောင်း အဆိုပါရွာသားက ဆက်ပြောသည်။

ရွာသားများအနေဖြင့်လည်း ယခုကဲ့သို့ လောင်းကစားလုပ်ငန်းများ နေ့စဉ် ရှိနေသည့်အတွက်ကြောင့် တခြားအလုပ်အကိုင်များကို စိတ်ဝင်စားခြင်းမရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

"အခုဆို လူတွေက တခြားအလုပ်အကိုင်တွေကို စိတ်မဝင်စားတော့ဘူး၊ စာရိတ္တတွေ ပျက်လာတာပေါ့၊ ခိုးမှုတွေကလဲ နေ့စဉ်ကို ဖြစ်နေတာ၊ ကြက်တွေ့ ကြက်ခိုး၊ စပါးတွေ့ စပါးခိုး အဲလိုတွေဖြစ်နေတာ၊ ပြီးခဲ့တဲ့နှစ်ကဆို ဘုန်းကြီးတောင် အသတ်ခံရပြီး ပစ္စည်းတွေယူသွားတဲ့ အဖြစ်မျိုးတွေတောင် ရှိတယ်" ဟု ဆက်လက်ပြောသည်။

ကျေးရွာအာဏာပိုင်များကိုယ်တိုင် ယခုကဲ့သို့ လောင်းကစားလုပ်ငန်းကို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည့်အပေါ် သက်ဆိုင်ရာ အထက်အာဏာပိုင်များကလည်း တစုံတရာ အရေးယူခြင်းမရှိကြောင်း ဆက်ပြောသည်။

မြန်အောင်မြို့နယ်၊ ကညင်အုပ်စုတွင် ကျေးရွာပေါင်း ၂၄ ရွာရှိပြီး တရားဟောဘုန်းကြီးများပင်လျှင် နှစ်လုံးသုံးလုံးလောင်းကစားများကို လုပ်ကိုင်နေလျှက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN