Saturday, June 6, 2009

what happened inside of China in 1989

၁၉၈၈ ဗမာပြည်တွင်းမှာ ဘာဖြစ်ခဲ့ သလဲ ? ၁၉၈၉ ကျွန်တော့အနေ နဲ့  မမေ့နိုင်တဲ့  ၁၉၈၉ အရက်စက်ဆုံးသတ်ဖြတ်ခံခဲ့ ရတဲ့  ဒီမိုကရေစီစနစ်ပြောင်းလဲချင်တဲ့  တရုတ်ကျောင်းသားလူငယ်တွေ ဘာဖြစ်ခဲ့လဲ ဤဗွီဒီယိုကိုလေ့လာကြည့်ပါ။

ဆက်ဖတ်မယ်ဆိုရင်....

ဒီနေ့ ကစ ဓါး မသွေး ပါ

ဆက်ဖတ်မယ်ဆိုရင်....

Long March and Hunger Strike for Free Burma and Daw Aung San Suu Kyi


အသေးစိတ်ပိုမို သိရှိ ဖတ်ရှုလိုပါက ဤလိတ်စာအတိုင်း သွားရောက်လည်ပါတ် အားပေးနိုင်ပါကြောင်း http://longmarchforburma.blogspot.com/

ဆက်ဖတ်မယ်ဆိုရင်....

၅၈ နှစ်ကျော်ခဲ့ ပေမယ့် ဆက်လက် တိုက်ပွဲဝင်နေဆဲ

ဆက်ဖတ်မယ်ဆိုရင်....

ဒေသခံ ပြောတဲ့ သတင်းမှန်

အစိုးရ၏ ဓနုတ်ဘုရားသတင်း လူထုယုံကြည်မှုကင်း
Friday, 05 June 2009 16:00 အောင်သက်ဝိုင်း
ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဓနုတ်စေတီကြီး ပြိုကျမှုမှာ ဆောက်လုပ်ရေးပိုင်း ညံ့ဖျင်းမှုကြောင့် ဖြစ်ပြီး လူနှစ်ဦး သေဆုံး၍ ၃၄ ဦးဒဏ်ရာရရှိသည်ဟု ယမန်နေ့က ထုတ်ဝေသည့် အစိုးရ သတင်းစာမှ ထုတ်ပြန်ချက်မှာ မှားယွင်းကြောင်း ဒလ ဒေသခံများနှင့် ဓနုတ် စံပြကျေးရွာသားများက ပြောသည်။

ဗိုလ်ချူပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် မိသားစု မေလ ၇ ရက်နေ့က စိန်ဖူးတော်၊ ဌက်မြတ်နားတော် တင်လှူပူဇော်ခဲ့သော ဓနုတ်စေတီ ကြီးသည် မေလ ၃၀ ရက်နေ့ ညနေက ပြိုကျ ပျက်စီးသွားရာ အနည်းဆုံး လူနှစ်ဆယ် သေဆုံးပြီး တရာကျော် ဒဏ်ရာရှိရခဲ့သည်ဟု ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ခဲ့သော ဒလမြို့နယ် ကြက်ခြေနီ အသင်းဝင်တဦးနှင့် ဓနုတ်စံပြကျေးရွာနေ ကျေးရွာသားများက အတည်ပြု ပြောဆိုကြသည်။

“ဘုရားကြီးပြိုတဲ့ နေ့ကတောင် ပွဲချင်းပြီးဆုံးတာ လေးဦး၊ ဆေးရုံကိုပို့တဲ့ လမ်းမှာတင် ဆုံးတာ နှစ်ဦးနဲ့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံမှာဆုံးတာတွေ၊ ဘုရားကြီး လှိုဏ်ဂူထဲမှာ ပိတ်မိပြီး ဆုံးတာတွေ အားလုံး ပေါင်းရင် အနည်းဆုံး နှစ်ဆယ် ကျော်တယ်၊ နှစ်ဦးဆိုတာ လုံးဝမဟုတ်ပါဘူး”ဟု ဓနုတ်စံပြ ကျေးရွာသား တဦးက ပြောသည်။

သတင်းစာတွင် ဘုရားပြိုကျခြင်းသည် စေတီပြုပြင်သူများက ဘုရားကြီးကို မူလပုံစံအတိုင်း ဖြစ်စေလိုသည့် ကြိုးပမ်းတည်ဆောက်ရာမှ မျှော်မှန်းမထားသည့် ၀န်ပိုများကြောင့် စေတီတော်ကိုယ်လုံးတော်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ပြိုကျပျက်စီးခြင်းဖြစ်ကြောင်းနှင့် မိုးမကျမီ စေတီတော်ကြီးအပြီးသတ် ပြင်ဆင်နိုင်ရေး အမြန်ကြိုးစား မွမ်းမံ တည်ဆောက်ကြရာတွင် အရည်အသွေးဆိုင်ရာလိုအပ်ချက်များ ရှိခဲ့သည့်အတွက် ပြိုကျရခြင်းဖြစ်သည်ဟု လည်းထုတ်ပြန်ထားသည်။

“ဘုရားပြိုတာ မေ ၃၀ ရက်နေ့က ပြိုတယ်။ ဒါပေမယ့် အစိုးရက ဇွန်လ ၄ ရက်နေ့မှ တရားဝင်သတင်းထုတ်ပြန် တယ်။ ဒီလိုသတင်းထုတ်ပြန်တာကလည်း သတင်းကို ဖုံးလို့ဖိလို့ မရတော့လို့ သတင်းထုတ်ပြန်တာ။ သတင်း ထုတ်ပြန်တော့လည်း အချက်အလက်တွေလွဲမှားတယ်။ အခုဘုရားကြီးကို သတင်းထောက်တွေနဲ့ ဘုရားဖူး ပြည်သူတွေ သွားရောက်ကြည့် ရှုလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်”ဟု ရန်ကုန်မြို့မှ သတင်းသမား တဦးက ပြောသည်။

ဓနုတ်စေတီတော်ကြီးပြိုကျခဲ့ရာတွင် ထူးခြားသော လဏ္ခာများဖြစ်သည့် ရုတ်ရက်အမှောင်ကျခြင်း၊ မီးလုံးအနီကြီး များ ဖြတ်သန်းခြင်းနှင့်မပြိုကျမီ ညပိုင်းအချိန်များက စေတီတော်ကြီး ၏အရိပ် ထီးတော်မပါဘဲ ကောင်းကင် တွင် ဖူးတွေ့ရခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက်ပြည်တွင်းဗေဒင် နက္ခတ္တ ဆရာများက မကြာမီ စစ်အစိုးရပြုတ်ကျတော့ မည်ဟု ဟောကိန်းထုတ်ထားသည်။

“ဘုရားပြိုတယ်ဆိုတာ မကောင်းပါဘူး၊ ဒါပေမယ့် လူတွေက သူတို့ပြင်တဲ့ဘုရားအဲဒီလိုပြိုသွားတော့ ဗိုလ်ချူပ်မှူး ကြီးမိသားစုကို ဘုရားရိုက်တော့မယ်ဆိုပြီး ၀မ်းသာကြတယ်။ သူတို့ရဲ့အကုသိုလ်တွေ အကျိုးပေးတော့မယ် ဆိုပြီး လည်း ပြောဆိုနေကြတယ်။ အစိုးရ၀န်ထမ်းတွေတောင် အဲဒီလိုမျိုးပြောကြဆိုကြတယ်။ ဘုရားက တန်ခိုးကြီး တယ်၊ သွားဖူးချင်ကြတယ်။ ဒါပေမယ့် အစိုးရက သွားခွင့်ပိတ်ထားတော့ စိတ်မှန်းနဲ့ပဲဖူးနေကြတယ်”ဟု ရန်ကုန် မြို့ မှ အစိုးရ၀န်ထမ်းတဦးက ဆိုသည်။

ယင်း ဓနုတ်ဘုရားကြီးပြိုကျမှုကို ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများနှင့် အင်တာနက် သတင်း စာမျက်နှာ များတွင် ချက်ချင်းဆိုသလို သတင်းများထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူလူထုအတွင်း၌ ဘုရားပြိုကျ၍ လူအများ သေဆုံး ပြီး ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အစိုးရဘုရားရိုက်တော့မည်ဆိုသော ပြောဆိုမှုများလည်း လူအများကြား တွင်ပျံ့နှံ့ နေခဲ့သည်။

ဓနုတ်စေတီတော်မြတ်ကြီးကို သာသနသက္ကရာဇ် ၂၄၀ ပြည့်နှစ်တွင် မြတ်စွာဘုရားဆံတော် နှစ်ဆူနှင့် ဓာတ်တော် ၂၄ ဆူကို ဌာပနာပြီး လေးသည်ရွာတွင် သထုံမင်း စူဠသီရိမာသောက အထောက်အပံ့ ဖြင့်တည်ထားခြင်းဖြစ်ပြီး စတင်တည်ထားချိန်က ဒုန္နိဂ္ဂဟ စေတီ ဟူသော ဘွဲ့အမည်တွင်ပြီး နောင်တွင် ဓနုတ်စေတီဟု ပြောင်းလဲလာခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်တဦး ကရှင်းပြသည်။

ဓနုတ်စေတီတော်မြတ်ကြီးကို ဘုန်းတန်ခိုးကြီးမားသော ဘုရင်မင်းအဆက်ဆက်က ပြုပြင်ကိုးကွယ်ခဲ့ရာ မြန်မာ သက္ကရာဇ် ၇၁၅ ခုနှစ်တွင် ဟံသာဝတီဘုရင် ဗညားဦးက လည်းကောင်း၊ ၇၅၆ ခုနှစ်တွင် ဘုရင် သုတသောမ ရာဇဓိရာဇ် က လည်းကောင်း ပြုပြင်တည်ထားကိုးကွယ်ပြီး သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ငလျှင်လှုပ်ပြိုကျရာ ရှင်စောပု ဘုရင်မကြီးက ပြန်လည်ပြုပြင်ကြောင်း၊ သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ဓမ္မစေတီမင်း က လည်းကောင်း၊ သက္ကရာဇ် ၉၀၁ ခုနှစ်တွင် တောင်ငူဘုရင်တပင်ရွှေထီးကလည်းကောင်း၊ ၉၂၆ ခုနှစ်တွင် ဘုရင့်နောင် ကလည်း ကောင်း၊ ၁၀၀၆ ခုနှစ်တွင် သာလွန်မင်းက လည်းကောင်း၊ ၁၀၄၁ ခုနှစ်တွင် မင်းရဲကျော်ထင် က လည်းကောင်း၊ ၁၁၇၃ ခုနှစ်တွင် ဘိုးတော်မင်းတရား ကလည်းကောင်း အသီးသီးပြုပြင်ခဲ့သည်ဟု အထက်ပါ ဂေါပကအဖွဲ့ဝင် က ပြောသည်။

အဆိုပါ ဘုရားပြိုသည့် သတင်းကို အစိုးရသတင်းစာများတွင် မထင်မရှားဖော်ပြသော်လည်း ပုဂ္ဂလိက သတင်း ဂျာနယ်များတွင် စာပေစိစစ်ရေးက လုံးဝဖော်ပြခွင့်မပြုကြောင်း ပြည်တွင်းသတင်းမီဒီယာအသိုင်းဝန်းမှ သိရှိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

လိမ်မြဲ လိမ်ဆဲ

ဓနုတ်စေတီတော်ပြိုကျပျက်စီးမှု စစ်အစိုးရသတင်းစာတွင်ဖော်ပြပါရှိ
Kaowao၄၊၆၊၂၀၀၉။
ရန်ကုန်(ဇွန်-၄)။ ။စစ်အစိုးရထုတ် ယနေ့မြန်မာ့အလင်းသတင်းစာတွင် လွန်ခဲ့သည့်မေလ (၃၀) ရက်နေ့က ပြိုကျပျက်စီးခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ဓနုတ်စေတီတော်အကြောင်း ဖော်ပြပါရှိခဲ့၏။

သတင်းစာပါဖော်ပြချက်တွင် စစ်ဆေးရေးအဖွဲ့၏ ပဏာမတွေ့ရှိချက်အရ စေတီတော်အား မူလပုံသဏ္ဍာန်အတိုင်း ဖြစ်စေလိုသည့်အတွက် ပြုပြင်သူများ၏ ကြိုးစားမွမ်းမံမှုများကြောင့် မူလကမျှော်လင့်မထားသည့် ဝန်ပိုများပြားလာ ခဲ့ပြီး စေတီတော်၏ ကိုယ်လုံးတော်ပိုင်းဆိုင်ရာ ထိခိုက်ကာ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင်အလှူရှင်၊ စေတနာရှင်များ၏ ဆန္ဒအရ မိုးမကျမီ အားလုံးပြင်ဆင်ပြီးစီးနိုင်ရန် ကြိုးစားပြီး အမြန်မွမ်းမံတည်ဆောက်မှု ပြုလုပ် ခဲ့သည့်အတွက် အချို့နေရာများတွင် အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ပြီး ပြိုကျခဲ့ရကြောင်း ပါရှိပါသည်။

ထို့အပြင် စေတီတော်ပြိုကျံမှုကြောင့် ရပ်သား ၂ ဦး သေဆုံးခဲ့ပြီး တပ်မတော်သား ၂၆ ဦး၊ အရပ်သားရှစ်ဦးတို့ မစိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့ရာ သက်ဆိုင်ရာဆေးရုံးများတွင် စောင့်ရှောက် ကုသပေးလျှက်ရှိသည်ဟု ဖေါ်ပြ ထားပြန်သည်။

မဇ္ဇျိမသတင်းမှ ဇွန်လ ၁ ရက်နေ့သတင်း ဖေါ်ပြချက်တွင်လူ ၂ ဦး သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရကာ၊ အုတ်ပုံအောက်တွင် လူအချို့ ပိမိနေခဲ့သော်လည်း ကယ်တင်ရေးထက်၊ လုံခြုံရေးကိုအဓိကလုပ်ခဲ့သဖြင့် သေဆုံးသူ ဦးရေမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟု ပါရှိသည်။

ယခင်အခါပြိုကျခဲ့သည်မှာ ၂ဝဝ၆ ခုနှစ် ဇွန်လ ၇ ရက်၊ မနက် ဝ၃း၁၅ နာရီခန့်၌ မိုးသည်းထန်စွာ ရွာသွန်းသည့် သဘာဝ ရာသီဥတု ဒဏ်ကြောင့် တနင်္လာထောင့်မှ စ၍ စေတီတော်ကြီး ထက်ခြမ်းကွဲပြီး ပြိုကျမြေခခဲ့ပြီး လွန်ခဲ့ သည့် သီတင်းကျွတ် လပြည့်နေ့ ၁၄၊၁ဝ၊၂ဝဝ၈ ရက်တွင် မူလစေတီ ဘုရားကိုငုံကာ ၉လနှင့် အပြီးတည်ဆောင်ရန် ကြိုးစားခဲ့သည်။

၈ လခန့်အကြာ စေတီထက်ခြမ်းသာ တည်ဆောက်မှု ပြီးစီးခဲ့သော်လည်း မေလ ၇ ရက်၌ ဗိုလ်ချုပ်သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် ထီးတော်တင်ခဲ့စဉ် ပြီးစီးသည့် အပိုင်းကိုသာ ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ခဲ့ရသည်ဟု ပြည်ပ သတင်းဌာနအချို့တွင် ဖေါ်ပြကြ၏။

စေတီတော်ကြီး မူလဒီဇိုင်းမှာ ဆူးလေစေတီတော် ပုံစံကဲ့သို့ ရှစ်ထောင့်ဖြစ်ကာ၊ အလှူငွေ ကျပ်သိန်းပေါင်း တစ်သောင်း သုံးထောင် ( သိန်း၁၃၀၀၀ ) ဖြင့် တည်ဆောက်ခဲ့ရာ ရွှေသံလွင် ကုမ္မဏီက တည်ဆောက်ခဲ့သည်။

ဓနုတ် စေတီတော်မြတ်ကြီးသည် ဥာဏ်တော် ၁၈၉ ပေ ၉လက်မ၊ ထီးတော်အမြင့် ၃၂ ပေ၊ လုံးပတ်တော် ၂၄၄ ပေ ရှိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြထားပါသည်။

ဓနုတ် စေတီတော်သမိုင်းစာအုပ်ဖေါ်ပြချက်တစ်ခုတွင်ဓနုတ် စေတီတော်ကို သာသနာ သက္ကရာဇ် (၂၄ဝ) ပြည့်နှစ် တွင် ဂေါတမ မြတ်စွာဘုရား၏ ဆံတော် (၂) ဆူ ဓာတ်တော် (၂၄) ဆူ တို့ကို ဌာပနာထားကာ သထုံမင်း စူဋ္ဌသီရိမာသောကအမှူးပြု၍ ဒုနဂ္ဂဟစေတီ ခေါ် ဓနုတ်စေတီ စတင်တည်ထားခဲ့သည်။

ကောဇာသက္ကရာဇ် (၇၁၅) ခုနှစ်တွင် မွန်ဘုရင် ဟံသာဝတီပြည့်ရှင် ဗညားဦး နှင့် မိဖုရားတို့က ပြန်လည် ပြုပြင်ကာ ထီးတော်တင်လှူခဲ့ပါသည်။

“ဓနုတ်” ဝေါဟာရကို မွန်အသံထွက်လျှင် ရှေးအခေါ်အဝေါ်အရ လေးမြှားဟု အဓိပ္ပါယ်ထွက်ရှိသည်။ ထိုစဉ်က မွန်တို့၏ သုဝဏ္ဏဘုမ္မိပြည် အထိမ်းအမှတ်တံဆိပ်မှာ လေးမြှားပုံသဏ္ဍာန် ရှိသည်ဟု မွန်သမိုင်းသုတေသီတစ်ဦးက ဆိုသည်။

ဓနုတ်ရွာသည် ရှေးမွန်ရွာတစ်ရွာဖြစ်ခဲ့ပြီး မွန်မင်းအဆက်ဆက်တို့ အောင်ပွဲခံရန် အဓိဌာန်ပြုသည့် စေတီတစ်ဆူ ဖြစ်၍ နောင်တွင် ဤဒေသကို ပိုင်စိုးလာသည့် ဗမာမင်းအဆက်က်တို့ကလည်း ယခင်မွန်ဘုရင်များအတိုင်း စေတီတော်အားပြန်လည် ပြုပြင်ခဲ့ကြသည်ဟု မွန်သမိုင်းလေ့လာသူများက ထောက်ပြပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်သည်လည်း သမိုင်းအဆက်ဆက်တွင် အမည်နာမ ပါရှိရလေအောင် ထီးတော်ကို သူမဦးဆောင်ပြီး တင်ခဲ့ဟန်ပေါ်သည်ဟု သမိုင်းလေ့လာသူများ သုံးသပ်ကြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့် လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ
Kaowao
ဇွန် ၃၊ ၂၀၀၉။
Ai la ဆိုင်ကလုံးမုန်တိုင်း ကြမ်းတမ်းစွာတိုက်ခံရသည့် ဒါဏ်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ (၂၈) ရက်နေ့အထိသေဆုံးသူ(၂၅၀) ကျော်ရှိပြီး ပျောက်ဆုံးသူ တစ်ထောင်ကျော် ရှိကြောင်း တာဝန်ရှိ အာဏာပိုင်များမှ အတည်ပြုခဲ့သည်။


ဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်စဉ်ပုံ
မေလ (၂၅) ရက်နေ့မှစ၍ Ai la ဆိုင်ကလုံးမုန်တိုင်း
သည် ကုန်းတွင်းပိုင်းမှ စတင်ဝင်ရောက်တိုက်ခတ်လာ
ရာ ဘင်္ဂလားဒေ့ရှ်တွင် (၁၃၀) ဦးသေဆုံးခဲ့ပြီး အိန္ဒိယတွင် (၁၂၀) ကျော် သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဆင်ဟွာသတင်းဌာနမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်းကြီး ဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မစ္စတာ ရိုလမ်ကီဘီရားမှ မုန်တိုင်းဒါဏ်ကြောင့် လူပေါင်း (၆၅၀၀) ကျော်ထိခိုက်ဒါဏ်ရာရပြီး လူဦးရေ (၃.၄၇) သန်းခန့် မုန်တိုင်းဒါဏ်ခံခဲ့ရကြောင်း ဖြေကြားခဲ့သည်။ ကမ်းရိုးတန်းရှိခရိုင် (၁၄) ခရိုင်တွင်လည်း မုန်တိုင်းသင့်ခဲ့သဖြင့် လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ရွက်ဖျင်တဲ ဖြင့် နေထိုင်နေကြရသည်။

သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဖြစ်သူ မစ္စတာအက်ဘ်ဒါရာဇက်ခ်ကလည်း မုန်တိုင်းဒါဏ်သင့်ဒေသ တွင် ရွက်ဖျင်တဲများအရေးတကြီးလိုအပ်လျှက်ရှိပြီး နောက်ဆက်တွဲ ပြဿနာကြောင့် သေဆုံးမှု ပမာဏများလာ နိုင်ကြောင်း၊ အကူအညီများစွာ လိုအပ်နေသေးကြောင်း ဝန်ခံခဲ့သည်။

Ai la မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် မေ(၂၃)ရက်နေ့က စတင်ခဲ့ပြီး မေလ(၂၅) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အနောက်တောင်ကမ်းခြေသို့ တစ်နာရီလျှင် ကီလိုမီတာ (၇၀) မှ (၉၀) အထိပြင်းထန်စွာ တိုက်ခတ် ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနှင့် မုန်တိုင်းဒါဏ်သင့်ဒေသများသို့ အမေရိကာန် ဒေါ်လာ ၃ သိန်းကျော်နှင့် ဆန်(၁၀) တန်ခန့် ကယ်ဆယ်ထောက်ပံ့ခဲ့ကြောင်း planet; news ဂျာနယ်မှ ရေးသားဖေါ်ပြထားပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

သတင်းပို့ ပေးသူအား တရားခံအဖြစ်

အလောင်းတွေ့သူကို တရားခံအဖြစ်ဖမ်းဆီးထား
ဇွန် ၂၊ ၂၀၀၉။
သံဖြူဇရပ်(ဇွန်-၂)။ ။ မွန်ပြည်နယ်၊ သံဖြဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာအနီးရှိ အစိုးရရာဘာခြံတစ်ခု၌ လွန်ခဲ့သော စနေနေ့(မေ- ၃၀) ရက်နေ့တွင် သေနတ်ဒဏ်ရာဖြင့် လဲကျသေဆုံးနေသော လူသေအလောင်း နှစ်လောင်း တွေ့ရှိခဲ့သူ လူငယ်နှစ်ဦးအား သံဖြူဇရပ်မြို့ရဲစခန်းမှ ဖမ်းဆီးခဲ့ရာ မည်သည့်နေရာတွင် ချုပ်နှောင်ထား သည်ကို ယနေ့အထိ မသိရှိရသေးကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများက ပြောဆိုသည်။

ဝယ်သွန်ချောင်ကျေးရွာသား အသက် ၂၅ နှစ်ကျော်ခန့်ရှိ မင်းအထက်နှင့် မင်းအညို လူငယ်နှစ်ဦးမှာ ထိုနေ့ စော စောပိုင်းတွင် တောပုန်းသေနတ်များဖြင့် အဆိုပါအစိုးရရာဘာခြံ(ဗိုလ်ခြံ)အနီးရှိ မိန်ဘလိုင်တောင်ကြောတစ် လျှောက် တောလိုက်ထွက်ကြခဲ့ရာမှ သေနတ်ဒဏ်ရာဖြင့် လူသေအလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရာ ကျေးရွာ ရယကထံသို့ ချက်ခြင်းသွားရောက် အကြောင်းကြားခဲ့ကြသည်။

သေဆုံးနေသူများမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်သားများဖြစ်ကြပြီး ရာဘာခြံလုပ်သားများ ဖြစ်ကြသည်ဟု ပြောဆိုနေကြသည်။ ထိခိုက်ခံရသည့် သေနတ်ကျည်ဆံ ဒဏ်ရာမှာ တောပုန်းသေနတ်ကျည် မဟုတ်ကြောင်းကို သံဖြူဇရပ်မြို့ ရဲစခန်းကပြောကြားကြောင်း ကာယကံရှင်နှင့် ဆွေမျိုးတော်စပ်သူ နိုင်တောကပြောပြခဲ့၏။

“တောပုန်းသေနတ်ဒဏ်ရာနဲ့ မဟုတ်ဘူးလို့လဲ ပြောတယ်၊ သေနေတာမြင်တွေ့လို့ စေတနာနဲ့ သတင်းပေးတဲ့သူကို လည်း ဖမ်းတယ်ဆိုတော့ တရားနည်းလမ်း မကျပါဘူး” ဟု နိုင်တောက မှတ်ချက်ချ ပြောဆိုသည်။

သံဖြူဇရပ် ရဲစခန်းအပေါ်ထပ်ရှိ အနီရောင် စစ်ကြောရေးအခန်းတွင် ရဲများစစ်ကြောရေးလုပ်ကြရာ၌ တရားခံအမှန် မဟုတ်သည်ကို သိသော်လည်း အမျိုးမျိုးနှိပ်စက်၍ တရားခံအဖြစ် အတင်းဝန်ခံ ထွက်ဆိုခိုင်းသည့် ပြစ်မှုများ အများအပြားရှိခဲ့ကြောင်း ချဲမှုဖြင့် အကွက်ဆင်ဖမ်းဆီးခံခဲ့ဘူးသူ သံဖြူဇရပ်မြို့သား ကိုအောင်ဆန်ထွေးက ပြော ပြပါသည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း လူသတ်မှု၊ ဆိုင်ကယ်လုယက်မှု၊ ခိုးမှုများ ယခင်ကထက် ပိုမို ဖြစ်ပေါ်ခဲ့ရာ မိန်းမများပင် မယ်သီလယောင်ဆောင်ပြီး ဆိုင်ကယ်တက္ကစီမောင်း ယောက်ျားတို့၏ ဆိုင်ကယ်ကို ဒါးမြောင်ထောက်၍ လုယက်ခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည်။

မုဒုံ၊ သံဖြူဇရပ်၊ ရေးမြိုနယ်ရှိ ရာဘာခြံများတွင် ဒေသခံမွန်အလုပ်သမား အများအပြား ထိုင်းနိုင်ငံသို့ ဝင်ရောက် ပြောင်းရွေ့ အလုပ်လုပ်ကိုင်လျှက်ရှိရာ ဒေသတွင်း အလုပ်သမား ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေကြရပြီး အခြား နေရပ် အမည်မသိရသည့်ဒေသမှ လူစိမ်းများ ဝင်ရောက် အလုပ်လုပ်ကိုင်လာကြသည်ကို တွေ့ရှိနေရသည်။


Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Friday, June 5, 2009

ပြိုကျရခြင်းမှာ ကြိုင်ကြိုင်နှင့် အဖွဲ့  ဆောက်လုပ်ရေး ညံ့ဖျင်းမှူ ကြောင့်ဟု ၀န်ခံ

မင်းနိုင်သူ / ၄ ဇွန် ၂၀၀၉
ယနေ့ထုတ် နအဖသတင်းစာများတွင် ဓနုတ်စေတီတော်ကြီး ပြိုကျပျက်စီးရခြင်းမှာ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အရည်အသွေးမပြည့်မီမှုကြောင့် ဖြစ်ကြောင်း ရေးသားထားသည်။

ယင်းကဲ့သို့ ပြိုကျရခြင်းမှာ မူလစေတီပုံစံဖြစ်စေရန် ပြင်ဆင်ခဲ့ခြင်းကြောင့် ၀န်ပိုများ များပြားလာခြင်း၊ အလှူရှင်များ ဆန္ဒအရ မိုးမကျမီပြီးစီးနိုင်ရေးအတွက် အမြန်မွမ်းမံတည်ဆောက်ခြင်း၊ အရည်အသွေးဆိုင်ရာ လိုအပ်ချက်များ ရှိခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ကတွေ့ရှိရသည်ဟု ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါသတင်းစာများတွင် စေတီတော်ပြိုကျမှုကြောင့် အရပ်သား (၂) ဦး သေဆုံးခဲ့ပြီး၊ တပ်မှ (၂၆) ဦးနှင့် အရပ်သား (၈) ဦးတို့ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

မေ (၃၀) တွင်ဖြစ်ပွားခဲ့သော စေတီတော်ပြိုကျမှုသတင်းကို စစ်အစိုးရ နေ့စဉ်ထုတ် သတင်းစာများက ယနေ့တွင်မှ ဖော်ပြခဲ့ကြပြီး ပြည်တွင်းဂျာနယ်များကိုလည်း သတင်းရေးသားခွင့်မပြုခဲ့ကြောင်း ပြည်တွင်းမှ ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“သတင်းထောက်တွေကတော့ သတင်းလိုက်ခဲ့ကြတာပဲ။ ကျနော်တို့လည်း စိစစ်ရေးတင်တာပဲ။ ဒါပေမယ့် မရဘူး။ အားလုံးကို ဖြုတ်တယ်။ ပုံရော၊ စာရော ဘာတခုမှ မပေးဘူး။ ဒီနေ့သတင်းစာမှာပါလာပြီဆိုတော့ ပြန်တော့တင်ကြည့်ရမှာပဲ။ ဖော်ပြခွင့်ရရင်လည်း သတင်းစာမှာ ပါသလောက်ပဲဖြစ်မှာပဲ” ဟု အယ်ဒီတာက ပြောသည်။

ပြည်တွင်းသတင်းထောက်များကမူ သေဆုံးသူဦးရေ (၂) ဦးထက်ပိုမည်ဖြစ်ကြောင်း၊ လွတ်လပ်စွာသတင်းရယူခွင့် မပြုကြောင်း၊ အလျင်လိုခဲ့ကြသည့် အလှူရှင်များဆိုသည်မှာလည်း ဗိုလ်ချုပ်ကတော်များသာဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြသည်။

ဓနုတ်စေတီတော်ကြီးသည် ၂၀၀၆ ခုနှစ်အတွင်းတွင် တနင်္လာထောင့်မှ စ၍ ထက်ခြမ်းကွဲမြေခခဲ့သဖြင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ဦးစီးမှုဖြင့် ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူပြုပြင်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် မေ (၇) ရက်တွင် နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်ဦးစီးပြီး ထီးတော်တင်ခဲ့ပြီးနောက် (၂၃) ရက်အကြာ မေ (၃၀) ရက် စနေနေ့တွင် ပြိုကျပျက်စီးသွားခဲ့သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများဖြန့်ဝေ

Thursday, 04 June 2009 19:34 ကိုထွေး
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေခြင်း (Photo campaign) လှုပ်ရှုားမှုတရပ်ကို မိတ္ထီလာခရိုင် အတွင်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါဝင်သော ဓာတ်ပုံ ၁၀၀၀၀ခန့်ကို ဇွန်လ၂ရက်နေ့က စတင်၍ ဦးဆောင် ဖြန့်ဝေရာယခုအခါဓာတ်ပုံ ၃၀၀၀ခန့် ရှိပြီဖြစ်ကြောင်း သိရသည်၊

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဖြန့်ဝေသော ဓာတ်ပုံ ၈မျိုး တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်း စုကြည် တို့ ယှဉ်တွဲရိုက်ကူးထားသော ဓာတ်ပုံမှာ အများဆုံး ဖြန့်ဝေရကြောင်း မိတ္ထီလာခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒေါ်အေးအေးမြင့် ကပြောသည်။

ဒေါ်အေးအေးမြင့်က“မြန်မာပြည်မှာသတင်းနဲံ့ စာနယ်ဇင်းလွတ်လပ်ခွင့်မရှိတော့ မီဒီယာတွေမှာ ဒေါ်အောင် ဆန်း စုကြည် ရဲ့ဓာတ်ပုံ ကိုသိပ်ဖော် ပြလေ့ မရှိဘူး၊ မမြင်ဘူးတဲ့သူတွေက အများကြီးပဲ၊ လာတောင်းတဲ့သူတွေ ကလည်း မနည်း ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဖြန်ဝေတဲ့ဓာတ်ပုံ ၈မျိုးထဲမှာ ဖခင်ဖြစ်တဲ့ဗိုလ်ချုပ် အောင်ဆန်းနဲ ရိုက်ထားတဲ့ပုံက အဖြန့်ဝေရဆုံးပဲ” ဟု ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ဓာတ်ပုံများကို အခမဲ့ ဖြန်ဝေသွားမည်ဖြစ်ပြီး အရွယ်အစားမှာ ၃ လက်မ x ၄ လက်မ ပတ်လည် ရှိကြောင်း လည်းသိရသည်။

“ကျမတိုရဲ့ရည်ရွယ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ကျယ်ကျယ်ပြန့်ပြန့် လူထုလက်ထဲ အိမ်တိုင်းစေ့ ရောက်ရှိအောင်ဖြန့်ဝေသွားမှာဖြစ်တယ်၊ ဓာတ်ပုံကိုရယူကြတဲ့ပြည်သူတွေကို တောင်းဆိုချင်တာက ဓာတ်ပုံကို မိမိတို့ အိမ်ရဲ့ ဧည့်ခန်းမှာ မှန်ဘောင်သွင်း ချိတ်ဆွဲထားနိုင်ရင်ထားစေချင်တာပေါ့ အဲဒါမှအဆင် မပြေဘူး ဆိုရင် အိမ်မှာဓာတ်ပုံ ထည့်တဲ့ အယ်လ်ဘမ်ရဲ့ရှေ့ ဆုံးမှာ ထည့်သွင်းထားဖို့ဆော်သြထားတယ်၊ မိမိရဲ့ GSMဖုန်းထဲမှာ၊ ပိုက်ဆံအိတ်ထဲတွေမှာ လည်း ထည့်ထား စေချင်ပါတယ်”ဟု၎င်း ကဆက်ပြောသည်။

မိတ္ထီလာခရိုင်(NLD)အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာဖြင့် လူထု ပါဝင် ဆင်နွှဲ နိုင်သော လှုပ်ရှုားမှုအဖြစ် Photo Campagin ကိုရွေးချယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို စဉ်ဆက်မပြတ်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မြင်းခြံ၊ ညောင်ဦး၊ညောင်ရွှေ မြို့များကို ဖြန်ဝေပြီး ဖြစ်ကြောင်း၊ နောက်ပိုင်း မိုးကုတ် မန္တလေးကိုပါ ဆက်လက် ဖြန့်ဝေသွားရန်စီစဉ်နေပြီး မကြာမီရက်ပိုင်း အတွင်း ပဲခူး၊မကွေးတိုင်း များ လည်း ပါဝင်နိုင်မည်ဖြစ်ကြောင်း၊ သာစည်မြိုနယ် တွင်မှု ရဲများကလိုက်လံ သိမ်းဆည်းနေသည်ဟုကြားသိရကြောင်း ဒေါ်အေးအေးမြင့်က ပြောသည်။

၎င်းဓာတ်ပုံဖြန်ဝေသည့်လှုပ်ရှားမှုနှင့် ပတ်သက်၍ သံဃာ့တပ်ပေါင်းစုမှ ဦးဆောင်ဆရာတော်တပါးဖြစ်သူ ဦးအာစ္စရိယက ထောက်ခံခဲ့ပြီး သံဃာတော်များကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် တတ်အားသရွေ့ ဘုရားတွင် ဆုတောင်း မေတ္တာပို့သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

Generation Wave အဖွဲ့အနေနှင့်လည်း မတ်လက ရန်ကုန်၊ပြည် ရှိလူစည်ကားရာနေရာများတွင် စာရွက်စာတမ်းများ ဖြန်ဝေခြင်း၊ မှုတ်ဆေးများဖြင့် လှုံ့ဆော်စာရေးသားခြင်းများ ပြုလုပ်ခဲ့ကြောင်း ရှေ့ဆက်၍လည်းပြည်သူ လူထုနှင့် ပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဖွဲ့ဝင်တဦးက ဧရာဝတီသို့ပြောသည်။
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Thursday, June 4, 2009

ခွေးသူခိုးများ ပုံ ဂျွမ်းထိုး၍ အမိအရ ဓါတ်ပုံရိုက်ခဲ့ ရ

လူခွ ကျောက်ခွ သစ်ခွသိန်းစိန် ကိုးရီးယားတွင် အားရကျေနပ်စွာလိမ်လည်ပြီး အပြန် သေပြည်တော် လူအိုရုံ မှ လူသတ်သမား သန်းရွှေနှင့် နောက်မြီးကိုင်များ ကြိုဆိုနေကြပုံ။


ကြိုဆိုနေချိန်တွင်းမှာဘဲ ကြိုင်ကြိုင်မှာ ပြည်တွင်းရေးထက် စိန်ဖူးတော် ပြန်ရရေး အတွက် အထူးပင် လုပ်များနေရပါသည်၊ နောက်ဆုံးသတင်းအရ ပြို ကျသွားသည့် နောက် ကံကောင်းထောက်မ၍ အသက် မသေဘဲ အောက်ခြေတွင် ကယ်ပါ ကူပါ တစာစာ အော်နေကြပေမယ့်  လည်း လူ့ အသက်ဘေးထက် စိန် ရေးခက် ဆိုသလို ကြိုင်ကြိုင် ခမျာ ထမင်းမစားနိုင် ဟင်းမစားနိုင် လောလော ဆယ် စိန်ရှာဖွေရေး ပြုလုပ်နေပါကြောင်း။

ဆက်ဖတ်မယ်ဆိုရင်....

ဇီးကုန်းမြို့  ဒီမိုကရေစီတပ်လှန့်သံ

ဇီးကုန်းမြို့တွင် ဒီမိုကရေစီတပ်လှန့်သံဆိုသည့် လှုံ့ဆော်စာများ ပျံ့နှံ့နေ
Monday, 01 June 2009 21:15 မျိုးကြီး
ပဲခူးတိုင်း၊ ဇီးကုန်းမြို့ပေါ်တွင် လူထုလှုပ်ရှားမှုစာရွက်များ ပျံ့နှံ့နေလျှက်ရှိပြီး ဒေသခံများက အဆိုပါ လှုံဆော်စာအကြောင်းကို စိတ်ဝင်တစား ပြောဆိုနေလျှက်ရှိသည်။

မေလ (၂၇) ရက်နေ့ နေ့စွဲဖြင့် ရေးသားပြီး ဒီမိုကရေစီတပ်လှန့်သံဆိုသည့် ခေါင်းစဉ်ဖြင့် ဇီးကုန်းမြို့ပေါ် ရပ်ကွက် ၅ ခုတွင် ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“စစ်အစိုးရလက်ထက်မှာ ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ခံရတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ပို့ပြီး မတရားအမှုဆင်တရားစွဲတာ၊ လူထုဆန္ဒ အစစ်အမှန်ဖြစ်တဲ့ ရွေဝါရောင်တော်လှန်ရေးအကြောင်း၊ ၂၀၀၈ လူထုဆန္ဒခံယူပွဲ၊ နောက်တော့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံတာဆိုတဲ့ အကြောင်းတွေ ရေးထားတာ” ဟု သူက ပြောသည်။

အဆိုပါ လှုံဆော်စာနောက်ဆုံးပိုဒ်တွင် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန်အတွက် အားလုံးတွင် တာဝန်ရှိကြောင်းနှင့် ပြည်သူလူထုတရပ်လုံးအနေဖြင့် ကိုယ့်တာဝန်ကိုယ်သိပြီး သတ္တိရှိရှိ တိုက်ပွဲဝင်ကြဖို့ကို တိုက်တွန်းနှိုးဆော်ထားသည်များကိုလည်း ထည့်သွင်းရေးသားထားကြောင်း သိရသည်။

၎င်းစာကို ကိုယ်တိုင်ဖတ်ရှုလိုက်ရသည့် အမျိုးသမီးတဦးက “အဲဒီစာကို ဒီမနက်မိုးလင်းတော့ သမီးတို့အိမ်ရှေ့မှာ တွေ့တယ်၊ စာရွက်ကို ပလပ်စတစ်နဲ့ ပတ်ထားတယ်၊ အဓိကကတော့ သူတို့လိမ်လည်လုပ်မဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုတွေ ခေါင်းထဲထည့်မစဉ်းစားဖို့၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်းစိန်ထောင်ထဲမှာ စစ်အာဏာရှင်တွေကို တယောက်တည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်နေတာဖြစ်လို့ သူနဲ့အတူ ပြည်သူလူထုတွေကလဲ အတူတိုက်ပွဲဝင်ကြဖို့ဆိုပြီး ရေးထားတယ်” ဟု ပြောသည်။

အေဖိုး(A4)စာရွက် တမျက်နှာနီးပါ ရေးသားထားသည့် ၎င်းလှုံ့ဆော်စာတွင် အစစ်အမှန်လူထုအသံ၊ စစ်အာဏာရှင်ဖွဲ့စည်းပုံ ၂၀၀၈ ဖျက်ဆီးပစ်၊ စစ်ဗိုလ်ချုပ်တွေ အုပ်စိုးမဲ့ ၂၀၁၀ အလိုမရှိ၊ တွေ့ဆုံဆွေးနွေးရေး ချက်ချင်းလုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်၊ ဒီမိုကရေစီအောင်ရမည်ဟု ကြွေးကြော်သံ ၅ ချက်ကို ထည့်သွင်းရေးသားထားကြောင်း ဆက်ပြောသည်။

“စာထဲမှာရေးထားတာက ပြည်သူထဲက ပြည်သူများဆိုပြီး အောက်မှာ ထည့်ထားတယ်၊ ဘယ်သူတွေဆိုတာ မသိပေမဲ့ စစ်အစိုးရကို မကြိုက်တဲ့ ပြည်သူတွေက ရေးထားတာလို့ပဲ ထင်တယ်” ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ဇီးကုန်းမြို့ပေါ်ရှိ ပြည်သူများအနေဖြင့်လည်း ၎င်းစာကို ဖတ်ရပြီးနောက် စိတ်ဝင်တစား ပြောဆိုနေကြပြီး တမြို့လုံးတွင်လည်း အဆိုပါသတင်း ပျံ့နှံ့နေကြောင်း သူက ဆက်လက်ပြောသည်။
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဘုရားပျက်ကြားမှ အသက်ရှင် ပိမိနေသူ များ အားမကယ်ဘဲ ဒီအတိုင်းထား

ကယ်ဆယ်ရေးလုပ်ငန်း အချိန်မှီမလုပ်သဖြင့် လူသေဆုံးမှုများခြင်းဖြစ်သည်ဟု ဒေသခံများပြောဆို
Tuesday, 02 June 2009 00:00 ဉာဏ်မောင်
ဓနုတ်စေတီတော်ပြိုကျရာတွင် အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မှီမလုပ်ဆောင်သဖြင့် မသေသင့်ဘဲ သေဆုံးရပြီး ဒေသခံများအကြားတွင်လည်း သတင်းမျိုးစုံ ပျံ့နှံ့နေလျှက်ရှိသည်။

စေတီတော်ပြိုကျပြီးနောက် အာဏာပိုင်များက ပြိုကျပျက်စီးသွားသည်များကို ချက်ချင်း ရှင်းလင်းခြင်းမရှိဘဲ ပြန်လည် တူးဖော်ရေးလုပ်ငန်းများကို ယနေ့မှ စတင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံတဦးက ပြောသည်။

“ဖြစ်ပြီးကတည်းက ရင်ပြင်တော်ပေါ်မှာ အပျက်စီးတွေကို ဖယ်ရှားတာမလုပ်ဘဲ ရပ်ကြည့်နေတာ၊ လာကြည့်တဲ့သူတွေကို ပြန်ခိုင်းတယ်၊ ည (၈) နာရီကျော်လောက်မှာ မီးသတ်ကားတွေ ကရိန်းကားတွေ ရောက်လာပေမဲ့ ဘာမှ ဆက်မလုပ်သေးဘဲနဲ့ ဒီတိုင်းကြည့်နေတယ်၊ ကျနော်တို့သွားတဲ့အချိန်မှာ မြေပိတဲ့အထဲက တယောက်က ရေပေးပါဆိုပြီး အော်တာ၊ အာဏာပိုင်တွေက ဘာမှမလုပ်ပေးဘူး၊ ဆွဲထုတ်လို့ရရဲ့သားနဲ့ မထုတ်ဖူး” ဟု ပြောသည်။

စေတီပြိုကျချိန်တွင် စေတီပေါ်တွင် ပန်းရံအလုပ်သမား ၈၀ ခန့်ရှိပြီး အောက်ဘက်တွင်လည်း လုပ်အားပေးလုပ်ကိုင်နေသူ ရာနှင့်ချီရှိနေကာ ယခုချိန်ထိ ပန်းရံအဖွဲ့သေဆုံးမှုစာရင်းကို မသိရသေးကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ မြင်တွေ့နေရတာနဲ့ ရေတပ်က စစ်သားတယောက်ပြောတာရောဆို လောလောဆယ်သေတာ ၃၀ ကျော် လောက်ရှိတယ်၊ ပန်းရံအဖွဲ့တခုလုံးလဲ ပျောက်နေတယ်၊ သူတို့က ဒဏ်ရာရတဲ့သူတွေကို ဆေးရုံတွေ ခွဲပြီး ပို့ထားတယ်” ဟု ပြောသည်။

ယခုလက်ရှိ ဒလဆေးရုံတွင် ရေတပ်မှ ဒဏ်ရာရသူများကိုသာ ထားရှိပြီး ကျန်လူနာများကို ပျော်ဘွယ်နှင့် ရန်ကုန်ဆေးရုံကြီးများသို့ ပို့ဆောင်ထားသည်ဟု ပြောသည်။

“ကျနော်တို့ ဒလဆေးရုံမှာ ဘာမှမရှိဘူး၊ ဖြစ်တဲ့နေ့က သေတာ တယောက်ပဲ ရောက်ပါတယ်၊ ကျန်တဲ့သူအားလုံးကို ရန်ကုန်ဆေးရုံကို တက်တဲ့နေ့ကပဲ လွှဲလိုက်တာ” ဟု ဆေးရုံဝန်ထမ်းတဦးက ပြောသည်။

စေတီပြန်လည်တူးဖော်ရေးအတွက် ပျော်ဘွယ်ရဲစခန်းက လုံခြုံရေးတာဝန်ယူပေးထားရပြီး ဒလမြို့နယ် (မယက)က တိုက်ရိုက စီမံနေသည်ဟု နယ်မြေခံ ရဲစခန်းတာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

“စေတီမှာ ကျနော်တို့စခန်းက အထိုင်တဖွဲ့ ထားတယ်၊ အင်းအားက ၁၀ ယောက်ပါ၊ ဒလစခန်းက မြို့နယ်မှူးလဲ အဲဒီမှာပဲ၊ ပြန်တူးဖော်တာကတော့ ဒီနေ့ သေတာ တယောက်ရတယ်၊ တခြားတော့ ဘာမှမကြားရသေးဘူး” ဟု ပြောသည်။

ယခုကဲ့သို့ စေတီပြိုကျရခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများက ဘုရားထီးတင်ရာတွင် သီလသမာဓိရှိသူများ၊ ပင်ကိုယ်စိတ် ဘာသာရေးကိုင်းရှိုင်းသူများသာ ပြုလုပ်ရသည့် အလုပ်မျိုးကို အမျိုးသမီးက ဦးဆောင်လုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ထင်မြင်ပြောဆိုနေကြကြောင်း မြို့ခံတဦးက ပြောသည်။

စေတီပြိုကျမှုကို မျက်မြင်တဦးက “စနေနေ့ ညနေ (၆) နာရီခွဲလောက်မှာ ထူးထူးခြားခြား စေတီရဲ့ထီးတော်တည့်တည့် ကောင်းကင်မှာ မူလလက်ဟောင်းစေတီပုံ ပေါ်လာတယ်၊ အဲဒီမှာ ထီးမပါဘူး၊ ရွာသားတွေရော၊ ရေတပ်၊ လုပ်အားပေးအဖွဲ့တွေအားလုံး ဖူးလိုက်ရတယ်၊ နေ့လည် (၂) နာရီခွဲလောက်မှာ ထီးတော်က ချိုင့်ဝင်သွားပြီး မီးခိုးတန်းလိုထွက်ပြီးမှ ပြိုတာ၊ (၃) နာရီမှာ ငှက်ပျောဖူးထပ် ပြိုတာ၊ (၃) နာရီ (၁၅) နဲ့ မိနစ် (၂၀) လောက်မှာ ကျန်တဲ့အပိုင်းတွေ အားလုံးပြိုသွားတာ” ဟု ပြောသည်။

ဓနုတ်ရှေးဟောင်းစေတီကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ဝန်းကျင်က ဆရာတော် ဦးစန္ဒိမာနှင့် ဒေသခံရွာသားများက မွန်းမံပြင်ဆင်ကိုးကွယ်ခဲ့ပြီး ၂၀၀၆ ခုတွင် စစ်အစိုးရက ထပ်မံပြုပြင်ပြီး ယခုနှစ် မေလ (၇) ရက်နေ့တွင် ဒေါ်ကြိုင်ကြိုင်က ဦးဆောင်ကာ ထီးတော်တင်လှူခဲ့၍ ရက်ပေါင်း ၂၃ ရက်အကြာတွင် ယခုကဲ့သို့ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကရင်အမျိုးသမီးတဦးကို နအဖစစ်တပ်က အုပ်စုလိုက် အဓမ္မ ပြုကျင့်

မေ လ၂၉ရက်၊စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ထီးဆဲလယ်ကျေးရွာမှ ရွာသူကရင်အမျိုးသမီးသမီးတဦးအား မေလ ၂၅ရက်နေ့တွင် နအဖ ခလရ ၂၈၃ တပ်းရင်းလိုက် အဓမ္မပြုကျင့်ခဲ့သည်ဟု ဒေသခံများ၏ ပြောဆို ချက်အရသိရပါသည်။


ကရင်ဒေသကို ၀င်ရောက်လာသည့် နအဖစစ်ကားးတစီး။

ထိုနေ့ နံနက်နက်(၉)နာရီခန့် တွင် အသက် ၃၀ခန့် ရှိ ထီးဆဲလယ်ရွာသူ နော်ပယ်ကြာသည် ခင်ပွန်းဖြစ်သူ ဒီးဒိနှင့်အတူ ရွာပြင်ရှိ ၄င်းတို့၏ ပြောင်းခြံသို့ လိုက်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူပြောင်းခင်းအတွင်းရှိစဉ် လယ်တဲ၌ကျန်ခဲ့သူ သူမအား တိုက်ကင်းလှည့်လည် နေသည့်အမှတ်(၂) စစ်ကွက်ကဲရေးဌာန လက်အောက်ခံ ဗိုလ်ကြီးဌေးဝင်းဦးဆောင်သည့် စစ်ကြောင်း(၂)၊ခလရ ၂၈၃ တပ်ရင်းမှတပ်ဖွဲ့ ဝင်များက တောထဲသို့ အတင်းအဓမ္မ ဆွဲခေါ်သွားပြီး အစုအပြုံလိုက် အဓမ္မပြုကျင့်ခဲ့ကြောင်း နယ်မြေခံတဦးက ကရင်သတင်းစဉ်ကို ယခုလို ပြောပါသည်။

သူက "အဲဒီနေ့ မှာသူတို့ လင်မယား ပြောင်းဇူးခြံကိုသွားတယ်။ မိန်းမဖြစ်သူက ပြောင်းဖူးခြံထဲမှာ နေတယ်။ ယောကျာင်္းဖြစ်သူက ပြောင်းခင်းထဲကို ဆင်းပြီးတော့ အလုပ်သွားလုပ်တယ်ပေါ့။ သိပ်မကြာပါ
ဘူး။ အဲဒီစစ်ကြောင်း ခလရ ၂၈၃က ပြောင်းခြံထဲကို ဝင်လာပြီး တဲမှာရှိတဲ့ မိန်းမကိုတွေ့ တောထဲကို အတင်းအဓမ္မ ဆွဲခေါ်သွားပြီး မူဒိန်းကျင့်တော့တာဘဲ။ တပ်ရင်းတရင်းလုံး ဝိုင်းကျင့်တော့ သူ့မိန်းမရဲ့အော်သံဆူညံနေတာ သူ့ ယောကျာင်္းကြားပေမဲ့ တအား ကြောက်လို့ မသွားရဲဘူး ဖြစ်နေတယ်"ဟု ပြောသည်။

ယင်းသို့ အဓမ္မပြုကျင့်ရာတွင် ခလရ ၂၈၃ မှဗိုလ်ကြီးဌေးဝင်း အပါအဝင် တပ်သားအယောက် ၃၀ကျော်ပါဝင်ပြီး နာရီဝက် အကြာ တွင် အဆိုပါတပ်ဖွဲ့ ဝင်များပြောင်းခင်းထဲမှ ပြန်လည်ထွက်မှသာ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သွားရောက်သယ်ယူ၍ ရွာအထိပြန်လည် ခေါ်ဆောင်လာသည်ဟု သိရပါသည်။

၎င်းကိစ္စနှင့်ပါတ်သက်၍ ထိုနယ်မေတွင် လုံခြုံရေးတာဝန်ယူထားသည့် ဒီကေဘီအေ(၉၀၇)တပ်ရင်းမှူး ဗိုလ်နှုတ်ခမ်းမွှေးကို ကရင်သတင်းစဉ်က ဆက်သွယ်မေးမြန်း၍ မရသော်လည်း မေလ ၂၈ရက်နေ့ ၌ ၄င်းအားဒေသခံတဦးမှ အကြောင်းကြား ပြောဆိုရာတွင် သူ့ အနေနှင့် စုံစမ်းစစ်ဆေးပြီး ဖြေရှင်းသွားမည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း သိရပါသည်။

အဆိုပါ အဖြစ်အပျက်ဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် ပြောင်းစိုက်ပျိုးသည့် ထီးဆဲလည်ရွာသူများ
သည် မိမိတို့ ပြောင်းခင်းများသို့  ယခုအချိန်ထိ မသွားရဲတော့ကြဘဲ ကြောက်ရွံ့ နေကြသည်။
သို့ သာ် မေလ ၂၉ရက်နေ့ နောက်ဆုံးရရှိသည့်သတင်းများအရ အဆိုပါ နအဖတပ်ဖွဲ့ သည် ဒေသ
ဆိုင်ရာ ဒီကေဘီအေအဖွဲ့ များအား ထိုသတင်းမပေါ်ပေါက်ရေးအတွက် တားမြစ်သည်ဟုသိရသည်။

ထိုဒေသ၇ှိ ထီးဆဲလယ်၊အူးဖိုးထာ၊ လယ်ဟော်၊ ကနဲလေး၊ မော်ခီး၊ မော်ဖိုးကလိုး၊ ကွီးဆဲဖော၊
ဘလားတို၊ ကော်ဆဲ၊ကလော်ဝေါ်၊ ဖေါ်ဘူးလာထ၊ ဂေါ်ဖိုးခီးနှင့် ဝေါ်လေကျေးရွာတို့ ရှိပြီး နအဖ
စစ်တပ်ကွက်ကဲရေး ဌာနချုပ်(၂)မှ လက်အောက်ခံတပ်ရင်းများနှင့် ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သည့်
ဒီကေဘီအေ တပ်ရင်း(၉၀၆) နှင့်(၉၀၇)တို့ အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။ ၂၀၀၂-၂၀၀၄ခုနှစ်
များကလည်း နအဖစစ်တပ်မှ ဒေသခံအမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့ကြသော်
လည့်း သက်ဆိုင်ရာ အာဏာပိုင်များမှ တစုံအရာ အပြစ်ပေးအရေးယူခြင်းမရှိပေ။
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

လှုပ်နေတဲ့ ရိုဟင်ဂျာ များသတိထား

6/3/2009ရခိုင် နယ်စပ်ရှိ လုံထိန်းတပ်ရင်းများကို နယ်ခြားစောင့်တပ်ဖြင့် အစားထိုးမည်
မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့ရှိ လုံထိန်း တပ်ရင်းများ နေရာတွင် နယ်ခြားစောင့် တပ်ဖြင့် အစားထိုးဖွဲ့စည်းသွားမည်ဟု အမည် မဖေါ်လိုသူ ရဲထိပ်တန်း အရာရှိ တဦးက ပြောသည်။

� ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာ နယ်စပ် လုံခြုံရေးကို နယ်ခြား စောင့်တပ်တွေ ဖွဲ့စည်ပြီး တာဝန်ပေးသွားမှာ ဖြစ်ပါတယ်၊ အခု အဲဒီမြို့နယ်တွေမှာ လက်ရှိ ရှိနေတဲ့ လုံထိန်း တပ်ရင်း ၂ရင်း နေရာမှာ နယ်ခြားစောင့် တပ်ရင်း ၂ ရင်းကို အစားထိုးမယ်လို့ သိရပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ကို ပြောင်းသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေကိုလည်း ဒီဘက်ကို ခေါ်ယူကောင်း ခေါ်ယူလာနိုင်ပါတယ်။ တိတိကျကျတော့ မပြောနိုင် သေးပါဘူး။ ဘယ်အချိန် အပြီးသတ်လုပ်မယ်ဆိုတာကတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ စစ်တပ်တွေကိုလည်း အစားထိုးမယ်ဆိုပြီး အထက်က အဲသလို ပြောနေတာတွေလည်း ရှိပါတယ်။ �

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ လုံထိန်းတပ်ရင်း နှစ်ရင်းကိုမူ ရဲတပ်ဖွဲ့ အဖြစ် ပြန်လည် ဖွဲ့စည်းမည်ဟု သူက ဆက်ပြောသည်။

� ကျွန်တော်တို့ သိရတာကတော့ ဒီလုံထိန်းတပ်ရင်း ၂ ရင်းကို လုံထိန်း တပ်ရင်း နာမည်နဲ့ အနောက်ဘက် နယ်စပ်မှာ မထားတာကတော့ သေချာပါတယ်၊ သူတို့ကို လိုအပ်ရင် နယ်စပ်ရဲ အဖြစ် အသွင်ပြောင်းပါလိမ့်မယ်။ သူတို့နေရာမှာ နယ်ခြားစောင့်တပ်တွေ အစားဝင်လာပါလိမ့်မယ်။ �

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှ စတင်ပြီး နယ်စပ်ဒေသများကို နယ်ခြားစောင့် တပ်များဖြင့် အစားထိုး တာဝန်ချထားမည် ဖြစ်ပြီး မြန်မာတနိုင်ငံလုံးရှိ နယ်စပ်ဒေသများကို နယ်ခြားစောင့် တပ်များက တာယူမည် ဖြစ်သည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များကို စစ်တပ်နှင့် နယ်စပ် တလျောက်ရှိ ငြိမ်းချမ်းရေး ယူထားသော လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဖွဲ့စည်းသွားမည် ဖြစ်ပြီး အဆိုပါ နယ်ခြား စောင့်တပ်ဖွဲ့ကို ကကကြည်းအောက်တွင် ထားရှိသွားမည် ဖြစ်သည်ဟု သိရသည်။

� အခု နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းမယ့် ဒီကေဘီအေက အစ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ အကုန်လုံး နယ်ခြားစောင့် တပ်ဖွဲ့ထဲပါဝင်သွားပါလိမ့်မယ်။ နယ်ခြားစောင့် တပ်ဖွဲ့ ဖြစ်သွားရင် ဒီကေဘီအေ ဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အားလုံးကို ကကကြည်းက ကိုင်သွားပါလိမ့်မယ်။ � ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

မည့်အတွက်ကြောင့် နယ်ခြားစောင့်တပ်ကို ဖွဲ့စည်းပြီး နယ်စပ် ဒေသအသီသီးတွင် တာဝန်ချရန် နအဖ အစိုးရမှ စီစဉ်နေသည်ကို မည်သူမှ တပ်အပ် မပြောနိုင်သေးကြောင်းနှင့် အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖေါ်ရန် အတွက် သက်ဆိုင်ရာ နယ်စပ် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများကို အထက်က ညွန်ကြားချက်များ ပေးပို့ထားသည်ဟု သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဝ တပ်နှင့် နအဖ တပ်ပစ်ခတ်လုနီးနီး

တင်းမာလာသည့် အနေအထားကြောင့် တောင်ပိုင်း ၀ တပ်နှင့် နအဖ တပ်ပစ်ခတ်လုနီးနီး
ဗုဒ္ဓဟူးနေ့၊ 03 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
လတ်တလော ၀ တပ်ဖွဲ့နှင့် စစ်အစိုးရတပ်တို့အကြား တင်းမာလာသည့်အခြေအနေကြောင့် နှစ်ဖက်အောက်ခြေတပ်များ ပစ်ခတ်လုနီးဖြစ်ပြီး မိမိတို့တပ်ဖွဲ့များသွားလာရေး အနှောင့်အယှက်ဖြစ်ရသည်ဟု ၀ တပ်မှူးတဦးက ပြောဆိုသည်။

မေ ၃၁ ရက် က တောင်ပိုင်း ၀ တပ်ဖွဲ့၏ ဖိုးဝှီး ကား ၇ စီး၊ လူအင်အား ၃၀ ခန့် တာချီလိတ်သို့ စားနပ်ရိက္ခာသွားရောက် ၀ယ် ယူပြီး (မိုင်းဆတ်မြို့တောင်ဘက်ဝမ့်ဟုန့် တပ်စခန်းနှင့် မိုင်းတုံမြို့တောင်ဖက်ဟွေ့အော့ တပ်စခန်းသို့) အပြန် - ခရီး တ၀က်၌ နအဖ လမ်းကင်းစောင့်တပ်ဖွဲ့၏ ဟန့်တားစစ်ဆေးမှုကြောင့် ၀ တပ်ဖွဲ့ နှင့် နအဖ စစ်တပ်အကြားအချေ အတင် စကားများပြီး ပစ်ခတ်လုနီးပါးဖြစ်ခဲ့ရသည်ဟု အဆိုပါတပ်မှူးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
[တောင်ပိုင်း ၀ တပ်ဖွဲ့]


“မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် လွယ်ဆမ်ဆုမ် တောင်ကြောက လမ်းကင်းစောင့်တဲ့ (မိုင်းတုမ်း အခြေစိုက်) ခမယ ၅၅၃ နဲ့ ၅၅၄ ဗမာစစ်သားတွေ ကျနော်တို့ကားကို အသေးစိပ်ရှာဖွေစစ်ဆေးချင်လို့တဲ့။ ကျနော်တို့ပေးမစစ်ဘူး၊သူတို့ ကားလဲ ကျနော်တို့မစစ်ဆေးဘူး၊ လက်နက်ကိုင်အချင်းချင်းဘဲ။ ဒါကြောင့် အချေအတင်ဟိန်းဟောက်ကြတယ်”- ဟုဆို၏။

မိုင်းတုံမြို့ဒေသခံတဦးက -“ အခုတလော ၀ တပ်တွေ လက်နက်ခဲယမ်းမီးကျောက်သယ်ယူ ဖြည့်တင်းတာတွေဖိလုပ် နေ တယ်လို့ကြားလို့ နအဖစစ်တပ်ကစစ်ဆေးကြည့်ချင်တဲ့သဘောဖြစ်နိုင်တယ်” ဟုဆို၏။

တောင်ပိုင်း ၀ တပ်ဖွဲ့အား စစ်ရေးအရ အချက်အခြာကျသည့် တပ်စခန်း ၃ ခု ကိုမေလ ကုန်နောက်ဆုံးထား၍ဆုတ်ခွာ ပေး ရန်၊ စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး လက်အောက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်၊ မြောက်ပိုင်းသို့ တပ်ရုတ် ပြန်ရန် စစ်အစိုးရဖက်က သတိပေးမှုကြောင့် ဆက်ဆံရေးပိုမိုတင်းမာလာခြင်းဖြစ်သည်။ စစ်အစိုးရကအသင့် အနေအထား တပ်လှန့်ထားသကဲ့သို့ တောင်ပိုင်း ၀ တပ်ဖွဲ့ကလည်း စားနပ်ရိက္ခာ၊လူသူလက်နက်အဆင်သင့်ဖြည့်တင်း ပြီး စစ်ရေးပြင် ဆင်ထားသည်ဟုဆို၏။ ထို့အပြင် ကျေးရွာတွင်း/မြို့တွင်း ရှိနေကြသည့် ၀ စစ်သား/ အရာရှိများလည်း မိသားစုနှင့်အတူ တပ်စခန်းအသီးသီးသို့ ပြန်သွားနေကြရပြီဖြစ်ကြောင်း သိရပါသည်။

နိုင်ငံရေးစစ်ရေးကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက - နအဖ နှင့် အပစ်ရပ်များအကြားလတ်တလောနိုင်ငံရေးအခြေ အနေ တင်းမာလာသော်လည်း ယခုနှစ်ကုန်ပိုင်းအထိ အပစ်ရပ်များအပေါ် စစ်အစိုးရစစ်မျက်နှာသစ်ဖွင့်နိုင်ဦးမည် မဟုတ်ကြောင်း သုံးသပ်ပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

သေစာရင်းဖျောက်တော့မည် ..ပုံ သန်းရွှေ

၂ ဇွန် ၂၀၀၉
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ဓနုတ်ကျေးရွာရှိ ဓနုတ်စေတီတော်မြတ်ကြီး ပြိုကျပြီးသည့်နောက် နအဖ စစ်ခေါင်းဆောင် သန်းရွှေက ဘုရားမုခ်ဦးအ၀င်ဝမှ ဘုရားတန်ဆောင်းအထိ မည်သူတဦး တယောက်မျှ မ၀င်ရဟု ညွှန်ကြားထားကြောင်း ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးကြီးတဦးက ပြောသည်။

“အခု ဘုရားကို ၀င်တဲ့ ၀င်ပေါက်မုခ်ဦးကနေပြီးတော့ ရှေ့ကို တည့်တည့်လျှောက်ပြီး ဘုရားကြီးအုတ်တံတိုင်း ထိကို သွားခွင့်မပေးတော့တာပါ။ ဘာလို့လဲဆိုတာတော့ ကျနော်တို့ ပြောဖို့ခက်တယ်။ ဗိုလ်ချုပ်မှူးကြီး အမိန့်ပဲ” ဟု ၎င်းက ပြောသည်။

စေတီပြိုကျရာတွင် ပါဝင်သူများ၏ မိသားစုဝင်များကိုပါ မ၀င်ရန်တားမြစ်ထားသော်လည်း ၎င်းတို့အား ခြွင်းချက် အနေဖြင့် နေရာလွှဲ၍ ၀င်ခွင့်ပေးထားရကြောင်း အဆိုပါ ဗိုလ်မှူးကြီးက ပြောသည်။

ဓနုတ်စေတီတော်ပြိုကျသည့်နေ့ကစ၍ ဘုရားသို့ လာရောက်ကြည့်ရှုကြသော ဘာသာမျိုးစုံ လူပရိသတ်များ စေတီတော်အနီးတ၀ိုက်တွင် အနည်းဆုံး (၅၀) ကျော်ခန့်ရှိသည်ဟု ဒလမြို့ခံ ဆိုင်ကယ် ကယ်ရီသမားတဦးက ပြောသည်။

“တချို့က လာကြည့်တာ သက်သက်ဆိုတော့ အနီးကပ်ကြည့်ချင်ကြတယ်လေ။ စဖြစ်တဲ့နေ့ပြီးတော့ နောက်တနေ့မှာ ၀င်လို့ရသေးတယ်။ ကြည့်ရင် အုတ်တံတိုင်းနားထိကပ်ပြီး ကြည့်လို့ရသေးတယ်။ ဒီနေ့မှ မရတော့တာဗျ” ဟု ၎င်းက ပြောသည်။

ယနေ့ထိ သေဆုံးသူအရေအတွက်ကို တိတိကျကျ မသိရသော်လည်း မျက်မြင်များပြောပြချက်အရ ဘုရားပြိုကျသည့် နေ့တွင် ပွဲချင်းပြီး သေဆုံးသူ (၅) ဦးနှင့် မေ (၃၁) ရက်၌ မြေကြီးအောက်မှ အလောင်း (၂ ) လောင်း တူးဖော်ရရှိ ကြောင်း သိရသည်။

ဓနုတ်စေတီပြိုကျရာ နေရာအနီး တတိယနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် အသက် (၄၀) ကျော် အမျိုးသမီးတဦးက သစ်သားစင်ပေါ်တွင် အ၀တ်ဖြူစ ဖုံးအုပ်ထားသည့်အလောင်းအနီး ကိုက် (၃၀) ခန့်အကွာမှ “အမလေး သားကြီးရယ်၊ အဖြစ်ဆိုးလိုက်တာ၊ အသေဆိုးနဲ့ သေရတဲ့ ဘ၀ပါလားနော်၊ အမလေး သားမျက်နှာကိုလည်း အမေ မတွေ့ရတော့ ဘူး” ဟု ရင်ဘတ်စည်တီးကာ ငိုကြွေးနေသည်ကို တွေ့ရှိရကြောင်း မျက်မြင်တဦးက ပြောသည်။

“အခုပဲ ဖော်လို့ရတဲ့အလောင်းပါ။ ဒီကလေးက အသက် (၂၀) ကျော်ပဲ ရှိသေးတာလေ။ သူ့အဖေက ဘုရားကို ငြမ်းဆင်တဲ့အဖွဲ့မှာ ခေါင်းဆောင်ပေါ့။ အခုငိုနေတာ သေတဲ့ကောင်လေးရဲ့ အမေပါ။ အလောင်းကို ကြည့်ဖို့ မကောင်းတော့ဘူးလေ။ အပုပ်နံ့တွေ နံစော်နေတာ။ အခုချက်ချင်း သရဏဂုံတင်မှာ။ ဟိုမှာတွေ့လား၊ ဘုန်းကြီးတွေ စောင့်နေကြတယ်” ဟု စေတီတော်အနီးရှိ ဘုန်းတော်ကြီးကျောင်း နောက်ဘက် အလောင်းစင်အနီးက မြင်ကွင်းကို တပ်မ (၃၆) တပ်မတော် (ရေ) မှ တပ်သားတဦးက ပြောပြသည်။

မြေကြီးပိ၍ ပျောက်ဆုံးနေသူများကို စာရင်းများအရ ယနေ့ညနေပိုင်းအထိ ဆက်လက် ရှာဖွေနေသော်လည်း ကျန်နေသူများ ရှိနေဆဲဖြစ်ကြောင်း အဆိုပါတပ်သားက ပြောသည်။

၎င်းက “စာရင်းတိတိကျတော့ ကျနော်တို့လည်း မသိရဘူး။ ကျနော်တို့လည်း အပြင်က လူတွေနဲ့ သိပ်စကား မပြောရဲဘူးဗျ” ဟု ပြောသည်။

စေတီအနီးတွင် ကရိန်း အသေး (၁) ခုနှင့် အကြီးစား (၁) ခုရှိပြီး ကရိန်းအသေးက ရပ်ထားကာ အကြီးတခုတည်းဖြင့် မောင်းနှင်၍ မြေကြီးများဖော်နေသည်ဟု ယနေ့မျက်မြင်တွေ့သူက ပြောပြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ပါးစပ်ပိတ်ထား

NEJ / ၃ ဇွန် ၂၀၀၉
ဓနုတ်စေတီတော်ကြီးပြိုကျစဉ်က အသက်မသေဘဲ ကျန်ခဲ့သည့် ဒလအခြေစိုက် အမှတ် (၃၆) ရေယာဉ်အုပ်စု တပ်မတော်(ရေ) မှ တပ်သားများကို စေတီတော်ပရ၀ဏ်အတွင်းမှအပ မည်သည့်နေရာကိုမှ သွားခွင့်မပေးကြောင်း အသက်ဘေးမှ လွတ်မြောက်လာသူ တပ်သားတဦးက ပြောသည်။

စေတီပြိုကျသည့်နေ့တွင် အဆိုပါ ရေယာဉ်အုပ်စုမှ တပ်သား (၅၀) ကျော် လုပ်အားပေးနေကြပြီး အများစုမှာ အထက်ပစ္စယံရှိ ၀ါးငြမ်းပေါ်တွင် ရှိနေကြကြောင်း ၎င်းက ပြောသည်။

“စဖြစ်တော့ ကျနော်နဲ့ ကျနော့်သူငယ်ချင်း (၅) ယောက်က အပေါ်ပိုင်း စိန်ဖူးတော်နားမှာ ရှိနေကြတယ်၊ ရွှေပြားကပ်မှာမို့လို့ အချောကိုင်နေတဲ့နေရာမှာ ဘုရားကြီးအတွက် ကူလုပ်ပေးနေတာပါ၊ လက်ပတ်နာရီမပါ လာတဲ့အတွက် ဘယ်အချိန်ဆိုတာ တိတိကျကျမပြောတတ်ပေမယ့် ညနေစောင်းနေပြီ။ (၃) နာရီ မထိုးခင်လောက် ဖြစ်မယ်ဗျ၊ ဘုရားက သိမ့်ကနဲလှုပ်ရမ်းသွားတယ်။ စိန်ဖူးတော်လျှောပြီး ပြုတ်ကျလာတယ်၊ ၀ါးငြမ်းတွေ ပြိုကျလာတယ်၊ ဘုရား စပြီးတော့ပြိုတာ အလယ်ပစ္စယံက ပြိုတယ်လို့ ကျနော် မှတ်ယူလိုက်တယ်၊ ဘာလို့လဲဆိုတော့ အောက်ကို နိမ့်ဆင်းပြီးတော့ လျှောကျသွားတာကိုး၊ အပေါ်ပိုင်းက စပြိုတာ မဟုတ်ဘူး၊ ဒါနဲ့  ကျနော်တို့လည်း ဥာဏ်မီသလောက် ၀ါးငြမ်းတွေကို ချောတိုင် ကိုင်သလိုကိုင်ပြီး အလိုက်သင့် လျှောဆင်းပါလာခဲ့တာ၊ ကံတော်တော် ကောင်းတယ်၊ မှဲ့တပေါက်တောင်မစွန်းဘူးဗျာ၊ အပေါ်ပိုင်းမှာရှိနေသူတွေက အခြေအနေ မဆိုးကြဘူး၊ အလယ်ပစ္စယံမှာ ရှိနေသူတွေ ဆိုးတာ” ဟု ၎င်းက ရှင်းပြသည်။

၎င်းတို့အား ဘုရားစေတီတော် အ၀င်ဝ မုဒ်ဦးထိ ထွက်ခွင့်မပေးဘဲ ဘုရားကို ကာရံထားသော အုတ်တံတိုင်းပတ်လည် အနီးတွင်သာ နအဖတာဝန်ရှိသူများက သွားလာခွင့် ပေးထားကြောင်း သိရသည်။

“ကျနော်တို့ဘ၀မှာ ဒီလိုအဖြစ်ကို မကြုံဖူးတော့ ထိတ်လန့်မိတယ်၊ အိမ်ကို ပြန်ချင်တယ်၊ ဒါပေမယ့် ပေးမပြန်သေး တာ” ဟု ကိုယ်တွေ့ကြုံခဲ့ရသည့် အဆိုပါ တပ်သားက ပြောသည်။

ဧရာဝတီရေတပ်စခန်းဌာနချုပ်က လုပ်အားပေးတွင် ပါဝင်ခဲ့သော အခြားတပ်သားများကို မိခင်တပ်ရင်းများသို့  နေ့တွင်းချင်း ပို့ပေးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ကျတော့ ပြန်ခွင့်မပေးဘူး ဆိုတာ သတင်းတွေကို လာမေးကြမှာစိုးလို့  ဖြစ်နိုင်ပါတယ်၊ လူမှုရေးအရ လူအချင်းချင်း သေကံမရောက် သက်မပျောက်ခဲ့တဲ့ အဖြစ်ကို လူတိုင်းက သိချင်ကြမှာပဲ၊ လူတွေက လာမေးကြ တယ်၊ ကျနော်တို့ကလည်း ပြောပြတယ်လေ၊ ဒါ့ကြောင့် ပေးမလွှတ်တာ ဖြစ်နိုင်ပါတယ်” ဟု အသက်ဘေးမှ လွတ်ခဲ့သူ ရေတပ်သားက ပြောသည်။

ထိုသို့ အပြင်ကိုမထွက်ကြရန် တားမြစ်ခံထားရသော ရေတပ်သားမှာ (၁၀) ဦးထက် မနည်းကြောင်း၊ တယောက် ယောက်နှင့် စကားပြောနေသည်ကိုတွေ့ပါကလည်း ချက်ချင်းလက်ရိပ်ပြ၍ တားမြစ်ကြောင်း ၎င်းတို့က ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

နိုင်ငံရေးလုပ်သည့်  ဘုန်းကြီး ဖမ်းမည်

မင်းနိုင်သူ / ၃ ဇွန် ၂၀၀၉
ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့ရှိ ဘုန်းကြီးကျောင်းများအား မြို့နယ်သံဃာ့မဟာနာယကက ယနေ့အစည်းအဝေးခေါ်ဆိုထားကြောင်း ဗဟန်းမြို့နယ်ရှိ သံဃာတော်တပါးက ခေတ်ပြိုင်သို့ မိန့်ဆိုသည်။

အစည်းအဝေးတွင် ကျောင်းထိုင်ဘုန်းကြီးများ၊ တိုက်အုပ်များအနေဖြင့် မိမိတို့ကျောင်းတိုက်မှ သံဃာတော်များ နိုင်ငံရေးမလုပ်ရေး တာဝန်ယူရန်၊ နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်နေသည်ကို တွေ့ပါက သာသနာရေးဝန်ကြီးဌာနသို့ အကြောင်းကြားရန် စသည်တို့အတွက် တာဝန်ယူကြောင်း လက်မှတ် ရေးထိုးခိုင်းလိမ့်မည်ဟု သံဃာတော်များက မှန်းဆထားကြသည်။

“၂၀၀၇ စက်တင်ဘာ အရေးအခင်းပြီးစကလိုပါပဲ။ သံဃာတော်တွေ နိုင်ငံရေးမလုပ်ဖို့ဘဲ ပြောမှာပါ။ ကျောင်းထိုင်ဘုန်းကြီးတွေ၊ တိုက်အုပ်ဘုန်းကြီးတွေက အဆင့်ဆင့်တာဝန်ယူ စောင့်ကြည့်ဖို့၊ အုပ်ထိန်းဖို့၊ ဒါတွေခေါ်ပြောမှာပါ” ဟု အထက်ပါ သံဃာတော်က မိန့်ဆိုသည်။

ယနေ့ညနေပိုင်းတွင် ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်၊ ကြည့်မြင်တိုင်မြို့နယ်များရှိ မြို့နယ်သံဃာ့မဟာနယက ကျောင်းတိုက်များတွင် အစည်းအဝေးများခေါ်ယူထားကြောင်း သိရသည်။

ထိုကဲ့သို့ အစည်းအဝေးခေါ်ယူရခြင်းမှာ မြို့နယ်သတင်းတပ်ဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနတို့က ဖိအားပေးမှုကြောင့် ဖြစ်ကြောင်း သံဃာတော်များက မိန့်သည်။

“ဘုန်းကြီးတွေကြားထဲလာပြီး ဘုန်းကြီးစွမ်းအားရှင် လာမွေးနေတာပေါ့ကွာ။ နိုင်ငံရေးစာရွက်စာတမ်းတွေ ဖတ်တဲ့ သံဃာတွေတွေ့ရင်၊ ကျောင်းတိုက်မှာ နိုင်ငံရေးအားသန်တဲ့ သံဃာတွေရှိရင် အကြောင်းကြားဖို့တွေ ခေါ်ပြောမှာပါ။ သူတို့က သတင်းဦးရယူထားချင်တဲ့ သဘောပဲ။ နောက်ပြီး ကျောင်းထိုင်ဆရာတော်တွေ၊ တိုက်အုပ်တွေနဲ့ အောက်ကသံဃာတွေကို သင်းခွဲလိုက်တဲ့သဘောပဲ” ဟု ဗဟန်း သံဃာတော်က သုံးသပ်သည်။

နအဖစစ်အစိုးရသည် ၂၀၀၇ စက်တင်ဘာ သံဃာတော်များ မေတ္တာပို့လမ်းလျှောက်ပွဲကို ပစ်ခတ်နှိမ်နှင်း ဖြိုခွဲခဲ့ပြီးနောက် သံဃာတော်များအပေါ် ပိုမိုဖိနှိပ်လာရာ ထောင်ကျသံဃာတော်များ၊ တိမ်းရှောင်သံဃာတော်များနှင့် လူဝတ်လဲခဲ့ရသော သံဃာများရှိခဲ့သဖြင့် ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် သံဃာဦးရေလျော့ကျလာသည်ဟု ရန်ကုန်သံဃာတော်များက ခန့်မှန်းကြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဒီမိုကရေစီလမ်းစဉ် ကျင့်သုံးပါတော့မည် ဆိုသည့်  ဗမာ

NEJ / ၃ ဇွန် ၂၀၀၉
အနုပညာဂျာနယ် မှတ်ပုံတင်ဖြင့် ထုတ်ဝေသည့် ဂျာနယ်အားလုံးကို ဌာနဆိုင်ရာနှင့်ပတ်သက်သည့် သတင်းများ လုံးဝမဖော်ပြရန် စာပေစိစစ်ရေးက တားမြစ်လိုက်သည်။

အခြားသော ဒေသန္တရသတင်းများနှင့် ပြည်ပသတင်းများကိုလည်း ရှေ့မျက်နှာဖုံးနှင့် နောက်ကျောဖုံးတို့တွင် လုံးဝဖော်ပြခြင်းမပြုရန် စာထုတ်တားမြစ်လိုက်ခြင်းဖြစ်သည်။

အဆိုပါစာကို လက်ခံရရှိသည့် ဂျာနယ်အယ်ဒီတာတဦးက “ညွှန်ကြားချက်ထဲမှာပါတဲ့ အချက်တွေကတော့ အများကြီးပဲ။ အဓိကကျတာတွေကတော့ ပေါ့ပ်ဂျာနယ်တွေအနေနဲ့ ဌာနဆိုင်ရာသတင်းတွေကို လုံးဝရေးမတင်ကြဖို့၊ ရှေ့နဲ့နောက် မျက်နှာဖုံးတွေမှာဆိုလည်း ပြည်တွင်းပြည်ပ အနုပညာဆိုင်ရာ သတင်းနဲ့ ဓာတ်ပုံတွေကိုပဲ ဖော်ပြရမယ်၊ ပြည်ပသတင်းတွေဆို ကောက်စာတောင် မဖော်ပြရဘူးလို့ ကန့်သတ်လိုက်တယ်၊ အတွင်းမှာဆို ဒေသန္တရသတင်းကို အများဆုံးနှစ်မျက်နှာပဲ ဖော်ပြခွင့်ပေးမယ်တဲ့” ဟု ပြောသည်။

ယခုကဲ့သို့ စာပေစိစစ်ရေးက တင်းကြပ်လိုက်ခြင်းမှာ ဂျာနယ်ထုတ်ဝေသူအချို့က ထုတ်ဝေခွင့်ရှိပြီးသား သတင်းဦးစားပေးဂျာနယ် မဟုတ်သည့် ပေါ့ပ်ဂျာနယ်လိုင်စင်များကို လိုက်လံဝယ်ယူပြီး သတင်းဦးစားပေးဂျာနယ် ထုတ်ဝေရန်ကြိုးစားမှု ရှိလာသည့်အတွက်ကြောင့်ဟု ၎င်းက ပြောသည်။

သတင်းဦးစားပေးဂျာနယ် ထုတ်ဝေလိုသူ များလာရခြင်းမှာ ဂျာနယ်ထုတ်ဝေရေး စီးပွားရေးလောကတွင် ယခုနောက်ပိုင်း သတင်းဦးစားပေးဂျာနယ်များ အမြတ်အစွန်းများလာပြီး စာဖတ်သူများအပေါ် သြဇာသက်ရောက်မှု တစုံတရာ ရှိလာသည့်အတွက်ကြောင့်ဟု ပြည်တွင်းဂျာနယ်အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။

သို့သော် စစ်အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းဂျာနယ်ထုတ်ဝေခွင့်ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဆဲ ဖြစ်ပြီး ၎င်းတို့နှင့်နီးစပ်သူများကိုသာ စိစစ်ချပေးနေကြောင်း သိရသည်။

ဂျာနယ်ထုတ်ဝေခွင့် ရရှိထားသူများသည် ကိုယ်တိုင်ထုတ်ဝေနိုင်ခြင်းမရှိပါက ထုတ်ဝေခွင့်ကို လက်လွှဲ၊ ငှားရမ်း၊ ရောင်းချခြင်း မလုပ်ရန် စာပေစိစစ်ရေးက တားမြစ်ထားပြီး ထုတ်ဝေခွင့်ကိုလည်း အမျိုးအစားအမျိုးမျိုး ခွဲခြားထား ကာ ပြောင်းလဲထုတ်ဝေခွင့် မပြုကြောင်း ဂျာနယ်ထုတ်ဝေသူတဦးက ပြောသည်။

ထုတ်ဝေခွင့်ပေးကတည်းက အမျိုးအစားသာမက စာမျက်နှာကိုပါ ကန့်သတ်ထားသည့်အပြင် စာမူများကိုလည်း မည်သည့်အကြောင်းပြချက်မှ မပေးဘဲ ဖြတ်တောက်၊ ဖြုတ်ပယ်မှုများရှိနေသည်မှာ မဆန်းတော့ကြောင်း၊ ယခုထပ်မံ တင်းကြပ်လိုက်ခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အနုပညာလိုင်စင်နှင့် ထုတ်ဝေနေသည့် Phoenix ဂျာနယ်သည် ပြီးခဲ့သည့်သီတင်းပတ်များ၌ မျက်နှာဖုံးတွင် ဆူဒန်ကို ဆန်တင်ပို့သည့်သတင်းနှင့် အတွင်းစာမျက်နှာများတွင် အခြားသော ပြည်တွင်းသတင်းများကို ရေးသားတင်ပြခဲ့ ကြောင်း၊ စာပေစိစစ်ရေးက ယင်းသတင်းများကို စိစစ်ဖြတ်တောက်လိုက်ရုံမက ဂျာနယ်ကိုပါ တပတ်ထုတ်ဝေခွင့် ပိတ်ပင်လိုက်ပြီးသည့်နောက် ယခုဖော်ပြပါ နောက်ဆုံးစည်းကမ်းချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းမှ အခြားဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

လက်ရှိထုတ်ဝေနေသည့် အနုပညာအမျိုးအစား ဂျာနယ်များမှာ အချစ်၊ ပေါ်ပြူလာ၊ အလင်းတန်း၊ နံနက်ခင်း၊ 8 Days A Week ၊ First Music Journal ၊ NOW ၊ Phoenix တို့အပါအ၀င် ဂျာနယ်အမျိုးအစား (၂၀) ၀န်းကျင်ခန့် ရှိကြောင်း သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

မြင့်မားတဲ့ အတွေး

Think Genuinely by Nyein Maung

ဆက်ဖတ်မယ်ဆိုရင်....

Wednesday, June 3, 2009

(SPDC collecting child soldiers in Shan state )ကျမသား ၁၂ နှစ် ဘဲရှိပါသေးတယ်

သျှမ်း/အရှေ့ ကလေးငယ်များအား ရဲညွှန့်အဖြစ် အဓမ္မကောက်ယူ
အင်္ဂါနေ့၊ 02 ဇွန်လ 2009
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် ကလေးငယ်များအား ရဲညွှန့်အဖြစ် နအဖ စစ်တပ်က အဓမ္မကောက်ယူနေ ကြောင်း သျှမ်းပြည်အရှေ့ ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။
ဧပြီလမှစ၍ မေလကုန်ပိုင်းအထိ မိုင်းပြင်းအခြေစိုက် ခမရ ၃၆၀ နှင့် ခလရ ၄၃ တို့က ဒေသအတွင်း လားဟူ ပြည်သူ့စစ် များနှင့်ပူးပေါင်းကာ မိုင်းပြင်းမြို့နယ် ပက်ကန့်ကျေးရွာအုပ်စု ကလေးငယ်များအား တရွာ ၅ယောက်နှုန်း မပေးမနေရ အဓမ္မကောက်ယူပြီး ယမန်နေ့ တနင်္လာနေ့က သျှမ်းပြည်တောင်ပိုင်း နမ့်ဇန် ရဲညွှန့်ကျောင်းသို့ပို့ ဆောင်လိုက် ဖြစ်ကြောင်းဆိုပါသည်။

[ဗမာ့တပ်မတော်မှ ကလေးစစ်သားများ

“ပက်ကန့်မှာ ကျေးရွာပေါင်း ၂၇ ရွာရှိတယ်၊ တရွာ ၅ ယောက်နှုန်း ပေးရတယ်၊ ကျောင်းထားပေးမယ် လို့ပြောတယ်။ ကျမသား ၁၂ နှစ် ဘဲရှိပါသေးတယ်၊ ဒီနှစ်ရှင်ပြုပေးမလို့ ပိုက်ဆံမလောက်သေးတာနဲ့ မလုပ်ရဘူး။ အခုဗမာစစ်သား တွေ ခေါ်သွားတော့ စိတ်ပူရတာပေါ့၊ နိုင်ငံရေးကလဲ မငြိမ်မသက်နဲ့ဆိုတော့ ဘာမှမသိတဲ့ ကလေးကိုရှေ့ တန်းတက် ခိုင်းပြီး တိုက်ပွဲမှာအသုံးပြုမှာကို အရမ်းစိုးရိမ်ရတယ်” - ဟု မိဘကလေး တဦးပြောပြသွားပါတယ်။

အမည်မဖေါ်လိုကျောင်းဆရာတဦးက- “ ရဲညွှန့်အတွက်လို့ ဆိုပြီးလာကောက်တာ အမှန်ကတော့ ကလေးတွေကို နမ့်ဇန် စစ်ကျောင်းပို့လိုက်တာဘဲ၊ မိဘအစုံရှိတဲ့ အရွယ်မရောက်ကလေးငယ်တွေကို အခုလိုအဓမ္မကောက်ယူ နေတာ ကလေးစစ်သားကောက်ယူမှု ကျူးလွန်တာဘဲ” ဟု ဆို၏။

အသက် ၁၂-၁၅ နှစ်အထိ ကလေးငယ်များအား စစ်သားအဖြစ် အဓမ္မကောက်ယူရာတွင် မိုင်းပြင်းအခြေစိုက် ခမရ ၃၆၀ မှ ဗိုလ်ကြီးသိန်းအောင် ၊ ခလရ ၄၃ မှ ဗိုလ်အောင်နိုင်နှင့် ကောင်းပက်က လားဟူ ပြည်သူ့စစ်အဖွဲ့ပူးပေါင်း နယ်လှည့် ကောက်ယူကြခြင်း ဖြစ်သည်ဟုဆိုပါသည်။

ပက်ကန့်ကျေးရွာအုပ်စုသည် သံလွင်အရှေ့ ခြမ်း မိုင်းပြင်းမြို့၏ အနောက်မြောက်ဘက် မိုင် ၃၀ ကျော် ခန့်တွင် တည်ရှိပြီး လားဟူ၊ ပလောင် နှင့် သျှမ်းလူမျိုးများအတူတကွ နေထိုင်ကြသည်။

မိုင်းပြင်းမြို့နယ် ကလေးငယ်များအား ဆင့်ခေါ်ကောက်ယူနေသည့်အပြင် မေလ ၁ ရက်နေ့မှ စ၍ အသက် ၁၈ နှစ်ပြည့်ပြီး သောလူငယ်များ နှင့် အိမ်ထောင်သည်အမျိုးသားများအားလည်း ပထမအသုတ်အဖြစ် ပြည်သူ့ စစ် မလုပ်မနေရ အယောက် ၁၀၀ ခေါ်ယူပြီး သင်တန်းကာလ ၂၀ ရက် ဖြင့် ခလရ ၄၃ အတွင်း တသုတ်ပြီးတသုတ် စစ်ရေးလေ့ကျင့် နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် နအဖ တပ် တင်းမာမှုကြောင့် နှစ်ဖက်ပြင်ဆင်မှုများပြုလုပ်

တနင်္လာနေ့၊ 01 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
ဂျွန် ၁ ရက်ကစပြီး တောင်ပိုင်း ၀ တပ်ဖွဲ့များ ခရီးသွားလာပါက စစ်အစိုးရ၏သက်ဆိုင်ရာဒေသခံစစ်ဗျူဟာမှူးရုံး၊ တပ်ရင်းရုံး သို့ သတင်း ပေးပို့ရမည်ဟု သျှမ်းပြည်အရှေ့တောင်ပိုင်း ပုံပါကျင်မြို့နယ်ခွဲ အခြေစိုက် စစ်ဗျူဟာမှူးကပြောကြောင်း နယ်စပ် သတင်းရပ်ကွက်ဆိုသည်။

တောင်ပိုင်း ၀ တပ်ဖွဲ့အား မြောက်ပိုင်းသို့ တပ်ရုတ်ပြန်ရန်/လက်နက်ချရန်/စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး လက်အောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် စစ်အစိုးရဖက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့၏။ ၀ တပ်ဖွဲ့ လိုက်နာ ဆောင်ရွက်ခြင်း မရှိသဖြင့် စစ်အစိုးရက စစ်ရေးဖြင့်ကိုင်တွယ်ရန် (သို့) ခြိမ်းခြောက်ရန် တပ်မများ အဆင်သင့် ရောက်ရှိနေပြီဖြစ်ကြောင်း ကျေးရွာ ဥက္ကဌ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဆင့်ခေါ်သည့် အစည်းအဝေး၌ ပုံပါကျင်အခြေစိုက်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူက ၂၉/၀၅/၀၉ နေ့၌ ပြောကြားခဲ့သည်ဟု နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။

[တောင်ပိုင်း ၀ တပ်ဖွဲ့]

တောင်ပိုင်း ၀ တပ်ဖွဲ့

“မေ ၂၉ ရက်နေ့က တောင်ပိုင်း ၀ တပ်ဖွဲ့ တပ်မဟာမှူး တပ်ရင်းမှူးတွေ အစည်းအဝေးလုပ်ကြတယ်။ သူတို့အဓိက ဆွေး နွေးတာက တောင်ပိုင်းဒေသရှိ အဓိကတပ်စခန်းသုံးခုအား စစ်အစိုးရက အမြန်ဆုံးရုတ်ပေးပါဆိုတဲ့ကိစ္စကို မလိုက်လျော နိုင်ဘူး ဆိုတဲ့အချက်ကို သဘောတူဆုံးဖြတ်ချက်ချကြတယ်။ နောက်တခုက တောင်ပိုင်းဝ တပ်ဖွဲ့တွေ ခရီးသွား/လာရင် စစ်အစိုးရတပ်ကို သတင်းပေးပို့ဖို့အချက်ကိုတော့ လိုက်လျောပေးဖို့၊ စားနပ်ရိက္ခာအတွက် ကြိုတင် ပြင်ဆင်ထားဖို့ ဆိုတဲ့အချက်တွေ ဆွေးနွေးဆုံးဖြတ်ကြတယ်” ဟု တောင်ပိုင်းဝ တပ်ဖွဲ့ ခေါင်းဆောင်များနှင့် ရင်းနှီးသူတဦး ကပြောသည်။

“အကြောင်းအမျိုးမျိုးကြောင့် အဲဒီတပ်စခန်းတွေမဖြစ်မနေ လက်လွတ်လိုက်ရရင်တောင်မှ ပြန်တိုက်ယူမှာဘဲ။ အခု အဲဒီတပ် တွေ ရုတ်မပေးနိုင်လို့ စစ်အစိုးရ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ၅ ရင်း ရောက်နေတယ်ဆိုတာ ကျနော်တို့ကို ခြိမ်း ခြောက်တာဖြစ်တယ်။ တကယ်တမ်းတော့မလာသေးပါဘူး။ ကျနော်တို့ဘယ်သွားသွား သတင်းပေးပို့ရမယ် ဆိုတဲ့ကိစ္စက တော့ လိုက်လုပ်ကြည့်ပါမယ်” - ဟု ၀တပ်မှူး တဦးက ဆိုသည်။

ဒေသခံကုန်သည်တဦး၏ ပြောပြချက်အရ စစ်အစိုးရတပ်ဘက်မှ တပ်ရင်းများ တပ်စခန်းများ အသင့်အနေအထား စစ်ရေး ပြင်ဆင်ထားသလို ၀ တောင်ပိုင်းတပ်ဖွဲ့ကလည်း စားနပ်ရိက္ခာ၊ လူသူလက်နက် အဆင်သင့် ဖြည့်တင်းသည့်အပြင် ကျေးရွာတွင်း မြို့တွင်း မိသားစုနှင့်နေသည့် ၀ စစ်သား/အရာရှိများလည်း တပ်စခန်းအသီးသီးပြန်နေကြကြောင်း ဆိုပါ သည်။

ဝ တပ်ဖွဲ့ နှင့် စစ်အစိုးရ တို့၏ တင်းမာလာသော ဆက်ဆံရေးကြောင့် တောင်ပိုင်း နှင့် မြောက်ပိုင်း ၀ တပ်ဖွဲ့လည်း အတက် အဆင်း ကျဲသွားပြီး မလိုအပ်လျှင် ခရီးမသွားကြတော့ကြောင်း၊ ကြေးနန်း/ဖုန်းဖြင့်သာဆက်သွယ်သွားရန် မေလလယ်ပိုင်း ကစပြီး ၀ အကြီးအကဲများ ညွှန်ကြားထားကြောင်း၊ စစ်အစိုးရဘက်ကလည်း ဒေခံပြည်သူများအား သတိရှိရှိသွားလာနေ ထိုင်ကြဖို့ မေလ ၉ ရက် ကတည်းက ဗျူဟာမှူးရှင်းလင်းခဲ့ကြောင်း သိရပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

လူ့ အသက်တွေထက် စိန်က ပို အရေးကြီး

ဓနုတ်စေတီတော်ကြီး ပြိုကျမှုတွင် သေဆုံးသူ ပိုမို များပြားဖွယ်ရှိ
မျိုးသိဏ်း
ရန်ကုန် (မဇ္ဈိမ)။ရန်ကုန်တိုင်း ဒလမြို့နယ်မှ ရှေးဟောင်း ဓနုတ် စေတီတော်ကြီး ပြိုကျပျက်စီးမှုတွင် လုံခြုံရေးကို အဓိက ဆောင်ရွက်ကာ ကယ်ဆယ်ရေးကို လျစ်လျူရှုခဲ့သဖြင့် အပျက်အစီးများအောက် အသက်ရှင်လျက် ပိမိနေသူများ သေဆုံးဖွယ်ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးသည် ထီးတော်တင်ခဲ့သည့် စေတီကြီးသည် မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြိုကျခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၀၀ ခန့် ထိခိုက်ဒဏ်ရာရကာ၊ အုတ်ပုံအောက်တွင် လူအချို့ ပိမိနေခဲ့သော်လည်း ကယ်တင်ရေးထက်၊ လုံခြုံရေးကို အဓိကလုပ်ခဲ့သဖြင့် သေဆုံးသူဦးရေမှာ ယခုထက် ပိုမိုများပြားဖွယ်ရှိကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

”(ခ) ရပ်ကွက်က အဖွားကြီးဆို သနားပါတယ်။ သူ့သားက လုပ်အားပေးထဲမှာ ပါတယ်။ အသံတွေကြားတော့ ငါ့သားလေးများလား မသိဘူး၊ ငါ့သားလေး အသံနဲ့ တူလိုက်တာဆိုပြီး ငိုနေတာ။ ဘုရားဆီကိုလည်း သွားလို့ မရဘူးလေ။ လုံခြုံရေးတွေ ရောက်လာပြီးကတည်းက ဘုရားပရိဝုဏ်ထဲကို ဝင်ခွင့်မပေးတော့ဘူး။ အထဲမှာ ပိတ်မိနေတဲ့အထဲက နှစ်ယောက်ပဲ ဆွဲထုတ်လို့ ရတယ်။ ကျန်တာက အပြင်မှာ ဒဏ်ရာရတဲ့ သူတွေကိုပဲ ကယ်နိုင်တယ်” ဟု စေတီတော်အနီးရှိ (က) ရပ်ကွက်မှ အမျိုးသမီးတဦးက မဇ္ဈိမကို ယမန်နေ့က ပြောသည်။

အုတ်ကျိုးအုတ်ပဲ့များ၊ အင်္ဂတေတုံးကြီးများနှင့် ငြမ်းများ ရောထွေးနေသည့် အပျက်အစီး အောက်တွင် လူဦးရေ ၃၀ ထက်မနည်း ရှိနိုင်ကြောင်း ပန်းရံလုပ်သားက ခန့်မှန်းသည်။

ကယ်ဆယ်ရေး လုပ်သားတဦးကလည်း ''ပျောက်နေသူ တော်တော် များသေးတယ်။ ရှာလို့တွေ့သမျှ အကုန် ဆေးရုံပို့ပြီးပြီ။ ရန်ကုန်က ငှက်မြတ်နားတော် လာလုပ်နေတဲ့အဖွဲ့က တော်တော်များများ ပျောက်နေတယ်။ ရေတပ်က ၃ ယောက်လောက် ပျောက်နေတယ်။ ပျောက်တဲ့သူတွေက သေဖို့ များတယ်'' ဟု ဆိုသည်။

ဒေသခံ အမျိုးသမီးက ”မနေ့ည (မေ ၃၀ ရက်) အထိ အုတ်ပုံအောက်က ကယ်ကြပါ၊ ကယ်ကြပါ၊ ရေပေးပါလို့ အော်တဲ့အသံတွေ အပြင်က ကြားနေရတယ်။ နောက်တော့ မိုးတွေ ရွာချလိုက်တယ်။ မိုးရွာထဲမှာတောင် အော်သံတွေ၊ ညည်းသံတွေ ကြားနေရတုန်းပဲ။ နောက်တော့ မိုးက တဖြေးဖြေး သဲလာတာ တညလုံးပဲ။ မိုးလင်းခါနီးကျတော့ အသံတွေ မကြားရတော့ဘူး” ဟု ပြောသည်။

အခင်းဖြစ်ပြီး နောက်ရက်မှသာ ယန္တယား စက်ကြီးများဖြင့် အပျက်အစီးများကို စတင် ဖယ်ရှားနိုင်ခဲ့သည်။

ဖယ်ရှားချိန်တွင် ကြည့်ရှုနေသူများအား နေရပ်သို့ပြန်ရန် အသံချဲ့စက်ဖြင့် ပြောသဖြင့် ရွာသူရွာသားများ လှည့်ပြန်သွားပြီး၊ စေတီအတွင်း ပရိဝုဏ်တခုလုံးကို စစ်တပ်နှင့် ဝန်းရံထားပြီး မုခ်ဦးများ ပိတ်ဆို့ထားခဲ့သည်။

အခင်းဖြစ်သည့် ည ၉ နာရီခန့်အထိ အခြေအနေ ဆိုးရွားသည့် ရေတပ်သားနှင့် အရပ်သား ၃၀ နီးပါးကို ရန်ကုန် ဆေးရုံကြီးသို့ ပို့လိုက်ပြီး၊ ဒလနှင့် တွံတေးမြို့ ဆေးရုံများသို့ပါ လူနာ အများအပြားကို ပို့ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဒလမြို့ဆေးရုံမှ တာဝန်ကျ ဆရာမတဦးက ''ကျမတို့ဆေးရုံကို လူ ၅၀ လောက် ရောက်လာတယ်။ ဒလကနေ ရန်ကုန်ဆေးရုံကြီး ပို့တာ ၃၀ လောက် ရှိတယ်။ နေရာမှာတင် ပွဲချင်းပြီးသေတာ တယောက်၊ နာမည်မသိဘူး။ နောက်တယောက်က ရေတပ်သား။ သူက ရန်ကုန်ဆေးရုံကြီးကို ပို့နေတုန်း လမ်းမှာ သေတာ'' ဟု ပြောသည်။

၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမတိုင်မီ တကြိမ် ပြိုကျပျက်စီးခဲ့သော ရှေးဟောင်း သမိုင်းဝင် ဓနုတ်စေတီတော်ကြီးအား မူလဉာဏ်တော် အမြင့်ထက် ၉ လက်မ ပိုမိုမြှင့်တင်ဆောက်လုပ်သည့် စီမံကိန်းကို ရွှေသံလွင် ဆောက်လုပ်ရေး ကုမ္ပဏီက ကျပ်သိန်း ၁၅၀၀၀ ဖြင့် တာဝန်ယူလုပ်ကိုင်ခဲ့သည်။

စေတီတော်ကြီး အလုံးစုံပြီးစီးခြင်း မရှိမီ မေလ ၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး၏ ဇနီးသည်က ဦးစီးပြီး ထီးတော် တင်လှူခဲ့သည့် ဉာဏ်တော်အမြင့် ၁၉၈ ပေရှိ စေတီတော်ကြီးမှာ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် စတင်ပြိုကျပြီး၊ ၁၀ မိနစ်အကြာတွင် အလုံးစုံ ပြိုကျသွားခြင်း ဖြစ်သည်။

စေတီ တည်ဆောက်ရေးမှာ ပြီးစီးခြင်း မရှိသေးသဖြင့် ဘုရားပြိုသည့်နေ့က ရုံးပိတ်ရက်ဖြစ်၍ လုပ်အားပေးသူ အများပြည်သူ ၃၀၀ ကျော်ရှိပြီး၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှ တပ်သားများပါ လုပ်အားပေးနေသဖြင့် လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထပ်မံတင်လှူခဲ့သည့် စိန်ဖူးတော်နှင့် ထီးတော်၊ ဌက်မြတ်နားတော်တွင် ပူဇော်သည့် ကျောက်မျက်ရတနာများ၏ တန်ဖိုးမှာ ကြီးမားသည့်အပြင် ဗိုလ်ချုပ်မှူးကြီး၏ ဇနီးသည်ကိုယ်တိုင် ဦးစီးတင်လှူထားသော စေတီဖြစ်သဖြင့် လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း သူတို့က ယူဆနေကြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Tuesday, June 2, 2009

ရှေ့ တန်းမှ ရွာမီးရှို့  မုဒိန်းကျင့်  ပြည်သူသတ် ၍ပြန်လာသော တပ်အား အတင်းကြပ် ကြိုဆိုခိုင်းခံခဲ့ ရ

ဆက်ဖတ်မယ်ဆိုရင်....

စစ်ခွေးအုပ်စု ဗမာပြည် တွင်းရှိနေသ၍ ရိုးအီ အောင်ကြားနေရမည့် 

မင်းပြားမှ စစ်သားများ ရိုက်နက်ခံရသူ ကိုထွန်းအေးကျော် တရားစွဲခံရပြီး ဇွန်လ (၄) ရက်နေ့တွင် အမူကို စတင် စစ်ဆေးမည်
6/1/2009
မင်းဆက်ခိုင် (နိရဉ္စရာ) လွန်ခဲ့သော ၂၀၀၈ နိုဝင်္ဘာလ အတွင်းက မင်းပြား တန်ဆောင်တိုင် ပွဲတော်ကာလ အတွင်း အပျော် ထမင်း ချက်စားနေစဉ် စစ်သားများ ရိုက်နက်ခြင်းကို ခံရ၍ သေလု မျောပါး ဖြစ်ခဲ့ရသူ ကိုထွန်းအေးကျော်ကို စစ်တပ်မှ တရားစွဲဆိုထားသဖြင့် အဆိုပါ အမူကို ဇွန်လ ၄ ရက်နေ့တွင် စတင် ကြားနာ စစ်ဆေးမည် ဖြစ်သည်။

�သူ့ကို မင်းပြားမြို့ တရားရုံးက ဇွန်လ (၄) ရက်နေ့မှာ အမူကို စတင် စစ်ဆေးမယ်ဆိုပြီး သမန်စာပေး ဆင့်ခေါ် ထားပါတယ်။ ကိုထွန်းအေးကျော်ကို တရားစွဲဆို ထားသူ ကတော့ သူ့ကို ဦးဆောင်ပြီး ရိုက်နက်ခဲ့သူ တပ်ရင်း ၃၇၉ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူး နိုင်ဝင်းအေးဘဲ ဖြစ်ပါတယ်� ဟု သူ၏ ဆွေမျိုး တဦးက ပြောသည်။

အဆိုပါ အမူမှာ လွန်ခဲ့သော နိုဝင်္ဘာလက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး (၇) လ နီးပါးကြာပြီးမှ ရုံးတင် စစ်ဆေးရခြင်းနှင့် ပတ်သက်ပြီး သူ့ဆွေမျိုးက ယခုကဲ့သို့ ပြောသည်။

�ဗိုလ်မှူး နိုင်ဝင်းအေးက အမှန်မှာတော့ တရားခံ အစစ်ပါဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာ စစ်တပ်က အရာရှိကြီး တဦး ဖြစ်ပါလျက် လူငယ်တွေကို တရား ဥပဒေအရ အရေးယူလို့ ရပေမယ့် အရေးမယူဘဲ တပ်သား တွေကို ခေါ်ယူပြီး လူဆိုး လူရမ်းကားတွေလို စစ်ဥပဒေကို ချိုးဖေါက်ပြီး ၀င်ရောက် ရိုက်နက်တဲ့အတွက် ဖြစ်ပါတယ်။ အမှန်မှာ သူသာ တရားခံ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ စစ်တပ်က ဘာဘဲ လုပ်လုပ် တရားတယ်။ သူတို့လုပ်ရင် အားလုံးမှန်တယ် ဆိုပြီး သူတို့က အဲသလို ခံယူထားကြပါတယ်။ ကိုထွန်းအေးကျော် ဟာ သူတို့ ၀င်ရောက် ရိုက်နက်ခံခဲ့ရတဲ့ အတွက် ဒဏ်ရာ ပြင်းထန် တာကြောင့် စစ်တွေ ဆေးရုံကို ပို့ခဲ့ရပါတယ်။ ခုလို စစ်တပ်က တဘက်သတ် လူငယ်တွေအပေါ် ဗိုလ်ကျ စိုးမိုးပြီး ၀င်ရောက်ရိုက်နက်တာနဲ့ ပတ်သက်ပြီး တရားရုံး ကလည်း ဘယ်သူ မှားတယ် - ဘယ်သူ့မှာ အပြစ်ရှိတယ် ဆိုတာကို သိတယ်။ ဒါကြောင့် ဗိုလ်နိုင်ဝင်းအေး တရားစွဲဆို ပေမယ့်လို့ ပူပူနွေးနွေး အချိန်မှာ အမူကို စစ်ရင် ပြဿနာ ဆက်ဖြစ် နိုင်တယ်ဆိုပီး ယူဆတဲ့အတွက် ခုချိန်မှ လာပြီး တရား စစ်ဆေးတာ ဖြစ်ပါတယ်။�

ဗိုလ်မှူး နိုင်ဝင်းအေး အပါအ၀င် မင်းပြား အခြေစိုက် တပ်ရင်းများမှ ဗမာ စစ်အရာရှိများမှာ လူမျိုးရေးအမြင်များဖြင့် ရခိုင် အမျိုးသားများ အပေါ် နှိပ်ကွက်မူများ ရှိနေပြီး ယခုတရားစွဲဆိုခြင်းမှာလည်း နောက်နောင် စစ်တပ်ကို ဘယ်သူမှ ပြန်မလှန်နိုင်အောင် ရည်ရွယ်ချက်ဖြင့် တရားစွဲဆိုမူကို ပြုလုပ်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

�ခုလို သူတို့က စော်ကားပြီး သူတို့က အပြန် တရားစွဲဆိုတယ် ဆိုတာက မင်းတို့ ရခိုင်တွေ စစ်တပ်ကို မစော်ကားနဲ့ စော်ကားရင် ခုလို အဖြစ်မျိုးကြုံရမယ်ဆိုတဲ့ သဘောမျိုးနဲ့ သူတို့က တဘက်သတ် ရိုက်ပုတ်တဲ့အပြင် ခုလို တခါ တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။�

ယခုကဲ့သို့ တရားစွဲထားသဖြင့် ကိုထွန်းအေးကျော်နှင့် သူငယ်ချင်းများမှာ အဆိုပါ အမူကို ဇွန်လ (၄) ရက်နေ့တွင် ရင်ဆိုင်ရမည် ဖြစ်ပြီး ရှေ့နေများ ငှားရမ်းရမည့် အနေအထားတွင် ရှိမရှိကို အဆိုပါနေ့တွင်သာ သိရှိရမည် ဖြစ်သည်။

ကိုထွန်းအေးကျော်နှင့် သူငယ်ချင်းတစုသည် လွန်ခဲ့သောနှစ် တန်ဆောင်မုန်း လဆန်း (၁၄) ရက်နေ့က ဒေသ ဓလေ့အရ အပျော် ထမင်းပေါင်း ချက်စားနေချိန်တွင် တပ်ရင်း (၃၇၉)မှ ဗိုလ်မှူး နိုင်ဝင်းအေး ဦးဆောင်သော စစ်သားများသည် စစ်ကားများဖြင့် မင်းပြားမြို့ထဲသို့ ၀င်ရောက်လာပြီး အဆိုပါ လူငယ်များကို ပြင်းပြင်း ထန်ထန် ရိုက်နက်ခဲ့သည်။ အဆိုပါ ရိုက်နက်မူ ကြောင့် လူငယ် အများအပြား ဒဏ်ရာ ရရှိခဲ့ပြီး ကိုထွန်းအေးကျော်မှာ ဒဏ်ရာ ပြင်းထန်သဖြင့် စစ်တွေ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

မင်းပြားမြို့နယ် အခြေစိုက် စစ်တပ် တပ်ရင်းများမှ အရာရှိများသည် ဒေသခံ စစ်တပ် ဒေါက်တိုင် (ကင်ပေတိုင်) များနှင့် ပူးပေါင်းပြီး မင်းပြား မြို့ထဲတွင် သောက်စားမူးယစ် နေချိန်တွင် စက်ဘီးစီလာသော လူငယ် တဦးနှင့် စတင် ခိုက်ရန် ဖြစ်ပွားခဲ့သည်။

ခိုက်ရန် ဖြစ်ပွား အပြီးတွင် ဗိုလ်မှူး နိုင်ဝင်းအေးမှ စစ်သားများကို ဦးဆောင်ပြီး ညဥ့်အချိန်တွင် စစ်ကားများဖြင့် မြို့တွင်းသို့ ၀င်ရောက်လာပြီး ကိုထွန်းအေးကျော် အပါအ၀င် လူငယ်များကို ဝင်ရောက်ရိုက်နှက်ခဲ့ကြသည်။

ထိုကဲ့သို့ မတရား သဖြင့် လူငယ်များကို သေလုမျိုးပါး ရိုက်နှက်ခဲ့သော်လည်း အပြစ်ရှိသူ စစ်အရာရှိများကို သက်ဆိုင်ရာမှ တစုံတရာ အရေးယူမူ မရှိသဖြင့် မင်းပြား အခြေစိုက် စစ်တပ် တပ်ရင်းများမှ စစ်အရာရှိများမှာ ပိုမို အတင့်ရဲလာက ယခုအခါ ဒေသခံ စစ်တပ် အလိုတော်ရိ (ကင်ပေတိုင်) များနှင့် ပူပေါင်းပြီး ဒေသခံ အမျိုးသမီးများအပေါ် ယခက်ကထက် ကိုယ်ထိလက်ရောက် စော်ကားမူများ ပြုလုပ် လာနေကြသည်ဟု သိရသည်။

------------------------------------

(ဗိုလ်မှူး နိုင်ဝင်းဦးဆောင်သောအဖွဲ့ မတရား သောင်းကျန်းခဲ့သောအကြောင်းအရင်း)

၁၁၊ ၁၁၊ ၀၈ (ရခိုင်လ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့) ည(၁၀) နာရီခန့်အချိန်တွင် မင်းပြားမြို့ (၃၇၉)တပ်ရင်းနှင့် (၄၅၁) တပ်ရင်းမှ ဗိုလ်အဆင့်ရှိသူ (၈)ဦးခန့်သည် မင်းပြားမြို့ မြောင်းဘွေလမ်းနှင့် ရုံးတက်လမ်းခွဆုံ အနီး ဦးမြင့်ဦး (မြန်မာ့ ဂုဏ်ရည် အကျိုးဆောင် လုပ်ငန်း) အိမ်ရှေ့၌ အရက်မူးပြီး ရမ်းကားနေကြစဉ် စက်ဘီးစီးလာသည့် လူငယ်တဦးနှင့် ၎င်းတို့ ဆိုင်ကယ်တိုက်မိ လိုဖြစ်ရာ အကြောင်းမဲ့ အပြစ်ရှာပြီး ထိုလူငယ်ကို ရိုက်နှက်ခြင်း၊ အနီးရှိလူငယ်များကို ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အနီးအနားရှိ လူများက စစ်အရာရှိများကို တောင်းပန်၍ပင် မရ ခဲ့ကြပါ။ ထိုတပ်မတော်သားများမှာ တပ်မတော် ၀တ်စုံဖြင့် မဟုတ်ဘဲ အရပ်ဝတ်ဖြင့် အရက်သောက်ပြီး မြို့ထဲ၌ ရမ်းကား နေကြခြင်း ဖြစ်ပါသည်။ ထိုဗိုလ် ဆိုသူများမှာ ဦးမြင့်ဦးတို့ နေအိမ်၌ သောက်လိုက် စားလိုက်နေကြသူများဖြစ်သည်။ ထိုစဉ်က ရဲမြို့နယ်မှူးလည်း ရှိနေပါသည်။ ရဲမြို့နယ်မှူး မှာလည်း တပ်ဘက်မှ ပြောင်းလာသူဖြစ်ပြီး တပ်နှင့် နီးစပ်သူ ဖြစ်ပါသည်။ ဦးမြင့်ဦး ဆိုသူမှာလည်း တပ်ဘက်ဆိုင်ရာ အရာရှိများ၊ ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းပြီး အခွန်ရှောင် အကျိုးဆောင် လုပ်ငန်းများ လုပ်ကိုင် နေသူတဦး ဖြစ်သည်။

ထိုအရက်သမား ရမ်းကား စစ်အရာရှိ တစုမှာ ဆဲဆိုပြီး တပ်သို့ ပြန်သွားကာ တပ်မှ အင်အား ဖြည့်ခေါ်လာပါသည်။ (၃၇၉) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး နိုင်ဝင်းအေး ဦးဆောင်ပြီး ဗိုလ်ကြီးဇေယျာထွန်း၊ ဗိုလ်အောင်ဖြိုးသူ၊ ဗိုလ်ကျော်နိုင်စိုး၊ ဗိုလ်စည်သူအောင်၊ ဗိုလ်အောင်မိုးထွဋ်၊ ဗိုလ်အောင်မိုးထွန်း၊ ဗိုလ်ခန့် မင်းဇော်တို့ပါဝင်လျှက် အကြပ်တပ်သား စုစုပေါင်း အင်အား (၃၀)ကျော်ခန့်သည် စစ်ကားကို မြို့ထဲသို့ မီးမဖွင့်ဘဲ မောင်းဝင် လာကြပါသည်။ ကားပေါ်၌ တပ်နှင့်တွဲပြီး အလောင်းကစား လုပ်ငန်းများ၊ တရားမ၀င် လုပ်ငန်းများ လုပ်ကိုင်နေသူ အောင်ကျော်မိုး(ဘ) အောင်ဝင်း(တပ်ထွက်၊ ကွယ်လွန်)ပါလာကြောင်း၊ ဦးမြင့်ဦးနှင့် အောင်ကျော်မိုးတို့၏ သတင်းပေးချက်အရ မင်းပြားမြို့ စက်လှေ ဆိပ်ကမ်း အနီး သစ်တောရုံးဝင်းထဲ၌ ဒေသ ဓလေ့အရ ထမင်း ချက်စားနေကြသည့် လူငယ်တစုရှိရာသို့ ကားရပ်ပြီး ဒလကြမ်းဝင်ရောက်ဖမ်းဆီးကာ ပစ္စတို သေနတ်များဖြင့် ရင်ဝ၊ နဖူးများကို တည့်ထားပြီး ခလုပ်နှိပ်ရန် အဆင်သင့် ပြင်ထားကြကြောင်း၊ အားလုံးကို ငုတ်တုတ် ထိုင်စေပြီး လက်အစုံကို ခေါင်းပေါ် ယက်တင် ခိုင်းထား ကြောင်း �မော့မကြည်နဲ့� ပစ်သတ်ပစ်ဟုပြောပြီး အသင့်ပါ လာသော သံတုတ်များဖြင့် ရိုက်နှက်ကြကြောင်း၊ ထိုစဉ်က ထမင်း ချက်စားနေကြ သူများမှာ ၁။ ထွန်းအေးကျော် (ဘ)ဦးသာထွန်းလှ (အလယ်ပိုင်းရပ်ကွက်) ၂။ မောင်လှဆန်း (ဘ) ဦးအောင်သာကျော် (ဦးစိုးတင့်ရပ်ကွက်) ၃။ ဖိုးလှပြည့် (ဘ) ဦးငမဲတောင် (အောက်ရွာပိုင်းရပ် ကွက်) ၄။ ညီညီအောင်(ဘ) ဦးကျော်ဝ (အောက်ရွာပိုင်းရပ်ကွက်) ၅။ ညီညီစိုး(ဘ)ဦးဝလုံးချေ (အလယ်ပိုင်းရပ်ကွက်) ၆။ ဦးထွန်းလင်း(ဘ) ဦးထွန်းအေးမောင် (အောက်ရွာပိုင်း ရပ်ကွက်) ၇။ ထွန်းထွန်းနိုင် ၈။ အောင်နိုင် ၉။ ညီညီထွေး ၁၀။ ဇော်ဇော်တို့ ဖြစ်ကြသည်။ အားလုံးရိုက်နှက် ခံကြရပြီး ကွဲပြဲ ဒဏ်ရာရသူများမှာ ၁။ ထွန်းအေးကျော် (၂၄နှစ်) ၂။ မောင်လှ ဆန်း (၂၆နှစ်) ၃။ ဖိုးလှပြည့် (၂၆နှစ်) ၄။ ဦးထွန်းလင်း (၂၃နှစ်) ၅။ အောင်သိန်းဝင်း(၂၁နှစ်) ၆။ ညီညီစိုးတို့ ဖြစ်ကြသည်။

ထွန်းအေးကျော်မှာ သေနတ်ဒင်များဖြင့် ရိုက်နှက်ခြင်းခံရခြင်း၊ စစ်ဖိနပ်များဖြင့် ကန်ကျောက် ခံရခြင်း၊ ကားပေါ်မှ ကန်ချ ခံရခြင်း စသည့်ဒဏ်ရာများ အပြင်းအထန်ရရှိမှုကြောင့် အတွင်းကြေကာ အသက်အန္တရာယ် အတွက် စိုးရိမ် နေရသည့် အနေအထားတွင် ရှိနေခဲ့ပါသည်။ ထိုလူငယ်၏ ဘခင်မှာ စာရင်းစစ် ၀န်ထမ်းဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်အေးခင်ညိုမှာလည်း မြို့နယ် စာရင်းစစ်မှူး ဖြစ်ပါသည်။

ထွန်းအေးကျော်နှင့် အပေါင်းအပါများကို ရိုက်နှက်ပြီး ကားပေါ် ဆွဲတင် သွားခဲ့ရာ အနီး အနားရှိ ဗီဒီယို(၂)ရုံမှ ဗီဒီယို ကြည့်သူများ သိသွားသဖြင့် နောက်က လိုက်လာရာ ထိုတပ်မတော် လူရမ်းကားများက ထိုလူငယ်များကို မင်းပြားမြို့ ရဲစခန်းရှေ့ အရောက်တွင် ကားပေါ်မှ ကန်ချ ထားခဲ့ကြောင်း၊ မင်းပြားမြို့တလျှောက်ဆဲဆိုသွားကြပြီး �မင်းတို့ ရခိုင်တွေရဲ့ သွေးနဲ့ ခြေဆေးမယ်၊ ရခိုင သွေးသောက်မယ်၊ ဘင်္ဂလာဒေ့ခ်ျကို စစ်မတိုက်ရတဲ့ အတွက် မင်းတို့ ရခိုင်တမျိုးလုံးကို ပစ်သတ် ပစ်မယ်၊?မင်းပြား တမြို့လုံးကို မီးရှို့ပြီး ပစ်သတ် ပစ်မယ်။ မင်းတို့ ရခိုင်တွေ လီးဘဲ� စသည်ဖြင့် လူမျိုးကို ထိခိုက်ပြီး ဆဲဆို စော်ကား ခဲ့ကြပါသည်။

တရားခံများမှာ

၁။ ဗိုလ်ကြီးဇေယျာထွန်း (၃၇၉ တပ်ရင်း) ၂။ ဗိုလ်အောင်ဖြိုးသူ ၃။ ဗိုလ်ကျော်နိုင်စိုး ၄။ ဗိုလ်စည်သူအောင် ၅။ ဗိုလ်အောင်မိုးထွဋ် ၆။ ဗိုလ်ခန့်မင်းဇော် ၇။ ဗိုလ်စိုးပိုင်ဦး (၅၄၁ တပ်ရင်း) ၈။ ဗိုလ်စည်သူအောင် ၉။ ခမရ (၃၇၉)မှ ဗိုလ်မှူးနိုင်ဝင်းအေး အပါအ၀င် စစ်သည် (၃၀)ခန့်တို့ ဖြစ်ပါသည်။

နောက်နေ့ နံနက်၌ လူရမ်းကားခေါင်းဆောင် ဗိုလ်မှူး နိုင်ဝင်းအေး (ဒုတပ်ရင်းမှူး) ကိုယ်တိုင် မယကရုံးသို့ ရောက်လာပြီး မယကဥက္ကဌ ဦးနေလင်းထွန်း၊ ၄၅၁ တပ်ရင်း၊ ၃၈၀ တပ်ရင်းများမှ ဒုတပ်ရင်းမှူးများ၊ ရဲမြို့နယ်မှူး၊ သတင်းညှိုနှိုင်း အဖွဲ့တို့ လျှို့ဝှက် အရေးပေါ် အစည်းအဝေး ပြုလုပ်ကာ သတင်း ထိမ်ဝှက်ထားရန် ကြံစည်ခဲ့ကြောင်း၊ သတင်းမပို့၍ မဖြစ်သည့် အနေအထားရောက်မှ နောက်ကျစွာ သတင်းပို့ ခဲ့ကြကြောင်း၊ တန်ဆောင်မုန်း လပြည့်နေ့ နေ့လည် ညနေ အချိန်ရောက်မှ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့၊ မယက၊ ရဲ၊ စရဖ၊ သတင်းအဖွဲ့တပ်ဖွဲ့များက သတင်း ပေးပို့ခဲ့ကြကြောင်း၊ မင်းပြား ရဲစခန်း၌ ထိုနေ့တနေ့ အမှုဖွင့် တိုင်ကြားချက်များကို လက်မခံခဲ့ကြောင်း၊ ရဲမြို့နယ်မှူး သန်းအောင်က ငြင်းပယ်ခဲ့ ကြောင်း၊ (၂)ရက်ခန့်ကြာပြီးမှ မလွဲသာ၍ အမှုဖွင့်ခွင့်ပေးခဲ့ရကြောင်း၊ မြို့နယ်ဆရာဝန်ကို လည်း တပ်မှ ခြိမ်းခြောက်မှုရှိကြောင်း၊ ဆေးစာကို မှန်မှန် မရေးရန် ဖိအားပေးပြော ဆိုခဲ့ကြောင်း သိရှိရပါသည်။

တန်ဆောင်မုန်းလပြည့်နေ့ ညနေ (၄)နာရီခန့်၌ ထိုလူမိုက် ခေါင်းဆောင် ဗိုလ်မှူးနိုင်ဝင်းအေး (၅၄၁)တပ်ရင်းမှ တပ်ရင်း မှူး၊ (၃၈၀)မှတပ်ရင်းမှူး၊ မယကဥက္ကဌ နေလင်းထွန်း တို့က မြို့နယ် စာရင်းစစ်အရာရှိ ဒေါ်ခင်သန်းကြည်အား ခေါ်ယူပြီး ညှိနှိုင်း ပေးရန် စေခိုင်းကြောင်၊ ဆေးရုံသွားပြီး ထွန်းအေး ကျော်၏ မိဘများကို တောင်းပန်ညှိနှိုင်းကာ ငွေကြေးဖြင့် လျော်ကြေး ပေးမည် ဖြစ်ကြောင်း၊ တပ်မတော်လူမိုက် ဗိုလ်မှူး နိုင်ဝင်းအေးက အခင်းဖြစ်ရာ၌ ၎င်းကိုယ်တိုင် ပါဝင်သည်ကို ၀န်ခံပြီး ငွေလျော်ကြေး ပေးမည်ပြောရာ ထွန်းအေးကျော်မိခင် ဒေါ်အေးခင်ညိုက မကျေနပ်နိုင်ကြောင်း၊ နိုင်ငံတော်ရှိ အမြင့်ဆုံးအထိ တိုင်ကြားမည်ဟု ပြောလိုက် ကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ ညနေ(၁၀)နာရီခန့်၌ မြို့မှလူငယ် (၂၀၀)ခန့်က ဦးမြင့်ဦးအိမ်ကို ၀ိုင်းကြစဉ် မယကဥက္ကဌနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲအဖွဲ့က ဟန့်တား လူစုခွဲခဲ့သည်။ သက်ဆိုင်ရာမှ မှန်မှန်ကန်ကန် တပြေးညီ မဆောင်ရွက်ခဲ့ခြင်းကြောင့် နောက်ဆက်တွဲပြဿနာ ဆက်တိုက် ဖြစ်ပွါးလာနိုင်သည့် အခြေအနေတွင်ရှိနေပါသည်။

၁၃၊ ၁၁၊ ၀၈ (လပြည့်ကျော်တစ်ရက်နေ့) နံနက်၌ ဈေးအတွင်း �မင်းတို့ ရခိုင်တွေကို နှိမ်နှင်းဖို့ အချိန်မကျသေးလို့ စောင့်ကြည့်နေတာ� စသည်ဖြင့် တပ်က ပစ်စာများ ချထားခဲ့ ပါသည်။

ထိုနေ့ နေ့လည်၌ ဦးမြင့်ဦးမိသားစုအား မြို့နယ်ရဲတပ်ဖွဲ့မှူး အကူအညီဖြင့် မင်းပြားမှ ထွက်ခွါသွားနိုင်စေရန် စီစဉ် ပေးနေသည်ကို တွေ့ရသည်။ အောင်ကျော်မိုးကိုလည်း တပ်ထဲ၌ ၀ှက်ထားသည်ဟု သိရသည်။ အောင်ကျော်မိုးမှာ တပ်သတင်းပေး ဖြစ်ကြောင်း သိရသည်။ အခြေအနေမှာ ပိုဆိုးလာနိုင်ဖွယ်ရှိသည်။

၁၃၊ ၁၁၊ ၀၈ နေ့ ညဥ့် ဗျူဟာမှူးရောက်လာပြီး တပ်မှ ပါဝင်သူများနှင့် ရိုက်နှက်ခံရသည့် လူငယ် မိဘများအား ခေါ်ယူပြီး မေးမြန်းစစ်ဆေးခဲ့ကြောင်း၊ အမှန်အတိုင်း ဖွင့်ဟ ပြောဆိုခဲ့ ကြောင်း ဒေါ်အေးခင်ညိုက ရဲရဲရင့်ရင့် တင်ပြ ခဲ့ကြောင်း သိရသည်။

မြင့်ဦးကို အိမ်ရှင်မိသားစုမှ အိမ်မငှားတော့သဖြင့် မယက ဥက္ကဌထံ အကူအညီတောင်း၍ မယကဥက္ကဌက ၀င်ရောက် ဖြေရှင်းခဲ့ရသည်။ မြင့်ဦးနေသည့်အိမ် မီးရှို့ခံရမည်ကို မြို့လူထုက စိုးရိမ်နေကြရသည်။

ထွန်းအေးကျော်ကို အခြေအနေမကောင်း၍ (၁၄၊ ၁၁၊ ၀၈)နေ့တွင် စစ်တွေဆေးရုံသို့ ဆေးကုသမှု ခံယူခွင့် ပေးခဲ့ကြောင်း သိရသည်။

(ဤဖြစ်ရပ်မှန် အကြောင်းအရင်းများမှာ မင်းပြားမြို့မှ ပေးပို့သော အချက်အလက်များဖြစ်သည်။)

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အမည်မသိ ကင်းထောက်လေယဉ်တစီးမှ ဘူးသီးတောင် တပ်နယ်ကို ဓါတ်ပုံရိုက်ယူသွား

6/1/2009
မြန်မာ- ဘင်္ဂလာဒေခ်ျ့ အနီးတည်ရှိသော ဘူးသီးတောင်မြို့ တပ်နယ်မှ စစ်တပ် တပ်ရင်းများကို အမည်မသိ လေယဉ် တစီးက လွန်ခဲ့သော အပတ်က လျှပ်တပြက် ၀င်ရောက်လာပြီး ဓါတ်ပုံရိုက်ယူသွားခဲ့သည်ဟု အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦး ပြောသည်။

“အဲသလို ၀င်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ အထက်က သတိပေးထားပြီး အခြေအနေကို စောင့်ကြည့်ဖို့ ဘူးသီးတောင် တပ်နယ်ကို အမိန့်ချထားတယ်လို့ သိရပါတယ်။”

ဝင်ရောက်ပျံသန်းလာသော လေယဉ်မှာ အဖြူရောင်ဖြစ်ပြီး တောင်ဘက်မှ နေပြီး မြောက်ဘက် စူးစူးသို့ ပျံသန်းသွားသည်ဟု သူက ဆက်ပြောသည်။

“တပ်ထဲမှာ ရှိနေတဲ့ ရဲဘော်တွေ အကုန်လုံး တောင်ဘက်ကနေ ၀င်ရောက်လာပြီး မြောက်ဘက်ကို ဖြတ်ပျံသွားတာကို မြင်လိုက်တယ်လို့ ပြောပါတယ်။ ကင်းထောက်လေယဉ်၊ အမေရိကန် လေတပ်က ဆိုပြီး အထက်အာဏာပိုင်တွေက ပြောတယ်လို့ သိရပါတယ်။ အသေးစိတ်တော့ မကြားရသေးပါဘူး။”

ဘူးသီးတောင်မြို့မှာ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အကြီးမားဆုံး စစ်တပ် အခြေစိုက်ရာ တပ်နယ် တခုဖြစ်ပြီး ယခုအခါ စစ်တပ် တပ်ရင်း ၁၅ ခုကို တိုးချဲ့ ချထားသည်။ ၎င်းအပြင် ဘူးသီးတောင်တွင် စကခ ၁၅၊ ဗျူဟာ ၂ နှင့် အမြှောက်တပ်ရင်း တခုကိုလည်း အခြေစိုက်ထားသည်။

မြန်မာ စစ်အစိုးရမှ အနောက်ဘက် နယ်စပ်တွင် စစ်ရေး အင်အားကို ဖြည့်တင်းနေသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ အမည်မသိ လေယဉ် တစီးမှ ၀င်ရောက်လာပြီး ဘူးသီးတောင် တပ်နယ်မှ အဆောက်အဦးများကို ဓါတ်ပုံရိုက်ယူသွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အဆိုပါ သတင်းကို နေပြည်တော် ကကကြည်းမှ သိရှိသွားပြီး လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့မှ အရာရှိ တချို့ကို အဆိုပါ လေယဉ်ဝင်ရောက်မူကို စစ်ဆေးရန် စေလွှတ်ထားသည်ဟု ခိုင်လုံသော သတင်းအရ သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

တစေ့ အစောင်း ရိုဟင်ဂျာကိစ္စ - ရခိုင့်ချေပချက်

တနင်္လာနေ့၊ 23 မတ်လ 2009 ခိုင်မင်းညို
သျှမ်းသံတော်ဆင့်မှ ဖေဖေါ်ဝါရီလတွင် ထုတ်ဝေသည့် Independence စာစောင် ရိုဟင်ဂျာအမည်ခံသူများ အကြောင်းနှင့် ပတ်သက်၍ ထိုင်းသတင်းစာများမှ ကူးယူဖေါ်ပြသည် ဟူသောဆောင်းပါး၌ “ရိုဟင်ဂျာဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁.၅ သန်းထိရှိပြီး အေဒီ ၇-ရာစုလောက်က ရခိုင်ပြည်မြောက်ပိုင်းတ၀ိုက်စီးပွား ကုန်သွယ်အလုပ်နဲ့ ရွှေ့ပြောင်း အခြေချလာတဲ့ အာရပ်လူမျိုးစုကနေ တဆင့် မူဆလင်ဖြစ်လာကြတာ”ဟု ရေးသားဖေါ်ပြထား သည်ကို တွေ့ရှိရ၍ အံ့သြသင့်ရပါသည်။ ဤဆောင်းပါးကို ဖေါ်ပြသော ထိုင်းသတင်းစာများသည် ရိုဟင်ဂျာဆိုသူများထံမှ ရရှိ သော အချက်အလက်ဖြစ်ဟန်တူသည်။

အမှန်မှာ ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကိုရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြုထားပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန်တို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသောလူမျိုး တမျိုးဖြစ်သော ကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင် ဘာသာကိုးကွယ်သော ရခိုင်တိုင်းရင်းသား ကမန်လူမျိုး ရှိသည်ကိုပင်သတိပြု မိကြဖူးမည် မဟုတ်ပေ။ သို့သော် မိမိကိုမိမိ ရိုဟင်ဂျာဟု ကြွေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက်လာသော မူဆလင်ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်းတန်းနေ ဘင်္ဂလီများသာ ဖြစ်သည်။

၁၈၂၅-တွင် ရခိုင်ပြည်၌ မူဆလင်ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌စုံစမ်းရေးကော်မရှင် တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင်အဓိကရုဏ်း ဖြစ်ခဲ့လေသည်။ မောင်တောမြို့နယ်ရှိ ရခိုင်ရွာအား လုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂ်ျပူသို့ထွက်ပြေးခဲ့ကြရ သည်။

၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေးအသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်း ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များ အဖွဲ့သည် အနောက် ပါကိစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ်၍ မူဂျာဟိန်းအဖွဲ့ ဖွဲ့စည်းကြသည်။ ပါကိစ္စတန်နယ်သို့ ရခိုင်ပြည်ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။ စစ်ရေးအရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသားများနည်းတူ အခွင့်အရေးရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းခဲ့သည်။

သို့သော် ၁၉၅၁- ဇွန်လတွင်ကျင်းပခဲ့သော အလယ်သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင်လူမျိုးဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရခိုင်တို့က ငါတို့ရခိုင်တွင် မူဆလင် ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာဘက်သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာသတင်းစာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။
၁၃၊ ၅၊ ၈၈ - နေ့က မောင်တောမြို့နယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခုဖြစ်ပွား ခဲ့သည်။ ကုလား ၅၀၀၀၀-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ၀ိုင်းပြီးဟစ်အော်ကြွေးကြော် မီးရှို့သတ်ဖြတ် ရန်ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက် တနေ့နံနက် ၃-နာရီခွဲအထိ ကြာခဲ့သည်။ သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျတိုက်ပွဲဝင်ကြ၊ မင်းတို့ တိုင်းပြည်ငါတို့ တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြ သည်။

၁၉၄၂ မတိုင်မှီက မောင်တောမြို့နယ်အတွင်း တည်ရှိခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာမှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါတောသည်။ ကျန်ရွာများအား မူဆလင်များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟိန်ဂျာ ဆိုသူများပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းဖြစ်သည်။ လက်ရှိအဖြစ်အပျက်များနှင့် တိုက်ဆိုင်၍ အောက်ပါ ဆောင်းပါးဖြင့် ချေပတင်ပြလိုက်ရပါသည်။

လိမ်လည်ခြင်းနှင့် ဟန်ဆောင်ခြင်းနောက်ကွယ်မှ

ရိုဟိန်ဂျာဟူသောအသံသည် ၁၉၈၈ လူထုအုံ-ကြွမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အော်ကြီးဟစ်ကျယ်ထွက် ပေါ်လာမှု နှင့်အတူ “ရိုဟိန်ဂျာအမည်ခံ” ဘင်္ဂလီမူဆလင်များ၏ စတန့်ထွင်လုပ်ဇာတ်ခင်းမှုများလည်းMedia များမှ တဆင့် ပလူပျံထွက်ပေါ်လာပါသည်၊၊ မိမိတို့၏သမိုင်းမှန်၊ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်၍ သမိုင်းလိမ်၊ ဖြစ်ရပ်လိမ်များ အစားထိုးတင်ပြကာ “ရိုဟိန်ဂျာ” အမည်ကိုသုံး၍ လူမျိုးသစ်ဖန်တီးရေးနှင့် နိုင်ငံသစ်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ အကွက်ချ လုပ်ကိုင်လာ-ကပါသည်၊၊

မှတ်မိသလောက်၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ရိုဟိန်ဂျာအမည်သုံး၍ ရွေးကောက်ပွဲဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှု တွင်လည်း ရိုဟိန်ဂျာအမည် အသုံးမပြုခဲ့ကြပေ၊၊ ၁၉၉၁ တွင် မူဆလင် အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုင်းပြီး ယင်းဘင်္ဂလားဒေ့(ခ်ျ) ရှိ ဆင်းရဲသားများ၊ အခြေမဲ့အနေမဲ့များနှင့် ပူးပေါင်းကာ ဗမာစစ်အစိုးရ နှိပ်စက် ညှင်းပမ်းမှုကြောင့် လူ (၂၀၀၀၀၀) ကျော်ထွက်ပြေးရကြောင်း စာရင်းပြကာ ရိုဟိန်ဂျာ အမည်ကိုကမ္ဘာကျော် အောင်နည်းမျိုးစုံ လုပ်ကြံဖန်တီးလာကြ ပါသည်။ ၁၉၉၀ တွင် မြန်မာနိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရသော မူဆလင်များအား ရွေးကောက်ပွဲဝင် ခွင့်ပြုခဲ့သည်ကို ရိုဟိန်ဂျာအမည်ဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ရသလိုလို လိမ်လည် လှည့်ဖြားလာကြပါသည်။ ဘာသာရေး အစွန်းရောက် တချို့၏ ဤကဲ့သို့ လုပ်ကြံဖန်တီးမှုများ အစပိုင်းတွင်အောင်မြင် သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိမ်ကောလာပြီဖြစ်သည်။

အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရခိုင်ပြည်သို့ လာရောက်လုပ်ကိုင်လာခါစ၌ စီးပွားရေးနှင့် ဘ၀ရပ်တည်ရေး ရည်မှန်းချက်သာရှိကြသဖြင့် ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်များက လူသားချင်းစာနာ၍ အမှတ်မထင် လက်ခံထားခဲ့ကြသည်။ နောက်ပိုင်း ဘင်္ဂလားဒေသမှ ရခိုင်ပြည်ဘက်သို့ ယင်းဘင်္ဂလီမူဆလင်များ မတရားလိမ့် ၀င်လာမှုကြောင့် အင်္ဂလိပ်အစိုးရကိုယ်တိုင် စိုးရိမ်၍ လူဦးရေစာရင်း စစ်တမ်းများ လုပ်လာခဲ့ရသည်၊၊ ရခိုင်မြေ၌ လူဦးရေ အလုံးအရင်းဖြင့် အခြေချနေထိုင်ခွင့်ရှုပီးနောက် ဘာသာရေးအစွန်းရောက်များနှင့် နယ်မြေချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင်များ နိုင်ငံရေးဘက်သို့ ဦးတည်လှုပ်ရှား လာခဲ့ပြီး သူတို့ကို သူတို့ ဒေသခံတိုင်းရင်းသား၊ ရိုဟိန်ဂျာ များဖြစ်ကြောင်း လိမ်လည်လှည့်ဖြား တင်ပြလာကြပါသည်။ စစ်တကောင်းဒေသမှ ယင်းဘင်္ဂလီမူဆလင်များ သည် ယနေ့ထက်ထိလည်း ရခိုင်ပြည်ထဲနည်းမျိုးစုံ ခိုးဝင်နေကြရုံသာမက မြန်မာ အာဏာပိုင်များအား လာဘ်ထိုး၍ ရခိုင်ပြည်၏ စီးပွားရေး ချုပ်ကိုင်ဖို့ကြိုးစားနေကြသည်ကိုတွေ့ရှိ ရပါသည်။

အစပိုင်းတွင် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသားများက ရိုဟိန်ဂျာအမည်နှင့် သူတို့ နိုင်ငံရေး အရတိုက်ပွဲဝင်မှုကို လက်ခံရန် ရခိုင်တို့အား ဖိအားပေးမှုများ ရှိခဲ့သည်။ နိုင်ငံတကာ NGO များမှလည်း လူ့အခွင့်အရေးရှုထောင့်မှနေ၍ ရိုဟိန်ဂျာဆိုသူများအား အသိအမှတ်ပြုမှုများ ရှိလာသည်သာမက ရခိုင်တို့အားလည်း ရိုဟိန်ဂျာအမည်နှင့် နိုင်ငံရေး အရတိုက်ပွဲဝင်မှုများကို အသိအမှတ်ပြုကာ ရိုဟိန်ဂျာဆိုသူများနှင့် လက်တွဲတိုက်ပွဲဝင်ရန် နည်းမျိုးစုံ ဖိအားပေးမှုများ လုပ်လာခဲ့ပါသည်၊၊ နောက်ပိုင်း မြန်မာနိုင်ငံ ဒေသခံ တိုင်းရင်းသားများက သူတို့၏လိမ်လည်ခြင်းနှင့် ဟန်ဆောင်မှုများ ကို သိလာရသောအခါ ရိုဟိန်ဂျာအမည်နှင့်တကွ သူတို့၏ နိုင်ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုများ ကိုပါ လုံးဝ အသိ အမှတ်မပြု ဖြစ်လာ-ကသည်၊၊

ယင်းရိုဟိန်ဂျာ အမည်ခံများသည် ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်မှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လှေစီးဒုက္ခသည်ပုံစံမျိုးဖြင့် အလုံးအရင်းဖြင့် ၀င်ရောက်ခြင်းများ ပြုလုပ်လျက် ယင်းနိုင်ငံများ၌လည်း လူမှုရေးနှင့် ဘ၀ရပ်တည်ရေး အပါအ၀င် နိုင်ငံရေးအရ ကြွေးကြော်တိုက်ပွဲ ၀င်မှုများ ပြုလုပ် လာကြပါသည်။ ယင်းရိုဟိန်ဂျာအမည်ခံများသည် ယခုအခါတွင် မလေးရှားနိုင်ငံ၌ သောင်းနှင့် ချီရောက်ရှိနေပြီဖြစ်ပြီး၊ ထိုင်းနိုင်ငံ၌လည်း စနစ်တကျ ၀င်ရောက်ထိုးဖေါက် နေပြီဖြစ်သည်၊၊ ထိုင်းအစိုးရက ယင်း ရိုဟိန်ဂျာအမည်ခံများ ထိုးဖေါက်ဝင်ရောက်မှုကို စနစ်တကျ တားဆီးမှုပြုလုပ်လာသောအခါယင်းရိုဟိန်ဂျာ အရေးသည် ဒေသခံနိုင်ငံများ အား ရိုက်ခတ်လာသဖြင့် ဒေသခံနိုင်ငံများ သတိထား ဆောင်ရွက်လာကသည်ကို တွေ့ရှိရသည်။ အာစီယံ ထိပ်သီး အစည်းဝေး၌ပင် ယင်းရိုဟိန်ဂျာပြဿနာသည် နံပါတ်(၁) နေရာရယူထားပြီး ဖြစ်သည်၊၊

ထိုင်းနိုင်ငံက အဘယ်ကြောင့် ယင်းရိုဟိန်ဂျာဆိုသူများအား ဒုက္ခသည်စခန်းများဖွင့်ခွင့် လက်မခံသနည်း။ အဖြေမှာ ရှင်းနေသည်၊၊ ယင်းရိုဟိန်ဂျာ အမည်ကိုသုံး၍ နိုင်ငံရေးအရ တိုက်ပွဲဝင်နေသူများသည် Al-Quada အဖွဲ့နှင့် ဆက်နွယ်မှု ရှိနေသည်။ ထိုင်းနိုင်ငံ အကြမ်းဘက် လှုပ်ရှားနေသူများနှင့် ပေါင်းမိပြီး ထိုင်းနိုင်ငံ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက် လာမည်ကို စိုးရိမ်၍ဖြစ်သည်၊၊

နိုင်ငံတကာ NGO များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ရိုဟိန်ဂျာအမည်ခံများအား “နိုင်ငံမဲ့များ” အဖြစ် လူသား ချင်းစာနာ ရှုထောင့်မှနေ၍ ယင်းတို့၏ နိုင်ငံရေးအရတိုက်ပွဲဝင်မှုများ အသိအမှတ်ပြုရန် ရခိုင်တို့အား ဖိအားပေးနေ-ကသည်ကို တွေ့ရှိရသည်၊၊ သို့သော် ယင်းဘင်္ဂလီမူဆလင်များ အလုံးအရင်းနှင့် ၀င်ရောက်ပြီးနောက်ပိုင်းဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွါးပြီးနောက် မိမိတို့၏ ပိုင်ဆိုင်မှုနယ်မြေ၊ အိုးအိမ်များ စွန့်ခွာ ထွက်ပြေးလာကြရသော ဒေသခံ ရခိုင်များ၏ ရှေ့အနာဂတ် အရေးကို တွေးပူသည်ကိုကား မတွေ့ရှိရသေးပေ၊၊ ယင်းအဓိကရုဏ်းကာလ၌ မူဆလင် များ၏ သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်ပြည်သူများ၊ ဗုဒ္ဓဘာသာရဟန်းတော်များ၊ မူဆလင်များ၏ မီးတိုက်ဖျက်ဆီးမှုကြောင့် ပြာကျခဲ့ရသော ရခိုင်ရွာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးအစွန်းရောက် ယင်းမူဆလင်များ၏ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းခံခဲ့ရသော ရခိုင်သူမများနှင့် မိမိအသက် အိုးအိမ်စည်းစိမ် လုံခြုံရေး အတွက် အမြဲတမ်းအထိတ် တလန့်ဖြစ်နေရသော ရခိုင်သူ၊ ရခိုင်သားများ၏ အနာဂတ်အရေးကို တွေးပူစဉ်းစားမိသော NGO များနှင့် ကုလသမဂ္ဂ္ဂ အဖွဲ့အစည်းများကို မတွေ့ဖူးသေးပေ၊၊

ဗမာစစ်အစိုးရ၏ နှိပ်စက်မှုကို ခံနေရသူများမှာ ရခိုင်ပြည်ရှိ မူဆလင်ဘာသာဝင်သက်သက်မှမဟုတ်ဘဲ၊ ရခိုင်ပြည်ရှိ ဗုဒ္ဓဘာသာဝင် များအပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများသည်လည်း နည်းမျိုးစုံ ဖိနှိပ်ညှင်းဆဲခံနေရသည်ကို သတိတရား လက်ကိုင်ထားဖို့ လိုအပ်သည်။ အကယ်၍ အိမ်နီးချင်းနိုင်ငံများ၊ NGO များ ကုလသမဂ္ဂအဖွဲ့အစည်းများက ချင့်ချိန်မစဉ်းစားဘဲ ရိုဟိန်ဂျာဆိုသူများ၏ အရေးကိုစောင်းပေးပြီး ရိုဟိန်ဂျာအမည်နှင့် ယင်းတို့၏ နိုင်ငံရေးအရရပ် တည် တိုက်ပွဲဝင်မှုကို လက်ခံခဲ့လျှင် မကြာသောတနေ့၌ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသ အားလုံး ယင်းရိုဟိန်ဂျာ အမည်ခံသူများ လက်ထဲသို့ကျရောက်သွားပြီး၊ ဒေသခံရခိုင်ပြည်သူများ အသတ်ခံရမှု၊ ရပ်ရွာ အိုးအိမ် စွန့်ခွာ ထွက်ပြေးရမှုနှင့် ရင်ဆိုင်ရမည်။ ယင်းအရေးသည် ရခိုင်ပြည်တခုလုံး၊ ဗမာပြည်တစ်ခုလုံးနှင့် အိမ်နီးချင်းနိုင်ငံ များ၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်လာပြီး ယင်းနိုင်ငံ၌ နေထိုင်နေကြသော ဒေသခံပြည်သူများလည်း ရခိုင်သားများ ကဲ့သို့ ဘေးဆိုးကြီးများနှင့် ရင်ဆိုင်ရမည်ဖြစ်ပါကြောင်း။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ရင်ခွဲ အသဲထုတ် စားခဲ့ တဲ့ တပ်........ ဗမာတပ် ဆိုရင်

တနင်္လာနေ့၊ 01 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
ဂျွန် ၁ ရက်ကစပြီး တောင်ပိုင်း ၀ တပ်ဖွဲ့များ ခရီးသွားလာပါက စစ်အစိုးရ၏သက်ဆိုင်ရာဒေသခံစစ်ဗျူဟာမှူးရုံး၊ တပ်ရင်းရုံး သို့ သတင်း ပေးပို့ရမည်ဟု သျှမ်းပြည်အရှေ့တောင်ပိုင်း ပုံပါကျင်မြို့နယ်ခွဲ အခြေစိုက် စစ်ဗျူဟာမှူးကပြောကြောင်း နယ်စပ် သတင်းရပ်ကွက်ဆိုသည်။

တောင်ပိုင်း ၀ တပ်ဖွဲ့အား မြောက်ပိုင်းသို့ တပ်ရုတ်ပြန်ရန်/လက်နက်ချရန်/စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး လက်အောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် စစ်အစိုးရဖက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့၏။ ၀ တပ်ဖွဲ့ လိုက်နာ ဆောင်ရွက်ခြင်း မရှိသဖြင့် စစ်အစိုးရက စစ်ရေးဖြင့်ကိုင်တွယ်ရန် (သို့) ခြိမ်းခြောက်ရန် တပ်မများ အဆင်သင့် ရောက်ရှိနေပြီဖြစ်ကြောင်း ကျေးရွာ ဥက္ကဌ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဆင့်ခေါ်သည့် အစည်းအဝေး၌ ပုံပါကျင်အခြေစိုက်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူက ၂၉/၀၅/၀၉ နေ့၌ ပြောကြားခဲ့သည်ဟု နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။

[တောင်ပိုင်း ၀ တပ်ဖွဲ့]

တောင်ပိုင်း ၀ တပ်ဖွဲ့

“မေ ၂၉ ရက်နေ့က တောင်ပိုင်း ၀ တပ်ဖွဲ့ တပ်မဟာမှူး တပ်ရင်းမှူးတွေ အစည်းအဝေးလုပ်ကြတယ်။ သူတို့အဓိက ဆွေး နွေးတာက တောင်ပိုင်းဒေသရှိ အဓိကတပ်စခန်းသုံးခုအား စစ်အစိုးရက အမြန်ဆုံးရုတ်ပေးပါဆိုတဲ့ကိစ္စကို မလိုက်လျော နိုင်ဘူး ဆိုတဲ့အချက်ကို သဘောတူဆုံးဖြတ်ချက်ချကြတယ်။ နောက်တခုက တောင်ပိုင်းဝ တပ်ဖွဲ့တွေ ခရီးသွား/လာရင် စစ်အစိုးရတပ်ကို သတင်းပေးပို့ဖို့အချက်ကိုတော့ လိုက်လျောပေးဖို့၊ စားနပ်ရိက္ခာအတွက် ကြိုတင် ပြင်ဆင်ထားဖို့ ဆိုတဲ့အချက်တွေ ဆွေးနွေးဆုံးဖြတ်ကြတယ်” ဟု တောင်ပိုင်းဝ တပ်ဖွဲ့ ခေါင်းဆောင်များနှင့် ရင်းနှီးသူတဦး ကပြောသည်။

“အကြောင်းအမျိုးမျိုးကြောင့် အဲဒီတပ်စခန်းတွေမဖြစ်မနေ လက်လွတ်လိုက်ရရင်တောင်မှ ပြန်တိုက်ယူမှာဘဲ။ အခု အဲဒီတပ် တွေ ရုတ်မပေးနိုင်လို့ စစ်အစိုးရ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ၅ ရင်း ရောက်နေတယ်ဆိုတာ ကျနော်တို့ကို ခြိမ်း ခြောက်တာဖြစ်တယ်။ တကယ်တမ်းတော့မလာသေးပါဘူး။ ကျနော်တို့ဘယ်သွားသွား သတင်းပေးပို့ရမယ် ဆိုတဲ့ကိစ္စက တော့ လိုက်လုပ်ကြည့်ပါမယ်” - ဟု ၀တပ်မှူး တဦးက ဆိုသည်။

ဒေသခံကုန်သည်တဦး၏ ပြောပြချက်အရ စစ်အစိုးရတပ်ဘက်မှ တပ်ရင်းများ တပ်စခန်းများ အသင့်အနေအထား စစ်ရေး ပြင်ဆင်ထားသလို ၀ တောင်ပိုင်းတပ်ဖွဲ့ကလည်း စားနပ်ရိက္ခာ၊ လူသူလက်နက် အဆင်သင့် ဖြည့်တင်းသည့်အပြင် ကျေးရွာတွင်း မြို့တွင်း မိသားစုနှင့်နေသည့် ၀ စစ်သား/အရာရှိများလည်း တပ်စခန်းအသီးသီးပြန်နေကြကြောင်း ဆိုပါ သည်။

ဝ တပ်ဖွဲ့ နှင့် စစ်အစိုးရ တို့၏ တင်းမာလာသော ဆက်ဆံရေးကြောင့် တောင်ပိုင်း နှင့် မြောက်ပိုင်း ၀ တပ်ဖွဲ့လည်း အတက် အဆင်း ကျဲသွားပြီး မလိုအပ်လျှင် ခရီးမသွားကြတော့ကြောင်း၊ ကြေးနန်း/ဖုန်းဖြင့်သာဆက်သွယ်သွားရန် မေလလယ်ပိုင်း ကစပြီး ၀ အကြီးအကဲများ ညွှန်ကြားထားကြောင်း၊ စစ်အစိုးရဘက်ကလည်း ဒေခံပြည်သူများအား သတိရှိရှိသွားလာနေ ထိုင်ကြဖို့ မေလ ၉ ရက် ကတည်းက ဗျူဟာမှူးရှင်းလင်းခဲ့ကြောင်း သိရပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အဝေးရောက်အစိုးရ မြန်မာနိုင်ငံနှင့် ပို၍ဝေးရာသို့ ဆုတ်ခွာခြင်း

Tuesday, June 2, 2009 by ဒီရေ ·
ဝင်းထိန်
၂၀၀၉ခု၊ ဇွန်လ (၁) ရက်နေ့မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ ( ပြည်ပရောက်အစိုးရ NCGUB ) ၏ နယ်စပ်ဒေသရုံးခွဲ (မဲဆောက်ရုံးခွဲ) ကို ပိတ်ပစ်ရန် အဝေးရောက် အစိုးရမင်းများ၏ အမိန့်ဖြင့် ဆုံးဖြတ်ကာ ပိတ်သိမ်းလိုက်သည်ဟု သတင်းရရှိသည်။ အကြောင်းမှာ အလှူရှင်များက ငွေမပေးနိုင်တော့၍ ဟုဆိုသည်။ NCGUB ရုံးနှင့် တွဲလျက်ဖွင့်လှစ်ထားသော လူ့အခွင့်အရေး သုတေသန မှတ်တမ်းရုံးကိုလည်း ပိတ်လိုက်ပြီးဖြစ် သည်။


NCGUB နယ်စပ်ဒေသရုံးနှင့် တွဲလျက်ဖွင့်လှစ်ခဲ့ရသော MPU ( ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ သမဂ္ဂ) ရုံးကိုလည်း အဝေးရောက် နိုင်ငံခြားရေး ဝန်ကြီး ဦးဘိုလှတင့်က မေလ ၁၈ ရက်နေ့က ကိုယ်တိုင် လာရောက်ပြီး ပိတ်ရန် ပြောခဲ့သည်။ အမတ်များ၏ စားစရိတ်၊ ရုံးစရိတ်များကို အလှူရှင် (ဒိုနာများ) က မပေးတော့၍ ပိတ်ရန် လာပြောပါသည်ဟု ဆိုပါသည်။

ရှေ့တလှမ်းတိုး နောက်နှစ်လမ်းဆုတ်

MPU၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရုံးမှာ NCGUB ၏ အထောက်အပံ့ မရသော်ငြားလည်း၊ ဆက် လက်၍ ခိုင်မာစွာဖြင့် လှုပ်ရှားရန် ရုံးခန်းကို ဆက်လက်ဖွင့်လှစ်သွားမည်ဟု သိရှိရပါသည်။ ယခင်ရုံးနေရာမှာ ပင် မဖယ်ရှားဘဲ ရပ်တည်သွားမည်ဟု သိရသည်။
NCGUB ကို အရေးဆိုလာခြင်း

မဲဆောက် NCGUB ရုံးအား၊ လုံလောက်သော ပြင်ဆင်ချိန်မပေးဘဲ ရုတ်တရက်ပိတ်ခြင်း၊ အလုပ်သမားဝန် ထမ်းများအား နို့တစ်မပေးဘဲ လက်ရှိအလုပ်မှ ရုတ်တရက် ဖြုတ်ပစ်ခြင်း၊ စသည်တို့ကြောင့် မဲဆောက်နေ အ ဝေးရောက် အလုပ်သမားဝန်ကြီး ခွန်မြင့်ထွန်းမှာ လျော်ကြေးရရန်ဆောင်ရွက်ပေးဖို့ အတိုင်ကြားခံထားရသည် ဟု သိရှိရသည်။

အကြောင်းအရင်းခံ

ယခုကဲ့သို့ NCGUB နှင့် တွဲဖက်ဖွင့်လှစ်ထားသော MPU ရုံးကို ပိတ်ခိုင်းခြင်းမှာ MPU ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်း တဦးတည်းအား ဒပ်ဗလင်ညီလာခံအပြီးနောက် ထောက်ပံ့ကြေးများ၊ အကြောင်းပြချက်မရှိ ဖြတ်တောက်ခဲ့ပြီး နောက် ယခုတဖန် MPU ရုံးကို ဒိုနာအကြောင်းပြ ပိတ်ခိုင်းခြင်းဖြစ်သည်။ သို့သော် ၄င်းတို့၏ (၇) ဦး ဝန်ကြီး (အဝေးရောက်အစိုးရအဖွဲ့ဝင်များ) ကို ဆက်လက်၍ လစာထောက်ပံ့ပေးသွားဦးမည်ဟု သိရှိရပါသည်။ ဒပ်ဗ လင်ညီလာခံ ဆုံးဖြတ်ချက်များအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ အလုပ်အမှုဆောင်ကော်မတီမှ ကြိုးပမ်းဆောင်ရွက်မှုတခုဖြစ်သည့် NCGUB ကို တိုင်းရင်းသားများ၊ အခြားသင့်တော်သော ပုဂ္ဂိုလ်များဖြင့် တိုး ချဲ့ဖွဲ့စည်းရန်ဟူသော NCUB နှင့် MPU ၏ မူသဘောထား ရပ်တည်ချက်ကို အကောင်အထည်ဖော် ဆောင် ရွက်ခြင်းမှ ရှောင်လွှဲခြင်းလည်း ဖြစ်နိုင်သည်ဟု နယ်စပ်ဒေသရှိ နိုင်ငံရေးအကဲအဖြတ်များက သုံးသပ်နေကြ သည်။

(၇) ဦးအဖွဲ့

NCGUB သည် ဝန်ကြီးချုပ်နှင့် အပေါင်းအပါဝန်ကြီး (၇) ဦးသာရှိသည့် အဝေးရောက်မင်းများ အဖွဲ့ဖြစ်သည်။ ဝန်ကြီးချုပ်အပါအဝင် (၃) ဦးမှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကြပြီး ကျန်ဝန်ကြီး (၄) ဦးမှာ မဲ ဆောက်တွင် အခြေစိုက်သည်ဟု စုံစမ်းသိရှိရပါသည်။

ဝင်းထိန်
(၂၀၀၉၊ ဇွန်၊ မဲဆောက်)
ဒေါက်တာလွမ်းဆွေ ဘလော့ဂ်မှ ရယူမျှဝေပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

တန်ဖိုး မဖြတ်နိုင်သော ဖခင်ဗိုလ်ချုပ် ကဗျာများ


General Aung San Poems

ဆက်ဖတ်မယ်ဆိုရင်....

ယက်တော နောက်ခံသမိုင်း အကျဉ်း

ဆက်ဖတ်မယ်ဆိုရင်....

Monday, June 1, 2009

လွတ်မြောက်ရေးအတွက်

နှစ်ချက်နှိပ် အကြီးပေါ်မယ်


ကိုညိမ်းမောင်မှပေးပို့ ပါသည်။

ဆက်ဖတ်မယ်ဆိုရင်....

ရွှေ ဆိုတဲ့ ဈေး အမှန်တရား

လူတွေဟာ ကမ္ဘာမြေပြင် အောက်က ရွှေ တို့ ငွေတို့ စိန် တို့ အစရှိသဖြင့် လူတွေသတ်မှတ်ထားတဲ့  စံတင်ထားတဲ့  အရာဝတ္ထု တွေ ကို ဘုရားထက် မြတ်နိုးကိုးကွယ်ကြတယ်။ ကျွန်တော်မြင်တဲ့ရွှေငွေ ဆိုတာ ကမ္ဘာမြေက တူးဖေါ်လိုက်တဲ့  အစ တစ ကိုရယူပြီးလိုက်တဲ့ နောက်မှာ ဒီကမ္ဘာမြေပေါ်မှာဘဲ ပြန်ထားခဲ့ ရမယ့်  အစ တစ လို့  မြင်မိတာကလွဲပြီ အခြား ညွှန်းစရာမရှိလို့ ။

ဒေါင်းတမာန်။
**************************************************************
ဒေါ်စုအား ကြားနာရက်တွင် ရွှေဈေး အမြင့်ဆုံးထိ တိုးတက်
မျိုးသိဏ်း
တနင်္လာနေ့၊ ဇွန်လ 01 2009 13:40 - မြန်မာစံတော်ချိန်

ရန်ကုန်၊ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်း တရားရုံး၌ စတင် စစ်ဆေးချိန်မှစ၍ ရန်ကုန် ရွှေဈေးနှုန်းများ မတည်မငြိမ် ဖြစ်လာပြီး အမှုကြားနာရက်ဖြစ်သည့် မေလ ၂၆ ရက်နေ့တွင်မူ ယခုနှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ပင် ရောက်ရှိသွားခဲ့သည်။

၂၀၀၉ နှစ်ဦးပိုင်း ၂ လခန့်တွင် ရွှေတကျပ်သားလျှင် ကျပ် ၅ သိန်းခန့်ဈေးဖြင့် တန့်နေခဲ့ပြီး၊ မတ်လ ဒုတိယပတ်မှ စတင်၍ ဖြည်းဖြည်းချင်း ဈေးထပ်တက်လာခဲ့ရာ ထောင်တွင်း တရားရုံး၌ ဒေါ်စု စတင်ထွက်ချက်ပေးသည့် ပြီးခဲ့သည့်လ ၂၆ ရက် (အင်္ဂါနေ့) တွင် ကျပ် ၅ သိန်း ၅ သောင်းခွဲဖြင့် အမြင့်ဆုံး ဈေးသို့ ခုန်တက်သွားခြင်း ဖြစ်သည်။

”အင်္ဂါနေ့ ဈေးဖွင့်တော့ တနင်္လာနေ့ထက် ၈ ထောင်လောက် တက်သွားတယ်။ ကမ္ဘာ့ရွှေဈေး ငြိမ်နေပေမယ့် နိုင်ငံရေး အခြေအနေ မတည်မငြိမ်ဖြစ်ရင် ရွှေဈေးက လှုပ်တတ်ပါတယ်” ဟု ရန်ကုန်တိုင်း လသာမြို့နယ်မှ ရွှေဆိုင်တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ထိုနေ့ နံနက်ပိုင်းတွင် ကျပ် ၅၅၅၅၀၀ ဈေးပေါက်ခဲ့ပြီးနောက် ရွှေဈေးကစားသူ အများအပြားက ထုတ်ရောင်းခဲ့သဖြင့် ဈေးနှုန်း ပြန်ကျသွားပြီး၊ ညနေပိုင်းတွင် ၅၄၈၀၀၀ သို့ ပြန်ဖြစ်သွားသည်။

“ဒေါ်စုကို စဖမ်းပြီ ဆိုကတည်းက ရွှေဈေး လှုပ်နေတာ။ တောက်လျှောက် အတက်ချည်းပဲ။ ရွှေဈေးက ပုံမှန် ၁၀၀၀၊ ၂၀၀၀ (ကျပ်) အလွန်ဆုံးပဲ အတက်အကျဖြစ်တာ။ ၃-၄ ထောင်လောက် အတက်အကျဖြစ်ပြီဆိုရင် ရွှေဈေး လှုပ်တယ်လို့ ပြောလို့ရတယ်။ အရောင်းအဝယ် မှန်းရခက်တဲ့ အနေအထား ဖြစ်သွားတာပေါ့။ အရင်က နိုင်ငံရေး အခြေအနေ လှုပ်လှုပ်ရှားရှားဖြစ်လို့ တသောင်းလောက် အတက်အကျ ဖြစ်ခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အခုလကုန်ရက် နည်းနည်းလေး ပြန်ကျပေမယ့် ပြန်တက်ဦးမယ် ထင်တယ်” ဟု ရွှေဆိုင်သက်တမ်း ၁၅ နှစ်ခန့် ရှိပြီဖြစ်သော အဆိုပါ ရွှေဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

မေလ ၂၆ ရက်နေ့ အလွန်တွင် အမြင့်ဆုံးဈေးမှ ပြန်လည် ကျဆင်းလာခဲ့ပြီးနောက် ၂၉ ရက်နေ့အထိ ကျပ် ၅ သိန်း ၄ သောင်းနှင့် ၅ သိန်း ၄ သောင်း ၅ ထောင်ဝန်းကျင်ဖြင့် ရွှေဈေးကွက်တွင် အရောင်းအဝယ် ဖြစ်နေခဲ့သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အမျိုးယုတ်သန်းရွှေ ပြည်သူ့ ထံမှ အခွန်ကောက်ပြီးဘာလုပ်?

ရေး(မေ-၂၈)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ် မယကလမ်းညွှန်မှုအရရေး-ခေါဇာမြို့နယ်ခွဲသို့သွားရာ ကားလမ်းမ တလျှောက် ကျရောက်နေသော ဟံဂံကျေးရွာရှိ အိမ်ရှေ့များမှာ ကွန်ကရိရေနှုတ်မြောင်းများ ပြုလုပ်စေပြီး ဆက်စပ် သည့် ၂၅ ပေအကျယ် ရပ်ကွက်အဝင်လမ်းများတွင်ကွန်ကရိ တံတားများကို လွန်ခဲ့သည့် တန်ခူးလ ကုန်ခန့်၌ တည်ဆောက်ခိုင်းခဲ့ရာ ယနေ့အထိအနည်းအကျဉ်းသာ ပြုလုပ်နိုင်သေးကြောင်း အဆိုပါ ရွာသား နိုင်အောင်ကြည် က ပြောပြသည်။

“ရယကတွေကတစ်အိမ်တစ်ယောက်ခေါ်အစည်းအဝေးလုပ်ပြီးလမ်းဘေးတလျှောက်ကိုယ့်အိမ်ရှေ့ကိုယ်တာဝန်ယူ ရေမြောင်းတူးရမယ်၊အုတ်စီပြီးကွန်ကရိမြောင်းလုပ်ပေးရမယ်၊ရေမြောင်းအဖုံးတွေကိုတော့သစ်သားဖြစ်ဖြစ် ကွန်ကရိပြားဖြစ်ဖြစ်အဖုံးနဲ့ပိတ်ထားရမယ်မတတ်နိုင်တဲ့အိမ်တွေဆိုယင်လမ်းမကြီးမှာမနေနဲ့တစ်ခြားနေရာကို ပြောင်းလို့ပြောထားတာပဲ”ဟုနိုင်အောင်ကြည်ကဆက်လက်ပြောပြပါသည်။

ရေမြောင်းများ ပြုလုပ်မပြီးစီးသေးသည့် အိမ်ပိုင်ရှင်များကိုလည်း ရယကဥက္ကဌ ဦးခင်မောင်သောင်း(ခေါ်)ဖိုးသာထူး က ခေါ်ယူသတိပေးမှုများ ပြုလုပ်နေ၏။ ရေမြောင်းပြုလုပ်ပေးရမည့် လမ်းမကြီးဝဲယာရှိအိမ်ခြေ ၁၀၀ ခန့်တွင်လူ အတော်များများ သတိပေးခြင်းခံခဲ့ကြရသည်။နိုင်အောင်ကြည်လည်း ငွေကြေးအဆင်မပြေသဖြင့်တစ်ဝက်တစ်ပျက် သာပြုလုပ်နိုင်၍ ထိုကဲ့သို့ သတိပေးခံခဲ့ရသည်။ နောက်တစ်ကြိမ်တွင်မယကထံ သွားရောက် ဖြေရှင်းခိုင်းမည်ဟု ဆိုသည်။

၃ ပေအကျယ်၊ ၄ ပေအနက် အုတ်ကွန်ကရိ ရေမြောင်းပြုလုပ်ရန်အတွက် အိမ်တစ်အိမ်လျှင် ပျမ်းမျှငွေတစ်သိန်းခွဲ ကျပ်ခန့် ကုန်ကျပါသည်။ ထို့အပြင် မိမိရပ်ကွက်ရှိ ၂၅ ပေအကျယ် တံတားငယ်များအတွက်လည်းအချိုးကျငွေထည့် ဝင်ကြရသည်။ ဝင်ငွေအတန်းအစားအလိုက် မိသားစုတစ်စု၌အနိမ့်ဆုံး ၃၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိထည့်ဝင်ကြ ရသည်ဟုဆိုသည်။

စစ်တပ်မှလာရောက် ရောင်းချသောအရည်အသွေးညံ့ အုတ်(အုတ်မကျက်၊ မြေမကောင်း)များမှာတစ်လုံးလျှင် ၃၅ ကျပ်ဈေးပေါက်နေပြီး အပြင်အုတ်များမှာ ၄၅ ကျပ်ဈေးပေါက်နေ၏၊ အများအားဖြင့်ဒေသတစ်ခုလုံးတွင် စစ်တပ် အမည်ခံ အုတ်ဖိုများသာ ဖြစ်နေသည်။ ရေးမြို့နယ် မယကသည်အုတ်ဖိုပါမစ်များကို စစ်တပ်နာမည်ဖြင့် ဦးစားထား ကာချပေးခဲ့ပါသည်။

မကြာမီရက်များအတွင်းက အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် အဆိုပါရွာလမ်းမကြီး၌ ရေများအိုင်များဖြစ်ထွန်းကာ လမ်းမတခုလုံး ရွံ့ဗွက်ထနေသည်။ ထို့လမ်းကို ကျောက်ကြမ်းများထပ်မံခင်းပေးရန်ညွှန်ကြားချက်ပေးလာသဖြင့် ရွာသားများထံ ငွေထပ်မံကောက်ခံရပြီး ကျောက်ကြမ်းများ ဝယ်ယူ ခဲ့ရပါသည်။

အဆိုပါ ဟံဂံကျေးရွာသည် ရေးမြို့မှ ခလရ ၃၁ တပ်ရင်ရုံးစိုက်ရာ ခေါဇာမြို့နယ်ခွဲသို့သွားရန်တစ်ခုတည်းသော မော်တောကားလမ်းမပေါ်တွင် တည်ရှိသည်။ အာဏာပိုင်များ ခေါဇာမြို့နယ်ခွဲသို့မကြာခဏ သွားရောက်လေ့ ရှိသဖြင့် ဤကျေးရွာထဲကို ဖြတ်သန်းနေရပါသည်။ တရားဝင်စာရင်းဖေါ်ပြချက်အရ အိမ်ချေ ၁၄၁၈ ရှိပြီး မွန်လူမျိုး များသာ နေထိုင်သည့် တိုက်နယ်အဆင့်ရှိကျေးရွာတစ်ရွာဖြစ်သည်။ ရေးမြို့မှ ၁၂ မိုင်၊ ခေါဇာမြို့နယ်ခွဲနှင့် ၁၂ မိုင်ခန့် ခန့်ဝေးကွာသည်။
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဗိုလ်စုတ် အေးမြင့် ကတော့ ကမ္ဘာကို ဖြဲလိုက်ပြီ


ဗိုလ်ချုပ် အေးမြင့်က နိုင်ငံတကာကို ခြိမ်းခြောက်ပြောဆို။
မေ ၃၁၊ ၂၀၀၉ အိမ်အတွင်းသို့ လူတယောက် ၀င်ရောက်မှုကို အာဏာပိုင်များ မသိရန် ဖုံးကွယ်ထားခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲရန်မှအပ အခြားနည်းလမ်းမရှိကြောင်း ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ် အေးမြင့်က စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံတခုတွင် ပြောဆို လိုက်သည်။ အဆိုပါ ညီလာခံတက်ရောက်သူများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူ့အား ၀ိုင်းဝန်း ဖိအားပေးကြသည်။ သို့သော်လည်း ဗိုလ်ချုပ် အေးမြင့်က ပြည်တွင်းရေးကိစ္စတခုကို ဥပဒေအရ ဆောင်ရွက်ခြင်းသည် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်းမရှိကြောင်း ပြန်လည် တုံ့ပြန်လိုက်သည်။ ၀င်ရောက်စွက်ဖက်ကြမှသာ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို ထိခိုက်လာမည်ဟု ပြောလိုက်သည်။
ထောင်တွင်း တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော အမှုသည် အနည်းဆုံး ငွေဒဏ် ကျပ် ၅၀၀၀၊ အများဆုံး ထောင် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင်သည့် အမှု ဖြစ်သည်။ မိုးမခ မှ
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

မြေပိသေဆုံးသူများအား ရှာဖွေဆဲ

ယခုလ (၇) ရက်နေ့က သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင် ထီးတော်တင်ခဲ့သည့် ရန်ကုန်တိုင်း ဒလမြို့နယ် ဓနုတ်စံပြကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဓနုတ်စေတီတော်ကြီး ယမန်နေ့က ပြိုကျသွား သဖြင့် လူပေါင်း (၅၀) ကျော် ဒဏ်ရာပြင်းထန်စွာရရှိပြီး မြေပိနေသူများစွာရှိနေသေးကြောင်း မျက်မြင်သက်သေ များက ပြောသည်။


ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီ (၁၅) မိနစ်ခန့်တွင် အဆိုပါစေတီတော်ကြီးသည် လေမတိုက်၊ မိုးမရွာ၊ ငလျင်မလှုပ်ဘဲ ပြိုကျပျက်စီးသွားခြင်းဖြစ်သည်။

စေတီတော်ကြီအနီး ဓနုတ်ကျေးရွာနေ အဖွားအိုတဦးက “ ဖြစ်ပုံက မနေ့က မွန်းလွဲပိုင်း (၂) နာရီလောက်မှာ လေလည်းမတိုက်ပါဘဲနဲ့ ထီးတော်က အရင်ကျိုးကျသွားတယ်။ အဲဒီအချိန်မှာ စေတီကြီးအပြီးသတ် မွမ်းမံရေးအတွက် ငြမ်းတွေပေါ်မှာ အလုပ်လုပ်နေကြသူတွေက ကျိုးကျသွားတဲ့ ထီးတော်ကို ပြန်ပြီးတည့်မတ်ဖို့၊ တခုခုလုပ်ဖို့ ကြိုးစားကြတယ်။ မကြာပါဘူး၊ (၁၀) မိနစ်လောက်ပဲ ရှိတယ်၊ ဝေါကနဲဆိုတဲ့အသံကြီးနဲ့ ဘုရားကိုယ်ထည်ကြီးတခုလုံး ပြိုကျသွားပြီး ပတ်ဝန်းကျင်တခုလုံး ဖုံမှုန့်တွေနဲ့ မှောင်ကျသွားတယ်။ အဖွားအတွက်ကတော့ ကံကောင်းတယ်၊ အလုပ်သွားတဲ့ သားနှစ်ယောက်စလုံး တယောက်ကတော့ ခေါင်းကွဲတယ်၊ တယောက်ကတော့ ပုခုံးမှာပွန်းပဲ့ပြီး ခါးနာသွားတယ်” ဟုပြောသည်။

ဓနုတ်ကျေးရွာမှ စေတီတော်ဂေါပကအဖွဲ့ဝင်ဟောင်းတဦးကမူ ထီးတော်တင်သည်မှာ (၂၃) ရက်သာရှိသေးပြီး စေတီတော်ကြီး ပြိုကျပုံမှာ ဆန်းကြောင်း၊ တည်ဆောက်မှု မကောင်းပါကလည်း တခြမ်းပြိုခြင်း၊ပဲ့ကျခြင်းလောက်သာ ဖြစ်သင့်ကြောင်း၊ ယခုဖြစ်ရပ်သည် အလယ် ပစ္စယံက ပြိုကျခြင်းဖြစ်သည်ဟု ပြောသည်။

စေတီတော်ကြီးပြိုကျပုံကို မြင်တွေ့လိုက်သူတဦး “ပြိုကျတာက နှစ်ဆင့် ပြိုကျတာဗျ၊ ပထမ တုန်းက အပေါ်ကနေ အသံကြီးတခု မြည်တယ်၊ စိတ်ထဲကနေအလိုလို ပြိုကျမယ့်အသံ မျိုးလို့သူတို့သိကြတယ်ထင်တယ်၊ ဘုရားပေါ်က ဆင်ထားတဲ့ငြမ်းပေါ်မှာ အလုပ် လုပ်နေသူတွေ ပြေးတာလွှားတာ မြင်နေရတယ် ၊ ဒါပေမယ့် သူတို့ ခမျာမလွတ် လိုက်ဘူး၊ မကြာခင်ပဲ နောက်တဆင့်ပြိုကျတာ၊ အလယ်ပစ္စယံထိပဲ” ဟု ရှင်းပြသည်။

အဆိုပါပြိုကျမှုဖြစ်ရပ်မတိုင်မီ စေတီတော်ကြီးကို အချောကိုင်နေကြသော အလုပ်သမားများနှင့် စနေ၊ တနင်္ဂနွေနေ့ တိုင်း လုပ်အားပေးသူများအပါအ၀င် ဘုရားကြီးတွင် အလုပ်လုပ်နေသူပေါင်း (၁၀၀) ကျော်ရှိပြီး ၎င်းတို့အနက် ဒလအခြေစိုက် အမှတ် (၃၆) ရေယာဉ်အုပ်စု တပ်မတော်ရေမှ တပ်သားအများအပြား ပါဝင်ပြီး ဒဏ်ရာရသူများ မှာလည်း အဆိုပါ ရေတပ်သားများပါဝင်သည်ဟု မျက်မြင်များက ပြောသည်။

“စေတီက ရွှေကပ်ဖို့ အချောကိုင်နေတုန်း ကာလဆိုတော့ ဆင်ထားတဲ့ငြမ်းတွေပေါ်မှာ လူတွေက အများကြီး ၊ ဒီတော့ ခုန်ချပြီး ထွက်ပြေးဖို့ကလည်း မလွယ်ဘူးလေ၊ အခု ပြိုကျတဲ့အောက်မှာ ပိနေတာတွေ အနည်းဆုံး အယောက် (၅၀) ရှိနိုင်တယ်၊ အခု ဒဏ်ရာရလို့  အတွင်းလူနာအဖြစ် သယ်သွားတာတွေက လူပေါင်း (၅၀) ကျော်တယ်လေ” ဟု မျက်မြင်တဦးကပြောသည်။

“အခုထိ သေတဲ့သူ (၅ ) ယောက်ရှိပါပြီ၊ အလောင်းတွေကို သယ်သွားပါပြီ၊ ပိနေတာတွေရှိနေပါတယ်၊ ဖော်ဖို့ လုပ်နေကြပါတယ်” ဟု ကယ်ဆယ်ရေး ကြက်ခြေနီတပ် သားတဦးက ပြောသည်။

မျက်မြင်များ၏ ပြောပြချက်အရ ယမန်နေ့ ညနေပိုင်းတွင် လူအင်အားဖြင့် မြင်သမျှ ဒဏ်ရာရသူများကို ဆွဲထုတ်ကာ ဒလဆေးရုံသို့ပို့ပြီး အခြေအနေဆိုးသူများကို ရန်ကုန်ဘက်ကမ်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီးမှ တာဝန်ကျ ဆေးဝန်ထမ်းတဦးက ယမန်နေ့ည (၉) နာရီခန့်တွင် ဒဏ်ရာရသူ (၅၀) နီးပါး ဆေးရုံရောက်လာပြီ ဖြစ်ကြောင်းပြောသည်။

ဘုရားပြိုကျသည်မှာ တောင်ပြိုသည်နှင့် အလားတူဖြစ်နေပြီး မြေအောက်တွင်ပိနေသူများကို ပြန်ဖော်ရန် ယမန်နေ့ညက စက်ကိရိယာများ မရှိသဖြင့် လူအားဖြင့်သာ တဖြေးဖြေး ရှာဖွေရကြောင်း၊ အပျက်အစီးပုံကြီး ကြီးလွန်းသဖြင့် အတွင်းတွင် ပိတ်မိနေသူ အတော်များမည်ဟု ခန့်မှန်းရကြောင်း ရှာဖွေရာတွင် ပါဝင်သူတဦးက ပြောသည်။

ယနေ့ မေ (၃၁) ရက် မနက်တွင်ဝန်ချီကရိန်းကား (၃) စီးရောက်လာပြီး အပျက်အစီးပုံပေါ်မှ အဖိုးတန်ပစ္စည်းများကို တဖြေးဖြေး သယ်ယူပြောင်းရွှေ့မှုလုပ်နေကြောင်း၊ အပျက်အစီးပုံအောက်တွင် ပိတ်မိနေသူများ ရှိနေသေးပြီး အသက်ရှင်ရန် မျှော်လင့်ချက် မရှိနိုင်တော့ကြောင်း ၎င်းကပြောသည်။

လောလောဆယ် သေဆုံးသူဦးရေ အတိအကျမသိရသေးသော်လည်း ဒဏ်ရာရသူ (၇၀) ကျော်အနက် (၅၀) နီးပါး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သိရသည်။

၂၀၀၆ ခု၊ ဇွန် (၂၇) ရက်၊ နံနက် (၃) နာရီ (၁၅) မိနစ် ခန့်တွင် အဆိုပါ သမိုင်းဝင် ဓနုတ်စေတီတော်ကြီးမှာ တနင်္လာထောင့်မှစ၍ ထီးတော်၊ ငှက်ပျောဖူးတော်တို့နှင့်အတူ ထက်ခြမ်းကွဲ မြေခခဲ့သည်ကို နအဖ အစိုးရက ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ဦးဆောင်စေပြီး ပြန်လည်တည်ထားရန် စီစဉ်ခဲ့သည်။

ဘုရားကြီးပြုပြင်ပြီးနောက် ယခုနှစ် မေလ (၇) ရက်တွင် ဒေါ်ကြိုင်ကြိုင်နှင့်သမီးများ၊ ဗိုလ်ချုပ်ကြီးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းတို့ကကြီးမှူးပြီး အထက်ဌာပနာတော်သွင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်ပွဲ ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ယခု ပြန်လည် တည်ထားသောစေတီတော် ဉာဏ်တော် အမြင့်မှာ (၁၈၆) ပေ ၊ ငှက်ပျောဖူး (၂၃) ပေ ၊ထီးတော် (၉) ပေ (၉) လက္မ ၊ ထီးတော်မြင့် (၃၂) ပေ၊ လုံးပတ်တော် (၁၇၄) ပေ (၈) လက္မ ၊ ဖိနပ်တော် (၄၉၀) ပေ (၄) လက္မ ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ကျပ်သိန်းပေါင်း(၁၃၀၀၀) ကျော် ဖြစ်ကြောင်း ဂေါပကအဖွဲ့ဧ။် မှတ်တမ်းများအရ သိရသည်။
မိုးမခ သတင်းဌာန မှ တဆင့်
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN