Saturday, May 30, 2009

ဒေါ်အောင်ဆန်းစုကြည်သတင်း လွတ်လပ်စွာဖော်ပြခွင့်မရ

Friday, 29 May 2009 18:00 အေးလဲ့
ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်သည့် သတင်းများကို ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်များတွင် ဖော်ပြလိုပါက အစိုးရပိုင် သတင်းစာများထဲမှ သတင်းများအတိုင်း “၏” “သည်” မလွဲ ရေးသားမှသာ စာပေစိစစ်ရေးက ခွင့်ပြုကြောင်းကြားသိရသည်။

[မြန်မာနိုင်ငံတွင် ထုတ်ဝေ ဖြန့်ချိနေသည့် သတင်းဂျာနယ်များကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - မိုးမခ)]

မြန်မာနိုင်ငံတွင် ထုတ်ဝေ ဖြန့်ချိနေသည့် သတင်းဂျာနယ်များကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - မိုးမခ)
ပြည်တွင်းအခြေစိုက် သတင်းထောက်များ အနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်း များကို ၎င်းတို့ကိုယ်တိုင် တွေ့မြင်ခဲ့သည့် အတိုင်းလွတ်လပ်စွာ ရေးသား ဖော်ပြခွင့်မရှိသည့် အပြင် အစိုးရပိုင် သတင်းစာများထဲတွင် ဖော်ပြထားသည့် သတင်းများထဲမှ လိုချင်သည့် စာပိုဒ်ကို ထုတ်နုတ် ကိုးကား ရေးသားခြင်းမျိုးကိုလည်း ခွင့်မပြုကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

“ဒီသတင်းကိုဖော်ပြတဲ့ သတင်းဂျာနယ်တွေအားလုံး သတင်းစာနဲ့ တပုံစံတည်း ထည့်ပေးရတယ်” ဟု ၎င်းကဆိုသည်။

အင်းစိန် အကျဉ်းထောင်အတွင်း ပြုလုပ်သည့် တရားခွင်ကြားနာမှု တချို့တွင် မြန်မာသတင်းထောက် အနည်းငယ်ကို တက်ရောက်ခွင့် ပြုခဲ့သော်လည်း ပြည်တွင်းမီဒီယာများအနေဖြင့် လွတ်လပ်စွာ သတင်း ဖော်ပြခွင့် မရသောကြောင့် တရားခွင်နှင့် ပတ်သက်၍ သတင်း ရေးသားဖော်ပြရာတွင် ကန့်သတ် ချုပ်ချယ်ထားမှု အားလုံးကို ဖယ်ရှားပေးရန် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က မေလ ၂၈ ရက်နေ့က မြန်မာ စစ်အစိုးရကို တောင်းဆိုလိုက်သည်။

RSF က ထုတ်ပြန်ထားသည့် ကြေညာချက်တွင် နိုင်ငံခြားသား သတင်းထောက်များကို အကျဉ်းထောင် တရားရုံးတွင်း ဝင်ခွင့်မပြုကြောင်းလည်း ပါရှိသည်။

“မီဒီယာအပေါ်ထားတဲ့ စစ်အစိုးရရဲ့ သဘောထားဟာ တပြေးညီ မရှိတဲ့အတွက် မြန်မာသတင်းထောက် တွေအားလုံး တရားခွင်ကို တက်ရောက်ခွင့်မရသလို နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း အနား ကပ်လို့မရအောင် လုပ်ထားပါတယ်” ဟု RSF က ထုတ်ပြန်ထားသည်။

၎င်းကြေညာချက်တွင်ပင် “စစ်အစိုးရရဲ့ ကြိုတင် တည်းဖြတ်၊ စိစစ်မှုတွေကြောင့် လွတ်လွတ် လပ်လပ်ရေးသား ဖော်ပြခွင့်မရဘဲ တဝက်တပျက် အခွင့်အလမ်းကြားထဲက ရေးသားရတာဖြစ်တဲ့အတွက် မြန်မာလူထုဟာ ခုံရုံးနဲ့ပတ်သက်ပြီး သတင်းအမှန်ကို တိတိကျကျမသိရပါ” ဟုလည်း ပါရှိသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း “သတင်းစာ က လည်း အစိုးရရဲ့သတင်းစာ၊ တရားစွဲတာလည်းအစိုးရကိုယ်တိုင် စွဲဆိုတာ၊ ကျနော်တို့အနေနဲ့ ဘာမှ လွတ်လပ်ခွင့် မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်ပတ်သက်ပြီး အများပြည်သူ ကြားနာခွင့်မရှိသည့် တံခါးပိတ် တရားခွင် စစ်ဆေးမှုမှာ ၉ ရက်မြောက် ပြီးခဲ့ပြီ ဖြစ်သော်လည်း သတင်းထောက်တချို့ကို ၂ ရက်သာ တရားခွင်သို့ တက်ရောက်ခွင့်ပြု ခဲ့သည်။

မေလ ၂၀ ရက်နေ့တွင် နိုင်ငံခြား သတင်းဌာနများကို မဲနှိုက်စေကာ မဲပေါက်သည့် သတင်းဌာန ၅ ခုမှ မြန်မာနိုင်ငံသား သတင်းထောက် ၅ ဦးနှင့် ပုဂ္ဂလိကပိုင် သတင်းမီဒီယာများထဲမှာ စစ်အစိုးရ ရွေးချယ်သည့် ဂျာနယ်တိုက် ၅ ခုမှ သတင်းထောက် ၅ ဦး၊ စုစုပေါင်း သတင်းထောက် ၁၀ ဦးကိုသာ တရားခွင်သို့ တက်ရောက်ခွင့် ပြုခဲ့သည်။

မေလ ၂၆ ရက်နေ့တွင် နိုင်ငံခြားသတင်းဌာနများမှ မြန်မာ သတင်းထောက် ၁၅ ဦးနှင့် ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများမှ သတင်းထောက် ၁၀ ဦး စုစုပေါင်း ၂၅ဦးတို့ကို တရားခွင်သို့ တက်ရောက်ခွင့် ပြုခဲ့သည်။

အစိုးရ မီဒီယားများအဖြစ် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာသတင်းစဉ် တို့မှ သတင်းထောက်များ တက်ရောက်ခဲ့ပြီး ၎င်းမီဒီယာ များကသာ တရားခွင်အတွင်း ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခဲ့သော်လည်း ကျန်မီဒီယာနှင့် သတင်းဌာနများမှာ ကင်မရာ၊ အသံဖမ်းစက်များ ယူဆောင်ခွင့်မရဘဲ မှတ်စုစာအုပ် တအုပ်စီသာ ယူဆောင်ခွင့်ပြုခဲ့ကြောင်း ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုလအစောပိုင်းက သူ၏နေအိမ်တွင်းသို့ အမေရိကန် နိုင်ငံသား ဝင်ရောက်ခဲ့မှုကြောင့် အကျယ်ချုပ်ကန့်သတ် တားဆီးမိန့် ချိုးဖောက်မှုဖြင့် အင်းစိန်ထောင်တွင်း တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။ အဆိုပါအမှုကြောင့် ထောင်ဒဏ် ၃နှစ်မှ ၅နှစ်အထိ ကျခံရ နိုင်ဖွယ်ရှိကြောင်း သိရသည်။

ဧရာဝတီ မှ

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Concern for health of Aung San Suu Kyi အမေစု ကျန်းမာရေးမကောင်း

30 May 2009 Today news

YANGON (AFP) - The party of Myanmar pro-democracy leader Aung San Suu Kyi said Friday it was "very concerned" for the health of the Nobel Laureate, who has been detained in a notorious prison while facing trial.

The 63-year-old had suffered a series of health scares in recent months before she was charged with breaching her house arrest in early May over an incident in which an American man swam to her lakeside home.

"We are very much concerned for her health situation. Because of frequent leg cramps at night she has to walk around," Nyan Win, a spokesman for her National League for Democracy (NLD), told AFP.

"The chief of the (prison) medical team is also trying to find out the reason. Aung San Suu Kyi has said that the chief of the medical team is taking care of her," he added.

Myanmar's state-controlled media reported last week that medical specialists had visited her at Yangon's Insein Prison and she was receiving daily health care at the jail.

Nyan Win also said that final arguments in the internationally condemned trial had been pushed back from Monday until Friday next week. Aung San Suu Kyi faces five years if convicted.

"The court informed her main lawyer Kyi Win this evening about the postponement of the final arguments until June 5. We don't know the reason," Nyan Win said.

He said that he would go to Insein Prison on Saturday to meet Aung San Suu Kyi after her legal team applied to the court to be able to consult with her.

"We hope we will be allowed to see her," he said.

Myanmar's military junta has kept Aung San Suu Kyi in detention for 13 of the last 19 years, most of them in virtual isolation at her tightly guarded home by Yangon's Inya Lake.

She was twice placed on an intravenous drip at her house earlier this month because she could not eat, had low blood pressure and was dehydrated. Doctors also administered a drip last year.

In November 2006, Aung San Suu Kyi had an ultrasound, which is used to screen for a variety of ailments including heart and gynaecological problems, but was given a clean bill of health by her personal physician.

The Myanmar junta's case against her has drawn fierce international condemnation, with US President Barack Obama describing it as a "show trial".

Myanmar hit back at a conference of Southeast Asian and European leaders in Cambodia on Thursday, rejecting foreign "pressure and interference" and insisting that the trial was not political or a matter of human rights.

An international media rights group urged Myanmar Friday to lift the restrictions on coverage of Aung San Suu Kyi's trial, which has been held behind closed doors for all but two days since it started on May 18.

Diplomats and local reporters for Myanmar and foreign news organisation were allowed into the trial on May 20 and 26 only.

"Burmese journalists are or are not allowed into the trial at the military?s whim while foreign journalists are carefully kept away," said Paris-based Reporters Without Borders (RSF), referring to the country by its former name.

"Even with this limited access, the Burmese public is not being properly informed as the military?s prior censorship prevents any independent coverage. The lack of transparency makes a fair verdict even more unlikely," it added.

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

နွားအဖ ရိုက်သွင်းထားတဲ့ စိတ်ဓါတ်များ

သက်ဆိုင်သူများသို့…

ကျနော်တင်ပြတာကတော့ ဒုက္ခပင်လယ်အောက်ရောက်နေတဲ့ လူထုကြီးထဲမှာအဓိကအကျဆုံး စိတ်ဓါတ်ပြုပြင်နိုင်ဖို့၊ ပြောင်းလဲနိုင်ဖို့လိုတယ်၊ ဒီလောက်ဒုက္ခပင်လယ်နဲနေရတာက စစ်အာဏာရှင်တွေ ကျင့်ပေးထားတဲ့ ရိုက်သွင်းထားတဲ အတွေးအခေါ်အယူအဆအမှားတွေ၊ ညစ်ညမ်းတဲ့စိတ်ဓါတ်တွေ၊ အကျင့်ပျက်ချစားမှုတွေ မိမိနဲမိမိပတ်ဝန်းကျင်မှာ ရှင်သန်နေလို့ဖြစ်ပါတယ်။ ဒါကို ဖောက်ထုတ်လို့ မရသ၍ ပြောင်းလဲလို့ရမှာ မဟုတ်ဘူး၊ တိုးတက်မှာမဟုတ်ဘူး၊ စစ်အစိုးရအောက် ဘယ်လိုရပ်တည်ရှင်သန်ရမလဲ လူတိုင်းလိုလို နိုင်ငံသားတိုင်းလိုလို သိနေကြပါပြီ။

ဒီနေရာမှာ ပုံစံ (၂)ခုထွက်ပေါ်လာတယ်… လူဂုဏ်သိက္ခာရှိရှိလူဘ၀ကိုဖြတ်သန်းဖို့ တန်ဖိုးထားသူရယ်၊ ထမင်းစာဖို့ အသက်ရှင်တတ်သူရယ် ဆိုတာဘဲဖြစ်တယ်။ အသက်ရှင်သန်ဖိုလူတိုင်းလိုလားကြတယ် ဆိုပေမယ့် ဂုဏ်သိက္ခာမဲစွာနဲမရပ်တည်လိုသူတွေက တော်လှန်ဖို့ ပြောင်းလဲဖို့ အမှန်တရားရှာဖွေဖို့ အမှားကိုလက်ပိုက် မကြည့်ဖို့ တိုက်တွန်းတယ် တောင်းဆိုတယ် ပူးပေါင်းဆောင်ရွက်တယ် ဦးဆောင်တိုက်ပွဲဖော်တယ်။

စိတ်ဓါတ်ပျက်ပြားနေတဲ့မျိုးဆက်တွေနဲအကျင့်ပျက်နေတဲ့ပြည်သူတွေကတော့ ရိုက်သွင်းထားတဲ့အတွေးအခေါ် အယူအဆအမှားတွေခေါင်းထဲကမောင်းမထုတ်နိုင်ဘဲ၊ ဒါကလဲ နှစ်ရှည်လများ လေ့ကျင့်ပေးထားခဲ့တော့ အမှားကိုအမှန်ထင်ပြီး အမှန်ကိုအမှားမြင်သွားတတ်ကြလို့ပေါ့… တွေတဲလူနဲတည့်အောင်ပေါင်းပြီး ထမင်းတလုပ်စားရဖို့လောက် စိတ်ကူးရှိနေတယ်ဆိုရင် တိရစ္ဆာန်ဆိုတဲ အိပ်-စား-ကာမဘဲသိတဲ့ သတ္တ၀ါနဲလူသား ဘယ်လိုကွာခြားတော့မှာလဲ သေချာစဉ်းစားပါ၊ ဒါကြောင့် ဘုရားပေါင်းမြောက်များစွာက မလုပ်ထိုက်တာရယ် မပေါင်းသင်းထိုက်တာရယ် မလုပ်ကြဖို့ မပေါင်းအပ်သူနဲမပေါင်းကြဖို့ မိန့်ကြား ဆုံးမခဲ့ကြတာပါ၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်တစ်ပါတီအာဏာရှင်စနစ်အောက်မှာထွက်ပေါ်လာတဲ့ ဆောင်ပုဒ်က တွေ့တဲလူနဲ တည့်အောင်ပေါင်း ရတာလေးနဲ ၀အောင်စား ရှိတာလေးနဲ လှအောင်ဝတ်တဲ့ ဒါဆိုရင်လူဘ၀တိုးတက်မှုကို လူတွေရှာဖွေမှု မပြုကြဖို့နဲ လူဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလဲ ရှင်းလင်းစွာ စဉ်းစားလိုမရအောင်လို့ ဖန်တီးမွေးမြူ ပေးခဲ့တာဘဲဖြစ်မယ်။

လူဆိုတာ ထမင်းစားဖို့တစ်ခုတည်းရပ်တည်ရှင်သန်ကြတာမဟုတ်ပါဘူး၊ ဒီနေရာမှာ လူတန်းစားခွဲခြားထားပုံကို အနည်းငယ်တင်ပြချင်တယ်။ ကျနော်နားလည်ထားတဲ့ လူတန်းစားအလွှာ (၄)မျိုးရှိတယ်… အောက်ဆုံးအလွှာက (၁) ၀မ်းဝရေးဘဲစဉ်းစား လုပ်ဆောင်တယ်၊ (၂) အခွင့်အရေး-အခွင့်အလမ်း စဉ်းစားရှာဖွေလုပ်ဆောင်တယ်၊ (၃) တိုးတက်ပြောင်းလဲမှုကို စဉ်းစားကြံဆောင်ပြီး အကောင်အထည်ဖော်တယ်၊ (၄) အနာဂတ်အာမခံချက်ရှိရေး စဉ်းစားရှာဖွေကြံဆကြိုးပမ်း နေတယ်၊ ဒါနဲတဆက်တည်းသိဖို့က ငါအတွက်ဘဲလုပ်နေသူအဆင့်တိုင်းမှာ ရှိနိုင်သလို၊ ငါနဲငါ့မိသားစု အတွက်လဲရှိနိုင်တယ်၊ ပြီးတော့ ငါ-ငါ့မိသားစု-ငါ့ပတ်ဝန်းကျင်နဲ ငါတို့ပတ်ဝန်းကျင် ငါတို့နိုင်ငံ-ငါတို့ကမ္ဘာကြီးအတွက်ဆိုပြီး ရည်ရွယ်ချက်ကောင်းတွေ မွေးမြူလေ့ကျင့် ကြိုးပမ်းနေကြသူတွေလဲ ရှိပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဘယ်လိုအတန်းအစားအလွှာနဲဘယ်လိုရည်ရွယ်ချက်ထားပြီး အသက်ရှင်သန်နေတဲ့ လူတွေများသလဲလို့ စမ်းစစ်ကြည့်ကြဖို့လိုအပ်နေသလို မိမိကိုယ်တိုင်လဲ ဘယ်အတန်းအစား ဘယ်ရည်ရွယ်ချက် ဘယ်လိုကြိုးပမ်းမှုတွေနဲ လူအဖြစ်ရပ်တည်ရှင်သန်နေလဲ ပြန်လည်မေးခွန်းထုတ်ကြဖို့တိုက်တွန်းရင်း…

ညိမ်းမောင် (၂၀၀၉ခုနှစ် မေလ ၂၅ရက်-ရန်ကုန်မြို့)


Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Friday, May 29, 2009

John William Yettaw with SPDC craps

သွားတုန်းကတော့

အော် ဒါတို့ တပ်မတော်ကွရယ်လို့  ပုဆိုးခါးတောင်း မြှောင်မြှောင်ကြိုက်ကာဖြင့် အော်သာအော်လိုက်ချင် ။ ခုမှ ခုမှ ကြွက်အုပ်နှင့် ယက်တော အလုပ်ရှုပ်နေကြပုံ

ဆက်ဖတ်မယ်ဆိုရင်....

နွားအို မြက်နုချိုကြိုက်အပြုံးလေးပေါ့ဗျာ - ဦးသန့် သာရှိရင်

ဆက်ဖတ်မယ်ဆိုရင်....

အဝေးကနေဘဲ အော်နေမှာလား ၊တကယ် အလုပ်လုပ်မှာလား

ပျားအုံတစ်အုံရဲ့ အရေးအခင်း
ပျားအုံ တစ်အုံမှာ..
အသက်က..ပျားဘုရင်မဘဲ..
သူမရှိရင်.ပျားအုံ ပျက်ရော…

ပျားထီးမရှိရင်..
လုပ်သားပျားတွေ မရှိနိုင်ဖူး..
လုပ်သားပျား မရှိရင်..
ပျား အုံကို ဘယ်သူကာကွယ်မလည်း..

မျိုးအောင်မှ လုပ်သားပျားတွေ မွေးတယ်..
မျိုးမအောင်ရင်.. ပျားထီးတွေ ချည်းဘဲမွေးတယ်
ပျားထီးက အစာမရှာတတ်ဖူး..
ပျားထီး က..နာအောင်မတုတ်နိုင်ဖူး.
ဆရာများနေ..သားသေတာပေါ့

လူ့ နဲ့ လူပတ်ဝန်းကျင်ဟာ ပျားအုံတစ်ခုဘဲ..
အားလုံး ဟန်ချက်ညီရမယ်..
အားလုံး အလုပ်လုပ်ရမယ်..
ကိုယ့် တာဝန်ကျေရမယ်။
ဒါမှ..အစာရမယ်..
ဒါမှ..ပျားအုံ ကြီးထွားမယ်..
ဒါမှ အားလုံး အသက်ရှင်မယ်။

ပျားဘုရင်မသည်…အမေဒေါ်စု
မြန်မာပြည်သည်
ဒီမိုကရေစီနဲ့ ..သူတည်ထောင်ပေးမဲ့ ဒို့ ပြည်ထောင်စု..

ပျားထီးတို့ သည်..အဝေးရောက်အစိုးရ..
တ၀ီဝီ အသံပေး..အသက်ကျ မပေးရဲသူ
စတိတ်မက်တွေ တွင်တွင်ရေး..နိုင်ငံရေးအော်နေသူ
ငါ ဘယ်သူ ဘာညာဘာညာ..ဆရာလုပ်ချင်သူ..
ငါ လုပ်တယ်လက်မထောင် နာမည်ကောင်း လိုချင်သူ.
ငါပြောသလိုလုပ်..ငါလုပ်သလိုမလုပ်နဲ့ ဆိုသူ.
ဘာအဖွဲ့ ညာအဖွဲ့  ဘာလုပ်ညာလုပ်..ဆရာကြီးလုပ်တတ်သူ.
အထက်အဖွဲ့ အစည်းအမည်ရ.ပရောဂျက်စားသူ
ပျားဘုရင်မအနား..ဖော်လံဖား အစိုးရမင်းများလုပ်ချင်သူ..
သူတို့  မရှိလည်း ပွဲမစည်ပါဖူး..
တစုံတခုသော အတိုင်းအတာ..
မလုပ်တာထက်စာ..လှုပ်နေတာတော့ ကောင်းသေးတာဘဲ
ခိုးနေတာထက်စာ..အကျိုးသေးသေးဘဲ လုပ်နေပြီးတာဘဲ။
ဝါသနာပါလို့  ဆရာလုပ်ချင်တာနားလည်ပေးပါ။
မညူမစူ..မဆူ..ဘာမှမပူပါနဲ့ 
ရွေးကောက်ပွဲသာညီမျှ ရင်..မကောင်းလည်း ပြန်ဖြုတ်ချလို့ ရတာဘဲ။
အဆုံးထိတော့ ကြည့်ကြပေးပါ။

လုပ်သားပျားက တကဲ့ ပြည်သူ..
အမှန်တကယ် အလုပ်လုပ်တဲ့ လူ
ဘယ်အစိုးရတက်တက်..ကိုယ့်ထမင်း ကိုယ်ရှာစားရသူ..
အခွန်ပေး လုပ်အားနဲ့ အလုပ်အကြွေး..
နိုင်ငံကို အဓိက တိုးတက်စည်ပင်စေတဲ့သူ
အစွမ်းအစရှိ..လုပ်ကိုင်ရဲတဲ့သူ..
လမ်းမပေါ်ထွက်..ဘ၀ပျက်လည်း မကြောက်တဲ့သူ..
ဒီလူတွေ ကို..မစည်းရုံးသရွေ့ ..
ပျားဘုရင်မ တစ်ကောင်ထဲ အစွမ်းမဲ့..
ပျားထီးတွေ ဘယ်လောက်ဝဲ၀ဲ..အကျိုးမဲ့..
အလုပ်လုပ်မဲ့သူတွေကို သာ..စည်းရုံးမှရမဲ့..
ပျားအုံရဲ့ ဥပမာ..
တုတ်နိုင်သူတွေ တုတ်ကြ..
ဖြုတ်ချရမဲ့သူတွေ ကိုဖြုတ်ကြ..
အားလုံး အလုပ်လုပ်ကြမှ ရမယ်.
ချိုပျားရည် သောက်ချင်တယ်ဆိုရင်ပေါ့..
တိုးတက်စည်ပင်..အမျိုးကို တကယ်ချစ်ကြရင်ပေါ့..
ဝိုင်းဝန်းကြ..နိုးကြားကြ..
ပျားဘုရင်မ ကိုကာကွယ်ကြရအောင်

မသဒ္ဓါ (၅။၂၈။၂၀၀၉)
အကိုကြီး ကိုအောင်ဝေးရဲ့ များများရေးပါ ညီမလေး ဆိုတဲ့ အတွက်..ပျားကဗျာ တပုဒ်ရေးရန် စိတ်ကူးကြောင်း ပြောတဲ့အခါ..
ကိုအောင်ဝေးက သူလည်း ပျားကဗျာရေးထားကြောင်းပြောပါတယ်. ဒီကဗျာ ရေးစဉ်ကအကိုကြီးရဲ့ ကဗျာကို မဖတ်ရသေးပါ။ ကဗျာမောင်နှမ၏ စိတ်ကူးတူသော ကဗျာအမွှာ နှစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။..ကျမ ခံစားတာကတော့ ညီညွတ်ရေးပါဘဲ...တုတ်ရမဲ့အချိန်မှာ..အချိန်မလင့် တုတ်ရမဲ့ ပျားအဖွဲ့ အစည်းပါ..ဒီထက် နောက်ကျပြီး သူတုတ်နိုး ငါတုတ်နိုး စဉ်းစားတွက်ကပ်နေရင်..ပျားဖွတ်သမား မီးခိုးမိပြီး အုံပြုတ်တော့မှာသတိရစေချင်ပါတယ်။
အစိုးရမင်းလုပ်လိုသူတွေ ဆရာကြီးတွေ လည်း.အချင်းချင်း ညီညွတ်စေချင်ပါတယ်။ အားလုံး ကျမတို့  ပျားအုံတည်မြဲရေးက အဓိကဆိုတာ မမေ့ သင့်ပါ။
ရအောင်တိုက်ကြတာပေါ့..
ဆရာလုပ်ချင်သူတွေ လုပ်ကြပါစေ။
အရည်အချင်းဆိုတာ အချိန်က စကားပြောပါတယ်။ မကောင်းတဲ့ အစိုးရဟာ လည်း ပြည်သူအားနဲ့ ပြန်ဖြုတ်ချနိုင်တာမို့ ..အာဖျံရွှီးတွေ ကိုကြည့်စိတ်ဓါတ်ကျပြီး..အလုပ်လုပ်ချင်သူတွေ လည်း ထွက်မပြေးစေချင်ပါဖူး..
အရေးကြီးတာ ကိုယ်တာဝန်ကျေဖို့ ဘဲ..
ခွန်အားရှိ သလောက်လုပ်ကြ..
အသေ တုတ်စရာရှိလည်းတုတ်ကြ..
တကယ် နိုင်ငံကိုချစ်ရင်..နာမည်မတွင်လည်း..စေတနာဆိုတာ..အစဉ်မသေဖူး..
ညာတတ်သူတွေ တာရှည်မခံတတ်ပါဖူး..
ကဲ အလုပ်လုပ်ကြပါစို့ ..တလက်မဘဲရှေ့ ရွေ့ ရွေ့ အတူတူ ရုန်းကြစို့ 

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Thursday, May 28, 2009

နအဖ မှနွားများအား မစင်အတင်းစွန့် ခိုင်းရေး အစီအစဉ်

ရွှေလီရေအားလျှပ်စစ် ရှိပေမယ့်လည်း မူဆယ်မှာ နွားချေးကနေ လျှပ်စစ်ထုတ်နေရ
အင်္ဂါနေ့၊ မေလ 26 2009 17:50 - မြန်မာစံတော်ချိန်

နွားချေးကနေ ဘိုင်အိုဂက်စ်လို့ခေါ်တဲ့ ဇီဝဓာတ်ငွေ့ ထုတ်ပြီး လျှပ်စစ်မီးထွန်းဖို့ကို ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်ခရိုင်ထဲမှာ အရှေ့မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က ညွှန်ကြားထားပါတယ်။ ဒီလ ၁၆ ရက်နေ့က နမ့်ခမ်းမြို့နယ် မန်တပ်ရွာအနီးမှာ ရှိတဲ့ ရွှေလီ (၁) ရေအားလျှပ်စစ် ဖွင့်ပွဲအပြီးမှာ တိုင်းမှူးက မြို့နယ်ကောင်စီ ဥက္ကဋ္ဌ ဦးညွန့်ဟန်ကတဆင့် ညွှန်ကြားခဲ့တာပါ။

ကျနော်တို့ ဒေသခံတွေက ဘယ်သူမှ မလုပ်တတ်ပါဘူး။ လုပ်တတ်တဲ့သူကို ငွေပေးပြီး လုပ်ခိုင်းရပါတယ်။ ဓာတ်ခဲ အဟောင်းတွေကတော့ တိုင်းမှူးက ထုတ်ပေးပါတယ်။ နွားချေးကနေ ဓာတ်အားထုတ်ဖို့ဆိုရင် နွားချေး၊ ဆားနဲ့ ဓာတ်ခဲအဟောင်းတွေကို သောက်ရေသန့်ဗူးထဲ ထည့်ပြီး အသုံးပြုရပါတယ်။ ခြင်းတောင်းတလုံးလည်း လိုပါသေးတယ်။

ပထမတုန်းက ဌာနဆိုင်ရာတွေကိုပဲ စမ်းသပ်ပြီး လုပ်ဖို့ပါပဲ။ ပြီးလို့ရှိရင် တိုင်းမှူးကိုယ်တိုင် လာကြည့်ပါမယ်တဲ့။ အဲဒီလို ပြောထားပြီးတော့ ဦးညွန့်ဟန်က ရပ်ရွာတွေကို ဆင့်ပြီး တမြို့နယ်လုံးမှာ သောက်ရေသန့်ဗူး အလုံး ၄၀၀၀ လုပ်ခိုင်းပါတယ်။ ရွာတရွာမှာတော့ အလုံး ၂၀ ပေါ့။ သောက်ရေသန့်ဗူး တလုံးကနေ လျှပ်စစ်အား ၉ ဝပ် ထွက်ပါတယ်။ ကုန်ကျငွေက တခုကို ကျပ် ၁ဝဝဝ လောက်ပါ။ အဓိကက LEC မီးသီးတလုံး ကျပ် ၇ဝဝ နဲ့ ခြင်းတောင်းတလုံးက တရုတ် ၂ ယွမ် (၃၁၄ ကျပ်) ကုန်ကျပါတယ်။

အခြေအနေနဲ့လည်း မကိုက်ညီဘူးပေါ့ဗျာ။ မူဆယ်လို နေရာမျိုးမှာ ဘယ်က နွားချေး ရမှာလဲ။ အဲဒါတွေ လုပ်ပြီးတော့ရော ဘယ်မှာသွားသုံးရမလဲ။ ရွှေလီရေအားလျှပ်စစ်က မီးပေး၊ မပေးတော့ မသိပါဘူး။ လောလောဆယ်တော့ တရုတ်မီး ဝယ်သုံးနေရပါတယ်။ လျှပ်စစ်ကိုပဲ တယူနစ်ကို ၃၁၄ ကျပ် (၂ ယွမ်) နဲ့ ဝယ်သုံးနေရတာပါ။

မကြာသေးခင်က ဖွင့်ခဲ့တဲ့ ရွှေလီ (၁) ရေအားလျှပ်စစ် စီမံကိန်းကနေ မီဂါဝပ် ၄ဝဝဝ ကျော် ထွက်မယ်လို့ သိထားပါတယ်။ ဒါပေမယ့် ထွက်လာမယ့် ဓာတ်အားတဝက်ကို ၂၂၀ ဗို့လိုင်းနဲ့ တရုတ်ပြည်ကို သွယ်တန်းရောင်းချပါလိမ့်မယ်။

ရွှေလီရေအားလျှပ်စစ် စီမံကိန်းရှိတဲ့ နမ့်ခမ်းမြို့နယ်မှာလည်း နွားချေးကနေ ဓာတ်အား ထုတ်ခိုင်းနေပါတယ်။ ဒါတင်မက မုံးကိုးမြို့နယ်မှာလည်း သောက်ရေသန့်ဗူး အလုံး ၅၀၀ လုပ်ခိုင်းထားပါတယ်။

၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်က မြန်မာနိုင်ငံ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန လက်အောက်ခံ နည်းပညာ မြင့်မားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဌာနက နွားချေးကနေ ထွက်တဲ့ ဇီဝဓာတ်ငွေ့နဲ့ လျှပ်စစ်စွမ်းအင်အဖြစ် အသုံးပြုမယ့် အစီအစဉ်ကို မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်အတွင်း စတင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာလည်း ညွှန်ကြားခိုင်းစေခဲ့ပါတယ်။

ကျနော်တို့တွေမှာတော့ လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးကို ကြည့်ပြီး မြင်သာမြင်ရပေမယ့် ကိုယ်နဲ့ ဘာမှ မဆိုင်သလိုဘဲ ဖြစ်နေရပါကြောင်း တင်ပြရပါတယ်ခင်ဗျား။

ဒေသခံများ
မူဆယ်မြို့နယ်

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

”ကျမတို့လည်း ဒေါ်အောင်ဆန်းစုကြည်လိုပါပဲ”

မိုးဝေယံ
ဗုဒ္ဓဟူးနေ့၊ မေလ 27 2009 14:33 - မြန်မာစံတော်ချိန်
ရန်ကုန် (မဇ္ဈိမ)။ ။ “ကျမတို့လည်း ဒေါ်အောင်ဆန်းစုကြည်လိုပါပဲ။ ကိုယ့်အိမ်မှာ ကိုယ်နေပြီး အလိုလိုနေရင်း နေအိမ်အကျယ်ချုပ် ကျခံနေကြရပါတယ်”

အင်းစိန်ထောင်ဗူးဝအနီးမှာ စတိုးဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတယောက်က ပြောလိုက်တာပါ။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းဆုကြည်ကို နေအိမ်အကျယ်ချုပ် ချိုးဖောက်မှု ဥပဒေနဲ့ အင်းစိန်ထောင်မှာ ရုံးတင်တရားစွဲနေချိန်မှာ ခံစားချက်မကောင်းလှတဲ့ လေသံနဲ့ သူက ဖွင့်ဟလာတာပါ။

တရားရင်ဆိုင်ကာလအတွင်း အင်းစိန်ထောင် မျက်နှာစာမှာရှိတဲ့ လှိုင်မြစ်လမ်းတလျှောက်မှာ လုံခြုံရေးတွေ ဖွေးဖွေးလှုပ်နေအောင် ချထားပါတယ်။

အဲဒီလမ်းတလျှောက် အင်းစိန် မီးရထားဂုံးကျော်တံတားကနေ ဘုရင့်နောင် ပေါက်တောဝ မီးပွိုင့်အထိ ယာဉ်အဝင်အထွက်လည်း တားမြစ်ထားပါသေးတယ်။ အင်းစိန်ဈေးထိပ်ကစပြီး လူတွေရဲ့ ပုံမှန်သွားလာခွင့်ပါ ရုပ်သိမ်းထားတာပါ။ ဒါ့အပြင် ဒီဒေသမှာ နေထိုင်သူတွေရဲ့ သွားလာဝင်ထွက်မှုတွေလည်း တင်းတင်းကျပ်ကျပ်ပဲ စောင့်ကြည့်နေလို့ ကိုယ်တိုင်ပဲ အကျဉ်းထောင်ထဲ ရောက်နေသလို ခံစားရတယ်ဆိုတာက သဘာဝကျလှပါရဲ့။

သူလိုလူတွေက ထောင်အနီးတဝိုက် လူစည်ကားတဲ့ နေရာဖြစ်လို့ ဈေးဆိုင်တွေနဲ့ စည်ကားနေခဲ့တာက မြင်နေကျ မြင်ကွင်းတခုပါပဲ။ အဲဒီနားက လူများစုမှာဟာ ဈေးဆိုင်တွေဖွင့်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြရသူတွေပါ။ လမ်းကြောင်းတွေနဲ့ အဝင်အထွက်တွေကို အခုလို ပိတ်ဆို့လိုက်သလို၊ ဈေးဆိုင်ဖွင့်ရောင်းချခွင့်ပါ တားမြစ်ထားတာကြောင့် နေ့စဉ်ဘဝ ရပ်တည်ရတာက မွန်းကျပ်ခက်ခဲစေရပါတယ်။

အင်းစိန်ဈေးထဲမှာ ဆိုင်ခန်းအနည်းအကျဉ်း ဖွင့်ထားတာ တွေ့ရပြီး၊ တဈေးလုံးနီးပါး ထောက်လှမ်းရေးတွေ၊ စွမ်းအားရှင်တွေက နေရာယူထားပါတယ်။ ဈေးဝယ်လာသူတချို့ကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ပါတယ်။

ရပ်ကွက်ထဲမှာ နေကြတဲ့သူတွေကို လှိုင်မြစ်လမ်းမက ဖြတ်သန်းသွားလာခွင့်မရလို့ လမ်းကြိုလမ်းကြားတွေကသာ အသွားအလာ လုပ်ရပါတယ်။

“မနက် အင်းစိန်ဈေးကို ဈေးသွားဝယ်တော့ ဈေးထဲမှာက တဆိုင်၊ နှစ်ဆိုင်ပဲ ဖွင့်တယ်။ ပြန်လာတော့ လမ်းမအတိုင်း ပြန်လို့မရတော့ဘူး။ လမ်းကြားထဲက ပတ်ပြန်ခိုင်းတယ်။ အိမ်ပြန်တော့ နောက်ကနေ စွမ်းအားရှင်လား၊ ထောက်လှမ်းရေးလားတော့ မသိဘူး။ အင်္ကျီအဖြူနဲ့ လူ ၃ ယောက် လိုက်လာတယ်။ အိမ်ရှေ့ရောက်မှပဲ ပြန်လှည့်သွားတယ်“ လို့ ရပ်ကွက်နေသူမှာ နေထိုင်သူ တယောက်က ပြောပြပါတယ်။

လူအများ ဝင်ထွက်သွားလာခွင့်တွေ ပိတ်ပင်ထားလို့ ထောင်ပတ်ဝန်းကျင်မှာနေတဲ့ သူတွေအဖို့ လူမှုရေးနဲ့ စီးပွားရေး ထိခိုက်ပွန်းပဲ့နေရကြောင်း လှိုင်မြစ်လမ်းမှာ ဘဝရပ်တည်ရေး ရှာကြံနေသူတွေက ဆိုလာပါတယ်။

“မနက်လင်းလို့ မျက်လုံးဖွင့်တာနဲ့ တိတ်ဆိတ်နေတာ။ ခွေးတောင် မရှိဘူး။ တနေကုန် တုတ်တကားကားနဲ့ လျှောက်သွားနေတဲ့ စွမ်းအားရှင်တွေ၊ ဝေါ်ကီတော်ကီတွေနဲ့ စကားပြောသံတွေပဲ ကြားရတယ်။ မနေ့ကလည်း ခြံရှေ့မှာလာပြီး အပေါ့သွားလို့ ထွက်အော်ရသေးတယ်။ စားသောက်ရေးကတော့ တရက်၊ နှစ်ရက်ဆိုတော့ သိပ်မသိသာသေးဘူး။ ဒါပေမယ့် ကျမသမီးကိုတော့ ကျူရှင်မလွှတ်တော့ဘူး။ တခုခုဆို ဘယ်သူဆွဲလို့ ဆွဲသွားမှန်း မသိမှာစိုးလို့“ ဆိုပြီး အင်းစိန် တရုတ်ဘုံကျောင်း ဘေးမှာနေတဲ့ အိမ်ရှင်မတယောက်ကလည်း သူ့ရဲ့ ရတက်မအေးပုံကို ပြောပြပါတယ်။

အင်းစိန် အမက ၁၂ ကျောင်းထဲတွင် လုံခြုံရေးတပ်တခု အခြေစိုက်ထားပါတယ်။ ဒါ့အပြင် အင်းစိန်မီးသတ်၊ ရုပ်ရှင်ရုံ၊ မီးရထားဝင်းတွေထဲမှာ လုံထိန်းတပ်တွေ တပ်စွဲထားပါသေးတယ်။

”လမ်းပေါ်မှာလည်း လုံထိန်းကားတွေရော တုတ်တွေကိုင်ထားတဲ့ စွမ်းအားရှင်တွေ တင်ထားတဲ့ ဒိုင်နာကားတွေရော အပြည့်ပဲ။ တချိန်လုံးလည်း ညစ်ညစ်ပတ်ပတ်တွေ ဆဲဆိုနေကြတယ်“ လို့ အိမ်ရှင်မက မကျေမချမ်း ဆက်ပြောပါတယ်။

အခုအချိန်က အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ မြန်မာနိုင်ငံအနှံ့ ကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေပါပြီ။ ဒါပေမယ့်လည်း လမ်းပိတ်ထားတဲ့ နေရာမျိုးမှာ ရှိနေတဲ့ အမက ၁၂ (အင်းစိန်) အပါအဝင် အင်းစိန်ထောင်အနီးက အခြေခံပညာ ကျောင်းတချို့တော့ ကျောင်းအပ်လက်ခံခွင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပါတယ်။

ထောင်နားက နာမည်ကြီး ကျူရှင်အတော်များများ ဖွင့်ထားပါတယ်။ ဒီကျူရှင်တွေကိုလည်း ပိတ်ခိုင်းထားတယ်လို့ လှိုင်မြစ်လမ်းပေါ်ရှိ ကျူရှင်ဆရာတယောက်က ဆိုပါတယ်။

“ဘုံကျောင်းနားမှာ ညီမတယောက်နေတော့ သူတို့ ဈေးဝယ်ရတာ အဆင်မပြေဘူးဆိုလို့ ဟင်းသွားပို့တာ၊ မဝင်နဲ့ဆိုလို့ ပြန်လှည့်လာရတယ်။ ဖုန်းတော့ ဆက်လို့ ရပါတယ်။ နောက်မှ ညနေစောင်းမှ သွားပို့လိုက်ရတယ်“ လို့ အင်းစိန်မြို့သစ် (က၊ ၄) လမ်းတွင် နေထိုင်သူက ပြောပြတာပါ။

“ဒီလောက်တောင် လုံခြုံရေး တင်းကျပ်နိုင်စွမ်း ရှိနေသားနဲ့ အစကတော့ သေသေချာချာ မစောင့်ဘဲ နိုင်ငံခြားသားတောင် အိမ်ထဲဝင်တယ်ဆိုတာ သူတို့ ဇာတ်လမ်းဆင်တာပဲ။ အခုတော့ ကျမတို့မှာ ထောင်ထဲ ရောက်နေသလိုပဲ။ သူတို့လုပ်ချင်တာ တခုပဲသိတယ်။ လူတွေ ဘယ်လောက် ဒုက္ခရောက်လဲဆိုတာ ထည့်မစဉ်းစားဘူး“ လို့ စိတ်ဆိုးဒေါသထွက်နေတဲ့ ထောင်ဗူးဝအနီးက စတိုးဆိုင်ရှင်အမျိုးသမီးက ပြောချလိုက်ပါတယ်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အာဇာနည် နှစ်ယောက် ခွေးဆွဲသွားခြင်း

အင်းစိန်ထောင်ရှေ့ ၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆိုင်းဘုတ်ကိုင်၍ ကြွေးကြော်ဆန္ဒပြ။

အင်းစိန်ရှေ့ တွင် အသက် (၅၀) ခန့် အရွယ် ဦးဇော်ညွန့်  (တပ်မတော် လေတပ်အရာရှိဟောင်းတစ်ဦး) ဟာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ဆိုင်းဘုတ်ကိုထောင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေဆိုပြီး အော်ဟစ်ဆန္ဒပြပါတယ်။ ဒီအချိန်မှာဘဲ ဒီအဖြစ်အပျက်ကို ကင်မရာနဲ့  လိုက်ရိုက်သူတွေနဲ့  စာရွက်စာတမ်းဝေသူများကို နအဖဘက်တော်သားတွေက လိုက်လံဖမ်းဆီးပါတယ်။ ဦးဇော်ညွန့် နဲ့ အတူ နောက်တစ်ဦး ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရှိရပါတယ်။

ပြည်သူလူထုအားနဲ့  အားလုံး ၀ိုင်းရံထွက်ကြပါစို့ ။

ဆက်ဖတ်မယ်ဆိုရင်....

ဘာထင်လဲ ရှိတာအကုန်ရောင်းတယ် ဒါ နအဖ ကွ

သျှမ်းအရှေ့ထွက် ကျောက်မီးသွေး - စစ်အစိုးရက ထိုင်းကုမ္ပဏီကို နှစ် ၄၀ တူးခွင့်ပေး
အင်္ဂါနေ့၊ 26 မေလ 2009 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်းထွက် ကျောက်မီးသွေးတွင်းတခုကို နအဖစစ်အစိုးရက ထိုင်းနိုင်ငံ ဆာရာဘူရီ ကျောက်မီးသွေး လုပ်ငန်း တခုအား နှစ်လေးဆယ်ကန်ထရိုက်ဖြင့် တူးယူခွင့်ပေးလိုက်ကြောင်း၊ ထိုင်းနိုင်ငံသို့ ဖြတ်လမ်းဖြင့်သာ သယ်ဆောင်ခွင့် ပေးသောကြောင့် နယ်စပ်ပြဿနာ ပိုများလာနိုင်ကြောင်း ထိုင်းနယ်စပ်လုံခြုံရေးအရှိတဦးကဆိုသည်။

သံလွင်အရှေ့ခြမ်း မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ မုံးကုတ် (ခေါ်) မိုင်းခုတ်ထွက် ကျောက်မီး သွေးများ တူးယူခွင့်တင်ဒါကို စစ်အစိုးရက ထိုင်းနိုင်ငံ ဆာရာဘူရီ ကျောက်မီးသွေး ကုမ္ပဏီ (Saraburi Coal Mining) ကို နှစ် ၄၀ စာချုပ်ဖြင့် ၂၀၀၈ ဒီဇင်ဘာလ နှောင်းပိုင်းက ပေးလိုက်ကြောင်း၊ ကျောက်မီးသွေးများအား ထိုင်းသို့ သယ်ဆောင်ရာတွင် မိုင်းဆတ်၊ မုံးကုတ်၊ မိုင်းလုံ၊ တာချီလိတ် - မယ်ဆိုင်လမ်းကို စစ်အစိုးရက အသုံးပြုခွင့်မပေးဘဲ ဖြတ်လမ်းဖြင့် တောင်ဘက် စူးစူး မုံးကုတ် - မိုင်းတွမ်း - ယောင်ခါ - မယ်ကျုတ် မှတဆင့် ထိုင်းနယ်စပ်ကိုဖြတ်၍ မုံ့ကောဝ်လန် - ဟင်တက် မှ ချင်းရိုင်း သို့ တိုက်ရိုက်သယ်ဆောင်စေလိုကြောင်းသိရပါသည်။

ဟင်တက်က အမည်မဖေါ်သည့် ရွာသူကြီးတဦးက -“ယောင်ခါ-မယ်ကျုတ် (သျှမ်းဘက်ခြမ်း)- မုံကောဝ်လန်ရွာ (ထိုင်း ဘက်ခြမ်း) ဟင်တက်-ပါဆန်းလမ်းကနေချင်းရိုင်းကို ကျောက်မီးသွေးသယ်ဖို့ ဆာရာဘူရီကုမ္ပဏီကဒေသခံအာဏာပိုင် တွေ နဲ့ ဧပြီလထဲမှာ တွေ့ဆုံဆွေးနွေးပြီးပြီ။ အဲဒီလမ်းကြောင်းဖွင့်ရင် နယ်စပ်ပြဿနာပိုများလာနိုင်တဲ့အတွက် အရင်က ဒေသခံ အာဏာပိုင်တွေသဘောမတူဘူး။ အခုတော့ ဘာအပေးအယူရှိလဲတော့မသိဘူး။ ဖြတ်လမ်းဖေါက်ဖို့သဘောတူ သလိုဖြစ် နေတယ်၊ ဒါပေမယ့် ဒေသခံလူထု ဆန္ဒ တော်တော် များများတော့ သဘောမတူဘူး” - ဟုဆို၏။

ဖြတ်လမ်းမှတဆင့်သယ်ဆောင်လျှင် (၁) သဘာဝသစ်တောပြုန်းတီးမှုအန္တရာယ်၊ (၂)လူကုန်ကူးမှုပြဿနာ၊ (၃) မူးယစ်မှောင်ခိုပြဿနာ၊ (၄) သျှမ်းပြည် တပ်မတော်တောင်ပိုင်း လှုပ်ရှားနယ်ဖြစ်သောကြောင့် နယ်စပ်လုံခြုံရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့လာနိုင်ဘွယ်ရှိကြောင်း၊ တာချီလိတ် - မယ်ဆိုင် အမှတ် ၂ တံတားမှ သယ်ဆောင်လျှင် အဆင်ပိုပြေမည်ဖြစ်သော် လည်း စစ်အစိုးရက ဖြတ်လမ်းနှင့်သာ သယ်ဆောင်ရန် သဘောတူကြောင်း ၎င်းက ပြောပြသည်။

သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကျိုင်းတုံစစ်နယ်မြေ တပ်မဟာမှူးတဦးကတော့-“ကျောက်မီးသွေးသယ်ဖို့ နအဖဆီ ပါမစ်ရထားတဲ့ ထိုင်းကုမ္ပဏီက ကျနော်တို့လှုပ်ရှားနယ်မြေအတွင်းမှာ လမ်းချဲ့/ဖေါက်မယ်ဆိုတာ နှစ်ဆန်းပိုင်းကသည်း က ကြားတယ်။ ဒါပေမဲ့ ကျနော်တို့ကို အခုထိ တိုက်ရိုက်အကြောင်းကြားတာ၊သယ်ဆောင်ခွင့်လာတောင်းတာမရှိသေး ဘူး။ စီမံကိန်း လက်တွေ့ အကောင်အထည်ဖေါ် မယ်ဆိုရင် အားလုံးအတွက်လုံခြုံရေးကတော့ထိမှာဘဲ” - ဟုဆို၏။

ထိုင်းနယ်စပ် သျှမ်းပြည်အရေးလေ့လာသူများကလည်း - “နှစ်ဆန်းပိုင်းတုန်းက နှစ်ပေါင်းသုံးဆယ်တူးခွင့်ပေး တယ် ကြားတယ်၊ ဧပြီလ ဟင်တက်မှာ ထိုင်းကုမ္ပဏီဦးစီးကျင်းပတဲ့ အစည်းအဝေးအရ နှစ် ၃၀ မဟုတ်ဘူး၊ နှစ် ၄၀ တောင် ပေးထားတယ်။ စစ်အစိုးက ပြည်သူတွေရဲ့အဓိက အခက်အခဲကို လက်တွေ့မဖြေရှင်းဘဲ ကိုယ်ကျိုးအတွက် သျှမ်းပြည်မြေပေါ် မြေအောက် သယံဇာတ အားလုံးထုတ်ရောင်းတယ်။ အဲဒီကျောက်မီးသွေးစီမံကိန်းက ဒေသခံလူထု ဒုက္ခရောက်အောင် ဖန်တီးတာ၊ နောက်တခုက SSA လှုပ်ရှားနယ်မြေ ကျဉ်းသွားအောင် တမင်အကွက်ချတာလဲပါတယ်။ နောက်ပြီး ၀တောင်ပိုင်း အဖွဲ့ကို ပိုပြီးချုပ်ကိုင်နိုင်အောင်ပေါ့။ လမ်းဖေါက်ဖို့တော့ အနည်းဆုံးတနှစ်ခွဲလောက်အချိန် ယူရမှာ” - ဟုဆို၏။

မုံးကုတ်ကျောက်မီးသွေး တွင်းမှတဆင့် နှစ် ၄၀ အတွင်း ပထမတန်းစားကျောက်မီးသွေး Grade A တန်ချိန် သန်း ၅၀ နှင့် အတူ အခြားကျောက်မီးသွေးဆိုင်ရာအသုံးဝင်သတ္တုများအားလုံး တန်ချိန်သန်း ၁၅၀ ထွက်ရှိမည်ဟုဆိုသည်။ တရက်လျှင် ဆယ်ဘီးကား အစီး ၂၀၀ ခန့်တင်နိုင်မည်ဟုလည်း အဆိုပါကုမ္ပဏီမှကျွမ်းကျင်ပညာရှင်များကခန့်မှန်း ပြောဆိုထားကြပါသည်။

အလားတူပင်သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ်တွင် လွန်ခဲ့သည့် ၆ - ၇ နှစ်က ကျောက်မီးသွေးတွေ့ရှိထား သောကြောင့် တူးဖေါ်ရန် နအဖ စစ်အစိုး က ဒေသခံ လယ်/ယာ/ခြံမြေအများအပြားသိမ်းယူထားသဖြင့်ဝမ်းရေး အတွက် ဒေသခံအများအပြား ထိုင်းနိုင်ငံသို့ ထွက်ပြေးအလုပ်လုပ်ခဲ့ကြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

နအဖတပ်ပြေးအား လက်ခံထမင်းကျွေးသည့် သားအဖ လုပ်ကြံဗုံးခွဲခံရ

သျှမ်းသံတော်ဆင့်

တပ်ပြေးတစ်ယောက်အား လက်ခံထမင်းကျွေးသည့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ကတ်ထိုက်အုပ်စုနောင်ဆာ ရွာဒေသခံ သားအဖ အဆိုပါတပ်ပြေးဖောက်ခွဲသောလက်ပစ်ဗုံးကြောင့် သေဆုံးခဲ့ရသည်ဟုနယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။

ဗုံးကွဲပြီးနောက်ပိုင်း နအဖပုလိပ်တို့ လာရောက်စစ်ဆေးမှ ကျိုင်းတုံအမြောက်တပ်မှ တပ်ပြေးဖြစ်ကြောင်းသိရသည်ဟုဆို၏။

“စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီအချိန်က ဖြစ်တာ။ အဲဒီတပ်ပြေး လုံးနွဲ့အိမ်မှာ ထမင်းသွားတောင်းစားတော့ သူ့ကိုသနား တာနဲ့ လုံးနွဲ့က သူ့သမီးကို ထမင်းဟင်းပြင်ကျွေးခိုင်းလိုက်တယ်။ ထမင်းစားပြီး အဲဒီစစ်သားဆေးလိပ်ထိုင် သောက်နေတာ တအောင့်လောက်ကြာတော့ သူ့ခါးမှာချိတ်ဆွဲထားတဲ့ လက်ပစ်ဗုံးကို အဲဒီနေရာမှာတင် ခွဲလိုက်တာ စစ်သားရော လုံးနွဲ့နဲ့ သူ့သမီးပါ ၃ လောင်းပြိုင် ပွဲချင်းပြီးဘဲ” - ဟု အသက်မသေဘဲ ဒဏ်ရာအပြင်းအထန်နှင့်ဆေးရုံ ရောက်သွားသည့် လုံးနွဲ့၏ အသက် ၁၁ နှစ်အရွယ်မြေးမလေးက ပြန်လည်ပြောပြကြောင်း နောင်ဆာရွာ ဒေသခံ တစ်ဦးကပြော၏။

လက်ပစ်ဗုံးကြောင့်သေဆုံးသူ ဦးလုံးနွဲ့မှာ အသက် ၆၂ နှစ်ရှိပြီး ၎င်း၏သမီးမှာ အသက် ၃၃ နှစ်ခန့်ရှိသည်ဟုဆို ပါသည်။ ဗုံးပေါက် သည်ဟုသိသိချင်း သျှမ်းသူပုန်များ၏ လက်ချက်ဟု နအဖ၀န်ထမ်းများကျိုင်းတုံရဲစခန်းအား လိမ်လည်အကြောင်း ကြားသဖြင့် ကား ၅ စီးဖြင့် လာရောက် စစ်ဆေးကြသည်ဟုဆို၏။

“တပ်ပြေးရဲ့လက်ချက်လို့သူတို့သိသိချင်း အဲဒီတပ်ပြေးဟာ ကျပ်မပြည့်တဲ့လူဘဲ ဆိုပြီး ဘာမှမလုပ်ပေးဘူး။ အလောင်း ၃ လောင်း ကိစ္စလဲ ရွာသူကြီးကို တာဝန်ယူခိုင်းလိုက်တယ်” ဟု အဆိုပါနောင်ဆာ ရွာဒေသခံကပြောပြသည်။

စင်စစ်ထိုတပ်ပြေးမှာ နအဖပုလိပ်တို့ ပြောသည့်အတိုင်း ကျပ်မပြည့် မဟုတ်ကြောင်း၊ ၎င်းသည် နောင်ဆာရွာသို့ကျောက်ခဲ များ လာသယ်လေ့ရှိသဖြင့် ၎င်းအားရွာသားများက သိနေကြကြောင်း၊ ဦးလုံးနွဲ့၏သမီးကလေးအမေအား ခိုးကြိက်နေ ကြောင်း၊ လုံးနွဲ့က သဘောမတူသဖြင့် ဤကဲ့သို့ တမင်သက်သက် ဗုံးခွဲလုပ်ကြံခြင်းဖြစ်နိုင်ကြောင်းရွာသားများကပြော နေကြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော

သျှမ်းသံတော်ဆင့်

ယခုလ ဆန်းပိုင်း၌ ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ကြီးမှူး၍ဌာနပေါင်းစုံ ၀န်ထမ်းများအစည်းအဝေး ဆင့်ခေါ် ကျင်းပရာ “အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြား/ ရက်ပြောင်းနိုင်ဖွယ်ရှိကြောင်း" ထည့်သွင်း ပြောကြား သွားသည်ဟု ထိုအစည်းအဝေးတက်ရောက်သူ ၀န်ထမ်းတဦးကဆိုသည်။

ယခုလ ၂ ရက်နေ့ကသျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီးတင်မောင်ရွှေမှ ကွန်ဟိန်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေး၊ မြေတိုင်း၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ ပညာရေး၊ မိခင်ကလေးများအသင်းမှအစ မော်တော်ယာဉ်လိုင်း ပါမကျန် ၀န်ထမ်းများစုံညီ အစည်းဝေးဆင့်ခေါ်ကျင်းပခဲ့ကြောင်း၊ ထိုအစည်းအဝေး၌ - “၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ချင်မှဖြစ်တော့မယ်၊ အစီ အစဉ်ပြောင်းရွှေ့ရင်ပြောင်းမယ်” ဟုထည့်သွင်းပြောဆိုသွားခဲ့သည် ဟုဆိုသည်။

အသက် ၄၀ ကျော် ၀န်ထမ်းတဦးက - “၂၀၁၀ ရွေးကောက်ပွဲဖြစ်ချင်မှဖြစ်မယ်ဆိုတာက အကြောင်းရပ် ၄ ခုရှိတယ်လို့ ပြောတယ်။ (၁) ပြည်တွင်းပြည်ပ အဖျက်အမှောင့်/သောင်းကျန်းသူတွေ စီမံကိန်းနဲ့ ၀င်ရောက်နှောင့်ယှက်မယ်လို့သတင်း ရထားလို့၊ (၂) ရခိုင် ဘက်က ဂက်စ်ကြောင့်ဖြစ်တဲ့ ဘင်္ဂလားဒေ့ခ်ျ နဲ့ နယ်ခြားပြဿနာ၊ (၃တိကျတဲ့လူဝင်ထွက်/ သန်းခေါင် စာရင်း မှတ်ပုံတင်မပြီးပြတ် နိုင်သေးတာရယ် (၄) မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက် မပြီးပြတ်သေးတဲ့ပြဿနာကြောင့် ဆိုဘဲ”- ဟု ပြန်လည်ပြောပြ၏။

ယခုလ ၂၀ ရက်နေ့တွင်လည်း ဗျူဟာမှူးကြီး ဒုဗိုလ်ကြီးတင်မောင်ရွှေက ကွန်ဟိန်းမြို့ တာကော်အုပ်စု ဟန်နားရွာ နှင့် ဖန်လန်းရွာ မှ ပြည်သူ့စစ်ခေါင်းဆောင်များကိုဆင့်ခေါ်၍ သျှမ်းသူပုန်ချေမှုန်းရန်အတွက် နအဖ စစ်ကြောင်း နှင့်အတူ ရှေ့တန်းတက်ဖို့ ပြည်သူ့ စစ်များအားစစ်ရေး လေ့ကျင့်ခိုင်းပြီး အော်တိုသေနတ်လည်းထုတ်ပေးမည်ဟုဆို၏။

ကာလိကျေးရွာအုပ်စုမှ အသက် ၂၀ ကျော် မော်တော်ဆိုင်ကယ်ရောင်းဝယ်သူတဦးက - “ကျနော်တို့ကတော့ရွေးကောက်ပွဲ ဖြစ်ဖြစ် မဖြစ်ဖြစ် စိတ်မ၀င်စားဘူး။ အဲဗျူဟာမှူးလည်းသိပ်မခေပါဘူး - သူရောက်လာကတဲ့က အိမ်အလုပ်ကိုကောင်း ကောင်း မလုပ်ရဘူး၊ ပြည်သူ့စစ်ဆို တကဲ့စစ်သားအတိုင်း စစ်ရေးအဆက်မပြတ်လေ့ကျင့်ခိုင်းတယ်။ နောက်ပြီး ရွှေတိဂုံ ပုံတူ စေတီပြုပြင်မွမ်းမံဖို့ ကျနော်တို့အုပ်စုကို ၀ါးလုံးအလုံးရေ ၁၀၀၀ ဆင့်ခေါ်ထားသေးတယ်” - ဟုဆို၏။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

သြစတေးလျား ကလည်းအော်နေပြီ

Wednesday, May 27, 2009 » 05:00pm

Aung San Suu Kyi is on trial in Rangoon for violating the terms of her house arrest by offering shelter to a US man.

The trial of Burma's pro-democracy leader Aung San Suu Kyi is a farce which seems designed only to extend her period of detention, Stephen Smith says.

Australia's ambassador to Burma attended the trial on Tuesday and reported Aung San Suu Kyi to be well and conducting herself with great dignity and resilience, he said.

Australia's position was that her detention - for 13 out of the past 19 years - should cease immediately and unconditionally.

Aung San Suu Kyi is on trial in Rangoon for violating the terms of her house arrest by offering shelter to a US man who swam to her lakeside home.

Mr Smith said the trial was a farce.

'What I worry about of course is that the current trial process is just a device to secure a further term of detention or imprisonment for her,' he told ABC Radio.

Mr Smith welcomed 'very much' that ASEAN nations had taken a strong stance on the issue as well as Australia.


Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Suu Kyi's party marks bitter anniversary of Myanmar vote

YANGON (AFP) - Supporters of Aung San Suu Kyi freed doves and prayed Wednesday on the anniversary of an election win annulled by Myanmar's junta, as a US man who triggered the democracy icon's trial was set to testify.

As the Nobel laureate's closed trial on charges of violating her house arrest continued, around 300 members of her National League for Democracy (NLD) lit candles and held a minute's silence in a ceremony at party headquarters.

Dozens of plainclothes security officials videotaped and photographed people entering the event, including some western diplomats, while security was boosted across the city, witnesses said.

The NLD scored a landslide victory in Myanmar's last democratic elections 19 years ago on May 27, 1990, but the military regime never allowed Aung San Suu Kyi to form a government.

"We are releasing them to call for the release of Aung San Suu Kyi and Tin Oo," an announcer said as the birds and balloons were sent into the air. Tin Oo is the detained deputy leader of the party.

Aung San Suu Kyi has been in detention for 13 of the last 19 years and is currently being held at the notorious Insein Prison near Yangon, facing up to five years in jail if convicted at her trial.

American John Yettaw was expected to take the stand on Wednesday and explain why he decided to cross the lake to her residence earlier this month using a pair of home-made flippers.

"John William Yettaw is set to testify on Wednesday," said NLD spokesman Nyan Win, who is also part of the opposition leader's legal team and has been present at the trial.

Aung San Suu Kyi told the judges on Tuesday she had not breached the terms of her house arrest, saying that she had only offered "temporary shelter" to Yettaw.

In a statement she submitted to the trial, which was released on Wednesday by the NLD, she blamed security failures by the ruling junta for the incident, saying she was therefore innocent of the charges.

She added that she did not immediately report the incident to the military regime to avoid causing "harm" to Yettaw or members of the security forces stationed at her house.

"The basic reason for this case is a security failure or security breakdown. No action was taken regarding security but it was me who was charged," said the statement.

Yettaw, a 53-year-old Mormon and US military veteran who stayed at the house for two days, has previously said that he had a vision that Aung San Suu Kyi would be assassinated and wanted to warn her.

Yettaw and two female aides who live with Aung San Suu Kyi area are also on trial.

The trial has sparked international outrage, with US President Barack Obama late Tuesday calling on Myanmar's military rulers to "immediately and unconditionally" release the 63-year-old democracy leader.

"Aung San Suu Kyi's continued detention, isolation, and show trial based on spurious charges cast serious doubt on the Burmese regime's willingness to be a responsible member of the international community," he said in a statement.

Critics accuse Myanmar's junta of trumping up the charges in a bid to keep her locked up during elections due in 2010.

Myanmar authorities unexpectedly informed Aung San Suu Kyi on Tuesday morning that her latest six-year period of house arrest was officially over -- although she remains in detention at the prison.

The term was due to expire on May 27 but the junta had earlier said it had the right to extend it for another six months.

Aung San Suu Kyi and Tin Oo have both been detained since May 30, 2003 -- six years ago on Saturday -- following a deadly attack on her convoy during a party visit to northern Myanmar by an allegedly government-backed mob.

Myanmar has been ruled by the military since 1962.

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Wednesday, May 27, 2009

အမေစု၏ ချေပချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
အမှတ်-၉၇၊ခ အနောက်ရွှေတဂုံလမ်း
ဗဟန်းမြို့ နယ် ၊ ရန်ကုန်မြို့ 
၂၀၀၉ ခုနှစ် မေလ (၂၇)ရက်
၁၃၇၁ ခုနှစ် နယုန်လဆန်း (၄)ရက်

ကြေငြာချက်အမှတ် - ၁၄၊ ၀၅၊ ၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ ချု ပ်၏ ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှု နှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ -၂၅၆ အရ တရားရုံးသို့ ရေးသားတင်ပြချက် အပြီးအပြည့် စုံမှာ အအောက်ပါအတိုင်းဖြစ်သည်။

(စ) ၁။ အထက်အမည်ပါအမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောက်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောက်ရှောက်သည့် ဥပဒေပုဒ်မ- ၂၂ ဖြင့် လည်းကောင်း ထိုသို့ ဖေါက်ဖျက် ကျူးလွန်းခြင်းကို အားပေးကူညီခဲ့ သော ဒေါ်ခင်ခင်ဝင်း (ဘ) ဦးတင်အုန်း၊ မ၀င်းမမ (ဘ) ဦးဥာဏ်လင်းနှင့် Mr. John William Yettaw တို့ (၃)ဦးတို့ အား ယင်းဥပဒေပုဒ်မ-၂၂ ပြစ်မှုတိုင်ရာဥပဒေပုဒ်မ- ၁၀၉ အရလည်းကောင်း အမှုဖွင့် အရေးယူပေးပါရန် သတင်းတပ်ဖွဲ့ မှ ဒုရဲမှူးကြီးဇော်မင်းအောင်က ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်းသို့ ( ၁၁-၀၅-၂၀၀၉) တွင်တိုင်ကြားခဲ့ သော အမှု ဖြစ်ပါသည်။
၂။ Mr. John William Yettaw သည် ကျွန်မ၏နေအိမ် ခြံဝင်းအတွင်းသို့  ရောက်ရှိခဲ့ သောကိစ္စနှင့်စပ်လျဉ်း၍ ပထမအကြိမ်ဖြစ်သော (၃၀-၁၁-၂၀၀၈) ရက်နေ့  ရောက်ရှိခဲ့ ခြင်းကို ကျွန်မနှင့်အတူနေသူ ဒေါ်ခင်ခင်ဝင်ထံမှ တဆင့်ကြားသိရပါသည်။ (၀၄-၁၂-၂၀၀၈) ရက်နေ့ တွင် ဆေးစစ်ရန်ရောက်ရှိလာသူ ဒေါက်တာတင်မျိုးဝင်းမှတဆင့်  ယင်းအဖြစ်အပျက်ကို အာဏာပိုင်များထံ သတင်းပေးပို့ ခဲ့ ပါသည်။ အာဏာပိုင်များက အဆိုပ်ကိစ္စအတွက် ကျွန်မတို့ ထံသို့  စုံစမ်းမေးမြန်းခြင်း မလုပ်ခဲ့ ကြပါ။ အရေးယူဆောင်ရွက်သည်ဟုလည်း ကြားသိရခြင်း မရှိပါ။ ဤကဲ့ သို့ ခြဲဝင်းအတွင်း လူဝင်ရောက်ခဲ့ သည့် ကိစ္စများတွင် အာဏာပိုင်များထံသို့  ချက်ချင်းသတင်းပို့ ရမည်ဟု သတိပေးဖူးခြင်းလည်းမရှိပါ။
ဒုတိယအကြိမ် Mr. John William Yettaw ရောက်ရှိခဲ့ ခြင်းကို (၀၄-၀၅-၂၀၀၉)ရက်နေ့  နံနက်ပိုင်းတွင်မှ တွေ့ ရှိရပါသည်။ ကျွန်မက ပြန်ထွက်သွားရန်ပြောကြားခဲ့ ပါသည်။ ၄င်းက မိုးလင်းနေပြီဖြစ်၍ ထွက်သွားလျင်ဖမ်းဆီးခံရနိုင်ကြောင်း ညရောက်လျင် ပြန်ပါမည်ဟု ပြောပါသည်။ သို့ သော်ညရောက်သောအခါ ကျန်းမာရေးအခြေအနေအရ တညအိပ်ခွင့် ပေးရန်မေတ္တာရပ်ခံခဲ့ ပါသည်။
၃။ ယခုအချိန်တွင် များစွာသော ကျွန်မ၏ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် ရဲဘော်ရဲဘက်များသည် ဥပဒေ၏ကာကွယ်မှူနှင့် သက်ညှာမှူတို့ ကို မခံစားရဘဲ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရပါသည်။ ထို့ ကြောင့်ကျွန်မအနေဖြင့်  မည်သူ့ ကိုမျှ အဖမ်းအဆီး အချုပ်အနှောင်မခံစေရန် တွန်းမပို့ နိုင်ဟူသော နိုင်ငံရေးခံယူချက်အရ ခိုလုံခွင့် တောင်းသည်ကို ခတ္တခိုလုံခွင့်  ပေးခဲ့ ခြင်း ဖြစ်ပါသည်။
၎။ ကျူးကျော်ဝင်ရောက်သူ မည်သူမည်ဝါဖြစ်သည် ၄င်း၏ရည်ရွယ်ချက်မှာ မည်သို့ မည်ပုံဖြစ်သည်မှာ ကျွန်မအတွက် အရေးမပါ ပါ။ ကျွန်မ၏ နိုင်ငံရေးခံယူချက်အရသာဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျူးကျော်ဝင်ရောက်မှူကိစ္စနှင့်စပ်လျဉ်း၍ လစဉ်ဆေးစစ်ရန် (၇-၅-၂၀၀၉) နေ့ တွင် ဒေါက်တာတင်မျိုးဝင်းလာသောအခါ ၄င်းမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ်ခဲ့ ပါသည်။ သို့ သော် (၇-၅-၂၀၀၉) နေ့ တွင် ရဲတပ်ဖွဲ့ ဝင်များသာရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ၀င်ခွင့် မရခဲ့ ပါ။
၅။ ကျွန်မသည်နိုဝင်ဘာလ (၃၀)ရက်နေ့ အဖြစ်အပျက်များနှင့် စပ်လျဉ်း၍ လုပ်ဆောင်ခဲ့ ရာတွင် ကြီးသည့် အမှူငယ်စေရန်နှင့် ငယ်သည့် အမှူပပျောက်စေရန် ခြံအတွင်းသို့  ၀င်ရောက်ခဲ့ သူအားလည်းကောင်း၊ ခြံလုံခြုံရေး ယူထားရသော တပ်သားများအားလည်းကောင်း၊ မလိုအပ်ဘဲ မထိခိုက်စေလိုသောဆန္ဒဖြင့် ပြုလုပ်ခဲ့ ပါသည်။ ဤလုပ်ဆောင်ချက်နှင့်ပါတ်၍ သက်ဆိုင်ရာက ကန့် ကွက်ခြင်းဝေဖန်ခြင်း တစုံတရာမပြုလုပ်ခဲ့ သောကြောင့် ၎င်းတို့ သည် ကျွန်မလုပ်ရပ်ကို လက်ခံသဘောတူသည်ဟု ထင်မြင်ရပါသည်။
တရားလိုပြသက်သေတဦးအား ပြန်ခေါ်စစ်မေးရာတွင် ကျွန်မ၏နေအိမ်ခြံဝင်းလုံခြုံရေးအတွက် အာဏာပိုင်နှင့်  ကျွန်မတို့ ပူးတွဲတာဝန်ရှိသည်ဟု ထွက်ဆိုခဲ့ ပါသည်။ ယင်းထွက်ဆိုချက်မှာ လုံးဝမမှန်ကန်ပါ။
၆။ ကျွန်မအပေါ် စွဲဆိုထားသည့်  နိုင်ငံတော်အား နှောက်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့်  ဥပဒေပုဒ်မ-၂၂ အရ တားဆီးမိန့် ၊ ကန့် သတ်မိန့် များကို ချိုးဖေါက်သည်ဟုစွပ်စွဲ ထားပါသည်။

(က) ယခုရုံးရှေ့ တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များ သက်သေခံ ဆက်လက်တားဆီးမိန့် များအရ စည်းကမ်းချက်များကို ကျွန်မက ဖေါက်ဖျက်ခြင်းမရှိကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။

(ခ) ကန့် သတ်မိန့် မှာ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့ စည်းပုံဥပဒေပါ မူလအခွှု့်အရေးကို ကန့် သတ်မှူ(သို့ )ရုပ်သိမ်းမှူဖြစ်ကြောင်း တရားလိုဘက်ကထွက်ဆိုခဲ့ ကြပါသည်။ယင်းဖွဲ့ စည်းပုံအခြေခံဥပဒေသည် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းသည့် နေ့ မှစ၍ အာဏာတည်ခြင်းမရှိ၊ပြိုကျပျက်စီးသွားပြီဖြစ်ပါသည်။ အာဏာတည်ခြင်းမရှိသည့် ဥပဒေ၏ပုဒ်မများအရ ကန့် သတ်မိန့် မှာလည်း တရားဝင်မှူ မရှိပါ။

(၇) ယခုအမှူဖြစ်ပွားရသည့်  အရင်းခံအကြောင်းအရင်းမှာ လုံခြုံရေးလစ်ဟင်းမှု သို့ မဟုတ် လုံခြုံရေးဖေါက်ဖျက်မှု ဖြစ်သော်လည်း၊ ယခုချိန်အထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူခြင်း မရှိဘဲ၊ ကျွန်မကို သာအရေးယူ တရားစွဲခြင်းမှာလည်း ဘက်လိုက်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
(၈) ကျွန်မသည် တရားလိုဘက် စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်ခြင်းမရှိကြောင်း ကျွန်မ၏ တင်ပြချက်ကို တင်သွင်းပါသည်။ (ဆုံး)


၂၆-၅-၀၉ နေ့ တွင် ကျင်းပသော ဗဟိုအလုပ်မှာဆောင်အဖွဲ့ နှင့်
ဗဟိုဥပဒေအထောက်ကူပြု အဖွဲ့ တို့ ၏
အစည်းအဝေးဆုံးဖြတ်ချက်အရ

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

ရန်ကုန်မြို
Rest of your post

Aung San Suu Kyi Aung San Suu Kyi Downtamun

ဆက်ဖတ်မယ်ဆိုရင်....

Sunday, May 24, 2009

Burma junta bars media

suu kyi protest
An Amnesty International protester holds a portrait of Aung San Suu Kyi in Hong Kong today. Photograph: Mike Clarke/AFP/Getty Images

Burma's ruling military junta today went back to barring the media and diplomats from the trial of the opposition leader Aung San Suu Kyi after she appeared in public yesterday for the first time in more than a year.

Suu Kyi is accused of breaking the terms of her house arrest by allowing an American visitor, John Yettaw, to stay at her home without permission after he swam across a lake to visit her home uninvited.

In a surprise concession yesterday the Burmese government allowed outsiders to observe the third day of the trial. It meant that reports of the proceedings and Suu Kyi's meeting with diplomats were shown prominently on state-run television and in government newspapers.

Suu Kyi appeared to be in good health. The state's mouthpiece, the New Light of Myanmar newspaper, said she was seen by two doctors and a heart specialist. It also said that she admitted allowing Yettaw to spend a night in her home.

Censorship of the trial resumed today, fuelling a belief that the charges are trumped up to silence the pro-democracy leader ahead of next year's state-managed elections. She has been in detention without trial for more than 13 of the past 19 years.

The trial was prompted by the bizarre incident earlier this month when Yettaw swam across to Suu Kyi's house. She is standing trial with two female members of her party, her sole companions under house arrest, and Yettaw.

Yesterday Yettaw suggested to the court that he had a premonition that Suu Kyi was at risk of being killed, according to Nyan Win, a spokesman for Suu Kyi's National League for Democracy party who attended the proceedings.

"In my vision, Aung San Suu Kyi will be assassinated, so I came here," he said.

Suu Kyi's lawyers have said that she told the uninvited guest to leave, but allowed him to stay after he said he was too ill and tired to leave immediately.

Debbie Stothard, coordinator of the regional rights network Alternative Asean Network on Burma, said opening up the trial "was definitely a stunt by the regime to stave off pressure so they can proceed with their kangaroo court to jail Suu Kyi".

She added: "They wanted to say they are not ill-treating her, so go away. You don't need to see the rest. It also means the regime doesn't have a strong case against Suu Kyi and has no grounds to proceed."

A Philippines diplomat, Joselito Chad Jacinto, said Suu Kyi was alert, healthy and "exuded a type of aura which can be described as moving, quite awe-inspiring".

But diplomats said they had not changed their opinion of the trial simply because they had been allowed to attend. Most assume the special court in Yangon's Insein prison will find Suu Kyi guilty.

"The access we had today was welcome, but doesn't change the fundamental reality," the British ambassador to Burma, Mark Canning, told the BBC. "All the paraphernalia of the courtroom was there – the judges, the prosecution, the defence. But I think this is a story where the conclusion is already scripted."

Suu Kyi, who is being held at Burma's notorious Insein prison along with scores of other political prisoners, had been scheduled to be freed on 27 May. The charges are widely seen as a pretext to keep her in detention.

Members of Yettaw's family describes him as a well-intentioned admirer of Suu Kyi who merely wanted to interview her and was unaware of the possible consequences.

Suu Kyi's supporters have expressed anger at him for getting her into trouble. His actions have struck many as naive and eccentric, an impression only hardened by the evidence that has come out at the trial.


Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN