Monday, October 12, 2009

အံမယ် ၂၀ မီလီယံသူတောင်းစားက လူဟစ်

၂၀၀၈ အခြေခံဥပဒေကို လိုက်နာကျင့်သုံးရန် သူတောင်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ တိုက်တွန်း
Saturday, 10 October 2009 18:41 ကိုထွေး
စစ်အစိုးရ သူတောင်းစားခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီများ အနေဖြင့် “ဒို့တာဝန်အရေးသုံးပါး” ကို အခြေခံ၍ စည်းရုံးလုပ်ဆောင်ကြရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာ ကျင့်သုံးရန် ယမန်နေ့က တိုက်တွန်း ပြောကြားလိုက်သည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ၌ ပြောကြားသော မိန့်ခွန်းတွင် သူတောင်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

[ယမန်နေ့က နေပြည်တော်၌ ကျင်းပသော စစ်မှုထမ်းဟောင်း ညီလာခံတွင် မိန့်ခွန်းပြောကြားနေသော လူသတ်သမားဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - ကြေးမုံ)]

ယမန်နေ့က နေပြည်တော်၌ ကျင်းပသော စစ်မှုထမ်းဟောင်း ညီလာခံတွင် မိန့်ခွန်းပြောကြားနေသော သူတောင်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - ကြေးမုံ)
“ယနေ့ဆိုရင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြည်သူတွေက တစ်ခဲနက် ထောက်ခံ အတည်ပြု ပေးခဲ့ပြီး ဖြစ်တယ်၊ ဒါကြောင့် ၂၀၁၀ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ဖြစ်ပေါ်လာမယ့် လွှတ်တော် အသီးသီးအတွက် ရွေးကောက်ပွဲတွေကို စနစ်တကျ ကျင်းပပေးမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကပြောသည်။

ထို့အပြင် နိုင်ငံရေး စနစ်ကူးပြောင်းရေးလုပ်ငန်းစဉ် လမ်းပြမြေပုံမှ ကျန်ရှိသည့် အဆင့်များကို အောင်မြင်စွာ အကောင်ထည်ဖော်သွားရန် စီမံထားပြီးဖြစ်သည့် အတွက် နိုင်ငံတော် အနာဂတ်ဖွဲ့စည်းမှုသည် သေချာခိုင်မာ နေပြီ ဖြစ်ကြောင်း၊ မြန်မာပြည်ကို သြဇာလွမ်းမိုးလိုသည့် နိုင်ငံကြီး တချို့သည် ခေါင်းစဉ် အမျိုးမျိုးတပ်၍ အကျပ်ကိုင်လျက်ရှိသော်လည်း တပ်မတော်အစိုးရသည် ခြောက်တိုင်းမကြောက်ဘဲ အခက်အခဲ အမျိုးမျိုးကို အောင်မြင်စွာ ဖြတ်သန်းခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်အစိုးရက ၎င်းတို့ စိတ်ကြိုက် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ၂၀၀၈ ခုနှစ် မေလက လူထုဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခဲ့ရာတွင် ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းကျော် ရရှိကြောင်း ကြေညာခဲ့သည်။

အတိုက်အခံများနှင့် ဝေဖန်သူတချို့က ယင်းလူထုဆန္ဒခံယူပွဲသည် ပြည်သူလူထုနှင့် နိုင်ငံတကာကို လိမ်လည် လှည့်ဖျားချက် တခုဖြစ်ကြောင်း တုံ့ပြန်ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန်ဟူသော ခြွင်းချက် သုံးခုဖြင့် ၂၀၁၀ တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသည်။

မြန်မာနိုင်ငံအတွင်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီ ၁၀ ခုခန့်သာရှိသော်လည်း အများစုမှာ လှုပ်ရှားနိုင်ခြင်း မရှိကြောင်း သိရသည်။

မကြာမီ စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ဖွယ်ရှိပြီး နိုင်ငံရေးပါတီ အသစ်များကို မှတ်ပုံတင် ခွင်ပြုမည်ဖြစ်သည်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက အားလုံးပါဝင်နိုင်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး အတွက် ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော်ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အရှက်တရားမဲ့ အလိမ်အုပ်စုများအကြောင်း

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲများ လုပ်ပေးမည်ဟုဆိုခြင်းသည် လိမ်လည်ခြင်းသာဖြစ်
Saturday, 10 October 2009 12:09 ဖြိုးကြီး

စစ်အစိုးရ ခေါင်းဆောင်များအနေဖြင့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောဆိုခြင်းသည် ပြည်သူလူထုကို လိမ်လည်လှည့်ဖြား ချွေးသိပ်ပြောဆိုခြင်းသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ဦးမြင့်စိုးက ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများ ညီလာခံ ဒုတိယနေ့တွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခြေခံဥပဒေအသစ်အရ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲများကို ကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာကျင့်သုံးရန်လိုကြောင်း ပြောကြားခဲ့သည့် မိန့်ခွန်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးမြင့်စိုး (ဓါတ်ပုံ - ရိုးမ ၃)

ဦးမြင့်စိုး (ဓါတ်ပုံ - ရိုးမ ၃)
“စစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင် ခေါင်းဆောင်တွေဟာ ဘာပဲလုပ်လုပ် သူတို့အတွက် တက်လို့ ဆုတ်လို့ရမဲ့ အနေအထားကို ရအောင်ယူထားတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကိုလည်း ဘယ်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောတာလည်း မရှိဘူး။ သူတို့ ပေါ်လစီအတိုင်းပဲ လုပ်ချင်တာလုပ်တာ” ဟု ပြောသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင် ပြဌာန်းပေးရမည့် ဥပဒေများ အလေးနက်ထား လုပ်ဆောင်ပေးခြင်းမရှိဘဲ လုပ်ချင်သလို လုပ်နေခြင်းသည် အာဏာရှင်များ၏ ထုံးစံတခုပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“နမူနာအနေနဲ့ ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲပြီးတော့လည်း လွှတ်တော်အသစ် ဖွဲ့မလား၊ ၄၇ ဖွဲ့စည်းပုံအတိုင်း သွားမလာဆိုပြီး လွှတ်တော်ခေါ်ပြီး ပြောဆိုတာတွေ၊ ဘာတခုမှ တိတိကျကျ ပြဌာန်းလုပ်ဆောင်ပေးခဲ့တာမရှိဘူး။ လုပ်တာနဲ့ ပြောတာ ကိုက်ညီတာ ဘာမှမရှိဘူး” ဟု ဦးမြင့်စိုးက ဆက်လက်ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထုကို ဂရုစိုက်ခြင်းမရှိဘဲ လုပ်ချင်တာ လုပ်နေသည်ကို ၂၀၀၈ ခုနှစ်အတွင်းက နာဂစ်မုန်တိုင်းကြောင့် အသက်ပေါင်း သိန်းချီသေဆုံးခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်ဟု ပြောသည်။

“ထိုင်ဝမ်မှာဆိုရင် လူ ထောင်ဂဏန်းလောက် သေတာနဲ့ အစိုးရတဖွဲ့လုံး ပြုတ်သွားတယ်။ ကျနော်တို့ မြန်မာပြည်မှာ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း သိန်းချီသေသွားတဲ့ အချိန်မှာတောင် စစ်အာဏာရှင်တွေက သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရအောင်လုပ်သွားတယ်ဆိုတာ တော်တော်ကို စက်ဆုတ်ရွံရှာဖွယ် ကောင်းတယ်” ဟု ဆက်လက်ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အမှန်တွေ သိမ်းဆည်းပါသည်

ကျေးလက်သျှမ်းရွာများ မီးရှို့မှု၌ ရပခ တိုင်းမှူးကိုယ်တိုင်အမိန့်ပေး

ကြာသပတေးနေ့၊ 08 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်

ဂျူလိုင်လနှောင်းပိုင်းက သျှမ်းပြည်အလယ်ပိုင်း အိမ်ခြေ ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရမှုတွင် တောင်ကြီးအခြေ စိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်ကိုယ်တိုင် အမိန့်ပေးညွှန်ကြားခဲ့သည်ဟု သျှမ်းပြည်အလယ်ပိုင်းသတင်းရပ်ကွက်ပြောပါသည်။

“မီးရှို့ခိုင်းတုန်းကလဲ သူဘဲ၊ အခု အားချင်းအိမ်ပြန်ဆောက်ပေးခိုင်းတော့လဲသူဘဲ၊ ပြည်သူတွေကို ဘယ်လို မျက်နှာပြရမလဲ” - ဟု သျှမ်းပြည်အလယ်ပိုင်းရှိ တပ်ရင်းမှူးတဦးပြောကြောင်း နီးစပ်သူတဦး က ပြောပါသည်။

မီးရှို့ဖျက်ဆီးခံရသည့် လဲချားမြို့နယ် တတ်မောက်ကျေးရွာအုပ်စု နှင့် မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု အလိုက် ပျဉ်ထောင်အိမ် အလုံးပေါင်း ၁၂၀ ကျော်အား သုံးလအတွင်း အပြီးဆောက်လုပ်ပေးရန် တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်ညွှန်ကြားမှု အပေါ် ဆိုဒ်အတွင်းကွပ်ကဲသည့် တပ်ရင်းမှူးများ မကျေမနပ် ညည်းတွားကြောင်း၊ မီးရှို့ခိုင်းစဉ်ကလည်း ဗိုလ်ရာပြည့်ကိုယ်တိုင် အမိန့်ပေးခဲ့ကြောင်း မြောက်ပိုင်းအပစ်ရပ်တပ်ဖွဲ့နှင့် - နီးစပ်သည့် အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်က မိုင်းနောင် အခြေစိုက် အမှတ် ၂ စကခ မှူး ဗိုလ်မှူးကြီးကျော်ဇံမြင့် ဆီတိုက်ရိုက်ညွှန်ကြားတယ် တဲ့။ ဗျူဟာနှစ်ခု လက်အောက်ခံ တပ်ရင်း ၅ ရင်းက ရွာတွေကိုမီးရှို့ဖျက်ဆီးတယ်။ အဓမ္မပြောင်း ရွေ့ခိုင်းတယ်။ ရွာသူ ရွာသားတွေ မိုးတွင်းတခုလုံး အိုးမဲ့အိမ့်မဲ့ဘ၀ နဲ့ ဒုက္ခခံခဲ့ရပြီး မိုးကုန်မှ အလျင်စလို အိမ်ပြန် ဆောက်ပေးဖို့ တိုင်းမှူးက ပြန်ပြောလာတယ်။ သူခိုင်းချင်ရာခိုင်းနေတော့ တပ်ရင်းမှူးတွေကလဲ မခံနိုင်ဖြစ်လာ တာပေါ့” - ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပြ၏။
[နအဖ တပ် မီးရှို့ဖျက်ဆီးခဲ့သည့် သျှမ်းပြည်အလယ်ပိုင်းမှ ကျေးလက်နေအိမ်များ Photo: Taifreedom]
မီးရှို့ဖျက်ဆီးခံရသည့် ကျေးလက်လူထုအတွက် စစ်တပ်က သစ်လုပ်ငန်းရှင်များအား (ခွဲစိတ်ပြီးသားသစ် တန်ချိန် ၃၀၀၀ ထောင်၊ သစ်တုံး တန်ချိန် ၂၀၀၀ ကျော်) သစ်ပါမစ်ပေးခဲ့သော်လည်း မိုင်းကိုင်မြို့နယ် တုံလောဝ် အခြေစိုက် ဗျူဟာမှူးက ကားလမ်းဘေးရှိ ကျေးရွာများအား တစ်အိမ်လျှင် သစ်တစ်တန်နှုန်းခုတ်ဖြတ်ပေးရန် ဆင့်ဆိုခဲ့သည်ဟုဆိုသည်။

အမည်မဖေါ်လိုသည့် ရွာသူကြီးတဦးက - “ တရုပ်နယ်စပ်အခြေအနေက မကောင်းဘူးဆိုတော့ သစ်ပါမစ်ရလဲလုပ်စားဖို့က အဆင်မပြေပြန်ဘူး၊ ရှင်းရှင်းပြောရင် ဗျူဟာမှူးအမိန့်နဲ့ ရွာသားတွေကို လုပ်အားပေးခုတ်ခိုင်း ထားတဲ့သစ်တွေကိုသစ်ပါမစ်ရ ထားတဲ့သူတွေက တတန် ၃ သိန်းနှုန်းနဲ့ ပြန်သွားဝယ်ရတယ်။ အဲဒီသစ်တွေနဲ့ မီးရှို့ခံရတဲ့ သူတွေအတွက်ပြန်ဆောက်ပေး ရမယ်၊ သစ်ပါမစ်ရထားတဲ့ဟာကတော့ သူတို့နဲ့မဆိုင်တော့ဘူး၊ ကိုယ့်ဟာကိုဘဲ ခုတ်ဖြတ်ထုတ်ရောင်းဖို့ရှိတယ်” - ဟု ရှင်းပြ၏။

မီးရှို့ဖျက်ဆီးခံရသော တတ်မောက်ကျေးရွာအုပ်စု ၊ ဟိုခိုင်းကျေးရွာအုပ်စုအား နားဂစ်ပျဉ်ထောင်အိမ်ပုံစံတူစံပြကျေးရွာ လုပ်ပေးရန် နှင့် အစိုးရဌာနများဖြစ်သည့် သစ်တော၊ ကျန်းမာရေး၊ ပညာရေးဌာနအပြင် တိုင်းစစ်ဗျူဟာ တခုလည်းတိုးချဲ့ ထားရှိသွားမည်ဟု အမည်မဖေါ်လိုသည့် ဒေသခံ ခေတ်ပညာတတ် လူငယ် တဦးက ပြောပါသည်။

ကျေးလက်လူထုအား သျှမ်းသူပုန်ဆက်သွယ်သတင်းပေးသည်ဟုဆိုကာ နေအိမ်ဥစ္စာပစ္စည်းများ၊ စပါးကျီများပါ မကျန် မီးရှို့ဖျက်ဆီးခဲ့ပြီး သုံးလအတွင်း အိမ်အသစ်ပြန်ဆောက်ပေးရန် ရပခ တိုင်းမှူးညွှန်ကြားရခြင်းမှာ အကြောင်း ၃ ရပ်ရှိကြောင်း - (၁) ၂၀၁၀ ရွေးကောက်ပွဲအတွက် ထောက်ခံမဲရရန် ပြည်သူလူထုအား စည်းရုံး ချွေးသိပ်ခြင်း။ (၂) သျှမ်းပြည်တပ်မတော် လှုပ်ရှားနယ်မြေအတွင်း စစ်အစိုးထပ်တိုးချရန်ရှိခြင်း၊ (၃) ဒေသခံ စစ် အရာရှိများကသစ်လုပ်ငန်းရှင်များထံမှဝင်ငွေရရန် ဖန်တီး ပေးခြင်းတို့ ဖြစ်သည်ဟု သုံးသပ်သူများ ပြောဆိုကြသည်။

သျှမ်းသူပုန်များအား ဆက်သွယ်ထောက်ပံ့သတင်းပေးသည်ဟု ယူဆခံရသည့် လဲချား မိုင်းကိုင်မြို့နယ်မှ ကျေးရွာ ၁၀ ရွာကျော် (အိမ်ခြေ ၅၀၀ ကျော်) အား ဂျူလိုင်လနှောင်းပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၃၉ ရွာကိုလည်း နေရပ်ရင်းမှ အဓမ္မပြောင်းရွေ့ အိုးအိမ်စွန့်ခွာခိုင်းခဲ့ပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN