Saturday, July 11, 2009

ပျက်နေတဲ့ တိုင်းပြည်မှာ ဖြစ်ချင်တာတွေ ဖြစ်နေပါရော့လား

မြန်မာငွေဈေးကျသဖြင့် မြန်မာဆန်အ၀ယ်လိုက်NEJ / ၁၀ ဇူလိုင် ၂၀၀၉
မြန်မာငွေဈေးကျသဖြင့် မြဝတီမှထိုင်းဘက်သို့ တရားမဝင် မြန်မာဆန်တင်သွင်းသူများ အကျိုးအမြတ်ပိုမိုရရှိလာသည်ဟု မြန်မာကုန်သည်များက ပြောသည်။

ယမန်နှစ် နှစ်လယ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ငွေလဲနှုန်းမှာ ကျပ် (၁၀၀) လျှင် ဘတ် (၃.၆၀) အထိ မြန်မာငွေ ဈေးမြင့်ခဲ့သဖြင့် ထိုင်းဘက်မှ မြန်မာကုန်ပစ္စည်းများကို ပမာဏလျှော့၍ တင်သွင်းခဲ့ရာတွင် မြန်မာဆန်ကိုလည်း ဝယ်ယူ တင်သွင်းမှု လျှော့ချခဲ့သည်။


ယခုအခါ မြန်မာကျပ် (၁၀၀) လျှင် ထိုင်းဘတ် (၂.၉၈) သာ ရှိတော့သဖြင့် ယခုလဆန်းမှစ၍ မြန်မာဘက်မှဆန်များကို ထိုင်းကုန်သည်များက နေ့စဉ် ဆန်အိတ်ရေ (၅,၀၀၀) ခန့် ပြန်လည်တင်သွင်းလျက်ရှိသည်။

ထိုင်းကုန်သည်ကြီးများက ထိုင်းဆန်နှင့်စာလျှင် ထက်ဝက်နီးပါးခန့်ဈေးချိုသည့် မြန်မာဆန်ကို တင်သွင်းပြီး ထိုင်းနိုင်ငံ အနှံ့အပြားရှိ မြန်မာနိုင်ငံသားများနှင့် တိရစ္ဆာန်အစားအစာထုတ်လုပ်သည့် အလုပ်ရုံများ၊ မုန့်တီစက်ရုံ၊ ဆန်ခေါက်ဆွဲနှင့် ဆန်ကြာဇံစက်ရုံများသို့ တဆင့်ပြန်လည်ရောင်းချကြသည်။

ကီလို (၅၀) ဝင်အိတ်ရေ မြန်မာဆန် အိတ်ပေါင်း (၁၀,၀၀၀) ခန့်ကို ထိုင်းဘက်သို့ ယမန်နှစ်၌ နေ့စဉ်တင်သွင်းခဲ့သော်လည်း မြန်မာငွေ တန်ဖိုးတက်သွားသဖြင့် ဆန်တင်သွင်းမှုကို ထက်ဝက်ကျော် လျှော့ချခဲ့ပြီးနောက် မြန်မာငွေဈေး ပြန်ကျလာသည့် အတွက် ယခုလဆန်းမှစတင်ကာ မြန်မာဆန်များကို ပြန်လည်တင်သွင်းခြင်းဖြစ်သည်။

တာ့ခ်ခရိုင် မဲဆောက်-မယ်လမ-ဖို့ဖ (၃) မြို့နယ်အတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသား (၃) သိန်းခန့်မှာ သုံးချိုးနှစ်ချိုးခန့် ဈေးချိုသည့် မြန်မာဆန်ကိုသာ ဝယ်စားကြကြောင်း မဲဆောက်မြို့မှ မြန်မာဆန် လက်လီလက်ကားရောင်းသူတဦးက ပြောသည်။
၎င်းက “မြန်မာဆန်က တနေ့ကို အိတ် (၃,၀၀၀) လာလည်း ကုန်တာပဲ၊ မဲဆောက်ခွင်မှာပဲ မြန်မာအလုပ်သမား (၁) သိန်းကျော် ရှိတယ်။ အခြားဒေသ မပါသေးဘူး” ဟု ပြောသည်။

လက်ရှိ မဲဆောက်ဒေသအတွင်း ရောင်းချနေသည့် ကီလို (၅၀) ၀င်တအိတ် မြန်မာဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး (ရှယ်) ဘတ် (၁,၀၀၀)၊ ရိုးရိုး (၉၀၀)၊ ၁၅ မှတ်ဆန်-အောက်စ (၇၀၀)၊ ထိပ်စ (၈၀၀) ဖြစ်ပြီး ယခုရောင်းဈေးမှာ ယခင်ရောင်းဈေးများထက် ဘတ် (၂၀၀) ခန့်စီ သက်သာသည်ဟု မြန်မာအလုပ်သမားများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာငွေ အတက်အကျပေါ်မူတည်၍ နှစ်နိုင်ငံကုန်သည်များက အပြန်အလှန် ကုန်စည်များ တင်သွင်းရာတွင် ဆုံးရှုံးနစ်နာမှုမရှိရန် အတိုးအလျှော့လုပ်၍ ကုန်သွယ်မှုပြုကြသော်လည်း ထိုင်းနိုင်ငံတွင် အစိုးရအားပေးမှုနှင့် ဥပဒေအကာအကွယ်ရှိသည့် လွတ်လပ်သည့် ကုန်သွယ်ရေးစနစ်ကြောင့် ထိုင်းကုန်သည်များဘက်က အသာစီးရရှိကြသည်ဟု မြန်မာကုန်သည်တဦးက ပြောသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN