Friday, July 10, 2009

အော် ဗမာပြည်


ငွေအကြွေ ရှားပါးမူကြောင့် တိုကင်ပြားများကို ထုတ်လုပ် သုံးစွဲ7/8/2009
မောင်ရမ္မာ (နိရဉ္စရာ) ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့ နယ်တွင် ငွေအကြွေ ရှားပါးနေသဖြင့် ချမ်းသာသူ စီးပွားရေး သမားများက တိုကင် ငွေစက္ကူပြားများကို ထုတ်လုပ်ပြီး ဈေးဝယ် ဈေးရောင်းသည့် နေရာတွင် သုံးစွဲနေကြသည်။

ဆိုင်ပိုင်ရှင် တဦးက “ခုလို တိုကင် စက္ကူတွေ ငွေအကြွေ အဖြစ် သုံးစွဲနေရတာက ဈေးဝယ် ဈေးရောင်း တဲ့နေရာမှာ ငွေစက္ကူတွေ အထူးရှားပါး နေတဲ့ အတွက် ငွေစက္ကူအစား တိုကင် စက္ကူတွေကို ငွေ အဖြစ် ထုတ်လုပ်ပြီး သုံးစွဲနေရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာ နအဖ စစ်အစိုးရမှ ငွေစက္ကူ အသစ်များလှဲလှယ် ထုတ်ပေးခြင်း မရှိသဖြင့် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် ပြည်သူများအနေဖြင့် ဈေးဝယ် ဈေးရောင်း နေရာတွင် အထူး အခက်အခဲ တွေ့နေ ရသဖြင့် ဒေသခံ စီးပွားရေးသမားများမှ သက်ဆိုင်ရာ ဒေသ အာဏာပိုင် များ၏ ခွင့်ပြုချက် ဖြင့် တိုကင် စက္ကူများကို ထုတ်လုပ် သုံးစွဲနေခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘဏ်ဝန်ထမ်း တဦးအား မေးကြည့်ရာ သူက “ ငွေအကြွေး စက္ကူတွေ အသစ်တွေ မရှိတဲ့ အတွက် အရပ်သားတွေက ငွေ စက္ကူတွေကို လာလှည့်တော့ ဘဏ်ကငွေ လှဲမပေး နိုင်ဘူး။ ဘဏ်ကိုရောက်တာကလည်း ငွေစက္ကူ အကြီးတွေဘဲ ဆိုတော့ ငွေ အသေး အကြွေမရှိတဲ့ အတွက် လူတွေကတော့ ၀ယ်ယူ သုံးစွဲတဲ့ နေရာမှာ အခက်အခဲ ဖြစ်နေကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

တိုကင် ငွေစက္ကူများတွင် ငွေ၏တန်ဖိုး၊ ထုတ်လုပ်သူ၏ အမည်နှင့် အခြားတဖက်တွင် လက်မှတ် ရေးထိုးပြီး ထုတ်ဝေထားခြင်း ဖြစ်သည်။

ထုတ်ဝေထားသော ငွေစက္ကူများမှာ ၂၀၀ တန်၊ ၁၀၀ တန်၊ ၅၀ တန်၊ ၂၀ တန် ၁၀ တန်များ ဖြစ်ကြသည်။

ယခုကဲ့သို့ ငွေစက္ကူ အကြွေ အသစ်များကို အစိုးရမှ ဘဏ်များမှ ထုတ်မပေးသဖြင့် စုတ်ပြဲ ပျက်စီးသွားသော ငွေအသေး ပမာဏမှာ မြန်မာပြည် အနှံ့တွင် ကုဌေထောင်ချီ၍ ရှိနေသဖြင့် အစိုးရမှ အမြတ် ရရှိ နေသည်ဟုလည်း ဘဏ်ဝန်ထမ်းမှ ပြောကြားသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN