Saturday, February 27, 2010

2010 မှာ ဒီစစ်သူတောင်းစားတွေ ဆင်းမယ်များထင်သလား ..သောက်တရုတ်နဲ့  ခြေချင်းခုတ်နေကြပေါ့

ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းလည်း တရုတ်တာဝန်ယူ
Friday, 26 February 2010 18:08 ရန်ပိုင်

စစ်အစိုးရက ရှမ်းပြည်နယ် သံလွင်မြစ် အထက်ပိုင်း ကွမ်းလုံဒေသတွင် တရုတ်နိုင်ငံနှင့် ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း တခု တည်ဆောက်ရန် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ စာချုပ်ကို စစ်အစိုးရ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန နှင့် တရုတ်နိုင်ငံ Hanergy Holding Group Ltd နှင့် Goldwater Resources Ltd တို့ နေပြည်တော်တွင် ချုပ်ဆိုခြင်းဖြစ်သည်ဟု မြန်မာ့အလင်း သတင်းစာတွင်ပါရှိသည်။

ယခုစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၂၄၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံအတွက် သံလွင်မြစ်ပေါ်တွင် တည် ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းဖြစ်သည်။

ပထမစီမံကိန်းမှာ တာဆန်းရေကာတာစီမံကိန်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမှု ပြုလုပ် ထားသည်။ လျှပ်စစ်ဓာတ်အား ၇၁၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဟု သိရသည်။

အထက်သံလွင် (ကွမ်းလုံ)စီမံကိန်းနှင့် ပတ်သက်၍ မည်မျှရင်းနှီးမြုပ်နှံမှု ပြုလုပ်မည်ဟု ဖော်ပြမထားပေ။

အထက်သံလွင်(ကွမ်းလုံ)ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မည့်နေရာသည် သိန္နီ နယ်နှင့် ကိုးကန့်ဒေသ ချင်းရွှေ ဟော်မြို့နားတွင်ရှိသည်။

တရုတ်နိုင်ငံနှင့် သဘောတူစာချုပ်ချုပ်ဆိုလိုက်ခြင်းသည် နယ်ခြားစောင့် တပ်ပြောင်းလဲဖွဲ့စည်းရေးအတွက် စစ်အစိုးရ ကိုယ်စား လှယ် စစ်ဖက်ဆိုင်ရာလုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချန်းတို့ တန့်ယန်း မြို့တွင် ဆွေးနွေးနေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

ထိုသို့ပြုလုပ်ခြင်းမှာတိုင်းရင်းသား အပစ်ရပ်လက်နက်ကိုင် အဖွဲ့များအပေါ်တွင် သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးလိုက်ခြင်းဖြစ် သည်ဟု သျှမ်းသံတော်ဆင့်သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကပြောသည်။

“အခုလို ဆွေးနွေးနေချိန်မှာ တရုတ်နဲ့ ရေအားလျှပ်စစ်ထုတ်ဖို့ကို သတင်းစာမှာ အကြီးအကျယ်ဖော်ပြတာဟာ တိုင်းရင်းသားလက် နက်ကိုင်တွေအပေါ်မှာ ဖိအားပေးလိုက်တာတခုပဲ”ဟု ၎င်းကဆိုသည်။

နှစ်နိုင်ငံနယ်စပ်တွင် အဆိုပါစီမံကိန်း ပြုလုပ်ရန်အတွက် သဘောတူညီချက်ရရှိထားသည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း၊ ယခုအချိန်မှ လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိအားပေးရန် တရုတ်နိုင်ငံနှင့် ရင်းနှီးမှုကို ပြသခြင်းဖြစ်ကြောင်း ဦးစိန်ကြည်ကဆိုသည်။

စစ်အစိုးရ ကိုယ်စားလှယ်နှင့် UWSA ဥက္ကဋ္ဌတို့ ဆွေးနွေးပွဲတွင် တရုတ်စစ်ဖက်အရာရှိ ၃ဦးပါဝင်ကြောင်း သိရသည်။

မကြာသေးမီရက်ပိုင်းအတွင်းကလည်း တရုတ်မြန်မာနယ်စပ်ရှိ ၀ပြည်နယ်နှင့် မိုင်းလားဒေသတို့ရှိ နမ့်ခါမြစ်နှင့် နမ့်လွေမြစ်တို့တွင် ရေအားလျှပ်စစ်စီမံကိန်းများကို ဆောက်လုပ်ရန်အတွက် ယူနန်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်း နှင့် ပြည်နယ်ဖွံဖြိုးရေးနှင့် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(SDIC) တို့ စစ်အစိုးရနှင့် သဘောတူညီချက်ရရှိထားကြောင်း တရုတ်နိုင်ငံရှိ ဆိုဟု အင်တာနက် သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ပထွေးလက် ၀ ကွက်အပ်တော့မည့်

ဝ နယ်ထဲ နအဖ တပ်မ ၂ ခု ပို့မည်ဟု တရုတ်မှတဆင့် ခြိမ်းခြောက်
Friday, 26 February 2010 19:49 သျှမ်းသံတော်ဆင့်
ဝ ခေါင်းဆောင်နှင့် နအဖ ကိုယ်စားလှယ်တို့တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ နယ်စပ်လုံခြုံရေးအရ ၀ နယ် မြေအတွင်း တပ်မနှစ်ခုပို့မည်ဖြစ်ကြောင်း တန့်ယန်းသို့ ၀ ခေါင်းဆောင်များ မထွက်ခွါမှီ တရုတ်မှတဆင့် ဖိအား ပေးခဲ့သည် ဟု စုံစမ်းသိရှိရပါသည်။

“၀ ဥက္ကဌ တန့်ယန်းကို မဖြစ်မနေသွားဖို့ခေါ်တာက ဗမာစစ်ခေါင်းဆောင်တွေ၊ ကြားဝင်ကမ်းလှမ်းတိုက်တွန်း ဖြောင်းဖြ ပေးတာက တရုတ်တွေလေ။ တရုတ်က - ခင်ဗျားတို့ သွားတွေ့လိုက်ပါ ကောင်းဖို့အတွက်ဘဲ၊ အဖမ်းအဆီးမရှိစေရဘူး၊ နောက်တခု ခင်ဗျားတို့ သွားတွေ့တွေ့ မတွေ့တွေ့ ခင်ဗျားတို့နယ်မြေထဲ သူတို့ တပ်မ ၂ ခု ပို့မယ်လို့ပြောတယ်။ နောက်ပြီး ဗိုလ်ရဲမြင့်တို့ ပန်ဆန်းကို မလာနိုင်တာက သူတို့ကအစိုးရ - ခင်ဗျားတို့ဆီလာရမယ်ဆိုတာ ထုံးမရှိဘူးတဲ့” - ဟု တရုတ်ဆက်ဆံရေးအရာရှိများပြောကြောင်း အဆိုပါ ၀ အရာရှိက ဆက်လက်ပြောပြ၏။

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ၀ ပြည်သွေးစည်းရေးပါတီ ဥက္ကဌ ပေါက်ယူချမ်း ခေါင်းဆောင်သည့် အင်အား ၁၆၀ (ကား ၂၁ စီး) ပါ အဖွဲ့တဖွဲ့ တန့်ယန်းသို့ ထွက်ခွါသွားကြောင်း၊ မသွားမှီအချိန်အထိ တရုတ်ဘက်မှ အကြိမ်ကြိမ် ဖိအားပေး သောကြောင့် ဟု ဆိုပါသည်။

ဝ နယ်အတွင်း နအဖတို့ တပ်မ ၂ ခု ပို့မည့်အကြောင်းနှင့်ပတ်သက်၍ “ဒု စစ်ဦးစီးချုပ် ကျောဝ့်ကျုံးတန်း တယောက် ဥက္ကဌ ကြီးနှင့်အတူ လိုက်မသွားခြင်းသည် စစ်ရေးကိစ္စ အသင့်ရှိနေဖို့ဖြစ်ကြောင်း” ၀ တပ်မတော် စစ်ဘက်ရေးရာ တာဝန် ရှိသူတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ဆက်ပြောပါသည်။

“ ဗမာစစ်ခေါင်းဆောင်တွေရဲ့ မရိုးသားမှုတွေကို နားလည်ပြီး ကြားဝင်စေ့စပ်ပေးတဲ့ တရုတ်က ဘက်မလိုက် ရင်တော့ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်နိုင်မယ်။ ကိုးကန့်အရေးအခင်းတုန်းကဆို တရုတ်က အလိမ်ခံလိုက်ရ တယ်လေ။ အခုလဲနယ်စပ်လုံခြုံရေးကိုအကြောင်းပြပြီး တပ်မ ၂ ခု ပို့မယ်ဆိုတာကြီးက တမင်ခြိမ်းခြောက်ချင်တဲ့သဘော၊ကောင်း တဲ့ လက္ခဏာတော့မဟုတ်ဘူး၊ ကောင်းဖို့အလားအလာလဲမရှိနိုင်ဘူး”- ဟု လည်းထောက်ပြသည်။

အကဲခတ်သူ သတင်းသမားတဦးက - “နအဖ က လည်တယ်။ သူ့ဘက်မှာတရုတ်ရပ်တည်နေတယ်ဆိုတာ ပြတဲ့အနေနဲ့ ဒီကနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာ အထက်သံလွင်(ကွမ်လုံ) ရေအားလျှပ်စစ် စီမံကိန်း သဘောတူလက်မှတ် ထိုးပွဲသတင်းကို ပထမစာမျက်နှာမှာဖေါ်ပြထားတယ်” - ဟု ပြော၏။

ဗိုလ်ချုပ်ရဲမြင့်သည် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ - မက်မန်း (မှော်ဖ ဒေသ) မှ တဆင့် သံလွင်မြစ်အတိုင်းရဟတ် ယာဉ်ဖြင့် ဆန်တက်ပြီး တန့်ယန်းမြို့သို့ မွန်းလွဲ ၂ နာရီကျော်တွင်ရောက်ရှိကြောင်း၊ တရုတ်သံတမန် အဖွဲ့နှင့် နအဖ အထူးစစ်ဆင်ရေးမှူးများလည်း တွေ့ဆုံပွဲသို့ လိုက်ပါလာကြကြောင်းလည်း သိရှိရသည်။

တရုတ်သံတမန်များ ကြားဝင်နားထောင်ပေးသည့် ယခု ၀ ခေါင်းဆောင် ပေါက်ယူချမ်းအဖွဲ့ နှင့် နအဖ ကိုယ်စား လှယ်တို့၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးဆွေးနွေးပွဲကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့၌ တန့်ယန်း စစ်ဗျူဟာရုံးတွင် အကြိတ်အနယ်ဆွေးနွေးကြကြောင်း၊ ၀ ခေါင်းဆောင်တင်ပြချက်အားလုံးလည်း နအဖ တခုမှ လက်မခံဘဲ လုံးဝပါယ်ချလိုက်ကြောင်း၊ ထို့ကြောင့် ယခုတွေ့ဆုံပွဲမှလည်း အပေါင်းလက္ခဏာတစုံတရာမှ မဆောင်ဘဲ ဌာနချုပ်ပန်ဆန်းသို့ ယနေ့ နေ့လည်ပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်ဟုသိရပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

တပြည်လုံးမှိုင်းတိုက်ခံ ဘ၀မှ လွတ်အောင် (သို့ ) MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း.

တော်လှန်ရေး အပြောင်းအလဲ တခုခုအား..ချဉ်းကပ်ပူးသပ်ကြမယ်ဆိုရင်.
ကျနော်..နားလည်သလို ဆွေးနွေးပါရစေ။

ကျွန်တော်တို့လက်လှမ်းမှီသလောက် လေ့လာထားတာကတော နိုင်ငံရေး အပြောင်းအလဲအားလုးံဟာ အဖွဲ့စည်းတွင်း၊ ပြည်တွင်း ဒေသတွင်း ကဘဲ လာပါတယ်။ ပြည်ပလုပ်ရှားမှုကတော့ အထောက်ပံ့ဖြစ်ပါတယ်။ ဥပမာနှစ်ခုပေးပါရစေ။

ပထမတခုကတော့ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်းပါ။ဘယ်သူကမှစစ်ရေးအရ၀င်ရောက်ဖြိုခွဲခဲ့တာ မဟုတ်ပါ ဘူး။ သူတို့ဟာသူတို့ ကွန်မြူနစ်စနစ်ကို မယုံကြည်တော့တာကနေစတင်ပြိုကွဲတာပါ။ ဆိုဗီယက်ပြိုကွဲတဲ့အချိန်မှာအတိုက်ခံပါတီဆိုတာတောင်မရှိပါဘူး။

ဒုတိယဥပမာကတော့ဖက်ဆစ်တော်လှန်ရေးပါ။ဖက်ဆစ်တည်ထောင်ပေးခဲ့တဲ့တပ်မတော်ကဖက်ဆစ်ကိုပြန်တော်လှန်တာပါ။ ဖက်ဆစ် တော်လှန်ရေးမှာ စစ်တပ်၊ ပြည်သူနဲ့ သံဃာလက်တွဲညီခဲ့ကြပါတယ်။
အခုလက်ရှိချိန်မှာ ကျောင်းသား၊ပြည်သူ၊သံဃာအားလုးံပါနေပါပြီ။တပ်မတော်သားတွေဘဲကျန်ပါတော့တယ်။ ဆိုတော့ တပ်မတော်သားတွေကို ဘယ်လိုစည်းရုးံမလဲဆိုတာကို အလေးအနက်ထားစဉ်းစားသင့်ပါတယ်။ လူတစ်ယောက် လက်ထဲကိုတုပ်ထဲ့ပြီးရိုက်ခိုင်းတာထက်သူ့ ဟာသူတုပ်ရှာပြီး ရိုက်တတ်လာအောင် လုပ်ပေးသင့် ပါတယ်။

အဲဒီအတွက်စစ်သားတွေကိုကျွန်တော်တို့ပညာပေးစည်းရုးံရပါမယ်။စစ်တပ်ပါမှသာ နောက်ဆုးံတိုက်ပွဲပြီးမှာပါ။ ဘာလို့လဲဆိုရင် သူတို့ဘဲလက်နက်ရှိလို့ပါ။ ပြည်တွင်းအတိုက်ခံ အင်အားစုဆိုတာ သန်းရွှေအတွက် ကတော့ခြံထဲကကြက်ပါဘဲ။ ဖမ်းတာဆီးတာလောက် မပြောနဲ့မြို့လယ်ခေါင်မှာတင်ရိုက်သတ်နေတာ တကမ္ဘာလုံးအမြင်ပါ။ဒါကြောင့်ကျွန်တော်တို့ တတ်နိုင်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ တိုက်ဖို့ဘဲရှိပါတယ်။

စစ်တပ်ရဲ့ကိုစည်းရုးံဖို့လက်ရှိအခြေနေကိုကျွန်တော်တို့လက်လှမ်းမှီသလောက်တင်ပြရရင်စစ်တပ်ထဲမှာသွေးခွဲအုပ်ချုပ်ရေးကိုကျင့်သုးံပါတယ်။ဆရာမွေး၊တပည့်မွေးစနစ်ပါ။ ဒါကြောင့်လက်ဆုပ်စာလူတစ်စုကသာအနေစားချောင်ပါတယ် ။ပြီးတော့ လာဘ်စားတာကိုဒေါက် တိုင် အဖြစ်သုးံပါတယ်။ ကြည်နေရင်ဝေစားမျှုစားလုပ်ပြီး၊ မကြည်ဖြူရင်ပြစ်မှုတစ်ခုအနေနဲ့မြေလှန်ပြစ်ပါတယ်။ ဒါကြောင့် အနေစားကျပ်ပြီး စားခွက်လုဖို့ရန်စောင်နေတဲ့အရာရှိတွေဒူ နဲ့ဒေးပါ။

အောက်ခြေအရာရှိတွေနဲ့ရဲဘော်တွေမှာအသိညဏ်နည်းလှပြီးအကြောက်တရားက သူတို့ကိုကြီးဆိုးပါတယ်။ ကြွေးတာစား၊ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ဆိုတဲ့ အတွေးအခေါ်တွေကို သွေးထဲရိုက်သွင်းခံထားရတဲ့သူတွေပါ။ ရွှေဝါေ၇ာင်တော်လှန်ရေးတုန်းကဆိုရင် နည်းဗျုဟာမှုး တွေဟာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဆင်းပြီး ဆန္ဒပြနေတာဘုန်းကြီးအစစ်တွေမဟုတ်ဘူး။ အမေရိကန်တွေက ပိုက်ဆံပေးပြီး ခိုင်းထားတဲ့ ဘုန်းကြီးတုတွေ ဆိုပြီးရှင်းလင်းပွဲတွေလိုက်လုပ်ပါ တယ်။ ရဲဘော်တွေကလည်း တကယ်ထင်ပြီးလက်ရဲဇက်ရဲဖြစ်ကုန်တာပါ။

စည်းရုးံဖို့စဉ်းစားမိတဲ့နည်းသုးံနည်းကရေဒီယို၊အင်တာနက်နဲ့ရုပ်သံမှတ်တမ်းအခွေတွေပါ။ဒီထဲကရုပ်သံမှတ်တမ်းခွေဟာအသင့်တော်ဆုးံလို့ထင်ပါတယ်။ဘာကြောင့်လဲဆိုရင်

ရေဒီယို

အချိန်ကန့်သက်ချက်ရှိတယ်။လွှင့်တဲ့အချိန်ဘဲနားထောင်လို့ရတယ်၊လူအများနဲ့စုနေတဲ့တပ်ထဲလိုနေရာမျိုးမှာနားထောင်သူတောင်အန္တယ်ရှိတယ်။တပ်ထဲမှာပြည်ပအသံလွှင့်ရေဒီယို နားမထောင်ရလို့အမိန့်ထုတ်ထားတယ်။

အင်တာနက်

လူနည်းစုအရာရှိတချို့သာသုးံခွင့်ရပါတယ်။ တပ်ထဲမှာလွပ်လပ်စွာသုးံဖို့ဆိုတာမဖြစ်နိုင်သလောက်ပါ။ ရဲဘော်တွေဟာ အင်တာနက်ဆို တာ ဘာမှန်းတောင် မသိကြပါဘူး၊

ရုပ်သံမှတ်တမ်း

သန်းရွှေသမီးမင်္ဂဆောင်ခွေကိုကြည့်ပါ။တပ်ထဲထိတောင်ပေါက်ပါတယ်။စိတ်လည်းဝင်စားကြပါတယ်။ စပ်စုခြင်တာရယ်၊ လုံခြုံမှုရှိတာ ကြောင့်ပါ။ တခါးပိတ်ပြီးကြည့်လို့ရတော့ကြည့်ရဲကြတယ်။ ဒါကြောင့်ဒီနည်းလမ်းဟာ ထိရောက်မှုနဲ့ အပျံ့နှံ့နိုင်ဆုးံနည်းလမ်းဖြစ်မယ် လို့ယူဆပါတယ်။

ရုပ်သံမှတ်တမ်းမှာလည်းဓါတ်ပုံ၊အချက်လက်များ၊ ဗီဒီယိုများနဲ့ဝေေ၀ဆာဆာတင်ပြနိုင်ရင်ပိုကောင်းမယ်ထင်ပါတယ်။ဥပမာအားဖြင့်

၁။မြောက်ကိုရီးယား
အာဇာနည်ကုန်းကိုမြောက်ကိုရီးယားတွေဗုးံခွဲပြီးပြည်သူလူထုကို မတောင်းပန်ဘဲစစ်အစိုးရက သူ့သဘောနဲ့ သူပြန်ဆက်ဆံနေတာကို အာဇာနည်ကုန်းဗုးံပေါက်ပြီးကာစ မှတ်တမ်းဗီဒီယိုအထောက်ထားတွေ၊ ဖမ်းမိတဲ့မြောက်ကိုရီးယားတစ်ယောက် အကြောင်း၊ ရွှေမန်းခရီးစဉ် ဓါတ်ပုံများ နဲ့တင်ပြခြင်းများ။

၂၊မညီမျှခြင်းများ

ဗိုလ်ချုပ်တွေရဲ့အိမ်များ၊စီးပွားရေးလုပ်ငန်းများနဲ့တခြားပိုင်ဆိုင်မှုတွေကိုဗီဒီယိုဖြင့်တင်ပြ ပြီးရဲဘော်တွေဟာ နိုင်ငံတာဝန်မထမ်း ဆောင်ရ ဘဲ ခြံရှင်း၊ မြက်ခုတ်၊ခြံစောင့်ကျွန်ဖြစ်မှန်းမသိဖြစ်နေကြရပုံများ။
မြန်မာနိုင်ငံသားများ အိမ်နီးခြင်းနိုင်ငံတွေမှာဆင်းရဲဒုက္ခပေါင်းဆုံနဲ့ရရာအလုပ်လုပ်ပြီး အနှိမ်ခံနေရပုံတွေကို တွေ့ဆုံမေးမြန်းခန်းများနှင့် တင်ပြခြင်းမျိုးများ။ ကားနောက်ခန်းမှာခိုးလိုက်ရင်းအသက်ရှုကြပ်သေကြတဲ့ကိစ္စမျိုးတွေကိုဓါတ်ပုံတွေနဲ့တင်ပြနိုင်ပါတယ်။

ဗိုလ်ချုပ်တွေဖွင့်ထားတဲ့စားသောက်ဆိုင်တွေမှာ မြန်မာမိန်းကလေးတွေပျော်တော်ဆက်ဖြစ်နေရပုံ၊ စီးပွားရေးကျပ်တည်းမှုကြောင့် မိန်းကလေး အများစုခန္ဓာရင်းရှာစားရပုံတွေလည်း ထည့်သင့်ပါတယ်။

ရန်ကုန်မြို့မှသူတောင်းစားများစွာကိုလည်းဗိုလ်ချုပ်တွေရဲ့အဆီယစ်မှုတွေနဲ့လည်းတင်ပြနိုင်ပါတယ်။ တစ်နှစ်ကို ဒေါ်လာသောင်းကျော် ပေးရတဲ့သူတို့မြေးတွေတက်တဲ့ကျောင်းတွေပုံ၊ပြည်သူ့ဆေးရုံများအခြေနေနှင့်သူတို့မိသားစုများမကြာခဏသွားရောက်ကုသလေ့ရှိတဲ့စင်္ကာပူကဆေးရုံများပုံနဲ့ကုန်ကြစရိတ်များကိုလည်းနှိုင်းယှဉ်တင်ပြနိုင်ရင်ကောင်းမှာပါ။

နောက်တစ်ခုကတော့ရန်ကုန်မြို့မှာ မကြာခဏတွေ့ရတတ်တဲ့ခြေပြတ်၊ လက်ပြတ်ရဲဘော်များဆင်းရဲကြီးစွာ သွားလာ၊ရုန်းကန်နေရပုံ။ စစ်သား တွေအသက်နဲ့ရင်းပြီးတိုက်ခဲ့တာ ဗိုလ်ချုပ်မိသားစုတွေ အတွက်၊ တိုင်းပြည်အတွက်မဟုတ် ဆိုတာသိအောင်လုပ်ပေးရပါမယ်။
အထူးသဖြင့်ဝကိစ္စပါ။ ၀တွေနဲ့စီးပွားရေးလုပ်နေတာ စစ်ခေါင်းဆောင်တွေပါ။ ရန်ကုန်မြို့ကဗိုလ်ချုပ်အိမ်တွေကိုဒေါ်လာပေးပြီး ငှါးနေတာ လည်း ၀တွေပါ။ ဗိုလ်ချုပ်တစ်စုကရသမျှ ကျုံးယူပြီး ရဲဘော်တွေကိုအသေခံခိုင်းတာပါ။ ရဲဘော်တွေကိုကျွန်လို သဘောထားတယ်ဆိုတာ အောက်ခြေရဲဘော်တွေသိလာအောင်ပညာပေးရပါမယ်။

ဒို့တာဝန်အရေးသုးံပါးလို့အားတိုင်းအော်နေတဲ့ နအဖခောတ်ကြမှပြည်ထောင်စုကြီးပြိုကွဲပါတယ်။ ၀တွေက နှစ်ပတ်လည်ဖိတ်စာမှာတရားဝင် ကြေငြာထားပါတယ်။ အဲဒီကိစ္စ ကိုအများပြည်သူသိအောင် မီးမောင်း ထိုးပြသင့်ပါတယ်။ ယိုးဒယားမှာစီးပွားရေးအကျပ်တည်းတုန်းက ဘုရင့်မိသားစုနဲ့ နိုင်ငံ ခေါင်းဆောင်တွေက ဦးဆောင်ပြီးရွှေတွေလှုခဲ့ပုံနဲ့၊ နာဂစ်မှာတော့ဗိုလ်ချုပ်တွေလက်တွန့်နေပုံ၊ သန်းရွှေသမီး မင်္ဂလာဆောင်မှာ တော့ အလုယက်လက်ဖွဲ့ပုံတွေကိုနှိုင်းယှဉ်တင်ပြသင့်ပါတယ်။

နောက်ပြီးနေရာတကာမှာတွေ့နိုင်တဲ့အထူးသဖြင့်လက်ဘက်ရည်ဆိုင်တွေရှိကလေးအလုပ်သမား၊ရထားလမ်းတလျှောက်ရေရောင်းစားနေရသောကလေးများ၊အသက်မပြည့်ကလေးအလုပ်သမားများပုံတွေကိုပြသပြီးဒါတွေဟာစစ်အစိုးရရဲ့အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့်၊ လာဘ်စားမှုတွေကြောင့်ဆိုတာရဲဘော်တွေနားလည်လာအောင်တင်ပြသင့်ပါတယ်။ စစ်သားတွေလက်ထဲရောက်ဖို့ကတော့ နယ်စပ်က တပ်တွေကိုစဖြန့်သင့်ပါတယ်။ နယ်စပ်မှာက ပိုပြီးလွတ်လပ် တယ်လေ။

လေးစားစွာဖြင့်

ရန်နောင်

မှတ်ချက်။ ။
အမှန်က ကျော်ဆန်း ပါးစပ် အမြုပ်ထွက်အောင် ပြောပြောနေတဲ့ မီဒီယာတိုက်ပွဲ ဆိုတာ ဒါပါဘဲ။ မီဒီယာကို သူတို့  အင်မတန် ကြောက်ကြပါတယ်။. မီဒီယာက သာလျှင်..တဖြေးဖြေး လူတွေရဲ့စိတ်ကို မြှားတချောင်းလို ထိုးဖောက်ပြီး..လူးထားတဲ့အဆိပ်လို..တဖြေးဖြေး စိမ့်ဝင် ပြောင်းလဲ အဆိပ်တက်စေတာပါ. ဒါကြောင့် နအဖ ကြောက်လန့် တကြီး..BBC ညာနေ VOA လိမ်နေ..DVB ကို မကြည့်ရန်..ပြည်ပမီဒီယာတွေဟာ ပြည်ပအားကိုး..အလိုမရှိ ဘာညာ အတင်းကြီး ဒိုင်းနဲ့  ပြန်ကာနေတာပါ။
ဒါပေမဲ့ အမှန်တွေ ကိုတင်ပြထားတဲ့ BURMA VJ ဗီဒီယို ကတော့ တကမ္ဘာလုံးက ကြည့်ရတဲ့ အော်စကာဆန်ကာတင် အဆင့်တောင်ရောက်..မတ်လဆန်းမှာ ကျင်းပမဲ့ အော်စကာသာ ရလို့ကတော့ မြန်မာ စစ်အစိုးရ..ဘာလည်း..ဘယ်လည်း လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပါပြီ..]ဤ အချက်တွေ ကို ကြည့်ပြီး..စစ်တပ်သည်..ဖြိုရခက်သော အခိုင်အမာ တည်ဆောက်ထားသော တံတိုင်းကြီးတခုမဟုတ်ပါ။ အုတ်များစီထားသော အုတ်ပုံကြီးတခုသာဖြစ်ပါတယ်။ အုတ်ပုံအတွင်းက အုတ်တချပ်ကို..ရအောင်ချေမွထုတ်နိုင်တာနဲ့ ..တဖြေးဖြေး..သူ့  အပေါ်က အလေးချိန်နဲ့  ပြိုကျ ပျက်စီးမှာပါ။

နအဖ ခိုးရငွေတွေ ဟာ စစ်တပ်က ရှိသမျှ လူအားလုံးကို..ကြွေးထားနိုင်ခြင်းမရှိပါ. သူတို့ ကိုယ်တိုင် ရသလောက် ဆိုင်ရာပိုင်ရာ ခိုးစားနေတာကြောင့် အောက်ခြေ ရဲဘော်လေးတွေ ခမျာ..ဆင်းရဲငတ်ပြတ်နေတာပါ။. ဒါကြောင့် ကျနော်တို့  တော်လှန်ရေးအတွက် စဉ်းစားသုံးသပ် ချဉ်းကပ်တဲ့အခါ...အောက်ခြေမှ ထွင်းဖောက်စိမ့်ဝင်တဲ့ ငါးကြင်းဆီနဲ့  ငါးကြင်းကြော်တဲ့နည်းကိုသုံးသငိ့ပါတယ်..
သတင်းဃာနတွေ က မှတ်တမ်း တွေ BURMA VJ စသည်ကို ကူးယူ အလကားဖြန့် ဝေပေးရင်..နောက်ကျ တဖြေးဖြေး အချင်းချင်း လက်တို့ ပြီး စစ်ဖက်နယ်ဖက် အရပ်ရပ်..အိမ်တိုင်းရောက်သွားစေ အတွေးအခေါ်တွေ ဖြန့် သွားစေမှာပါ။

ဖမ်းသော ရဲ စစ်သား အရာထမ်း အမှူထမ်း ကြံ့ဖွတ်များ စွမ်းအားရှင်များပင်လျှင် ...ဤသို့  တားဆီး မကြည့်ရ..VIDEO DVD ဖမ်းမိရင်..အတွင်းဘာပါလည်း သိပ်သိချင်တာပါ. တိတ်တဆိတ် အိမ်သယ် ဖွင့်ကြည့်ကြမှာပါ။ သူတို့  ကိုယ်တိုင် မျက်မြင်မှ..သူများတွေကို တိတ်တိတ် လက်ကမ်းပါတယ်။ သူတို့ ကတဆင့် အမျိုးတွေ တယောက်က တဆင့် ၁၀၀ ၁၀၀၀ ၁၀၀၀၀ ပွါးကုန်တာပါ။ လူဆိုတာ..မကြည့်ရဖူး တားရင် ရအောင်ကြည့်ချင်တာထုံးစံပါ။
MEDIA နဲ့  အတွေးအခေါ် ကို အနီးကပ်ဆုံး ပူးသတ်နိုင်ပါကြောင်း..တဦးတယောက်ချင်းဆီက..တာဝန်ယူ စည်းရုံးတဲ့ အခါ အောင်မြင်မှာဖြစ်ပါကြောင်း..

အာဇာနည်များ

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Wednesday, February 24, 2010

ဗမာပြည်မြေပုံ အစစ် True Burma Map

ကျွန်တော် ဗမာအစစ်ပါ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့  သူ့ တို့ ကိုယ်ပိုင် နယ်မြေတွေအကြောင်းစဉ်းစားဖြစ်ရင်းနဲ့  ဗမာပြည်မြေပုံ ကို အစိတ်စိတ်အမွှာမွှာ လုပ်ကြည့်ဖြစ်ပါတယ် ။ သဘောကတော့ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရပြီးရင် ကတိအတိုင်း ပေးရမယ့်  လွတ်လပ်ရေးနယ်မြေတွေပါ။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့  ဗမာနဲ့ တိုင်းရင်းသား စည်လုံး ညီညွတ်စွာတိုက်ခိုက်နိုင်မှ ဗမာပြည်လွတ်လပ်ရေးရမယ်ဆိုတာ သိခဲ့လို့ ပါဘဲ ။ တကယ်တမ်း တိုင်းရင်းသား ပြည်နယ်ပေါင်းစုံနဲ့ တိုက်ခိုက် အောင်မြင်ပြီး ဗမာပြည်လွတ်လပ်ရေးရခဲ့ ပေမယ့် အာဏာရှင်နေ၀င်းရဲ့ စစ်တပ်အာဏာမက်မောမှုကြောင့်  ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိ ဟာ ပျက်ပြားခဲ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ပေါ်ပေါက်ခဲ့ ကာ ဗမာပြည် အစိုးရကိုတိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်တာ မဆန်းပါဘူး ကလေးစကားနဲ့ ပြောရရင် မင်း ကတိမတည်တဲ့ ကောင် ငါသတ်မယ် ပေါ့။ တကယ်လို့ ဗမာပြည် တကယ်လွတ်လပ်ရေးရပြီး သစ္စာရှိစွာနဲ့ ပြည်နယ်တွေ ပေးခဲ့ မယ်ဆိုရင် ဤပုံအတိုင်းဗမာပြည်ဟာ ယ္ခုလိုတွေ့ မြင်ရမှာပါ။



သန်းရွှေကို ဒီအတိုင်းလွှတ်မထားကြဖို့  တိုက်တွန်းပါရစေ။

ဆက်ဖတ်မယ်ဆိုရင်....

အဖက်လုပ် မခံရတော့သော အစိမ်းရောင် ၀တ်စစ်သားများ

အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
အခုတော့မစိမ်းလန်းနိုင်တော့ပြီ.... ခြောက်သွေ့ ခဲ့ရပြီကော ( အစိမ်းရောင်)
စာရေးသူ ငယ်စဉ်အခါ ကျောင်းသားဘ၀က စစ်စိမ်းရောင် ကိုနှစ်သက်ခဲ့ဖူးပါသည်။ ဖခင်ဖြစ်သူက တော်လှန်ရေးနေ့ ရောက်တိုင်း (တော်လှန်ရေးပန်းခြံ)တွင် ကျင်းပသော တော်လှန်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသော တော်လှန်ရေးရဲဘော်ဟောင်းတစ်ဦးလည်း ဖြစ်သလို ၊ မော်ကွန်းဝင် တစ်ဦးလည်းဖြစ်ပါသည်။ စစ်ရေးပြချီတက်ပွဲတွင် ပါဝင်သော စစ်ကြောင်းမှူးမှာလည်း ၊ ဆွေမျိုးတော်စပ်သူ အစ်ကိုတစ်ဦးဖြစ်ပါသည် ။ ကလေးဘ၀က ဖခင်နဲ့ အတူ တော်လှန်ရေးနေ့ ကို မြတ်နိုးသည် ။ စစ်သီချင်းသံဖြင့် ဇာတိမာန်တွေ တက်ခဲ့ဖူးပါသည် ။

ကျောင်းတက်ခဲ့စဉ်ကလည်း စစ်လွယ်အိပ်ကို နှစ်နှစ်ချိုက်ချိုက် လွယ်ခဲ့ဖူးပါသည် ။ စစ်ခါးပတ် စစ်ရေဘူး….စစ်တပ်အသုံးအဆောင်အားလုံးကို ခုံမင်ခဲ့ဖူးပါသည် ။ခေတ်တွေ စံနစ်တွေ ရာသီတွေပြောင်းခဲ့ပါပြီ ။ တော်လှန်ရေးနေ့ သည်လည်း..တပ်မတော်နေ့  အဖြစ်ပြောင်းလဲခြင်းခံခဲ့ရပါပြီ ။ တပ်မတော်၏ ဖခင်နေရာတွင်လည်း ပထွေး တစ်ဦးပြီးတစ်ဦး ပြောင်းခဲ့ပါပြီ ။ ပြည်သူချစ်သောတပ်မတော်သားများသည်လည်း ..ပြည်သူကို အမိအဖ မတော်တော့ပဲ ပြည်သူကပေါက်ဖွါးသည်ကို နားမလည်တော့ ။ အမိအဖ ပြောင်းကာ တပ်မတော်သာ အမိ တပ်မတော်သာ အဖ ဖြစ်ကုန်ပါလေပြီ ။ တပ်မတော်သည် ပြည်သူ့ တပ်မတော် မဟုတ်တော့ ။အာဏာရူး တို့ ၏လက်ကိုင်တုပ် … ပြည်သူကိုသတ်သည့်..ကြေးစားလူသတ်စစ်တပ် ဖြစ်ခဲ့ပါပြီ။ စစ်သားကို …ယခင်ကပြည်သူတွေက တပ်မတော်သားလို့ ခေါ်ခဲ့ကြသည် ။ တန်ဖိုးထားချစ်မြတ်နိုးခဲ့ကြသည် ။ ယနေ့  တပ်မတော်သာအမိ ၊ တပ်မတော်သာအဖ ..ဆိုပြီးသားသမီးလုပ်နေသောစစ်သားတွေ သူတို့ အမိအဖ ကထမင်းမကျွေးတော့ပဲ စွန့် ပစ်သည့်အခါ ၊ ထမင်းအတွက် သူတို့  အမိအဖ မတော်ချင်သော ပြည်သူထံ အရှက်မဲ့စွာ မျက်နှာပြောင်တိုက်ပြီး တောင်းဆိုလာကြပြန်ပါပြီ။

ခြေအတုတပ်ထားသော စစ်သားလေးငါးယောက်လောက် .. အိမ်တစ်အိမ်ပြီးတစ်အိမ် အတင်းဝင်ပြီး စာအုပ်လိုက်ရောင်းနေသော မြင်ကွင်းတခုတွင် စာရေးသူ သံဝေဂ ရမိပါသည် ။

(ရဲဘော်လေးတွေပါ..စာအုပ်ဝယ်ပါ)
လို့ ပြောနေသောအသံ နှင့် မ၀ယ်သေးပါဘူး လို့ ပြန်ပြောနေ သောအသံ ..အိမ်ရှင်တွေမရှိလို့ ပါ .. စာအုပ်မဖတ်ပါဘူး ။ အသံအမျိုးမျိုး ကြားနေရသည် ။ စစ်သားကို ပြည်သူ မချစ်တော့ပါ ။ အတုတပ်ထားရသော ခြေထောက်ကို မြင်လို့ လည်း ဂရုဏာမသက်တော့ပါ ။ ခပ်လှမ်းလှမ်းကလာနေသော အစိမ်းရောင်ဝတ် တွေမြင်ကတည်းက အိမ်တံခါးကို ကြိုပိတ်ကြသည် ။ သော့ခတ်ပြီးအိမ်နောက်ဝင်ပြေးကြ သည် ။
သူတို့ ကလည်း အတင်း တံခါးခေါက် အသံကျယ်ကျယ်ဖြင့်အတင်းခေါ် … မ၀ယ်လိုသောစာအုပ်ကို အတင်းရောင်း ။


ဒီမြင်ကွင်းသည်…စာရေးသူငယ်စဉ်က မြင်ခဲ့ဖူးသော မြင်ကွင်းများနှင့် ။ နံ့ သာဆီနဲ့  အီး …လိုပင်
လုံးဝကွဲပြားခဲ့ပါပြီ ။ အစိမ်းရောင်ကို ပြည်သူတို့ မချစ်တော့ပြီ ။ အစိမ်းရောင်ကို ပြည်သူတို့ အားမကိုးကြတော့ပြီ ။ ယုံကြည်မှုမရှိကြတော့ပြီ ။ သားသမီးလို မဆက်ဆံနိုင်ကြတော့ပြီ ။
အော့နှလုံးနာ နေကြပါပြီ ။ ပြည်သူကို အကြိမ်ကြိမ်သတ်ခဲ့သည့် ပါးကွက်အာဏာသား စစ်သားများအဖြစ် ပြည်သူတွေအမြင်ပြောင်းသွားသည် ။ အစိမ်းရောင်သည် ..စိမ်းလန်းစိုပြေခြင်းမရှိတော့ ။ ခြောက်သွေ့ ခဲ့ပြီ ။ အစိမ်းရောင်သည်..အာကိုးရာမဟုတ်တော့ ။ ကြောက်ရွံ့ စရာ ..ရွံရှာစရာ ဖြစ်ခဲ့ပြီ ။
ပြည်သူကို အမိအဖ နေရာမှာထားခဲ့သော ပြည်သူ့ တပ်မတော်သည် .. တပ်မတော်၏ပထွေး များကိုအဖေတော်ပြီး .. တပ်မတော်သာအမိ တပ်မတော်သာအဖ ဖြစ်ခဲ့ပြီ ။ ပြည်သူကို သတ်သော လက်ကိုင်တုပ် လူသတ် စစ်တပ်ဖြစ်ခဲ့ပါလေပြီ ။

အထက်ရောက် စစ်အရာရှိများက ရေပေါ်ဆီ ဈေးပွဲဖွင့် မယ်ရွေးပွဲတက် အကယ်ဒမီပွဲတွင်..အဆီပြန်မျက်နှာတ၀င်းဝင်းနှင့် ..
တိုက်ပွဲထိ မသန်မစွမ်း အင်္ဂါ ချို့ တဲ့ ပညာနုံနဲ့  သော ရဲဘော်များ က မစားလောက်သော ပင်စင်နှင့် လမ်းဘေးတွင်ဖြစ်သလို..လုပ်ကိုင်စားနေကြရသည်။
ခြေမပြတ်သော စစ်ဗိုလ်များက ရင်ဘတ်တွင် ဘာကြောင့်ရမှန်း မသိသော ဆုတံဆိပ်အမျိုးမျိုးတတ် ဟန်ပြနေချိန်တွင်..ခြေလက်အင်္ဂါဆုံးရှုံးသော ဘာတံဆိပ်မှ နိုင်ငံတော်က ချီးမြှင့်ရကောင်းမှန်း မသိသော ရဲဘော်ကလေးများကို.မျက်ကွယ်ပြုထားသည်မှာတရားမျှတ၏လော။

မသန်မစွမ်း ရဲဘော်များခမျာ ပြည်သူကြားထဲဝင်၍ .ကောင်းရောင်း ကောင်းဝယ်လုပ်စားလိုသော်လည်း..ပြည်သူက..လက်မခံ ( နေ့ ခင်းကြောင်တောင် လေးလောင်းပြိုင်သတ်သော..စိမ်းလဲ့ကန်သာအမှုကို ကြည့်၍ ဓါးမြ စစ်တပ်ကို လန့် မြဲဖြစ်သည်။ မိမိ အိမ် လူစိမ်းမြင် (အထူးသဖြင့် စစ်သားမြင်ရင် သူရဲကဲ့သို့  ကြောက်သည် ။ မစင်ပုပ် သို့ ရွံ့ ရှာသည်။.) အ၀င်မခံရဲကြ။

ရင်ထဲမှာခံစားရပါသည် (ပြည်သူ့ တပ်မတော်)..။
တမ်းတမိပါသည် (ပြည်သူ့ တပ်မတော်)။
ခြောက်သွေ့ ခဲ့သော အစိမ်းရောင် ဘယ်တော့ ပြန်လည် စိုပြေစိမ်းလန်းလာလေမလဲလို့  ။

( အ.ဘ.ယ )

ဆက်ဖတ်မယ်ဆိုရင်....

Sunday, February 21, 2010

သန်းရွှေကိုယ်းကွယ်တဲ့ ဘုရား

ဗုဓ္ဓံသရဏံ (ဂမ်းစာမိ)
ဓမ္မံ သရဏံ (ဂမ်းစာမိ)
သံဃံသရဏံ အကုန် အကုန်(ဂမ်းစာမိ) ပါ ဖြား...........


ဂမ်း=သေနတ်


ကာတွန်း ဆရာဟန်လေး

ဆက်ဖတ်မယ်ဆိုရင်....

ပြည့်တန်ဆာ ... သို့ ...မြန်မာပြည်မှ မိန်းကလေး ဘဝ

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN