Saturday, August 8, 2009

၈၈ ပုံရိပ်များက ပြောသော စစ်အုပ်စုသမိုင်း

ဆက်ဖတ်မယ်ဆိုရင်....

၁၉၈၈ ပုံရိပ်များ

ဆက်ဖတ်မယ်ဆိုရင်....

ဆိုရှယ်လစ် စနစ်တခုကို အသက်သွေးများနဲ့ လဲယူခဲ့ကြရတဲ့  ၈-၈-၈-၈ လုံးကျောင်းသားတော်လှန်ရေးကို မမေ့ ကြနဲ့ 


ကိုမျိုး ဒီဇိုင်းနာမှ သရုပ်ဖေါ်လိုက်တဲ့  ၈၈၈၈ နေ့ အမှတ်တရပုံပါ။ ၈-လေးလုံးနေ့ မတိုင်မှီ ဒီထက်ပို ထူးခြားမယ့် ဒီဇိုင်ပုံ ကို ကိုမျိုးထံမှ တွေ့ မြင်ရဦးမယ်လို့ မျှော်လင့်ပါတယ်။ ထို့ အတူဘဲ ၈၈၈၈ လုံးကြောင့်  တိုက်ပွဲ ၀င်ရင်း အသက်ပေါင်းများစွာ ဗမာ့မြေပြင်ပေါ်မှာစီးခဲ့ ရတာ ရှိသလို အသက်ရှင်ကျန်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ တဲ့  ၈၈မျိုးဆက် အများအပြားရှိခဲ့ ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံသို့ ထွက်ခွာနေထိုင်ခဲ့ ကြပေမယ့်လည်း ၈၈ ကို မမေ့ ကြစေဖို့ နဲ့  တတ်အားသ၍ အဖက်ဖက်မှ ဒီမိုကရေစီအမှန်တကယ်ဖေါ်ဆောင်နေသူများကို ထောက်ခံအားပေးပံ့ပိုးစေလိုပါတယ်။ ယ္ခုလောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရာရာစွန့် လွှတ်ပြီး တိုက်ပွဲဝင်နေတာ မမေ့ ဖို့  လစ်လျူမရှုထားဖို့  သတိမမေ့ ကြပါနဲ့ ။ စစ်အာဏာရှင်တည်နေသ၍ တော်လှန်နေမည်ဆိုတဲ့ စိတ်ဓါတ် အမြဲမွေးမြူကြပါ။ ၈၈၈၈ စိတ်ဓါတ် အဓွန့် ရှည်ရမည်။

ဆက်ဖတ်မယ်ဆိုရင်....

Friday, August 7, 2009

မုဒိမ်း တပ်မတော်

ကျေးလက်တောရွာမီးရှို့ဖျက်ဆီးပြီးနောက် စစ်အစိုးရတပ် မုဒိမ်းကျင့်မှု ထပ်မံကျူးလွန် သောကြာနေ့၊ 07 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
စစ်အစိုးရတပ်များ သျှမ်းပြည်အလယ်ပိုင်းကျေးရွာ ၁၀ ရွာကျော် (အိမ်ခြေ ၃၀၀ ကျော်) မီးရှို့ဖျက်ဆီးပြီးနောက်ပိုင်း ဒေသခံ တောင်သူအမျိုးသမီးတဦးအား အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်ကဆိုသည်။

သြဂတ်စ် ၂ ရက်နေ့က မိုင်းကိုင်မြ့နယ် ဟမ်းငိုင်းအခြေစိုက် ခမယ ၅၁၄ မှ ဒုဗိုလ်မြင့်သန်း ဦးဆောင်သည့် အင်အား ၂၅ ယောက်နှင့်အတူ လမ်းပြအဖြစ် SSA ခွဲထွက် ဗိုလ်မိုင်းဇင့် (လက်နက်ချ) အဖွဲ့မှ စိုင်းရွေးဦးဆောင်သည့် အင်အား ၁၄ ယောက် (စုစုပေါင်း အင်အား ၃၉ ယောက်) တို့ လဲချားမြို့ အရှေ့မြောက်ဘက် တတ်မောက် ကျေးရွာအုပ်စု နောင်ပုတ် ရွာ၌ ၀င်ရောက်တည်းခိုစဉ် တပ်ကြပ်ကြီးတင်အေးနှင့် တပည့် ၄ ယောက် ရွာမှ မိုင်ဝက်ခန့်ဝေးသည့် ယာခင်းဘက် ဟင်းသီး ဟင်းရွက်ရှာထွက်ရာ ယာခင်းပေါင်းမြက်ရှင်းနေသည့် စိုင်းသြဒ (နာမည်အရင်းမဟုတ်) အသက် ၂၃ နှစ်၊ ဇနီး နန်းနွံ (နာမည် အရင်းမဟုတ်) အသက် ၂၀ တို့နှစ်ဦးနှင့်တွေ့ဆုံ၍ လင်ဖြစ်သူ စိုင်းသြဒအား သျှမ်းသူပုန်ဟုစွပ်စွဲပြီး ကြိးနှင့်တုပ်ကာ ဇနီးသည်အား ၎င်း၏ ရှေ့မှောက်တွင် အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့သည်ဟုဆို၏။

အကြောင်းစုံသိသည့် အမည်မဖေါ်လိုသူ ပင်လုံရောက်လူငယ်တဦးက -“ကျနော်တို့ဘက်က ရွာတွေကို အခုလ ၅ ရက် နေ့နောက်ဆုံးထားပြီး မြို့ဘက်ပြောင်းရွှေ့ခိုင်းတယ်။ အထက် အမိန့်လား၊ ရွာသူ/သားတွေကို သက်သက် အာဏာပြ အနိုင်ကျင့်တာလားတော့မသိဘူး။ ရွာမပြောင်းရင် မီးရှို့ပစ်မယ်၊ ဘာညာ ခြိမ်းခြောက်တယ်၊ ရွာသားတွေ ကြောက်ရွံ့စိုးရိမ် သောကရောက်နေချိန်မှာ ကျနော့် သူငယ်ချင်းရဲ့ဇနီးကို စစ်သားတွေ မုဒိမ်းထပ်ကျင့်တာဘဲ” - ဟု သျှမ်းသံတော်ဆင့်အား ပြောပြ၏။

စိုင်းသြဒအား သျှမ်းသူပုန်ဟုဆိုကာ ယာတဲတိုင်၌ ကြိုးတုပ်ပြီး မေ့မျောလုနီးပါး ရိုက်နှက်ပြီးဇနီးဖြစ်သူ နန်းနွံ ကိုလည်း လင်ဖြစ်သူ၏ ရှေ့မှောက်ပင် ညနေ ၅ နာရီမှ မိုးချုပ်သည်အထိ အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ကြောင်း ပြောပါသည်။

“တချို့ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာလဲတွေ့နေတော့ ကြောက်နေကြတယ်၊ အဲဒီအတောအတွင်းမှာဘဲ ရွာတွေကို မြို့အနီးအနားပြောင်းဖို့ အမိန့်ထုတ်ထားတာရှိတော့ မုဒိမ်းကျင့်တဲ့ကိစ္စ အထက်ကိုသွားတိုင်တန်းဖို့ မရဲကြဘူးလေ၊ ရွာသူကြီးကိုလဲ သျှမ်းသူပုန်တွေကို ထောက်ပံ့တယ်လို့ ဗမာ စစ်တပ်ကစွပ်စွဲ ကြိမ်းမောင်းထားတော့ တရားဥပဒေနဲ့ ပြစ်ဒဏ် စီရင်ဖို့ ဘယ်မှာရှိတော့မတုန်း” - ဟု ဆို၏။

တတ်မောက် ကျေးရွာအုပ်စုသည် လဲချား - မိုင်းကိုင် (တောင်ကြီး - လွိုင်လင် - ပင်လုံ - လဲချား - မိုင်းကိုင် - လားရှိုး) ကားလမ်း၏ အရှေ့ဘက်ခြမ်း၊ လဲချားမြို့ အရှေ့မြောက်ဘက် တွင်ရှိသည်။ တတ်မောက်ရွာနှင့်ထိုဒေသတ၀ိုက် ကျေးရွာ များကို သျှမ်းသူပုန်နှင့် ဆက်သွယ် သတင်းပေးပို့သည်ဟု ဆိုကာ အစိုးရစစ်တပ်က ကျေးရွာ ၁၀ ကျော်အား ဂျူလိုင်လ ၂၇ မှ ၃၁ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခဲ့သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Human Right-လူ့ အခွင့်အရေး ဆိုတာ

ဆက်ဖတ်မယ်ဆိုရင်....

Wednesday, August 5, 2009

မီဒီယာတိုက်ပွဲ..ဒူးမပြဲအောင်..သတိမြဲစို့ 

တိုက်ပွဲတစ်ပွဲ အနိုင်လိုချင်..
ကြောင်လို လက်သည်းဝှက်..
မြေပွေးက..ရေမြွေလို ဟန်ဆောင်ပါလှဲ့ 
ဒါက..ရိုးစင်းတဲ့ တိုက်ပွဲ ဗျူဟာ..
မသိသူသာ ခံပေဦးတော့ ဒီတပွဲ..
ဒို့ လူတွေဘဲ အလဲလဲအကွဲကွဲအပြဲ..
အပြုံလိုက်ကြီး လဲနေပြန်ပြီ။

ဒီလောက်ရိုးတဲ့အကွက်..
ထပ်ထပ်ခါမှား သူတို့ တော်တယ်မမှတ်နဲ့ 
ကိုယ်ညံ့တာ ကိုယ်မြင်
သတိနဲ့ ယှဉ်ဆင်ခြင်။

ပွဲကောင်းပြီဆို..အလံရှူးချတဲ့ဖဲ
လူကြားအောင်ခေါ်
အဝေးဆီ ပစ်လိုက်တဲ့ ဒုတ်တစ်ဒုတ်.
ဝိုင်းအုံကောက်ချိန်…ဝိုင်းအူလုချိန်..
အိမ်ထဲကို သူခိုးဝင်နိုင်မည် သတိပြု..
အရေးကြီးတာ ကိုယ့်တာကိုယ်လုံစေ။

ရွှေဝါရောင်တော်လှန်ရေးကာလ
ဇာတ်ရှိန်မြှင့် နေဆဲ။။
နန္ဒာလှိုင် တို့  အတင်းပြော အသံဖိုင်..
လိုင်းပေါ်ရောက်လာတာ ဘာကြောင့်လည်း။

မော်စကို က စစ်ဗိုလ်လေးနဲ့ ကောင်မလေးအပုပ်..
မေးငေါ့ ချင်စရာလုပ်တာ ဘာကြောင့်လည်း။

ခေါင်း မှာ ဒဏ်ရာပလပွ..ဓါးပြလက်ချက်နဲ့ 
ဘုန်းကြီးအလောင်းပြလိမ်တာ ဘာကြောင့်လည်း။

နာဂစ် အရှိန်ကောင်းစဉ်..ဆူနာမိက လူသေဓါတ်ပုံပြ..
အဟုတ်ထင် သတင်းတင်ကြတဲ့ သူတွေကို လက်ညှိုးထိုး..
ဒီမိုသမားတို့ ရယ်...
မင်းတို့ ရေးတဲ့ သတင်းမှား..မိုးလုံးပြည့် မုသားဝါဒ
ဘိန်းပစ် စွပ်စွဲချင်သူ နအဖများ။
မပိုင်ရင်..ဒို့ ဘဲခံရဦးမယ်။
ကျွန်ထပ်ခံတော့ နောက်ထပ် အနှစ် (၂၀)။

ဒီရက် အတောအတွင်း..
ဒေါ်စုသတင်း က Hot နေခိုက်.
ဆူပူမှုတွေ လာမှာ ကြောက်တာကြောင့်..
မက္ကဆီကို လူဆိုးရဲ့ ငွေပုံကိုပြ..
ဒါ တေဇ ငွေတဲ့.။ .ဒို့ တတွေ ကို တက်ခွေတယ်။

အမှန်က မင်းမော်ကွန်း ဆိုတာ..
ချကြွေးခံရတဲ့ သားကောင်တစ်ကောင်ပါဘဲ..
ဘာမှ အရေး ပါသည်မဟုတ်
သူတို့  အချိုးမပြေ..သူ မိုက်ရိုင်းနေ
အော်..ပရိဿတ်ရယ်..
အနူပညာသမား..သပိတ်မှောက်တာ..
လွယ်ပါတယ် မကြည့်နဲ့ ပေါ့။
လူမကြည့် ..ထမင်းအိုးကွဲနိုင်သည့်
သူ့ သဘောသူဆောင် မြောင်းထဲ ဂျောင်းသွားပါလိမ့်မယ်။
နှုတ်ခမ်းတစ်လန် ပန်းတလန်..
ကျော်ဆန်း စိတ်ချမ်းသာအောင် ညင်းမနေကြပါနဲ့ ။
ဘော်လုံးကလေးတလိမ့်လိမ့်  သူငါလု..
တင်စရာအပြစ်တွေ လည်စုမနေပါနဲ့ 
ရန်သူကိုသာ မမှိတ်မသုန်ရှူ..
မျက်ခြေမပြတ်..အာရုံပြုပါ။

ဒီဓါတ်ပုံဟာ..ဒေါ်စုအတွက်တင်းမာမှုတွေ အတွက်..
မြောက်ကိုရီးယားနဲ့  နျူကလီယားလှို့ဝှက်ချက်အတွက်..
မင်းသားတစ်ကောင်ကို ချကြွေး..
ရေခဲရေ နဲ့  ပက်အေး.လိုက်တာ..
လူတွေ က..မင်းမော်ကွန်းကိုဆဲကြတယ်..
သန်းရွှေကိုတော့ မေ့သွားကြတယ်။
တင်းမာမှုတွေ ဦးတည်ချက်ပြောင်းသွားတယ်။
ဒို့ တွေ ဘယ်ဝိုက် တစ်ချက်ခံလိုက်ရပြန်တယ်။
နောက် တကြိမ်ဆို..
နောက်ကောက်ဘဲ ကျန်တော့တယ်။

ကြည့်နေ..ကြည့်နေ..
နအဖ မှာ
ချကြွေးမဲ့ လူတွေ အများကြီးရှိသေးတယ်။
မဟုတ်က ဟုတ်ကတွေ ဆက်ထွင်ဦးမယ်။

သင်..သတိရှိပါ ရဲဘော်..
အကြင် သတိပြုပါ ဘုန်းဘုန်း။
အသံကြောင့် ဖားသေတယ်။
ရန်သူကို နိုင်ချင်ရင်..
low profile နေ..
ရန်သူက အထင်သေးလေ..ကိုယ်နိုင်လေလေ..
အရင်မလိုနဲ့ ..သ၀န်မတိုနဲ့ 
စိတ်မတိုနဲ့ ..သဘောမချိုနဲ့ ..
မီးလို..ရေလို..ဗျူဟာသာကောင်းဖို့ လိုတယ်။

လူမဲ နေချိန်
ကျည်သည်း နေချိန်
အသက်ပေးရှေ့ ကျုံးတက်ဖို့ က အရေးမကြီးဘူး။
သင်သေသွားရင်..တကောင်ဘဲ ခေါ်သွားနိုင်မယ်။
လုံခြုံရေး..ဆင်ခြင်..သင်ရှင်ကျန်နေရင်..
တမြေ့မြေ့ ခြွေပါရော့…
စိမ်ပြေနပြေ ဘေပါလေတော့
ရန်သူ တစ်ထောင် ရန်မြှောင် တစ်သိန်း..
သင့် ဦးဏှောက်ကို မယိမ်းပါးစေနဲ့ 
ရေရှည် တိုက်မဲ့ မီဒီယာပွဲ..
ကျော်ဆန်းရှေ့  ဒူးမထောက်ချင်ရင်.။

မသဒ္ဓါ ( ၈။၎။၂၀၀၉)
စေတနာဖြင့် ရေးပါသည်။ ပေါက်ဆိန် ဒါးနဲ့  မထွင်းလိုလျှင်..အပ်နဲ့ ထွင်းသင့်၍ ထွင်းရမည်။ သွေးထွက်သင့်သလောက် ထွက်ရသည်..နာသည် မနာသည်။ ခါးသည် မခါးသည် ထက် အမှန်ဆိုတာ အသိရဖို့ တချက်ဘဲ လိုလားသည်။ မှန်တာဆိုက ..ချို ရိုးထုံးစံမရှိ။
ကောင်မ ဘယ်လောက်တတ်သလည်း..ဘာညာ လာဆဲချင် လာဆဲပေါ့။ မဆဲခင် ရှက်တတ်ရင်တော့ အရင် စဉ်းစားကြည့်ပေါ့။ ကျမပြောသောအရာများ မှန်သည် မှားသည်။ သူများဆင်ကွက် အားလျှားမှောက်တာ..မရှက်တတ်ရင်...ထပ်ပြောဖွယ်ရာမရှိပါဖူး။ ..အမှန် က အားလုံးဟာ မီဒီယာ ဆင်လုံးတွေ ပါ။.တကြိမ်မိလျှင်..လိမ်သူ အပြစ်။ အကြိမ်ကြိမ် အလိမ်ခံရရင်..လိမ်သူ အပြစ်မဟုတ် ယုံကြည်သူ၏ ရိုးအမှု ညံ့ဖျင်းမှု သာဖြစ်ပါ၏။
လောလောဆည်တော့ မင်းမော်ကွန်း ကဒုတ်ရပြီး..ဒေါ်စု က အင်းစိန်ထောင်ထဲ ကုပ်ကုပ်ကလေး အိပ်နေရဆဲဖြစ်၏။ အမျိုး အချင်းချင်း အိုးမည်းသုတ် ကြက်တိုက်နေသော လက်သည်ဒိုင်ကတော့ ကိုယ်ပျောက်နေဆဲ ဖြစ်၏။
ထပ်လာပါလိမ့်ဦးမယ်..ရွေးကောက်ပွဲမတိုင်မီ..ငွေရောင်ပိတ်ကားဆီ ဆက်လက်စောင့် ကြည့်နိုင်ပါသည်။ http://thadar.blogspot.com/2009/08/blog-post.html မှ

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

၂၁ နှစ် နွံထဲက ဗမာပြည် (သို့ ) လူသတ်အုပ်စုလက်ထဲက ဗမာပြည်

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)အမည်ခံစစ်အာဏာရှင်စနစ်အောက်ကရုန်းထွက်ခဲ့ကြတဲ့ရှစ်လေးလုံးအရေးတော်ပုံကြီးကတော့နှစ်ဆယ့်တစ်နှစ်ရှိခဲ့ပြီ၊ကျွန်တော်တို့ပြည်သူတွေကား
ဖိနှိပ်ခံဘ၀မှမလွတ်မြောက်နိုင်သေး၊ဆင်းရဲမွဲတေဆဲ၊လူ့အခွင့်အရေးတွေဆုံးရှုံးဆဲ၊စစ်ဗိုလ်ချုပ်တွေရဲ့အနိုင်ကျင့်အုပ်ချုပ်မှုခံနေရဆဲသာ..။
ရှစ်လေးလုံးအရေးတော်ပုံကြီး ဘာကြောင့်ဖြစ်ခဲ့ရတာလဲ၊
နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့၁၉၆၂ခုမတ်လ(၂)ရက်အာဏာသိမ်းပွဲ၊ဇူလိုင်(၇/၈)ရက်ကျောင်းသားသတ်ပွဲနဲ့ကျောင်းသားသမဂ်ဂအဆောက်အဦီဖြိုဖျက်ပွဲ၊၁၉၇၄ဇွန်အလုပ်သမားအရေးအခင်း၊ ၁၉၇၄ဦးသန့်ဈာပန၊၁၉၇၅အလုပ်သမားအရေးအခင်း၊၁၉၇၆မှိုင်းရာပြည့်ပွဲကနေ၊၁၉၈၈မတ်လ(၁၃)RITကျောင်းသားတွေကိုသတ်တဲ့ပွဲအထိနေ၀င်းရဲ့ရက်စက်မှုတွေကိုဆန့်ကျင်ပေါ် ထွက်လာတဲ့ မျိုးဆက်-မျိုးဆက်တွေရဲ့ ဦးဆောင်မှု၊အာဏာရှင်တွေရဲ့ကိုယ်ကျိုးရှာမှု၊စီမံခန့်
ခွဲမှုအလွဲတွေကြောင့်ငွေကြေးဖေါင်းပွမှု၊ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့နောက်ဆက်တွဲပြည်သူတွေ ရဲ့စားဝတ်နေရေး၊ကျန်းမာရေး၊ပညာရေးဘက်စုံမွန်းကြပ်လာမှုတွေပေါင်းစည်းပြီးရဟန်းသံဃာတွေ၊ရေတပ် လေတပ် စစ်သားတွေ၊ရဲတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊လယ် သမားတွေ၊ ပြည်သူတွေ၊ ကျောင်းသားတွေ၊အိမ်ရှင်မတွေနဲ့မိန်းမလျှာတွေ ပါမကျန်ပါဝင်တဲ့၊ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်၊ဒါပေမဲ့ စစ်အာဏာရှင်တွေက လက်နက်မဲ့ပြည်သူတွေကို ရန်သူနဲ့စစ်မြေပြင်မှာရင်ဆိုင်တွေ့သလိုပဲ သဘောထားတုန့်ပြန်ခဲ့ တယ်၊ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွဲပြီး(ကနေ့ထိ)အာဏာကို လက်လွှဲအုပ်ချုပ်နေတုန်းပါပဲ၊ ရှစ်လေးလုံးလူထုအရှိန်အ၀ါကြောင့်မဖြစ်မနေလုပ်ပေးခဲ့ရတဲ့၊ပြည်သူလူထုတခဲနက်ဆန်ဒပြုခဲ့တဲ့၁၉၉၀ရွေးကောက်ပွဲရလာဒ်ကိုလည်းအကြောင်းအမျိုးမျိုးပြဖယ်ရှားရင်း၂၀၁၀ရွေးကောက်ပွဲဆိုတာနဲ့ဖျောက်ဖျက်ဘို့ကြိုးစားနေပြန်ပါတယ်၊တို့ဗမာသီချင်းထဲက“တို့ခေတ်တွင်မှညံ့ ကြတော့မှာလား”ဆိုတဲ့စာသားကိုသတိရမိပါတယ်၊ကျွှန်တော်တို့ပြည်သူတွေဒီလိုပဲနေလို့ ဖြစ်ပါ့မလား….? ။ ကျွန်တော်တို့နိုင်ငံနဲ့ပြည်သူတွေဟာနယ်ချဲ့တွေဖက်စစ်တွေရဲ့နှစ်ပေါင်းခြောက်ဆယ်ကျော်ကျွန်ပြုခံခဲ့ရတာကနေလွတ်မြောက်ပြီးဘယ်လောက်မှမကြာသေးဘူး၊နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ဂိုဏ်းဃနအစွဲ၊လုပ်ရပ်အလွဲတွေကြောင့်ပြည်တွင်းစစ်ဒါဏ်ကိုဆက်ခံခဲ့ကြရတယ်၊အခွင့်အရေးကိုချောင်းနေတဲ့နေ၀င်းနဲ့စစ်ဝါဒီတွေရဲ့အာဏာသိမ်းမှုခံရပြီးကနေ့ထိစစ်တပ်ရဲ့အနိုင်ကျင့်မှုကိုခံနေကြရတယ်၊စစ်တပ်ကပါးရိုက်ရင်လဲခံရ၊မုဒိန်းကျင့်ရင်လဲခံရ၊ကြက်ဆွဲဝက်ဆွဲလုယက်
တာလဲခံရ၊မြေသိမ်းလယ်သိမ်းတာလဲခံရ၊နောက်ဆုံးသတ်ချင်သလိုသတ်တာလဲခံနေရတဲ့ဘဝ
တွေဟာနယ်ချဲ့တွေဖက်စစ်တွေအောက်မှာကြုံခဲ့ရတာနဲ့ဘာကွာလို့လဲ၊ဒါ စစ်ကျွန်ဘ၀ရောက်
ခဲ့ကြတာပဲမဟုတ်လား၊နယ်ချဲ့ခေတ်၊ဖက်စစ်ခေတ်၊နေ၀င်းခေတ်၊စိန်လွင်ခေတ်၊စောမောင်ခင်
ညွှန့်ခေတ်၊သန်းရွှေမောင်အေးခေတ်နဲ့ဖိနှိပ်ခံဘ၀၊ကျွန်လိုဘ၀တွေမှာနှစ်ပေါင်းများစွာဖြတ် သန်းနေရတာဘယ်လောက်ရင်နာဘို့ကောင်းတဲ့အဖြစ်ပါလဲ၊နိုင်ငံတကာကိုရင်ဘောင်တန်းဘို့
မပြောနဲ့၊ကိုယ်ဘာသာတောင်ထမင်းဝအောင်စားရဘို့မလွယ်တဲ့ဘ၀၊ကိုယ့်နိုင်ငံမှာကိုယ်ရှာ ဖွေစားမလောက်လို့နိုင်ငံခြားထွက်ရရာအလုပ်လုပ်ကြပြန်တော့လဲ၊ကျွန်လိုပဲအခိုင်းခံရတဲ့ဘဝ
ကျွန်တော်တို့ပြည်သူတွေကျွန်ဘ၀ကကိုမလွတ်နိုင်ဘူး၊”သခင်မျိုးဟေ့တို့ဗမာ”စိတ်ဓါတ်နဲ့
ကြွေးကြော်သံတွေဟာနယ်ချဲ့ခေတ်မှာကျန်နေခဲ့ပြီလား၊သမိုင်းစာအုပ်တွေထဲမှာရှေးဟောင်း
နှောင်းဖြစ်ဖတ်စရာအဖြစ်ပဲထားလိုက်ကြတော့မှာလား၊၊
စစ်ဗိုလ်ချုပ်တွေကသူတို့သားသမီးတွေကိုမြို့ကြီးတမြို့စာတန်ဘိုးရှိတဲ့/အဘိုးတန်ရတနာတွေ
ဆင်ပေးနေချိန်မှာကျွန်တော်တို့ပြည်သူတွေမှာကိုယ့်သားသမီးကိုကိုယ်ဈေးပေါပေါအ၀တ်အ စားတောင်တစ်လတခါမဆင်ပေးနိုင်ကြပါဘူး၊ကျေးလက်နေပြည်သူတွေရဲ့ကလေးတွေဆိုဘိ နပ်တောင်မစီးကြရတာတွေအများကြီးပါ၊စစ်ဗိုလ်ချုပ်တွေကသူတို့သားသမီးတွေကိုကွန်ပြူ တာသင်တန်း၊စာရင်းကိုင်သင်တန်း၊Englishစာ/စကားပြောသင်တန်း၊ကိုရီးယားစာ/စကားပြော
သင်တန်း၊ဂျပန်စာ/စကားပြောသင်တန်း၊တရုပ်စာ/စကားပြောသင်တန်း၊သင်တန်းအမျိုးမျိုး တွေတက်ခိုင်း၊နိုင်ငံတကာလွှတ်ပညာတွေသင်ခိုင်းနေချိန်မှာကျွန်တော်တို့ပြည်သူတွေမှာ ကိုယ့်သားသမီးကိုဆယ်တန်းအောင်တဲ့အထိကျောင်းထားဘို့အနိုင်နိုင်ပါ၊ကျေးလက်နေပြည်သူတွေရဲ့ကလေးတွေဆိုရေးတတ်ဖတ်တတ်ပြီးရင်ကျောင်းထွက်အလုပ်လုပ်ကြရတာများပါ တယ်၊စစ်ဗိုလ်ချုပ်တွေကသူတို့သားသမီးတွေကိုတရုပ်အစားအစာ၊ထိုင်းစာ၊ဥရောပစာတွေ
ကျွေးနေချိန်မှာကျွန်တော်တို့ပြည်သူတွေမှာကိုယ့်သားသမီးကိုဟင်းကောင်းမပြောနဲ့၊ထမင်း
နပ်မှန်အောင်ကျွေးနိုင်ဘို့တောင်မနည်းရုန်းကန်နေကြရတယ်၊ဗမာပြည်မှာရေခဲမုန့်ဆိုတာဘာမှန်းမသိတဲ့ကလေးတွေအများကြီးပါ၊စစ်ဗိုလ်ချုပ်တွေကသူတို့အိမ်တွေကိုဘိနပ်ချွတ်တောင်
သိန်းနှစ်ဆယ်အစိတ်အကုန်ကျခံသနေချိန်မှာကျွန်တော်တို့ပြည်သူတွေမှာကိုယ်ပိုင်အိမ်မပြော
နဲ့အိမ်ငှားနေဘို့တောင်အနိုင်နိုင်ပါ၊စစ်ဗိုလ်ချုပ်တွေအိမ်မှာဇနီးဈေးသွားဘို့၊သမီးကျောင်းသွား
ဘို့သိန်းထောင်ကျော်တန်ကားတွေလေးငါးစီးစီရှိနေချိန်မှာ၊ကျွန်တော်တို့ပြည်သူတွေမှာကြပ် ကြပ်တည်းတည်းအတင်းတိုးဝှေ့စီးရတဲ့ဘတ်စ်ကားတောင်လောက်ငှမှုမရှိပါဘူး၊စစ်ဗိုလ်ချုပ် တွေနဲ့မိသားစုဝင်တွေခေါင်းမူးဗိုက်နာဘာမဟုတ်တဲ့ဝေဒနာလေးတွေလောက်ကိုအထူးကု ဆေးရုံကြီးတွေမှာပါရဂူတွေသမားတော်ကြီးတွေနဲ့ပြကုသနေချိန်မှာကျွန်တော်တို့ပြည်သူတွေမှာသေလုမျောပါးရောဂါတွေကိုကုဘို့ဈေးအနည်းဆုံးဆေးရုံပြဘို့တောင်မတတ်နိုင်ကြပါဘူး
စရိတ်မျှပေးကျန်းမာရေးလို့ခေါင်းစဉ်တပ်ထားတဲ့နိုင်ငံပိုင်ဆေးရုံတွေမှာလည်းပြည်သူတွေအတွက်ဘာဆေးမှမရှိပါဘူး၊ဆရာဝန်တွေရေးပေးလိုက်တဲ့ဆေးစာရွက်လေးကိုင်ပြီးပြင်ပဆေး ဆိုင်တွေမှာကိုယ်ဘာသာပဲဝယ်ကြရတာပါ၊ဆေးဘိုးမတတ်နိုင်လို့မသေသင့်ပဲသေခဲ့ရတဲ့ပြည်သူတွေလဲများလှပါပြီ၊စစ်ဗိုလ်ချုပ်တွေအိမ်မှာတီဘွီ၊အဲယားကွန်း၊ရေခဲသေတ်တာ၊အ၀တ် လျှော်စက်စတဲ့ဇိမ်ခံပစ်စည်းတွေအတွက်၂၄နာရီမီးလင်းနေချိန်မှာကျွန်တော်တို့ပြည်သူတွေ မှာသားသမီးတွေစာကျက်ဘို့မဖြစ်မနေအသုံးပြုဘို့တောင်တနေ့ခြောက်နာရီပြည့်အောင်မီး
မရကြပါဘူး၊ဘယ်တိုင်းဘယ်ပြည်နယ်မှာမီဂါဝပ်ဘယ်လောက်ရေအားလျှပ်စစ်စက်ရုံတွေ ဆောက်နေပြီလို့စစ်အစိုးရသတင်းစာတွေ၊TVတွေထဲမှာလင်းထိန်နေပေမဲ့အဲဒီလုပ်ငန်းတွေကို
အုပ်ချုပ်တဲ့စစ်ယူနီဖေါင်းချွတ်အရာရှိကြီးတွေသာချမ်းသာသထက်ချမ်းသာသွားကြတယ်၊ကျွန်တော်တို့ပြည်သူတွေမှာဖရောင်းတိုင်နဲ့ဘက်ထရီအိုးတွေကိုပဲအားကိုးနေရတုန်း၊ကျေးလက် နေပြည်သူတွေမှာမှောင်ထဲနေနေရတုန်းပါပဲ။
မတရားမှုမမျှတမှုတွေကတော့ပြောဆုံးမှာမဟုတ်ပါဘူး၊ဒီတော့ကျွန်တော်
တို့ဘာလုပ်ကြမလဲ၊လူဖြစ်လျက်လူဖြစ်ရကျိုးမနပ်တဲ့ဘ၀မှာဒီတိုင်းနေမလား၊ကျွန်တော်တို့ရဲ့သားသမီးတွေမြေးမြစ်တွေကိုဒီအမှောင်ခေတ်ရဲ့ဆိုးအမွေတွေနဲ့ဒီတိုင်းထားခဲ့မလား၊ဘယ် လောက်ကြိုးစားရှာရှာမလောက်ငှနိုင်တဲ့ဒီခေတ်ဆိုးထဲကနေကျွန်တော်တို့ရော၊ကျွန်တော်တို့ရဲ့သားသမီိးမြေးမြစ်တွေရောလွတ်မြောက်ဘို့ရာကျွန်တော်တို့ရုန်းကြမှဖြစ်မယ်၊ရှစ်ရက်ရှစ်လ
ရှစ်ဆယ့်ရှစ်ကလိုလူထုလူတန်းစားပေါင်းစုံပါဝင်တဲ့အုံကြွမှုမျိုး၊နယ်ချဲ့တွေဖက်စစ်တွေကိုပြန်ချ
ခဲ့သလိုတုတ်ရှိတုတ်နဲ့ရိုက်၊ဓါးရှိဓါးနဲ့ခုတ်၊ခဲရှိခဲနဲ့ပစ်၊(ရရာလက်နက်စွဲကိုင်)ပြီးစစ်ကျွန်ဘ၀က
ရုန်းကြပါစို့။
စစ်အာဏာရှင်စနစ်မုချကျဆုံးရမည်။
ဒီမိုကရေစီအရေးတော်ပုံအောင်ရမည်။
ယုံကြည်ချက်ဖြင့်
ရဲဘော် ဗိုလ်သူ

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အမွေ - -------------------ကိုဒေါင်းနီ မှပေးပို့ သည်

ကျနော်ကတော့ အမွေဆိုတဲ့စကားလုံးနဲ့ ကျနော့်ရဲ့အယူအဆကို ဖွင့်ဟချင်ပါတယ်။ သားသမီးဆိုတာ မိဘရဲ့ ကောင်းမွေ၊ ဆိုးမွေကို ခံယူရစမြဲပါ။ ဒီလိုပါပဲ လူ့အဖွဲ့အစည်းတခုမှာလည်း မျိုးဆက် တဆက်ပြီးတဆက်၊ ကောင်းမွေ၊ ဆိုးမွေတွေကို လက်ဆင့်ကမ်း ထိန်းသိမ်းသယ်ဆောင်နေကြ တာပါပဲ။ ကျနော်တို့ နိုင်ငံတော် သီချင်းမှာကိုက "… ဒို့ဘိုးဘွား အမွေစစ်မို့ ... ချစ်မြတ်နိုးပေ.." လို့ ပါရှိနေတာပါပဲ။ အမွေကို လူတိုင်း နှစ်သက်လိုလားကြပါတယ်။ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ စရိုက်၊ အစဉ်အလာတွေကို ကောင်းမြတ် တဲ့ အမွေ တခု အဖြစ် ကျနော်တို့ အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက် လာခဲ့ကြတာပါပဲ။
ဒီလိုပါပဲ။ ကိုယ့်မိဘရဲ့ လက်ငုတ်လက်ရင်း၊ အတတ်ပညာ၊ ဂုဏ်ပုဒ် စသည်ဖြင့် မိမွေ၊ ဘမွေကို သားသမီးတွေက မြတ်မြတ်နိုးနိုးနဲ့ ဆက်ခံတတ်ကြပါတယ်။ ဒီလမ်းကြောင်းကနေ ချော်ထွက် သွားတာလည်း ရှိကြတာပေါ့။ ကျနော်ပြောချင်တာက အမွေဆိုတဲ့နေရာမှာ ကောာင်းတဲ့၊ သင့်
တော်တဲ့ အမွေမျိုးရှိသလို ဆိုးတဲ့၊ မခံယူသင့်တဲ့အမွေလည်း ရှိတာပါပဲ။ ဥပမာအနေနဲ့ အရက်သမား လူရမ်းကားတယောက်ရဲ့သားဟာ သူ့ဖအေ အရက်သမား လူရမ်းကားလိုပဲ အမွေဆက်ခံပြီး အရက်သမား လုပ်ရမှာလား။ ဘယ်သူမဆို ဒီလိုအဖြစ်မျိုးကို လက်မခံဖို့ဘဲ ပြောကြမှာပါ။ လက်သင့် မခံရ မယ့် အမွေမျိုးလည်း ဖြစ်ပါတယ်။

ကျနော်တို့လူ့အဖွဲ့အစည်းမှာလည်း မျိုးဆက်သစ်များအနေနဲ့ လက်မခံရမယ့်အမွေတွေ အများကြီး ရှိနေပါတယ်။ ကျနော်တို့ အဘိုးအဘွားတွေဟာ သူ့ ကျွန်ဘ၀ကနေ လွတ်မြောက်အောင်၊ ကျနော် တို့လို မျိုးဆက်သစ်တွေအနေနဲ့ လွတ်လပ်တဲ့လူမျိုး၊ လွတ်လပ်တဲ့နိုင်ငံသားတွေဖြစ်အောင် သူတို့ ပခုံး နဲ့ ထမ်းပြီး တင်ပေးခဲ့ပါတယ်။ သူတို့ရဲ့ ကြီးမြတ်တဲ့စိတ်ဓာတ်တွေ၊ လေးစားအတုယူအားကျဖွယ် စိတ်ဓာတ်တွေ၊ စွန့်လွှတ်အနစ်နာခံရဲတဲ့ စိတ်ဓာတ်တွေနဲ့ အသက်၊ သွေး၊ ချွေးများစွာရင်းပြီး ငါတို့ နောင်လာနောက်သား မျိုးဆက်သစ်တွေ လွတ်လွတ်လပ်လပ် နေရပါစေတော့ဆိုတဲ့ စေတနာ အရင်းခံနဲ့ တွန်းတင် ပေး ခဲ့ပါတယ်။ သူတို့ခေတ်၊ သူတို့ကာလအနေနဲ့ သူတို့နိုင်တဲ့ဝန်ထက် အဆပေါင်းများစွာ မနိုင်ဝန်ထမ်းပြီး ကြိုးပမ်းခဲ့ကြတာပါ၊ ပေးဆပ်သွားကြတာပါ။ ဒါပေမယ့် သူတို့ကိုဆက်ခံတဲ့ သားသမီးတွေကတော့ တာဝန်မကျေခဲ့ပါဘူး။

လူငယ်ဟာ လူကြီးရဲ့ပခုံးပေါ်ကိုတက်ပြီး ကြည့်ရမယ်လို့ ဖတ်ဖူး၊ မှတ်သားဖူးပါတယ်။ ဒါမှလည်း မျိုးဆက် တဆက်ပြီးတဆက် တိုးတက်တော့မှာပါ။ မိဘ ဘိုးဘွားတွေ ထားရစ်ခဲ့တဲ့ ကောင်းမြတ်တဲ့ အမွေကို နောက်မျိုးဆက်တွေက ဆတက်ထမ်ပိုးတိုးအောင် ကြံဆောင်ကြိုးပမ်းမှုမရှိဘဲ အစိတ်စိတ် အမြွှာမြွှာ ခွဲပြီး သူများတယ်၊ ငါများတယ်နဲ့ အမွေလုနေရင်းနဲ့ပဲ တစတစ လုံးပါးပါးပြီး နောက်ဆုံး ဆင်းရဲမွဲတေရတဲ့အဖြစ်ကို ရောက်ခဲ့ရတာလို့ မြင်မိပါတယ်။ ညီအစ်ကို မောင်နှမတွေကြား မထား သင့်တဲ့၊ မလိုလားအပ်တဲ့ လောဘ၊ ဒေါသ၊ အာဃာတတွေ၊ တကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမှုတွေ ကြောင့် စိတ်ဝမ်း ကွဲပြီး မဖြစ်သင့်တာတွေ ဖြစ်လာရတာပါ။ တဦးတယောက်၊ တဖွဲ့တသင်းက အာဏာကို လက်ဝါးကြီးအုပ် ဗိုလ်မကျဘဲနဲ့ အားလုံး ညှိညှိနှိုင်းနှိုင်း ၀ိုင်းဝန်း တိုင်ပင် လို့ ညီညီ ညွတ်ညွတ်နဲ့ လုပ်ဆောင်နိုင်ခဲ့ရင် အခုလောက်ဆိုရင် ကျနော်တို့ဘိုးဘွားတွေရဲ့အမွေဟာ အတိုင်းထက်အလွန်တိုးပွားလို့ ပေးဆပ် သွား ခဲ့ရတဲ့ သူတွေလည်း ရောက်ရာဘ၀ကနေ သာဓုခေါ် နေကြမှာပါ။

အခုတော့ မိဘဘိုးဘွားတွေထားခဲ့တဲ့ ကျေးဇူးကိုလည်း ဆပ်ရာမရောက်၊ နောင်လာနောက်သား မျိုးဆက်တွေအတွက်လည်း ဘာတခုမှ အမွေခံ ကောင်းတွေ ချန်မထားရစ်ဘဲ မကောင်းတဲ့အကျင့် ဆိုးတွေ၊ စိတ်ဓာတ်တွေ၊ အယူဆိုးတွေ၊ စနစ်ဆိုးတွေပဲထားခဲ့လို့ အခုလက်ရှိ ကျနော်တို့မျိုးဆက် တွေလည်း ဒီအမွေဆိုးတွေရဲ့ဆိုးကျိုးကို ခံစားနေကြရပါပြီ။ ကြွေးဟောင်းလည်းမကြေ၊ ကြွေးသစ် လည်းမချနိုင်နဲ့ ရှိရင်းစွဲအမွေလေးပါ ချွတ်ခြုံကျနေရတဲ့ အဖြစ် ကို ရောက်နေရပါပြီ။ လွတ်လပ်တဲ့ နိုင်ငံသား၊ လွတ်လပ်တဲ့လူမျိုးအဖြစ်နဲ့ အများအလယ်မှာတောင် မော်မကြွားဝံ့ပါဘူး၊ ဂုဏ်ယူ စရာလည်း တချက် မှမရှိပါဘူး။ ဟိုးရှေးရှေးတုန်းက ဘိုးဘွားဘီဘင်တွေ လုပ်ထားခဲ့တဲ့ ကောင်းမှု လေးတွေ၊ အမွေကောင်းလေးတွေကြောင့်သာ နည်းနည်းခံသာနေရတာပါ။

မွေးချင်း တယောက်ရဲ့ အကျင့်ဆိုးကို ကျန်တဲ့ မွေးချင်းညီအစ်ကိုများက ၀ိုင်းဝန်းပြုပြင်မပေးနိုင်ခဲ့ ပါဘူး။ လမ်းမှား ရောက်နေလည်း ပြန်မဆွဲခေါ်နိုင်ခဲ့ပါဘူး။ အဲဒီလို လုပ်နိုင်တဲ့အင်အားလည်းမရှိဘဲ ကျန်သူများလည်း အချင်းချင်း ဝေစုမတည့်ဖြစ်နေပြီး အချိန်ကုန်ခဲ့တာပါ။ ဒီလိုဖြစ်နေစရာလား။ ဘာလို့ အဲဒီလို ဖြစ် နေခဲ့ တာလဲ။ အမွေကိုကောင်းအောင်၊ ကြီးကျယ်ပွားစီးအောင်လို့ လုပ်ချင်စိတ် မရှိခဲ့လို့လား။ နောက်မျိုးဆက်တွေအတွက်ရော မစဉ်းစားခဲ့ဘူးလား။ ဟန်ပြဖုံးကွယ်မှုတွေ၊ သကာ ရည်လောင်းထားတဲ့ အနှစ်မရှိတဲ့ မက်လုံးတွေ၊ မစားရ၀ခမန်း လုပ်ကြံထားတဲ့ စိတ်ကူးယဉ်မှုတွေကို ခင်းကျင်းပြီး ဟုတ်လိမ့်နိုးနိုးနဲ့သာ ရွှေပြည်တော်မျှော်တိုင်းဝေးစေခဲ့ပါတယ်။

တိုင်းပြည်အတွက်၊ လူမျိုးအတွက်ဆိုတဲ့ စကားလုံးလှလှလေးတွေသုံးပြီး တကယ်တမ်းကျတော့ ငါ့ဘို့ဆိုတဲ့ ဘို့တဘို့တည်း ကြည့်သွားခဲ့ကြတာပါ။ တကယ်တမ်းကောင်းအောင်၊ တိုးတက်အောင် လုပ်ချင်တဲ့စိတ် မရှိခဲ့ကြပါဘူး။ ရှိခဲ့ရင်လည်း အဲဒီစိတ်က တပြား၊ နှစ်ပြားဖိုးထက် မပိုပါဘူး။ "ရနိုင် သမျှ ချကြ"၊ မင်းအလှည့်ရောက်ရင် မင်းလုပ်၊ ငါတို့တုန်းက ဘယ်လို၊ ဘယ်လို စွန့်လွှတ်ခဲ့တာ၊ ဘယ်လိုတိုက်ယူခဲ့ရတာဆိုပြီး နောက်လူတွေအတွက် မကြည့်ခဲ့ကြပါဘူး။

ကိုယ်ချင်းစာစိတ်၊ ပရဟိတစိတ် မရှိခဲ့ကြပါဘူး။ လူဆန်တဲ့နှလုံးသားတောင် မရှိခဲ့ကြပါဘူး။ အဲလို လူတွေက နောက်လူတွေကို ပေးသွားတဲ့အမွေက ဒါပဲဖြစ်ပါတယ်။ အဲဒီနောက် မျိုးဆက်တွေကလည်း ဒီလို အယူဆိုး၊ အကျင့်ဆိုးတွေ၊ အမွေဆိုးတွေကို အလျားသင့်ပဲ ဆက်ခံကြပါတယ်။ ကောင်းအောင် လုပ်ဖို့၊ တိုးတက်အောင်လုပ်ဖို့၊ ပျက်စီးနေတာကိုပြင်ဖို့၊ မဖြစ်သင့်တာတွေကို ထိန်းသိမ်းဖို့ဆိုတာ ဝေလာဝေး၊ သူ့ထက်ကဲ၊ ရွှေပြည်စိုးဆိုတဲ့ ပုဂ္ဂိုလ် တွေပဲဖြစ် တာကြောင့် ဘိုးဘွားအမွေအနှစ်ကို ဆေးသကြားနဲ့ ထပ်မံအုပ်ခဲ့ပါတယ်။

ကိုယ့်နောက်မှ လူဖြစ်လာကြတဲ့သူတွေ (နောက်မှ လွတ်လပ်ရေးရကြတဲ့သူတွေ) က ကိုယ့်ကို ထိပ်ပုတ်သွားတာ ခံနေရပြီ။ အိမ်ထောင်ဦးစီးတယောက်က လူရမ်းကားဖြစ်နေလို့ သူ့သားသမီး တွေက လူရမ်းကားသားသမီးတွေလို့ ပတ်ဝန်းကျင်ကပြောတာ ခံနေရပါပြီ။ လူဘုံအလယ်မှာ အရှက်ရနေပါပြီ။ လူမလေး ခွေးမခန့် ဖြစ်နေပါပြီ။ တကယ်ဆို ကျနော်တို့မျိုးဆက်တွေအနေနဲ့ အဲလို အပြောခံသင့်သလား။ ကျနော်တို့မှာ ဘာအပြစ်ရှိလို့လဲ။ ဒီပြဿနာတွေက ကျနော်တို့ လုပ်ခဲ့တာဟုတ်လို့လား။ ကျနော်တို့ နောက်မျိုးဆက်တွေနဲ့ ဘာဆိုင်လို့လဲ။ ကျနော်တို့မမွေးခင်က ဖြစ်ခဲ့တဲ့ ပြဿနာတွေရဲ့ အကျိုးဆက်တွေကို ကျနော်တို့က ဆက်ခံရမှာလား။ မိဘရဲ့ ကောင်းမွေ၊ ဆိုးမွေကို လက်ခံရတယ်ဆိုပေမယ့် ဒါမျိုးကို လက်သင့်ခံသင့်သလား။ ဆိုးမွေကို ဘာလို့ယူမှာလဲ။ ကျနော်တို့မလုပ်ခဲ့တဲ့ ပြဿနာတွေ၊ အမွေဆိုးတွေကို ဆက်ခံပြီး ဒီလိုပဲ သူ့ဘက်၊ ကိုယ့်ဘက် ဆက်ချနေကြမလား။ အမွေလုနေကြဦးမှာလား။

ဟိုတုန်းက ၀တ္ထုတအုပ်ထဲမှာ ဖတ်ဖူးတယ်။ အခု စာရေးဆရာကော၊ စာအုပ်နာမယ်ကော စဉ်းစားလို့မရတော့ဘူး။ ဘာလဲဆိုတော့ "တို့ခေတ်တုန်းက လူငယ်တွေက တိုင်းပြည်အတွက် ဘာပေးရမလဲဆိုတာပဲ စဉ်းစားကြတယ်တဲ့၊ အခုလူငယ်တွေက တိုင်းပြည်က ကိုယ့်ကို ဘာပြန် လုပ်ပေးမလဲဆိုတာပဲ စဉ်းစားကြတယ်" လို့ ရေးထားတာကို ဖတ်ဖူးပါတယ်။ ဒီစာကြောင်းလေး တကြောင်းပဲ ပြန်အမှတ်ရပါတယ်။ ကြိုက်လွန်းလို့ပါ။ ဒီစာလိုပဲ ကျနော်တို့လူငယ်တွေ ဖြစ်နေပြီ လား။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့လိုချင်တာက အမွေခံကောင်း လေးတွေပါ။ သားသမီးကတော့ မိဘဆီက ဆင်းရဲရဲ၊ ချမ်းသာသာ အမှတ်တရပဲဖြစ်ဖြစ် အမွေ ပစ္စည်းလေးတော့ လိုချင်တာပါပဲ။ မတတ်နိုင်မှန်းသိရက်နဲ့တော့ ဇွတ်မတောင်းပါဘူး။ အမွေဆိုတာ ကိုယ်နဲ့ထိုက်မှ ကိုယ်ရတာပါ။ မဖြစ်နိုင်တဲ့ ဟိုအခွင့်အရေး၊ ဒီအခွင့်အရေး၊ မတောင်းပါဘူး။

ကျနော်တို့လူငယ်တွေမှာ ကြိုးစားချင်စိတ်၊ စွန့်လွှတ်ချင်စိတ်၊ အနစ်နာခံချင်စိတ်၊ အမှန်တရားကို မြတ်နိုးတဲ့စိတ်၊ တက်ကြွတဲ့စိတ်၊ နိုင်ငံအတွက်၊ တိုင်းပြည်အတွက် ပေးဆပ်ချင်တဲ့စိတ်တွေ အပြည့် ရှိပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ လူမျိုးတိုင်း၊ လူမျိုးတိုင်းက လူငယ်တွေရဲ့ စိတ်ထားပါပဲ။ လူကြီး တွေလည်း တချိန်တုန်းက ဒါမျိုးရှိခဲ့တာပဲ။ အခု အဲဒါတွေကို သတိမရတော့ဘူးလား။ အမှန်တရား မြတ်နိုးပြီး လောကကောင်းကျိုးကို လူ့ဘ၀ရတုန်းမှာ သယ်ပိုး သွားမယ်လို့ စိတ်မရှိကြတော့ဘူးလား။ ကျနော်တို့လူငယ်တွေဟာ မိမိတို့ရဲ့အနာဂတ်ကို ယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းချင်ပါတယ်။ ကျနော် တို့ရဲ့ ယုံကြည်ချက်တွေ ရှင်သန်ပေါက်ဖွားဖို့ ရေခံမြေခံ၊ အမွေခံကောင်းဖို့ လိုပါတယ်။

ဒါကြောင့် ကျနော်တို့ကို တိုင်းပြည်က ဘာလုပ်ပေးနိုင်မလဲလို့ မျှော်လင့်ရတာပါ။ ပန်းလေးတွေဟာ လူ့လောကကို အရောင်၊ အနံ့တို့နဲ့ အကျိုးပြုဖို့ ပွင့်ဖူးမလာခင်မှာ ရှင်သန်ကြီးထွားလာဖို့အတွက် မြေတို့ ရေတို့ လိုပါတယ်။ အခု အနာဂတ်ပန်းတွေ ရှင်သန်ဖို့အတွက် ရှေးဘိုးဘွားအမွေအနှစ် မြေဆီ ရှိနေပါပြီ။ ဆက်လက်ပွင့်လန်းဖို့အတွက် ရေနဲ့တူတဲ့ အခု တိုင်းပြည်ကပံ့ပိုးပေးမယ့် အမွေ လိုပါတယ်။ ဒါ ငါတို့ရတဲ့အမွေကွဆိုပြီး လူဘုံအလယ်မှာ မျက်နှာ ပန်းလှချင်ပါတယ်။ တိုင်းပြည် အတွက် ဂုဏ်ယူချင်ပါတယ်။ တိုင်းပြည်အကျိုးကိုလည်း ဆတက်ထမ်ပိုးတိုးပြီး ထမ်းဆောင်ချင် ပါတယ်။ ကျနော်တို့က ဖြစ်လာမယ့် မျိုးဆက်တွေ ကိုလည်း အမွေခံကောင်းတွေ၊ အခြေခံကောင်း တွေသာ ပေးထားရစ်ခဲ့ချင်ပါတယ်။

အစွမ်း ကုန်ဖူးပွင့်ချင်ပေမယ့် မြေခံ၊ ရေခံ၊ အမွေခံမကောင်းရင်တော့ မည်သည့်အနာဂတ်ပန်းမျှ လှပ လာမည် မဟုတ်ပါ။ ဒီလိုဆိုရင် နောက် နောင်မျိုးဆက် တွေ မှာ ပို၍ဆိုးရွားဖွယ်သာ ရှိပါတော့တယ်။ မျိုးစေ့မမှန်လို့ ပင်မသန်ရတာမဟုတ်ဘဲ အထိန်းအသိမ်းမတတ်လို့ ပျက်စီးရခြင်းသာဖြစ် ပါကြောင်း။ ။

အဝေးရောက်မြန်မာတဦး (ခေါင်းစဉ်ပေးထားတာကတော့ အမွေတဲ့)

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

လမ်းပြင်ရန်အချိန်မရှိ တွင်းတူးဖို့ သာစိတ်ဝင်စား

ကုန်ပစ္စည်းနှင့် ယာဉ်တန်ချိန် ထက်ဝက်ကျော် လျှော့ချ နန်းဒေဝီ အင်္ဂါနေ့၊ သြဂုတ်လ 04 ရက် 2009 ခုနှစ် 15 နာရီ 33 မိနစ်
နယူးဒေလီ (မဇ္စျိမ)။ ။ ရှမ်းပြည်တောင်ပိုင်းအတွင်း အဝေးပြေး ကုန်တင်ကားများအနေဖြင့် ကုန်တန်ချိန်ကို ထက်ဝက်ကျော် လျှော့ချရန် ဆောက်လုပ်ရေးဌာနက ညွှန်ကြားလိုက်သည်။

တောင်ကြီး-ကလော-သာစည်အကြား ပြေးဆွဲသည့် ကုန်တင်ကားများဖြစ်သည့် ၁ဝ-၁၂ ဘီးကားများအား ယခင်က ကုန်တန်ချိန် ၄၀ ကျော် ခွင့်ပြုထားရာမှ ယခုအခါ ၁၉ တန်အထိ (ယာဉ်တန်ချိန်-၁၄ တန်နှင့် ကုန်ပစ္စည်း ၅ တန်) လျှော့ချရန် ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“အခုက ပိဿာချိန် ၁ သောင်းကျော်ပဲ တင်ခွင့်ပေးတော့တယ်။ အရင်ကတော့ ၂ သောင်းအထိ (၄၀ တန်) တင်ရတယ်” ဟု ကလော-တောင်ကြီး ကုန်စည်တင်ဌာနမှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုထွန်းထွန်းနိုင်က မဇ္ဈိမကို ပြောသည်။

ထိုကဲ့သို့ ကုန်စည်လျှော့ချ သယ်ဆောင်ရသောကြောင့် အဝေးပြေးယာဉ်များ တွက်ချေမကိုက်ဖြစ်ကာ ယာဉ်ပြေးဆွဲမှု နည်းပါးသွားကြောင်း သိရသည်။

“တချို့ကုန်တင်ယာဉ်တွေ မကိုက်တော့ နားနေကြပြီ။ ကုန်တင်ကားထွက်တာ နည်းလာတော့ ပစ္စည်းတွေက ဈေးတင်ရမလို ဖြစ်နေတယ်။ အသေအချာ၊ တိတိကျကျ ညွန်ကြားတာလည်း မရှိတော့ ကျနော်တို့ ဘာလုပ်ရမှန်းကို မသိတာ။ ကုန်တင်ကားပိုင်ရှင်တွေကလည်း ပိုက်ဆံအရ နည်းတော့ မထွက်ချင်ကြတော့ဘူး” ဟု ကိုထွန်းထွန်းနိုင်က ပြောသည်။

အဝေးပြေးလမ်းများ ပျက်စီးနေသော်လည်း တောင်ကြီးမြို့တောင်ခြေရှိ အေးသာယာနှင့် ဘုရားငါးဆူ ပြည်ညောင် (မန္တလေး) ကြားအထိ ၆ ဘီးကားများဖြင့် သယ်ဆောင်နိုင်ပြီး၊ ထိုမှတဆင့် သာစည်မြို့အထိ ၁၀-ဘီး -၁၂ ဘီးကားများဖြင့် ပြောင်းလဲတင်ဆောင်နိုင်ကြောင်း အင်းစိန်-ဂျပန်လမ်းရှိ အဝေးပြေး ကုန်စည်တင်ဌာနက ပြောသည်။

ထို့အပြင် ဆောက်လုပ်ရေးက တာဝန်ယူဆောက်လုပ်ခဲ့သည့် တောင်ကြီးမြို့အတွင်းရှိ ရပ်စောက်-တောင်ကြီး-ဟိုပုန်း အဝေးပြေး ကားလမ်းမကြီးများသည် ပျက်စီးနေပြီး ယနေ့တိုင် ပြင်ဆင်ခြင်း မရှိသေးကြောင်း သိရသည်။

“အဲဒီလမ်းကြောင်းတွေက တလမ်းမောင်းတွေဆိုတော့ လမ်းကဆိုးတယ်။ ဒီလို မိုးတွင်းဆို ပိုဆိုးတာပေါ့ဗျာ။ အဲဒီ တောက်လျှောက်လမ်းတွေက ဆောက်လုပ်ရေးက တာဝန်ယူလုပ်ထားတာ။ ဘယ်လိုမှ မပြင်ကြတော့ အခုလို ဆက်ဖြစ်နေတာ” ဟု ရန်ကုန်မြို့ အင်းစိန်-ဂျပန်လမ်းရှိ အဝေးပြေးကုန်စည်တင်ဌာနမှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက တောင်ကြီး-ကလော-သာစည် အဝေးပြေး လမ်းမအကြား ယာဉ်တန်ချိန် ကန့်သတ်ခဲ့သော်လည်း ရန်ကုန်-မန္တလေးလမ်းများ မပါဝင်သေးကြောင်း သိရသည်။

၄၃၂ မိုင် ကွာဝေးသည့် ရန်ကုန်-မန္တလေး လမ်းမအကြား ပြေးဆွဲနေသည့် အဝေးပြေး ကုန်တင်ကားအရေအတွက် တိုးပွားပြီး၊ မြို့ဝင်ကြေး၊ တံတားဖြတ်ခ၊ ကတ္တားချိန်ခတို့ ပေးဆောင်ရသဖြင့် ကုန်ကျစရိတ်များကာ အမြတ်ငွေ ထိုးကျလာသည်ဟု အင်းစိန်-ဂျပန်လမ်းရှိ ကုန်စည်တင်ဌာနမှ တာဝန်ရှိသူက ပြောသည်။

သူက “အရင်က ပစ္စည်းတင်တဲ့အခါ တပိဿကို ၄၀-၅၀ အေးရှားဝေါလ်၊ ရွှေသံလွင်၊ ယုဇန၊ ဒဂုံ၊ အိုလံပစ်၊ ကမ္ဘောဇ စသည့် ဆောက်လုပ်ရေးအဖွဲ့များက သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ယူ တည်ဆောက်ခဲ့ပြီး ဖြတ်သွားဖြတ်လာ မော်တော်ယာဉ်များသည် တံတားခ၊ ဂိတ်ခ၊ ကတ္တားခအပြင် မြို့အဝင် အခကြေးငွေများကို သက်ဆိုင်ရာ ကုမ္ပဏီများထံ ပေးဆောင်ကြရသည်။

“တံတားဖြတ်ခ၊ ကတ္တား (ကုန်စည်) ချိန်ခ၊ မြို့ဝင်ကြေးတွေ ပေါင်းလိုက်တော့ ၁ သိန်း ၈ သောင်းကျော် ပေးရတယ်။ အဲဒါတောင် ယာဉ်မောင်းစရိတ်၊ စားစရိတ် မပါသေးဘူး။ ကတ္တားချိန်တဲ့ နေရာကိုက ၁၂ သင်းတောင် ရှိတယ်” ဟု ထိုကုန်စည်တင်ဌာနမှ တာဝန်ရှိသူက ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

စုစုနွေး တိုက်ပိတ်ခံရ

Tuesday, 04 August 2009 16:44 ကိုထွေး
လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် အာဇာနည်နေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရေးစပ်ထားသည့် သီချင်းတပုဒ်ကို သီဆိုခဲ့သည့် အတွက် ၃ ရက် တိုက်ပိတ် ခံခဲ့ရသည်။
စုစုနွေး၏ အစ်မဖြစ်သူ မဌေးဌေးကြည်က “ကျမ ဇူလိုင်လ ၂၁ရက်နေ့က သွားတော့ သူက တိုက်ပိတ်ခံရတာ ကနေ ပြန်လွတ်နေပြီ၊ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကိုမင်းကိုနိုင် ရေးတဲ့ သီချင်းကို ဆိုတာကြောင့်လို့ ပြောတာပဲ၊ သီချင်း ခေါင်းစဉ်တော့ မသိဘူး၊ လွတ်လပ်ရေး သီချင်းလို့ ပြောတယ်၊ ၃ ရက် တိုက် အပိတ်ခံ ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်ရှိ မစုစုနွေး၏ ကျန်းမာရေးမှာ ဆိုးရွားခြင်း မရှိကြောင်း၊ သို့သော် ထောင်တွင်းတွင် ကျန်းမာရေးနှင့် ပတ်သက်၍ လာရောက် စစ်ဆေးသူများမှာ တတ်ကျွမ်း နားလည်သော ဆရာဝန်များ မဟုတ်ဘဲ ဆေးမှူးများသာ ဖြစ်ကြောင်း သိရသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မဌေးဌေးကြည်က “သွားတွေရတာက ဂန့်ဂေါ ဘက်က သွားရတော့ စရိတ်လည်း မတရား ကုန်တယ်၊ လူလည်း အရမ်း ပင်ပန်းတယ်” ဟုပြောသည်။

စက်တင်ဘာ လဆန်းပိုင်းတွင် ထပ်မံ သွားရောက်ရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သော မတ်လက အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က ကလေးမြို့ အကျဉ်းထောင်သို့ ရောက်ရှိနေသော မစုစုနွေးကို ကျန်းမာရေး အခြေအနေအရ မိသားစုနှင့် နီးသည့် ဒေသ အကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးရန် မြန်မာ ပြည်ထဲရေး ၀န်ကြီးထံသို့ စာရေးသား ပေးပို့ တောင်းဆိုခဲ့သည်။

ထိုစဉ်က မစုစုနွေး၏ ကျန်းမာရေး ဆိုးရွား၍ ကလေးမြို့ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူရကြောင်း သိရသည်။

မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာ ရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး အာဏာပိုင်များ လိုက်လံ ဖမ်းဆီး၍ ရှောင်တိမ်းနေရစဉ် ကာလ အတွင်း ခွဲစိတ်ကုသမှု တကြိမ် ပြုလုပ်ခဲ့ရသည်။

မစုစုနွေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ် ခွဲ ချခံထားရသူဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် အင်းစိန်ထောင်မှ ကလေးမြို့ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

မစုစုနွေးသည် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် လုပ်အားပေး ခိုင်းစေသည့် ရပ်ကွက်အာဏာပိုင်များကို တရားစွဲဆိုရာမှ ထင်ရှားသည့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်လာသည်။

ထိုသို့ တရားစွဲခဲ့ရာတွင် အာဏာပိုင်များကို ခြိမ်းခြောက်သည်ဟု ပြန်လည်စွပ်စွဲခံရပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမ အကြိမ် အဖမ်းခံခဲ့ရသည်။ ထို့နောက် မစုစုနွေးသည် ထောင်ဒဏ် တနှစ်ခွဲ ချမှတ်ခံခဲ့ရသည်။

ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် စစ်အစိုးရက မကြာခဏ ဖမ်းဆီး ထိန်းသိမ်းခဲ့သော မစုစုနွေးကို နိုင်ငံတကာက ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။

မစုစုနွေးသည် ကနေဒါနိုင်ငံမှ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့တဖွဲ့၏ John Humphrey ဆု၊ ချက်သမ္မတနိုင်ငံ people in need အဖွဲ့က ပေးအပ်သည့် Homo Momini ဆု၊ အီတလီနိုင်ငံ၊ Agrate မြို့က ပေးအပ်သည့် ဂုဏ်ထူးဆောင်မြို့သားဆု တို့ကို ရရှိထားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အသက်တချောင်း ဆန်ကွဲဖွဲနုသို့ နယ် တန်ဖို့ တမျှနှင့်

နအဖ စစ်တပ်၏ ဆန်နှင့် တပ်သားသစ် လှဲလှယ်ရေး အစီအစဉ် အောင်မြင်မူရနေ 8/4/2009
မင်းအောင်(နိရဉ္စရာ) အိန္ဒိယ နယ်စပ်နှင့် ကပ်နေသော ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နအဖ စစ်တပ်မှ မိသားစုများသို့ ဆန်နှင့် ငွေပေးပြီး တပ်သားသစ် စုဆောင်းနေသော စီမံကိန်းမှာ အောင်မြင်မူ ရနေသည်ဟု သတင်းရရှိသည်။

အမည်မဖေါ်လိုသူ အရပ်သား တဦးက အိန္ဒိယ နယ်စပ် သရော်အိုင်ကျေးရွာမှ ရခိုင်လူငယ် ၆ ဦးမှာ စစ်တပ်မှ မိသားစုများသို့ ငွေနှင့် ဆန်ထုတ်ပေးပြီးနောက် များမကြာမှီက နအဖ စစ်တပ်ထဲသို့ ၀င်ရောက် သွားသည်ဟု ပြောသည်။

နအဖ တပ်ထဲ ၀င်ရောက် သွားသည့် လူငယ် ၆ ဦးမှာ ဦးသိန်းအောင်၏သား ဘိုဝင်းထွန်း(၁၈) နှစ်၊ ဦးချင်းခိုင်၏သား အောင်အောင်သန်း (၁၈)နှစ်၊ ဦးမောင်ကျော်၏သား ကျော်ကျော်ဝင်း (၁၈)နှစ်၊ ဦးအောင်ထွန်းဦး၏သား အောင်သိန်း (၂၀)နှစ်၊ ဦးချင်းချေ၏သား ဖိုးသိန်းကျော် (၁၈) နှစ်နှင့် ဦးအောင်ထွန်းခိုင်သား မောင်လုံး (၁၇) နှစ်တို့ဖြစ်ကြသည်။

အစားအစာ ရှားပါးမှုကို အခွင့်ကောင်းယူပြီး နအဖ စစ်တပ် တပ်ရင်းများမှ အိန္ဒိယ နယ်စပ် အနီးတွင် နေထိုင်သော ရခိုင်၊ ချင်း၊ မြိုနှင့် ခမီး စသည့် လူငယ်များကို စည်းရုံးနေသည့် အတွက် ရခိုင်လူငယ် ၆ ဦး ယခုကဲ့သို့ စစ်တပ်ထဲကို ၀င်ရောက်သွားခြင်းဖြစ်သည်ဟု သူက ပြောသည်။

အဆိုပါ လူငယ်များထဲမှ တချို့မှာ ပလက်ဝမြို့နှင့် သရော်အိုင်ကျေးရွာအကြား ပြေးဆွဲနေသည့် စက်လှေများတွင် အငှားလိုက်နေ သူများဖြစ်ကြပြီး ရလာသော လစာဖြင့် မိသားစု စားဝတ်နေရေးကို မဖြေရှင်းနိုင်ဘဲ ရှိနေကြသည့် လူငယ်များ ဖြစ်ကြသည်ဟု သိရသည်။

ယခု တပ်ထဲ ၀င်ရောက်သွားသူများမှာ ပညာအရည် အချင်း ၃ တန်းထိသာ ရှိသူများဖြစ်ကြပြီး ထိုအထဲမှ မောင်လုံးမှာ လုံးဝ ကျောင်းမနေဖူးသူ ဖြစ်ကြောင်း သိရသည်။

သူတို့ ၆ ဦးကို ယခုအခါ ပလက်ဝ တပ်ရင်း ၂၈၉ သို့ ပို့ဆောင်လိုက်ပြီး ပလက်ဝမှ တဆင့် စစ်တွေစုဆောင်းရေးသို့ ပို့ဆောင်သွားမည် ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သော ရက်အနည်းငယ် ကလည်း အဆိုပါဒေသအတွင်း ခမီးအမျိုးသား လူငယ်များကို ဆန်ပေး စည်းရုံးသည့်အတွက် ပြင်တိုင်း ကျေးရွာမှ လူငယ် (၃) ဦးမှာ စစ်တပ်ထဲသို့ ၀င်ရောက်သွားကြသည်။

ဝင်ရောက်သွားသော လူငယ် (၃) ဦးမှာ ဦးကိုးရစ် (ကွယ်လွန်) ၏သား ပြိုအောင် (အသက် ၂၁ နှစ်)၊ ဦးအိုလံ (ကွယ်လွန်) ၏သား ထွန်းလင်း (၁၉ နှစ်) နှင့် ဦးကြီးဒေါင်၏သား ရာမူ ( ၂၀) တို့ ဖြစ်သည်။

ယခုအခါ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အသက်၁၈ နှစ်နှင့် ၂၅ နှစ်အတွင်း လူငယ်များ၏ စာရင်းကို ဒေသခံ စစ်တပ် တပ်ရင်းများ ကောက်ယူနေသဖြင့် လူထုအတွင်း စိုးရိမ်မူများ အထူးတိုးပွားနေသည်ဟု သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အပစ်ရပ်များအပေါ် ပိုမိုဖိအားပေး ထိန်းချုပ်ရန် ရပခ စစ်တိုင်းရုံး အရေးပေါ်စည်းဝေး

အင်္ဂါနေ့၊ 04 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
အပစ်ရပ်သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း ထိန်းချုပ်နယ်မြေနှင့် မျက်နှာချင်းဆိုင်ဒေသတ၀ိုက်အခြေချ တပ်စိုက်ကြ သည့် တပ်ရင်းမှူး၊ တပ်ခွဲမှူးများအား အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်က အစည်းအဝေး ဆင့်ခေါ်ခဲ့သည်ဟု သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။

“သြဂတ်စ် ၂ ရက်နေ့တုန်းက လားရှိုးစစ်တိုင်းရုံးမှာ အစည်းအဝေးလုပ်တယ်။ တပ်ရင်းမှူး တပ်ခွဲမှူးတွေ ၈၀ လောက် တက်တယ်။ အထူးသဖြင့် အပစ်ရပ်မြောက်ပိုင်း SSA နဲ့ မျက်နှာချင်းဆိုင် ဒေသမှာစခန်းချကြတဲ့ တပ်မှူးတွေဆိုဘဲ။ မြို့နယ် စရဖ တပ်ဖွဲ့မှူး တွေလဲပါတယ်။ ”- ဟု စစ်တိုင်းရုံးအရာများနှင့် ၀င်ဆန့်သည့်အမည်မဖေါ်လိုသူတဦးက သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။

အစည်းအဝေးတွင် - အပစ်ရပ်များအပေါ်ထားရှိသည့် နည်းဗျူဟာသစ် ထပ်မံချမှတ်ကြောင်း၊ ဗိုလ်မွန်းဦးဆောင်သော (တန့်ယန်းမြို့နယ်) မန့်ပန်ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့၊ လောဝ်မားဦးဆောင်သည့် (မိုင်းရယ်မြို့နယ်) မိုင်းဟဌာနေပြည်သူ့စစ် တပ်ဖွဲ့များအား နအဖ တပ်နှင့်အတူ အပစ်ရပ်နယ်မြေအတွင်း ထိုးဖေါက် စခန်းချခိုင်းရမည် ဖြစ်ကြောင်း၊ပြောဆိုမှာကြား ခဲ့သည်ဟုဆို၏။

“ပြည်သူ့စစ်တပ်ဖွဲ့တွေကို နယ်မြေချဲ့ထွင် ထိုးဖေါက်ခိုင်းမယ့်နေရာတွေကတော့ မိုင်းရယ်မြို့အရှေ့ တောင်ဘက်တ၀ိုက် နဲ့ တန့်ယန်းမြို့နယ် မိုင်းကောဝ် အရှေ့ဖက် သံလွင်မြစ်အနောက်ဖက်ကမ်းတလျှောက် - အပစ်ရပ် SSA - N တပ်မဟာ (၁) နယ်မြေထဲအထိလေ ”- ဟု ပြည်သူ့စစ်ခေါင်းပိုင်းနှင့် ရင်းနှီးသည့် ပုဂ္ဂိုလ်တဦးက ဆိုသည်။

ထို့အပြင် အပစ်ရပ် SSA မြောက်ပိုင်းထိန်းချုပ်နယ်မြေနှင့် မျက်နှာချင်းဆိုင်နယ်ခြားတလျှောက်၌ စစ်အစိုးရအင်အား ပိုမို ဖြည့်တင်း နေရာယူရမည်ဖြစ်ကြောင်း၊ စခန်းဟောင်းများလည်း ပြန်လည်မွမ်းမံပြင်ဆင် တပ်ချရမည်ဟုဆိုကြောင်း၊ မိုင်းရယ်၊ တန့်ယန်း၊ မိုင်းရှူးမြို့နယ် မှ စရဖ အရာရှိများလည်း အပစ်ရပ်များအပေါ် မျက်ခြေမပြတ် စောင့်ကြည့်ရမည် ဖြစ် ကြောင်း - အစည်းအဝေး၌ မှာကြားသည်ဟုဆို၏။

အခြားတဖက်တွင်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ်ကို ခေါင်းခါငြင်းဆန်သည့် တရုပ် နယ်စပ်အခြေစိုက် UWSA ၀ တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့ ၊ NDAA မိုင်းလားတပ်ဖွဲ့ ၊ NDAA ကချင်လွတ်လပ်ရေး တပ်မတော် ၊ KIA ဒီမိုကရေစီသစ် တပ်မတော် - ကချင် တပ်ဖွဲ့များ၏ နယ်ခြားတလျှောက် စစ်အစိုးရတပ် အင်အားတိုးချဲ့ ဖြည့်တင်းမှုများနှင့် တပြိုင်တည်း စိတ်ဓါတ်စစ်ဆင်ရေးနည်းလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေကြောင်း အပစ်ရပ်အဖွဲ့ များနှင့် အ၀င်အထွက်ရှိသည့် ကုန်သည်တဦးက - ဆိုသည်။

“ဒေသခံလူထုနဲ့ အပစ်ရပ်ဒေသအတွင်း သွားလာလှုပ်ရှား ရောင်းဝယ်နေတဲ့ ကုန်သည်တွေ၊ လောင်းကစားသမားတွေ ကတော့ ပုံမှန်ဘဲ၊ ကွန်လုံ၊ ဟိုပန်၊ ပန်လုံ ဖက်မှာရှိတဲ့ နအဖ ၀န်ထမ်းတွေကတော့ ‘တိုက်ပွဲဖြစ်လာရင် ပစ္စည်းတွေဘာတွေ သိမ်းဆည်းရွှေ့ပြောင်း လွယ်အောင် ပြင်ဆင်မှု မလုပ်ထားဘူးလား၊ ကျုပ်တို့တော့ အဆင့်သင့်ဖြစ်နေပြီ’ စတာတွေ တီးတိုးပြောနေတာကြားတယ်” - ဟုဆို၏။

အပစ်ရပ် SSA မြောက်ပိုင်းတပ်ဖွဲ့ထိန်းချုပ်နယ်မြေ အရှေ့ဘက်တလွှား (သံလွင်မြစ်အနောက်ဘက်ခြမ်း) ကား၊ ၀ ဒေသ အနောက်ဘက်ခြမ်း နှင့် ကပ်လျက်တည်ရှိသောကြောင့် အင်အားတောင့်တင်းသည့် ၀ တပ်ဖွဲ့အားထိုးစစ်ဆင် တိုက်ခိုက်လျှင် အပစ်ရပ် SSA မြောက်ပိုင်းတပ်ဖွဲ့လည်း စစ်အစိုးရအဘို့ အနှောင့်အယှက်ဖြစ်နေသဖြင့် SSA နယ်မြေအတွင်း ထိုးဖေါက် နေရာယူနိုင်ရန် အရေးကြီးသည်ဟု သုံးသပ်သူများ ပြောဆိုနေကြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Tuesday, August 4, 2009

Respect for the state and know who you are crossing

ကျောက်မီးသွေးသယ်မည့် ဖြတ်လမ်းကိစ္စ SSA အခွင့်ရယူရန်လို တနင်္လာနေ့၊ 03 သြဂုတ်လ 2009 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်း မုံးကုတ်ဒေသထွက် ကျောက်မီးသွေးတူးရန် နှစ် ၄၀ ကန်ထရိုက်ရထားသည့် ထိုင်းနိုင်ငံ ဆရပူရီ ကုမ္ပဏီ အား ထိုင်းနိုင်ငံသို့ ကျောက်မီးသွေးသယ်မည့်ဖြတ်လမ်းအသစ်ဖေါက်လုပ်လျှင် သျှမ်းပြည်တပ်မတော်ထံ ခွင့်ရယူ ရမည်ဟု SSA ခေါင်းဆောင် ဗိုလ်မှူးကြီးယွက်စစ်ပြောက ပြောသည်။

“ကျောက်မီးသွေးသယ်ယူဖို့ ထိုင်းနိုင်ငံအတွင်းမှာ ဖေါက်လုပ်မယ့်လမ်းပိုင်းက ကျနော်ဘာမှ မပြောလိုဘူး။ သျှမ်းပြည် အတွင်းပိုင်းမှာ ဖေါက်လုပ်မယ့်ကိစ္စကတော့ ကျနော်တို့ထိန်းချုပ်နယ်မြေကို ဖြတ်ကျော်ဖေါက်လုပ်မယ်ဆိုတော့ ကျနော် တို့ နဲ့တိုင်ပင်ဆွေးနွေးမှု၊ သဘောတူညီမှုမရှိဘဲနဲ့ ဖေါက်လုပ်သွားခွင့်မရှိဘူး”- ဟု ဗိုလ်မှူးကြီးယွက်စစ်က သျှမ်းသံတော်ဆင့် သို့ ယခုလ ၁ ရက်နေ့က ပြောပြ၏။

သံလွင်အရှေ့ခြမ်း မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ မုံးကုတ် (ခေါ်) မိုင်းခုတ်ထွက် ကျောက်မီး သွေးများ တူးယူ ခွင့်တင်ဒါကို စစ်အစိုးရက ထိုင်းနိုင်ငံ ဆရဘူရီ ကျောက်မီးသွေး ကုမ္ပဏီ (Saraburi Coal Mining) အား နှစ် ၄၀ စာချုပ်ဖြင့် ၂၀၀၈ နှောင်းပိုင်းက ပေးပြီးနောက် ကျောက်မီးသွေးများအား ထိုင်းသို့ သယ်ဆောင်ရာတွင် မိုင်းဆတ်၊ မုံးကုတ်၊ မိုင်းလုံ၊ တာချီလိတ် - မယ်ဆိုင် လမ်းကိုအသုံးမြုပလိုဘဲဖြတ်လမ်းဖြင့် တောင်ဘက်စူးစူး မုံးကုတ် - မိုင်းတွမ်း - ယောင်ခါ - မယ်ကျုတ် မှတဆင့် ထိုင်းနယ် စပ်ကိုဖြတ်၍ မုံ့ကောဝ်လန် - ဟင်တက် မှ ချင်းရိုင်းသို့ တိုက်ရိုက် သယ်ဆောင်လိုသည်ဟု ဆို၏။

“ကျောက်မီးသွေးသယ်ဖို့ကိစ္စက ကျနော်အပါအ၀င် အများပြည်သူက သဘောမတူဘူး၊ ဒါပေမယ့် ဆရပူရီကုမ္ပဏီက လမ်းဖေါက်ရေးအတွက် လူထုဆန္ဒကောက်ယူတဲ့စစ်တမ်းကို ပြီးခဲ့တဲ့လက ကွင်းဆင်း လုပ်ခဲ့တယ်။ စစ်တမ်းအရ ကန့် ကွက် တဲ့သူများတယ်။ ဒါတောင်သူတို့ဆက်လက် အကောင်အထည် ဖေါ်မယ်ဆိုရင်တော့ ကျနော်တို့ဘက်ကစုရုံးဆန္ဒ ပြဖို့ဘဲ ရှိတော့တယ်” - ဟု အမည်မဖေါ်လိုသည့် ဟင်တက်မှ ကျေးရွာသူကြီး တဦးကဆိုသည်။

ဖြတ်လမ်းမှတဆင့်သယ်ဆောင်လျှင် (၁) သဘာဝ သစ်တောပြုန်းတီးမှုအန္တရာယ်၊ (၂) လူကုန်ကူးမှုပြဿနာ၊ (၃) မူးယစ် မှောင် ခိုပြဿနာ၊ (၄) သျှမ်းပြည်တပ်မတော်တောင်ပိုင်းလှုပ်ရှားနယ်ဖြစ်သောကြောင့် နယ်စပ်လုံခြုံရေးဆိုင်ရာပြဿနာ များကြံ တွေ့လာနိုင်ဘွယ်ရှိကြောင်း - ၎င်းင်းကပြောပြသည်။

မုံးကုတ်ကျောက်မီးသွေးတွင်းမှတဆင့် ကျောက်မီးသွေးဆိုင်ရာအသုံးဝင်သတ္တုများအားလုံး တရက်လျှင် အနည်းဆုံး တန်ချိန် ၅၀၀၀ထိုင်းသို့တင်ဆောင်နိုင်မည်ဟုအဆိုပါကုမ္ပဏီမှကျွမ်းကျင်ပညာရှင်များကခန့် မှန်းထားကြသည်။ အလား တူပင် သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ်တွင် လွန်ခဲ့သည့် ၆ - ၇ နှစ်ကကျောက်မီးသွေးတွေ့ရှိ ထား သောကြောင့် တူးဖေါ်ရန် နအဖ စစ်အစိုးက ဒေသခံများ၏လယ်/ယာ/ခြံမြေအများအပြားသိမ်းယူထားကြောင်း သျှမ်းပြည်တောင်ပိုင်း သတင်း ရပ်ကွက် ကဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Sunday, August 2, 2009

ငါသမားများအတွက် ကိုကောင်းကင်ကို ဖေါ်ညွှန်းတဲ့ ငါ

Tuesday, July 28, 2009
ငါသုံးငါ
အတိတ်ဘဝကငါ…..
အခုရုပ်နဲ့မဟုတ်ခဲ့တဲ့ငါ
အခုစိတ်နဲ့ လည်း မဟုတ်ခဲ့တဲ့ငါ
သူစိုက်ပျိုးခဲ့သမျှ ဒုက္ခ
ငါရိတ်သိမ်းနေရ။

နောက်ဘဝ ဖြစ်မယ့်ငါ
ဝှက်ဖဲ တချပ်ဖြစ်နေတဲ့ငါ…..
အခုရုပ်နဲ့ မဟုတ်တော့မယ့်ငါ
အခုစိတ်နဲ့ မဟုတ်တော့မယ့်ငါ

ငါမမှတ်မိတော့မယ့် ငါမှာ
ငါနဲ့ တူတာ ဘာကျန်ဦးမလဲ။
သေချာမမြင်နိုင်သေးတော့လည်း
နောက်ဘဝငါဆိုတာ တခြားတယောက်လိုပဲ။

အခုလက်ရှိငါ
ငါသန်းပေါင်းများစွာထဲက ငါပေါ့
ငါက…
အခုရေတွင်းတူးရင် အခုရေကြည်သောက်ရမှ ကျေနပ်တတ်တယ်။
ငါက
ညောင်ပင်ရမရ မသေချာတိုင်း ညောင်စေ့လေးကို နှမြောတတ်တယ်။

ငါက
တသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီး
တသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။

ငါက
အပေးအယူလေးနဲ့ မှ
ပြေးကူဖေးမ လေ့ရှိတယ်။
ဖောင်စီးဆဲ ရေငတ်နေတဲ့ငါပေါ့
အမှောင်ကြီးထဲ နေတတ်နေတဲ့ငါ။

လူ့ စိတ်ဆိုတာကလည်း
အချိန်နဲ့ အမျှပြောင်းနေတဲ့
အီကွေးရှင်းတကြောင်းလား?
မကောင်းတာလုပ်ဖို့ လွယ်နေတဲ့အချိန်မှာ ငါက ငရဲကိုမေ့တယ်။
ကောင်းတာလုပ်ဖို့ ခက်နေတဲ့အချိန်မှာ ငါက နတ်ပြည်ကိုမေ့တယ်။

ငါက
အကောင်အထည်ဖော်နိုင်ခွင့်သိပ်မရှိတဲ့ အချိန်တွေကျ
တခါသုံးမေတ္တာတွေကို နှုတ်ခမ်းလေးလှုပ်ရုံပဲထုတ်တယ်။
လက်တွေ့ ဖြည့်ဆည်းပေးရမယ့် အချိန်ကျ
ငါ့လက်ဖဝါးမှာ မေတ္တာတွေခန်းနေတတ်တယ်။
ဒီလိုနဲ ငါဟာ
အဖိုးတန်ရတနာတွေကို
တကန့် စာ မီးခံသေတ္တာထဲမှာ သိမ်းထားလိုက်ပြီး
နံနက်ခင်းတချို့ မှာ စိတ်ဖြေရုံပဲ ထုတ်ကြည့်နေခဲ့။

ရေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါးတွေလို
ကြိုးတွေရဲ့ ပြင်ပမှာ မနေနိုင်တဲ့ငါက
ယောနသံစင်ရော်လိုလည်း ပျံချင်ခဲ့တယ်။
တကယ်လို့ 
ခုချက်ခြင်း ဆုတောင်းတွေ ပြည့်မယ်ဆိုရင်တောင်
ခုချက်ခြင်း ကြိုးတွေကို ငါဖြတ်ရဲပါ့မလား။

နောက်ဆုံးတော့….
အမှုတရာနဲ့ 
အခုငါကို
စာတကြောင်းတည်းနဲ့ ပြောရရင်

ငါဟာ
ဗြောင်းဆန်အမှားတွေနဲ့ 
ပြောင်းပြန်သွားနေတဲ့ ရထား။
ကောင်းကင်ကို http://kaungkinko.myanmarbloggers.org/

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

၈၈၈၈ - ၂၁ နှစ်မြှောက်တော့မယ်

ဆက်ဖတ်မယ်ဆိုရင်....

အဖေကျော် ပထွေး တရုတ်ကို အတုယူခိုးချသော နအဖ စစ်တပ်

တရုတ်ကို အတုယူခိုးချသော နအဖ စစ်တပ် ဆောင်းပါး ဘိုဘိုကျော်ငြိမ်း စနေနေ့၊ သြဂုတ်လ 01 ရက် 2009 ခုနှစ် 19 နာရီ 07
ဒုံးပျံလက်နက်များနှင့် အနုမြူဗုံးပိုင်ဆိုင်ခွင့်ရလာသော နိုင်ငံသည် ထိုအနုမြူဒုံးပျံများအား လုံခြုံစွာ ထိန်းသိမ်းရန်နှင့် မတော်တဆ ပစ်ခတ်မှုသော်လည်းကောင်း၊ လူဆိုးဗိုလ်ချုပ် (Rogue-General) (သို့) ဗိုလ်ချုပ်တဦးဦးက ရူးပြီး ပစ်မိန့်မပေးနိုင်အောင် ထိန်းသိမ်းရန် တာဝန်ရှိလာပါသည်။ အမေရိကန်စနစ်တွင် အမေရိကန်သမ္မတကပဲ ပစ်မိန့်ပေးနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်သမ္မတအနီးတွင် လျှို့ဝှက်ကုတ် (code) များ သယ်ဆောင်ထားသည့် စစ်ဗိုလ်တဦး အမြဲရှိနေရပါသည်။ လူနှစ်ဦး ပြိုင်တူဖွင့်မှ အနူမြူလက်နက်များကို လက်နက်တပ်ဆင်နိုင်ပါသည်။ အမေရိကန်စနစ်မှာ အနုမြူလက်နက်များကို ကုန်းမှပစ်ရန်၊ ရေမှပစ်ရန်၊ လေမှပစ်ရန်ဆိုပြီး ခွဲထားပါသည်။ ထို့ကြောင့် ကြည်းတပ် ရေတပ် လေတပ်ပိုင် အနုမြူလက်နက်များရှိသလို ကိုယ့်ဆိုင်ရာဌာနအတွက် (Research & Development) ဟုခေါ်သည့် သုသေသနပြုမှုနှင့် ဖော်ထုတ်တည်ဆောက်မှုကို ဆိုင်ရာဌာနများက ဦးစီးဆောင်ရွက်ရပါသည်။

တရုတ်စနစ်တွင်မူ အနုမြူလက်နက်အားလုံးသည် Second Artillery Corp ဒုတိယ အမြောက်တပ်အစု အောက်မှာရှိပါသည်။ အနုမြူလက်နက်အတွက် သုတေသနနှင့် ဖော်ထုတ်မှု၊ လက်နက်တပ်ဆင်မှု၊ ဖြန့်ဝေမှုအားလုံးသည် ဤဌာနအောက်တွင် ရှိပါသည်။ နအဖ စစ်ဗိုလ်ချုပ်များ ခိုးချထားသော စစ်အတွေးအခေါ် Military Doctrine ဖြစ်သည့် ခေတ်သစ်အခြေအနေအောက်ရှိ ပြည်သူ့စစ် People’s War Under Modern Condition အရ အကယ်၍ ရန်သူစစ်တပ်များ ဝင်တိုက်ခဲ့လျှင် ခံစစ်ဖြင့် တင်းခံပြီး၊ ပြောက်ကျားစစ်ဖြင့် ရန်သူ၏ စိတ်ဓာတ်ကို ချေမှုန်းကာ ရန်သူအား တန်ပြန်ထိုးစစ်ဖြင့် တိုင်းပြည်မှ မောင်းထုတ်ရန် ဖြစ်ပါသည်။ ဤအတွေးအခေါ်အရ ရန်သူများ၏ ထိုးစစ်ကို တင်းခံရာ၌ တရုတ်စစ်သည်နှင့် စစ်လက်နက်ပစ္စည်း ဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန်Tunnel-War-Fareဟုခေါ်သောလှိုဏ်ခေါင်းတူးစစ်ဆင်ရေးကို ထည့်သွင်းဖော်ထုတ်ကြပါသည်။

ယခုခေတ်ကို information-age သတင်းအသိပညာ ခေတ်ဟု ခေါ်ပါသည်။ ရန်သူ၏ အနေအထား၊ ကိုယ့်တပ်များ၏ အခြေအနေကို တိုက်ပွဲကိုဦးစီးရသော ဗိုလ်ချုပ်များက ချက်ချင်းသိရှိနိုင်၍ အဆုံးအဖြတ် အမိန့်ပေးနိုင်စွမ်း ရှိပြီဖြစ်၏။ ထို့ကြောင့် ယနေ့ စစ်အတွေးအခေါ်သစ်တခုမှာ Network Centric Warfare ဟု ခေါ်ပါသည်။ ကွန်ပြူတာ တခုနှင့် တခု ဆက်သွယ်ထားသည်ကို Network သတင်းကွန်ယက် ဟု ခေါ်သည်။ ဤသတင်းကွန်ယက်ကို ဗဟိုပြုသော စစ်တိုက်နည်းဟု အဓိပ္ပာယ်ရပါသည်။

ယခင်က စစ်တပ်တခုတွင် အရေးကြီးဆုံးမှာ Command & Control ဟု ခေါ်ပါသည်။ ယခုခေတ်စနစ်တွင် Command, Control, Communication, Computers and Intelligence (C4I) System စနစ်ဟု ခေါ်ပါသည်။ ဥပမာ ဒုတိယ ကမ္ဘာစစ်က ဌာနချုပ်မှ အမိန့်ကို ရှေ့တန်းစစ်မျက်နှာသို့ အမိန့်ပေးရာတွင် ရေဒီယိုကိုသာ သုံးကြရပါသည်။ ရန်သူက ကြားဖြတ်နားထောင်သော် နားမလည်နိုင်ရန် Military Code ဟု ခေါ်သော စစ်ဘက်ဆိုင်ရာ စကားဝှက်စနစ်ကို သုံးရပါသည်။ ဒုတိယကမ္ဘာစစ်က အမေရိကန်ဖက်က ဂျပန်တို့၏ စစ်သုံးစကားဝှက်လို ဖောက်နိုင်၍ ပုလဲဆိပ်ကမ်းကို ဦးစီးတိုက်ခိုက်ခဲ့သော ရေတပ်ဗိုလ်ချုပ် ရာမာမိုတို၏ လေယာဉ်ပျံကို ပစ်ချကာ ကလဲ့စားချေနိုင်ခဲ့ပါသည်။ အမေရိကန်တို့က အမေရိကန် နာဗါဟို ရက်ဒ်အင်ဒီယန်း American-Navaho-Red-Indian များကို ပစိဖိတ်စစ်မျက်နှာတွင် အသုံးပြုခဲ့ရာ ဂျပန်တို့က ဘာပြောနေမှန်း မသိကြပါ။ မြန်မာနိုင်ငံ၏ အနောက်မြောက်တွင် ကွန်မြူနစ်များ ကြီးစိုးစဉ်က ၎င်းတို့၏ ဌာနချုပ်တွင် အင်ဒိုနီးရှား ကွန်မြူနစ်နှင့် အခြားကွန်မြူနစ်များ လေ့လာရန် ရောက်ရှိနေရာ အချို့စစ်ပွဲများတွင် အင်ဒိုနီးရှားလို ဆက်သွယ်ကြရာ မြန်မာစစ်ဗိုလ်တွေ ဦးနှောက်ခြောက်ဖူးသည်ဟု ကွန်မြူနစ် ဌာနချုပ်သို့ ရောက်ခဲ့ဖူးသော နိုင်ငံခြားသားသတင်းသမားတဦးက ပြန်ပြောဖူးပါသည်။

ယနေ့ခေတ်တွင် Encryption ဟုခေါ်သော သိပ္ပံနည်းအရ တီထွင်ထားသော စကားဝှက်ကို Data Transmission ဟု ခေါ်သော သတင်းပို့ဆောင်ချက်တွင် ထည့်သွင်းထား၍ လုံခြုံသော ဆက်သွယ်မှု Secure Transmission စနစ်ကို သုံးကြပါပြီ။ ဆက်သွယ်ရာတွင် ဝေဟင်မှ Satellite ဂြိုလ်တုများမှလည်းကောင်း၊ တခုနှင့်တခု ဝါယာနှင့် ဆက်သွယ်၍လည်းကောင်း အသုံးပြုကြပါသည်။ တခုနှင့်တခု ဝါယာနှင့် ဆက်သွယ်ရာတွင် Fiber Optic Cable များကို အသုံးပြုကြရပါသည်။ ဥပမာ - လေယာဉ်ပစ်စနစ်များတွင် ကျူးကျော်လာသော လေယာဉ်ကို ရေဒါ (Radar) စခန်းများက ကြိုတင်သိရှိနိုင်၍ ပစ်မှတ်ကို ရေဒါက လေယာဉ်ပစ် ဒုံးပျံများကို သတင်းပေးပို့ရပါသည်။ လျှပ်တပြက်အတွင်း ပစ်မှတ်ကိုချိန်၍ သတင်းပို့ရသဖြင့် တချို့လေယာဉ်ပစ်စနစ်များတွင် ဆက်သွယ်မှုမှာ Fiber Optic Cable များဖြစ်သလို C4I စနစ်တွင်လည်း ဤကေဘယ်များကိုပင် အသုံးပြုရပါသည်။ ထို့ကြောင့် ကေဘယ်များကို လုံခြုံသော လှိုဏ်ခေါင်းများတွင် သွပ်သွင်းထားတတ်ပါသည်။

ဒုတိယအီရပ်စစ်ပွဲမဖြစ်ခင်အီရပ်တို့၏စစ်သုံး-Fiber-Optic-Cable များကိုတပ်ဆင်ခဲ့သူများ မှာတရုပ် ကုမ္ပဏီများဖြစ်သည်။ ထို့ကြောင့်ဒုတိယအီရပ်စစ်ပွဲအပြီး တရုတ်စစ်တပ်ကပြန်လည်သုံးသပ်မှုပြုရာတွင် အားနဲ ချက်များကိုကောင်းကောင်းသုံးသပ်နိုင်ခဲ့သည်။ Fiber Optic Cable လိုင်းများလုံခြုံရေးကိုသဘောပေါက်ခဲ့ ကြသည်။

ကျနော်သည် မြို့ပြအင်ဂျင်နီယာဘွဲ့ကို မြန်မာပြည်မှ ရခဲ့၍ ဘွဲ့လွန်ကို အမေရိကားမှရကာ ဆက်သွယ်ရေး ကဏ္ဍတွင် ၂၅ နှစ်ကျော်ကျော် အတွေ့အကြုံရခဲ့ပါသည်။ ထို့ကြောင့် ဒီဗီဘီ DVB TV က နအဖ၏ လှိုဏ်ခေါင်း (Tunnel) များအကြောင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ DVB က ရရှိထားသော သတင်းဓာတ်ပုံများတွင် နအဖတို့၏ Fiber Optic Cable မြေပုံ ပါရှိပါသည်။ အဆင့်ဆင့် မြန်မာတပြည်လုံး Fiber Optic Cable များ ချရန် ပြထားသော မြေပုံဖြစ်သည်။ အရပ်သားဆက်သွယ်ရေးတွင်လည်း Fiber Optic Cable ကို သုံးလေ့ရှိပါသည်။ သို့သော် မြန်မာနိုင်ငံမှ ပြင်ပကိုဆက်သွယ်ထားသော ဆက်သွယ်ရေးလင်ခ့် (Link) သည် ကမ္ဘာ့အဆင့်အတန်းနှင့် ပြောရလျှင် လွန်စွာနှေးပါသည်။ ဂျက်လေယာဉ်ခေတ်တွင် နွားလှည်းနှင့် ခရီးသွားသည့်အဆင့်ပဲ ရှိပါသေးသည်။ စစ်တပ်အတွက်သုံးသော ဆက်သွယ်ရေး Network မှာ သီးသန့်ဖြစ်ပါသည်။

Fiber Optic Cable ချရသော စရိတ်မှာလည်း မသေးလှပါ။ နအဖ အစိုးရသည် ၎င်းတို့၏ Fiber Optic Cable Network တချို့ကို လုံခြုံစိတ်ချရစေရန် လှိုဏ်ခေါင်းများထဲတွင် ချထားရန်စီစဉ်နေပုံရသည်။

မောင်အောင်မျိုး၏ စာအုပ် ဒုတိယအခန်းဖြစ်သော စစ်ရေးအတွေးအခေါ်နှင့် ဗျူဟာအခန်း၏ နောက်ဆုံးကောက်ချက်တွင် -

While the Tatmadaw continue to train its troops in anti-guerrilla warfare for counter-insurgency , it has been taking necessary measures for “ guerrilla warfare ” and “ tunnel warfare to deal with external threat - ဟုဆိုထားပါသည်။

ဆိုလိုသည်မှာ ပြည်တွင်းအန္တရာယ်အတွက် တန်ပြန်ပြောက်ကျား စစ်ဆင်ရေးကို တပ်မတော်တွင် ဆက်လက်၍ သင်တန်းပို့ချပြင်ဆင်နေသော်လည်း ပြည်ပအန္တရာယ်အတွက် ပြောက်ကျားစစ်နှင့် လှိုဏ်ခေါင်းစစ်အတွက် လိုအပ်သော ပြင်ဆင်မှုများကို တချိန်ထဲမှာ ဆောင်ရွက်လျက်ရှိသည်ဟု ကောက်ချက်ချထားပါသည်။

ထို့ကြောင့် နအဖ စစ်အစိုးရသည် မြန်မာပြည်တပြည်လုံးတွင် လှိုဏ်ခေါင်းများ တူး၍ နိုင်ငံခြားမှ ကျူးကျော်စစ်ကို ခုခံရန် ငွေအကုန်အကျခံ၍ ပြင်ဆင်လျက်ရှိသည်။

မောင်အောင်မျိုး၏ အဆိုအရ မြန်မာ့တပ်မတော်သည် Electronic warfare နှင့် Information Warfare လျှပ်စစ်နှင့် သတင်းစစ်ပွဲကိုလည်း စိတ်ဝင်စားသည်ဟု ဆိုပါသည်။ ယနေ့ခေတ်တွင် ကွန်ပြူတာများသည် မရှိမဖြစ်သော ကိရိယာများ ဖြစ်သလို ဆက်သွယ်ရေးသည် လွန်စွာအရေးကြီးပါသည်။ ထို့ကြောင့် ခေတ်ပေါ် ဗုံးတခုမှာ အဆောက်အဦးများကို ဖျက်ရန်မဟုတ်ဘဲ Electromagnetic radiation ကြောင့် လျှပ်စစ်ပစ္စည်းများ အလုပ်မလုပ် လောင်ကျွမ်းအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ electromagnetic bomb (e-bomb) ဟုခေါ်ပါသည်။

ထို့ပြင် ယ္ခုခေတ်တွင် ဗုံးများသည်လေထဲမှအရမ်း ကြဲခြသည့်ဗုံးများမဟုတ်တော့ပါ။ Precision Bomb ဟုခေါ်သော ပစ်မှတ်ကိုတိတိကျကျပစ်နိုင်သောဗုံးများ ဖြစ်သည် ထိရောက်မှုရှိရန် GPS (Global Positioning System) ဂြိုလ်တုမှ တဆင့်အသုံးပြုကြရပါသည်။ ထို့ကြောင့် GPS ဂြိုလ်တုနှင့်ဆက်သွယ်မှု ကိုဖျက်စီးသော GPS Jammer စစ်သုံးပစ္စည်းများပေါ်လာပါသည်

စစ်လေယဉ်များပျံသန်းရာတွင် Ground Control ဟုခေါ်သော မြေပြင်မှ ရန်သူ့လေယဉ်များကိုရေတာနှင့်ရှာ၍ ထိန်းကြောင်းပေးရပါသည်။ အမေရိကန်လေတပ်တွင်ဤစံနစ်တခုလုံးကိုလေယဉ်ပေါ်တင်ထားသော AWAC (Airborne Warning And Control System) လေယဉ် များရှိပါသည် ထို့ကြောင့် AWACS Jammer များပေါ် လာပါသည်

Information Warfare ဆိုသည်မှာရန် သူ့ Network အတွင်း ဝင်၍ သတင်းစုဆောင်းခြင်း - သတင်းမှားပေးခြင်း၊ အမိန့်အမှားပေးခြင်း ဖျက်ဆီးခြင်းတို့ ဖြစ်သည်။

(မှတ်ချက် - ရှုပ်ကုန်မည်ဖြစ်၍ အသေးစိတ် မရှင်းသည်ကို ခွင့်ပြုပါ)

ဤအတွက်ကြောင့် နအဖ စစ်အစိုးရသည် ကွန်ပြူတာဘွဲ့ပေးထားသော စစ်ကျောင်းများနှင့် အင်ဂျင်နီယာဘွဲ့ ပေးထားသော စစ်ကျောင်းများကို ထူထောင်ထားခြင်း ဖြစ်သည်။ လက်စမ်းသည့်အနေဖြင့် အတိုက်အခံ သတင်းဌာန ဝက်ဆိုက်များကို မကြာခဏ ဝင်ရောက်တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်စရာ ရှိပါသည်။

မကြာသေးခင်က တရုတ်ပြည်ဟိုင်နန်ကျွန်းတွင် ရေငုပ်သဘောင်္များ သိုလှောင်ရန် ရေအောက်လှိုဏ်ခေါင်းများကို အမေရိကန်တို့က သိရှိခဲ့ကြရ၍ ပွက်လောရိုက်ခဲ့ပါသည်။ မြောက်ကိုရီးယားတို့ကလည်း တရုတ်ပုံစံကို ကူးယူ၍ လှိုဏ်ခေါင်းများတူးကာ ပြင်ဆင်ခဲ့ကြပါသည်။ ယခုအခါ မြန်မာစစ်တပ်ကလည်း တရုတ်နှင့် မြောက်ကိုရီးယား ပုံစံကို အတုခိုး၍ ပြင်ဆင်လျက်ရှိပါသည်။

အတိုက်အခံသတင်းဌါနများလက်ခံရရှိခဲ့သောဗိုလ်ချုပ်ရွှေမန်း၏မြောက်ကိုရီးယားလျှိ့ဝှက်ခရီးမှတ်တမ်းတွင် လည်း မြန်မာစစ်တပ်က GPS Jammer နှင့် AWACS Jammer များကိုစိတ်ဝင်စားကြောင်းဖေါ်ပြခဲ့ပါသည်

လက်ရှိ မြန်မာစစ်တပ်၏လှိုဏ်ခေါင်းစီမံကိန်းသည်ပထမအဆင့်မျှပင်ရှိပါသေးသည်။ Command And Control Centers အမိန့်ပေးနှင့်ကွပ်ကဲမှုဌါနများ ၊ ဆက်သွယ်ရေးစနစ်များနှင့် Logistic ဖြည့်စီးမှုများ အတွက်သာ ရှိပါသေးသည်။ ဖေါက်ထားသည့်လှိုဏ်ခေါင်းများမှာကျင်းမြောင်း၍ကွန်ကရစ်အထူမှာမပြောပလောက်ပါ။ တရုတ်နှင့်မြောက်ကိုရီးယားတို့ကဲ့သို့ စစ်လေယျဉ်များပါသိုလှောင်လိုပါက စက်ကြီးများအကူနှင့်နက်နက် ကျယ်ကျယ်တူးရပါမည်။ ဗိုလ်ချုပ်ရွှေမန်း၏မြောက်ကိုရီးယားလျှိ့ဝှက်ခရီးမှတ်တမ်းအရမြန်မာစစ်တပ်ကစက်ကြီး များကိုကိုင်တွယ်နိုင်ရန်သင်တမ်းပေးပြီးပြီ၊စက်ကြီးများကိုမဝယ်ရသေးဟုဖေါ်ပြထားပါသည်။ နောက်အဆင့်တွေ အတွက်ပြင်ဆင်ထားသည်မှာထင်ပေါ်ပါသည်။

DVB၏အဆိုအရ လက်ရှိလှိုဏ်ခေါင်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ေးဒ်ါလာ (၉) ဘီလျံ (သန်း၉ဝဝဝ) ကျော်သည်ဟုဆိုပါသည်။ ဤသတင်းသာမှန်ခဲ့သည်ရှိသော်

ပြည်သူတွေဆင်းရဲတွင်းနက်နေသောကမ္ဘာ့အဆင်းရဆုံးနိုင်ငံတခုဖြစ်သောမြန်မာနိုင်ငံ သည်လှိုဏ်ခေါင်းများအတွက်ဤမျှငွေဖြုန်းရက်သည်မှာအံ့သြစရာပင်

ဘိုဘိုကျော်ငြိမ်း

bnyein@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

(မှတ်ချက်) စစ်အတွေးအခေါ်ကိုစိတ်ဝင်စားသူများအတွက်သာ

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ပြည်သူ အတွက် တပ်မတော်-စနေနေ့၊ 01 သြဂုတ်လ 2009

ကျေးလက်သျှမ်းရွာ ၁၀ ရွာကျော်အား စစ်အစိုးရတပ် မီးရှို့ဖျက်ဆီး အဓမ္မမောင်းထုတ်
သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်း၌ လှုပ်ရှားသော စစ်အစိုးရတပ်များ ကျေးလက်လူထု၏ရပ်ရွာ၊ နေအိမ်၊ စပါးကျီများ ဆက်တိုက် မီးရှို့ဖျက်ဆီးကာ ဒေသခံသျှမ်းလူထုအား ရပ်ရွာမှမောင်းထုတ်၊ ဖမ်းဆီးရိုက်နက်ကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ် ကွက်ကဆိုပါသည်။

“နမ့်ဇန်၊ လွယ်လင်၊ ပင်လုံ၊ လဲချား မိုင်းကိုင်၊ ကျေးသီး၊ မိုင်းနောင်အကြား တောရွာတွေဘက်မှာလှုပ်ရှားနေတဲ့ လွယ်လင် အခြေစိုက် ခလရ ၉ ၊ ခလရ ၁၂ ၊ လဲချားအခြေစိုက် ခလရ ၆၄၊ ခမရ ၅၁၅ ၊ မိုးနဲအခြေစိုက် ခလရ ၂၄၈ တွေပေါ့။ အဲဒီတပ် တွေဘဲ ၂၇/၀၇/၀၉ စပြီး ရွာတွေကိုလိုက်ပြီးမီးရှို့နေတာ” - ဟု အမည်မဖေါ်လိုသည့် ပင်လုံမြို့သားတဦးက ဆိုသည်။

ခမရ ၅၁၅ က မိုင်းယိုင်းကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာအား အဓမ္မမောင်းထုတ်မှုကြောင့် လဲချားမြို့နယ် ပန်ဖုန်းကျေးရွာ ဘက်သို့ အိမ်ခြေ ၂၀ ကျော်ထွက်ပြေးကြကြောင်း၊ ခလရ ၆၄ က အသက် ၁၅ နှစ်အောက် ယောက်ျားလေး အပါအ၀င် ဇီးဇေါ့ရွာသား ၁၄-၁၅ ယောက်ကို မေ့မျောသည်အထိ ဖမ်းဆီးရိုက်နှက်ပြီး အဓမ္မရပ်ရွာပြောင်းခိုင်းကြောင်း၊ ခလရ ၂၄၈ က ကွန်ဟိန်းမြို့နယ် နောင်တောဝ်းမိုင်းလုံး လားဟူရွာသား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုတိုင် ပြန်လွတ်ပေး ခြင်းမရှိသေးကြောင်း၊ ထို့အတူ ခလရ ၉ လွယ်လင် ကလည်း ဟိုခိုင်းရွာသူ/သားများအား အဓမ္မပြောင်းရွေ့ခဲ့ကြောင်း စစ်အစိုးရလှုပ်ရှားမှု စောင့်ကြည့်လေ့လာသည့်အသိုင်းအ၀ိုင်းက ဆိုသည်။

အမည်မဖေါ်လိုသည့် အသက် ၃၀ ကျော် လဲချားမြို့သူတဦးက -“၂၉ ရက်နေ့မနက် လဲချားအရှေ့မြောက်ဘက် ၀မ့်တတ် မောက်၊ ကွန်ဟုန်း၊ ဟိုလုံး(မ်း) ရွာတွေကို မီးရှို့တာက ခလရ ၉၉ မဟုတ်ဘူး လွယ်လင်အခြေစိုက် ခလရ ၁၂ ဖြစ်တယ်။ ရွာသုံးရွာ အိမ်ခြေစုစုပေါင်း ၂၀၀ ကျော် မီးထဲအားလုံးပါသွားတယ်။ ဘာမှမကျန်အောင်ရှို့တယ်ဆိုတော့ စပါးကျီ အိမ်မွေး ကြက်ခြံ/၀က်ခြံလဲအလွတ်မထားဘူး၊ ကျွဲ နွား တွေလဲ သတ်စားတဲ့အပြင် တွေ့သမျှပစ္စည်းတွေ လဲယူသေးတယ်” - ဟုဆို၏။

သျှမ်းပြည်တပ်မတော် တပ်မှူးတဦးက စစ်အစိုးရတပ်လုပ်ရပ်သည် ကုလားမနိုင်ရခိုင်မဲ ဆိုသည့်စကားအတိုင်း သျှမ်းပြည် တပ်မတော်ကို မတိုက်ဝံ့ဘဲ ကျေးလက်လူထုကိုပစ်မှတ်ထား အနိုင်ကျင့်နှိပ်စက်ခြင်းသည် ယုတ်ညံ့သည့်လုပ်ရပ်ဖြစ် ကြောင်း၊ အမှတ် ၂ စကခ မှူး ဗိုလ်မှူးကြီးကျော်ဇံမြင့် ပြောသည့် “စစ်ဗျူဟာ ၂ ခု အသုံးပြုပြီး သျှမ်းပြည်တပ်မတော်ကို အပြင်းအထန် တိုက်ခိုက်ချေမှုန်းမယ်” ဆိုသည့်ကြွားလုံးသည် ကျေးလက်လူထု၏ဥစ္စာပစ္စည်းကိုမီးရှို့ဖျက်ဆီးခြင်းသာဖြစ် ကြောင်း၊ သျှမ်းပြည်တပ်မတော်ကလည်း ပြည်သူ့ကိုယ်စား ဆက်လက်လက်စားချေ တန်ပြန်တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ထပ် ပြော၏။

သျှမ်းပြည်မျိုးချစ်ပုဂ္ဂိုလ်တဦးက - ယခုအချိန်သည် သျှမ်းပြည်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ စုစည်း၍ နယ်ချဲ့ စစ်အစိုးရ/စစ်အာဏာရှင်အား တွန်းလှန်တိုက်ခိုက်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များအနေဖြင့် ထိရောက်သည့်အောင်ပွဲခံ တိုက်ပွဲမျိုးမဆင်နွှဲနိုင်သရွှေ့ စစ်အစိုးရကလူထုအပေါ် လူ့အခွင့်အရေးဆက်လက် ချိုးဖေါက်နေ မည် မလွဲကြောင်း - ပြောဆိုသုံးသပ်ပါသည်။

စစ်အစိုးရနှိပ်စက်ညှင်းပမ်းမှုဒဏ်မှထွက်ပြေးနေသည့် သျှမ်းပြည်အလယ်ပိုင်းဒုက္ခသည်အများအပြားသည် မည်သူ့ထံမှ ကူညီစောင့်ရှောက် ထောက့်ပံ့မမှုမရ။ ဆွေမျိုးမဲ့သူများ တောတောင်ထဲ ပုန်းခိုနေထိုင်ရခြင်း၊ အချို့လည်း မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ခိုကိုးနေထိုင်ရခြင်း၊ ကျေးရွာမီးရှို့ဖျက်ဆီးအဓမ္မပြောင်းရွေ့သည့် စစ်အစိုးရဘက်မှ တစုံတရာ ကူညီဆောင်ရွက်ပေးမှု မရှိခြင်းတို့သည်သာမက ဒုက္ခသည်ရွာသားများ၏ ပစ္စည်းများလည်း အဓမ္မလုယူနေသေး ကြောင်း ဆိုသည်။

၂၀၀၉ မေ ၂၁ မှ စ၍ှဗ တောင်ပိုင်းတပ်ဖွဲ့နှင့် နအဖ စစ်တပ်အကြား တိုက်ပွဲကြီးငယ် အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်အစိုး ရတပ်ဘက်က (ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်အထိပါဝင်)၂၀ ကျော်သေဆုံးကာ၊ SSA က လက်နက်ကြီးငယ် ၃၀ ကျော် သိမ်းဆည်းရမိကြောင်း၊ SSA ဘက်မှ ( ၂၀၀၈ နိုဝင်ဘာ မှ ၂၀၀၉ ဂျွန် အထိ SSA ၏ ခြောက်လပတ်အစည်းအဝေး မှတ်တမ်း အရ) တပ်မတော်သား ၂ ယောက်ကျဆုံးပြီး လက်နက် ၁ လက် ဆုံးရှုံးကြောင်း ဆိုပါသည်။

အဆိုပါ တိုက်ပွဲများမှ စစ်အစိုးရဆုံးရှုံးမှုများသောကြောင့် မိုင်းနောင်အခြေစိုက် ဒကစမှူးဗိုလ်မှူးကြီး ကျော်ဇံမြင့် က ၎င်း လက်အောက်ခံ ခမရ၊ ခလရ တပ်မှူးများအားလုံး ခေါ်ယူပြီး ဂျူလိုင် ၂၀ ရက်နေ့က အရေးပေါ်အစည်း အဝေးခေါ်ယူ ကျင်းခဲ့ပါသည်။ ထိုအစည်းအဝေးမှာ တောင်ပိုငှ်းှဗ တပ်ဖွဲ့အား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်ဗျူဟာနှစ်ခု ပြင်ဆင်ဖို့ အမိန့်ပေးခဲ့သည့်နောက်ပိုင်း ကျေးရွာမီးရှို့ဖျက်ဆီးမှု ပထမဆုံး စတင်လာခဲ့ခြင်းဖြစ်သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း

ဇေယျာသော် ကဗျာ

ငါပြောတာကို မင်းကြားပါစ ?
ဒါမှ မဟုတ်,
ငါ့စကားဟာ နားခါးစေတာမို့
မကြားသလိုများ နေ,နေလိုက်တာလား ?
သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘဝ
ချွတ်ခြုံကျ ၊ ဒုက္ခတွေက အထွေထွေ
ဒီအမှန်တရားတွေကို...
မကြားဘဲမနေလိုက်ပါနဲ့......သူငယ်ချင်း ။ ။

'မြင်အောင်ကြည့်ပါ'လို့ ငါကပြောတော့
မင်းကဖြေတယ်,
'မြင်တယ်လေမြင်တယ်' ၊ 'မြင်နေသားဘဲ'တဲ့ ။
ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲ ?
သတိပဋ္ဌာန်တရားတွေ ရှု့မှတ်ပွားနေသလို
'မြင်တယ်' လို့မှတ် ၊ 'မြင်သိစိတ်' မှာတင်ရပ် နေရင်
ဟောဒီ လောကီအရေးမှာ..
အလုပ်ဟာ မဖြစ်သေးဘူး.....သူငယ်ချင်း ။ ။

မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်ဝန်းကျင်အသံ
မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့လောကဓံ
မင်းဝေဖန် ဆန်းစစ်ကြည့်ပါ ။
ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့
ယောင်ယောင်ဝါးဝါးလုပ်နေဖို့ကို
အချိန်တွေမပိုတော့ဘူး...သူငယ်ချင်း ။ ။

မင်းတို့ငါတို့ ဘ၀တွေဟာ
'နမောတေ' ဂါထာ အခါခါရွတ်ရုံနဲ့ဘဲ
ဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား ?
မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာ
လတ်တလောအတွက်လဲ မကြီးပွား
နောင်, နတ်သိကြား မလေးစားရင်နေပါ
'အမှန်တရား' တော့ ဖြစ်ဖို့လိုတယ်...သူငယ်ချင်း ။ ။

ဒါပေမယ့်,
လိုချင်တာ 'အမှန်တရား' မှာ
လိုနေတာ 'ရဲဝံ့ခြင်းများ' ဆိုရင်
မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး ။
မကြိုက်တာကို ငြင်းဖယ်လွှဲပြီး
ကြိုက်တာကိုလဲ တောင်းဆိုရဲရမယ် ။
မနှက်သက်တာတွေ မဖြိုဖျက်နိုင်ဘဲ
နှက်သက်တာလဲ မထူထောင်နိုင်သမျှ
ငါတို့ တော်လှန်ရေးက
မပြီးဆုံးသေးဘူး...သူငယ်ချင်း ။ ။

မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ
(အသံစုံကို ကြားအောင်လို့)
မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါ
(မညီတာတွေ မြင်စေဖို့)
ကြားလား ? မြင်လား ? မေ၀၀ါးနဲ့
ငါပြောတာကို မင်းကြားပါစ...သူငယ်ချင်း ။ ။ ။

ဇေယျာသော် ၁၂ရက်နေ့ ဧပြီလ ၂၀၀၈ခုနှစ်
(ထောင်တွင်းမှရေးသားပေးပို့သည့် ကဗျာ)

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN