Saturday, July 18, 2009

အာဏာရူးတွေ နဲ့  ယှဉ်က မယ့် ပါတီရူး တဖွဲ့ ထွက်ပေါ် ( NLD ဘယ်မှာထားမလဲ? )

၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ရန် ပါတီဖွဲ့မည် အင်တာဗျူး မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဂျူလိုင်လ 17 ရက် 2009 ခုနှစ် 22 နာရီ 43 မိနစ်
နယူးဒေလီ။ ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးအတွက် ပါတီတရပ် ထူထောင်နိုင်ရန် ဖြစ်မြောက်ရေး ကော်မတီ၊ အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ကို ရန်ကုန်အခြေပြု ပုဂ္ဂိုလ် ၅ ဦးက ယခုလ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

၂၀၀၈ မေလတွင် ဆန္ဒခံယူပွဲလုပ်ကာ အတည်ပြုခဲ့သော အခြေခံဥပဒေကို ကိုင်စွဲ၍ နေ့စဉ်လူမှုဘဝ ကောင်းမွန်ရေး၊ ပြုပြင်ပြောင်းလဲနိုင်သော အခွင့်အရေးများ လက်ဝယ်ရရှိရေး၊ အဆိုပါ အခွင့်အရေးများကို အသုံးချ၍ မိမိတို့ လိုအင်ဆန္ဒများကို ကိုယ်စားပြုနိုင်သော ကိုယ်စားလှယ်လောင်းများ ပေါ်ထွန်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခဲ့သည်ဟု သူတို့က ဆိုသည်။

ပါတီထောင်သွားမည့်အကြောင်း အာဏာပိုင်များထံ အကြောင်းကြားပြီးဖြစ်သလို၊ ပါတီဖွဲ့ရေးအတွက် စည်းရုံးရေး လုပ်ငန်းများ စတင်နေပြီဟု မဇ္ဈိမကို ပြောသည်။

အခြေအနေ အသေးစိတ်ကို သိရန်အတွက် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဌေးကို မဇ္ဈိမက မေးမြန်းထားပါသည်။

ပါတီထောင်မယ်ဆိုရင် ပါတီကို ဘယ်လို နာမည်တပ်ဖို့ ပြင်ဆင်ထားလဲ။

အဲဒီဟာကတော့ ကျနော်တို့ မရွေးချယ်ရသေးဘူး။ ကျနော်တို့အားလုံး ဆုံးဖြတ်တဲ့အပေါ်မှာ မူတည်ပြီးတော့ ထည့်မှာပေါ့ဗျာ။ ကျနော်တို့ ရန်ကုန်မှာ လုပ်ချင်ကြတဲ့ လူတွေအတွက် ညှိနှိုင်းပြီး လုပ်ချင်တဲ့ ဆန္ဒအတွက်ကြောင့် ဖွင့်ထားတာပါ။ လက်ရှိ ဥပဒေဘောင်ထဲကနေပြီး ဝင်ဖို့ စိတ်ဝင်စားတဲ့ လူတွေနဲ့ လက်တွဲပြီး အလုပ်လုပ်လို့ ရအောင် စီစဉ်ထားတာပါ။ ကိုယ်က နာမည်ပါမယ်၊ စည်းကမ်းတွေချည်းပဲဆိုရင် ကျန်တဲ့ ဝင်လာမယ့်သူတွေနဲ့ တယောက်နဲ့ တယောက် သဘောထား မတိုက်ဆိုင်ရင် အလုပ်လုပ်ရတာ ခတ်ခဲမယ်။ စိတ်ဝင်စားတဲ့ လူတွေနဲ့ လက်တွဲ ညှိနှိုင်း၊ နာမည်ပေးဖို့ အဖွဲ့အစည်း စည်းမျဉ်း စည်းကမ်းတွေ ရေးဖို့ ဖြစ်ပါတယ်။

အခု လောလောဆယ် ဘာမှ မရှိဘဲနဲ့ စည်းရုံးတာ ပါဝင်ချင်တဲ့သူတွေ အားလုံးကို လိုက်ပြီးတော့ စည်းရုံးနေတဲ့ သဘောရှိတယ်ပေါ့နော်။

ဟုတ်ပါတယ်။ အဲဒီ သဘောပါ။

စည်းရုံးရေးကာလကို ဘယ်လောက် အတိုင်းအတာထိ လုပ်ဖို့ စဉ်းစားထားပါသလဲ။

စည်းရုံးရေး ကာလကို ဥပဒေ မပြဋ္ဌာန်းမီအထိ၊ ပါတီဖွဲ့စည်းရေးဆိုင်ရာ ဥပဒေ မပေါ်ပျောက်ခင်ထိ ဆက်လက် ဆောင်ရွက်မှာပါ။ ပါတီဖွဲ့စည်းရေး ဥပဒေပြဋ္ဌာန်းတဲ့အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို စည်းမျည်းစည်းကမ်းတွေ ပါလာမလဲ မသိဘူးလေ။ အဲဒီ စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ မူတည်ပြီးတော့ ဖွဲ့စည်းရမှာပါ။ အခုဟာက ကြိုတင်ပြင်ဆင်ချိန်ရအောင်လို့ လုပ်ထားတဲ့ သဘောပါ။

စည်းရုံးရေး လုပ်တဲ့နေရာမှာရော ဘယ်ဒေသတွေကို အထူးသဖြင့် လုပ်ဆောင်နေတာရှိလဲ။

အဓိကတော့ ရန်ကုန်တိုင်းပေါ့ဗျာ။ နိုင်ငံရေး တက်ကြွလှုပ်ရှားလာတဲ့သူတွေ၊ ကျနော်တို့လည်း လှုပ်ရှားခဲ့တယ် ဆိုတော့ ဒီဟာကို ရွေ့ကောက်ပွဲဝင်ဖို့ စိတ်ဝင်စားတဲ့သူတွေကို စတင် တွေ့ဆုံဆွေးနွေးနေကြတာပါ။ အဖွဲ့အစည်း ဖွဲ့ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆွေးနွေးနေကြတာပါ။

ဖွဲ့စည်းမယ့် ပါတီထဲကို စိတ်ဝင်စားလာတဲ့သူတွေ အခုအချိန်ထိ ဘယ်လောက် ရှိပြီလဲ။

ကျနော်တို့က စတာကလည်း မကြာသေးဘူး၊ ဆွေးနွေးတာကလည်း မကြာသေးဘူးဆိုတော့ အရေအတွက်ကတော့ မများသေးဘူးပေါ့ဗျာ။ စတင်ဆွေးနွေးနေပါတယ်။ အခြေအနေက ဥပဒေက မထွက်သေးတဲ့ အခါကျတော့ တော်တော်များများ ဥပဒေမထွက်သေးခင်မှာ လုပ်ချင်တဲ့လူတွေက တော်တော်ကို နည်းတယ်ပေါ့ဗျာ။ အဲဒီလို အနေအထားရှိတယ်။ အဲဒါတွေကိုလည်း လုပ်နေရတယ်။ ရွေးကောက်ပွဲဝင်ပါမှာ ကျနော်တို့လည်း ၇၅ ရာခိုင်နှုန်းထဲက ထိုက်သင့်တဲ့ အနေအထားမျိုးရောက်အောင်၊ အပြောင်းအလဲတရပ် လုပ်လို့ရအောင် ဆောင်ရွက်နိုင်မှာပါ။ အဲဒီအတွက် ကျနော်တို့အတွက်က ရွေးကောက်ပွဲကလည်း မဝင်လို့ မဖြစ်ဘူးဆိုတော့ ကျနော်တို့က ကြိုတင်ပြီးတော့ ပြင်ဆင်တာပါ။

ရွေးကောက်ပွဲ ဥပဒေ မူကြမ်းမထွက်ခင်မှာ လူတွေအနေနဲ့ ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာ သူတို့အနေနဲ့ ပြောရဆိုရ၊ လုပ်ရကိုင်ရတာ အခတ်အခဲလေးတွေ ရှိနေတယ်ဆိုတော့ အဲဒီအတွက် မစိုးရိမ်ကြဘူးလား။

ကျနော်တို့လည်း စိုးရိမ်ပါတယ်။ အဲဒီလိုလည်း မလုပ်ရင်လည်း မရဘူးဗျာ။ နိုင်ငံရေးကို ယုံကြည်ချက်တခုတော့ ရှိတာပေါ့ဗျာ။ ကျနော်တို့က အပြုသဘောဆောင်တဲ့အတွက် ယုံကြည်ချက်နဲ့ လုပ်တာပါပဲ။

၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေပေါ်မှာလည်းကောင်း ဘယ်လောက်ထိ အယုံအကြည် ရှိလဲ။ တိုင်းပြည်အတွက် ကောင်းလာမလဲ။

ယုံကြည်တယ်ဆိုတာကလည်း အခွင့်အလမ်းက အဲဒီမှာ ရှိတယ်။ ရှိတဲ့ အခွင့်အလမ်းကနေ တိုင်းပြုပြည်ပြု လုပ်ငန်းတွေအတွက် ကြိုးစားကြတာပါ။

၂၀၀၈ ပြည်သူ့ဆန္ဒခံယူပွဲမှာ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ ရှိတယ်လို့ ပြောကြတာရှိသလို ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အဲဒီလို လုပ်ဖို့ အလားအလာတွေ အများကြီး ရှိတယ်လို့ တချို့တွေက ပြောကြတယ်။ တကယ်လို့ အဲဒါမျိုးတွေ ဖြစ်လာမယ်ဆိုရင်ရော မဲဆွယ်တဲ့အခါ အောင်မြင်မှု ရလဒ်တွေကို မထိခိုက်နိုင်ဘူးလား။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းတာပေါ့။ အဲဒီအတွက် ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားတာပါပဲ။ ဖြစ်ပေါ်လာမယ့် အခြေအနေတွေနဲ့တော့ မဆိုင်ဘူး ထင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဖြစ်လာမယ့် အခြေအနေကို ရင်ဆိုင်ဖြတ်ကျော်ဖို့ ဆုံးဖြတ်ထားပါတယ်။

အခုချိန်က နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီးဆိုတော့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဖြစ်တဲ့အခါကျတော့ အပြုသဘောဆောင်ပြီးတော့ ဘယ်ဘက်မှ မလိုက်ဘဲ ကြားဝင်ပြီးတော့ ဘက်မလိုက်ဘဲ ဝင်မယ်ဆိုတော့ အဲဒီလို လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေ ဖြစ်လာနိုင်မလား။

မျှော်လင့်မိပါတယ်။ ကျနော်တို့ ရုန်းကန်လာတဲ့ လမ်းတလျှောက်မှာ တပ်မတော်ရဲ့ လမ်းကြောင်းကိုလည်း လေးစားပါတယ်။ အဲဒီလမ်းကြောင်းအတိုင်းလည်း လိုက်ညှိမယ့် အင်အားစုလည်း မဟုတ်ပါဘူး။ ကျနော်တို့က တတိယလမ်းကြောင်းအနေနဲ့ လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လမ်းကြောင်းလည်း မဟုတ်၊ တပ်မတော် လမ်းကြောင်းလည်း မဟုတ်တဲ့၊ တတိယလမ်းကြောင်းနဲ့ လျှောက်ဖို့ ရည်မှန်းထားပါတယ်။

နှစ်ပေါင်း ၂၀ ကာလအတွင်း အုပ်ချုပ်လာခဲ့တဲ့အပေါ်မှာလည်းကောင်း၊ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအပေါ်မှာသော်လည်းကောင်း တပ်မတော် အစိုးရအပေါ်မှာ ဘယ်လိုမြင်လဲ၊ ဘယ်လို သုံးသပ်မိလဲ။

မြန်မာပြည်ရဲ့ တပ်မတော် အခန်းကဏ္ဍက လက်တွေ့ နိုင်ငံရေးမှာ ရှိနေတယ်ပေါ့ဗျာ။ ရှိနေတာကို ရှိနေတယ်လို့ အသိအမှတ်ပြုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်တည်မှုအပေါ်မှာ ဘယ်လို မြင်လဲ။

သူတို့ကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို နိုင်ထားတဲ့ အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ ရပ်တည်ချက်ဟာ သူတို့လုပ်ငန်းကို သူတို့ လုပ်တယ်လို့ ကျနော် ထင်ပါတယ်။

ပါတီဖွဲ့ဖြစ်တယ်ဆိုရင် ပါတီရဲ့ အနာဂတ်အတွက် ဘယ်လိုမျိုး လုပ်ဆောင်သင့်တယ်လို့ မြင်လဲခင်ဗျ။

လက်ရှိ ဖွဲ့စည်းပုံကို အသွင်ကူးပြောင်းရေး ကာလအဖြစ်နဲ့ မျှော်လင့်ပြီးတော့ ဖြတ်သန်းကြတာပါ။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကျုပ်တို့ တိုင်း ပြည်ကအသန့် ဗျ ရောဂါတွေက အနောက်တိုင်း ကနေ လာကြတာ။

ပြည်ပမှ ပြန်လာသူ ၄ ဦးသာ ဝက်တုပ်ကွေး ဖြစ်ဟုဆို Friday, 17 July 2009 19:10 ကြည်ဝေ
မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးA (H1N1) ရောဂါပိုးတွေ့ရှိသူ ၄ ဦးစလုံးသည် ပြည်ပမှ ပြန်လာသူများ ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရပိုင် သတင်းစာများမှ ထုတ်ပြန်ကြေညာသည်။

ဇူလိုင်လ ၁၂ ရက်နေ့ TG 305 ဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသော အသက်၂၂ နှစ်အရွယ် အမျိုးသမီးတွင် ၀က်တုပ်ကွေးA(H1N1)ရောဂါပိုး တွေ့ရကြောင်း၊ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဋ္ဌာနမှ ဝေဘာဂီဆေးရုံ ကြီးသို့ လွှဲပြောင်းခဲ့ပြီး မိသားစုဝင် ၄ ဦးအား နေအိမ်အတွင်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သတင်းစာများ တွင် ဖော်ပြထားသည်။

ထို့အပြင် ယနေ့အထိ မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါကူးစက်ခံရသူ ၄ ဦးတွေ့ရှိရသော်လည်း လူနာ အားလုံးမှာ ပြည်ပမှ ကူးစက်လာသူများသာဖြစ်ကြောင်းလည်း ရေးသားထားသည်။

“ပြည်ပကနေ လာတဲ့သူတွေမှာပဲ ပိုးက တွေ့ရတာ၊ ပြည်တွင်းမှာ တဦးကနေ တဦးကိုကူးစက်ပျံ့နှံ့တာမျိုး မရှိ သေးတဲ့အတွက် နှာခေါင်းစည်း တပ်ဆင်ဖို့မလိုအပ်ပါဘူး၊ နှာခေါင်းစည်းကလည်း တကယ်တမ်းမှာ ရောဂါ ပိုး ၀င်ရောက်မှုကို အပြည့်အ၀ ကာကွယ်မပေးနိုင်ပါဘူး”ဟု ရန်ကုန်တိုင်း၊ ကူးစက်ရောဂါတိုက်ဖျက်ရေးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်ဦး က ပြည်တွင်းမီဒီယာများသို့ ပြောကြားကြောင်း သိရှိရသည်။

၎င်းက နှာခေါင်းစည်းတပ်ခြင်းသည် ရောဂါကူးစက်မှုအတွက် ရာခိုင်နှုန်းပြည့်မကာကွယ်နိုင်ကြောင်းပြောဆိုပြီး နှာစေးချောင်းဆိုးဖြစ်လျှင်လက်ကိုင်ပ၀ါအသုံးပြုရန်နှင့် လက်ကို မကြာခဏဆေးကြောရန်မှာ အဓိက ကြိုတင် ကာကွယ်ရမည့် နည်းလမ်းဖြစ်ကြောင်းလည်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တုပ်ကွေးရောဂါနှင့်ဖျားနာနေသူများမှ အပ နှာခေါင်းစည်းတပ်ရန် မလိုအပ်ကြောင်း ပြည်တွင်း ဂျာနယ်များတွင်ရေးသားဖော်ပြခိုင်းလျက်ရှိကြောင်း၊ ပြည်တွင်း ဂျာနယ်များတွင်ဝက်တုပ်ကွေးဟု ဖော်ပြခွင့်မရဘဲ၊ ကမ္ဘာ့လူတုပ်ကွေးဟုသာ ဖော်ပြရပြီး၊ လူထုကျန်းမာရေးအသိပေးသတင်းများ၊ ဆောင်းပါးများကိုလည်း ကန့် သတ်ချက်များနှင့် ဖော်ပြနေရခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောဆိုသည်။

“ကျန်းဦးစီးကိုလည်း အထက်ကနေ ညွှန်ကြားပုံရတယ်၊ ကျန်းဦးစီးက ဂျာနယ်တွေက မေးရင်း တသံတည်းပဲ ဖြေကြတယ်၊ စာပေစိစစ်ရေးကလည်း နှာခေါင်းစည်းတပ်ဖို့မလိုအပ်ဘူးဆိုတဲ့ သတင်းမျိုးကို ခွင့်ပြုတယ်၊ ကူးစက် ရောဂါဖြစ်တဲ့အတွက်ကြိုတင်ကာကွယ်ရမယ်ဆိုပြီး လူထုသတိရှိဖို့ ရေးသားတဲ့ အရေးအသားမျိုး သတင်းမျိုး ကို တော့ ခွင့်မပြုဘူး၊ လူထုကို အထိတ်တလန့်ဖြစ်စေတယ်ဆိုပြီး ဖြုတ်တယ်” ဟု အဆိုပါ သတင်း အယ်ဒီတာ က ဆိုသည်။

အစိုးရအနေနှင့် ၀က်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအတွင်းကူးစက်ရောဂါတခု အသွင်ဖြစ်သွားနိုင်သည် ကို သိရှိ ထားသော်လည်း ပြည်ပမှ ၀င်ပေါက်များဖြစ်သော လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်ပေါက်များတွင် စနစ် တကျ ရှာဖွေခြင်းမရှိကြောင်းကိုလည်း အဆိုပါ သတင်းအယ်ဒီတာက သုံးသပ်ဝေဖန်သည်။

မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါပိုး တွေ့ရှိရသော ၄ဦးစလုံးမှာပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး၊ လေဆိပ်စစ်ဆေးရေးဂိတ်တွင်တွေ့ရှိခဲ့ခြင်းမဟုတ်ဘဲ၊ နေအိမ်ပြန်ရောက်ပြီးမှ ဖျားနာသည့်အတွက် ရောဂါပိုး ရှိ ကြောင်းကို သိရှိရသူများဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း တုပ်ကွေးရောဂါဖြင့် ဖျားနာလျက်ရှိသူများရှိသော်လည်း ၀က်တုပ်ကွေးရောဂါဟုဆိုပါက ဝေဘာ ဂီ ဆေးရုံကြီးသို့ ပို့လိုက်မည်ကို စိုးရိမ်သောကြောင့် ဆေးခန်းမသွားဘဲ ကိုယ့်သဘောနှင့်ကိုယ် ရိုရိုးတုပ်ကွေး အဖျားပျောက်ဆေးသောက်နေသူများလည်း ရှိကြောင်း ပြည်တွင်းမှ သတင်းထောက် တဦး က ပြောသည်။

“ဖျားတယ်ဆိုရင်ကို ဝေဘာဂီဆေးရုံကြီးကို ပို့လိုက်မှာ စိုးလို့ဘယ်သူမှ ဆေးခန်းသွားမပြတော့ဘူး၊ ဆေးခန်း သွားပြရင် ဆေးခန်းကလည်း ဆေးရုံကြီးကို တန်းပို့ပစ်လိုက်တာ များတယ်၊ အဲဒါကို ကြောက်ကြလို့ ဆေးဆိုင် ကနေ ကိုယ့်ဟာကိုယ်ဆေးဝယ်သောက်နေတဲ့သူတွေလည်း ရှိတယ်”ဟု အဆိုပါ သတင်းထောက်က ပြောဆို သည်။

“အသက် ၁၀ နှစ်အောက်ကလေးတွေ လူကြီးပိုင်းတွေ ကိုယ်ဝန်ဆောင်တွေမှာ ကူးစက်ခံရဖို့ အခွင့်အလမ်း ပို များတယ်၊ ရောဂါကူးစက်ခံရဖို့ အခွင့်အလမ်း များတဲ့ လူစည်ကားတဲ့နေရာတွေကို သွားမယ်ဆိုရင်တော့ ကြိုတင် ကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်းတပ်ထားသင့်တယ်၊ ဘယ်လိုတုပ်ကွေးပဲ ဖြစ်ဖြစ် ခုချိန်မှာ ဖျားနေတဲ့ သူတွေ ကတော့ မတပ်မဖြစ်ကို တပ်ရမယ်”ဟု မြန်မာနိုင်ငံ အထွေထွေရောဂါကု ဆရာဝန်များအသင်းမှ ဒုတိယ ဥက္ကဠ
ဒေါက်တာ ၀င်းလွင်သိန်းက ပြောဆိုသည်။

သို့သော် လူအနည်းစုသာလျှင် နှာခေါင်းစည်းအသုံးပြုလျက် လူစည်ကားရာနေရာများသို့ သွားလာနေ ကြသော် လည်း အများစုမှာမူ နှာခေါင်းစည်းမပါဘဲ သွားလာလျက်ရှိပြီး ဝေဘာဂီ ကူးစက်ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း များနှင့် လူနာများမှ အပ အခြား ပုဂ္ဂလိက ဆေးရုံဆေးခန်း မျာနှင့် အစိုးရ ဆေးရုံများတွင်လည်း ကျန်းမာရေး ၀န်ထမ်းများကအစ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ သွားလာ နေကြသည်ကိုတွေ့မြင်ရသည်။ နှာခေါင်းစည်း ဈေးနှုန်းများမှာ ပြန်လည်ကျဆင်းနေသည်ကိုတွေ့ရပြီး တခုလျှင် ကျပ် ၁၀၀ မှ ကျပ်၂၀၀ ဈေးအထိ အမြင့်ဆုံး ရောင်းချနေကြသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အသက် ၅၁ နှစ်အရွယ် အမျိုး သားတဦး၌ ၀က်တုပ်ကွေးA(H1N1)ထပ်မံတွေ့ရှိရခြင်းဖြစ်ပြီး အဆိုပါအမျိုးသားအား ဝေဘာဂီဆေးရုံကြီးသီးသန့် လူနာခန်းတွင် ထားရှိပြီး ဆေးဝါးကုသနေကြောင်း ယမန်နေ့က အစိုးရပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ သတင်းစာများတွင် ဇူလိုင်လ ၈ ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့သော အသက်၂၀ အရွယ်အမျိုးသားမှာ လည်း အဖျားမရှိတော့ဘဲ သက်သာလျက်ရှိကြောင်း၊ လူနာနှင့်ထိတွေ့မှုရှိခဲ့သော မိသားစုဝင် ၉ ဦး၊ လူနာနှင့် အတူ စီးနင်းလိုက်ပါလာကြေသော လေယာဉ်စီး ခရီးသည် နိုင်ငံသား ၈၄ ဦး၊ နိုင်ငံခြားသား ၁၃၆ ဦး စုစုပေါင်း ၂၂၀ ဦးတို့ကိုလည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ဖော်ပြထားသည်။

ဇွန်လ ၂၇ ရက်နေ့က ၀က်တုပ်ကွေးA(H1N1)ရောဂါပိုး စတင်တွေ့ရှိခဲ့သော အသက် ၁၃ နှစ်အရွယ် အမျိုး သမီး ငယ်၏ ကျန်းမာရေးအခြေအနေကောင်းမွန်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း အစိုးရပိုင်သတင်းစာ တွင် ရေးသားဖော်ပြခဲ့သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

န အ ဖ ရှက်ရမ်း ရမ်းနေ


လျှို့ဝှက်သတင်း ပေါက်ကြားမှုဖြင့် စစ်အရာရှိများ ဖမ်းဆီးခံရ Friday, 17 July 2009 16:59 အေးချမ်းမြေ့
စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ် ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ပေါက်ကြားကာ ပြည်ပ မီဒီယာများတွင် ဖော်ပြနိုင်ခဲ့မှု နှင့် ပတ်သက်၍ စစ်ဘက်ဆိုင်ရာ အရာရှိ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး စစ်ခုံရုံးတင်၍ ကြီးလေးသော အပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

[လေတပ်စခန်းတခုတွင် ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား အရာရှိတဦး လက်ဆောင်ပစ္စည်း လဲလှယ်နေပုံ]

လေတပ်စခန်းတခုတွင် ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား အရာရှိတဦး လက်ဆောင်ပစ္စည်း လဲလှယ်နေပုံ
အဖမ်းအဆီးခံထားရသူများမှာ ကက ကြည်းမှ ဗိုလ်ကြီးအဆင့် ရှိသူများဖြစ်ပြီး ၎င်း သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပေါက်ကြားခဲ့မှုတွင် ပါဝင်ပတ်သက်နေသော တခြား စစ်ဘက်ဆိုင်ရာ အရာရှိတချို့လည်း ထွက်ပြေး ပုန်းရှောင်နေရသည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သတင်းရရှိသည်။

ထို့ပြင် ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တချို့ကိုလည်း မြန်မာ - မြောက်ကိုရီးယား ဆက်စပ်နေသည့် သတင်းများ၊ မြန်မာနိုင်ငံတွင်း ဥမင်လိုဏ်ခေါင်း ဖောက်နေသည့်သတင်းများ ပြည်ပမီဒီယာများတွင် ပါရှိခဲ့မှုနှင့် ပတ်သက်၍ ရာထူးမှ ဖယ်ရှားလိုက်သည်ဟု ၎င်းအသိုင်းအဝန်းမှ ကြားသိရသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံမှ တဆင့် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာ လျှို့ဝှက် ခရီး သွားရောက် ခဲ့ပြီး ၎င်း ခရီးစဉ်နှင့် ပတ်သက်သည့် သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

၎င်းသတင်းများ ဓာတ်ပုံများနှင့် တပြိုင်နက်တည်း ပြည်တွင်း၌ အနုမြူလက်နက်များ စမ်းသပ်ရန် “လိုဏ်” များ ဆောက်လုပ်နေသည် ဆိုသည့် သတင်းများပါ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတကာ မီဒီယာများဖြစ်သော CNN၊ BBC၊ အယ်ဂျာဇီးယား နှင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တို့က ဗီဒီယို မှတ်တမ်းများနှင့် တကွ ဖော်ပြခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ခရီးစဉ်တွင် ၎င်းပါဝင်သည့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို မြောက်ကိုရီးယား အစိုးရက ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အနုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့ကြကြောင်း ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်ရေးသားသော “မြန်မာနှင့် မြောက် ကိုရီးယားစစ်ရေး လျှို့ဝှက်ချက်များ” အမည်ရှိ ဆောင်းပါးတွင် ပါရှိသည်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ တခြား အဆင့်မြင့် အရာရှိများလည်း ပါဝင်ကြသည်ဟု ၎င်းဆောင်းပါးတွင် ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် နိုဝင်ဘာလ ၂၇ ရက်နေ့၌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ် ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ကြပြီး မြန်မာနှင့် မြောက် ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြသည် ကို ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့မဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်” ဟူ၍ အဆိုပါဆောင်းပါး၌ နားလည်မှုစာချွန်လွှာတွင် ပါရှိသည့် အချက်များကို ကိုးကား ရေးသားထားသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ အဆိုပါ လျှို့ဝှက်ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းများ၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်း များ ပြည်ပမီဒီယာများတွင် ပျံ့နှံ့ရခြင်းမှာ နိုင်ငံတော်ထိပ်တန်း လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း ဖြစ်သော ကြောင့် ထိုသို့ ပေါက်ကြားရာတွင် ပါဝင်သည်ဟု ယူဆရသည့် စစ်ဘက်ဆိုင်ရာ အရာထမ်းများကို စစ်ခုံရုံး တင်ကာ အလွန် ကြီးလေးသော ပြစ်ဒဏ်များ သတ်မှတ်လိမ့်မည်ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သည့် အသိုင်း အဝန်းက သုံးသပ်သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

သျှမ်းပြည်တပ်မတော် နှင့် နအဖ စစ်တပ် ၇ နာရီကြာတိုက်ပွဲဖြစ်

သောကြာနေ့၊ 17 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်း ကျေးလက်ဒေသခံများကို မတရားညှင်းပမ်းနှိပ်စက်သဖြင့် မခံမရပ်နိုင်မှုကြောင့်ဖြစ်သော နအဖ စစ်ကြောင်းအား သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်မှုတစ်ခု ဖြစ်ပွါးခဲ့သည်ဟု SSA သတင်းရပ် ကွက်က ဆိုသည်။

ဂျူလိုင် ၁၅ ရက် မနက် ၁၁း၀၀ နာရီမှ ည ၆း၀၀ နာရီအထိ မိုင်းနောင်မြို့နယ် မိုင်းယိုင်းအုပ်စု ၀မ့်နမ့်ဖတ်နှင့် ၀မ့်ဆာလဲ ရွာ ကြား ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲသည် သျှမ်းပြည်တပ်မတော် အောင်ပေ့စစ် - စစ်ကြောင်းက စစ်အစိုးရစစ်တပ် ခမရ ၅၁၅ စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုဆို၏။

၇ နာရီကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် သျှမ်းပြည်တပ်မတော်ဘက်မှ အသေအပျောက် ဆုံးရှုံးမှုမရှိ၊ စစ်အစိုးရ စစ်ကြောင်း မှ စစ်သား ၁၁ ယောက် သေဆုံးပြီး၊ လက်နက် ကြီးငယ် ၆ လက်၊ ကျည်အမျိုးစုံ ၇၆၆ ထောင့်၊ လက်ပစ်ဗုံး ၃ လုံး ကျည်ကဒ် ၁၅ ခု၊ ကျောပိုးအိတ် ၅ လုံး၊ စစ်ဝတ်စုံ ၉ စုံ၊ ဦးထုပ် ၉ လုံး၊ ဟင်းကောကျိုင့် ၈ ခု၊ အိုးကြီး ၃ လုံး နှင့် အီကွင်းမင်း ၁၁ ခု သိမ်းဆည်းရမိသည့်အပြင် လက်နက်ချ အညံ့ခံသည့် စစ်သားတယောက်လည်းပါကြောင်း သျှမ်းပြည်တပ်မတော် ပြောခွင့် ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ပြောပါသည်။

[ ဗိုလ်မှူးကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် ]

ဗိုလ်မှူးကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်တပ်မတော်
“ကျနော်တို့ဘက်က အဲမ်ပွတ်ရှ် လုပ်တာဆိုတော့ အသေအပျောက်မရှိဘူး။ အဲဒီနအဖစစ်ကြောင်းက ဒေသခံပြည်သူကို အမျိုးမျိုး အနိုင်ကျင့်တယ်။ တွေ့သမျှပစ္စည်း ဥစ္စာတွေယူတယ်။ ကြက် ၀က် ဘဲ တွေ တိရိစ္ဆာန်အကြီးစားတွေကို သေနတ်နဲ့ ပစ်သတ် ယူသွားတယ်၊ သူတို့ယူသမျှ အဖိုးအခမပေးလို့၊ လူထုကို မလေးစားလို့ ကျနော်တို့ဘက်က တန်ပြန်တဲ့အနေနဲ့ အခုလို လုပ်ရခြင်းဖြစ်တယ်”- ဟု သျှမ်းသံတော်ဆင့်သို့ဆက်ပြောပြ၏။

လဲချား အခြေစိုက် ခမရ ၅၁၅ သည် သျှမ်းပြည်တပ်မတော်မှခွဲထွက်အဖွဲ့ (စစ်အစိုးရထံ လက်နက်ချအဖွဲ့) မကြာခင်က သေဆုံးသွားသော ဗိုလ်မှူးကြီးမိုင်းဇင့်၏ တပည့် ဗိုလ်မှူးစိုင်းတာ့အဖွဲ့အား လမ်းပြခိုင်းပြီး ကျေးလက်လူထုကို အမျိုးမျိုး နှိပ်စက်သည် ဟု ဆို၏။

(ဗိုလ်မှူးကြီးမိုင်းဇင့်မှာ နအဖ စစ်ထောက်လှမ်းရေး ၂ ယောက် နှင့် အတူ ပြီးခဲ့သည့် မေ ၂၄ ရက်က ၎င်းတို့စီးလာသော စစ်အစိုးရယာဉ်တန်းအား သျှမ်းပြည်တပ်မတော်က ခြုံခိုတိုက်ခိုက်သဖြင့် ၎င်းအပါအ၀င် ၁၅ ယောက်သေဆုံးခဲ့သည်။ )

“ဒေသခံလူထုတွေကို နှိပ်စက်တဲ့ စစ်အစိုးရရဲ့ ဘယ်စစ်ကြောင်းမဆို ကျနော်တို့ သျှမ်းပြည်တပ်မတော်က အခုလို ပြန်လည် ချေပမှာဘဲ၊ လက်နက်ကိုင်ပြီး ပြည်သူကို အနိုင်ကျင့်ရင် ဒီနည်းလမ်းနဲ့ဘဲ ကာကွယ်ရလိမ့်မယ်” - ဟု စိုင်းဆိုင်မိဏ်းက ပြောပါသည်။

အခုဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်အစိုးရ၏ အရာခံဗိုလ် ၂ ယောက်၊ တပ်ကြပ်ကြီး ၃ ယောက်နှင့် တပ်ကြပ် ၂ယောက်၊ တပ်သား ၄ ယောက်တို့၏ ရုပ်အလောင်းများကို SSA က စစ်ဆေးတွေ့ရှိကြောင်း၊ အစိုးရစစ်ကြောင်း၏ မော်တာ ၁ လက်၊ MA 79 ၁ လက်၊ MA-2 ၂ လက် MA-1 ၂ လက် နှင့် ၎င်း၏ကျည်များကိုလည်း သိမ်းဆည်းရရှိကြောင်း ပြော၏။

ထို့အတူ ယခုလ ၈ ရက်နေ့တွင်လည်း သျှမ်းပြည်တပ်မတော်နှင့် လဲချားအခြေစိုက် ခလရ ၆၄ မှ ဗိုလ်မှူးကျော်စွာဦး ဦးဆောင်သည့် အင်အား ၁၈ ယောက်ပါ အဖွဲ့နှင့်လည်း ပင်လုံမြို့နယ် အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်အစိုးရအရာရှိ ဗိုလ်ကျော်သူ နှင့် တပ်ကြပ်ကြီး ကြည်မင်း ၏ အလောင်းကိုတွေ့ရကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးကျော်စွာဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဆိုပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Friday, July 17, 2009

Hidden H1N1 in Burma

မြန်မာတွင် H1N1 တွေ့ရှိမှုမှာ အကင်းမျှသာရှိသေးဟု ကန် ကျွမ်းကျင်သူ ပြော မုံပီး ကြာသပတေးနေ့၊ ဂျူလိုင်လ 16 ရက် 2009 ခုနှစ် 18 နာရီ 25 မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် A (H1N1) ဗိုင်းရပ်စ်ကူးစက်ခံနေရသူ နှစ်ဦးကို တွေ့ရှိခဲ့သည်ဟူသော ပြောဆိုမှုသည် တကယ်ကူးစက်နေသည့် ပမာဏနှင့်ယှဉ်လျှင် `အကင်း´မျှသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသည့် နောက်ထပ် ကူးစက်ခံနေရသူ အများအပြားရှိနိုင်သည်ဟု အမေရိကန် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောသည်။

တိုင်းပြည်၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိုးရွားနိမ့်ကျလှသည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် အခြေအနေကိုကြည့်၍ ထိုသို့ ရှာဖွေဖော်ထုတ်မတွေ့ရှိရသေးသော ကူးစက်ခံနေရသူ အများအပြား ရှိနေဦးမည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဂျွန်ဟော့ကင်း ဘလွန်းဘတ်ခ် တက္ကသိုလ်၏ ပြည်သူ့ကျန်းမာရေးနှင့် လူ့အခွင့်အရေးဆိုင်ရာဌာန သုတေသီ ဒေါက်တာ Voravit Suwanaichkij က ပြောသည်။

''ကူးစက်ခံနေရသူ လူနာနှစ်ယောက် တွေ့တယ်ဆိုတာ ရေခဲတောင်ကြီးရဲ့ ရေပေါ် ပေါ်နေတဲ့ အပိုင်းလေက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုပဲ ကူးစက်ခံရပြီး ကူးစက်ကြောင်း အသိအမှတ်ပြုမှုမခံရ၊ ကုသမှုမခံရတဲ့ လူနာတွေ အများအပြား ရှိနေနိုင်ပါသေးတယ်'' ဟု ဒေါက်တာ ဗစ် က ပြောသည်။

A (H1N1) အမျိုးအစား ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ဒုတိယလူနာကို သီးခြားခွဲထား၍ ကြပ်မတ်ကုသပေးနေခဲ့ပြီး ယခုအခါ သက်သာလာပြီဖြစ်ကာ မကြာမီ ရန်ကုန်မြို့ရှိ ဝေဘာဂီ ဆေးရုံကြီးမှ ပြန်လည်ဆင်းနိုင်တော့မည် ဖြစ်ကြောင်း မြန်မာစစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် ဗုဒ္ဓဟူးနေ့က ရေးသားဖော်ပြထားသည်။

ထိုသတင်းစာ၏ အဆိုအရ အသက် ၂၀ နှစ်အရွယ်ရှိ ထိုအမျိုးသားလူနာကို ဖျားနာ၍ ချောင်းဆိုးနေသည်ကို တွေ့ရှိပြီးနောက် ယခုလ ၈ ရက်နေ့က ဝေဘာဂီဆေးရုံသို့ တင်ပေးခဲ့သည်ဟု ဆိုသည်။

သို့သော် ဆေးကုသမှု ကောင်းစွာ ခံယူပြီးနောက် ''သူသည် အခြေအနေ တိုးတက်ကောင်းမွန်လာပြီး ဇူလိုင်လ ၁၁ ရက်နေ့ကတည်းက အဖျားမရှိတော့ကြောင်းနှင့် သူ၏ တိုးတက်မှုကို ကာလတခု စောင့်ကြည့်ပြီးနောက် ဆေးရုံမှ ပြန်လည်ဆင်းသက်နိုင်ရန် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း'' သတင်းစာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ အမျိုးသားမှာ စစ်အစိုးရက A (H1N1) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည်ဟု တရားဝင် ထုတ်ပြန်ကြေညာခြင်းခံရသော ဒုတိယလူနာဖြစ်ပြီး အစောပိုင်းကလည်း အသက် ၁၃ နှစ်အရွယ်ရှိ မိန်းကလေးငယ်တဦးမှာ ထိုသို့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသည်ဟု အတည်ပြုကြေညာခြင်းခံခဲ့ရပြီး ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် သီးသန့်ခွဲထားကာ ကုသမှုခံယူခဲ့ရသည်။ အဆိုပါ မိန်းကလေးကို နောက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။
သို့သော် ဤသို့ မြန်မာနိုင်ငံတွင် A (H1N1) ဗိုင်းရပ်စ်ပိုး တွေ့ရှိသူနှစ်ဦး တွေ့ရှိသည်ဟု ကြေညာခြင်းသည် ''မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်၌ ချို့ယွင်းအားနည်းချက် အများအပြားရှိနေသည်ကို ညွှန်ပြနေခြင်းပင်ဖြစ်သည်'' ဟု ဒေါက်တာဗစ်က ပြောသည်။

မြန်မာစစ်အစိုးရသည် တနှစ်လျှင် လူတဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှု စရိတ်အဖြစ် အမေရိကန် တဒေါ်လာအောက်သာ သုံးစွဲနေပြီး၊ ချွတ်ယွင်းအားနည်းချက် အများအပြားရှိနေသည့် စီးပွားရေးမူဝါဒများကလည်း တိုင်းပြည်ကို ဆင်းရဲတွင်း နက်သနက်အောင် တွန်းပို့လျက်ရှိသည်ဟု သူက ပြောသည်။

''မြန်မာနိုင်ငံက သာမန်မိသားစုတစုရဲ့ ၀င်ငွေ လေးပုံသုံးပုံလောက်ကို အစားအစာအတွက် သုံးနေရတဲ့ အခြေအနေကိုကြည့်ရင် ကျန်းမာရေးတို့၊ ပညာရေးတို့ အထူးသဖြင့် ပုဂ္ဂလိကပညာရေးတို့လို ဇိမ်ခံစရာတွေအတွက်က ရှားရှားပါးပါး နည်းနည်းပဲ ကျန်တော့တယ်'' ဟု သူက ဆက်ပြောသည်။

မြန်မာစစ်အစိုးရက ဗိုင်းရပ်စ်ပိုး တွေ့ရှိသည်ဟု ကြေညာခဲ့သော လူနာနှစ်ဦးလုံးမှာ ရန်ကုန်မြို့မှဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းရနိုင်သူများဖြစ်ကာ စီးပွားရေးအခြေအနေ ကောင်းမွန်သူများ ဖြစ်ကြသည်။

သို့သော် မြန်မာနိုင်ငံသားအများစုမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဝန်ထမ်း အလွန်အမင်း အကန့်အသတ်ကြီးသည့် ရန်ကုန်မြို့ပြင်ပ နယ်မြို့များတွင် နေထိုင်ကြသူများဖြစ်ကာ ဆင်းရဲတွင်းလည်း နက်ကြသူများ ဖြစ်သည်။ ထိုသူတို့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ရန် အခွင့်အလမ်း ပိုများပြီး ရှာဖွေဖော်ထုတ်၊ တွေ့ရှိနိုင်ခြင်း မရှိဘဲလည်း ဖြစ်နိုင်သည်ဟု ဒေါက်တာဗစ်က ပြောသည်။

ထို့ပြင် အိမ်နီးချင်း ထိုင်းနိုင်ငံက အဆိုပါ တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရကြောင်း အတည်ပြုကြေညာထားသည့်အတွက် နှစ်နိုင်ငံအကြား အလွယ်တကူ ကူးသန်းသွားလာနိုင်သည့် နယ်နိမိတ်ရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ်ပိုးပြန့်ပွားမှု ထို့ထက်ပို၍ များနိုင်ကြောင်း သူက ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားသူပုန်တို့အကြား တိုက်ပွဲများကြောင့် နေရပ်ရင်းကို စွန့်ခွာထွက်ပြေးလာသူများအတွက် ထိုင်းနိုင်ငံသည် နှစ်ပေါင်းများစွာကတည်းကပင် လူကြိုက်များသော နေရာဖြစ်သည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများသည် လေယာဉ်မစီးဘဲ ကုန်းလမ်းကသာ နယ်စပ်ဖြတ်ကျော် ၀င်ရောက်ကြသူများဖြစ်သည်ဟု ဒေါက်တာဗစ်က ပြောသည်။ ထိုသို့ သွားလာရာတွင် အာဏာပိုင်များ မသိအောင် ရှောင်တိမ်းသွားလာရသည့်အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသည်ကို ထုတ်ဖော်မသိရှိလိုက်နိုင်သည့် အခွင့်အလမ်းလည်း များပြားသည်ဟု သူက ဆိုသည်။

သို့သော် မြန်မာအစိုးရကမူ သူတို့၏ အာဘော် သတင်းစာထဲတွင် အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို သေချာစွာ စောင့်ကြည့်လေ့လာလျက်ရှိရာ လူဦးရေ စုစုပေါင်း ၂၀၀၁၀၃၉ (၂ သန်းကျော်) ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုအထဲတွင် လေဆိပ်မှ ၀င်ရောက်သည့်ခရီးသည် ၈၆၆၈၆ ဦး၊ ဆိပ်ကမ်းမှ ၀င်ရောက်သူ ၆၇၅၃ ဦး၊ နယ်စပ်ဂိတ်များမှ ၀င်ရောက်သူ ၁၉၀၇၇၈၀ ကို စစ်ဆေးခဲ့ကာ၊ ထိုစစ်ဆေးမှုများကို ဧပြီလ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

''ဧပြီ ၂၈ မှ ဇူလိုင် ၁၂ ရက်အထိ အဖျားလက္ခဏာရှိပြီး တုပ်ကွေးပိုး ကူးစက်ခံထားရသည်ဟု မသင်္ကာသူပေါင်း ၁၅၀၀၉ ဦးကို ဟိုတယ်များနှင့် နေအိမ်များတွင်ထား၍ သေချာစွာ စောင့်ကြည့်အကဲခတ်ခဲ့ကြောင်း၊ ထိုအထဲမှ စောင့်ကြည့်အကဲခတ်မှုကာလ ၁၀ ရက် လွန်မြောက်သွားသူပေါင်း ၆၁၈၄ ဦးရှိကြောင်း'' ဖြင့် သတင်းစာတွင် ရေးသားထားသည်။

ထိုသို့ ကပ်ရောဂါတခုကို ကိုင်တွယ်ရာတွင် ရေရှည်နှင့် လူထုတရပ်လုံးအတွက် ကောင်းမွန်သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု စနစ်တရပ်ကို အစားထိုးနိုင်မည့်အရာ မရှိကြောင်းဖြင့် ဒေါက်တာဗစ်က ပြောသည်။

ကောင်းမွန်သည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည်သာ လူတိုင်း လက်လှမ်းမီနိုင်သည့် အရာဖြစ်သည်။ ထိုစနစ်တွင် ရန်ပုံငွေလုံလောက်စွာရှိရမည်၊ သေချာစွာ မွေးမြူလေ့ကျင့်ပေးထားသည့် ကျန်းမာရေး ၀န်ထမ်းများ ရှိရမည်၊ ကောင်းမွန်သည့် ကျန်းမာရေးဓာတ်ခွဲခန်းများ ရှိရမည်။ ကျန်းမာရေးနှင့် စပ်လျဉ်းသည့် အချက်အလက်များကို လွတ်လပ်စွာ ကောက်ယူ၊ ခွဲခြမ်းစိတ်ဖြာ၊ ဖြန့်ဖြူးနိုင်စွမ်းလည်း ရှိရမည်။

သို့သော် ကုသ၍ရသော ရောဂါများဖြစ်သည့် အဆုတ်နာ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ ကဲ့သို့သော ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုတွင် `အစဉ်အလာ´ စိန်ခေါ်မှုတရပ်ဖြစ်နေသည့် ရောဂါများကိုပင် နိုင်နင်းစွာ ကိုင်တွယ်နိုင်ခြင်း မရှိသည့် မြန်မာနိုင်ငံတွင် လူအများ အဓိကထား စားသုံးကြသည့် လက်ဖက် ကဲ့သို့သော အစားအစာများတွင်ပင် တရားမ၀င် ဆိုးဆေးများ ပါဝင်နေသေးသည်ကိုကြည့်လျှင် ကမ္ဘာ့လူတုပ်ကွေးရောဂါ အပါအ၀င် အနာဂတ်တွင် ကြုံရမည့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း နိုင်နင်းစွာ ကိုင်တွယ်ဆောင်ရွက်နိုင်လိမ့်မည့် အလားအလာ မရှိလှကြောင်း ပြဆိုနေသည်ဟု ဒေါက်တာဗစ်က ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Thursday, July 16, 2009

ဆောက်ဖြစ်မှ ကျောင်းတကာရယ်

နိုင်ငံရေး အကျဉ်းသားများလွှတ်ရန် မိသားစုဝင်များ မျှော်လင့်ချက်မထား Thursday, 16 July 2009 19:02 ကိုစိုး
လုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အကျဉ်းသားများကို လွှတ်ပေးမည်ဟု ပြောဆိုလိုက်သော်လည်း နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် မျှော်လင့်မထားကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

သံအမတ်ကြီး ဦးသန်းဆွေက အကျဉ်းသားများလွှတ်မည်ဟု ပြောဆိုရာတွင် နိုင်ငံရေး အကျဉ်းသားများကို ထည့် သွင်းပြောဆိုခြင်းမရှိကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပါကလည်း ၎င်း၏ အစ်ကိုကဲ့သို့သော ခေါင်း ဆောင်ပိုင်းများကို စစ်အစိုးရက လွှတ်ပေးမည်ဟု မမျှော်လင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၏ညီ ကိုအောင်ထွန်းက ပြောသည်။

“ကိုကိုကြီးတို့လို လူမျိုးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ လွတ်လာမှပဲ လွတ်လာပြီလို့ မျှော်လင့်ရမှာပဲ၊ ကိုကိုကြီးကတော့ အခု မိုင်းဆတ် ထောင်မှာ၊ သွားရေးလာရေးကလည်း ခက်ခဲတယ်၊ စရိတ်စက ကလည်း ကြီး တယ်”ဟု ၎င်းက ပြောပြသည်။

ပြီးခဲ့သည့် နှစ် က ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရပြီး ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းဆတ်ထောင်သို့ ရွှေ့ပြောင်းခံ ထားရသော ကိုကိုကြီး သည် နဂိုကပင် အသည်းရောဂါ၊ အစာအိမ် ရောဂါများရှိနေပြီး ကျန်းမာရေး မကောင်းသူ ဖြစ်သည်ဟုလည်း သူက ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုပြုံးချို၏ ဖခင် ဦးဝင်းမောင်ကလည်း“အခု ပြောတာကို ကျနော်တို့က ဘယ်လို ယုံရမှာလဲ၊ သူတို့က ပြောတဲ့အတိုင်း လုပ်တာမဟုတ်ဘူး၊ ယုံရင်ကျနော်တို့ပဲ စိတ်ဆင်းရဲ မှာ”ဟု ပြောဆိုသည်။

ကိုပြုံးချိုသည်လည်း ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရပြီး တနင်္သာရီတိုင်း ကော့သောင်း အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံထားရသည်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် လုံခြုံရေးကောင်စီ၌ ဦးသန်းဆွေက ယခုကဲ့သို့ အကျဉ်းသားများ လွှတ်ပေးရန် အစီ အစဉ်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ တောင်းဆိုချက်အရဖြစ် ကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မစ္စတာ ဘန်ကီမွန်းသည် ယခုလဆန်း ၃ ရက် နှင့် ၄ ရက် ၂ ရက်ခရီးစဉ်အနေနှင့် မြန်မာနိုင်ငံသို့ သွားရောက် ခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၂ ကြိမ် တွေ့ဆုံခဲ့သော်လည်း လက်ရှိ တရားရင်ဆိုင် နေရသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်မရခဲ့ပေ။

ကုလသမဂ္ဂက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်တို့ကို စစ်အစိုးရအား တောင်းဆိုထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့မှ ဦးဆောင် သံဃာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရ၏ မိခင်က ယခု အကျဉ်းသားလွှတ်ပေးရေး ကိစ္စနှင့် ပတ်သက်ပြီး အပြည့်အဝ မျှော်လင့်ချက်မထားကြောင်း ပြောဆိုသည်။

အရှင်ဂမ္ဘီရ၏ မိခင် ဒေါ်ရေး က“ဖြစ်လာရင်တော့ အင်မတန် မင်္ဂလာရှိတဲ့ အကြောင်းကိစ္စ တခုပေါ့၊ အန်အတီတို့ ကလည်း သိပ်ကို မျှော်လင့်နေတယ်လေ၊ ဘာဖြစ်လို့လဲဆိုရင် ၆၈ နှစ် တွေ၊ ၆၅ နှစ် တွေ ၊ ၅၄ နှစ် တွေ ဆိုတဲ့ ထောင်ဒဏ် တွေဟာ မသင့်တော်တဲ့ ကိစ္စတွေပဲလေ၊ အရှင်ဂမ္ဘီရ တို့ကို ပြန်လွှတ်မယ်လို့တော့ သိပ်မထင်ဘူး၊ လွှတ်မယ်ဆိုရင်လည်း ဦးဆောင်မှု အပိုင်းက မဟုတ်တဲ့ လူမျိုးတွေတော့ ဖြစ်ချင်ဖြစ်နိုင်ပါတယ်၊ အရှင်ဂမ္ဘီရ က တော့ အခု ကလေး ထောင်မှာပဲ”ဟု ပြောဆိုသည်။

အရှင် ဂမ္ဘီရကို စစ်အစိုးရက ထောင်ဒဏ် ၆၈ နှစ် ချမှတ်ထားရာမှ မကြာသေးခင်က အီလက်ထရွန်နစ် အမှု အတွက် ၅ နှစ် လျှော့လိုက်ပြီး စစ်ကိုင်းတိုင်း ခန္တီး ထောင်မှ မကွေးတိုင်း ကလေး ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

အဆိုပါ အရှင်ဂမ္ဘီရ သက်တော်(၂၉) နှစ်သည် လွန်ခဲ့သည့် ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သော ကြောင့် စစ်အစိုးရက ဖမ်းဆီး၍ ပုဒ်မ ၅၀၅(က)၊ ၅၀၅ (ခ) ၊ လ၀က ပုဒ်မ ၁၃/၁ ၊ ပုဒ်မ ၁၇/၁ ၊ အီလက်ထရွန်နစ် ပုဒ်မ ၃၀၃(က)၊ အသင်းအဖွဲ့ပုဒ်မ ၆/၈၈ စသည်တို့ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၇ ခု နိုဝင်ဘာ ၄ ရက် နေ့တွင် အရှင်ဂမ္ဘီရကို မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ စစ်အာဏာပိုင်များက ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုအံ့ဘွယ်ကျော် ၏ မိခင် ဒေါ်တင်တင်ဝင်းကမူ ယခင် လွှတ်သူများတွင် နိုင်ငံရေးအကျဉ်းသား ပါဝင်မှု နည်းပါးကြောင်း၊ ယခုလည်း နိုင်ငံရေးအကျဉ်းသားကို ထည့်သွင်း ပြောဆိုခြင်း မရှိကြောင်း၊ ထို့ကြောင့် အလေးအနက်ထားမှု မရှိကြောင်း ပြောဆိုသည်။

“ခါတိုင်းလည်း ဒီလိုပဲ လွှတ်မယ် လွှတ်မယ်ဆိုပြီး နိုင်ငံရေးသမားက သိပ်မှမပါဘဲ၊ အခု သူတို့က ပြောတဲ့အထဲမှာ လည်း နိုင်ငံရေးအကျဉ်းသားလို့ ထည့်မပြောတော့ သိပ်ပြီးတော့ မပြောရဲဘူးပေါ့၊ နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုတာကတော့ ဗြောင်လိမ်တာပေါ့၊ မဖြစ်နိုင်တဲ့ ဥစ္စာပေါ့၊ လူတိုင်းကသိနေတာပဲ ဘယ်ဟာနိုင်ငံရေးအကျဉ်းသား၊ ဘယ်ဟာ ရိုးရိုး အကျဉ်းသားဆိုတာ၊ အဲဒါကို မရှိပါဘူးလို့ပြောတာဟာ အဖြူကို အမည်းပေါ့၊ အဲဒီလို ပြောင်းပြန် ဖြစ်နေတာပေါ့၊ သိပ်တော့ မထူးဆန်းပါဘူး၊ မှန်တာက နည်းတယ်မဟုတ်လား၊ သိပ်ပြီးတော့ လေးလေးနက်နက် ထားစရာ မလိုပါဘူး”ဟု ၎င်းက ပြောသည်။

လူ့အခွင့်အရေးအဖွဲ့များ၏ အဆိုအရ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား၂၁၀၀ ကျော် ရှိပြီးအများစုမှာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရကြောင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါတော်လှန်ရေး အကြမ်းဖက် ဖြိုခွဲ ခံရချိန်မှ စတင်၍ နိုင်ငံရေး အကျဉ်းသား၂ ဆခန့် တိုးလာကြောင်း သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

သန်းရွှေ လက်ထက် ပညာရေး မိဘများရင်လေး

ငွေကြေးမတတ်နိုင်သဖြင့် ကျောင်းသားထက်ဝက်ခန့် ကျောင်းမတက်နိုင်Thursday, 16 July 2009 14:14 ဉာဏ်မောင်
ငွေကြေးမပြေလည်မှုနှင့် ကုန်ကျစရိတ်များပြားမှုကြောင့် တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသားထက်ဝက်ခန့် ကျောင်းတက်နိုင်ခြင်းမရှိတော့သည့် အခြေအနေ ကြုံတွေ့နေရသည်။

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ တောင်ကြီးတက္ကသိုလ်တွင် ယခုနှစ် ဒုတိယနှစ်ဝက် ကျောင်းတက်ချိန်တွင် တက္ကသိုလ်တခုလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ ထက်ဝက်နီးပါး ကျောင်းမတက်နိုင်တော့ကြောင်း တောင်ကြီးတက္ကသိုလ်နှင့် နီးစပ်သူတဦးက ပြောသည်။

"အခုကျောင်းသားတွေ စာမေးပွဲနီးမှ ကျူရှင်ပဲ တက်ကြတယ်၊ အဆောင်ကြေးရော၊ အခြားစရိတ်တွေရောဆို တသိန်းလောက်ကျတော့ မတက်နိုင်ကြဘူး၊ တချို့အဆောင်ဆို ပိတ်လိုက်ရတာတွေတောင်ရှိတယ်" ဟု ပြောသည်။

ကျောင်းသားကျောင်းသူများအနေဖြင့် စာမေးပွဲဖြေရန် တလအလိုလောက်တွင် အတန်းပိုင်းဆရာမများထံ ကျူရှင်တက်ပြီး မေးခွန်းထုတ် ဖြေဆိုကာ ပြန်သွားခြင်းများ လုပ်နေသည်ဟု ဆက်ပြောသည်။

"ဖြေခါနီးမှာ ကျောင်းက ဆရာမတွေက တိုးတိုးတိတ်တိတ် ကျူရှင်ပေးလိုက်တာကိုပဲ တက်လိုက်ကြတာ၊ တဘာသာကို ၆,၀၀၀၊ ၇,၀၀၀ ပေးရတယ်၊ သုံးပတ်၊ တလလောက်တက်ရတာ၊ ပြီးရင်း မေးခွန်းထုတ်ပေးလိုက်တယ်၊ အဆောင်မှာ လာနေ၊ အဲလိုတက်ပြီးစာမေးပွဲဖြေပြီး တခါတည်းပြန်ကြတာ၊ ကျောင်းတက်တယ်ဆိုတာ မရှိတော့ဘူး" ဟု ၎င်းက ဆက်ပြောသည်။

ယခင်က ကျောင်းသား ၂၀ ရှိသော အဆောင်တွင် ယခုအခါ ကျောင်းသား ၃ ဦးလောက်သာရှိပြီး တောင်ကြီးတက္ကသိုလ်အနီးတွင် အဆောင် ၅၀ ရှိကာ မှတ်ပုံတင်ထားခြင်းမရှိသည့် အဆောင်များလည်း ရှိသည်။

"တချို့က အိမ်မှာ လေးငါးယောက် ထားတာရှိတယ်၊ အဆောင်ကြီးတွေ လေးငါးဆယ်ထားတဲ့ အဆောင်တွေမှာလ ၁၅ ယောက်၊ အယောက် ၂၀ လောက်ပဲ ရှိတယ်၊ ပြီးခဲ့တဲ့နှစ်ကမှ ကျောင်းတက်တာရှိသေးတယ်၊ အခု တော်တော်ကို လျော့သွားတာ" ဟု ပြောသည်။

ယခုနှစ်၊ ပထမနှစ်ဝက် ကျောင်းဖွင့်ချိန်မှာ ဇန်နဝါရီလတွင် စတင်ကာ မတ်လ နောက်ဆုံးပတ်တွင် ပိတ်လိုက်ပြီး ဒုတိယနှစ်ဝက် ကျောင်းဖွင့်ချိန်ကို ဇွန် ၂ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။

"ဒုတိယနှစ်ဝက်ပြန်ဖွင့်တာက ဇွန် ၂ ရက်နေ့က၊ ဒါပေမဲ့ ကျောင်းသားက သုံးပတ်လောက်နေမှ စုံတာ၊ အဲဒီစုံတယ်ဆိုတာတောင် တဝက်လောက် လျော့ကြသွားပြီ၊ အဓိကကတော့ ကုန်ကျစရိတ်က အစစအရာရာ ကြီးလာတော့ စီးပွားရေးလဲ မပြေလည်လို့ အခုလိုဖြစ်တာ" ဟု ဆက်လက်ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

နမိတ်မကောင်းလို့ ပါ တလွဲမထင်ပါနဲ့ 

ယာယီတပ်ရုပ်ထားသည့် စခန်းဟောင်း နအဖ စစ်တပ် နေရာပြန်ယူ ကြာသပတေးနေ့၊ 16 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် လွယ်ဆမ်ဆုမ်တောင်ကြောရှိ အဓိက ၀ တပ်စခန်းတခု နှင့် မျက်နှာချင်းဆိုင် တပ်ရုပ် ထား သော နအဖ ချက်ပွိုင့် တပ်စခန်း၌ ယခုလဆန်းပိုင်းက ပြန်လည်နေရာယူ အင်အားဖြည့်တင်းလာကြောင်း ဒေသခံ များ ကပြောပါသည်။

ဂျွန်လဆန်းပိုင်းက တပ်ရုပ်ထားသော မိုင်းဆတ် - တာချီလိတ် အကြား ကားလမ်းပေါ် ရှိလွယ်ဆမ်ဆုမ် တောင်ကြော ၀ တပ်စခန်း အနီး စစ်အစိုးရ၏ စစ်ဆေးရေး (လမ်းကင်း) စခန်းကို ဂျူလိုင် ၉ ရက် စ၍ ပြန်လည်နေရာယူလာကြောင်း အမည် မဖေါ်လိုသည့် ဒေသခံတဦးက အခုလိုပြောပြပါသည်။

“အရင်တုန်းက အဲဒီစခန်းမှာ ဗမာစစ်သား ၁၀-၁၅ ယောက် နေတယ်၊ မေလနှောင်းပိုင်းက တာချီလိတ်က လာတဲ့ ၀ ကား တွေ စစ်ဆေးဖို့ ဟန့်တားရာက အချင်းချင်းစကားများပြီး ပစ်ခတ်လုနီးနီးဖြစ်ခဲ့တယ်။ အဲဒီ့နောက်ပိုင်း စခန်းဖျက် တပ်ရုပ်ပြန် သွားတာဘဲ။ အခုမိုင်းတူး(မ်း) က ခမရ ၅၅၃ နဲ့ ၅၅၄ ဘဲ ပြန်လာထိုင်တယ်။ တဲတွေအစား အုတ်တွေ သွပ်တွေနဲ့အသစ် ပြန်ဆောက်ထားတယ်။ လူအင်အားလဲ အရင်ကထက် ပိုများလာတဲ့ ပုံဘဲ”

သျှမ်းပြည်အရေးလေ့လာသူ အချို့က လွန်ခဲ့သည့် ၄-၅ လမှစ၍ အခုအချိန်မှာ သံလွင်အရှေ့ခြမ်းအခြေစိုက် တပ်ရင်း အားလုံး၏ တပ်ရင်းမှူးများ သင်တန်းသွားနေကြကြောင်း၊ ယခုနှစ်ကုန်ပိုင်းအထိ တောင်ပိုင်း ၀ တပ်ဖွဲ့မှ ပန်ဆန်းဌာနချုပ် ဆုံးဖြတ် ချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟုပြောသော်လည်း စစ်အစိုးရနှင့် တိုက်ပွဲဖြစ်ပွားမည့်အလားအလာ မရှိသေး ကြောင်း ဆိုသည်။

သို့သော် တပ်မှူးများသင်တန်းသွားခြင်း၊ တပ်ဟောင်းများ နေရာပြန်ယူလာခြင်းတို့သည် - (၁) အပစ်ရပ် နှင့် အပစ်မရပ် အ ဖွဲ့ များအားချုပ်ကိုင်ရန်၊ (၂) မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ မုံးကုတ် (ခေါ်) မိုင်းခုတ်ထွက် ကျောက် မီးသွေးအား ထိုင်းကုမ္ပဏီ စတင်အကောင်အထည်ဖေါ်လျှင် စစ်ရေးမဟာဗျူဟာအရ ထိုင်းနယ်စပ် ယောင်ခါ-မယ်ကျုတ် (သျှမ်းဘက်ခြမ်း) မှ မုံ့ကောဝ်လန်ရွာ (ထိုင်းဘက်ခြမ်း) ဟင်တက်-ပါဆန်း- ချင်းရိုင်းလမ်း ဖေါက်လုပ်ပြီးစီးပါက အရေးပါ လာမည်ဖြစ်သောကြောင့် ဟုဆို၏။

တောင်ပိုင်း ၀ တပ်ဖွဲ့၏ စစ်ရေးအရ အချက်အခြာကျသည့် တပ်စခန်း ၃ ခု (၁။ လွယ်ဆမ်ဆုမ်စခန်း၊ ၂။ ကျူဟူးလုံး ၃။ ဟွေ့ယောဝ်း) စခန်းအား မေလနောက်ဆုံးထား၍ ဆုတ်ခွာပေးရန် စစ်အစိုးရဖက်က သတိပေးခဲ့သော်လည်း အခုထိ ၀ တပ်များအခိုင်အမာတပ်စွဲထားဆဲဖြစ်သောကြောင့် နအဖ တပ်ကလည်း ပြန်လည်နေရာယူ အင်အားဖြည့်တင်းလာခြင်းဖြစ် ကြောင်းလဲ ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကရင်ကိုရအောင်တိုက်နိုင်ရင် ခရေပန်းလေးတွေဆုချီးမြင့်မယ်

KNU တပ်မဟာ ၆ ဒေသတွင် တပ်မ ၂၂ အစားထိုးဝင်ရောက်Kaowaoဇူလိုင် ၁၆၊၂၀၀၉။
စံခလပူရီ(ဇူလိုင်-၁၆)။ ။ KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန် ဘုရားသုံးဆူမြို့အနီး ရောက်ရှိနေသော နအဖစစ်ကြောင်း စကခ ၁၂၊ နည်းဗျူဟာ ၁ လက်အောက်ခံတပ်ရင်း ၂ ရင်းမှာ အနန်းကွင်းဖက်သို့ တိတ်တဆိတ်ဆုတ်ခွာသွားပြီး တပ်မ ၂၂ လက်အောက်ခံတပ်များ ဝင်ရောက်လာမည်ဟု KNU အရာရှိ
တစ်ဦးက သတင်းပေးပို့ခဲ့သည်။

“တပ်ရင်းအမှတ်တွေ အတိအကျမသိရသေးဘူး၊ ဘယ်နှစ်ရင်းပါမလဲဆိုတာလည်း သေသေချာချာ အတည်
ပြုလို့မရသေးဘူး၊ ကြးဖြတ်စက်မှာ ဘုရားသုံးဆူနဲ့ အနန်းကွင်းကြား၊ တောင်စွန်း၊ မယ်ဇလီတို့ကို အရောက် ပြထားတယ်၊ လမ်းကြောင်းမှာ မဲမဲစိမ်းစိမ်းတွေကိုလည်း မမြင်ရသေးဘူး၊ ဒါပေမဲ့ တက်လာနိုင်တဲ့ လမ်းပေါက်တွေမှန်သမျှကို ကျနော်တို့ဖြတ်ပိတ်ထားတယ်” အဆိုပါအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

ယခုရက်ပိုင်းများအတွင်း မွန်နှင့်ကရင်ပြည်နယ်ဒေသများတွင် မိုးများအဆက်မပြတ်ရွာသွန်းနေသည်။ ချောင်းရေများ အဆမတန်မြင်းမားနေပြီး ကုန်းလမ်းရောရေလမ်းတွေပါ သွားလာမှုခက်ခဲ နေဆဲဖြစ်သည်။

ဘုရားသုံးဆူသို့ ပြည်တွင်းမှ လာရောက်နိုင်သော အဓိကလမ်းကြောင်းများဖြစ်သည့် ဘုရားသုံးဆူ -အနန်းကွင်း-သံဖြူဇရပ်နှင့် ဘုရားသုံးဆူ-ရေးမြို့ မော်တော်ကားလမ်းများမှာ မိုးရာသီရောက်သည်နှင့် ပျက်စီးသွားပြီး မြစ်ချောင်းများဖြစ်ပေါ်လျှက်ရှိရာ ယခုအခါ သွားလာရန် အလွန်ခက်ခဲနေသည်။
ကြာအင်းဆိပ်ကြီးမြို့-ဘုရားသုံးဆူ ဇမိမြစ်ကြောင်းရေလမ်းမှာ ရေများအဆမတန် မြင့်မားနေဆဲဖြစ်သည်။

အဆိုပါလမ်းကြောင်းများတွင် KNU ဂိတ်စခန်း အများအပြား နေရာအနှံ့တွင် ဖြန့်ချထားရှိသည်။ KNU
တပ်မဟာ ၆ ဌာနချုပ်၊ တပ်ရင်း ၁၆ တို့သည်လည်း ခံတပ်စခန်းသေများ မရှိပါ။ KNU ကိုထိုးစစ်ဆင်ရန် အဓိကပစ်မှတ်ကို လက်တွေ့တွင် ရှာဖွေရန် မလွယ်ကူကြောင်း စစ်ရေးအကဲခတ်သူများ သုံးသပ်ကြသည်။

စစ်အစိုးရက စေခိုင်းလာသည့်အတိုင်း KNU တပ်ဖွဲ့များကို စစ်ဆင်ရေး လုပ်ဆောင်ရာတွင် မြန်မာ့ တပ်မတော်နောက်ဖက်မှနေပြီး ဒီကေဘီကေကရင်တပ်ဖွဲ့များကို ရှေ့တန်းစစ်မျက်နှာတွင် စစ်တိုက်ခိုင်း
ခဲ့သည်။ လွန်ခဲ့သည့်လ KNU တပ်မဟာ ၇ ထိုးစစ်တွင် ဒီကေဘီကေကရင်တပ်ဖွဲ့ဝင် တစ်ရာမက ကျဆုံးခဲ့ရပြီး ဒဏ်ရာရသူများနှင့် ဒုက္ခိတအများအပြား အမွေဆက်ခံလိုက်ရသည်ကို သတင်းများတွင် ဖေါ်ပြခဲ့ကြသည်။

တပ်မဟာ ၆ ကိုထိုးစစ်ကို ထိုဒီကေဘီကေကရင်တပ်ဖွဲ့များ လာရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း စတင်လှုပ်ရှားလာသည့် အရပ်အယောင်များ မတွေ့ရှိရသေးပေ။

ထိုသို့ စစ်ဆင်ရေးစတင်ရန် ပြင်ဆင်လာသည်နှင့်တပြိုင်တည်းမှာ KNLA တပ်မဟာ ၆ ကလက်ဦးမှုရယူ
လိုက်ရာမှာ DKBA, KPF တပ်ဖွဲ့ဝင် ၇၀ ခန့် KNU နှင့်ပြန်လည်ပူးပေါင်း လာခဲ့သည်။

KPF အမှတ် ၃ တပ်ရင်းမှူး မန်းလေးဝါးဆိုသူမှာ KNU ထံ ၅ ရက်ခန့်ရောက်ရှိခဲ့သည်။ ယခုအခါ ဘုရားသုံးဆူ
မြို့သို့ ပြန်လည်ရောက်ရှိနေသည်။


Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Wednesday, July 15, 2009

ဆင်သေ ဆိတ်ရေ နှင့်ဖုံး ခဲ့ သမျှ( ကိုဖိုးတရုတ် ဘလော့ခ်မှ)

အာဏာရှင်ရဲ့ လက်ခတ်သံ ဆောင်းပါးရှင် – တပ်ကြပ် မင်းမင်း
ကျွန်တော် တွေ့ခဲ့ဖူးသမျှ တချို့ အရာရှိတွေ စိတ်ဓါတ် မြင့်မားသလို လက်အောက်ငယ်သားနဲ့ ကျေးရွာလူထု အပေါ်မှာ အပြု သဘောဆောင် ကိုယ်ချင်းစာ တရား ထားတတ်ကြပါတယ်။ ဒါပေမဲ့ တချို့ အရာရှိ တော်တော် များများကတော့ ကြီးနိုင် ငယ်ညှင်း ၀ါဒနဲ့ မတရား အုပ်ချုပ် တတ်ကြပါတယ်။ ၁၉၉၄ခုနှစ် နှစ်ကုန်ပိုင်း လောက်မှာ ကျွန်တော်တို့တပ် အ.မ.တ ခွဲ (၀၈၂) ကို တပ်ခွဲမှူး အသစ် ရောက်ရှိလာခဲ့တယ်၊ သူ့အမည်က ဗိုလ်မှူးမိုးဆွေ၊ ကြည်း (၁၇၆၅၀) ဖြစ်ပါတယ်။ သူ့မှာ ဇနီးသည်နှင့် သမီးလေး နှစ်ယောက် ရှိကာ သမီး အကြီးမက မျက်စိတဖက် ပျက်နေ ရှာတယ်။ သူမ မျက်စိ ပျက်စီးရခြင်းမှာ သူ့အဖေက သူ့သမီးကို ငယ်စဉ်က စစ်ခါးပတ်နဲ့ ရိုက်လိုက်ခြင်းကြောင့် မျက်စိတဖက် ဆုံးရှုံးသွားခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

ကျွန်တော် အဲဒီ ဗိုလ်မှူး မိုးဆွေအကြောင်းကို နည်းနည်းပြောပြချင်ပါတယ်။ ဒီလူကြီးဟာ အင်မတန် အစားအသောက် မက်ပြီး ရက်စက်တတ်တဲ့ စိတ်ထားလည်း သူ့မှာရှိတယ်။ သူ့ပုံသဏ္ဍန်က အရပ်အမောင်း ကောင်းကောင်း အသားကမဲမဲ ၀လွန်းပြီး မျက်နှာမှာလဲ ကျောက်ပေါက်စက်တွေနဲ့မို့ စစ်သည် များက သူ့နောက်ကွယ်မှာ ဘီလူးကြီးလို့ သူ့ကို အမည်ပေးထားကြပါတယ်။

သူ အရက် တစ်ခါသောက်ရင် ငါးဂျင်းဖန်ခွက် အကြီးစားနဲ့ အရက်အပြည့် ထည့်ပြီးတော့ နှစ်ခါလောက် မော့သောက်လိုက်ရင်ဘဲ ခွက်ထဲမှာ ကုန်သွား တော့တယ်။ တစ်နေ့ကို ဘီအီး နှစ်လုံးနဲ့ မဲခေါင် အရက်ပြား (၂)ပြား ပုံမှန်သောက်လေ့ရှိတယ်။ ထမင်းစားရင်လည်း ပန်းကန်ပြားနဲ့ မစားတတ်ဘူး၊ စတီးဇလုံ အကြီးစား တစ်လုံးထဲမှာ ထမင်းနဲ့ဟင်း ရော ထည့်ပြီး ဘီလူးလို စားလေ့ရှိတယ်။

တစ်ညမှာ ကျွန်တော် ကြေးနန်းသွားအပို့ သူနေတဲ့ လေးခန်းတွဲလိုင်းက သူ့အခန်းရှေ့ ရောက်တော့ ဘိလပ်မြေခင်းထားတဲ့ သူ့အခန်းကြမ်းပြင်မှာ မှောက်လျက်အနေအထားနဲ့ တပ်ခွဲမှူးမိုးဆွေကို တွေ့ရပြီး အမေရေ အမေရေနဲ့ အော်နေတာကိုလည်း တွေ့လိုက်ရ ပါတယ်။

ကျွန်တော်လဲ သူ့ကို မခေါ်ရဲပဲ ရပ်ကြည့်နေမိတယ်။ နောက်တော့ သူ့မိန်းမထွက်လာပြီး ဘာကိစ္စလဲ ကောင်လေးလို့မေးတယ်။ ကျွန်တော် ကြေးနန်း လာပို့တာလို့ ပြောပြီး ဆရာမထံ ကြေးနန်းစာရွက် ကမ်းပေးလိုက်တယ်။ သူ့မိန်းမကတော့ သင်္ဃန်းညီနောင် အထက်တန်းကျောင်းရဲ့ ဒုကျောင်းအုပ် ဆရာမ တစ်ယောက်ပေါ့၊ ဒါကြောင့် ရဲဘော် အားလုံးက သူ့အား ဆရာမလို့ဘဲ ခေါ်ကြတယ်၊ ကျွန်တော်လဲ သိချင်တဲ့စိတ် ဖြစ်ပေါ် လာတာနဲ့ ဗိုလ်မှူး ဘာဖြစ်တာလဲလို့ မေးလိုက်ပါတယ်။1

ဆရာမက အရက်သောက်ပြီး ဒူးရင်းသီးစားမိလို့ ပူလွန်းလို့ အော်နေတာတဲ့၊ ကြမ်းပြင် မှာလဲ ရေတွေ စိုနေပြီး အင်္ကျီလည်းမရှိ ဘောင်းဘီတို တစ်ထည်နဲ့ အော်နေတာကို တွေ့ရတယ်။ ကျွန်တော်လဲ ကြေးနန်း ပို့ပြီး ပြန်လာခဲ့တယ်။ အနော်တို့ဆိုင်ရှေ့ အရောက် ကျွန်တော့်မှာ ဆေးလိပ် ကုန်နေတာမို့ အနော်ဆိုင်မှာ ဆေးလိပ် ၀င်ဝယ်လိုက်တယ်။ ဆိုင်ရှင် အနော်က နင်တို့ဗိုလ်မှူး ငါ့ဆိုင်မှာ ဒူးရင်းသီး (၇)လုံး တထိုင်တည်း စားသွား တယ်တဲ့။

ကျွန်တော်လဲ သြော်…. အဲဒါကြောင့် သူ အခု အော်နေတယ်လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီတပ်မှာ ကျွန်တော်က ဆက်သွယ်ရေးတာဝန်ခံနဲ့ ဖုန်း တာဝန်ခံ နှစ်မျိုးလုံးကို တာဝန် ပေးထားလို့ ထမ်းဆောင်နေရပါတယ်။ အဲဒီနေ့က မိုးကလဲရွာ၊ လေကလဲ တိုက်နေတယ်။ ထုံးစံအတိုင်း ညနေ (၆)နာရီ ထိုးတာနဲ့ ဆက်သွယ်ရေးစက်အား အကြောင်းထူး မရှိ ကြောင်းပြောကာ စက်ပိတ်လိုက်ပါတယ်။ စက်ပိတ်ပြီးတာနဲ့ ဖုန်းလိုင်းများအား ကောင်း/ မကောင်း စစ်ဆေးပြီး တာဝန်ပြီးဆုံးကြောင်း လက်မှတ်ထိုးလိုက်တယ်။

ကျွန်တော်ဗိုလ်မှူးနဲ့ ပြဿနာ ဖြစ်ပွားပုံက ည (၁၀)နာရီခန့် ကင်းစစ်တာဝန်ကျ ဆရာသိန်းဇော် ကျွန်တော့်အခန်းတံခါးခေါက်၍ နှိုးလိုက်ခြင်းကြောင့် ကျွန်တော် နိုးလာတယ်။ ဆရာ့ကို ဗိုလ်မှူး ခေါ်နေတယ်လို့ ပြောရာ ကျွန်တော်လည်း ဗိုလ်မှူးရှိရာ လိုင်းခန်း ဘက်သို့ ထွက်လာခဲ့ပါတယ်။ ဗိုလ်မှူးထံ ရောက်တဲ့အခါ သူမူးနေပြီး ကျွန်တော် ရောက်သည်နှင့် ကျွန်တော့်အား မင်းမှာ အပြစ်ရှိ သလားလို့ မေးပါတယ်။ ကျွန်တော်က ဘာမှန်းမသိလို့ အပြစ်မရှိပါဟု ပြန်ဖြေလိုက်ပါတယ်။ မင်း ငါ့ဖုန်းကို သွားဆက်ကြည့်လို့ ပြောရာ ကျွန်တော်ဖုန်းကိုကိုင်ပြီး ဆက်လိုက်ပါတယ်။ ဖုန်းက လုံးဝ ခေါ်လို့မရ ဖြစ်နေတယ်။

ဒါပေမဲ့ ကျွန်တော်က ရာသီဥတုကြောင့် ဖုန်းလိုင်းပြတ်သွားကြောင်းနဲ့ ညနေ (၆) နာရီက ဖုန်းလိုင်းစမ်း၍ ခေါ်ကြည့်ရာ ဗိုလ်မှူးမိန်းမ လာကိုင်ကြောင်း ပြောပြရာ သူက လက်မခံပါ။ အဲဒီနောက် အပြစ်ရှိလားလို့ ထပ်မံမေးပြီး ကျွန်တော့်အား ထိုးကြိတ်မည်ပြုရာ ဆရာမက ၀င်ရောက်တားမြစ်သဖြင့် ထိုးကြိတ်မှု မပြုလုပ်တော့ဘဲ မင်းမနက်ဖန် ငါ့ရုံးတင်မယ်လို့ ပြော၍ ဆဲဆိုပြီး ကျွန်တော့်ကို ပြန်လွှတ်လိုက်ပါတယ်။

နောက်တစ်နေ့ နံနက်စောစောသို့ ရောက်တဲ့အခါ ဖုန်းလိုင်းပြတ်ရခြင်း အကြောင်းကို လိုက်လံစစ်ဆေးရာ သစ်ပင်လဲပြီး ဖုန်းကြိုးပြတ်နေခြင်းကို တွေ့ရ ပါတယ်။ အဲဒီနောက် နံနက် (၈)နာရီခွဲခန့်မှာ ကျွန်တော့်ကို သူ့ရုံးသို့ ခေါ်ယူပြီး မင်းမှာ အပြစ်ရှိသလားလို့ မေးရာ ကျွန်တော့်မှာ အပြစ်မရှိပါဟု ပြောလိုက် သည်နှင့် ကျွန်တော့်အား ထိုးကြိတ်မှု ပြုပါတော့တယ်။

ကျွန်တော်လည်း ညက သစ်ပင်လဲပြီး ဖုန်းကြိုးပြတ်သွားကြောင်းကို အမှန်အတိုင်း တင်ပြသော်လည်း သူက လုံးဝလက်မခံဘဲ ကျွန်တော့်မှာ ဆက်လက် ထိုးကြိတ်ခြင်းကို ခံနေရပါတယ်။ အဲဒီနောက် ကျွန်တော့်အား တာဝန်ပေါ့လျော့သည်ဟု ပြောပြီး နေ့စဉ် တာဝန်ကြပ် (၇)ရက် ချမှတ်ခြင်းကို ခံရပြန်ပါတယ်။

သူဟာ လပတ် အစည်းအဝေးတွေမှာ ရဲဘော်များအား တာဝန်ချိန်အတွင်း ရွာထဲ မသွားရဟု အမိန့်ထုတ်ပြန်ထားပါတယ်။ သို့သော် တာဝန်ချိန်ပြီးဆုံးလို့ ရွာထဲသို့ သွားရောက် လည်ပတ်တဲ့ အခါတွင်လည်း သူနှင့်တွေ့သည့် ရဲဘော်အားလုံးကို ကားရပ်၍ ထိုးကြိတ်ခြင်း အပြစ်ပေးခြင်းများ အမြဲပြုလုပ်လေ့ ရှိရာ စစ်သည်အားလုံးဟာ ရွာထဲမှာ သူ့ရဲ့  (လန်ဂျမ်း) ကားကို မြင်ရင် တွေ့ရာအိမ်ထဲသို့ ၀င်ရောက် ပုန်းရှောင်နေကြရပါတယ်။ သူ့ရဲ့ကား ကျော်လွန်သွားမှသာ စစ်သည်တွေလည်း လိုရာသို့ သွားလာကြရပါတယ်။ ဒါ့ကြောင့် ဆရာကြီးများ ဆရာများနဲ့ ရဲဘော်များက သူ့အား ဘီလူးကြီးလို့ ကွယ်ရာမှာ အမည် ပေးထား ကြပါလေတော့တယ်။

ကျွန်တော်တွေ့ခဲ့ရတဲ့ လက်သံပြောင်သော အရာရှိ တစ်ယောက် အကြောင်းကို တင်ပြပြီးတဲ့နောက် ဆက်လက်ပြီး တပ်တွင်းက အတွေ့အကြုံတွေကိုလည်း တင်ပြသွား ပါဦးမယ်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဆိုင်ကယ်မစီးရ၊ ထောင်ဒဏ် ၃ လ

အစိုးရဝန်ထမ်းများ ဆိုင်ကယ်မစီးရ၊ ထောင်ဒဏ် ၃ လ Wednesday, 15 July 2009 16:33 ဟိန်းဇော်
ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပြုထားသည့် နေရာမှန်သမျှတွင် အစိုးရဝန်ထမ်းများ ဆိုင်ကယ် စီးနင်းခွင့်ကို အထူးစီမံချက်ဖြင့် တားမြစ်လိုက်ပြီး တားမြစ်ချက် မလိုက်နာသူ ဝန်ထမ်းများအား ထောင်ဒဏ် ၃ လနှင့် ဆိုင်ကယ်သိမ်း အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်စီးကမ်း ထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

“ဒီ ဇူလိုင်လကစပြီး ဆိုင်ကယ်စီးနင်းခွင့်ကို တင်းတင်းကျပ်ကျပ် လုပ်ဖို့ အထက်က အမိန့် ပေးတာ။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဘယ်သူမှ မစီးရတော့ဘူး”ဟု ၎င်းက ဆိုသည်။

မင်္ဂလာဒုံ မြို့နယ်အတွင်း စစ်တပ်မှ တာဝန်ရှိသူ တဦးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတဦးတို့ ဆိုင်ကယ်ချင်း တိုက်မိရာမှ ယခုကဲ့သို့ အစိုးရဝန်ထမ်းများ ဆိုင်ကယ်စီးခွင့် ပိတ်ပင်တားမြစ်ခြင်း ဖြစ်သည်ဟု အတည်ပြုချက် မရယူနိုင်သော သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို ၂၀၀၁ ခုနှစ်နောက်ပိုင်း ပိတ်ပင်တားမြစ် ခဲ့သော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပတ်သတ်သူ တချို့ကိုမူ အာဏာပိုင်အဖွဲ့ အစည်းမှ ထုတ်ပေးထားသော ကတ်ပြားများဖြင့် ဆက်လက် စီးနင်းခွင့် ပြုခဲ့သည်။

ယခုအခါ ရန်ကုန်မြို့အတွင်း တွင်သာမက အရပ်သားများ လွပ်လပ်စွာ စီးနင်းခွင့်ရထားသည့် ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် ဧရိယာပြင်ပရှိ မြို့နယ် ၁၄ မြို့နယ်တွင်ပါ မည်သည့် ဌာနဆိုင်ရာ ဝန်ထမ်းမှ ဆိုင်ကယ်စီးနင်းခွင့် မပြုတော့ပေ။

ယခုကဲ့သို့ အစိုးရဝန်ထမ်းများကို ဆိုင်ကယ် စီးနင်းခွင့် မပြုသောကြောင့် ဝန်ထမ်းအများစုမှာ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကြားသိရသည်။

ဇူလိုင် ၁၁ ရက်နေ့မှ စတင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ဆိုင်ကယ်စီးခွင့် ပိတ်ပင်သည်ဟု တရားဝင် ကြေညာ ထားကြောင်း၊ ဆိုင်ကယ်စီးခွင့်ကို ဇူလိုင် ၁၈ ရက်နေ့အထိသာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၎င်းရက် နောက်ပိုင်း အစိုးရဝန်ထမ်းများ ဆိုင်ကယ်စီးသည်ကို တွေ့ရှိပါက ဆိုင်ကယ်သိမ်းကာ ထောင်ချမည်ဟု စာကပ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ အကြီးတန်းအရာရှိ တဦးကပြောသည်။

“ဆိုင်ကယ်ကျတော့ အရေးကြီးတဲ့ ကိစ္စဖြစ်ရင် ချက်ချင်းသွားလို့ ရတယ်။ အခုကျနော်တို့ကို ဆိုင်ကယ်စီးခွင့် ပိတ်လိုက်တော့ စက်ဘီးနဲ့သွားရင်သွား။ မသွားရင် စခန်းကကားနဲ့ သွားမှ ဖြစ်တော့မယ်။ စခန်းကားနဲ့ ကျတော့ အဆင်မပြေဘူး” ဟု ဒဂုံမြို့နယ်မှ ဒုရဲအုပ် တဦးက ပြောသည်။

အစိုးရဝန်ထမ်းများကို ရန်ကုန်တိုင်းအတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်သည့် အတွက် ဝန်ထမ်းအများစုမှာ အခက်အခဲများစွာ ရှိလာနိုင်သောကြောင့် ၎င်း ဝန်ထမ်းများ သွားလာရေး လွယ်ကူစေရန် အစီအစဉ် တခု ပြုလုပ်ပေးသင့်သည်ဟု သန်လျင်မြို့နယ်မှ ရဲဝန်ထမ်းတဦးက ဆိုသည်။

ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) က ၂၀၀၈ ခုနှစ် သြဂုတ်လ အတွင်း ရန်ကုန် စည်ပင်သာယာနယ်နိမိတ် ဧရိယာပြင်ပရှိမြို့နယ် ၁၄ မြို့နယ်တွင် တရားဝင် ဆိုင်ကယ် လိုင်စင်များ လျှောက်ထားခွင့် ပြုခဲ့သည်။

ရန်ကုန်တိုင်းအတွင်း တရားဝင် ဆိုင်ကယ် လိုင်စင်ထုတ်ပေးထားသော မြို့နယ်များမှာ သန်လျင်၊ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်၊ လှည်းကူး၊ ဥက္ကံ၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့် မြို့နယ်များဖြစ်သည်။

ယခင်က ၎င်းမြို့နယ်များအတွင်း လိုင်စင်မဲ့ဆိုင်ကယ်များကို စီးနေကြရာမှ စစ်အစိုးရက တရားဝင်လိုင်စင် ပြုလုပ်ကာ စီးနင်းစေခြင်းဖြစ်သည်။ ထိုသို့ မှတ်ပုံတင် လိုင်စင်ပြုလုပ်ရာတွင် အခွန်အဖြစ် မော်တော်ဆိုင်ကယ် အမျိုးအစား အလိုက် အစိုးရကို တစီးလျှင် ကျပ် ၇၅၀၀၀ မှ ကျပ် ၄၈၇၉၀၀ အထိ ပေးဆောင်ကြရသည့်အပြင် ကညန ကို ကျပ် ၇၉၀၀ ပေးဆောင်ကြရသည်။

ရန်ကုန်တိုင်းအတွင်း တရားဝင် မှတ်ပုံတင်ထားသည့် မော်တော်ဆိုင်ကယ် ၄၂၃၂၂ စီးရှိပြီး ဌာနဆိုင်ရာက ပိုင်ဆိုင်သည့် ဆိုင်ကယ်မှာ ၈၈၆ စီးရှိကြောင်း ကညန က တရားဝင်ကြေညာထားသည်။

ယခုအခါ အဆိုပါဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးထားသည့် မြို့နယ်များတွင် အရပ်သားများသာ ဆိုင်ကယ် စီးနင်းခွင့် ရရှိတော့မည်ဖြစ်သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ရွေးကောက်ပွဲထဲမှာ သူတို့ကို ထားရစ်ခဲ့

မောင်ရစ် ဇူလိုင် ၁၅၊ ၂၀၀၉


Than Shwe casts his vote, 10 May
ရွေးကောက်ပွဲဟာ ကျိန်စာပဲဗျ။ ဒီအကောင်က ကျနော်တို့အတွက် ကံကောင်းခြင်းလက်ဆောင် မဟုတ်ဘူးထင်တယ်။ အီရန်မှာ ရွေးကောက်ပွဲလုပ်မိတာ သေလိုက်ကြတာ သောက်သောက်လဲပဲ။ အမေရိကန်တို့ အနောက်အုပ်စုတို့က ရွေးကောက်ပွဲစနစ်နဲ့ အောင်မြင်နေတော့ ပြောအားရှိတာပေါ့ဗျာ။ ဘွတ်ခ်ျဆိုတဲ့ သမ္မတဟောင်း ဆင်းသွားလိုက်၊ အိုဘားမားဆိုတဲ့ သမ္မတအသစ် တက်လာလိုက်နဲ့။ သူတို့အနောက်အုပ်စုတွေက ရွေးကောက်ပွဲများ လုပ်နေလိုက်တာ ဆပ်ကပ်ပြနေသလား မှတ်ရတယ်။ ကျနော်တို့ အရှေ့ဖက်ကနဲ့ တခြားဆီပဲ ထင်တယ်။

ကြည့်ပါလေ … အီရန်က ရွေးကောက်ပွဲမှာ အာဏာရနဲ့ အတိုက်အခံတို့ခင်မျာ ရွေးကောက်ပွဲလည်း လုပ်ရသေး၊ ပြီးတော့လည်း အရှုံး အနိုင် မကျေနပ်ကြလို့ အငြင်းဆက်ပွားကြရသေး။ ထွက်ဆန္ဒပြကြတဲ့ လူငယ်တွေ ကျောင်းသားတွေမှာ အသက်နဲ့ ရင်းပြီး သေကြရ။ အင်တာနက်ပေါ်ကတဆင့် ကမ္ဘာကြီး မြင်ကြရတော့ အာဏာရတွေက ဒါ အမေရိကန်နဲ့ ဗြိတိန်ဒိဋ္ဌိတွေ သွေးထိုးလို့ ဖြစ်ရတာတဲ့။ အတိုက်အခံတွေကတော့ ဒါဟာ ပြည်သူတွေတောင်းဆိုတဲ့ လွတ်လပ်မှုတဲ့။ ကဲ … သေနတ်နဲ့လည်း ပစ်လိုက်ပြီ … ဒိုင်း .. ဟော ဟိုမှာ ပြည်သူတဦး ပစ်လဲသွားပြီ။ သွေးအိုင်ထဲမှာ။ ပြောစမ်းပါဦး … ရွေးကောက်ပွဲတွေဟာ အာဏာရှင်တွေ လက်ထဲမှာ ကျိန်စာလား …၊ လက်ဆောင်လား …

ကဲ ဒီတော့ ၂၀၀၈ မှာတုံးက နာဂစ်မုန်တိုင်းကြီး ခြေနဲ့ ဖျက်တဲ့ကြားက စစ်အုပ်စုက သူတို့အခြေခံဥပဒေဆိုတာကြီးကို ပြည်သူ့သွေးနဲ့ အဓမ္မရေးခဲ့တယ်။ ပြီးတော့ ထောင်ဒဏ်တွေကို ချမှတ်လိုက်တာ အနှစ် ၅၀၊ အနှစ် ၆၀ ဆိုတော့၊ ရွေးကောက်ပွဲဆိုတာများ အနှစ် ၂၀ ကို တကြိမ် မြန်မာပြည်မှာ လုပ်ဖြစ်မယ် ဆိုရင် - သူတို့တွေ ရွေးကောက်ပွဲ ၃ ကြိမ်လောက် လက်လွှတ်သွားမယ့် ပုံရှိတယ်။

အဲသည်တော့ အနှစ် ၂၀ ကို တကြိမ်လောက် လုပ်ဖြစ်ချင် လုပ်ဖြစ်မယ့် မြန်မာပြည်ရွေးကောက်ပွဲကြီးတွေအတွက် ကျနော်တို့ ဘာတွေများ အပင်ပန်းခံ စဉ်းစားချင်ပါလိမ့်နော်လို့ စိတ်ပေါက်နေမိပါတယ်။

တိုင်းပြည်ရဲ့ခေါင်းဆောင်၊ အတိုက်အခံပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ပြီးတော့ နိုင်ငံတကာက မြန်မာပြည်ရဲ့ ခေါင်းဆောင်လို့ အထင်အရှား အသိအမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေ အကြပ်အတည်း၊ တရားစီရင်မှု အကြပ်အတည်းတွေထဲ လုပ်ကြံထားတဲ့ အချိန်မှာ၊ ၁၉၉၀ ရွေူးကောက်ပွဲလက်ကျန် အင်န်အယ်ဒီပါတီကြီးကို သမိုင်းရဲ့ ဖြစ်တည်မှု အကြပ်အတည်းထဲမှာ ညှပ်ပူးညှပ်ပိတ်ထားတဲ့အချိန်၊ အတိုက်အခံအင်အားစုတွေကို ထောင်တွေထဲမှာ၊ နယ်စပ်ဒေသမှာ၊ အိုးပစ် အိမ်ပစ် အထွေထွေအကြပ်အတည်းအောက်မှာ ဖိနှိပ်ထားတဲ့အချိန်တွေမှာ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ကျင်းပကြမယ်ဆိုတော့ ဘယ်လိုနည်းနဲ့များ ဖောက်ထွက်တွေးရင် ကောင်းမှာလိမ့်မလဲလို့ မြန်မာပညာရှိကြီးများ၊ အီလစ်ကြီးများ၊ ပြောရေးဆိုခွင့် ရှိသူများ၊ ရေဒီယိုနဲ့ စာနယ်ဇင်းဌာနအသီးသီးက ဆရာသမားကြီးများကဲ့သို့ အတွေးခေါင်ကြည့်မိပါတယ်။

နယ်စပ်ဒေသက အပစ်ရပ်အဖွဲ့များကို စစ်အစိုးရက သူများတွေနဲ့ မတူပဲ တော်တော်ကို ဂရုတစိုက်နဲ့ ညှိနှိုင်းနေတာကို ကျနော်တို့ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေကြရတာကို အထူးဂရုပြုမိပါတယ်ခင်ဗျ။ လက်နက်ချပြီးမှ ရွေးကောက်ပွဲ ၀င်ကြပါ ဆိုတာမျိုး၊ နောက်တမျိုးက လက်နက်မချချင်ရင်လည်း နယ်ခြားစောင့်တပ်တို့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ ပြင်ဆင်ကြပါ ဆိုတာမျိုး။ နောက်တမျိုးကတော့ အပစ်မရပ်တဲ့ အခြားအပြိုင်အဖွဲ့တွေနဲ့ အိုးမဲသုတ်ပြီး ခွပ်ခိုင်းတာမျိုး စသည်ဖြင့် တော်တော် ဖွယ်ဖွယ်ရာရာ စီစဉ်ပေးနေတာကို တွေ့နေရပါတယ်။

စစ်အုပ်စုနဲ့ အဆက်အဆံမပျက်သ၍ စစ်အုပ်စုဟာ လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကို တွင်တွင်ကြီး လုပ်နေတာကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းစဉ်ဆိုသည်မှာ မြို့ပေါ်က လက်နက်မဲ့ အကြမ်းမဖက်ရေး လမ်းစဉ်စွဲကိုင်သူ အတိုက်အခံနိုင်ငံရေးအင်အားစုများနဲ့ ပြဒါးတလမ်း သံတလမ်းများ ဖြစ်နေလေတော့သလားလို့တောင် အတွေးပေါက်မိပါသေးဗျာ။

၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အစိုးရက နယ်စပ်ဒေသက လက်နက်ကိုင်တွေကို အလွန်ပါဝင်စေချင်တာကြောင့် အခုလို အချိန်ယူ စီစဉ်နေတဲ့ အချက်ပေါ်မှာ အခြေခံပြီးတော့ မောင်ရစ်လည်း ဖောက်ထွက်တွေးစရာ အကြံဉာဏ်ကောင်းလေးများ လင်းလက်မိတာကို တင်ပြလိုက်ချင်ပါတယ်။

အခုလို ဈေးအကြိမ်ကြိမ် ဆစ်နေရတဲ့ အကြပ်အတည်း အခြေအနေကြီးမှာ၊ နိုင်ငံတကာက စိတ်ပျက်လက်ပျက်ကြီးနဲ့ စစ်အုပ်စုလုပ်သမျှကို လက်မှိုင်ချနေချိန်ကြီးမှာ၊ ပြီးတော့ အာဏာရှင်တွေလုပ်တဲ့ ရွေးကောက်ပွဲဟူသမျှ နောက်ဆက်တွဲ သွေးမြေကျမှုတွေ၊ အရေးအခင်းတွေ အဆင်သင့်စောင့်ကြိုလျက် ရှိနေမည်ဆိုတာ မြေကြီးလက်ခတ် မလွဲတဲ့ အလားအလာကြီးတွေ အောက်မှာ - ကျနော်တို့ရဲ့ လာလတံ့သော ၂၀၁၀ ရွေးကောက်ပွဲကြီးကို စရိတ်ကျဉ်းကျဉ်း၊ အကုန်အကျ အကျအဆုံး နည်းနည်းနဲ့ စတိအဖြစ် ကျင်းပလိုက်ကြပါစို့လား ခင်ဗျား။

ကမ္ဘာတ၀ှမ်း စီးပွားပျက်ကပ်ကြီး ဆိုက်လို့ လူတွေ၊ လုပ်ငန်းတွေ၊ နိုင်ငံတွေ အထိအခိုက် အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေကြရတော့ မကုန်သင့်တာ မကုန်ရအောင်၊ မလိုအပ်ဘဲနဲ့ လူတွေ၊ အိုးအိမ် စည်းစိမ်တွေ၊ အနာဂတ်တွေ၊ ဘ၀တွေ လေလွင့်ဆုံးရှုံးပျက်စီးမှုတွေ မဖြစ်ကြရလေအောင် မြန်မာပြည်ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအစီအမံအသစ်တခုနဲ့ အကျဉ်းချုံးလိုက်ကြရင် မကောင်းပေဘူးလား ခင်ဗျား။

လက်နက်ကိုင်များကလည်း အလုပ်ရှုပ်ခံပြီး လက်နက်ချမယ်တို့၊ ပြည်သူ့စစ် ဖွဲ့မယ်တို့၊ အိမ်ကြက်ချင်း အိုးမဲသုတ်ကြစို့တို့ လုပ်မနေပါနဲ့။ အာဏာရှင်ရဲ့ ရွေးကောက်ပွဲမှာလည်း အပိုအလုပ်တွေ အပိုဆာဒါးတွေ၊ သကာသနတွေနဲ့ ကိုယ်စားလှယ် မှတ်ပုံတင်တာတို့၊ မဲဆွယ်တာတို့၊ ရွေးကောက်ပွဲဝင်တာတို့၊ မဲရေတွက်တာတို့တွေလည်း လုပ်မနေပါနဲ့။ ရွေးကောက်ပွဲကို ကိုယ်စားလှယ် ရွေးပေးလိုက်ပါ။ ပြီးတော့ အဲသည်ကိုယ်စားလှယ်ကိုပဲ ပြည်သူ့လွှတ်တော်မှာ ပြိုင်ဖက်မရှိ အရွေးခံနိုင်ဖို့ သူတို့ကို တခါတည်း ပြောလိုက်ပါ။ မဆလခေတ်ကလည်း ပြည်သူ့လွှတ်တော်မှာ နယ်မြေတိုင်းမှာ ကြိုတင်ရွေးချယ်ထားသူများသာ ပြိုင်ဖက်မရှိ အရွေးခံခဲ့ရတာဟာ အလွန် အကုန်အကျ သက်သာပြီး အချိန်ကုန်သက်သာ၊ မဲပေးမည့် ပြည်သူတွေလည်း အလုပ်ရှုပ်အလွန် သက်သာခဲ့တာကို သင်ခန်းစာ ယူသင့်လှပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကြီးကို ယှဉ်ပြိုင်ကြရန် ခါးတောင်းမြောင်အောင် ကျိုက်နေကြကုန်သော ပြည်သူ့လွှတ်တော် အလောင်းအလျာတို့သည်လည်း လွန်ခဲ့တဲ့လအနည်းငယ်က သွေးမြေ ကျခဲ့ရတဲ့ အီရန်ရွေးကောက်ပွဲကို သင်ခန်းစာယူပြီးတော့ မဲဆွယ်ပွဲ၊ မဲပေးပွဲ၊ မဲရေတွက်ပွဲ အသီးသီးမှာ အပြစ်မဲ့တဲ့ ပြည်သူလူထုကြီးကို ဓားစာခံဖြစ်အောင် ဆွဲမထည့်ကြပါနဲ့တော့ ခင်ဗျား။ စစ်အစိုးရ လျာထားပြီးဖြစ်တဲ့ မဲဆန္ဒနယ်တွေထဲမှာ သူတို့ကိုယ်စားလှယ်တွေနဲ့ အတင်း ၀င်ပြိုင်နေမယ့်အစား သူတို့ အဆင်ပြေသလို စီစဉ်ပေးမယ့် နယ်မြေတွေကို သူတို့ဆီကပဲ တောင်းပြီးတော့ ပြိုင်ဖက်မရှိ ၀င်နေရာယူလိုက်ကြပါ။

ပြည်သူလူထုကြီးကလည်း အချိန်ကုန်၊ လူပမ်း၊ ငွေကုန်ကြေးကျခံပြီး၊ အသက်တွေ၊ ဘ၀တွေ စွန့်ပြီးတော့ သည် ၂၀၁၀ ရွေးကောက်ပွဲကြီးအတွက် ခေါင်းစားမနေပါနဲ့တော့ လို့လည်း တခါတည်း ပြောလိုက်ချင်ပါတယ်။ အသည်းကြားက မဲလည်း မဟုတ်၊ သေနတ်ပြောင်းဝက မဲတပြားဖြစ်နေတာမို့ သူတို့ထိုက်နဲ့ သူတို့ကံသာ ပစ်ထားလိုက်ပါ။ ဖြစ်နိုင်လို့ရှိရင် မဲရုံတွေ၊ မဲဆွယ်ပွဲတွေ၊ ကိုယ်စားလှယ်လောင်းတွေ ရပ်ကွက်ထဲ လာခြေရှုပ်နေတာကို မလိုအပ်ပါကြောင်း၊ ရုပ်မြင်သံကြား စတူဒီယိုများ၊ ရုပ်ရှင် ဗီဒီယိုရိုက်ကူးရာ ဆက်တင်များ၊ ရေဒီယိုအသံလွှင့်ခန်းများတွင်သာ ဇာတ်ညွှန်းများ၊ စပယ်ရှယ် အက်ဖက်များ၊ စတန့်ခန်းများ၊ အထိုးအကြိတ်၊ အသတ်အပုတ်၊ ဇတ်လမ်းများ ဆင်ပြီး ရွေးကောက်ပွဲကြီးကို ကျင်းပချင်ယောင်ဆောင်၍သာ ပြင်ဆင်ထားပြီးသော ရလဒ်များကို ကြေညာလိုက်စေချင်ကြောင်း၊ စေတနာလေး နည်းနည်းရှိကြရင်ဖြင့် ရုံးပိတ်ရက်လေး နည်းနည်းပါးပါး ကြေညာပေးကြရင်ဖြင့် ပြည်သူလူထုကြီးလည်း နည်းနည်း အနားရမှာပေါ့လေ။ မီးလေး ရေလေးလည်း နည်းနည်း မှန်အောင် လွှတ်ပေးဖို့ ပြောလို့ရမယ် ထင်ရင် ပြောကြည့်ကြပါခင်ဗျား။

၂၁ ရာစုအ၀င်မှာ အနောက်အုပ်စုက သူတို့တိုင်းသူပြည်သားတွေ ငြိမ်းချမ်းဖို့ ဆိုပြီး အကြမ်းဖက်သမားတွေကို စစ်တပ်တွေ လွှတ်ပြီး ဖြေရှင်းခဲ့ပါတယ်။ အကြမ်းဖက်သမားတွေကလည်း သူတို့ရဲ့ လောကနိဗ္ဗာန်တည်ဆောက်ဖို့ ဗုံးတွေ သေနတ်တွေနဲ့ အနောက်အုပ်စုကို တိုက်ခိုက်ခဲ့တယ်။

ရွေးကောက်ပွဲသည်သာ ငြိမ်းချမ်းစွာ အဖြေရှာခြင်းဖြစ်တယ်လို့ ဒီမိုကရေစီဆိုတဲ့ တိုင်းပြည်က တွင်တွင် ဟောပြောလို့ သူတို့တိုင်းပြည်က ရွေးကောက်ပွဲတွေ စံပြုပြီး ကမ္ဘာတခြမ်းက ကံဆိုးသူတွေကို နားချတယ်။ အဲဒါကို အကောင်းမှတ်ပြီး အာဏာရှင်လက်အောက်က ကံဆိုးသူ လူထုဟာ လက်နက်ဆိုလို့ အပ်တိုတချောင်းမှ မကိုင်ဘဲ အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲ အတုအယောင်တွေအောက်ကနေ လွတ်လပ်မှု တရားမျှတမှုနဲ့ ဒီမိုကရေစီကို တောင်းဆိုကြတော့ လမ်းပေါ်မှာ သွေးတွေက ချောင်းစီးလို့ …။ အာဏာရှင်တွေကလည်း ရွေးကောက်ပွဲကို မေးခွန်းထုတ်တဲ့ ပြည်သူကို အကြမ်းဖက်သမားတွေဆိုပြီး ပစ်သတ်လို့ ကောင်းနေဆဲပဲပေါ့။

ကဲ … ခင်ဗျားတို့ကို မေးလိုက်ပါဦးမယ်။

အာဏာရှင်လက်အောက်က ရွေးကောက်ပွဲဆိုတာ အဖိနှိပ်ခံ၊ လက်နက်မဲ့တဲ့ ပြည်သူလူထုတွေအတွက် ကျိန်စာ လား လက်ဆောင်လား။

ကဲ … နေခဲ့တော့ ရွေးကောက်ပွဲထဲမှာ … မင်းပျော်မယ် ထင်ရင်။ ။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ရှိတာအကုန်ရောင်း

မြန်မာမှ ဘင်္ဂလာဒေခ်ျ့သို့ ဂတ်စ်ရောင်းမည် (သို့သော် ဘယ်နေ့ မသိ)ရောင်းပြီးလျင်လည်းငွေဘယ်သို့ ရောက်မည်မသိ 7/15/2009
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စွမ်းအင်နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ငါးဦးပါ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့သည် မြန်မာနိုင်ငံသို့ ဂတ်စ်ဝယ်ယူရေး ကိစ္စဆွေးနွေးရန် ဇူလှိုင်လ ၆ ရက်မှ ၁၀ ရက်နေ့ထိ သွားရောက်ခဲ့သည်။

ထိုကဲ့သို့ သွားရောက်ခဲ့ခြင်းမှာ ၂၀၀၈ ခုနှစ် အောက်တိုဘာလအတွင်းက ဘင်္ဂလာဒေခ်ျ့သို့ လာရောက်လည်ပတ်ခဲ့သော မြန်မာ စွမ်းအင်ဝန်ကြီး လွန်းသီးက မြန်မာ နိုင်ငံမှ ဂတ်စ်ကို ဘင်္ဂလာသို့ ရောင်းချပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည့် အတွက် ဖြစ်သည်ဟု စွမ်းအင် ၀န်ကြီးဌာနမှ တာဝန်ရှိသူ တဦးက လွန်ခဲ့သော တနင်္ဂနွေနေ့က ထုတ်ဖေါ်ပြောကြားသည်။

နေပြည်တော်တွင် မြန်မာဘက်မှ ထိပ်တန်း အရာရှိကြီးများနှင့် ဘင်္ဂလာကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးစဉ် မြန်မာဘက်က ဘင်္ဂလာသို့ ဂတ်စ်ချရောင်းချပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း အဆိုပါ ရောင်းချမူကို ရရှိရန် နောက်ထပ် ငါးနှစ်မှ ခြောက်နှစ်ထိ အချိန် စောင့်ဆိုင်းရန် လိုအပ်သည်ဟု မြန်မာဘက်က ပြောကြားခဲ့သည်။

ယခုအခါ ဂတ်စ် လုပ်ကွက်များ ရှာဖွေတွေ့ရှိထားပြီး အနည်းဆုံးအဆိုပါ ဂတ်စ်ကို ထုတ်လုပ်ရန် အချိန် (၅) နှစ်ခန့်ကြာမြှင့် နိုင်မည် ဖြစ်ပြီး ရောင်းချရန် အသင့် အနေထားသို့ ရောက်လျင် ဘင်္ဂလာဒေခ်ျ့သို့ ရောင်းချပေးမည် ဖြစ်သည်ဟု မြန်မာဘက် ပြောကြားခဲ့ကြောင်း အဆိုပါ အရာရှိက ထပ်မံ ပြောဆိုသည်။

အိန္ဒိယ ရေနံကုမ္ပဏီ Essar မှ ရခိုင်ကမ်းရိုးတန်း လုပ်ကွက် အယ်လ်နှင့် အေ-တူးတွင် ဂတ်စ်များ ရှာဖွေတွေ့ရှိထားပြီး အဆိုပါ လုပ်ကွက်မှာ ဘင်္ဂလာဒေခ်ျ့နှင့် နီးကပ်စွာ တည်ရှိသည်။

အဆိုပါ အရာရှိမှ လုပ်ကွက် အယ်လ်မှာ စစ်တွေဧရိယာတွင် တည်ရှိပြီး အေတူး လုပ်ကွက်မှာ မောင်တောမြို့နယ်တွင် တည်ရှိပြီး အဆိုပါ လုပ်ကွက်များမှ ဂတ်စ်ကို ဘင်္ဂလာဒေခ်ျ့သို့ ရောင်းချရန် မြန်မာက်က ပြောဆိုခဲ့သည်ဟု ဆိုသည်။

၎င်းပြင် တွေ့ဆုံဆွေးနွေးပွဲတွင်မှ မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့သို့ လျှပ်စစ် ၀ယ်ယူရန် ကိစ္စကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဘုရားသုံးဆူမှနအဖတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံသို့ထွက်ပြေး

ဇူလိုင် ၁၅၊၂၀၀၉။

စံခလပူရီ(ဇူလိုင်-၁၅)။ ။ ထိုင်းနယ်စပ်၊ ဘုရားသုံးဆူမြို့ခေတ္တအခြေစိုက် ခလရ ၃၂ တပ်ရင်းမှ အရာရှိ တစ်ဦးအပါအဝင် စုစုပေါင်းတပ်ဖွဲ့ဝင် ၁၂ ဦးတို့ လူပွဲစားများအကူအညီဖြင့် ထိုင်းနိုင်ငံတစ်နေရာသို့ လိုက်လံ ပို့ပေးခဲ့ကြောင်းနှင့် အလုပ်အကိုင်များလုပ်ကိုင်နိုင်ရန် နေရာချပေးထားပြီဖြစ်ကြောင်း ဘုရားသုံးဆူမှ အမည် မဖေါ်လိုသောလူပွဲစားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

အဆိုပါတပ်ဖွဲ့ဝင်များမှာ ဗိုလ်ကိုကိုလွင်၊ ဒုအရာခံဗိုလ် ဌေးလွင်နှင့် အခြားအဆင့်ရဲဘော် ၁၀ ဦးဖြစ်သည်ဟု ဆိုပါသည်။ လုံခြုံရေးအရ ၄င်းတို့ရောက်ရှိသောနေရာများကို မပြောကြားရန် မေတ္တာရပ်ခံခဲ့ပါသည်။

အဆိုပါလူပွဲစားဆိုသူက “ကျနော့်ကို တိတ်တဆိတ်လာဆက်သွယ်နေတာ ကြာပါပြီ၊ ကျနော်လည်း မယုံရဲဘူး၊ ဒါပေမဲ့ ကျနော်သတ်မှတ်တဲ့ ထိုင်းမြေနေရာထဲရောက်အောင်လာခဲ့လို့ ချိန်းထားပြီး သူတို့ရောက်လာတော့ ကျနော်တို့လူတွေ တစ်ဆင့်ပြီးတစ်ဆင့် လုံလုံခြုံခြုံနဲ့ အလုပ်နေရာအထိ ရောက်အောင်ပို့ပေးလိုက်တာပဲ၊ ကျနော်တို့ကတော့ အမြတ်မရလိုက်ပါဘူး၊ သူတို့ဘဝကိုသနားလို့ ပို့ပေးတာပါ” ဟု ဆိုပါသည်။

အဆိုပါစစ်သည်များ တပ်မှထွက်ပြေးခဲ့သည်မှာ လွန်ခဲ့သည့် ၅ ရက်ခန့်ရှိပြီဟု သိရသည်။ အားလုံးကို ၂ သုတ်
ခွဲ၍ ပို့ပေးခဲ့ရသည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီမှ အမည်မဖေါ်လိုသော အရာရှိတစ်ဦးအဆိုအရ ဤဖြစ်စဉ်ကို မိမိတို့လည်းစုံစမ်းသိရှိ ထားကြောင်း၊ မိမိတို့နှင့်မသက်ဆိုင်၍ မည်သို့မျှမပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ယခုတပ်မှထွက်ပြေးသွားသော ဗိုလ်ကိုကိုလွင်ဆိုသူမှာ ခလရ ၃၂ တပ်ရင်မှူး ဒုဗမကခင်ဇော်၏ ကိုယ်ရေး အရာရှိဖြစ်သည်ဟု သိရသည်။ ဗိုလ်ကိုကိုလွင်သည် မကြာမီရက်ပိုင်းက ဘုရားသုံးဆူမြို့ပေါ်၌ မော်တော်
ဆိုင်ကယ် တိမ်းမှောက်ခဲ့မှုတစ်ရပ်ဖြစ်ပေါ်ခဲ့ရာ ၄င်းတပ်ရင်းမှူးနှင့် စကားများခဲ့ကြသည်။ ယခုတပ်ပြေးများမှာ ဘုရားသုံးဆူမြို့၊ ဘုရင်နောင်ကုန်းပေါ်ရှိ တပ်ရင်းရုံးမှ စစ်သည်များဖြစ်ကြသည်ဟု ဆိုပါသည်။

အဆိုပါ ခလရ ၃၂ သည် လွန်ခဲ့သည့်မတ်လကုန်ပိုင်းတွင် ယခင်ခလရ ၂၄ နှင့် ဘုရားသုံးဆူမြို့ကို လုံခြုံရေး
ပေးရန် လွန်ခဲ့သည့်မတ်လကုန်ပိုင်းတွင် တပ်အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ မကြာမီတွင် ခမရ ၃၅၆ နှင်တပ်အပြောင်းအလဲ ပြုလုပ်တော့မည်ဟု သတင်းများထွက်ပေါ်နေသည်။ ဘုရားသုံးဆူမြို့တွင် အခြား မြို့ကြီးများကဲ့သို့ ပုံသေတပ်များ သတ်မှတ်ထားရှိခြင်းမရှိပါ။

စစ်အစိုးရသည် နယ်စပ်တွင်အစားချောင်သဖြင့် ဘုရားသုံးဆူမြို့တွင် ၃ လတစ်ကြိမ် တစ်တပ်ပြီးတစ်တပ် တပ်အပြောင်းအလဲ ပြုလုပ်စေကာ ၄င်းတို့၏တပ်ရင်းမှူးများကို မြို့အကြီးအကဲအဖြစ်အုပ်ချုပ်စေသည်။ မယကအဖွဲ့အစည်းမှာ တပ်ရင်းမှူး၏အမိန့်ကို နာခံရသည်။ တပ်ရင်းမှူးများပြောသမျှ အမိန့်ဖြစ်သည်ဟု ဘုရားသုံးဆူမြို့ခံများ ယူဆထားကြသည်။


Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ထိုးစစ်အတွက် ငွေနှင့် ဆန် ရွာသားများထံ တောင်းခံ

ဇူလိုင် ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူတပ်မဟာ (၆)နယ်မြေကို ထိုးစစ်ဆင်ရန်အတွက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေ ဘီအေ)က ရွာသားများထံမှ ငွေနှင့် ဆန်များကို အတင်းအဓမ္မ တောင်းခံသည်ဟု ဒေသခံ ကေအဲန်ယူဘက်က ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင် အခြေစိုက် ဒီကေဘီအေ ကလိုထူးဘော ဗျူဟာ လက်အောက်ခံ (၉၀၆)တပ်ရင်း တပ်ခွဲ (၃) တပ်ခွဲမှူး ဗိုလ်ကြီးမန်းဝင်းယုံသည် တောင်ဒီးကျေးရွာမှ ငွေ ၁၅သိန်းနှင့် ဆန် ၁၇၅တင်းကို တံခွန်တိုင်ရွာစခန်းသို့ ယခုလ (၁၂)ရက်နေ့အရောက် ပို့ဆောင်ပေးရန် အတင်းအဓမ္မ ညွှန်ကြားတောင်းခံလိုက်သည်ဟု ကေအဲန်ယူ တပ်မဟာ(၆)၏ ပြန် ကြားရေးဌာနက ထုတ်ဖော်ပြောဆိုသည်။


ကေအဲန်ယူ တပ်မဟာ (၆) ပြန်ကြားရေးဌာန တာဝန်ခံတဦးက “(၉၀၆)တပ်ရင်း တပ်ခွဲ(၃)တပ်ခွဲမှူး ဗိုလ်ကြီးမန်းဝင်းယုံက တောင်ဒီးရွာသားတွေဆီက ငွေ ၁၅သိန်းနဲ့ ဆန် ၁၇၅တင်းကို အခုလ ၁၂ရက်နေ့အရောက် တံခွန်တိုင်ရွာက သူတို့စခန်းကို လာပို့ခိုင်းတယ်။ ဆန်နဲ့ ငွေတောင်းခံတာက ခန့်မှန်းချက်အရတော့ ကျနော်တို့နယ်မြေကို ထိုးစစ်ဆင်ဖို့အတွက် ရိက္ခာပြင်ဆင် မှုပဲ ဖြစ်တယ်”ဟု ကရင်သတင်းစဉ်ကို ပြောသည်။

ယင်းသို့ ဒီကေဘီအေမှ ငွေနှင့် ဆန် အဓမ္မ အတောင်းခံရသည့် တောင်ဒီးရွာသည် ကြာအင်းဆိပ်ကြီးအနောက်ဘက် (၁၅)ကီ လိုမီတာခန့် အကွာအဝေးတွင်ရှိပြီး ရွာသားအများစုမှာ လယ်၊ ယာလုပ်ငန်းများဖြင့်သာ အဓိက အသက်မွေးဝမ်းကျောင်းပြုကြ သဖြင့် အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

ဒီကေဘီအေ (၉၀၆)တပ်ရင်း တပ်ခွဲ(၃)တပ်ခွဲမှူး ဗိုလ်ကြီးမန်းဝင်းယုံသည် ယခင်က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ကေအဲန်ဒီအို) တပ်ရင်း(၆) တပ်ခွဲ(၂) ဒုတပ်ခွဲမှူးအဖြစ် တာဝန်ယူခဲ့သူတဦးဖြစ်သည်ဟု လက်ရှိ ကေအဲန်ဒီအို ဒုဗိုလ်ချုပ်ဖြစ် သူ ဗိုလ်မှူးကြီးစောဆာ့ကလယ်မူးက ပြောသည်။

အလားတူပင် ဘုရားသုံးဆူအခြေစိုက် ဒီကေဘီအေ ကလိုထူးဘောလက်အောက်ခံ (၉၀၁)တပ်ရင်း တပ်ခွဲ(၂)တပ်ခွဲမှူး ဗိုလ် ကြီးအေ၀မ်းသည် ယခုလ ၁၁ရက်နေ့ကစတင်၍ ယနေ့အထိ မဲ့ကသာနှင့် ဘုရားသုံးဆူသို့ သွားရာလမ်းကို မည်သူ့ကိုမျှ သွား လာခွင့်မပြုကြောင်း အမိန့်ထုတ်ပြန်ထားသည်ဟု ဘုရားသုံးဆူမြို့ခံများက ပြောသည်။

တချိန်တည်းတွင် ကော့ကရိတ်မြို့နယ် ဝေါ်လေအခြေစိုက် နအဖ စကခ (၁၂)လက်အောက်ခံ နည်းဗျူဟာ (၁)နှင့် (၂) ပူး ပေါင်းတပ်ဖွဲ့သည် ကေအဲန်ယူ တပ်မဟာ(၆)ထိန်းချုပ်ရာနယ်မြေများဖြစ်သော မဲ့ကသာဂွင်၊ ကိုဒူကွဲဂွင်နှင့် ကျွန်းချောင်းဂွင် စသည့်နယ်မြေများကို ထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်လျှက်ရှိပြီး ယင်းထိုးစစ်ဆင်ချိန်တွင် ဟောင်သရောအထူးဒေသ ကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့(ကေပီအက်ဖ်)၊ ဗိုလ်ထင်မောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် ဒီကေဘီအေတပ်ဖွဲ့ ၀င်များအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း စကခ(၁၂)က စီစဉ်ထားသည်ဟု ကေအဲန်ယူ တပ်မဟာ(၆)သတင်းများအရ သိရ သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Tuesday, July 14, 2009

သန်းရွှေရဲ့ကြွက်တွင်းသတင်း

လှိုဏ်ခေါင်းသန်းရွှေနဲ့ ကြွက်တွင်းဂျုံအီး အောင်ကျော်ခင် ၁၃ ဇူလိုင် ၂၀၀၉
လူ့ဆက်ဆံရေးမှာ သမဏေန သမဏော ဂေါဏေန ဂေါဏော ဆိုတာရှိတယ်။ ရဟန်းဟာ ရဟန်းအချင်းချင်း ပေါင်းဖက်မိသလို နွားဟာလည်း နွားအချင်းချင်း ပေါင်းဖက်တယ်လို့ ဆိုတာပဲ။ လေကြောင်းက တိုက်ခိုက်မှာကို တွေးကြောက်လို့ နေပြည်တော်မှာ လှိုဏ်ခေါင်းတွေတူးနေတဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ လေယာဉ်မစီးရဲလို့ ပြုံယမ်းက မော်စကိုကို ရထားနဲ့သွားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးဟာ အသွင်တူကြတယ်။ ကင်ဂျုံအီးကလည်း ကြွက်လိုပဲ မြေကြီးထဲ တွင်းတူးနေရမှ စိတ်ချမ်းသာတယ်။

လောလောဆယ်တော့ လှိုဏ်ခေါင်းတူးချင်တဲ့ ဗိုလ်ချုပ်မှူးကြီးဟာ ကြွက်တွင်းထဲမှာနေတဲ့ ကင်ဂျုံအီးကို ဆရာတင်နေရတယ် လေ။ ဥမင်လှိုဏ်ခေါင်းလေ့လာရေးအဖွဲ့ မြောက်ကိုရီးယားကို လွန်ခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းကသွားတယ်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက ခေါင်းဆောင်တယ်။ နိုဝင်ဘာ (၂၁) ရက်က ထွက်သွားလိုက်တာ ဒီဇင်ဘာ (၂) ရက်နေ့မှ ပြန်ရောက်လို့ (၁၂) ရက်ခရီးဖြစ်တယ်။ ဒီအဆင့်မြင့်လေ့လာရေးအဖွဲ့ရဲ့ စာပိုjavascript:void(0)ဒ် (၈၁) ပိုဒ်ပါ (၃၇) မျက်နှာအစီရင်ခံစာ ပြည်ပစာနယ်ဇင်းလောကကို ရောက်လာတယ်။

ကမ္ဘာ့အပယ်ခံ နှစ်ဦးပူးပေါင်းပြီး ကြပ်ပြေးနေပြည်တော်မှာ လူမသိအောင် လှိုဏ်ခေါင်းတူးတဲ့ လျှို့ဝှက်အစီရင်ခံစာ ပြည်ပရောက်လာတာကိုကြည့်ရင် လှိုဏ်ခေါင်းတူးတာတောင် မလုံခြုံမှန်းသိသာတယ်။ အပယ်ခံအစိုးရအချင်းချင်း ဆက်သွယ်နိုင်အောင် တရုတ်က ကြားပွဲစားလုပ်ပေးတယ်။

သူရရွှေမန်းခေါင်းဆောင်တဲ့ လှိုဏ်ခေါင်းလေ့လာရေးအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူတွေကတော့ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးမြင့်လှိုင်၊ ဗိုလ်ချုပ်လှဌေးဝင်း၊ ဗိုလ်ချုပ်ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဌေး၊ ဗိုလ်ချုပ်မြ၀င်း၊ ဗိုလ်မှူးချုပ်လှမြင့်၊ ဗိုလ်မှူးချုပ်ကျော်ညွန့်၊ ဗိုလ်မှူးချုပ်ဉာဏ်ထွန်း၊ ဗိုလ်မှူးကြီးတင်အောင်စန်း၊ ဗိုလ်မှူးကြီး ထင်ကျော်သူ၊ ဒု-ဗိုလ်မှူးကြီး မြင့်မော်နဲ့ ဗိုလ်ကြီး (၅) ဦးတို့ဖြစ်ကြတယ်။

နေပြည်တော်လေဆိပ်က အထူးလေယာဉ် ATR 72 နဲ့ ထွက်ခွာတယ်ဆိုပေမယ့် ဒီလေယာဉ်ဟာ ယူနန်နယ် ခုမင်မြို့အထိသာ သွားနိုင်ပုံရတယ်။ ခုမင်ကနေ China Southern Airline CZ 6160 စီးပြီး ဘေဂျင်းကို သွားရတယ်။ အဲဒီမှာတညအိပ်ပြီး နိုဝင်ဘာ (၂၂) ရက် နေ့လယ်မှာ ပြုံယမ်းကို ရောက်သွားတယ်။ (၃) ရက် လေ့လာရေးလုပ်ပြီးတဲ့အခါ နိုဝင်ဘာ (၂၆) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ သူရရွှေမန်းနဲ့ Kim Gyok Sik တို့က MoU ခေါ် သဘောတူညီချက်ကို လက်မှတ်ထိုးကြတယ်။

ဗမာအဖွဲ့ဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အထူးစိတ်ဝင်စားကြတာ တွေ့ရတယ်။ လေယာဉ်ထိန်းချုပ်ရေး Control Room မြေအောက်မှာထားတဲ့စနစ်ကို လေ့လာကြတယ်။ နိုဝင်ဘာ (၂၅) ရက်နေ့မှာ ဥမင်လှိုဏ်ခေါင်းထဲမှာ ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံ Aircraft Hanger ကို လေ့လာတယ်။ ဆိုဗီယက်လုပ် MIG 21 နဲ့ MIG 19 လေယာဉ်တွေထားတာကို ဗမာအဖွဲ့ အားကျတယ်။ ဥမင်လှိုဏ်ထဲ လေယာဉ်တွေထားတာဟာ ငွေကုန်ကြေးကျများပေမယ့် လုံခြုံစိတ်ချရတယ်လို့ ဗမာအဖွဲ့က ယူဆတယ်။

ဗမာအဖွဲ့ အထူးစိတ်ဝင်စားတာဟာ လေကြောင်းရန်ကာကွယ်ရေးဖြစ်တယ်။ ကြပ်ပြေးနေပြည်တော်ဟာ လေကြောင်းက တိုက်ခိုက်တာကို ခံရနိုင်တယ်လို့ စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်နေပုံရပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား လေယာဉ်ပစ် တပ်ဖွဲ့က Anti-Aircraft Unit ရေဒါစနစ်တခုလုံး မြေအောက်မှာ မြှုပ်နှံထားပုံကို လေ့လာကြတယ်။ ရေဒါကျင်းကို အခြမ်းနှစ်ခြမ်းပါအဖုံးနဲ့ အုပ်ထားတယ်။ အဖုံးအပေါ်က သဘာဝပေါက်ပင်တွေစိုက်ပြီး ပုံဖျက်ထားတယ်။ လိုအပ်တဲ့အခါမှ ရေဒါကို စက်နဲ့ မြေပေါ်တင်ပေးပြီး အသုံးပြုတာကို ဗမာအဖွဲ့က သိပ်အားကျတဲ့ပုံပဲ။

မြောက်ကိုရီးယားက အရှေ့ပိုင်းပင်လယ်ထဲကို မကြာမီက စမ်းသပ်ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အမျိုးအစားကိုလည်း ဗမာအဖွဲ့က စိတ်ဝင်စားတယ်။ မြေပြင်ပစ် SCUD-D ဒုံးကျည်ဟာ ကီလိုမီတာ (၇၀၀) ပြေးပြီး SCUD-F က ကီလိုမီတာ (၃,၀၀၀) ပြေးတာမို့ ရှိသင့်တဲ့ မဟာဗျူဟာဒုံးလက်နက်တဲ့။

“DPRK ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကြီး၏ ဆေးရည်စိမ်ရုပ်ကလာပ်ထားရှိရာ အဆောင်ကို လေ့လာခဲ့ရာ အဆောက်အဦပုံစံနှင့် လျှပ်စစ်မီးတပ်ဆင်မှုများ၊ လေပေးစနစ်များ လွန်စွာကောင်းမွန်သည်ကို တွေ့ရပါတယ်” လို့ အစီရင်ခံစာမှာ ရေးတာကိုကြည့်ရင် လှိုဏ်ခေါင်းသန်းရွှေကိုလည်း ဆေးစိမ်ပြီး ခေါင်းဆောင်ကြီး ကင်အီဆွန်းလို လုပ်ဖို့ရည်ရွယ်သလားမသိဘူး။ ကင်ဂျုံအီးရဲ့ သားအငယ်ဆုံးကို ကိုရီးယားစစ်ဗိုလ်တွေ ဆလံပေးသလို လှိုဏ်ခေါင်းသန်းရွှေရဲ့မြေးကို ဗမာစစ်ဗိုလ်တွေ အလေးပြုနေရပြီ။

လေယာဉ်-စစ်သင်္ဘောနဲ့ ထိန်းချုပ်ရေးဌာနတွေ ထားရှိမယ့် ဥမင်လှိုဏ်ခေါင်းတွေ ဆောက်လုပ်ရာမှာ ဗမာနဲ့မြောက်ကိုရီးယား စစ်တပ်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူကြတယ်။ စစ်ဘက်ရေးရာလုံခြုံရေး၊ လေကြောင်းရန်ကာကွယ်ရေး၊ ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေး၊ ကိုရီးယားဘာသာစကား သင်ကြားရေး၊ အထူးတပ်ဖွဲ့လေ့ကျင့်ရေး စတာတွေကို ဦးစားပေးဖို့ ဗမာကိုယ်စားလှယ်အဖွဲ့က ကြပ်ပြေးက စစ်ဌာနချုပ်ကို တင်ပြထားတယ်။

ပြုံယမ်းအနီးက အထူးတပ်ဖွဲ့ကို ဗမာအဖွဲ့သွားရောက်လေ့လာပြီး သဘောကျသွားတာ ဖြစ်ပုံရတယ်။ ဓား-တူ-ခရင်း-ပုဆိန်-ရဲဒင်း-ပေါက်ချွန်း စတာတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး တိုက်ခိုက်တဲ့နည်းဖြစ်တယ်။ သေနတ်ကိုမသုံးဘဲ အကြမ်းဖက် တိုက်ခိုက်တဲ့ အထူးတပ်ဖွဲ့ဖြစ်တာကြောင့် ဗမာအဖွဲ့က အတုယူပြီး တည်ထောင်ချင်တာဖြစ်ပုံရတယ်။ ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက် ရာမှာ ဒီလိုအထူးတပ်ဖွဲ့မျိုးဟာ အလွန်အသုံးဝင်လိမ့်မယ်လို့ ဗမာအဖွဲ့က ယူဆဟန် တူတယ်။

သူရရွှေမန်းအဖွဲ့ရဲ့ လေ့လာမှုတွေထဲမှာ အံ့သြစရာအကောင်းဆုံးကတော့ မြေအောက်ရထားတည်ဆောက်ရေးဖြစ်တယ်။ နိုဝင်ဘာလ (၂၈) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၁၀း၃၀) နာရီက (၁၁း၂၀) နာရီအထိ ပြုံယမ်းမြို့တော်မှာ မြေအောက်ရထား တည်ဆောက်တာကို သွားရောက်လေ့လာတယ်။ လေ့လာချိန် မိနစ် (၅၀) ပဲရှိတယ်။ သုံးသပ်တင်ပြထားပုံဟာ လှိုဏ်ခေါင်းထဲ လသာနေပုံကိုပြတယ်။

ဗမာစစ်အစိုးရမှာရှိတဲ့ စက်ယန္တရားအမျိုးအစားနဲ့ လူ့စွမ်းအားအခြေအနေနဲ့ဆိုရင် မြေအောက်ရထားတည်ဆောက်ဖို့ အခက်အခဲ ရှိနိုင်တယ်တဲ့။ ခက်ခဲမယ်လို့ မပြောဘဲ ‘အခက်အခဲရှိနိုင်တယ်’ လို့ ပြောတာကိုကြည့်ရင် ဗမာစစ်ဗိုလ်ရဲ့ ဘ၀င်မြင့်ရောဂါကို ခန့်မှန်းနိုင်တယ်။ ပထမအဆင့်အနေနဲ့ ဗမာအစိုးရလုပ်ရမှာက ပြည်ပကျွမ်းကျင်နည်းပညာရှင်တွေကို မြန်မာပြည်ခေါ်ယူပြီး ဗမာစစ်ဗိုလ်စစ်သားတွေကို မြေအောက်ရထားဆောက်နည်း သင်တန်းပေးခိုင်းဖို့ ဖြစ်တယ်တဲ့။ ဒီလို ဗိုလ်ငကြောင်တွေ အုပ်စိုးနေတာကြောင့် မြန်မာပြည်အခြေအနေဟာ ကြာလေဆိုးလေဖြစ်နေတာပဲ။

မြေအောက်ရထားစနစ်ကြောင့် ရရှိတဲ့ အကျိုးကျေးဇူးကိုလည်း ဖော်ပြထားတယ်။ စစ်ဖြစ်တဲ့အခါ ပြည်သူလူထုဟာ မြေအောက် ရထားဘူတာတွေမှာ ခိုလှုံနိုင်လို့ အသက်ချမ်းသာမယ်တဲ့။ မြေအောက်ရထားစနစ်ကြောင့် ပြည်သူ့စစ်နဲ့ ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေးကို ထိရောက်စွာအသုံးပြုနိုင်မယ်လို့လည်း ဖော်ပြထားတယ်။ ကြံ့ဖွံ့တွေက မြေအောက်ရထားကိုသုံးပြီး ပြည်သူ့စစ်ဆင်နွှဲမှာလား၊ မြေအောက်ရထားစနစ်တခုလုံးကို စစ်တပ်ကအပိုင်စီးပြီး လှိုဏ်ခေါင်းစစ်ဆင်ရေးလုပ်မှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမတွေ့ရဘူး။
ဗမာစစ်အစိုးရရဲ့ ဥမင်လှိုဏ်ခေါင်းစစ်ဆင်ရေးဟာ ကြပ်ပြေးနေပြည်တော်နဲ့အတူ ပေါ်ထွက်လာတဲ့ စစ်ဆင်ရေးအသစ် ဖြစ်နေတာမို့ အပြင်လူတွေ နားလည်ဖို့ခက်ခဲပြီး လှိုဏ်ခေါင်းသန်းရွှေ တဦးတည်း နားလည်ဟန်တူတယ်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဗူးပင်အား ဖယုံသီး သီးရန် အတင်းလှုပ်ရှားနေ

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားအဖွဲ့ထပ်မံတိုက်တွန်းခံရ အင်္ဂါနေ့၊ 14 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
ယခုလဆန်းပိုင်းက တြိဂံတိုင်းမှူးဦးဆောင်သည့်အဖွဲ့ အထူးဒေသ ၄ မိုင်းလားဌာနချုပ်သို့ သွားရောက်ပြီး နယ်ခြားစောင့် တပ် အသွင်ပြောင်းရန် ထပ်မံတိုက်တွန်းခဲ့ကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။

ဂျူလိုင်လ ၈ ရက်နေ့ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးဦးဆောင်သည့် အင်အား ၁၀ ယောက်ကျော်ပါ ကား ၄ စီး မိုင်းလားသို့ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင် ဦးစိုင်းလင်း၊ အတွင်းရေးမှူး ဦးမင်းအိမ် ခေါင်းဆောင်ပိုင်းအချို့နှင့် တွေ့ဆုံစဉ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ထပ်မံတိုက်တွန်းခြင်းဖြစ်ကြောင်း၊ “ခင်ဗျားတို့ ၀ ကို အရမ်းအားမကိုး နဲ့ သူတို့အဖွဲ့က နာမည်ပျက်တွေ၊ အပစ်ရပ်တာလဲ တချိန်တည်း ရပ်ခဲ့တာမှမဟုတ်၊ အသွင်ပြောင်းဖို့ လည်း သူများကိုစောင့်စရာမလိုဘူး။ NDA-K ကချင်အဖွဲ့တောင် သဘောတူပြီးပြီ၊ ခင်ဗျားတို့လဲ အမြန်ဆုံး အကောင်အထည် ဖေါ်ဖို့လိုတယ်” - ဟု တြိဂံတိုင်းမှူးက ပြောကြောင်း - ခေါင်းဆောင်ပိုင်းနှင့်ရင်းနှီးသည့် သတင်းရပ် ကွက်က ဆိုသည်။

“၀ ကို သိပ်အားမကိုးနဲ့ သူတို့တွေက နာမည်ပျက်တွေ ဆိုတာက မူးယစ်ဆေးဝါးနဲ့ပတ်သက်တယ်လို့ဆိုလိုတာနေမှပေါ့၊ အဓိက ကတော့ နယ်ခြားစောင့်တပ် အမြန်ဆုံးပြောင်းဖို့၊ လူသူလက်နက်အင်အားစာရင်း၊ ရာထူးကနေပင်စင်ယူမယ့် အသက် ၅၀ ကျော်ခေါင်းဆောင်ပိုင်းစာရင်းတွေကိုပေးပို့ဖို့ ဒီလကုန်အထိ ထပ်နောက်ဆုတ်ပေးထားတယ် - ဆိုတာပြော သွားတယ်။ ဒါပေမယ့် သူတို့ဘယ်လိုဘဲ ဖိအားပေးလာပေးလာ ကျနော်တို့ သဘောထားကတော့ မပြောင်းလဲနိုင်ဘူး” - ဟု မိုင်းလားအရာရှိတဦးက ပြောကြောင်း အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ထိုသို့တွေ့ဆုံစဉ်ဗိုလ်ချုပ်ကျော်ဖြိုးက - မိမိတို့အနေဖြင့် စစ်သားဖြစ်သဖြင့် အထက်အမိန့်ကိုဘဲ နာခံရမှာဖြစ်ကြောင်း၊ မည်သို့ပင် ခက်ခဲပြင်း ထန်ပါစေ သေသေကြေကြေတာဝန်အရမဖြစ် ဖြစ်အောင်ကြိးစားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ သြဂုတ်လအတွင်း အပစ်ရပ်များ၏ လူသူလက်နက်အင်အားစာရင်းအားလုံး နေပြည်တော်သို့တင်ပြပြီးစက်တင်ဘာလ အတွင်း နယ်ခြားစောင့်တပ်အတွက် သင်တန်း စတင်တော့မည်ဖြစ်ကြောင်း - ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရ ထပ်မံဖိအားပေးလာသော်လည်း မိုင်းလားအဖွဲ့၏ ရပ်တည်ချက် ပြောင်းလဲမှုမရှိ။ ကချင် NDA-K ၊ ကိုးကန့်၊ ၀ ၊ မိုင်းလား ၄ ဖွဲ့ပေါင်းဖွဲ့ထားသည့် ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီတပ်ပေါင်းစု PDF အဖွဲ့ ဆုံးဖြတ်ချက်ချထားသည့်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း၊ မိုင်းလားအဖွဲ့ခေါင်းဆောင်ပိုင်းများသည် ၎င်းင်းတို့ဆန္ဒအတိုင်းမလုပ်ဘဲ ဒေသခံလူထုသဘောထား၊ ရဲဘော်/ကေဒါများ၏ သဘောထား အမြဲတမ်းကောက်ယူကြောင်း၊ ယခုကြံ့ကြံ့ခံ ဆုံးဖြတ်ချက် ချထားမှုသည်လည်း အများဆန္ဒအတိုင်းဖြစ်ကြောင်း ကျေးရွာလူထု အကြီးအကဲတဦးကလည်း ပြောပြပါသည်။

သို့သော် ဒီမိုကရေစီသစ်တပ်မတော် - ကချင် NDA-K က ပြီးခဲ့သည် ဂျွန် ၂၃ ရက်က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်ခံလိုက်ပြီဖြစ်ကြောင်း ကချင်သတင်းရပ်ကွက်ကဆိုပါသည်။

PDF (Peace and Democracy Front) သဘောတူညီချက်အရ မည်သည့်အဖွဲ့အစည်းမဆို သဘောတူ ဆုံးဖြတ်ချက် မရဘဲ စစ် အစိုးရနှင့် တစုံတရာ တဘောတူ လက်ခံပါက အဖွဲ့အစည်း၏ သစ္စာဖေါက်ဖြစ်ကြောင်း၊ PDF အဖွဲ့ဖွဲ့စည်းထား ခြင်းသည် အေးအတူပူအမျှ မျှဝေခံစား စံစားရန်ဖြစ်ကြောင်း ဆိုထားပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကျွန်မသိသော နေမျိုးကျော်


သူ့ကို ကျွန်မ သတိထား မိတဲ့အချိန်မှာ သူ့မျက်နှာက ဟန်ဆောင် ဖုန်းကွယ်မူ ကင်းပြီး ဘာ အရိပ် အယောင် မျက်နှာဖုံး ကိုမှ တပ်ထားတာ မရှိပဲ အရမ်းရှင်းသန့် ကြည် လင်တယ်။ မျက်ခုံး ကောင်းကောင်း နှာတံပေါ်ပေါ် တိကျ ပြတ် သားတဲ့ နုတ်ခမ်းအစုံနဲ့ ယောက်ျား ကောင်း ပီသတဲ့ ရုပ် တော်တော် လေး သန့်တဲ့ ပညာတတ် လူငယ်လေး တစ် ယောက် လို့ မြင်မိတယ်။ နောက် အထူးခြား ဆုံးက သူ ပြုံး လိုက်တဲ့ အခါမှာတော့ တကယ်ပီဘီ ကလေးငယ် တစ် ယောက် လို အပြစ် ကင်းစင် လွန်းတာကို သတိထား မိတယ်။သူ့ နံမည် နေမျိုးကျော် တဲ့။ သင်္ဃန်း ကျွန်းက အဖွဲ့ချူပ် အဖွဲ့ဝင် လူငယ် တစ်ယောက် ဖြစ်တယ်။

နောက် သူက စက်မူ တက္ကသိုလ် ကျောင်းသား တစ်ယောက် ဖြစ်တယ် ဆို တာ ပါ သိရလို့ အဖွဲ့ချူပ် လူငယ် တွေထဲမှာ တက္ကသိုလ် ကျောင်း သား ချင်း ချင်း ဖြစ်လို့ ကျောင်းကိစ္စ တွေ ဆွေးနွေး ကြတယ် နောက် ကိုယ် ၀ါသနာ ပါရာ စာပေ အနုပညာ အကြောင်း တွေ ဆွေးနွေး ကြတဲ့အခါ နေမျိုး ကျော်နဲ့ ကျွန်မတို့ဟာ ဘာသာ စကား တူတဲ့ မိတ်ဆွေဖြစ် လာကြတယ်။ အထိမ်းအမှတ် အခမ်းအနား ပွဲတွေ စာပေ ဟောပြော ပွဲတွေနဲ့ စာဖတ်ဝိုင်း တွေလောက်ပဲ သူ ရံဖန်ရံခါ လာတာ တွေ့ရတယ်။ ဒေါ် အောင် ဆန်း စုကြည် နေအိမ် ခြံတွင်း လုံခြုံရေးတွေ ကျတဲ့အခါ ကျွန်မ အရမ်း ရင်းနှီး တဲ့ သူငယ်ချင်း တွေနဲ့အတူ လိုက်ပါ တာဝန် ယူတာရှိတယ်။ သူတို့ ပြန်ပြော ချက် တွေအရ နေမျိုးကျော်ဟာ ပုံမှန် အရ စကား အင်မတန် နည်းပြီး သူ့ဘာသာ အေးအေး ဆေးဆေး နေတတ်ပေမယ့် စာပေ အကြောင်း ဆွေးနွေးတဲ့ နေရာမှာတော့ အမြဲတမ်း ဦးဆောင် သူ ဖြစ်တယ် ဆိုတာ သိရတယ်။

နေမျိုးကျော်နဲ့ ကျွန်မတို့ အနီးကပ်ဆုံး နေခွင့်ရလိုက်တဲ့ အချိန်ကတော့ ၂၀၀၃ခုနှစ် မေလ ကာလအတွင်း မှာပါပဲ။ နောက်ဆုံး လူချင်း ဆုံစည်း ခဲ့ကြတာလို့လဲ ပြောလို့ရပါတယ်။ အဲ့ဒီ့အချိန်က ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံ တ၀ှမ်းလုံးကို ခရီးစဉ် လှည့်လည် နေတဲ့ အချိန် ဖြစ်ပါတယ်။ မေ ၃၀ ဒီပဲရင်း မတိုင်ခင် အန်တီ့ရဲ့ နောက်ဆုံး ခရီးစဉ် တစ်ခု လည်း ဖြစ်ပါတယ်။

မေလ ၂၇ရက်နေ့ ရွေးကောက်ပွဲ အထိမ်းအမှတ် အဖြစ်နဲ့ အဖွဲ့ချူပ် ခေါင်းဆောင်တွေ ရဲ့ တာဝန်ပေးချက်အရ လူငယ် လုပ်ငန်း အဖွဲ့ လူငယ် တာဝန်ခံတွေ ဦးဆောင်ပြီး တကယ့် ပါတီ တစ်ခုရဲ့ လုပ်ငန်းစဉ်တွေ အတိုင်း အချိန်ယူ ငွေကုန် ခံပြီး ရွေးကောက်ပွဲ သရုပ်ဖော် တင်ဆက်မူ လုပ်ရမယ် ဆိုတဲ့ တာဝန် တစ်ရပ် ကျလာပါတယ်။

အဲ့ဒီ့မှာ လူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်း ပြီးသား မြို့နယ်တွေက လူငယ် တာဝန်ခံတွေ အားလုံး ရောနှော လိုက်ပြီး နောက်မှာ အစုလိုက် အသုတ် လိုက် လူစုခွဲပြီး ပါတီအုပ်စု သုံးစု လုပ်ရပါတယ်။ ကျွန်မတို့ လူငယ် အုပ်စုထဲမှာ နေမျိုးကျော် ပါဝင်ပါတယ်။ သူ ပါလာတဲ့ အတွက်လည်း ပါတီရဲ့ ရပ်တည်ချက် ရည်ရွယ်ချက် စည်းမျဉ်း ဥပဒေ တွေကို ကျွန်မတို့ စိတ်ကူး စိတ်သန်း ကောင်းကောင်း နဲ့ ဖော်ဆောင် နိုင်မယ်လို့ ယုံကြည်ခဲ့ ပါတယ်။ ယုံကြည် ခဲ့ကြတဲ့ အတိုင်း ကျွန်မတို့အောင်မြင်အောင် လုပ်နိုင်ခဲ့ကြပါတယ်။

ပါတီထောင်ရမယ်ဆိုတော့ အဖွဲ့ချူပ်က ရံပုံငွေ ထုတ်ပေးပါတယ်။ ကျွန်မတို့တွေ ရလာတဲ့ ရံပုံငွေကို ဘယ်လိုနေရာမှ အသုံးချမလဲဆိုတာ စဉ်းစားခဲ့ကြပါတယ်။ပထမဆုံး ပါတီနံမည် စဉ်းစားရပါတယ်။ နောက် ပါတီအလံ ကို ဘယ်လို ဒီဇိုင်းလုပ်မလဲလို့ စဉ်းစားတဲ့အခါ..နေမျိုးကျော်ဟာ အပြာရောင်ကို မဲပေးပါတယ်။

ကျွန်မတို့ ပါတီရဲ့ နံမည်က ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အဖွဲ့ချူပ်လို့ ပေးခဲ့ပါတယ်။ ကျွန်မတို့ ပါတီရဲ့ အလံရော ဆိုင်းဘုတ်ရောက နေမျိုးကျော် ဆွဲတဲ့ ဒီဇိုင်းပါ။ အလံက အနီရောင်ရယ် အဖြူရောင်ရယ် အပြာရောင်ရယ် မှာ အပြာရောင်တြိဂံပုံလေးထဲမှာ ချိုးဖြူဌက်လေးတစ်ကောင်ရယ် ကြယ်လေးတစ်ပွင့်ရယ်ပါ။

အဖွဲ့ချူပ် ဆိုင်းဘုတ်ကို တော့ အနီရောင်ရယ် အ၀ါရောင်ရယ် အဖြူရောင်ရယ် ကန့်လန့်စင်းပေါ်မှာ တြိဂံပုံ အပြာရောင် လွင်လွင် နောက်ခံပြင်ပေါ်မှာ အဖြူဖွေးဖွေး ငြိမ်းချမ်းရေး ချိုးဖြူဌက်လေးက ငြိမ်းချမ်းရေးသင်္ကေတ သံလွင် ခက်လေးကို ကိုက်ချီနေတဲ့ ပုံပြီး ထိပ်တည့်တည့်မှာ ကြယ်ဖြူလေး ပါတာကို ကျွန်မတို့ နှစ်သက်စွာနဲ့ ရွေးချယ်ခဲ့ ပါတယ်။

ကျွန်မတို့တွေ နောက်ဆုံး ရွေးချယ် ခဲ့တာတော့ တူညီ ၀တ်စုံ လေးတွေပါ။ နည်းနည်း ရယ်စရာ ကောင်းပါတယ်။ ကျွန်မ တို့တွေ အားလုံး အပြာရောင် လွင်လွင် ယောလုံခြည် လေးတွေနဲ့ အကျီ အဖြူ လေးတွေ ၀တ်ဆင်ဖို့ ဆုံးဖြတ် ခဲ့ကြ ပါတယ်။ သူများ ပါတီတွေနဲ့ မတူညီတဲ့ အချက်ပါ။ သူများတွေက ယိမ်းက ကြဖို့လားလို့ စကြ နောက်ကြ ပါတယ်။

ပါတီရဲ့ ဆိုင်းဘုတ် တွေ ကြေငြာဘုတ်တွေကို အပြာရောင် ဆေးရောင်နဲ့ စာလုံး အကြီးကြီး တွေ ရေးချယ်ပြီး နေကြပါပြီ။ ကျွန်မတို့ပါတီရဲ့ လုပ်ဆောင် ချက်တွေ အကုန်လုံးက အများ သဘောတူချက်နဲ့ လုပ်ကြတာ ဖြစ်ပေမယ့် ငြိမ်းချမ်းရေး ပါတီ တစ်ခု ဖြစ်တဲ့ အတွက် ကန့်ကွက် ရူံ့ချမူ အချေအတင် ဆွေးနွေးမူ ပြသနာ တစ်စုံ တစ်ရာ မရှိပါဘူး။ နေမျိုး ကျော်က သူ့ ထုံးစံ အတိုင်း ပြုံးပြီး ငါတို့တွေ ဒီလိုသာ ရန်မဖြစ်ကြပဲ ငြိမ်းငြိမ်းချမ်းချမ်း နိုင်ငံရေး ဆွေးနွေး ပွဲတွေ လုပ်ခွင့် ရကြရင် သိပ်ကောင်းမှာပဲလို့ အရွှမ်းဖောက်ပါတယ်။ သူများပါတီတွေကတော့ အခြေ အတင် ဆွေးနွေး အော်ဟစ် ငြင်းဆန် လူပ်ရှား နေကြတဲ့ အချိန်မှာ ကျွန်မတို့ ကတော့ ငြိမ်းငြိမ်း ချမ်းချမ်း ငြိမ် သက်ပြီး အလုပ် ကိုယ်စီ လုပ်နေပါတယ်။ တစ်ဘက်နဲ့တစ်ဘက်လဲ သူ ဘာလုပ်တယ် ငါဘာလုပ် တယ် ဆိုတာ တစေ့ တစောင်း အကဲခတ်ကြ နောက် စပ်စုကြပေါ့ ကျွန်မကတော့ တစ်ဘက်ပါတီက အနား ကပ်လာ ထောက် လှမ်းလာ ရင် အော် ထုတ်တဲ့ တာဝန် ယူပါတယ်။

မှတ်မှတ်ရရ လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့ လူငယ်ရှေ့နေ စောကျော်ကျော်မင်းက ကျွန်မကို ပြောလာ ပါသေးတယ် အစ်မကို မှတ်မိသေးတယ် ပါတီတွေ ထောင်တုန်းက အရမ်းစွာတာပဲတဲ့ စတာပဲဖြစ်ဖြစ် ဝေဖန်တာပဲ ဖြစ်ဖြစ် စိတ်ဆိုးပြီး လိုက်လုပ်လို့တဲ့လေ။ သူကလဲ အဲ့တုန်းက ပါတီထောင်တဲ့ သူတစ်ယောက် အပါအ၀င် ဖြစ်ခဲ့ပါတယ်။ အခုလွတ်မြောက်နယ်မြေကို ရောက်နေတဲ့ ကျွန်မရဲ့ချစ်စွာသော သူငယ်ချင်း အောင်ထွန်း ကတော့ ပါတီဥက္ကဌ ဖြစ်ပါတယ်။ လက်အုပ်လေးချီ နမောတသနဲ့ အစချီပြီးမှ ပုံတိုပတ်စတွေ ဥပမာ ဥပမေယတွေနဲ့ မှင်မောင်းကောင်းကောင်း စည်းရုံးဟောပြောလို့ သူက လူကြိုက်အများဆုံး ကမ်ပိန်နာ တစ်ယောက် ဖြစ်ခဲ့ပါတယ်။

နေမျိုးကျော် ကတော့ သူကျောပိုးအိတ်လေးထဲမှာ ဆေးရောင်စုံဗူးလေးတွေ ဆေးချယ်တဲ့ စုတ်တံတွေ ပန်းချီ ဆွဲတဲ့ ခဲတံတွေ အစုံ အလင်နဲ့ အမြဲလိုလို ရုံးကို စောစော ရောက်နေပြီး တကုတ်ကုတ် လုပ်နေလေ့ ရှိပါတယ်။ သူနဲ့အတူတူ အမြဲအဖော် အဖြစ် တွဲလေ့ရှိတဲ့ ကျွန်မ အရမ်းခင်တဲ့ သူငယ်ချင်းစံသာကလဲ အကြံညဏ်ပေး ဒီဇိုင်း လေးတွေ ပုံဖော်ပြီး ပျော်ပျော် ရွှင်ရွှင်နဲ့ လုပ်ကိုင် နေကြတာ တစ်ရုံးလုံးကလဲ ၀ိုင်းအုံကြည့်ပြီး တကယ့်ကို ရွေးကောက်ပွဲ မတိုင်ခင်က ပါတီတွေ လူပ်ရှားမူနဲ့ တစ်ပုံစံတည်းပဲ ၉၀ ရွေးကောက်ပွဲကာလကို သတိရ မိတယ်လို့ အဖွဲ့ချူပ်က ၀ါရင့် ပါတီ နိုင်ငံရေး သမားကြီး တွေက ပြောကြပါတယ်။

ကျွန်မတို့ပါတီတွေ စည်းရုံးကမ်ပိမ်းဆင်းကြပါပြီ။ တက်ရောက်လာတဲ့ ဆန္ဒမဲပေးမယ့် အဖွဲ့ချူပ်အဖွဲ့ဝင်တွေကို ပါတီတွေ အလှည့်ကျ စည်းရုံးရေး ဆင်းရပါတယ်။ သူတို့ မဲပေး ချင် လာအောင် ကျွန်မတို့ပါတီတွေ ရဲ့ ရပ်တည် ချက် ပြည်သူ့အပေါ် လုပ်ပေးနိုင်မယ့် အာမခံ ချက်တွေ ဥပဒေတွေ စသဖြင့် စည်းရုံး ဟောပြော ကြပါတယ်။ ပါတီ တိုင်းရဲ့ စည်းရုံး လူံ့ဆော်မူတွေက တကယ့်ကို သရုပ်ပါပြီး လက်သီး လက်မောင်းတွေ တန်းပြီး ဟော ပြောကြ တာ အရမ်းကို အားရ စရာကောင်းပါတယ်။ လူငယ်တွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေ ရပ်တည်ချက် ယုံကြည် ချက် တွေဟာ အရမ်းလည်း နားထောင် ကောင်းပါတယ်။ နေမျိုးကျော်က မဲဆန္ဒရှင်တွေကို လေ အေးအေး လေးနဲ့ စည်းရုံးသလို တစ်ဘက် ပါတီတွေက မေးလာတဲ့ စိန်ခေါ်တဲ့ ချောင်ပိတ် မေးခွန်းတွေကို ပြတ်ပြတ် သားသား ဖြေဆိုနိုင်ခဲ့လို့ ပရိတ်သတ်ရဲ့ လက်ခုတ်သံ တဖြောင်းဖြောင်း ရခဲ့ပါတယ်။
ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးပါတီရဲ့ အတွင်း ရေးမူး နေမျိုးကျော် မဲဆန္ဒပေးမယ့် အဖွဲ့ချူပ် အဖွဲ့ဝင် လူငယ် တွေကို လေသံအေးအေးလေးနဲ့ စည်းရုံးဟောပြောနေတာပါ။ နောက်က ထိုင်နေတဲ့ ပါတီစီအီးစီတွေ ထဲက မျက်မှန်ကြီးနဲ့ ခရေပန်းလေး ပန်ထားတာ မဆုမွန်ပါ။

ပါတီ ကမ်ပိန်း နောက်ဆုံး နေ့မှာ တော့ ကျွန်မတို့ ပါတီကို လူတော်တော် များများ စိတ် ပါ ၀င်စားမူ အပြည့် ရခဲ့ပါတယ်။ ရွေးကောက်ပွဲ ၀င်ဖို့အတွက် ပါတီတွေ အတွက် ဆန္ဒမဲ ပေးတဲ့နေ့ မတိုင်ခင်မှာတော့ မဲပေးပုံ ပေးနည်း အမှန်ခြစ် အမှားခြစ်တွေအတွက် ဆန္ဒမဲပေးမယ့် လူငယ်တွေကို တာဝန်ရှိအဖွဲ့ချူပ် လူကြီးတွေက ရှင်းလင်း ပြပါတယ်။ မဲပေးကြတဲ့ အခါမှာတော့ အဖွဲ့ချူပ် ရုံးဝင်းကို ကန့်လန့်ကာ ကာလိုက်ပြီး မဲပုံးထဲကို ဆန္ဒမဲတွေ တစ်ယောက်ချင်း တန်းစီပြီး ထည့်ရပါတယ်။

အဲ့ဒီ့နေ့ကတော့ မေလ ၂၈ရက်နေ့ပါ။ ရလာတဲ့ ဆန္ဒမဲတွေကို မဲရုံလူကြီးတွေရဲ့ရှေ့မှာ မဲခွဲတဲ့အခါမှာတော့ ကျွန်မတို့ ပါတီက ဆန္ဒမဲအများဆုံး ဒုတိယနေရာကို ရခဲ့ကြပါတယ်။ ဒုတိယရရတဲ့အကြောင်းကတော့ ကျွန်မတို့ ပါတီကို မဲပေး ကြ ပေမယ့် ပုံစံ မမှန်ကန် တဲ့ ပယ်မဲအရေအတွက် များလို့ပါပဲ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီ့နေ့က မဲအောင်နိုင်ပွဲ အဖြစ် ငြိမ်းချမ်းရေးသင်္ကေတ အထိမ်းအမှတ် အပြာရောင် ဆင်တူ ၀တ်စုံ လေးတွေနဲ့ ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေးပါတီအဖွဲ့ဝင် ကျွန်မတို့ လက်ချင်းချိတ်ပြီး ပျော်ရွှင်မြူးတူး အော်ဟစ် ကခုန်ခဲ့ကြ ပါတယ်။ ကျွန်မတို့ခေါင်းဆောင် အန်တီကလဲ တစ်တိုင်းပြည်လုံး အတိုင်းအတာအနေနဲ့ ခရီးစဉ် လှည့်လည် နေပြီး ပြည်သူတွေ သိန်းနဲ့ချီပြီး လမ်းပေါ်ထွက် အားပေး နေကြတဲ့အချိန်ဖြစ်ပါတယ်။ များမကြာမှီ ရက်မှာပဲ မြန်မာသမိုင်းမှာ ဆိုးဝါးလွန်းတဲ့ ဒီမိုကရေစီရေး လိုလားသူ ပြည်သူတွေနဲ့ တသားတည်းဖြစ်နေတဲ့ အန်တီစုနဲ့ဘဘဦးတင်ဦးနဲ့တကွ အဖွဲ့ချူပ်အဖွဲ့ဝင်တွေကို ဒီပဲရင်း ကျည်ရွာနားမှာ အစုလိုက် အပြုံလိုက် ညအမှောင်မှာ သစ်ပင်တွေက မီးမောင်းထိုးပြီး ချောင်ပိတ် ပြီး တုတ်နဲ့ရိုက် လှံနဲ့ထိုး သေနတ်နဲ့ပါ ပစ်ပြီး အသေသတ်တဲ့ ဒီပဲရင်း လူသတ်ပွဲကြီး ဖြစ်လာတော့မယ်ဆိုတာ မသိကြ သေးချိန်ဖြစ်ပါတယ်။

၂၀၀၃ခုနှစ်မှာ နေမျိုးကျော်ဆိုတဲ့ သူငယ်ချင်းနဲ့ နောက်ဆုံး လူချင်း ဆုံခဲ့တဲ့ရက်တွေ ဖြစ်ပါတယ်။ နောက်ပိုင်း သူရော ကိုယ်ပါ ကျောင်းကိစ္စ အလုပ်ကိစ္စတွေနဲ့ ရူပ်ထွေးနေပြီး အဖွဲ့ချူပ်ကို မရောက်ဖြစ်တော့ပဲ တစ်စစ ကင်းကွာစ ပြုသွားချိန်တွေလဲ ဖြစ်ပါတယ်။ သံလွင်အိမ်မက်ဆိုတဲ့ လင့်လေးကို ပေးလာတဲ့သူ့ကို ပြန်တွေ့တဲ့ အချိန်မှာတော့ သူက ဘလော့ခ်ကာ နေဘုန်းလတ်ဖြစ်နေပါပြီ။ သူ့ရဲ့ အတွေးအခေါ်တွေ သုံးသပ်ချက်တွေ က လူငယ်တွေကြားထဲမှာ အားကျအတုယူစရာ လေးစားစရာဖြစ်နေတာကို ဂုဏ်ယူစွာနဲ့ သိရပါတယ်။ ဒါပေမယ့်...သူ့ကို ကျွန်မတို့သိတဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို မြတ်နိုးတဲ့ နေမျိုးကျော်ဆိုတဲ့ နေဘုန်းလတ်ကို ၂၀၀၈ခုနှစ် ဇန်န၀ါရီလ (၂၉) ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

တစ်နှစ်နီးပါး ချူပ်နှောင် စစ်ဆေးပြီး နောက်မှာမှ စာရေး ဆရာ တဦး လည်း ဖြစ် ၊မြန်မာ ပြည် တွင် ပထမ ဦး ဆုံး အဖမ်းခံ ဘလော့  ဂါ တဦးဖြစ် သူ နေဘုန်းလတ် ( ခ ) နေ မျိုးကျော် ကို ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့မှာ အင်းစိန် မြို့  နယ် အင်းစိန်ထောင်တွင်း အနောက်ပိုင်းခရိုင် တရားရုံးမှာ တရားသူကြီး ဒေါ် စိုးဥာဏ်က ထောင် ဒါဏ် အနှစ် နှစ်ဆယ် နှင့်  ခြောက် လ ကျခံ စေ လို့ မတရား သဖြင့် အမိန့်ချလိုက်ပါတယ်..

တရား စွဲ ဆို ထားသော ပုဒ်မ ၅၀၅ ( ခ ) နှင့်  ထောင် ဒါဏ် ( ၂ ) နှစ် ၊ ပုဒ်မ ၃၂ ( ခ ) / ၃၆ နှင့်  ထောင် ဒါဏ် ( ၃ ) နှစ် ခြောက် လ နှင့်  အီလတ်ထရောနစ် ပုဒ်မ နှင့်  ထောင်ဒါဏ် ( ၁၅ ) နှစ် စုစုပေါင်းထောင် ဒါဏ် အနှစ် ( ၂၀ ) နှင့်  ခြောက် လ ကျခံ စေ ရန် တရား ရုံးကနေ မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်လို့ ကိုနေမျိုးကျော်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်..နေမျိုးကျော်ကို အမိန့်မချခင်ကပဲ ကိုနေမျိုးကျော်ရဲ့ ချစ်စွာသော အဘိုးဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်..

တရားမျတမူတွေ မရှိ မတရားမူချည်း သပ်သပ်သာ ကြီးစိုးနေပြီး တရားစောင့် လောကပါလ နတ်မင်းတွေ မျက်ကွယ်ပြုနေတာ ကြာပြီ ဖြစ်တဲ့နေရာတစ်ခုမှာ နေမျိုးကျော်တစ်ယောက် ကျမ်းမာပါစေ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းရင်းနဲ့ နေမျိုးကျော်လိုမျိုး စစ်အာဏာရှင်လက်အောက်မှာ အချူပ်အနှောင်မိနေရတဲ့ စိတ်ပင်ပမ်းချင်း ကိုယ်ပင်ပမ်းချင်း ကြီးစွာနဲ့ အသက်ရှင် ရုန်းကန်လူပ်ရှားနေရတဲ့ ပြည်သူတွေ လည်း ညှင်းပမ်း နှိပ်စက်ခြင်း ဘေးမှ အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေ...
ပထမကျောင်းသားသပိတ်အတွက် သပိတ်တိုက်ပွဲဝင်ကျောင်းသားများ ဆုံရပ် သမိုင်းဝင်ကျောက်တိုင်မှာ သူငယ်ချင်းများနှင့် အမှတ်တရ

အစ်ကို ကိုလူထွေးက ဆဲဗင်းဂျူလိုင်အတွက် ပို့စ်လေးတွေ ရေးကြရအောင်ဆိုတဲ့ တောင်းဆိုချက်အတွက် ကျွန်မ သိသော နေမျိုးကျော်အကြောင်းကို 7 July အထိမ်းအမှတ်ပို့စ်အဖြစ် သူငယ်ချင်း နေမျိုးကျော်ကို ဦးညွတ် ဂုဏ်ပြု ရေးသား လိုက်ပါတယ်။ ကျွန်မသိတာ နေမျိုးကျော်ဆိုတဲ့ NLD လူငယ် လေး တစ်ယောက် အကြောင်း ပါပဲ။ နေမျိုးကျော် ဆိုတဲ့ စက်မူ တက္ကသိုလ် ကျောင်းသား လေး တစ်ယောက် အကြောင်းပါပဲ။ နေဘုန်းလတ် ဆိုတာတော့ သူ ဘလော့ခ်ဂါ တစ်ယောက် အနေနဲ့ ပိုပြီး ထင်ရှား ကျော်ကြားတဲ့ လုပ်ဆောင်မူတွေရှိပါမယ်။ ဒါပေမယ့် ဘလော့ခ်ဂါ တစ်ယောက်အနေနဲ့တော့ သူ့ကို ကျွန်မ သိပ်မသိခဲ့ဘူးရှင်။ ဒီပို့စ်လေးကတော့ နေမျိုးကျော်ရဲ့ ရပ်တည်ချက်နဲ့ ယုံကြည်မူ နောက် ငြိမ်းချမ်းရေးကို သူသိပ်လိုလားတယ်ဆိုတာ ပြောပြနိုင်မယ် ထင်ပါတယ်။

မဆုမွန်


မဆုမွန်ဘလော့မှကူးယူမျှဝေပါသည်။
http://www.masumon.blogspot.com/

--
regards

moethway
Generation Wave
http://www.generationwave-network.co.cc/

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Sunday, July 12, 2009

ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ (ဖိုးတရုပ် internet page )

စာဖတ်ပရိသတ်များခင်ဗျား
ပြည်တွင်းမှ ရုရှားပြန် တပ်မတော် အရာရှိတစ်ဦး ပေးပို့လာတဲ့ သူ့ကိုယ်တွေ့ကလည်း ဗဟုသုတ တစ်ခုမို့ လေ့လာနိုင်ဖို့ ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ တကယ်တော့ ရုရှား ပညာတော် သင်တွေကို ဒီထက်ပိုပြီး ထောက်ပံ့ကာ အနာဂတ်အတွက် အသိအမြင် ကျယ်ပြန့်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ် အသုံးဝင်အောင် အဓိပ္ပါယ်ရှိရှိ မွေးမြူသင့်ပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံ့ဂုဏ်ဆောင်သာ ဖြစ်စေလိုကြောင်း၊ နိုင်ငံတကာမှာ သိက္ခာရှိရှိ ဖြစ်စေလိုကြောင်း မျိုးချစ် တပ်မတော်သားများက ဆန္ဒပြုရင်း အခုလို တာဝန်ထမ်းဆောင်ဆဲမှာပင် ရေးသားပေးပို့လာတဲ့ ရုရှားပြန် မောင်ကျောင်းသားအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုပြီး စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ

ဆောင်းပါးရှင် – မောင်ကျောင်းသား (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)


nuclear-plan

၂၀၀၁ ခုနှစ်၊ မေလ၏ မနက်တစ်ခုတွင် ရန်ကုန်မြို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းမှ မှန်လုံ ကားငယ် ၄ စီး တန်းစီ ထွက်လာခဲ့သည်။ ကားပေါ်တွင် မျက်နှာညှိးငယ်စွာဖြင့် လိုက်ပါလာကြသော သူများကား စစ်ဘက်၊ အရပ်ဘက်မှ အရာရှိများ၊ ကထိကများ ဖြစ်ကြပါသည်။ ၄င်းတို့ အားလုံး အဘယ်ကြောင့် မျက်နှာများ မသာမယာ ဖြစ်နေရပါသနည်း။

သင်တို့ ယုံချင်မှ ယုံပါလိမ့်မည်။ ထိုသူတို့သည် ဗိုလ်ချူပ်ကြီး မောင်အေး၏ စကားဖြင့်ဆိုရလျှင် တပ်မတော်မှ ချီးမြှောက်ခြင်း ခံရသော ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံရသည့် အညတရ အရာရှိများ ဖြစ်ပါသည်။ နိုင်ငံရပ်ခြားသို့ ပညာတော်သင် သွားရခြင်းသည် မကောင်းပါလား။ ကောင်းပါသည်။ အလွန်ကောင်းပါသည်။

ပညာတော်သင် ရွေးချယ်ပုံမှာ ထက်မြက် ထူးချွန်သည်ဟု ယူဆသော အရာရှိများကို ခေါင်းခေါက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အရွေးခံရသော အရာရှိများမှာ ကိုယ့်ကိုကိုယ် မယုံရဲရဲဖြင့် အပျော်ကြီး ပျော်ခဲ့ရသေးသည်။ တချိန်က ပြည်ပ ပညာတော်သင် စေလွှတ်လေ့ ရှိသည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့လို ရေခံမြေခံကောင်းပြီး နိုင်ငံခြား လစာငွေ တနင့်ကြီး ရကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါက တိုက်ခန်းလေး တစ်ခု လောက်တော့ ၀ယ်နိုင်ကြပါသည်။ ထို့ကြောင့် အရွေးခံရသော အရာရှိများမှာ မည်သည့် နိုင်ငံမှန်း မသိရသေးခင်ကတည်းက ၀မ်းသာခဲ့ရသည်။

ယခု ပညာတော်သင် အရွေးခံရသော အရာရှိ ၂၀၀ နီးပါး ရှိပါသည်။ ထိုအရာရှိများကို တပ်မတော် အမှတ် (၂) စစ်ဆေးရုံကြီးတွင် ဆေးစစ်ပါသည်။ အသဲရောင် အသားဝါ ဘီတွေ စီတွေ လာမပြောနဲ့။ အားလုံးအောင်။ အားလုံး ကောင်းပါသည်။ အဲ..အဲ ဆေးကျသော အရာရှိ အချို့လည်း ရှိပါသည်။ ဗိုလ်မှူးကြီးနှင့်အထက် အဆင့်ရှိ အရာရှိများ၏ သားတချို့တော့ ဆေးကျပါသည်။ ထိုဆေးကျသော အရာရှိများမှာ ဆေးကျသည် ဆိုသော်လည်း မျက်နှာများမှာ ၀င်းပနေပါသည်။ ကျန်အရာရှိများမှာ ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်ကြရသည်။

ဆေးအောင်အရာရှိများကို ဗိုလ်ချူပ်ကြီးမောင်အေး အမှူးပြုသော လေ့ကျင့်ရေးအရာရှိချူပ်၊ စစ်ထောက်ချူပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သိပ္ပံနဲ့ နည်းပညာဝန်ကြီးများက သြ၀ါဒများ ပေးကြပါသည်။ ဗိုလ်ချူပ်ကြီး မောင်အေး စကားပြောစဉ် ရုရှားနိုင်ငံသို့ သွားရမည် ဖြစ်ကြောင်းနှင့် ထိုနိုင်ငံတွင် သုံးစွဲရန် ဒေါ်လာ ၁၀၀ ပေးမည်ဟု မိန့်မိန့်ကြီး ပြောလိုက်ရာ အောက်တွင် အဟုတ်မှတ်၍ နားထောင်နေသော အရာရှိများမှာ “ဟာ…” ဆိုသည့် ၀ုန်းကနဲ အသံကြီး ထွက်လာကြပါတော့သည်။ ဗိုလ်မောင်အေးလည်း အခြေအနေ မကောင်းမှန်းသိ၍ ချက်ချင်းပင် သူ့အနေနှင့် ဒေါ်လာ ၅၀ နှင့် တပ်ချူပ်ကြီးတို့မှ ဒေါ်လာ ၅၀ ထပ်ပြီး မုန့်ဖိုး ပေးပါမည်ဟု အမောတကာ ပြောကာ ချွေးသိပ်လိုက်ပါသည်။

ထိုအချိန်က အရာရှိများသာ ကြောက်၍ ငြိမ်နေခဲ့လျှင် ဒေါ်လာ ၁၀၀ နှင့် ရုရှားတွင် ခွေးလုံးလုံး ဖြစ်ကြရမည်ပင်။ ထိုလစာ ကိစ္စပြီးသည်နှင့် ဗိုလ်မောင်အေးလည်း ချက်ခြင်း လစ်သွားတော့သည်။ ကျန်ရှိနေသည့် ဗိုလ်ချူပ်များက အခြေအနေကို ဆက်ပြီး ထိန်းသိမ်းသွားသည်မှာ နိုင်ငံတော်အနေဖြင့် အခု အရာရှိများကို အများကြီး မြှောက်စား ထားကြောင်း၊ တပ်ချူပ်ကြီးကလည်း စေတနာ ဘယ်လောက်ရှိကြောင်းနှင့် ယခု ရုရှားနိုင်ငံတွင် နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် ပညာတော်သင် သွားရမည် ဖြစ်ကြောင်း ပြောကြပါတော့သည်။

ထိုသို့ပြောကြရာတွင် သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးသောင်းမှာ အဆိုးဆုံးဖြစ်ပြီး ၀န်ကြီးတစ်ဦးနှင့် မလျော်ညီစွာ စကားအဆင့်အတန်း အောက်တန်းကျလှသည်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ခိုးစရာရှိတာ ခိုးဖို့ လိုကြောင်း၊ ကိုယ်တိုင် မထုတ်လုပ်နိုင်ပါက ရသည့်နည်းနှင့် ၀ယ်မည်ဖြစ်ကြောင်း၊ ထို့အပြင် နျူးကလီးယားစက်ရုံ တည်ဆောက်ခြင်းသည် အလွန် ငွေကုန်ကြေးကျ များသောကြောင့် တိုင်းပြည်က ဤဒုက္ခကို ခါးစည်းခံရမည် ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် အငတ်ခံ၍ ကြိုးစားမည် ဖြစ်ကြောင်း စိန်အောင်မင်း လေသံနှင့် ပြောဆိုသွားပါသည်။ တက်ရောက်သော အရာရှိများ အားလုံး သိကြပါသည်။

return-of-ru-officers

ဤသို့ ကြိုးစားရခြင်းမှာလည်း တပ်ချူပ်ကြီးက စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်လို၍ ဖြစ်ကြောင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်ခဲ့ပါက အရှေ့တောင်အာရှတွင် စစ်ရေးအရ အင်အား အကြီးဆုံး ဖြစ်လာပြီး ယိုးဒယားကိုလည်း ခြေထောက်ဖြင့် ပါးရိုက်မည် ဖြစ်ကြောင်း စသည်ဖြင့် မိုက်မိုက်ရိုင်းရိုင်း ပြောဆိုသွားလေသည်။

ရုရှားနိုင်ငံမှ ပညာရှင် အမျိုးသမီးများကို ပန်းကုံးခြွေပြီး မြန်မာနိုင်ငံသို့အရ ခေါ်လာရန် တပ်ချူပ်ကြီးနှင့် ဒုချူပ်ကြီးတို့က အမှာပါးလိုက်ပြီး ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် အရာရှိများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ဦးမည်ဟုလည်း ထပ်ဆင့် ပြောလိုက်ပါသေးသည်။ နားထောင်နေသော အရာရှိများ၏ စိတ်ဓါတ်များသည် တဟုန်းဟုန်းတောက်နေသော မီးကို ရေဖြင့် လောင်းလိုက် သကဲ့သို့ ငြိမ်ကျသွားကြရသည်။

အဆင့်အတန်းရှိသော အရာရှိအများစု၏ စိတ်ထဲတွင်တော့ ငါတို့သွားရမည့် ခရီးသည် အဘယ်လောက် ကျက်သရေ ယုတ်ပြီး အမင်္ဂလာ ရည်ရွယ်ချက်များ ပါတကားဟု ခံယူ နားလည်သွားကြပြီး တက်ကြွခြင်း ကင်းမဲ့စွာဖြင့် ယူကြုံးမရ ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချူပ်ကြီးများ၏ ထိုဂုဏ်ယူဖွယ်ရာ ခရီးစဉ်တွင် ၄င်းတို့၏ ဆွေမျိုးသားချင်း ဆေးကျ အရာရှိများ မပါကြသည်ကို ခပ်ရေးရေးတော့ သဘောပေါက်မိခဲ့ကြပါသည်။

ဤသို့ဖြင့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ကျောင်းသား ခေါင်းဆောင်အဖြစ် ဦးဆောင်လျက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးသို့ ရောက်ရှိ ခဲ့ကြပါသည်။ မော်စကိုရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းမှ အပြန် ရုရှား ဆိုးသွမ်းလူငယ် တစ်စုက မြန်မာပြည်တွင် ဘယ်သူမှ မော်မကြည့်ရဲသော စစ်ဗိုလ် ၁၀၀ လောက်ကို အသားလွတ် လမ်းမပေါ်တွင် ဆော်ပလော တီးခဲ့ပါသည်။

ကွဲသူကွဲ၊ လဲသူလဲနှင့် တကယ့်ကို အမင်္ဂလာ ကျောင်းဖွင့်ရက် ဖြစ်လေသည်။ မိမိတို့ အကြောင်းကို ပြည်ပတွင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့် မြန်မာသံရုံးမှ သံအမတ်ကြီးဟောင်း ဦးတင်စိုး (ယခင် လပခ ဒုတိုင်းမှူး) အား တိုင်ကြားကြပါသည်။ သံအမတ်ကြီး ဦးတင်စိုးသည် သတင်းကြားကြားချင်း ကျောင်းသားအိပ်ဆောင်သို့ အပြေးရောက်လာကာ မြန်မာကျောင်းသားများကို မိုက်မိုက်ရိုင်းရိုင်း ဆဲပါတော့သည်။

russian-embassador-of-burma-u-tint-soe

ဘယ်အစွန်ဆုံး မျက်မှန်နဲ့ ပုဂ္ဂိုလ်ကတော့ အော့ကျောလန် သံအမတ်ကြီးဟောင်း ဗိုလ်မှူးချုပ် တင်စိုး

အဖြေက မြန်မာကျောင်းသားများ မနေတတ် မထိုင်တတ်၍ ယခုလိုဖြစ်သည်ဟု ကောက်ချက် ချခြင်းဖြစ်ပါသည်။ ကျောင်းသားခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခမျာ ကြီးကောင်ကြီးမား အရွယ်ကျမှ ကလေးတွေ ရှေ့တွင် အခုလို အဆဲခံရ၍ မျက်နှာမှာ နီရဲနေပါတော့သည်။ သူ့ကို ကြည့်၍ ကျန်ကျောင်းသားများမှာ အားတုံ့အားနာ ဖြစ်ကြရသည်။

အဆိုပါ ဒုတိယ ဗိုလ်မှူးကြီးသည် PhD ဘွဲ့ယူရန် လိုက်ပါလာခြင်းဖြစ်ပြီး ပညာဥာဏ် ကြီးမားခြင်း၊ အောက်လက်ငယ်သားများ အပေါ်တွင် ငဲ့ညှာခြင်းတို့ကြောင့် မြန်မာ ကျောင်းသားတို့က လေးစား ချစ်ခင်ကြပါသည်။ (ထိုဒုဗိုလ်မှူးကြီးသည် တပ်မတော်မှ ထွက်သွားရပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ဗိုလ်တန်မဲ့ ပညာတော် လွန်းသောကြောင့် ဖြစ်သည်။)

ရုရှားတွင် နေစဉ်ကာလ တစ်လျှောက်လုံးတွင် မြန်မာသံအမတ်ကြီး၏ တာဝန်မဲ့မှုကြောင့် ရုရှား ဆိုးသွမ်းလူငယ်များ ရိုက်နှက်မှုကို မြန်မာကျောင်းသားများ အလူးအလဲ ခံကြရပါသည်။ အချို့ဆိုလျှင် နားရွက်ကို ဓါးဖြင့် အလှီးခံရခြင်း၊ ပယ်ပယ်နယ်နယ် အရိုက်ခံရသောကြောင့် သွားအုံတစ်ခုလုံး ကျွတ်သွားခြင်း၊ မြေအောက် လမ်းကူးများတွင် ၀ိုင်းရိုက်ခံရခြင်း စသည်တို့မှာ နောင်ဆိုရင် အရိုးစင်းဆုံး သတင်းများသာ ဖြစ်သွားခဲ့ရသည်။

ထိုကဲ့သို့ ဒုက္ခများအပြင် ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် ဖျားနာပြီး ဆေးရုံတင်ခံရလျှင် တင်ပြကြသော်လည်း လက်မခံပေ။ စစ်သားဆိုတာ ခိုင်းတာလုပ်။ ကျွေးတာစား ဆိုသည့် ဦးနှောက်မဲ့စကားဖြင့် တုံ့ပြန်သည်။ မကျေနပ်သည့် ကျောင်းသား အများက ထိုကဲ့သို့ မနာခံလျှင် ရုရှားဆရာဝန်များက တီဘီလိုလို၊ ကင်ဆာလိုလိုရောဂါများဟု ဆိုကာ ထိုကျောင်းသားကို မြန်မာပြည်သို့ ပြန်ပို့တတ်ပါသည်။

ထိုသို့ပြန်ပို့ခံရသော ကျောင်းသားပေါင်း မည်မျှရှိပြီး တပ်မတော်မှ ထုတ်ပယ်ခံရခြင်းလည်း မနည်းလှတော့ပါ။ ဤသည်မှာ အန္တရာယ်များလှသော ရေဒီယို ဓါတ်ခွဲစမ်းသပ်ခြင်းမှ ရရှိသော ရောဂါများသာ ဖြစ်ပါသည်။ အမှန်ဖြစ်သင့်သည်မှာ ကျောင်းအနေဖြင့် ရောဂါရသော ကျောင်းသားများကို မြန်မာသံရုံးနှင့် ညှိနှိုင်းပြီး ဆေးကုသပေးသင့်သည်။ မြန်မာ သံအမတ်ကြီးကလည်း မသိကျိုးကျွံပြုပြီး အားလုံး ကောင်းပါသည်ဟု လစဉ် Report ရေးခြင်း မျိုး မလုပ်သင့်ပါ။ ကျောင်းသားများ နစ်နာလှပါသည်။

သို့သော် သံအမတ်ကြီး ဦးတင်စိုးသည် ကျောင်းသားအရေးထက် ရုရှား တက္ကသိုလ်နှင့် လက်ဝါးရိုက်ကာ ငွေရပေါက် ဖန်တီးခြင်းကိုသာ အလေးထားပါသည်။ ရုရှား တက္ကသိုလ်များသည် ပုဂ္ဂလိက ကျောင်းများ ဖြစ်ပြီး တစ်ချို့ စာသင်ခန်းများတွင် လူပင်မရှိပါ။ လူမရှိရခြင်းမှာ တစ်ချို့ Department များသည် လူကြိုက်နည်းသောကြောင့် ဖြစ်သည်။

ဤအချက်ကို အခွင့်အရေးယူပြီး သံအမတ်ကြီး ဦးတင်စိုးက တက္ကသိုလ် အာဏာပိုင်များနှင့် ပူးပေါင်းကာ လူမရှိသည့် Department များတွင် မြန်မာကျောင်းသားများကို ထိုးထည့်ပြီး ပွဲခဒေါ်လာ ရယူပါသည်။

(ဦးတင်စိုးသည် ဒေါ်လာစုရာတွင် ကျောင်းသားများကြား၌ အလွန် နာမည်ကြီးသည်။ သံအမတ်ကြီးဖြစ်ပါလျက်နှင့် ထမင်းချက်ခြင်းကို တစ်ကြိမ်သာ သူ့အမျိုးသမီးကို လုပ်ခိုင်းသည်။ နံနက်ကချက်ထားသည့် ထမင်းကြမ်းနှင့်သာ ညစာကို စားပါသည်။ စားသည့် အခါတွင်လည်း ဈေးအပေါဆုံး ကြက်သားကိုသာ တောချက် ချက်စားသည်။ ထို့ကြောင့် သူ့ကတော်နှင့် သူ့သမီးမှာ ဘယ်အချိန်ကြည့်ကြည့် မဲမဲခြောက်ခြောက်နှင့် လူမမာ ရုပ်ပေါက်နေသည်။ သမီးကို ရုရှားတွင် ကျောင်းတက်နေသော DSTA 1 Intake မှ တစ်ယောက်နှင့် မော်စကိုတွင် လက်ထပ်ပေးရာတွင် မင်္ဂလာပွဲလာ ကျောင်းသားများအား ဒေါ်လာသာ လက်ဖွဲ့ရမည်ဟု မညှာမတာ ပြောပါသည်။ ပြန်ဧည့်ခံသည့် အစားအသောက်က ပေါင်မုန့် အညံ့စားတစ်လုံးနှင့် အချိုရည် တစ်ခွက်သာ ဖြစ်ပါသည်။)

ဦးတင်စိုးသည် ပညာ၏ သဘောတရားကို နားမလည်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံက ကွန်ပြူတာနှင့် ကျောင်းပြီးလာသူသည် ရုရှားတွင် ရူပဗေဒကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ဓာတုဗေဒနှင့် ပြီးလာသူက ကွန်ပြူတာကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ကားမောင်းသူကို လေယာဉ်မောင်းခိုင်းပြီး၊ လေယာဉ်မောင်းသူကို ဆိုက်ကားနင်းခိုင်း သကဲ့သို့ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသည်။ ကျောင်းသားများက အကျိုးအကြောင်းကို တရားဝင် တမျိုး၊ တိုးတိုးတမျိုး တင်ပြကာ မြန်မာပြည် ပြန်မည်ဟု အထွန့်တက်သည်။ ထိုအခါ ဦးတင်စိုးက ပြန်ချင်လျှင်ပြန် သူတာဝန်မယူဟု တာဝန်မဲ့စကား ဆိုခဲ့လေသည်။

နောက်ဆုံးတွင် အမှန်တရားကို မြတ်နိုးပြီး မတရားတာကို ခေါင်းငုံ့မခံသည့် ကျောင်းသားတချို့ အမိနိုင်ငံ ပြန်ကြသည်။ ဤကဲ့သို့ တရားလက်လွတ် လုပ်ချင်တိုင်းလုပ်နေသော စစ်အာဏာရှင်များ ကြီးစိုးရာ တပ်မတော်တွင် မနေ၊ ထောင်ကျချင်လည်းကျ၊ ရုရှားမှ ဝေးလျှင်ပြီးရောဟု ဆုံးဖြတ်ကာ ကျောင်းသားအချို့ ခံဝန်ချက် လက်မှတ်ထိုးပြီး ပြန်ကြသည်။

တကယ်ဆိုလျှင် ရုရှားတွင်ဆက်နေပြီး အိုးနင်းခွက်နင်း ဘာသာရပ်များကို ဘွဲ့ရသည်အထိ သင်နိုင်ပါသည်။ ကျောင်းအာဏာပိုင်များက ပြန်မည့် ကျောင်းသားများကို ဘွဲ့ပေးပါမည်။ မပြန်ပါနှင့်။ စာမေးပွဲလည်း ဖြေစရာမလိုပါ။ နှစ်ကုန်သည်အထိ နေပါဟု တားရှာကြပါသည်။ သူတို့ စိတ်ထဲတွင် မြန်မာကျောင်းသား အချဉ်လေးများထံမှ ကျောင်းလခ မရလျှင် အလွန်နစ်နာသွားမည်ကို စိုးရိမ်ဟန် တူပါသည်။ ပညာတော်သင် ကျောင်းသားများအတွက် မြန်မာ အစိုးရထံက မြက်မြက်ကလေး ရနေသလို ရုရှားကို ဖါးနေရတဲ့ စစ်ခေါင်းဆောင်တွေကလည်း လက်သိပ်ထိုးကာ ရုရှားအား လူမိုက်ဌားခ ပေးရတာမျိုးပါ။

အိုးနင်းခွက်နင်း ဘာသာရပ်ကို ဘွဲ့လွန်မပြောနှင့်။ ပါရဂူဘွဲ့လိုချင်လျှင်လည်း ရပါသည်။ စာသင်နှစ် ကုန်သည်အထိသာ နေရန်လိုသည်။ သို့သော် မြန်မာကျောင်းသားအချို့ အမှန်တရားကို ဆုပ်ကိုင်၍ မြန်မာပြည်သို့ ပြန်ကြပါသည်။

မြန်မာပြည် ပြန်ရောက်သောအခါ ထုံးစံအတိုင်း စစ်ခုံရုံးဖွဲ့၍ ပြန်လာရသော အကြောင်းရင်းကို စစ်ပါသည်။ အဖြစ်မှန်ကို တင်ပြသော်လည်း သံအမတ်ကြီး ဦးတင်စိုးက ကြိုတင်၍ ဖက်စ်နှင့် သတင်းပို့ချက်မှာ ပြန်သွားသော ကျောင်းသားများသည် တပ်မတော်ကို အာခံပြီး အမိန့်ကို မနာခံကြောင်း၊ ထိုသူများကို ထောင်ချထုတ်ပယ်သင့်ကြောင်း စသဖြင့် သခင်အားရ ကျွန်ပါးဝလေသံဖြင့် ဗိုလ်ချူပ်ကြီး မောင်အေးထံ တင်ပြထားပြီး ဖြစ်ပါသည်။ သို့သော် ဗိုလ်မောင်အေး တပည့်စစ်စစ် ဦးတင်စိုးမှာ သူ့စေတနာသူ အကျိုးပေး အနားပေးခံရပြီးပါပြီး။

ထို့ကြောင့် ရုရှားမှ ပြန်လာကြသော ကျောင်းသားများ ကံမကောင်းကြပေ။ သို့သော်လည်း ထိုသူများကို ကျွန်တော် လေးစားချီးကျူးပါသည်။ မတွန်းလှန်နိုင်သူများမှာ ယခုအခါ ဆုပ်လဲစူး စားလဲရူး ဘ၀တွင် ရောက်နေကြသည်။ ရုရှားမှ တတ်ယောင်ကား ဘွဲ့တစ်လုံးကိုပိုက်ကာ လုပ်ငန်းခွင်နှင့် ဝေးနိုင်သမျှဝေးအောင် အကြံအဖန်လုပ်ပြီး တပ်ရင်းတပ်ဖွဲ့ များသို့ သွားရန် ကြိုးစားနေကြသည်။

ရုရှားတွင်နေစဉ်က ဆရာတစ်ယောက် ပြောပုံမှာ မင်းတို့အရည်အချင်းနဲ့ နျူးကလီးယားစက်ရုံ တည်မယ်ဆိုတော့ အနာဂတ်က တော်တော်ရင်လေးစရာပါပဲတဲ့။ ဟုတ်ကဲ့။ ဖြစ်နိုင်လောက် ပါသည်။ စာသင်ချိန်တွင် ရုရှားကျောင်းသားများလို ကျားကုတ်ကျားခဲ မကြိုးစားပဲ ဗိုလ်လောင်း ဘ၀ကလို လစ်လျှင်လစ်သလို အိပ်ကြသည်မှာ မြန်မာ ကျောင်းသားများသာ ရှိပါသည်။ တကယ်ကြိုးစားသည့် ကျောင်းသားများလည်း ရှိပါသည်။ တချို့ ကျောင်းသားများလည်း ယခုအခါ အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်ကို ကျောခိုင်းသွားကြပြီ ဖြစ်ပါသည်။

ယခုအခါတွင် နျူကလီးယား လက်နက်ကို ထိုထိုသောပညာရှင်များနှင့် ထုတ်လုပ်ရန် စဉ်းစားနေကြသော အာဏာရူးတစ်စု၏ အနာဂတ်ကို စောင့်ကြည့်ရုံသာ ရှိပါတော့သည်။
http://www.photayokeking.org/ ကိုဖိုးတရုပ် အင်တာနက်စာမျက်နှာသို့ 
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး

ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး
မှတ်ချက်။ ပဉ္စမမြောက် အပိုဒ်မှာ “ရယ်”ကို “ရီ” လို့ ကာရန်ညီအောင် တမင်စာလုံးပေါင်းထားပါတယ်။

ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုး
အမှန်တရားက ချွေးသုတ်နေတုန်းမှာ
အကြံသမားက သွေးစုပ်နေတုန်း။

ခေတ်ကြီးကိုက
ဓမ္မတွေကို သေနတ်နဲ့ နားထင်ပေါ်ထောက်
ဓားပြတွေ အမှတ်တမဲ့ စင်ပေါ်ရောက်တဲ့ခေတ်။

လူကြီးတွေကအစ
ငါးပါးသီလကျတော့ မပြတ်အော်ပြီး
စားဖားဗီဇရှိမှ သားမက်တော်ချင်ကြတယ်။

မကြိုးစားပဲနဲ့ လူကြားထဲ ဆံ့ချင်သလား
မရိုးမသားနဲ့ မုသားပဲ ဖြန့် ချင်သလား
ဒီလိုအင်တာနက် ခေတ်ကြီးထဲမှာ
အလစ်မှာ မရှက်မကြောက်စိတ်နဲ့ 
clickကာ တချက်လောက် နှိပ်လိုက်ရုံပဲ။

ကြိုးစားမှု သီအိုရီကို
သူခိုးအများစုက ဒီလိုရီသတဲ့။
“မင်းတို့ ဖိနပ်စီးနေတုန်းမှာ
ငါတို့ က ကမ္ဘာတပတ် ပတ်ပြီးပြီတဲ့”
အဲဒီ့စကားပုံက တခါတခါ သွေးပျက်လောက်အောင်မှန်တယ်။

ဒီလိုနဲ့ ငါ
ခံစားသမျှ ထွေးထုတ်

အဆန်သမားက စတေးလုပ် နေတုန်းမှာ
ဖျံသမားက ပြေးရှုပ်နေတုန်း

အမှန်တရားက ချွေးသုတ်နေတုန်းမှာ
အကြံသမားက သွေးစုပ်နေတုန်း။
ကောင်းကင်ကို
http://kaungkinko.myanmarbloggers.org/
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

န၀တ ဆောင်ပုဒ်- ပြည်သူထူထု စည်းလုံးညီညွှတ်မှုပြိုကွဲရေး

ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းမှားများ ပျံ့နှံ့ မဇ္ဈိမသတင်းဌာန စနေနေ့၊ ဂျူလိုင်လ 11 ရက် 2009 ခုနှစ် 21 နာရီ 36 မိနစ်
နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ စိတ်ဝင်တစား စောင့်ဆိုင်းနေကြသော လူအုပ်ကြီး လူစုကွဲသွားစေရန် ကြိုးပမ်းသည့်အနေဖြင့် အာဏာပိုင်များက သတင်းမှားများ လိုက်ဖြန့်နေသည်။

အတိုက်အခံ ခေါင်းဆောင်၏ အမှုတွင် တရားခံပြသက်သေ စစ်ဆေးမည့်နေ့ရက်ကို တရားရုံးက ရွှေ့ဆိုင်းလိုက်ပြီး၊ နောက်တကြိမ် ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သူတို့က သတင်းမှားများ လိုက်ဖြန့်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ အကျိုးဆောင်ပေးနေသည့် ရှေ့နေများထဲမှ ရှေ့နေ ဦးဉာဏ်ဝင်းက ဤသတင်းသည် သတင်းမှားသာ ဖြစ်ကြောင်းနှင့် အမှုစစ်ဆေးနေသည့် အင်းစိန်ထောင်ပြင်ပတွင် ရောက်ရှိ စောင့်ဆိုင်းနေကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ထောက်ခံသူများအား လူစုကွဲသွားစေရန် လုပ်ဆောင်ချက်သာဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားသည်။

''ကျနော်ထင်တာ ကျနော်တို့ကို ဆန့်ကျင်တဲ့သူတွေက ထောင်ပြင်ပမှာ စောင့်နေတဲ့သူတွေ လူစုကွဲသွားအောင် ဒီသတင်းကို ဖြန့်တာပဲ'' ဟု ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး၊ ယနေ့ စစ်ဆေးမှုသည် အချိန်အားဖြင့် ၇ နာရီမျှ ကြာမြင့်ခဲ့ကြေင်း သူက ဆက်လက်ပြောဆိုသည်။

တရားရုံးက နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့ကို ချိန်းဆိုလိုက်ကြောင်းနှင့် ယနေ့အစောပိုင်းက ကောလာဟလ ဖြစ်ပေါ်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့ဆိုသည်မှာ မဟုတ်ကြောင်း သူက ငြင်းဆိုခဲ့သည်။

အင်းစိန်ထောင် ရုံးထိုင် ခရိုင်တရားရုံးက ဒုတိယသက်သေ ဒေါ်ခင်မိုးမိုး ကို ယနေ့ (သောကြာနေ့) တွင် စစ်မေးခဲ့ကာ၊ သူမသည် ရှေ့နေတဦးဖြစ်ကာ အန်အယ်ဒီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက ''အမှုစစ်ဆေးတာကို ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ရပ်နားလိုက်ပါတယ်။ ဒေါ်ခင်မိုးမိုးက သက်သေထွက်ချက်ပေးတယ်။ တရားလိုရှေ့နေကလည်း ပြန်လှန်စစ်မေးတာ လုပ်ပါတယ်'' ဟု ပြောသည်။

ဤအတောအတွင်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် အန်အယ်ဒီ အဖွဲ့ဝင်နှင့် ထောက်ခံသူ အနည်းဆုံး ဦးရေ ၈ဝ ခန့်ကလည်း ယနေ့ရုံးချိန်းကို အင်းစိန်ထောင်ပြင်ပတွင် စုရုံး၍ စောင့်ဆိုင်းနားစွင့်လျက် ရှိကြသည်။ ထိုလူအုပ်နှင့်အတူ လုံထိန်းများနှင့် စစ်သားများကိုလည်း လုံခြုံရေးယူထားသည်ကို တွေ့မြင်ရသည်။

သို့သော် ယနေ့ ဒေါ်ခင်မိုးမိုး ကို သက်သေအဖြစ် အစစ်မခံဖြစ်ကြောင်းနှင့် တရားရုံးက နောက်ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သတင်းများကြားရပြီးနောက် အဆိုပါလူအုပ်ကြီးမှာ မွန်းလွဲပိုင်းတွင် လူစုကွဲသွားခဲ့သည်။

အဆိုပါ လူအုပ်ထဲတွင်ပါဝင်သူ အန်အယ်ဒီ လူငယ်အဖွဲ့ဝင် မဖြူဖြူသင်းက ''ကျမတို့ကို လူတယောက်က လာပြောတယ်။ သူ့နာမည်တော့ မသိဘူး။ ရုံးက ဒီနေ့ နားလိုက်တယ်၊ မစစ်ဖြစ်ဘူး။ နောက်ရုံးချိန်းကို ဇူလိုင် ၁၇ ရက်နေ့ ပေးလိုက်တယ်လို့ လာပြောတယ်။ အဲဒါလည်း ကြားပြီးရော ကျမတို့လည်း လူစုကွဲသွားတာပဲ'' ဟု ပြောသည်။

''ကျမတို့အားလုံးက ဒီသတင်းကို အမှန်လို့ထင်တာ။ ဒါနဲ့ ထောင်ဘက်ကနေ ထွက်လာခဲ့တော့တာ။ ဒါပေမဲ့ ညနေကျမှ ဒီသတင်းဟာ သတင်းမှားကြီးဆိုတာ သိရတာ။ ကျမတို့ကို လူစုကွဲသွားအောင် လုပ်ခဲ့တာ'' ဟု သူက ပြောသည်။

ဦးဉာဏ်ဝင်းကလည်း ''ကျနော်တို့ အပြင်ထွက်လာတော့ လူတွေက ဝိုင်းမေးကြတယ်၊ ဒီနေ့ မစစ်ဖြစ်ဘူး၊ ဇူလိုင်လ ၁၇ ရက်ကို ရွှေ့လိုက်တယ်ဆိုတာ ဟုတ်သလား ဆိုပြီးတော့။ ကျနော်ထင်တယ် ဒီသတင်းမှားဟာ ကျနော်တို့ကို ဆန့်ကျင်တဲ့ သူတွေက ဖြန့်တာပဲ'' ဟု ပြောသည်။

သောကြာနေ့က တရားရုံးတွင် ဒေါ်ခင်မိုးမိုးက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ၁၉၇၄ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် ကမ္ဘာ့ နိုဘယ်ဆုရှင်ကို တရားစွဲဆိုခြင်း မပြုနိုင်ကြောင်း ခုခံချေပထွက်ဆိုခဲ့သည်။

သို့သော် တရားလိုဘက်ကမူ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း ၁၉၇၄ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ အသက်ဝင်လျက်ပင် ရှိသေးကြောင်း ပြန်လှန်ခုခံပြောဆိုခဲ့သည်။

''သူတို့ကလည်း အစိုးရအမိန့်တွေ၊ စာရွက်စာတန်းတွေ အမျိုးမျိုးထုတ်ပြပြီး သူတို့ ရပ်တည်ချက်ကို မှန်ကန်ကြောင်း သက်သေပြဘို့ ကြိုးစားတာပဲ။ ဒါနဲ့ပဲ ပြီးဘို့အချိန်က အတော်ကြာသွားတာ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြောင်းနှင့် တရားရုံးတွင် ဇူလိုင်လ ၂၄ ရက်နေ့၌ တင်သွင်းနိုင်ရန် စာမျက်နှာ ၁၈ မျက်နှာရှိ အပြီးသတ် လျှောက်လဲချက်ကို ပြင်ဆင်ရေးသားထားပြီးဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ ဤသို့ အပြီးသတ်လျှောက်လဲချက်များ တင်သွင်းပြီးပါက တရားရုံးက နောက်ဆုံး အမိန့်ချရန် ရက်ချိန်းတချိန်းပေးဖွယ် ရှိသည်။

တားဆီးကန့်သတ်မိန့်များကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်များဖြင့် ရုံးတင်တရားစွဲဆိုခြင်း ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခြင်းခံရပါက အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

ထိုအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့သည်ဟူသော စွဲချက်ဖြင့် အလားတူ ရုံးတင်စစ်ဆေးခံနေရသည့် အမေရိကန်လူမျိုး ဂျွန် ဝီလျံ ယက်တောကို ဆေးရုံတင်ထားရသည်ဟု သတင်းများက ဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN