Saturday, June 13, 2009

ကမ္ဘာ့ သမိုင်းမှာ နာမည်ဆိုးနှင့် ကျော်ကြားခဲ့သူများ

ပုံကို နှိပ်ရင်အကြီးပေါ်မယ်

Ne Win and Than Shwe Killer... Killer Ne Win and Than Shwe ... Downtamun

ဆက်ဖတ်မယ်ဆိုရင်....

ကျန်းမာရေးဂရုစိုက်ကြဗျာ

NEJ / ၁၂ ဇွန် ၂၀၀၉
A( H1N1) တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ခ်ျအို) က ကြေညာလိုက်သည်။

A(H1N1) တုပ်ကွေးဖြစ်ပွားမှု အခြေအနေကို ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ရောဂါ အဆင့်အမြင့်ဆုံးဖြစ်သည့် အဆင့် (၆) သို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယင်းသို့သတ်မှတ်ရခြင်းမှာ A(H1N1) ဗိုင်းရပ်သည် မြောက်အမေရိကတိုက်အတွင်း လူလူချင်းကူးစက်သည့်အဆင့် ဖြစ်ပွားခဲ့ရာမှ ယခုအခါ အခြားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့လာသောကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာတွင် ကျင်းပသည့် အရေးပေါ်ကော်မတီအစည်းဝေးအပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ မာဂရက်ချမ်းက A(H1N1) တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဆင့်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

၎င်းက “၂၀၀၉ ခုနှစ် ကမ္ဘာ့ကပ်ရောဂါတုပ်ကွေး စတင်နေပါပြီ” ဟု ဂျနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး ယခုအချိန်သည် ကပ်ရောဂါဖြစ်ပွားမှု အစောပိုင်းအချိန်ဖြစ်ပြီး ယင်းရောဂါပိုးပျံ့နှံ့မှုကို တားဆီးမရသေးကြောင်း ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပွားမှုများအရ ရောဂါကူးစက်ခံရသူအများစုသည် ပြင်းပြင်းထန်ထန် ခံစားရခြင်း မရှိသေးကြောင်း၊ ရောဂါအသည်းအသန်ဖြစ်ပွားသူ အရေအတွက် ရုတ်တရက်မြင့်တက်မှု မရှိနိုင်သေးကြောင်း ဒေါက်တာချမ်းက ပြောသည်။

A(H1N1) တုပ်ကွေးကို အသက် (၂၅) နှစ်အောက် လူငယ်များတွင် အဖြစ်များသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ A(H1N1) တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်သည့်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ကြိုတင်ပြင်ဆင်မှုများလုပ်ထားရန် ယမန်နေ့ နယူးယောက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတိပေးပြောကြားလိုက်သည်။

ယခုအခါ တုပ်ကွေးဗိုင်းရပ်ပိုးသစ်ပျံ့နှံ့မှုသည် အသေအပျောက်နှုန်းနည်းပြီး ဆိုးဝါးသည့်အခြေအနေသို့ မရောက်သေးသော်လည်း ရှေ့လာမည့်လများအတွင်း မည်သို့ဖြစ်လာမည်ကို မသိရှိသဖြင့် အလေးထား စောင့်ကြည့်ရန်လိုအပ်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောသည်။

ဖွံ့ဖြိုးသည့်နိုင်ငံများတွင်သာ ယခုတုပ်ကွေးရောဂါလက္ခဏာများ အဖြစ်များခဲ့သော်လည်း မကြာမီအတွင်း ပြောင်းလဲမှု ဖြစ်နိုင်ပြီး သက်ရောက်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဆင်းရဲသည့်နိုင်ငံများသည် ကျန်းမာရေးစနစ် ညံ့ဖျင်းသဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားကြရန်လိုအပ်ကြောင်း ၎င်းက သတိပေးပြောကြားသည်။

ယခုအခါ ကမ္ဘာတ၀န်း နိုင်ငံပေါင်း (၇၄) နိုင်ငံတွင် A(H1N1) တုပ်ကွေး ဖြစ်ပွားသူ (၃) သောင်းနီးပါးရှိနေပြီး သေဆုံးသူ (၁၄၄) ဦးရှိသွားပြီဖြစ်ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

တရားမ၀င် အစိုးရကိုထောက်ပံ့ဖို့ စကားကမ်းလှမ်းတဲ့  စင်ကာပူကိုလည်း ရှုံ့ ချပါတယ်

လူသားချင်းမစာနာတတ်တဲ့ စီးပွားရေးအရင်းရှင်တွေဟာ ၄င်းတို့ အကျိုးစီးပွားကလွဲလို့ ဘာကို မှမြင်တတ်မှာ မဟုတ်ပါဘူး ။ ဗမာစစ်အကြမ်းဖက်အစိုးရကို ကူညီပံ့ပိုးပေးနေတဲ့ မည်သည့် တိုင်းပြည်မဆို ဤနေရာကနေရှုံ့  ချပါတယ်။ (ဒေါင်းTM)
၂၀၁၀ ရွေးကောက်ပွဲပြီးမှ စင်ကာပူ စီးပွားရေးသမားများ ရင်းနှီးမြှုပ်နှံမည်ဟု ဂိုဂျုတ်တောင်ပြော
Friday, 12 June 2009 20:07 ကိုထွေး
စင်ကာပူနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသည် ၂၀၁၀ ရွေးကောက်ပွဲပြီးမှ မြန်မာနိုင်ငံတွင် ရင်းနှီးမှုများ ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း စင်ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင်က ပြောကြားလိုက်သည်။



ခွေးသူတောင်းစား သန်းရွှေနှင့် စင်ကာပူ စီးပွားရေးအရင်းရှင် ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင် (ဓာတ်ပုံ - အေပီ)
မြန်မာပြည်သို့သွားရောက်လည်ပတ်ခဲ့သည့် ၄ ရက်ကြာ ခရီးစဉ်အပြီးတွင် မစ္စတာ ဂိုဂျုတ်တောင်က Channel News Asia ရုပ်သံ၌ အထက်ပါအတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

မစ္စတာ ဂိုဂျုတ်တောင်က “ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရလဒ် တစုံတရာ မပေါ်ပေါက်သရွေ့ စီးပွားရေးလုပ်ငန်းရှင် အများစုကတော့ ရင်းနှီးမြုပ်နှံမှု လာလုပ်လိမ့်မယ်လို့ ကျနော်မယုံကြည်ဘူး” ဟု ပြောသည်။

မစ္စတာဂိုဂျုတ်တောင်က ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိရန် လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း မဲဆွယ်ရန် ခွင့်ပြု သင့်ကြောင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းကို စိုးရိမ်မိသည်ဟု မြန်မာစစ်ခေါင်းဆောင်များကို ပြောခဲ့ကြောင်း ယင်းသတင်းဌာနက ထပ်လောင်းဖော်ပြသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ စင်ကာပူနိုင်ငံသည် ဆိုင်ကလုန်းနာဂစ်ဒဏ်ခံခဲ့ရသော မြန်မာပြည် ကို အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကူညီပေးခဲ့သည့် ပထမဦးဆုံးသောနိုင်ငံဖြစ်သကဲ့သို့ နောင်တွင်လည်းလူသား ချင်းစာနာသည့်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ သန်း ကူညီပေးသွားရန်ကတိ ပေးထားကြောင်းသိရသည်။

စင်ကာပူနိုင်ငံသည် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံတနိုင်ငံဖြစ်ပြီး နှစ်စဉ် ၂ နိုင်ငံကုန်သွယ်မှုမှာ ဒေါ်လာ ၁ သန်း ကျော်ရှိသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဥရောပကဤသို့ ဆိုသည်

ကရင်ဒေသ ထိုးစစ် ရပ်ရန် ဥရောပ သမဂ္ဂ တောင်းဆို
Friday, 12 June 2009 17:42 ဇာနည်ဝင်း
ကရင်တိုင်းရင်းသား အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရ သဖြင့် ကရင်ပြည်နယ် အတွင်းရှိ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် ဥရောပ သမဂ္ဂ ဥက္ကဋ္ဌက ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။


[ထိုးစစ်ကြောင့် ထွက်ပြေးရသည့် ဒေသခံ ကရင်တိုင်းရင်းသားတချို့ (ဓာတ်ပုံ - KIC)]

ထိုးစစ်ကြောင့် ထွက်ပြေးရသည့် ဒေသခံ ကရင်တိုင်းရင်းသားတချို့ (ဓာတ်ပုံ - KIC)
အရပ်သားများကို နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေ၊ လူ့အခွင့်အရေး ဥပဒေ တို့နှင့် အညီ အကာအကွယ် ပေးရန်လည်း တိုက်တွန်းထားသည်။

ယခု လဆန်းပိုင်းမှ စတင်ပြီး မြန်မာ့ တပ်မတော်က ကရင် အမျိုးသား အစည်း အရုံး (KNU) ၏ တပ်စခန်းများကို အကြီးအကျယ် ထိုးစစ် ဆင်နေခြင်းကြောင့် ထောင်ပေါင်း များစွာသော ဒေသခံများ အိုးအိမ်စွန့် ထွက်ပြေးနေရသည်။

“ယေဘုယျအားဖြင့် အာဏာပိုင်တို့သည် တိုင်းရင်းသား လူနည်းစုများ အရေးကို စစ်ရေးအရ ဖြေရှင်းမှု မပြုသင့်ပါ၊ ထိုသို့ ဖြေရှင်းပါက မတည်ငြိမ်မှုများ ပေါ်ပေါက်ပြီး၊ ရေရှည်တွင် သွေးကွဲမှု၊ မုန်းတီးမှုများသာ ဖြစ်ပေါ်စေနိုင်သည်” ဟု ချက်သမ္မတနိုင်ငံ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။

ချက်သမ္မတနိုင်ငံသည် ဥရောပ သမဂ္ဂ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူထားသည့် နိုင်ငံ ဖြစ်သည်။ ကရင်ပြည်နယ် ထိုးစစ်များ ရပ်စဲရန် တောင်းဆိုသည့် ကြေညာချက်ကို အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပ သမဂ္ဂ ကိုယ်စား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခုလအတွင်း ပြုလုပ်သော ထိုးစစ်များကြောင့် ထွက်ပြေးရသူ အရပ်သားများအတွက် လွန်စွာ စိုးရိမ်မိကြောင်း၊ ထိုင်းနိုင်ငံတွင် ဒုက္ခသည် အများအပြား ရှိနေပြီး ဖြစ်ကြောင်း၊ ထပ်မံ ရောက်ရှိလာသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံက လက်ခံပြီး အကာအကွယ် ပေးထားခြင်းကိုလည်း အသိအမှတ် ပြုပါကြောင်း ကြေညာချက်က ဆိုသည်။

ထို့အပြင် စစ်ပြေး ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာ နေရပ်သို့ ပြန်နိုင်ရေး၊ သက်ဆိုင်သူများ အားလုံး ပါဝင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို စတင်နိုင်ရေးတို့ကို ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

ဥရောပ သမဂ္ဂ၏ ကြေညာချက်ကို KNU က ကြိုဆိုလိုက်သည်။

“ကျနော်တို့က အပြည့်အဝ ထောက်ခံပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အဲဒီလို စစ်အစိုးရကို ပြတ်ပြတ် သားသား ရှုတ်ချတာ မရှိဘူး” ဟု KNU ဒုတိယ ဥက္ကဌ ဒေးဗစ် သာကပေါက ပြောသည်။

ဥရောပ သမဂ္ဂက ထိုသို့ တိုက်တွန်းသော်လည်း ထိုးစစ်ဆင်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း ဒေးဗစ် သာကပေါက ပြောသည်။

ထိုးစစ် ရပ်ရေးကို မြန်မာ အာဏာပိုင်တို့က သဘောတူမည် မဟုတ်ဟု KIC သတင်းဌာန၏ အယ်ဒီတာ နန်းဖောဂေက သုံးသပ်လိုက်သည်။

“အပြောင်းအလဲ ရှိလာမယ် ဆိုရင်တော့ ကောင်းတာပေါ့။ တိုက်ပွဲတွေကြောင့် အဓိကအားဖြင့် ဒုက္ခ ရောက်နေရတာက ဒေသခံ ပြည်သူတွေပဲလေ။ တိုက်ပွဲတွေ ရပ်သွားရင်တော့ ဒေသခံတွေ နေရပ်ရင်း ပြန်ဖို့ အခြေအနေ တစုံတရာ လမ်းပွင့်သွားတာပေါ့” ဟု နန်းဖောဂေက ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကိုညိုစိုင်း ထံမှ ပြည်သူ့ ကျိမ်စာ

ပုံနှိပ်ရင် အကြီးပေါ်မယ်။

ဆက်ဖတ်မယ်ဆိုရင်....

Friday, June 12, 2009

ကရင်ပြည်သူ့ ကံကြမ္မာ နအဖ နှင့် အမျိုးချင်းတူ ကရင်ခွဲထွက် လက်နက်ကိုင်များ က ဖန်တည်းလိုက်ပြီးနောက်မှာ

သန်းရွှေနဲ့ စစ်တပ်က တိုင်းရင်းသားလူမျိုးခြားတွေကို ရက်စက်ကြမ်းကြုတ်တယ် လူသတ်တယ် ရန်းကားကြတယ်လို့  တဖွဖွ ဗမာပြည်တွင်းမှာ ၀ါဒဖြန့် ခဲ့ တာ နှစ်ပေါင်းများစွာကတည်းကပါဘဲ။ တကယ်တော့ ပြည်တွင်းက ဒီအခြေအနေ အဖြစ်မှန်တွေ သတင်းအမှောင်ကျနေသ၍သိခွင့် ရကြမှာ မဟုတ်ဘူး။ တိုင်းရင်းသား တွေ ဗမာအပေါ်စိတ်နာတာ ဘယ်လောက်အထိခံပြင်းနေကြတာ ဤကဲ့ သို့ အလားတူ အဖြစ်မှန် ဗီဒီယိုဖိုင် တွေ အင်တာနက်ဆိုက်တွေမှာ ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။(ဒေါင်းTM)


ဆက်ဖတ်မယ်ဆိုရင်....

ပြည်သူ့ ကံကြမ္မာ ပြည်သူဖန်တည်းမှာလား စစ်တပ်က တသက်လုံး ဖန်တည်းသွားမှာလား?

နိုင်ငံရေးလက်ဦးမှု လက်မလွတ်ရေးTuesday, June 09, 2009
ဒေါ်အောင်ဆန်းစုကြည်ကို ကြံဖန်အမှုဆင်ပြီး ရုံးတင်ခြင်းသည် ဤကာလ ဗမာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ဒီပဲယင်း အရေးအ ခင်းနှင့် တတန်းတည်းထားရမည့် အဖြစ်အပျက်တခုဖြစ်သည်။ နအဖ၏ လက္ခဏာမှာ ၁၉၈၈ ခုနှစ်က စလို့ ဒီနေ့အထိ ဘာ မှပြောင်းလဲခြင်းမရှိကြောင်းကို ဤကိစ္စက ဖော်ပြနေပေသည်။

၈၈ မှာ လူသတ်သည်၊ ဒီပဲယင်းမှာ လူသတ်သည်၊ စက်တင်ဘာသံဃာ့အရေးအခင်းမှာ သံဃာကိုသတ်သည်၊ ယခု ၂ဝဝ၉ တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသေသတ်ရန် လုပ်နေပြန်သည်။

နအဖနှင့်ပတ်သက်၍ အကောင်းမြင်စရာ တကွက်မှမရှိ၊ စိတ်ကူးယဉ်စရာ နည်းနည်းမှမရှိ၊ ပြည်သူတွေအတွက် ဗလာနတ္ထိ။

၂ဝ၁ဝ ရွေးကောက်ပွဲနှင့် နီးလာလေလေ နအဖ၏ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို တွေ့ရလေလေ ဖြစ်နေသည်။ ဤသည် မှာ တိုက်ဆိုင်မှု လုံးဝမဟုတ်။ သူတို့တတွေ စိတ်ကို ဒုံးဒုံးချပြီး အပြတ်လုပ်နေခြင်းဖြစ်သည်။

ဤသည်မှာ သူတို့လက်ထဲတွင် အာဏာဆက်လက်တည်ရှိရေး၊ အသက်ရှင်ရပ်တည်ရေးတို့နှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ထို့ကြောင့် ဤအတွက် ဘာကိုမဆို သူတို့လုပ်မည်။

လိုအပ်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်မည်။ ဒေါ်အောင်ဆန်းစုကြည်ကို တသက်ပတ်လုံး ထောင်ထဲမှာ ထားမည်။ သတ်စရာလိုလျှင် ဘယ်သူ့ကိုမဆို ဖမ်းမည်၊ သတ်မည်။

ဒီလိုအချိန်မှာ ပြည်သူတွေဖက်က ဘာလုပ်မလဲ။ နအဖ၏ ရွေးကောက်ပွဲကိုဝင်၍ ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ် မည်လော။ မီးစင်ကြည့်ရုံပဲဟု ဆုံးဖြတ်မည်လော။

သေချာသည်မှာ ဗမာပြည်ကို အုပ်စိုးမှု၏ အနှစ်လက္ခဏာမှာ ဤရွေးကောက်ပွဲကိုကျင်းပသဖြင့် ပြောင်းလဲသွား မည်မဟုတ် သလို အုပ်စိုးသူများ၏ သဘောထား၊ ပေါ်လစီများမှာလည်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးသည့်နောက် ဘာမျှ ခြားနားမည်မဟုတ်ဆိုသည်ကို သဘောပေါက်ကြရမည်။

အာဏာကိုသာ ကိုင်ထားနိုင်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ဖျက်ပစ်နိုင်သည်၊ ရေးဆွဲနိုင်သည်၊ အတည်ပြုနိုင်သည်။ နောက်ပြီး ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ် ကြိုက်သလို ကျင်းပနိုင်သည်။ ရလဒ်ကိုမကျေနပ်လျှင် အာဏာကိုလွှဲမ ပေးဘဲ နေနိုင်သည်။

ဗမာပြည်က စစ်အာဏာရှင်များအနေဖြင့် ဒါတွေအားလုံးကို လုပ်ခဲ့ဖူးပြီ။ အာဏာရှိသရွေ့ လုပ်နေဦးမည်။ သင်းတို့၏ တည် ကြည်ဖြောင့်မတ်မှုကိုလည်း ကမ္ဘာနှင့်အဝှမ်း မည်သူကမျှ မယုံကြည်ကြ။

ဤသို့သော အနေအထားတွင် “တသက်တော့ အမတ်ဖြစ်ဖူးတယ်ရှိအောင် ရွေးကောက်ပွဲ ဝင်လိုက်ဦးမည်” လို့ ဆိုသူတွေ၊ “အာဏာကလေးများ၊ တပြားတမူးဖိုးလောက်ရှိလျှင် အင်မတိ အင်မတန် စံချင်တိုင်းစံရမည်” ဟု စိတ်ကူးယဉ်နေသူတွေနှင့် အချီအချ အခြေအတင် ပြောနေစရာ မလို။

သူတို့လမ်းကိုသူတို့ လျှောက်ခွင့်ပြုလိုက်ရုံသာရှိ၏။ ကိုယ့်အလုပ်က သူတို့နှင့် အချိန်ဖြုန်းနေစရာမဟုတ်။ ကိုယ့်အလုပ်က ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအတွက် တနည်း ရွေးကောက်ပွဲ နောက်ပိုင်း တိုက်ပွဲတွေ အတွက် အခုကတည်းက ပြင် ဖို့ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင် နအဖ စစ်ဗိုလ်ချုပ်တွေ ပိုပြီး ဘဝင်မြင့်၊ စိတ်ကြီးဝင်လာမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ စကားတွေ၊ ဥပဒေစကားတွေ တွင်တွင်ပြောကာ ပိုရမ်းကားလာမည်။ “ဖွဲ့စည်း အုပ်ချုပ်ပုံနှင့်အညီ အချိန်မရွေး အာဏာသိမ်းခံရမည့်” အန္တရာယ်၏ ခြိမ်းခြောက်ခြင်းကို တလျှောက်လုံး ခံနေရမည်။

ထို့ကြောင့် ၂ဝ၁ဝ မတိုင်မီ နိုင်ငံရေးနှင့် ၂ဝ၁ဝ လွန် နိုင်ငံရေးတို့၏ အဓိကခြားနားချက်မှာ ဗိုလ်သန်းရွှေ-ဗိုလ်မောင်အေး စစ်အုပ်စုက ဖွဲ့စည်းပုံဥပဒေမရှိဘဲ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့်အညီ တိုင်းပြည်ကို ရက်ရက်စက်စက် သွေးစုပ်ဖိနှိပ်ခြင်းသာဖြစ်ပေမည်။ သဏ္ဍာန်အားဖြင့် ထူးခြားချက်အချို့ရှိနိုင်သော် လည်း အနှစ်သာရမှာ ဘာမှပြောင်းမည်မဟုတ်သည်ကို သံသယဖြစ်စရာ မလိုပေ။

တဖက်တွင်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေအဖို့ ပြောရလျှင်လည်း မိမိတို့၏ တိုက်ပွဲဦးတည်ချက်၊ အဓိက ကြွေးကြော်သံ၊ မဟာမိတ်အခင်းအကျင်း စသည်တို့မှာ ၂ဝ၁ဝ ရွေး ကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ နောက်ပိုင်း ဘာမှ ခြားနားသွားမည်မဟုတ်ဆိုသည်ကို သတိပြုရပေမည်။

ထို့ကြောင့် ဆန့်ကျင်မြဲအတိုင်း ဆန့်ကျင်ရမည်။ တောင်းဆိုမြဲတိုင်း တောင်းဆိုရမည်။

သို့သော် တိုက်နည်း၊ တောင်းဆိုနည်းများကိုတော့ တိုးချဲ့ရမည်။ စွန့်ပစ်တန်တာ စွန့်ပစ်၊ တီထွင်သင့်တာ တီထွင်ရမည်။ နောက်ပြီး ပိုကျယ်ပြန့်အောင်လည်း ဖြန့်ကျက်ရမည်။ အင်းစိန်ထောင် ပတ်ဝန်းကျင်ကနေ တပြည်လုံးကို ဖြန့်ပစ်ရမည်။ အဖွဲ့ ချုပ်တဦးတည်း လုပ်လို့မရ။ ဒီချုပ်ကို အထောက်အကူပေးကြရမည်။ တွဲလုပ်တာတွေလည်း ရှိမည်၊ ခွဲလုပ်တာတွေလည်း ရှိ မည်။

တိုက်ပွဲသဏ္ဍာန်ကို အသေထားလို့မဖြစ်၊ လုပ်သင့်လျှင် တဦးမလုပ်နိုင်က နောက်တဦးက လုပ်ရမည်။ ဆက်သွယ်ရေးကွန် ယက်တွေ တည်ဆောက်ရမည်။ လမ်းကြောင်းတွေ ဖောက်လုပ်ရမည်။ ပြောင်လည်းရှိမည်၊ လျှို့ဝှက်လည်းရှိမည်။

လူထုလူတန်းစား၊ လူ့အလွှာအမျိုးမျိုးထဲတွင် ဖြစ်နိုင်လျှင် ပြောင်၊ မဖြစ်နိုင်လျှင် လျှို့ဝှက် အဖွဲ့အစည်းတွေ ဖွဲ့ကြရမည်။ ကျောင်းသား၊ သံဃာ၊ စာရေးစာချီ၊ ဝန်ထမ်း၊ အလုပ်သမား၊ လယ်သမား၊ ပညာတတ်၊ ဆင်းရဲသား၊ စစ်သားနဲ့ ရဲထဲပါ မကျန် စည်းရုံးတည်ဆောက်ရမည်။ ဘာသာ၊ လူမျိုး စတာတွေ ခွဲခြားနေလို့မဖြစ်။

ဒါကြောင့် ဖွဲ့စည်းမှု၊ စည်းရုံးမှုမှာ ကာလတခုတော့ မြေအောက် သဏ္ဍာန်ဖြစ်ဖို့ များသည်။ လျှို့ဝှက်ရမည်။ မြေအောက်လုပ် ငန်းကို မောင်းတီးလုပ်လို့မရ။ ပေါ်ပြူလာ ဖြစ်ချင်လို့မရ။

တပါတည်းတွင် ပြည်သူတွင်းရော ကိုယ့်အတွင်းမှာပါ စစ်အုပ်စု၊ စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ်တို့ကို ပြတ်သားခိုင်မာစွာ ဆန့်ကျင်သည့် အတွေးခေါ်ကို မြဲမြဲမြံမြံ စိုက်ထူရမည်။ ကိုယ့် ပြည်သူကို ယုံကြည်မှုနှင့် အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ် တို့ကိုလည်း စွဲမြဲစေရမည်။

နအဖပြောလျှင် ဘာမှ မျက်စေ့လည်စရာ မရှိ။ မိုးခါးရေသောက်စေလိုသူများ၊ မြေခွေးအမြီးပြတ်များက ပြောလျှင်လည်း လက်ခံကြမည်မဟုတ်။

သို့သော် တတိယအင်အားစုဆိုသူတွေ၊ ပညာရှင်ဆိုသူတွေက နားချကြ၊ “ရှင်းပြကြ” ဦးမည်။ မျက်စေ့လည်၊ နားယောင် စရာတွေ ဖန်တီးလာကြဦးမည်။ ထို့ကြောင့် အတွေးအခေါ်တည်ဆောက်ရေး၊ ကာကွယ်ရေးကို တာဝန်တရပ်အနေနှင့် လုပ်ရ မည်။

ဒါကို တက်ကြွသူများအကြားမှာသာမဟုတ်၊ ပြည်သူလူထုအကြားမှာပါ လုပ်ရမည်။ ပေါ့ဆလို့မရ။ သတိ ရှိရပါမည်။ သူတို့က ရာထူးတွေ၊ အခွင့်အရေးတွေနှင့် မြှူလာကြမှာ သေချာသည်။

ထို့ကြောင့် ဤနေ့ဤအခါတွင် နိုင်ငံရေးလက်ဦးမှုကို ပြည်သူတွေဖက်က ရယူထားရန်မှာ အရေးကြီးလှသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်မှာ ဤသို့ လက်ဦးမှုရ ယူရန် လုံးပမ်းခြင်းဖြစ်သည်။ နအဖကို တကယ်ပဲ လက် ဦးမှုမဲ့စေခဲ့သည်။

ထို့ကြောင့် နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်ခြင်းဖြင့် သူတို့ဆုံးရှုံးနေသော နိုင်ငံရေးလက်ဦးမှုကို ရယူရန် လုံးပမ်း နေခြင်းဖြစ်သည်။ အခြားနည်းလမ်းရှာမတွေ့သဖြင့် ခါးပိုက်အောက်ကို ထိုးသည့်နည်းကို သုံးလာခြင်းဖြစ်သည်။ ဤသည် နအဖစစ်ဗိုလ်များ၏ အကျင့်ဖြစ်သည်။ သူတို့ခံရလျှင် ဘာမှ မရှက် မကြောက်တော့။

လောလောဆယ်တော့ နိုင်ငံတကာနယ်ပယ်တွင် နအဖအဖို့ ပို၍ပင် ခံစစ် အနေအထားကို ရောက်သွားသည်။ အခုအထိ စစ် အာဏာရှင်များအနေဖြင့် တချက်မှ ပြန်ပစ်နိုင်သည်ကို မတွေ့ရသေးပေ။ ထန်းလက်ဖြင့် ကာရုံမျှသာ လုပ်နိုင်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အမှုကို အမြန်ပြီးဆုံးသွားအောင် တွန်းစစ်နေသည်။ သူတို့အဖို့ ဤကိစ္စမှာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်ကြောင့်လေး ဖြစ်နေသည်။

ဤအနေအထားကို အတတ်နိုင်ဆုံး အသုံးချရန်လိုသည်။ ကိုယ့်ဖက်က နိုင်ငံရေး၊ အတွေးအခေါ်ရေး ထိုးစစ်တွေ ဆက်တိုက် ဆင်နေရမည်။ လူသေဦးတော့ အသံမသေစေရဆိုသည့် သဘောထားမျိုး ထားရမည်။ ကိုယ်သေလျှင် ကျန်တဲ့လူများကို အဲဒီအသံက သတိပေးအကျိုးပြုမည်မှာ မုချဖြစ်ပါသည်။

မောင်ချစ်ခင်

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဗမာပြည် ဘယ်ဒေသဘဲကြည့် ကြည့် ကောင်းတဲ့သတင်းတော့ရှာဖတ်ချင်တာပေါ့ ခုတော့

ပုဏ္ဍားကျွန်းမြို့ အဓိက ဆိပ်ခံတံတား မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် ခရီးသွားပြည်သူများ ဒုက္ခရောက် 6/11/2009
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့၏ အဓိက လူသွား လူလာ အများဆုံး ဖြစ်သည့် ဆိပ်ခံတံတားကို မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် ခရီးသွားပြည်သူများမှာ အထူး ဒုက္ခရောက်နေကြသည်ဟု မြို့သစ်ရပ်ကွက်မှ ကျောင်းဆရာ တဦးက ပြောသည်။


“ကျွန်တော်တို့ မြို့က သင်္ဘောဆိပ်ဟာ မြောက်ဦးနဲ့ စစ်တွေ သင်္ဘောလမ်းကြောင်းနဲ့ ကျောက်တော်- စစ်တွေ သင်္ဘောလမ်းကြောင်းမှာ ရှိတဲ့အတွက် အထူး လူအသုံးများတဲ့ သင်္ဘောဆိပ်ကမ်း တခုဖြစ်ပါတယ်။ စစ်အစိုးရ အာဏာ ရလာ ကတည်းက မြို့ရဲ့ အဓိက အရေးကြီးဆုံး ဖြစ်တဲ့ သင်္ဘောဆိပ် တံတားကို မပြုပြင်ဘဲ ပစ်ပယ်ထားတဲ့ အတွက် ခရီးသွား ပြည်သူတွေ အထူး ဒုက္ခရောက်နေကြပါတယ်။”

ပုဏ္ဍားကျွန်းမြို့မှာ သင်္ဘောများ ၀င်ထွက်သွားလာရာ လမ်းဆုံတွင် တည်ရှိသည်သာမက ရခိုင်ပြည်နယ်၏ တန်ခိုးကြီး ဘုရားတဆူဖြစ်သော ဦးရာဇ်တောင် စေတီတော်လည်း တည်ရှိသဖြင့် အနယ်နယ် အရပ်ရပ်မှ လူများမှာ ရေကြောင်းလမ်းကို အသုံးပြုပြီး ဘုရားဖူး လာကြသည်ဟု သိရသည်။

“ဒီလောက် အသုံးများတဲ့ ဆိပ်ခံတံတားကို မပြုပြင်ဘဲ ပစ်ပယ်ထားတယ် ဆိုကတည်း နအဖ စစ်အစိုးရရဲ့ ရခိုင်ပြည်သူတွေ အပေါ် ထားရှိတဲ့ စေတနာ ဘာလဲ ဆိုတာကို မေးစရာ မလိုဘဲ သိရှိနိုင် ပါတယ်။ နအဖ စစ်အစိုးရက ဘာဘဲ လုပ်လုပ် သူ့တို့ အကျိုး အမြတ် မပါရင် ဘာမှမလုပ်ပါဘူး။ ရထားလမ်းကိုသာ ဖေါက်နိုင်တယ်။ တကယ် လူထုတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်ထဲက တံတား တွေ၊ စာသင်ကျောင်းတွေ၊ လူသွားလမ်းတွေကို ကျတော့ မလုပ်ပါဘူး။ အများပြည်သူတွေရှေ့မှာ ၀ါဒ ဖြန့်လို့ရတဲ့ဟာတွေကျတော့ သူတို့က လုပ်ပါတယ်” ဟု အဆိုပါ ကျောင်းဆရာက ပြောသည်။

အလားတူ စစ်တွေနှင့် ဘူးသီးတောင်အကြားတွင် တည်ရှိသည့် သင်္ဘောဆိပ်ခံ တံတားများနှင့် ရခိုင်ပြည်နယ် အတွင်းရှိ တခြား ဒေသအတွင်းရှိ တံတားများမှာ ကျိုးပျက်နေသော်လည်း မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် ပြည်သူများမှာ ခရီးသွားလာရာ၌ အထူး ဒုက္ခတွေ့ လျက်ရှိသည်ဟု သိရှိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဝ တပ်ကလည်း တင်းနေတယ်နော် တင်းနေတယ်

အသွင်ပြောင်းရေး ကော်မတီဥက္ကဌ တာဝေးပြေးနေချိန် တောင်ပိုင်း ၀ နှင့် ဆက်ဆံရေးပိုမိုတင်းမာလာ
ကြာသပတေးနေ့၊ 11 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ပြောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ရဲမြင့် သျှမ်းပြည်မြောက်ပိုင်း/ အရှေ့ပိုင်း စည်းရုံးရေး၌ သဲထဲရေသွန်ဖြစ်နေချိန်တွင် တောင်ပိုင်း ၀ နှင့် စစ်အစိုးရတပ်အကြား ဆက်ဆံရေးပိုမိုတင်းမာ လာကြောင်း နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။


မေ ၃၁ ရက် မိုင်းဆတ်မြို့အရှေ့ဘက် လွယ်ဆမ်ဆုမ် တောင်ကြောတွင် နအဖ စစ်အစိုးရ လမ်းကင်းတဲ စောင့်တပ်ဖွဲ့ နှင့် ၀ တပ်ဖွဲ့အခြေ အတင်စကားများပြီး ပစ်ခတ်လုနီးနီး ပြဿနာဖြစ်ပွားခဲ့သည့်နောက်ပိုင်း ရှေ့တန်းအခြေစိုက် နအဖ တပ် စခန်း နှင့် ၀ တပ် အကြား ဆက်ဆံရေး ပိုမိုတင်းမာလာကြောင်း ၀ တပ်မှူး /နအဖ တပ်မှူးများနှင့် ရင်းနှီးသည့်ဆို့စ်က ဤကဲ့သို့ ပြောပြပါသည်။
[ပန်ဆန်းဌာနချုပ်၌ စစ်ရေးသွားပြသောတောင်ပိုင်း ၀ တပ်ဖွဲ့]

ပန်ဆန်းဌာနချုပ်၌ စစ်ရေးသွားပြသောတောင်ပိုင်း ၀ တပ်ဖွဲ့

“လတ်တလောနိုင်ငံရေးအခြေအနေကြောင့် နှစ်ဘက်တပ်မှူးတွေကလဲ အနာဂတ်စစ်ရေး အခြေအနေခန့်မှန်းလို့မရဘူးတဲ့၊ လေ့လာသူတွေသာ ဒီနှစ်ထဲ စစ်မဖြစ်နိုင်ဘူးပြောနေကြတာ၊ အခု ၀ က နအဖစစ်တပ်နားဖြတ်သန်းမှာဘဲဖြစ်ဖြစ်၊ နအဖ စစ်တပ်က ၀ တပ်စခန်းနားဖြတ်သန်းမှာဘဲဖြစ်ဖြစ် အကြောင်းကြိုကြားထားရတယ်” ဟု ဆို၏။

တောင်ပိုင်း ၀ ဒေသနှင့် နအဖ အခြေစိုက် စစ်စခန်းများ နယ်မြေများသည် တိကျသောနယ်ခြားမျဉ်းမရှိ၊ ကြိုကြားစခန်းများ (တာချီလိတ်မြို့နယ် အနောက်ဘက်မှ ထိုင်းနယ်စပ်တလျှောက် တောင်ဘက်ပိုင်း ဟိုမိန်းမြို့နယ်ခွဲအထိ နအဖတပ်စခန်း၊ သျှမ်းတပ်မတော်တောင်ပိုင်းဌာနချုပ်နှင့် တပ်စခန်း၊ WNO /WNA ၀ အမျိုးသားတပ်မတော်ဌာနချုပ်နှင့်စခန်း၊ UWSA ၀ သွေးစည်းရေးတပ်မတော်အခြေစိုက်တပ်စခန်းများ ကြိုကြား) ချသောကြောင့် မငြိမ်သက်သော စစ်ရေးအခြေအနေကြောင့် လွတ်လပ်စွာသွားလာလှုပ်ရှားရေး ပိုမိုခက်ခဲစေကြောင်း ဆို၏။
[ရှေ့တန်းထွက်ဗမာ့တပ်မတော် ]

ရှေ့တန်းထွက်ဗမာ့တပ်မတော်

“အဓိကရောထွေးနေတဲ့နယ်မြေတွေဖြစ်တဲ့ မိုင်းဆတ်မြို့အရှေ့ဘက် လွယ်ဆမ်ဆုမ် တောင်ကြောကနေ မိုင်းတုမ်း မိုင်းကုတ် (မိုင်းခုတ်)အထိ၊ တောင်ဘက်ပိုင်းဆိုရင် ပြင်းဆာ၊ ပြင်းခမ်း၊ ပါကယ်၊ မက်ခေကျေးရွာတွေကနေထိုင်းနယ်စပ် တလျှောက်လုံး ဘဲ၊ ဗမာစစ်တပ်ဘက်က သတိထားသွားလာသလို ၀ တွေဘက်ကလည်း ဈေးတောင်ဆင်းမ၀ယ်တော့ဘူး” - ဟု ဒေသခံတ ဦးက လည်းဆိုပါသည်။

တင်းမာလာသည့်အနေအထားကြောင့် စစ်အစိုးရဘက်က ဒေသခံများအား မျက်စိစွန့် နားစွန့် သွားလာရန်သတိပေးထား သကဲ့သို့ ၀ တပ်ဘက်ကလည်း အိမ်တိုင်းဗုံးကျင်းများတူးထားရန်၊ စားနပ်ရိက္ခာအပြင် တန်ဖိုးကြီးပစ္စည်းများ၊ ၀န်လေး ပစ္စည်း များ စိတ်ချသည့်နေရာသို့ပြောင်းရွှေ့ထားရန် သတိပေးထားမှုရှိကြောင်း၊ ၀ နှင့်နအဖကြား အခြေအနေ မကောင်း သည့်ကြား တြိဂံတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းက မိုင်းဆတ် မိုင်းတုံသို့ ဂျွန်လဆန်းပိုင်းက ခရီးထွက်စဉ် ၀ တပ်ဖွဲ့ ဆက်ဆံရေးနှင့် မပြေလည်သောကြောင့် ဒေါသထွက်ကာ မိုင်းတုံမြို့နယ် ပုံပါကျင်အခြေချ စစ်ဗျူဟာမှူးအား “ခင်ဗျားတို့ ၀ တွေကို ရှင်းချင်ရင်ရှင်းပစ်လိုက်တော့” ဟု ပြောသောကြောင့် အောက်ခြေတပ်ဖွဲ့အချင်းချင်း ဆက်ဆံရေး ပိုမိုအေးကျဲလာ စေကြောင်း ပုံပါကျင်ဒေသ ခံတဦး၏ ပြောပြချက်အရသိရပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

နယ်ခြားစစ်တပ်ဖွဲ့စစ်သင်းချိုင်းနဲ့ မဟာဗမာဝါဒီတို့၏မဟာဗျူဟာ

မင်းချမ်း ဇွန် ၁၁၊ ၂၀၀၉။
ယခုတလော မြန်မာ့သတင်းလောကမှာ ထိပ်တန်းရောက်နေတဲ့ သတင်းနှစ်ပုဒ်က နေရာယူထားပါတယ်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသားခေါင်းဆောင် အာဇာနည်ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သက်တန်း ပြည့်လုနီးပါး လွတ်မြောက်ခါနီးမှာ စစ်အစိုးရက တမင်အကွက် ဆင်ပြီး ထောင်ချမဲ့အခြေအနေ သတင်းများနဲ့ စစ်အစိုးရက အပစ်ရပ်၊ ငြိမ်းလက်နက်ချတပ်ဖွဲ့တွေကို နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းလဲဖို့ တိုင်းရင်းသားဒေသ အသီးသီးကိုသွားရောက်ပြီး သက်ဆိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထံကို ကျားကုတ်ကျားခဲ လိုက်လံတိုက်တွန်း တောင်းဆိုနေတဲ့ သတင်းတွေပါ။

ဒီသတင်းတွေကလည်း နာတာရှည်ရောဂါသည်လို ဖြစ်ရှိနေတဲ့ နိုင်ငံတော်ရဲ့ ရှေ့ခရီးကြမ္မာတရားအတွက် တကယ့်ကို အရေးကြီးတဲ့သတင်းတွေပါ။ နအဖတို့ထင်ရာစိုင်းတဲ့အတိုင်း ဖြစ်လာနိုင်မနိုင်ဆိုတာကို မဝေးတော့တဲ့ ကာလတို အတောအတွင်းမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီပွဲက နအဖဖက်က လွယ်လွယ်နဲ့တွက်ဆခဲ့ဟန်တူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မဟတ်လုပ်ဇာတ်ခင်း၊ ကလေးကလားဆန် အောက်တန်းကျလှတဲ့ လုပ်ရပ်တွေကို လက်တွေ့မှာတော့ နအဖအနေနဲ့ မထင်မှတ်ထားတဲ့ အဖက်ဖက်က နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ပြင်းထန်တဲ့ ဖိအားပေးတုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။

အခုတလော မြန်မာအရှေ့မြောက်ဖက်က အင်အားကြီးအပစ်ရပ် အဖွဲ့များကလည်း နယ်ခြားတပ်ဖွဲ့ ဖွဲစည်းရန် အချိန် မတန်သေးဘူးလို့ စစ်အစိုးရထံ တိုက်ရိုက်၊ သွယ်ဝိုက်တဲ့နည်းတွေနဲ့ အကြောင်းပြန်လာတော့ စစ်အစိုးရဟာ သူ့ကိုယ်သူဟုတ်လှပြီ ထင်နေခဲ့တာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါ။ နေပြည်တော်ကလည်း ဒုတိယအကြိမ် သွားပြောလို့ ဆိုပြန်ရော။ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က မဖြစ်နိုင်မှန်း၊ လက်မခံနိုင်မှန်းသိရက်နဲ့ ထပ်ပြောဆိုလဲ ရှေ့မျက်နှာ နောက်ထားပြီး ဆေးခါးဂါထာဟောင်းကို သွားရွတ်ပြရပြန်တာပဲ။ ဒါပေမဲ့ ဗူးဆိုတာ ဖယုံသီးမဟုတ်ပါ။ ပေါက်ဖေါ်တရုပ် ကိုလည်း ဝိုင်းပြောပေးဖို့ ဥပဒေအထက် ဗိုလ်ချုပ်ကြီး သူရရွှေမန်း အလျှင်အမြန်သွားရောက်နေပါတယ်။

နယ်ခြားတပ်ဖွဲ့ဆိုတာကကော ဘယ်လိုဖြစ်လာကြမလဲ၊ မိမိအမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ကျွေးကြော်သံနဲ့ လက်နက်ကိုင်တော်လှန်ရေး ခရီးတလျှောက်လုံးမှာ နှစ်အတန်ကြာ ဘဝကိုမြှုပ်နှံ၊ အသက်ချွေး၊ သွေးတွေနဲ့ရင်းပြီး တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်အချို့က နအဖရဲ့ ကျောသပ်၊ မြှောက်စားမှုကို ခံယူတော်မူပြီး ကိုယ်အမျိုးသားအချင်းချင်း ပြန်တိုက်၊ ပြန်သတ်နေကြတဲ့အထိ ဖြစ်လာနေတာကို တွေ့ကြုံနေရပါပြီ။ မူလရည်မှန်းခဲ့တဲ့ ပန်းတိုင်နဲ့ လက်တွေ့ဘဝ ဘယ်လိုဖြစ်နေပြီလဲ၊ တစ်ဝမ်းစား တစ်ခါးလှ ဖြစ်သွားတာကို ပန်းတိုင်လို့ ဆိုလိုချင်ပါသလား။

အထူးသဖြင့် ကရင်တိုင်းရင်းသားညီအစ်ကိုယ်တို့ အခုလက်ရှိ ဖြစ်ပွားနေဆဲ ကရင်အချင်းချင်း သတ်ကြဖြတ်ကြတဲ့ တိုက်ပွဲတွေဟာ လုံးဝမဖြစ်သင့် မဖြစ်ထိုက်တဲ့ တိုက်ပွဲတွေပါ။ ကရင်ပြည်သူတွေသာမက ဒေသခံတိုင်းရင်းသားအားလုံး ဒုက္ခရောက်နေကြရပါပြီ။ လောလောဆယ်ဖြစ်ပေါ်လာရတဲ့ KNU နဲ့ DKBA တိုက်ပွဲတွေဟာ နယ်ခြားတပ်ဖွဲ့အဖြစ် စစ်အစိုးရအလိုကျ DKBA တပ်ဖွဲ့က ခေါင်းဆောင်တွေလက်ခံလိုက်ကြတဲ့ နောက်ပိုင်းမှာ ပြဿနာတွေ တသီကြီး လိုက်ပါလာပါတော့တယ်။

သတ်မှတ်ဦးရေပြည့်မီအောင် အင်အားတွေကို မရမက မဖြစ်မနေ အတင်းလိုက်လံဖြည့်ဆည်းနေရပါတယ်။ တရားဝင် လိုင်စင်ရထားသလို ကရင်ကျေးရွာ အနှံ့အပြားတွေမှာ မဲစနစ်နဲ့ တပ်သားသစ်တွေကို အတင်းကောက်ယူနေပါတယ်။ လူငယ်တွေက နယ်စပ်ကို ထွက်ပြေးကြရပါတယ်။ ဒီခေတ်မှာ လစာက တစ်လ မြန်မာကျပ်ငွေ နှစ်သောင်းခွဲ ၂၅၀၀၀ိ/ ဆိုတော့ ဒီခေတ်မှာ အဘယ်သို့သော ကရင်လူငယ်များကို ဆွဲဆောင်စည်းရုံးနိုင်မှာလဲ၊ ကရင်အချင်းချင်းကို သတ်ခိုင်းနေတဲ့ တပ်ဖွဲ့ထဲ မည်သို့သောလူငယ်တွေက ပါဝင်လာမှာလဲ။

စစ်အစိုးရတပ်တွေမှာ တပ်ပြေးတွေ အလွန်များနေပါတယ်။ တပ်ရင်းတွေ၊ အရာရှိတွေသာများနေပြီး အောက်ခြေ တပ်သားများ စုဆောင်းရာမှာလည်း အခက်တွေ့လာနေတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ တစ်ရွာတစ်ယောက် စစ်သား စုဆောင်းရေးဟာလည်း လက်တွေ့မှာ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် တိုင်းရင်းသားတပ်တွေထဲ ဗမာ့တပ်မတော် အရာရှိတွေ အော်တိုမက်တစ် ထည့်လိုက်ရင်ဆိုပဲ ဒီတပ်သားသစ် စုဆောင်းရေးကိစ္စရော၊ ဘာညာဘာညာ အရာအရာ ရှုပ်ထွေးနေတဲ့ သပွတ်အူကို တစ်ချက်ခုတ်လိုက်ယုံနဲ့ သုံးလေးပိုင်း ပြတ်သွားပါလေရော။

နယ်ခြားစောင့်တပ် Border Guard Force ဆိုတာ တိုင်းရင်းသား ကိုယ်စားပြုအမည် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်သင်းချိုင်းတွေပါပဲ၊ ဒီတပ်ဖွဲ့ကို အသွင်ပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာ DKBA, KPF, KNU/KNLA- PC ဆိုတဲ့ ကရင်မျိုးချစ်တပ်ဖွဲ့တွေဟာ မူလအမည်တွေ အတိတ်မှာချန်ရစ်ထားခဲ့ပြီး BGF ဆိုတဲ့ နယ်ခြားစောင့် မြန်မာစစ်အစိုးရ တပ်ဖွဲ့ ဖြစ်သွားရမှာပါပဲ။ ဒီလိုပါပဲ အခြားတိုင်းရင်းသားတပ်တွေဟာလဲ ဒီလမ်းကိုလျှောက်ရင် ဒီပုံစံ၊ ဒီအချိုးအတိုင်း ဖြစ်လာမှာပါပဲ။

စီးပွားရေးအရ အင်မတန်နိမ့်ကျနေရတဲ့ တိုင်းပြည်မှာ ငွေစက္ကူတွေ အတင်းရိုက်ထုတ်ပြီး လူငယ်တွေကို စစ်တပ်ထဲ အတင်းသွပ်သွင်းနေတာတာ စစ်အစိုးရမှာ မရိုးသားမှုသားတဲ့ အကြံအစည်တစ်ရပ် ရှိနေတယ်ဆိုတာ ဟိုဟိုဒီဒီ လိုက်တွေးနေစရာမလိုပါ။ တိုင်းတစ်ပါးရဲ့အန္တရာယ်၊ အခြားကျူးကျော်စစ်တို့ရဲ့ လက္ခဏာရပ်တွေ ဘာမှလည်း အရိပ်အရောင်မတွေ့မိပါ။ အလားအလာတွေလည်းမရှိတော့ ဘာအကြံအစည်တွေများပါလိမ့်။ အဖြေက ဝေးဝေးကို တွေးကြည့်စရာမလိုပါ။ ကရင်ကို ကရင်အချင်းချင်း၊ မွန်ကို မွန်အချင်းချင်း၊ မျိုးနွယ်တူ တိုင်းရင်းသား အချင်းချင်းကို သတ်ဖြတ်ခိုင်းတာပါ၊ နောက်တစ်ဆင့်မှာ မျိုးနွယ်မတူ တိုင်းရင်းသားတွေ ဆက်ပြီးသတ်ဖြတ်တိုက်ခိုက်ကြဖို့ မဟာ ဗမာဝါဒီ စစ်အစိုးရရဲ့ မဟာဗျူဟာတစ်ရပ်ဆိုတာ သတိချပ်စေလိုကြောင်း။
မင်းချမ်း(ဘဝတက္ကသိုလ်)

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Thursday, June 11, 2009

၂၀၁၀ မတိုင်မှီ ကရင်လက်နက်ကိုင်များအား အဆုံးစီရင်ရန်

ကရင်တော်လှန်ရေးတပ် အား ၂၀၁၀ ရွေးကောက်ပွဲမတိုင်မှီ အပြီးသိမ်းပိုက်နိုင်ရန်

ဆက်ဖတ်မယ်ဆိုရင်....

စနစ်နှစ်ခုရဲ့ ညီမျှခြင်း

ဆက်ဖတ်မယ်ဆိုရင်....

စစ်ဘေးဒုက္ခ သည်များရဲ့ဘဝ

ယခုလဆန်း (၂) ရက်နေ့က စတင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသ တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ထွက်ပြေးတိမ်းရှောင်လာသည့် ကရင် စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ကို ထိုင်းအာဏာပိုင်များက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံမည်မဟုတ်ဘဲ နယ်မြေအေးချမ်းသွားပါက ၎င်းတို့ကို နေရပ်ပြန်ပို့မည်ဟု ပြောသည်။

စစ်ပြေးဒုက္ခသည်များအား လူသားချင်းစာနာသည့်အနေဖြင့် ထိုင်းအာဏာပိုင်များက ယာယီလက်ခံထားကာ ၎င်းတို့ကို ထိုင်းဘက်ခြမ်း ထာ့ဆောင်ရန်းမြို့နယ်အတွင်းရှိ နောင်ဘိုး၊ အူးသူးထ၊ မဲ့စလေ စသည့်နေရာ (၃) ခုတွင် ယာယီခိုလှုံခွင့်စခန်းများဖွင့်လှစ်ကာ စားဝတ်နေရေး၊ ကျန်းမာရေး ကိစ္စများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မယ်လဒုက္ခသည်စခန်း ဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “ထိုင်းဘက်က ဒီလူတွေကို ဒုက္ခသည်စခန်းမှာ လက်ခံဖို့ လုံးဝ အစီအစဉ်မရှိဘူးလို့ သိရတယ်။ အဓိကကတော့ ထိုင်းအာဏာပိုင်တွေအပေါ်မှာပဲ မူတည်တယ်။ ဒီလူတွေလက်ခံဖို့ ကိစ္စနဲ့ပတ်သက်ပြီး အထက်ကလည်း ကျနော်တို့ကို ဘာမှ ပြောထားတာမရှိဘူး” ဟု ပြောသည်။

ယခုလ (၆) ရက်၌ စစ်ပြေးဒုက္ခသည်များ ခိုလှုံရာ ထာ့ဆောင်ရန်းမြို့နယ် နောင်ဘိုး ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသည့် ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ထနွန်စာ အဖိလာ့ယိုထင်က စစ်ပြေးဒုက္ခသည်များ အား ဒုက္ခသည်စခန်းသို့ ပို့ဆောင်မည်မဟုတ်ဘဲ တိုက်ပွဲများပြီးဆုံးသွားပါက ၎င်းတို့ကို နေရပ်ပြန်ပို့မည်ဟု သတင်းထောက်များအား ပြောကြားသည်။

စစ်ပြေးဒုက္ခသည်တဦးဖြစ်သူ နော်ပလဲ့က “နေရေးထိုင်ရေး အားလုံးအဆင်ပြေပါတယ်။ ကျမ ကလေး (၄) ယောက် လည်း နေ့တိုင်းမုန့်စားရတယ်။ အ၀တ်အထည်တွေ၊ စောင်ခြင်ထောင် အားလုံးပေးပါတယ်။ ကိုယ့်ရွာမဟုတ်လို့လား မသိဘူး။ ရွာကိုပဲပြန်ချင်တယ်။ ကလေးတွေလည်း ဒီမှမပျော်ဘူး” ဟု ပြောသည်။

ထိုင်းဘက်သို့ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်သည် လှိုင်းဘွဲ့မြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၀) ကျော်မှ ရွာသားများဖြစ်ကြပြီး ၎င်းတို့ကို UNHCR-TBBC-KRC နှင့် အခြားအစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် လူမှုရေး၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ထိုင်းကျန်းမာရေးဌာနများက လိုအပ်သည့် အစားအစာ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ ပေးပို့ကူညီလျက်ရှိသည်။

တပ်မဟာ (၇) ဘားအံခရိုင်ဒေသအတွင်း နောက်ဆုံးရရှိသည့် သတင်းအရ နအဖ-ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တဖက်နှင့်တဖက် ထိပ်တိုက်အပြန်အလှန်ပစ်ခတ်ခြင်း မရှိသေး သော်လည်း ယနေ့မွန်းလွဲပိုင်းတွင် တပ်မဟာ (၇) လက်အောက်ခံ တပ်ရင်း (၂၁) တည်ရှိရာ မဲစလေဒေသ အတွင်းသို့ (၈၁) မမ၊ (၆၀) မမ၊ မော်တာများဖြင့် အဝေးမှလှမ်းပစ်မှုများ ရှိသည်ဟု တပ်မဟာ (၇) မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီးစဂျွန်က ခေတ်ပြိုင်သို့ ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ပေါ်တာဆွဲ

ဝီရ / ၁၀ ဇွန် ၂၀၀၉
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အား စစ်ဆင်ရေး ပြုလုပ်ရာတွင် နအဖ စစ်ကြောင်းနှင့် ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်တို့က တိုက်ပွဲဖြစ်ရာ အနီးတဝိုက်ရှိ ရွာသားများအား ရှေ့တန်းသို့ လိမ်လည်ခေါ်ဆောင်ကာ ရိက္ခာပစ္စည်းများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ရန် ပေါ်တာသမားအဖြစ် အသုံးပြုနေကြောင်း နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာသူ ရွာသားများက ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၉၉၉) မှ ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးသော အင်အား (၃၀၀) ကျော်ရှိ တပ်ဖွဲ့ချီတက်ရာ ရှေ့တန်းစစ်ကြောင်းတွင် ရွာ (၃) ရွာမှ ရွာသား (၅၀) ခန့်ကို ဘုရားပြုပြင်ရန်ဟု လိမ်လည်ခေါ်ဆောင်ကာ ဗုံးကျည်ဆန် အကြီးစားများနှင့် ရိက္ခာဆန်များကို သယ်ခိုင်းခဲ့ကြောင်း ကရင်သတင်းစဉ်မှ တာဝန်ခံအယ်ဒီတာ နန်းဖော့ဂေက ခေတ်ပြိုင်သို့ ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူ ရွာသားတဦးနှင့် တွေ့ဆုံခဲ့သူ နန်းဖော့ဂေက “ပေါ်တာဆွဲခံရတဲ့ ရွာတွေက ကျုံဒိုးမြို့နယ်က ပနွယ်ကလားရွာသား (၁၈) ယောက်၊ လာ့နိုက် (ကွမ်ဘီ) ရွာသား (၂၀) ယောက်နဲ့ ကုက္ကိုရွာသား (၁၀) ယောက် ပါတယ်။ (၂) ပိဿာလောက်ရှိတဲ့ ဗုံးသီးတွေကို သယ်ခိုင်းတာ၊ တချို့ဆို မသယ်နိုင်ကြဘူး။ စစ်ကြောင်းရဲ့ အလယ်က လိုက်ခိုင်းတာ။ ညဆိုရင်လည်း မိုးရေထဲမှာ ဒီအတိုင်းထိုင်ပြီး အိပ်ခိုင်းတာ။ အဲဒီအထဲက အခု (၁) ယောက် လွတ်မြောက်လာတာ။ (၅) ရက် လိုက်ခဲ့ပြီး အပေါ့အပါးသွားမယ်ပြောပြီး ဇွန်လ (၇) ရက်က ထွက်ပြေးလွတ်မြောက်လာတာ” ဟု ပြောသည်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့သီးသန့်တွင် ပေါ်တာဆွဲခံရသည့်ရွာသား (၄၈) ယောက်ရှိပြီး ကေအန်ယူကို စစ်ဆင်ရေး ပြုလုပ်နေသည့် အခြားတပ်ဖွဲ့များတွင်လည်း ရှိသေးကြောင်း၊ နအဖတပ်များကလည်း ချီတက်လာရာ လမ်းတလျှောက်ရှိ ရွာသားများကို လမ်းပြရန်နှင့် ရိက္ခာခဲယမ်း သယ်ရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ရွာသားများက ထွက်ပြေးသော်လည်း တိုက်ပွဲများခံနေသဖြင့် လမ်းတွင်ပိတ်မိနေသူများလည်း ရှိကြောင်း၊ မိုးတွင်းဖြစ်နေသောကြောင့် နယ်စပ်အထိမလာနိုင်ကြသူများလည်း ရှိကြောင်း ဒုက္ခသည်များရှိရာသို့ ကွင်းဆင်းသွားရောက်ခဲ့သူ နန်းဖော့ဂေက ပြောသည်။

ယခုအခါ ယာယီစခန်း (၄) ခုတွင် နယ်စပ်ဒေသသို့ ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း (၄,၀၀၀) နီးပါးရှိကြောင်း ကရင်ဒုက္ခသည်ကယ်ဆယ်ရေးဌာနက ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဓါတ်ပုံများ ဆက်တိုက်ဖြန့်ဝေ

Wednesday, 10 June 2009 16:42 ဖြိုးကြီး
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများကို လူစည်းကားရာ နေရာများနှင့် ရပ်ကွက်များအတွင်း လိုက်လံဖြန့်ဝေခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

ဒဂုံမြို့သစ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်များဘက်မှ မတရား အမှုဆင်ဖမ်းဆီးထားခြင်းကို လူအများသိစေရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သည့်နှစ်ရက်ခန့်မှ စတင်ကာ လိုက်လံဖြန့်ဝေနေခြင်းဖြစ်သည်။

“အဓိကရည်ရွယ်ချက်က မတရား အကျယ်ချုပ်ချထားတဲ့အပြင် လွတ်ခါနီးမှာ ထပ်ပြီး မတရားအမှုဆင်တာကို ပြည်သူလူထုတွေ နားလည်သိရှိအောင်လို့ အခုလို လုပ်ရတာဖြစ်တယ်” ဟု ဒဂုံမြို့သစ်မြို့နယ်မှ အဖွဲ့ချုပ်ဝင်တဦးက ပြောသည်။

အဆိုပါ ဓါတ်ပုံများဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီခန့်မှာ စတင်ကာ (၂၀) ရပ်ကွက်ဈေး၊ (၁၈/၁၉) ရပ်ကွက်များတွင် ပုံပေါင်း ၇၀၀ ခန့်ဖြန်ဝေလိုက်ပြီး လက်ခံရရှိသည့် ပြည်သူများအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“အားလုံးက လှိုက်လှိုက်လှဲလှဲ ယူကြတယ်၊ အမျိုးသမီးတဦးဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပုံကိုရတော့ နမ်းပြီး ငိုတောင်ငိုတယ်၊ ကျနော်တို့ (၅၃၊ ၅၄၊ ၅၅) ရပ်ကွက်တွေဘက်မှာ ဝေပြီးပြီ၊ မြောက်ဒဂုံမှာလဲ ဝေပြီးပြီ” ဟု ပြောသည်။

အဆိုပါ ဓါတ်ပုံများကို လက်ခံရရှိသူ အိမ်ရှင်မတဦးကလည်း ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံကို ရရှိသည့်အတွက်ကြောင့် ဝမ်းသာမိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အမြဲတမ်း ဆုတောင်းပေးနေသည်ဟု ပြောသည်။

“ဈေးသွားရင်း ဓါတ်ပုံတွေဝေနေတယ်ဆိုတော့ ပြေးပြီးသွားယူတာ၊ တပုံရခဲ့တယ်၊ ကျမတို့က ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ မမြင်ဖူးတော့ ဓါတ်ပုံလေးရတော့ တော်တော်ကို ဝမ်းသာတယ်၊ အရင်တုန်းကလဲ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းထားတယ်ဆိုတာတွေကို သတင်းတွေမှာကြားတယ်၊ အဲဒီကတည်းက လွတ်ဖို့ ဆုတောင်းပါတယ်၊ အခုလဲ ဆုတောင်းနေဦးမှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုတရပ်လုံး၏ အစစ်အမှန် လူထုခေါင်းဆောင်ဖြစ်ပြီး သူမလွတ်မြောက်ရေးအတွက် ပြည်သူတွေအားလုံးမှာလဲ တာဝန်ရှိတဲ့အတွက် အားလုံး ဝိုင်းဝန်းကြိုးစားသင့်ကြောင်း အဆိုပါအိမ်ရှင်မက ဆက်လက်ပြောသည်။

ထို့အပြင် ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင်လည်း အဖွဲ့ချုပ်အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းရေးသင်္ကေတ ဂျိုးငှက်ပုံပါ အင်္ကျီများဝတ်ဆင်ကာ လူစည်ကားသည့် နေရာများသို့ လှည့်လည်ခြင်းများ ပြုလုပ်ခဲ့သည်။
ရိုးမ စာမျက်နှာ
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဗိုလ်ချုပ်ရဲမြင့် စည်းရုံးရေး မှန်းချက်နှင့် နှမ်းထွက်မကိုက် - ပန်ဆန်းနည်းတူ မိုင်းလား အဖွဲ့လည်းခေါင်းခါ

ဗုဒ္ဓဟူးနေ့၊ 10 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
ယခုလ ၉ ရက်နေ့ စရဖ အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နှင့်အဖွဲ့အား အပစ်ရပ် NDAA ဥက္ကဌ ဦးစိုင်းလင်းနှင့်အဖွဲ့က မိုင်းလား၌ လက်ခံတွေ့ဆုံပြီး စစ်အစိုးရ၏နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို (ကိုးကန့်/ ပန်ဆန်း တို့ကဲ့သို့ပင်) လက်မခံနိုင်ကြောင်း ပြောကြားလိုက်သည်ဟု တရုပ်နယ်စပ်သတင်းရပ်ကွက်က ဆိုသည်။


ဗိုလ်ရဲမြင့်အဖွဲ့ခရီးစဉ်အား မိုင်းလားဥက္ကဌစ၀်စိုင်းလင်း၊ ဒုဥက္ကဌ စ၀်ဆန်လူ၊ စ၀်ဆန်းပေ၊ တပ်မဟာမှူး၊ ဌာနမှူးများက ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ကျော်ဖြိုး၊ တြိဂံတိုင်းဂျီဝမ်း၊ မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်း၊ ကျိုင်းတုံစရဖမှူးတို့ အဖွဲ့အား အထူးဒေသ ၄ မြို့တော် မိုင်းလား ၌ ၃ နာရီကြာ လက်ခံတွေ့ဆွေးနွေးကြောင်းသိရသည်။
[မိုင်းလား ဥက္ကဌ စ၀်စိုင်းလင်း]

မိုင်းလား ဥက္ကဌ စ၀်စိုင်းလင်း

“မနေ့တုန်းကမနက် ၀၉း၀၀ နာရီကနေ ၁၂း၀၀ နာရီအထိ ဗိုလ်ချုပ်ကြီးရဲမြင့် နဲ့အဖွဲ့ကို မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်း ကိုယ်တိုင်လက်ခံတွေ့ဆုံတယ်၊ ပြီးတော့နေ့လည်စာအတူတူစားတယ်။ တပ်အသွင်ပြောင်းရေးကိစ္စ အဓိကပြောဆိုကြတယ်။ မိုင်းလားဥက္ကဌကြီးက တပ်သားထုနဲ့ ပြည်သူ့ ဆန္ဒအရ တပ်အသွင်ပြောင်းရေး ကိစ္စ အဆင့်သင့် မဖြစ်သေးဘူးလို့ ဗိုလ်ချုပ်ရဲမြင့် ကို တိုက်ရိုက်ပြောတယ်” ဟု အပစ်ရပ်ခေါင်းဆောင်ပိုင်းနှင့်ရင်းနှီးသည့် ဆို့စ်က ဆိုသည်။

ဗိုလ်ချုပ်ကြီးရဲမြင့်က - “ကိုးကန့်အဖွဲ့နဲ့သွားတွေ့တုန်းက ကျနော်တို့ရည်ရွယ်ချက်ကို သူတို့သဘောမပေါက်ကြဘူး။ ပန်ဆန်းရောက်တော့လဲ ပိုဆိုးတယ်။ အောက်ခြေအထိ ဆန္ဒသဘောထား ဟုတ်လား/မဟုတ်လားမသိဘူး။ သူတို့ ခေါင်းဆောင်ပိုင်းကဘဲ ဘူးခံငြင်းတယ်။ မိုင်းလားအဖွဲ့တော့ ကျနော်တို့ရဲ့စေတနာကို ပိုမိုနားလည်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ် ”- ဟုပြောရာ မိုင်းလားအတွက်အချက်ကောင်းပိုရသွားပြီး မိုင်းလားဥက္ကဌ ဦးစိုင်းလင်းက -

“ကျနော်တို့ အောက်ခြေတပ်မှူးအဆင့်ဆင့်နဲ့ ပြည်သူတွေရဲ့ သဘောထားကို ဂျွန်လ ၂ ရက်နေ့ကနေ ၆ နေ့အထိ စစ်တမ်း ကောက်ခဲ့တယ်၊ ၉၅ % က လက်မခံကြဘူး။ အားလုံးရဲ့သဘောထားက နဂို ပိုနေမြဲကျားနေမြဲအတိုင်းပဲ ဆက်လက် နေထိုင် သွားလိုတယ်” ဟု ပြောကြောင်း အဆိုပါဆို့စ်ကဆိုပါသည်။

ဗိုလ်ချုပ်ကြီးရဲမြင့်က မိုင်းလားခေါင်းဆောင်များအား - “ခင်ဗျားတို့ကို အဦးဆုံးစံပြဖြစ်စေချင်တယ်၊ နယ်ခြား စောင့်တပ်ဖြစ်ဖို့ သဘောတူလက်ခံရင် ရွေးကောက် ပွဲပြီးသွားလို့အစိုးရသစ် ပေါ်ထွက်လာတဲ့အချိန် ခင်ဗျားတို့ အဖွဲ့တရားဝင်ဖြစ်လာ အောင် ထောက်ခံအားပေးမယ်”- ဟု ထည့်သွင်းပြောဆိုစည်းရုံးခဲ့သည်ဟုဆို၏။

ဗိုလ်ချုပ်ရဲမြင့်က ပျော့ပြောင်းစွာဖြောင်းဖျသော်လည်း ခြိမ်းခြောက်မှုအချို့ပါနေကြောင်း၊ “ခင်ဗျားတို့ နှစ်ပေါင်း ၂၀ အတွင်း ဖွံ့ဖြိုးတိုးတက်ရေးမှာ တော်တော်စွမ်းဆောင်နိုင်ခဲ့တယ်။ ချီးကျူး စရာဘဲ။ အသွင်ပြောင်းဖို့ ဘူးခံ ငြင်းဆန် နေရင် ဒါတွေကိုမနှမြောဘူးလား” ဟူသည့် အသုံးအနှုန်းများလည်း ပါဝင်ကြောင်း ထိုဆို့စ်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ဗိုလ်ချုပ်ကြီးရဲမြင့်သည် ယခုလ ၃ ရက်နေ့ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း ) လားရှိုးတွင် တွေ့ဆုံစဉ် အပစ်ရပ် SSA-N ခေါင်းဆောင်များက- “အခုလောလောဆယ် လူငယ်တပ်မှူးခပ်များများနဲ့ အောက်ခြေအဆင့်တွေက အသွင် ပြောင်းဖို့ သဘောမပေါက်သေးတော့ ကျနော်တို့ ဆက်လက်စည်းရုံးနေရတုန်းဖြစ်တယ်။ အဆင်သင့်မဖြစ် သေး တာကြောင့် ရွေးကောက်ပွဲပြီးလို့ အစိုးရ သစ်ပေါ်ပေါက်လာမှသာ အဲကိစ္စ ပြန်ဆွေးနွေးစေချင်ပါတယ်” - ဟုပြော သည် ဟုဆို၏။

တရုပ်နယ်စပ်အခြေပြုအပစ်ရပ်အဖွဲ့များ ဘူးခံငြင်းဆိုနေခြင်းမှာ ၎င်းတို့၏ နောက်ကွယ်တွင် တရုတ်ရှိသည် ဟု ယူဆသောကြောင့် ယခုရက်ပိုင်းအတွင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုပ်ပြည်သို့သွားပြီး တရုပ်နယ်စပ်အပစ်ရပ် အဖွဲ့များ ဖိအားပေးရန် ချဉ်းကပ်အကူအညီတောင်းလိုဘွယ်ရှိသည်ဟုဆိုသည်။ လွန်ခဲ့သည့်မေလဆန်းပိုင်းက တရုပ် အာဏာပိုင်အချို့က နအဖ အာဏာပိုင်းများအား “ခင်ဗျားတို့ဆီမှာ ၀ တွေ၊ တခြားတိုင်းသားတွေ တပုံရှိရင်ကျုပ်တို့ ဆီမှာ ၃-၄ ပုံရှိတယ်။ ကျုပ်တို့ အစိုးရက တရားဝင်ထောက်ခံအားပေးတာမရှိဘူး။ သူတို့ လူမျိုးအချင်းချင်း ကူညီကြ တာ ပဲရှိမှာပေါ့၊ ကျုပ်တို့ကတော့ ဘာအကူအညီမှမပေးဘူး” ဟုလှီးလွှဲပြောဆိုလိုက်ကြောင်းတရုပ်နယ်စပ်နိုင်ငံရေး စစ် ရေးလေ့လာသူ တဦးကဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဂျွန်လမကုန်မီ အပစ်ရပ်များထံမှ တရားဝင်အဖြေရဖို့ ဗိုလ်ချုပ်ကြီးရဲမြင့် အပြင်းအထန်ကြိုးစား

တနင်္လာနေ့၊ 08 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
တရုပ်နယ်စပ်အပစ်ရပ်အဖွဲ့များနယ်ခြားစောင့်တပ်အသွင်ပြောင်းရန်လက်မခံနိုင်ကြောင်း မေလနှောင်းပိုင်းက အကြောင်း ပြန်ပြီးနောက်ပိုင်း အပစ်ရပ်ခေါင်းဆောင်များသဘောထားအား ထပ်မံကျောသပ်ဖြောင်းဖြရန် ဗိုလ်ချုပ်ကြီးရဲမြင့် နယ်လှည့် စည်းရုံး နေသည်ဟုဆိုသည်။

ယခုလ ၄ ရက်နေ့က ဗိုလ်ချုပ်ရဲမြင့်နှင့်အဖွဲ့ ကိုးကန့်မြို့တော် လောဝ်ကိုင်းသို့သွားပြီး ၅ ရက်နေ့ MNDAA ခေါင်းဆောင် ဦးဖှုန်ကြားရှင်း နှင့်တွေ့ဆုံခဲ့ကြောင်း၊ ၆ ရက်မှ ၇ ရက်နေ့အထိ UWSA ၀ ဒေသ ပန်ဆန်း၌ ညအိပ် ပြီး ၉ ရက်နေ့ NDAA – ESS မိုင်းလားသို့ရောက်ပြီး အထူးဒေသ ၄ ခေါင်းဆောင် ဦးစိုင်းလင်း နှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်းတရုပ် နယ်စပ် သတင်းရပ်ကွက် က ဆိုပါသည်။

“ပန်ဆန်းက ဘယ် ၀ ခေါင်းဆောင်ပိုင်းတွေ ဗိုလ်ချုပ်ရဲမြင့်ကို လက်ခံတွေ့ ဆုံတယ်၊ ဘာတွေပြောဆို ဆွေးနွေးတယ် ဆိုတာ မသိရပေမဲ့ ကိုးကန့်ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်ရဲမြင့်တွေ့တဲ့အချိန်မှာတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ပြောဆိုရာမှာ ဦးဖှုန်ကြားရှင်းက - ကျနော်တို့ အရင်အတိုင်းဘဲ ဆက်နေသွားရင်မကောင်းဘူးလား၊ ငြိမ်နေတဲ့ပျားအုံကို ဒုတ်နဲ့သွား ထိုးမိရင် ပျားထပြီး အခန့်မသင့်ရင် တုတ်တတ်တယ် - လို့ပြန်ပြောတော့ ဗိုလ်ချုပ်ရဲမြင့်ဒေါသ အရမ်းထွက် သွားတယ်ပြောတယ်” - ဟု အပစ်ရပ် ခေါင်းဆောင်များနှင့် ၀င်ဆန့်သည့် လားရှိုး ကုန်သည်တဦးက ဆိုသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်အတွက် မိုင်းလားအဖွဲ့က ဒေသခံလူထု နှင့် NDAA တပ်ဖွဲ့ဝင်အားလုံးထံမှ သဘော ထားကို ဂျွန်လ ၂ - ၆ ရက်နေ့အထိ ကောက်ယူရာ ၉၅ % က လက်မခံနိုင်ကြောင်းအဖြေထွက်သဖြင့် ဗိုလ်ချုပ်ရဲမြင့် နှင့် မိုင်းလား အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း တို့ တွေ့ဆုံလျှင်လည်း ၀ ၊ ကိုးကန့်တို့ နည်းတူ အဖြေပေးရန်အလားအလာများ ကြောင်း မိုင်းလားခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့် တာချီလိတ်သားတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

“နအဖ ဖိအားပေးပြီးနောက်ပိုင်း ဗိုလ်ချုပ်ရဲမြင့်နဲ့ မိုင်းလားအဖွဲ့ဥက္ကဌ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်တယ်၊ အရင်တုန်းက တော့ ဒုဥက္ကဌတွေနဲ့ဘဲတွေ့တယ်၊ လူထုသဘော ထားအရ မိုင်းလားအဖွဲ့လည်း ၀ တို့ကိုးကန့်တို့နည်းတူ ဆက်လက် ဘူးခံဖွယ်ရှိတယ်” - ဟု ဆို၏။

အပစ်ရပ်အဖွဲ့များအား တပ်အသွင်ပြောင်းရေးအတွက် ဂျွန်လနောက်ဆုံးထား၍ လက်ခံမခံတရားဝင်အဖြေပေးရမည်၊ လူသူ လက်နက်အင်အားစာရင်း ပေးပို့ရမည်ဟု စစ်အစိုးရက သတိပေးထားသောကြောင့်၊ နအဖ ၏ အလိုကို မလိုက်လျောနိုင် သည့် UWSA ကဲ့သို့ အဖွဲ့အစည်းများက စစ်အစိုးရနှင့်အပြိုင်စစ်ရေးပြင်ဆင် လက်နက်အင်အားဖြည့်နေကြောင်း၊ ဆက်ဆံ ရေးပိုမိုတင်းမာလျက်ရှိကြောင်း သိရပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Wednesday, June 10, 2009

သူရဲကောင်းတဦး

တကိုယ်တော် ဆန္ဒပြသူ ဦးဇော်ညွန့် အင်းစိန်ထောင်တွင် ရှိနေ
ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ 09 2009 17:37 - မြန်မာစံတော်ချိန်
မဇ္ဈိမ (ချင်းမိုင်) ။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အား ပြန်လွှတ်ပေးရန် အင်းစိန်ထောင်ရှေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့သူ လေတပ် အငြိမ်းစားဗိုလ်ကြီး ဇော်ညွန့်သည် ယင်းထောင်၌ပင် ဖမ်းဆီးခံထားရကြောင်း သိရသဖြင့် မိသားစုဝင်တဦးက ယနေ့ သွားရောက်ကာ တွေ့ဆုံခွင့်ရရေး လျှောက်လွှာတင်ခဲ့ကြောင်း သိရသည်။

၅၆ နှစ်အရွယ် ဦးဇော်ညွန့်အား အင်းစိန်ထောင်တွင် ဖမ်းဆီးထားကြောင်း နိုင်ငံရေး အကျဉ်းသားများထံ ထောင်ဝင်စာ တွေ့ခဲ့သည့် မိသားစုများမှတဆင့် ကြားသိရသဖြင့် တူဖြစ်သူက ယနေ့တွင် ထောင်ဝင်စာ တွေ့ခွင့်ရရန် လျှောက်လွှာဖြည့်သွင်းခဲ့ခြင်း ဖြစ်သည်။

“တူတယောက်က ပါဆယ်ပို့ဖို့ လျှောက်လွှာတင်ထားတယ်။ ညွှန်ချုပ်ရုံးကို ပို့ထားတယ်။ တွေ့ဖို့ စာပြန်မကျသေးဘူး။ မနက်ဖြန် ပြန်လာဖို့ ပြောတယ်။ မနက်ဖြန်ဆိုတောင် တွေ့ခွင့် ရ၊ မရ မသေချာသေးဘူး” ဟု ဦးဇော်ညွန့်၏ မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၈ ရက်နေ့က အင်းစိန်ထောင်ရှေ့ ဆန္ဒပြစဉ် အာဏာပိုင်များက ရိုက်နှက်ဖမ်းဆီးသွားရာ ဦးဇော်ညွန့်သည် သွား ၂ ချောင်းကျိုးကာ လက်ရှိတွင် ကျန်းမာရေး မကောင်းသော်လည်း ဆေးကုသခွင့် မရသေးကြောင်း ထောင်ဝင်စာ တွေ့ဆုံခဲ့သည့် နိုင်ငံရေး အကျဉ်းသား မိသားစုများမှတဆင့် သိရသည်။

Free Daw Aung San Su Kyi စာသား အပါအဝင် တောင်းဆိုချက် ၄ ချက်ကို ၂ ပေပတ်လည်ရှိ ပိတ်စအဖြူပေါ်တွင် ရေးသားကိုင်ဆောင်ကာ သူက ဆန္ဒပြခဲ့သည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်ခဲ့သည့် ၈ ရက်မြောက်နေ့တွင် ဖဲကြိုးများ ဖြန့်ဝေခဲ့သူ အန်အယ်ဒီ ပါတီလူငယ် ကိုထွေးသိန်းအား မိသားစုက ယမန်နေ့၌ ထောင်ဝင်စာ တွေ့ခဲ့သည်။

မနက်ဖြန်တွင် အင်းစိန်မြို့နယ် တရားရုံး၌ စစ်ဆေးရန် ရုံးချိန်းပေးလိုက်ကြောင်း မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ယခုနှစ် မတ်လ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် အန်အယ်ဒီ အဖွဲ့ဝင် ဦးစိန်လှိုင် (စမ်းချောင်းမြို့နယ်) အား ယနေ့တွင် ပထမဆုံး အကြိမ်အဖြစ် ထောင်ဝင်စာ တွေ့ခွင့်ရခဲ့သည်ဟု မိသားစုဝင်တဦးက ပြောသည်။

သူက “ဟုတ်တယ်။ ပထမဆုံး တွေ့လို့ရတာပါ၊ မနေ့က သွားတော့ မတွေ့ရဘူး။ သူက ကျန်းမာနေတယ်။ ၁၅ မိနစ်တော့ စကားပြောဖြစ်ခဲ့တယ်။ ဆေးတော့ မှာလိုက်တယ်။ အရင် အဆုတ်ပွတဲ့ ရောဂါရှိတယ်” ဟု ပြောသည်။

မတ်လအတွင်းကပင် အဖမ်းခံခဲ့ရသူ အန်အယ်ဒီ အဖွဲ့ဝင် ဦးရွှေဂျိုး (လှိုင်မြို့နယ်) နှင့် အန်အယ်ဒီ ဗဟို လူမှုအထောက်အကူပြု အဖွဲ့ဝင် မချို ခေါ် ဒေါ်မြင့်မြင့်စန်း (အလုံမြို့နယ်) သည်လည်း အင်းစိန်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံနေရကြောင်းနှင့် သူတို့အမှုအတွက် ရှေ့နေ ဦးကျော်ဟိုးနှင့် ဦးမောင်မောင်လတ်က ဆောင်ရွက်ပေးမည်ဟု သိရသည်။
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဟိုနေရာကလည်း အစွမ်းကုန် တွန်းနေတယ်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အလျှင်အမြန် ဦးစားပေး ဆောင်ရွက်ရန် လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့တဖွဲ့က ယမန်နေ့က ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုလိုက်သည်။

[ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း]


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း
ထောင်ဒဏ်နှစ်ရှည်ကျခံနေရပြီး ဝေးလံသောဒေသများရှိ အကျဉ်းထောင်များသို့ပြောင်းရွှေခံရသည့် နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာ မရရှိခြင်းအပေါ် မြန်မာ့အရေးလှုပ်ရှား သည့် အဖွဲ့တဖွဲ့ဖြစ်သော (Burma Campaign UK- BCUK) က ထိုကဲ့သို့တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ယင်း အဖွဲ့မှ နိုင်ငံရေးအကျဉ်းသားများ အရေးဆောင်ရွက်နေသူ မဝေနှင်းပွင့်သုန် က“ကုလသမဂ္ဂက ဒီကိစ္စကို အရေး ကြီးတဲ့ပြဿနာတခုအနေနဲ့ မဆောင်ရွက်ဘူး ဆိုရင်ကျမတို့ရဲ့ ခေါင်း ဆောင် တွေဟာ ထောင်ထဲမှာ အသက်ဆုံးရှုံး ရလိမ့်မယ်၊ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ကျန်းမာ အောင်နေနိုင်ဖို့ လုံလောက်တဲ့ အစားအစာနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု မရအောင် တမင်ရည်ရွယ်ပြီး လုပ်ဆောင်ထားတာပါ”ဟုပြော သည်။

ယခုနိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရသော ပြဿနာမှာ အလျှင်အမြန် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာ ဖြစ်ပြီး ကုလသမဂ္ဂ၏ အနှစ်၂၀ လုံးအောင်မြင်မှုမရခဲ့သော သံတမန်နည်းလမ်းများကို အသုံးပြု ဆောင်ရွက်နေ ရမည့် အချိန်အခါ မဟုတ်ကြောင်းလည်း၎င်းက ဆက်လက်ပြောဆိုသည်။

အသက် ၂၀ ရှိပြီ ဖြစ်သော မဝေနှင်းပွင့်သုန်သည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ သမီးကြီး ဖြစ်ပြီးအင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် စီးပွားရေးပညာ သင်ယူလျက် ရှိသည်။

၎င်းသည်“လန်ဒန် အခြေစိုက် မြန်မာ့ အရေး လှုပ်ရှားမှုအဖွဲ့” (Burma Campaign UK) ၌ လှုပ်ရှားမှု တာဝန်ခံ တဦးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်တို့သည် ထောင်ဒဏ် ၆၅ နှစ်စီကျခံနေရပြီး စစ်အစိုးရ၏ ဆိုးဝါး လှသော အကျဉ်းထောင်များတွင် ကျန်းမာရေးနှင့်ပတ် သက်၍ လိုအပ်သော ဆေးဝါးကုသမှု ခံယူခွင့် မရရှိဟု BCUK ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်ရှိ ကျိုင်းတုံအကျဉ်းထောင်တွင် ကျခံနေရသောကိုမင်းကိုနိုင်သည် သွေးတိုးနှင့် လည်ကုတ် နာကျင် သော ဝေဒနာ၊ လွိုင်ကော်အကျဉ်းထောင်တွင်ရောက်ရှိနေသော ကိုမြအေးသည် နှလုံးရောဂါဝေဒနာ၊ မိုင်းဆတ် အကျဉ်းထောင်တွင် ကျခံနေရသော ကိုကိုကြီးသည် အသည်းရောင်အသားဝါဘီ၊ ၀မ်းဗိုက်နှင့် ပတ်သက်သောဝေ ဒနာ၊ ဘူးသီးတောင် အကျဉ်းထောင်တွင်ကျခံနေရသော ကိုဌေးကြွယ်မှာအစာအိမ်နှင့် သွေးတိုးရောဂါများကို ခံစား နေရကြောင်းယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးကုသမှုခံယူရန်လိုအပ်သော်လည်း ၎င်းတို့ကျခံနေရသည့် ထောင်များတွင် ကျန်းမာရေးအတွက်ဆေးကုသ ပေးမည့် ဆရာဝန်မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အကျဉ်းထောင်များတွင် အစားအစာပါဆယ်ထုပ်များအပါအ၀င် မိသားစုနှင့် မိတ်ဆွေငယ်သူချင်းများထံမှ ပေးပို့ သည့် စာများကိုလက်ခံရယူနိုင်ခြင်း မရှိသကဲ့သို့ ထောင်ဝင်စာလာတွေ့သည့် မိသားစုဝင်များနှင့်လည်း မိနစ် ၂၀ ခန့် သာ စကားပြောခွင့်ရ ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏စာရင်းအရ မြန်မာ နိုင်ငံ အကျဉ်းထောင်များအတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်ရှိကြောင်း သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

လောလောဆယ် ဒုက္ခသည် အခြေအနေ

ထိုင်းဘက်ကမ်းသို့ ထွက်ပြေးလာသူများ အခက်အခဲ ဆက်လက်ကြုံတွေ့နေရ Tuesday, 09 June 2009 18:30 ဖြိုးကြီး ရိုးမ သတင်းစာမျက်နှာမှ
လယ်ပေါ်ဟဲဒုက္ခသည်စခန်းမှ ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသူများမှာ အကူညီအထောက်ပံ့များ ရရှိသော်လည်း အခက်အခဲများ ဆက်လက်ကြုံတွေ့နေလျှက်ရှိသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များ ထိုးစစ်ကြောင့် ထွက်ပြေးလာသူများမှာ ထိုင်းနိုင်ငံ၊ နောင်ပိုးကျေးရွာ ဘုန်းကြီးကျောင်းတွင် နေထိုင်ရသည့် အခြေအနေများကို လယ်ပေါ်ဟဲစခန်းဥက္ကဌ စောတာဆူးညာက ပြောသည်။

“ထိုင်းအာဏာပိုင်တွေဘက်က ကျနော်တို့ကို ကူညီစောင့်ရှောက်တာတွေ ရှိပါတယ်၊ တချို့ အန်ဂျီအိုအဖွဲ့တွေက စားစရာသောက်စရာ၊ စောင်၊ ခြင်ထောင်တွေ ကူညီတာရှိပါတယ်၊ ဒါပေမဲ့ မိုးတွေကလဲ ရွာ၊ သောက်ရေကလဲ မလုံလောက်တော့ ချက်ပြုတ်ဖို့တောင် ဒုက္ခရောက်နေရတယ်” ဟု ပြောသည်။

လယ်ပေါ်ဟဲ ဒုက္ခသည်စခန်းမှ လူဦးရေ ၁၂၆၄ ဦးနှင့် အခြားရွာများမှ ထွက်ပြေးလာသူများ စုစုပေါင်း ၃၆၁၀ ဦးမှာ လက်ရှိ စုပေါင်းနေထိုင်နေရပြီး အထူးသဖြင့် စာသင်ကြားနေသည့် ကလေးငယ်များ ဒုက္ခရောက်နေရသည်ဟု ပြောသည်။

“ကျနော်တို့စခန်းက ကလေးတွေချည်းပဲ အယောက် ၆၀၀ လောက်ရှိတာ၊ အခုဆို စာသင်ဖို့က လုံးဝ မဖြစ်နိုင်တော့ဘူး၊ ကျနော် သိရသလောက်ဆိုရင် နောက်ထပ် တဝက်လောက်က မဲသဝေါဘက်မှ တိမ်းရှောင်နေတာ ရှိတယ်၊ စာရင်းအတိအကျတော့ မရသေးလို့” ဟု ဆက်ပြောသည်။

ထို့အပြင် ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာသားများ ထွက်ပြေးလာရခြင်းမှာ ဒီကေဘီအေအဖွဲ့၏ အတင်းအဓမ္ပ ပေါ်တာခိုင်းစေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီကေဘီအေ (၉၉၉) က ပေါ်တာအထမ်းသမားအဖြစ် ခိုင်းဖို့ ခေါ်တယ်၊ ရွာသားတွေကို ဘုရားတည်မယ်၊ ဘာညာနဲ့ ခေါ်တာ၊ အဲဒါကြောင့်မို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်လာတာ၊ ဒီကေဘီအေကတော့ ပြောတယ်၊ မင်းတို့မပြေးနဲ့၊ ငါတို့လာတာ ဒီမှာ အေးအေးဆေးဆေးနေရဖို့ ဆိုပြီး ပြောတယ်၊ ဒါပေမဲ့ ရွာသားတွေအားလုံးက သူတို့အကြောင်းတွေ သိနေတယ်” ဟု ပြောသည်။

နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက ထိုးစစ်ဆင်မှုများကြောင့် လယ်ပေါ်ဟဲဒုက္ခသည်စခန်းမှ ကရင်တိုင်းရင်းသားများနှင့် အခြားရွာသားများမှာ ယခုလ (၂) ရက်နေ့ကတည်းက ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

နအဖတပ်များက ယခုအချိန်ထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိပြီး ထိုင်းအာဏာပိုင်များကလည်း နယ်စပ်တလျှောက် လုံခြုံရေးများ တိုးမြှင့်ချထားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Tuesday, June 9, 2009

မျိုးမစစ် ကရင် DKBA အကြောင်း ကြေငြာချက်

ဒီကေဘီအေ အခြေအနေနှင့် ပတ်သက်၍
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး. ထုတ်ပြန်ကြေငြာချက်
ရက်စွဲ - ဇွန်လ (၈)ရက်။ ၂၀ဝ၉ ခုနှစ်။
(၁) ဒီကေဘီအေ ဟု စတင်ပေါ်ထွန်းလာချိန်မှစ၍ ယခုအထိ အခြေအနေမှန်များကို
ပြန်ကြည့်လျင်စစ်အစိုးရမှဒီကေဘီအေကို ကရင်အချင်းချင်း ပြန်လည်တိုက်ခိုက်သတ်ဖြတ်မှုတွင်
အသုံးချခဲ့သဖြင့် ဒီကေဘီအေတပ်ဖွဲ့ ဝင်များကိုယ်တိုင်နှင့် သက်ဆိုင်ရာမိသားစုများ အလွန်တရာ
ထိခိုက်နစ်နာခဲ့ကြရသည်။

(၂) ဒီကေဘီအေ ခေါင်းဆောင်နှင့်နောက်လိုက် ဒီကေဘီအေအဖွဲ့ ဝင်များအကြား မတူညီသော
အခွင့်အရေးများ ပေးသဖြင့် ဒီကေဘီအေ အတွင်း ဝင်ငွေရှိသူနှင့် မရှိသူ။ အခွင့်အရေးရသူ
နှင့်မရသူ။ အမှန်တရားကို ထိမ်းသိမ်းသူနှင့်မိုက်မဲရမ်းကားသူများအကြားအမြင်။ အယူအဆ။
စာရိတ္တများ ကွဲပြားလာပြီး ဒီကေဘီအေအချင်းချင်းညီညွတ်မှုလည်း အားနည်းလာခဲ့ပေသည်၊
(၃) ဒီကေဘီအေ အနေဖြင့် အစဦးတွင် ကရင့်ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များကို ဖော်ထုတ်နိုင်ခြင်း။ ကရင်ပြည်သူလူထုကို နအဖ တို. ဖိနှိပ်ရမ်းကားမှုများကို တစုံတရာအကာအကွယ်ပေးဘို
့ ကြီုးစားဆောင်ရွက်နိုင်ခြင်းများရှိခဲ့သည်မှန်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဒီကေဘီအေတပ်ဖွဲ
့အတွင်း ကရင်မဟုတ်သောတပ်ဖွဲ့ ဝင်များပိုများလာသည့်ဖြစ်စဉ်သည် ကရင့်အမျိုးသားများ
ပပျောက်ရေးနှင့် ဒီကေဘီအေ အသိုင်းအဝိုင်းတခုလုံးကိုနအဖ စစ်အာ၏တိုက်ရိုက်ထိန်းချုပ်မှုအောက်သို့ 
အလျှင်အမြန်သွပ်သွင်းနေကြောင်း ထင်ရှားသောအထောက်အထားတရပ်အဖြစ် တွေ့ ရှိနိုင်သည်၊
(၄) ၂၀၁၀ ရွေးကောက်ပွဲမှတဆင့် စစ်အာဏာရှင်စနစ် တရားဝင်ခိုင်မြဲရေးအတွက် ဒီကေဘီအေ
အပါအဝင် ငြိမ်းအဖွဲ့ များ။ အပစ်ရပ်အဖွဲ့ များကို ဖျက်သိမ်းပြီး ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ
နယ်ခြားစောင့်တပ်ဖွဲ့ များအဖြစ် နအဖက ပြောင်းလဲဖွဲ့ စည်းတော့မည်ဖြစ်ရာ ဒီကေဘီအေသည်လည်း ဖောင်စီးရင်းရေငတ်ဘဝမှ နအဖ. လှည့်ကွက်ပရောဂကြောင့် နအဖ၏ ကျွှန်သဘောက်ဘဝသို့ လုံးလုံးလျားလျား ကျရောက်သွားရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီးဖြစ်သည်။
(၅) ယခုအခါတွင်ဝတပ်ဖွဲ့ UWSA။ ကိုးကန့် နှင့် SSAမြောက်ပိုင်း အပစ်ရပ်အဖွဲ့ များက
မိမိတို့  အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်များ မဆုံးရှုံးရအောင် သက်ဆိုင်ရာ ဒေသခံပြည်သူများနှင့်
လက်တွဲ၍ သီးခြားရပ်တည်နိုင်ရေး နအဖ.ကျွှန်သဘောက်မဖြစ်ရေးအတွက် ရပ်တည်လုပ်
ဆောင်မှုများကို ဒီကေဘီအေအနေဖြင့် များစွာနမူနာယူသင့်သည်။
(၆) မည်သို့ ပင်ဖြစ်စေ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ဒီကေဘီအေ
အဖွဲ့ ဝင်များနှင့် မိသားစုများ.လက်ရှိ အခြေအနေကို များစွာစိုးရိမ်ခြင်း ဖြစ်မိသည်နှင့်အညီ အခြေအနေ
တရပ်လုံးကို ပြန်လည်သုံးသပ်ပြီးကရင်အမျိုးမပျောက်ရေးနှင့် ကရင်တမျိုးသားလုံး ကရင့်တော်လှန်ရေး
အလံတော်အောက်တွင် တစုတစည်းတည်းစည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေး သက်ဆိုင်သူများမှ
ပါဝင်လှုပ်ရှားဆောင်ရွက်ကြရန် အလေးအနက်အားပေးတိုက်တွန်းအပ်ပေသည်။
(၇) ဒီကေဘီအေ အနေဖြင့် မိမိအဖွဲ့ အစည်း. ရည်မှန်းချက်နှင့် လက်ရှိဖြစ်ရှိနေသည့်
အခြေအနေမှန်များကို ပကတိအတိုင်း သုံးသပ်ပြီး ကရင်ပြည်သူအသံကို နားထောင်ကြ၍ ကရင်ပြည်
သူများ၏အကျိုးစီးပွားအတွက် ရပ်တည်ကြရန် အချိန်တော်ပြီးဟု ဆော်သြလိုက်သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

၁၉နှစ်ပြီးသွားပြီ နောက်အနှစ် တစ်ရာလည်း အမေစုပါဘဲ သန်းရွှေလိုသိက္ခာမျိုးနဲ့ မသေပါ

နောက်အနှစ် နှစ်ဆယ်လား? ယောင်ဝါးဝါး မသေချာ မရေရာသတင်းတွေကြားနေရတယ် .....အမေစုကို ထောင်ထဲမှာထားဖို့ အတွက်အပြာနုရောင် နှစ်ထပ်တိုက် တခုကို တည်ဆောက်ခဲ့တာ ၁၉၉၅ ကတည်း ကတဲ့ ..ကြိုးစင်နဲ့ အနီးမှာတဲ့ ... အခုဒီနေ့ ကြားရတာက အမေစုကို ထူးမခြားနား နေအိမ်အကျယ်ချုပ်ပြန်ချမယ်တဲ့ ... အဲ့ဒီအတွက် နေရာအသစ်ရှိတယ်တဲ့....အမေဟာ ၁၉နှစ်တာကာလ ဘာမှမလုပ်ရဘဲ ထောင်ကျခဲ့ရတယ် လူ့ ဘ၀သက်တန်းဟာ အနှစ်တရာဆိုတာ ခဏတာပါ ..ဗမာပြည်မှာ တရားဥပဒေဆိုတာမရှိပါဘူး.. လူတယောက်အာဏာစက် ကြောင့် ကျခံရမယ့် ဥပဒေ အမေခံနေရတယ် ။ အမေဟာ ဘယ်နေရာရောက်ရောက် သိက္ခာနဲ့ အမှန်တရားကို ဖက်ပြီး အသက်စွန်းပြီး နေသွားမှာကိုယုံကြည်ပေမယ့် အမေ စုအတွက် တတ်နိုင်တဲ့ ဘက်က ရပ်တည်ပေးကြပါလို့ ။


(ဤဓါတ်ပုံမှာ Yahoo image search မှ ရခဲ့တဲ့ပြုံဖစ်ပြီး ဓါတ်ပုံရှင်ငယ်ရဲ့အမည်ကို မသိပါ ကလေးငယ်ရဲ့ ဖြူစင်တဲ့ စိတ်နဲ့ အမေစုပုံ ကိုင်ထားတဲ့  အနေအထား တကယ်ပင် ကြိုက်နှစ်သက်၍ တင်ပြလိုက်ပါသည်။ ဓါတ်ပုံပြိုင်ပွဲဝင်ပါက ဤပုံကို ကျွန်တော့အနေနှင့် မဲ ၁ ပေးပါမည်။)

ဆက်ဖတ်မယ်ဆိုရင်....

ဒေါသထွက်သင့်ပါတယ် ကိုလေးဖြူ

ဘင်္ဂလားပင်လယ်အော် MTV ခိုးကူးသူများကို လေးဖြူဒေါသထွက်Tuesday, 09 June 2009 16:15 ဟိန်းဇော်
ရော့ခ် အဆိုတော် လေးဖြူ နောက်ဆုံးထွက်ခဲ့သည့် ဘင်္ဂလား ပင်လယ်အော် စီးရီး MTV မထွက်သေးမီကပင် ရန်ကုန်မြို့လယ် ခိုးကူးခွေ ဆိုင်များတွင် ရောင်းချလျှက်ရှိ သောကြောင့် အဆိုတော် လေးဖြူအပါအဝင် Iron Cross (IC) ဝိုင်းတော်သားများ အားလုံး ဒေါသထွက် နေကြကြောင်း ကြားသိရသည်။

ယင်း MTV မှာ ရိုက်ကူး၍ မပြီးစီးသေးသော်လည်း ကိုရီးယားဇာတ်လမ်းတွဲ နောက်ခံပုံများ၊ မြန်မာ မိန်းကလေးတဦး သရုပ်ဆောင်ထားသည့် နောက်ခံအရုပ်များဖြင့် အဆိုတော်လေးဖြူ၏ အသံကို ထပ်ကာ ပြုလုပ် ရောင်းချလျှက်ရှိကြောင်း IC အဖွဲ့ဝင်တဦးဖြစ်သူ ဘေ့စ် ဂစ်တာ သမား ကိုခင်မောင်သန့် က ပြောသည်။

ထိုသို့ MTV မထွက်မီကပင် ဖန်တီးထားသော ခိုးကူးခွေများ ထွက်ရှိနေသဖြင့် အဆိုတော် လေးဖြူက လသာမြို့နယ်အတွင်း၊ မဟာဗန္ဓုလ လမ်းပေါ်တွင် ရောင်းချနေသော ခိုးကူးခွေ ဆိုင်တဆိုင်မှ အခွေဗန်းကို ကန်သွားသည်ဆိုသည့်သတင်း ပျံ့နှံ့လျှက်ရှိသည်။

သို့ရာတွင် IC အဖွဲ့ဝင်များဖြစ်ကြသော လိဒ်ဂစ်တာတီးသည့် ကိုချစ်စမ်းမောင်နှင့် ကိုခင်မောင် သန့်တို့ကမူ ထိုသတင်းကို မကြားမိဟု ဆိုသည်။

“လသာမှာတော့ နာမည်ကြီးနေတယ်။ လေးဖြူက သူ့အခွေ ဗီစီဒီ မထွက်သေးဘဲ တခြားပုံတွေနဲ့ MTV ထွက်လာတော့ ခိုကူးရောင်းတဲ့ ဆိုင်တွေကို စိတ်ဆိုးပြီး လုပ်တယ်လို့ ကြားနေတယ်” ဟု ယုဇနပလာဇာမှ ခိုးကူခွေများဖြန့်ဖြူး ရောင်းချနေသူ တဦးက ပြောသည်။

အဆိုတော် လေးဖြူ၏ ဘင်္ဂလားပင်လယ်အော် ကိုယ်ပိုင်သံစဉ် တေးစီးရီးမှာ ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက တိပ် နှင့် စီဒီ အဖြစ်ထွက်ရှိပြီး လူကြိုက်အများဆုံး တေးစီးရီးခွေဖြစ်ခဲ့သည်။ ခိုးကူးခွေများ ထွက်ပေါ်ခဲ့သော်လည်း ပရိသတ် အများစုက မူရင်းအခွေကို ဝယ်ယူအားပေး ကြသောကြောင့် များစွာ ထိခိုက်မှုမရှိခဲ့ကြောင်း အဆိုတော်လေးဖြူက ပြောခဲ့သည်။

နာမည်ကြီး အဆိုတော်များသာမက နာမည်သိပ်မရှိသေးသည့် အဆိုတော်များ စီးရီးသစ် တခွေထွက်လိုက်သည်နှင့် ခိုးကူးလောကတွင် တပြိုင်နက်တည်း ဖြန့်ဖြူး ရောင်းချပြီး ဖြစ်သော ကြောင့် တေးထုတ်လုပ်သူများ၊ အဆိုတော်များနှင့် ဂီတဖြင့် အသက်မွေးဝမ်းကျောင်းသူများ အားလုံး စီးပွားရေးအရ ထိခိုက်နစ်နာရကြောင်း ဂီတလောကသားတဦးက ပြောပြသည်။

ယခုနောက်ပို်င်းတွင် ခိုးကူးခွေများရန်ကို ကြောက်သဖြင့် စီးရီးသစ်များ အထွက်ကျဲလာရာ ခိုးကူးသမားများမှာ ဗီဒီယို ဇာတ်ကားများဘက်သို့ ခြေဦးလှည့်လာကြပြီဖြစ်ကြောင်း ရုပ်ရှင်နှင့် ဂီတ အသိုင်းအဝန်းမှ ကြားသိရသည်။

စစ်အစိုးရအနေနှင့် ခိုးကူးခွေများ ရောင်းချခြင်းကို နှိမ်နင်းသည်ဟု ဆိုသော်လည်း ရောင်းချ ပေးသည့် လမ်းဘေးဈေးသည်များကို ဖမ်းဆီးခြင်း၊ ခိုးကူးခွေများကို ဖျက်ဆီးခြင်း မျှသာ ပြုလုပ်နိုင်ပြီး ခိုးကူးခွေများ ထုတ်လုပ်ဖြန့်ဖြူးနေသည့် အဓိက ပင်ရင်းဒိုင်ကြီးများကို တခါမျှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

အဆိုတော်လေးဖြူသည် ၂၀၀၅ ခုနှစ်အတွင်းက Live show သီဆိုခြင်းကို အကြောင်း ကြောင်းကြောင့် ရပ်နားခဲ့ပြီး ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း
ဒဏ် ခံခဲ့ရသော ဒေသမှ လေဘေးသင့်သူများအတွက် ရန်ပုံငွေအဖြစ် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် Live show ပြန်လည်သီဆိုခဲ့သည်။

၎င်းသည် လွယ်ဟိန်းကုမ္ပဏီ နှင့် Iron Cross Entertainment ပူးပေါင်း ဆောင်ရွက်သည့် Alpine Music Show ပွဲများတွင် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလအထိ ဖျော်ဖြေရန် ၂၀၀၉ နှစ်ဆန်းမှ စတင်၍ စာချုပ် ချုပ်ဆိုထားသည်။

ဤသတင်း ပေးပို့ချက်တွင် အေးချမ်းမြေ့ ပါဝင်ရေးသားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

တချိန်က ဂျပန် ဟာ ဗမာပြည်ရဲ့ ရန်သူ အခု ဂျပန် ပြည်သူတွေ ဆုတောင်းပေးနေကြတာက

ဆက်ဖတ်မယ်ဆိုရင်....

Monday, June 8, 2009

နေပြည်တော်ခေါ် သေပြည်တော်လမ်းမကြီးအားအသုံးပြုသူရှားပါး

နေပြည်တော်သွား လမ်းမကြီး အသုံးပြုလိုသူရှား
Monday, 08 June 2009 19:23 ဟိန်းဇော်
ရန်ကုန်-နေပြည်တော် ၈ လမ်းသွား အမြန်လမ်းသည် ကျယ်ပြန့် ကောင်းမွန်သော်လည်း ဖြတ်သန်းသွားလာသည့် ယာဉ်အများစုမှာ ထိခိုက်ချွတ်ယွင်းမှုများနှင့် ဆက်သွယ်ရေး ပြတ်တောက်သည့် အခက်အခဲများကြောင့် လမ်း အသုံး ပြုလိုသူ နည်းပါးနေကြောင်း ယာဉ်မောင်းများက ပြောသည်။


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ညောင်နှစ်ပင် အနီးမှ ရန်ကုန်-နေပြည်တော် ၈ လမ်းသွား လမ်းမကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - flickr/clkr)
အဆိုပါလမ်းကို အသုံးပြုရာတွင် အချိန်ကုန်သက်သာသော်လည်း ကွန်ကရိလမ်းဖြစ်၍ ကားတာယာများစား ကြောင်း၊ ကားစက်ချွတ်ယွင်းပါကလည်း ပြုပြင်ရန်ခက်ခဲကြောင်း၊ ထို့ကြောင့် လမ်းတလျှောက် ယာဉ်ပျက်စီးမှု မဖြစ်စေရန် အထူးဂရုစိုက်ရကြောင်း ရန်ကုန်-နေပြည်တော် ခရီးသည်တင် ယာဉ်မောင်းတဦး က ပြောပြသည်။

“လမ်းက မောင်းရတာ အချိန်ကုန်တော့ သက်သာတယ်၊ ဒါပေမယ့် ခဏခဏ ကားကိုပြန်ဆင်းကြည့်နေရတယ်၊ ကွန်ကရိလမ်းဆိုတော့ တာယာစားတယ်၊ ရေတိုင်ကီ ဆူလို့ ဖြည့်ဖို့ ရေလိုက်ရှာစရာတောင် မရှိဘူး”ဟု ရန်ကုန် မြို့ အောင်မင်္ဂလာအဝေးပြေးဂိတ်ရှိ ၎င်းယာဉ်မောင်း က ပြောသည်။

ယာဉ် နောက်လိုက်တစ်ဦးကလည်း“ကား ရန်ကုန်ကနေမောင်းရင် တာယာမှာ ပန်းအပြည့်ပါတယ်၊ ဟိုရောက်ရင် တာယာမှာ ပန်းမရှိသလောက်ပဲ၊ ကွန်ကရိလမ်းဆိုတော့ တာယာပူပြီးကွဲ များသွား မလားဆိုပြီး ဆင်းဆင်းကြည့် ရတာ၊ ကွဲရင် ဘီးအပိုပါရင်ပါ မပါရင် လေထိုးဆိုင်မရှိတော့ ညအိပ်တော့ပဲ”ဟု ပြောပြသည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်းသည် ပြီးခဲ့သည့် မတ်လအတွင်းက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်-မန္တလေး ၈ လမ်းသွားလမ်း၏ အပိုင်း(၁) ဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါလမ်းကို ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ မှတာဝန်ယူ ဖောက် လုပ်ခြင်းဖြစ်ပြီး လမ်းအရှည် မိုင် ၂၂၁ မိုင် တစ်ဖာလုံ ရှည်လျားပြီး ကွန်ကရိလမ်း အမျိုးအစားဖြစ်သည်။

“လမ်းစဖွင့်တော့ ပါရမီ ကဆွဲတဲ့ တော်ဝင်ကားနဲ့ လိုက်သွားဖူးတယ်၊ လမ်းမှာလည်း နားဖို့ ဆိုင်တောင် မရှိဘူး၊ ၂ ဆိုင်လောက်ပဲ၊ ပဲခူးရိုးမကိုဖြတ်ဖောက်ထားတော့ တောဆင်တွေကဆင်းဆင်း လာတယ်၊ လမ်းဖောက်တုန်းကဆို လမ်းဖောက်တဲ့စခန်းကလူတွေ အသက်အန္တရာယ်တောင်ဖြစ်တယ်”ဟု အစိုးရဝန်ထမ်း တစ်ဦးက ပြောသည်။

ဌာနဆိုင်ရာမှ ယာဉ်မောင်းဝန်ထမ်း တစ်ဦးကလည်း“လမ်းမဖွင့်မီ ကတည်းကသွားဖူးတာ၊ ကျနော်သွားတုန်းကဆို လမ်းကလည်း ဘာမှကို မတွေ့ ရတာ၊ ညမောင်းရင် ဆင်နဲ့ တိုးမှာစိုးရတာနဲ့ အစိုးရကားတွေပဲမောင်းတော့ ဗုံးများ ထောင်မလားဆိုပြီး ကြောက်ကြောက်နဲ့ မောင်းရတာ”ဟု ပြောသည်။

ထို့အပြင် ဆက်သွယ်ရေးအတွက် တယ်လီဖုန်းလိုင်းမရှိခြင်း၊ ဂျီအက်စ်အမ် လက်ကိုင်ဖုန်းဆိုပါက လိုင်းမမိခြင်း စသော အခက်အခဲများကြောင့် ပုဂ္ဂလိကလူစီးခရီးသည်တင် အမြန်ယာဉ်များပြေးဆွဲ ခြင်းမရှိဘဲ အိမ်စီးယာဉ်များ ၊ ဌာနဆိုင်ရာ ယာဉ်များ ၊ ဦးပိုင်လီမိတက်မှ ပြေးဆွဲနေသော “တော်ဝင်” ခရီးသည်တင် ယာဉ်နှင့်မဖြစ်မနေသွား လာရမည့် ယာဉ်များသာ သွားလာနေကြခြင်းဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးဂိတ်မှခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦး ကဆိုသည်။



ရန်ကုန် မှ နေပြည်တော်သို့ နေ့စဉ်ပြေးဆွဲလျက် ရှိသောယာဉ်အစီးရေမှာ ဦးပိုင်လီမိတက်မှပြေးဆွဲနေသော “တော်ဝင်”လိုင်းနှင့်ပုဂ္ဂလိက ယာဉ်လိုင်းမှ ယာဉ်များအပါအ၀င် နေ့စဉ် အစီး၂၀ ၀န်းကျင်ပြေးဆွဲနေပြီး တစ်ရက် လျှင် ခရီးသည် ရှစ်ရာ မှ တစ်ထောင် ၀န်းကျင် သွားလာနေကြပြီး အစိုးရရုံးပိတ်ရက်များတွင် ယာဉ်အစီးရေ ပိုများ ကြောင်း၊ ရန်ကုန်မှ နေပြည်တော်သို့ လမ်းဟောင်းမှ သွားပါက အချိန် ၇ နာရီ ကြာမြင့်ပြီး ယခု လမ်းသစ် မှာ ၄ နာရီသာ ကြာမြင့်သော်လည်း အဝေးပြေးယာဉ်လိုင်းများအနေဖြင့် လမ်းဟောင်းမှသာ မောင်းနှင်ကြကြောင်း အောင်မင်္ဂလာအဝေးပြေးဂိတ်ရှိ ရန်ကုန် - နေပြည်တော် ပြေးဆွဲနေသော ယာဉ်လိုင်း တာဝန်ခံ တစ်ဦး က ဧရာဝတီ သို့ ပြောသည်။

ရန်ကုန် - နေပြည်တော်လမ်းတွင် ယာဉ်ဖြတ်သန်းခကို အမှတ်(၃)လမ်းမ ဆုံမှ ဖြူး၊ ဖြူး မှ နေပြည်တော် ဟူ၍ နှစ်ကြိမ်ခွဲ ကောက်ခံနေပြီး ၁ တန် အောက်ယာဉ် ဆိုပါက ၂၅၀၀ ကျပ်၊ ၃ တန်အောက်ယာဉ် ၅၀၀၀ ကျပ်၊ ၅ တန် အောက် ယာဉ် ၇၅၀၀ ကျပ်၊ ၁၀ တန်အောက်ယာဉ် ၁၂၅၀၀ ကျပ် စီပေးဆောင်မောင်းနှင်နေရကြောင်း သိရ သည်။

ထိုလမ်းပိုင်း မဖွင့်မီက လူစီးခရီးသည်ယာဉ်များ ကိုသွားလာခွင့်မပြုဘဲ ဌာနဆိုင်ရာယာဉ်များသာ သွားလာခွင့်ပြု ခဲ့သည်။ လက်ရှိတွင် ခရီးသည်တင်အမြန်ယာဉ်များနှင့် ယာဉ်ငယ်များသာ သွားလာခွင့်ပြုထားပြီ လမ်းပျက်စီးမှု မဖြစ်စေရန် ကုန်တင်ယာဉ်များ သွားလာခွင့်မပြုကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကို၂၀၀၅ ခုနှစ်၊ အောက်တိုဘာလမှ စတင် ဖောက်လုပ်ခဲ့ ပြီး ၂၀၀၈ ခုနှစ် မတ်လတွင်အမှတ်(၃)လမ်းမကြီးမှ နေပြည်တော် စီလမ်းဆုံ အထိပြီးစီးကာ ယခုနှစ်မတ်လမှ ဖွင့်လှစ်နိုင်ခဲ့သည်။

ရန်ကုန်-မန္တလေး လမ်းမကြီးပြီးစီးပါက လမ်းတစ်လျှောက်တွင် Rest Camp နားနေစရာ သုံးခုသာထားရှိမည် ဖြစ်ကြောင်း၊ ၎င်း Rest Camp များကို ဖြူး၊နေပြည်တော်၊ မိထ္ထီလာမြို့ များတွင်ထားရှိမည်ဟု အစိုးရသတင်းစာ များတွင် ဖော်ပြပါရှိသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ကုန်တင်ယာဉ်များသွားလာခွင့်ပြုထားသော မိုင်ပေါင်း ၄၁၂ မိုင်ရှည်လျားသော ကတ္တရာလမ်းဖြစ်ခြင်း၊ လမ်း၏အမာခံရရှိနေမှု တို့ကြောင့် ကုန်တင်ယာဉ်များသွားလာရန်သင့်လျော်ပြီး မြို့ပေါင်း နှစ်ဆယ်ကျော်ဖြတ်သန်း မောင်းနှင်ရ၍ ယာဉ်ချွတ်ယွင်းမှုနည်းပါးကာ ကားရပ်နားရန်အဆင်ပြေချောမွေ့ ကြောင်း ကုန်တင်ယာဉ်မောင်းသူတစ်ဦး ကသုံးသပ်သည်။

ကုန်တင်ယာဉ်များ အဓိကထားပြေးဆွဲနေသည့် လမ်းဟောင်းတွင် အစိုးရအသိုင်း အဝန်းနှင့် နီးစပ်သော မက်စ် မြန်မာ အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်း ၆ ခုမှ ကန်ထရိုက်ယူ၍လမ်းနှင့် တံတား အသုံပြုစရိတ်ကောက်ခံ လျက်ရှိနေသည်။

ယင်းလမ်းကို ၁၉၅၉ခုနှစ် ကတည်းကဖောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း နှစ်ပေါင်း ၄၀ နီးပါးကြာမြင့်ချိန်မှ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ခေါင်းဆောင် (၆) ဦးအား အိန္ဒိယ စစ်တပ်မှ သွေးအေး အေးဖြင့် လုပ်ကြံ

ကာလကတ္တားထောင်ထဲရှိ ရဲဘော် ၃၄ ဦးအမှုကို ဇွန်လ ၂၂ ရက်နေ့တွင် ကြားနာ စစ်ဆေးမည်
၈/၆/၂၀၀၉
ကာလကတ္တား အကျဉ်းထောင်ထဲရှိ ရခိုင်နှင့် ကရင် ရဲဘော် ၃၄ ဦးအမူကို ဇွန်လ ၂၂ ရက်နေ့တွင် ဆက်လက် ကြားနာ စစ်ဆေးမည် ဖြစ်သည်။

ယခု ရုံးချိန်းတွင် အိန္ဒိယစစ်ထောက်လှမ်းရေး CBI မှ တရားလို သုံးဦးအား ဆက်လက် စစ်ဆေးနိုင် ဖွယ်ရှိသည်ဟု သူတို့အမှုကို လိုက်ပါ ဆောင်ရွက်နေသူ တဦးက ပြောသည်။

သို့သော်လည်း သူတို့အမှုအား လက်ခံ စစ်ဆေးနေသူ တရားသူကြီးမှာ ရာထူးတိုးသွားသဖြင့် တရားခွင်သို့ လာရောက်နိုင်မှ လာရောက်နိုင်မည်ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။ တရားသူကြီး တရားခွင်သို့ မလာရောက်နိုင်ပါက အမှုကို နောက်ထပ် ရက်ရွှေ့ဆိုင်းရနိုင်ဖွယ် ရှိသည်။

တရားခွင်တွင် တရားလို သုံးဦးအား စစ်ဆေးမေးမြန်းပြီးမှသာ တရားခံအဖြစ် စွပ်စွဲခံထားရသူ ရခိုင်နှင့် ကရင် ရဲဘော် ၃၄ ဦးအား ဆက်လက် စစ်ဆေးမည် ဖြစ်သည်။

ယခုအချိန်ထိ တရားခံအဖြစ် တရားစွဲဆိုခံထားရသူ ရခိုင်နှင့် ကရင်များအား တရားခွင် ထုတ်လာရုံမှ အပ စစ်ဆေး မေးမြန်းခြင်းများ မရှိသေးကြောင်း သိရသည်။

အဆိုပါ ရခိုင်နှင့် ကရင် ရဲဘော် ၃၄ ဦးမှာ ၁၉၉၈ ခုနှစ် ဗိုလ်ရာဇာနှင့် အတူ အိန္ဒိယ ထောက်လှမ်းရေး မှ အန္ဒမန်ထဲမှ ကျွန်းတကျွန်းတွင် ရေတပ် အခြေစိုက် စခန်း တည်ဆောက် ပေးမည်ဟု ခေါ်ယူလာခဲ့ သဖြင့် လိုက်ပါလာရာမှ ဖမ်းဆီးခြင်း ခံထားရသူများ ဖြစ်သည်။

သူတို့အား ဦးဆောင်သူ ဗိုလ်ရာဇာ အပါအ၀င် ခေါင်းဆောင် (၆) ဦးအား အိန္ဒိယ စစ်တပ်မှ သွေးအေး အေးဖြင့် လုပ်ကြံ သတ်ဖြတ်ပစ်ခဲ့သည်။ ၄င်းအပြင် တပ်သားအဆင့် ရှိသူ ရခိုင်လူငယ် ကိုရန်နိုင်နှင့် ကရင်လူငယ် တဦးကိုလည်း ပေါ့ဘလေယားမြို့တွင် အိန္ဒိယ ထောက်လှမ်းရေးမှ လုပ်ကြံ ပစ်ခဲ့သည်။

အိန္ဒိယ စစ်တပ်မှ အဆိုပါ လူသတ်မှုကို ကျူးလွန်ပြီးနောက် အစိုးရမှ တခါ ကျန်ရှိသော ရဲဘော် ၃၄ ယောက်ကိုပါ မတရားသဖြင့် နှစ်ရှည် ဖမ်းဆီး ချုပ်နှောင်ထားသဖြင့် အိန္ဒိယအစိုးရ လုပ်ရပ်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူများက အပြင်းအထန် ဝေဖန်လျက်ရှိသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဝတပ်အား နယ်ခြားစောင့်တပ် အဖြစ်ပြောင်းလဲမှုကိုလက်မခံနိုင်ကြောင်း

ဂျွန်လမကုန်မီ နအဖထံ တရားဝင် အဖြေပေးရေးအတွက် ၀ ခေါင်းဆောင်များ၏ ဆန္ဒ ရပ်တည်ချက်ချမှတ်
ကြာသပတေးနေ့၊ 04 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
အပစ်ရပ်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် အဖြစ်အသွင်ပြောင်းရန် ဖိအားပေးမှုအပေါ် UWSA ပန်ဆန်းဌာနချုပ်မှ လက်မ ခံနိုင်ကြောင်း ဗိုလ်ချုပ်ကြီးရဲမြင့်ထံတိုက်ရိုက်အကြောင်းပြန်လိုက်ပြီးနောက်ပိုင်း ထို့ထက်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ၀ ခေါင်းဆောင်/အရာရှိ/တပ်မှူးများ ထပ်မံဆွေးနွေးပြီးဆန္ဒသဘောထားကောက်ခံမှုပြု လုပ်ခဲ့ကြောင်း နယ်စပ်သတင်း ရပ်ကွက်ကဆိုသည်။

“မေ ၂၆-၂၇ တုန်းက ထိပ်ပိုင်းခေါင်ဆောင်တွေ အထက်အရာရှိတွေ၊ ဌာနကြီးမှူး၊ တပ်မှူးတွေ ပန်ဆန်းဌာနချုပ်မှာ ဆွေးနွေး ပွဲထပ်လုပ်တယ်။ မေလ ၂၀ ရက် ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ တိုက်ရိုက်အကြောင်း ပြန်လိုက်တဲ့နောက်ပိုင်း နအဖရုံးချုပ်ဆီနောက် ထပ်တရားဝင်ပြန်ကြားဖို့ ထပ်မံသဘောတူညီမှုချမှတ်တာဘဲ” ဟုအစည်းဝေးတက်ရောက် ခဲ့ရသူ အရာရှိတဦးကပြောပြ၏။
[ဒု-ဥက္ကဌ ဦးရှောက်မင်လျံ လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် ရဲမှူးကြီးဗိုလ်ချုပ်ရဲမြင့် ဥက္ကဌ ဦးပေါက်ယိုချမ် ကျိုင်းတုံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး (၀ဲမှ ယာသို့)]


ထိုတွေ့ဆုံဆွေးနွေးပွဲမှ -
(၁) ဂျွန်လနောက်ဆုံးထား၍ စစ်အစိုးရထံ လူသူလက်နက်စာရင်း နှင့် ပင်စင်ယူမည့်အသက် ၅၀ ကျော်အရာရှိများ စာရင်း အကြောင်းပြန်ရေးကိစ္စ။
(၂) လက်ရှိနိုင်ငံရေး ရေစီးကြောင်းနှင့်ကိုက်ညီမည့် ပြတ်သားသောမူဝါဒလမ်းစဉ်ကိုင်စွဲရန်နှင့်လူသူလက်နက်အင်အား ဖြည့်တင်းထားရေးကိစ္စ။
(၃) တိကျသောသဘောတူညီမှုမရသေးဘဲ နှင့် စစ်အစိုးရဘက်မှ အပစ်ရပ်များအတွက် တပ် ပြန်ဖွဲ့ခိုင်းရန်၊ စစ်သင်တန်းကျောင်းဆိုင်ရာ ပြင်ဆင်ထားသည့်ကိစ္စ - စသည့်အကြောင်းအရာ များဆွေးနွေးခဲ့သည်ဟု ထိုအရာရှိက ဆက်ပြောပြပါသည်။

ဝ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ရင်းနှီးသည့်လားရှိုးကုန်သည်တဦးက- “သူတို့ဆွေးနွေးတဲ့အထဲမှာ - ၂၀၁၀ ရွေးကောက် ပွဲကနေ အစိုးရပေါ်ထွက်လာပြီးမှသာ တပ်အသွင်ပြောင်းရေးလုပ်/မလုပ်ကို အဲဒီအချိန်ကျမှယတိပြတ် ဆုံးဖြတ်နိုင်မယ် ဆိုတဲ့ကိစ္စပါနိုင်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

၎င်းဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ကြသည့် (အလယ်အလတ် နှင့် အထက်) ၀ အရာရှိ အရာခံ ၇၅% က -စစ်အစိုး ၏ အပြောနှင့် အလုပ်မညီမှုအပေါ် ယုံကြည်၍မရကြောင်း၊ မိမိတို့ဖက်မှဦးစွာတိုက်ခိုက်ရန်အတတ်နိုင်ဆုံးအောင့်အီး ရှောင်ရှား သွားမည်ဖြစ်သော်လည်း စစ်ရေးအရ အဆင့်သင့် ဖြည့်တင်းပြင်ဆင်ထားခြင်းကအကောင်းဆုံးရွေးချယ် စရာလမ်းဖြစ်ကြောင်း၊ အသက်နှင့်လဲပြီး မိမိတို့၏အမျိုးသားနယ်မြေကာကွယ်သွားမည်ဖြစ်ကြောင်းတခဲနက်သဘော တူ ဆန္ဒဖေါ်ထုတ် ကြသည်ဟု ဆိုသည်။

အမည်မဖေါ်လိုသည့် အခြား ၀ တပ်မှူးတဦးကလည်း - “လက်ခံသဘောတူချက်မရသေးဘဲနဲ့ စစ်အစိုးရဘက်က ကျနော် တို့အတွက် သင်တန်းပေးဖို့ ဗထူး၊ တန့်ယန်း နဲ့ ကျိုင်းတုံမြို့မှာ သင်တန်းကျောင်း(အပစ်ရပ်တပ်ဖွဲ့ဝင်တွေ အတွက် သီးသန့် သင်တန်းကျောင်း) ပြင်ဆင်ထားတဲ့ ကိစ္စကနည်းလမ်းမကျပါဘူး” - ဟုဆို၏။

ထိုသင်တန်းကျောင်းက အပစ်ရပ်အရာရှိ/တပ်မှူးများအား ကျန်းမာရေး၊ အရပ်အမောင်း၊ အသက်အရွယ်၊ပညာရေး ပိုင်း အကြောင်းရှာပြီး စစ်အစိုးရ အလိုမရှိသူများအား အဆင့်မမှီ/ပယ်စာရင်းနည်းလမ်းဖြင့်တယောက်ပြီးတယောက် ပယ်ထုတ် နိုင်ဖွယ်ရှိကြောင်း၊ စစ်အစိုးရ၏ ရည်မှန်းချက်စီမံချက် နောက်ကွယ်တွင် ရိုးသား မျှတတန်းတူမှုကင်းမဲ့နေ သောကြောင့် လျှော့တွက်၍မရကြာင်း၊ ၎င်းတို့၏ ခြောက်တခါချော့တလှည့် ထောင်ခြောက်ကို အထူးသတိထားရမည် ဖြစ်ကြောင်းလည်း ထိုတပ်မှူးကဆက်ပြောပြပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ပြည်ပရောက် နောင်တော်များ စေတနာရှင်များ ဗမာစစ်ဒဏ်ခံနေရသူ အပြစ်မဲ့ ပြည်သူများအား ကူညီကြပါ ဖေးမကြပါရန်။

ဇွန်လ ၈၊၂၀ဝ၉ ခုနှစ်(တပ်မဟာ-၇)နော်ဖော့ဂေ(ကေအိုင်စီ)
နအဖ တပ်မ(၂၂)လက်အောက်ခံတပ်ရင်းတပ်ရင်း(၈၁)။တပ်ရင်း(၂၀၂)။တပ်ရင်း(၂၀၅) ပူးပေါင်း စစ်ကြောင်း(၄)ကြောင်း နှင့်
ဒီကေဘီအေ တပ်မဟာ(၉၉၉)အထူးတပ်ရင်း(ဆန်ပြုတ် ဦးစီး) တို့ သည် ကေအဲန်အယ်အေ တပ်ရင်း(၂၂)(၁၀၁)တည်ရှိရာ လယ်ပေါ်ဟဲ စခန်းသိုဏ္ဍတိုက်ခိုက်ရန် တာဝန်ယူရ၊

ခလဲ့ဒေးစခန်းထိုင် နှင့် တပ်မဟာ(၅၅၅) ဒီကေဘီအေ ဗဟိုလုံခြုံရေးတပ် မှ ကေအဲန်အယ်အေ တပ်ရင်း(၂၁) မဲတရိ သို့  တိုက်ရန် တာဝန်ယူရ၊


တပ်မ(၂၂)လက်အောက်ခံ တပ်ရင်း(၂၁၀)။ ရှမ်းရွာသစ် စခန်းထိုင် နှင့် ဒီကေဘီအေ(၅၅၅)တပ်မဟာ။ ဗဟိုလုံခြုံရေးတပ်မှ ကေအဲန်အယ်အေ တပ်ရင်း(၂၀၁) မိအေးပူသို့  တိုက်ရန် တာဝန်ယူရ၊


• ဇွန်လ(၂)ရက်နေဏ္ဍတွင် ဝါးမီကလား(နိုဘောကျောတွင်)ရင်ဆိုင်တိုက်ပွဲဖြစ်။ ဆွဲမိုင်းထိ၊
ခလရ(၈၁)တပ်ရင်းနှင့် ကေအဲန်အယ်အေ တပ်ရင်း(၂၂)တပ်ခွဲ(၃) တို့ မှဖြစ်၊
• ဇွန်လ(၄)ရက်နေဏ္ဍတွင် ခလဲ့ဒေးနှင့် ခလဲ့ခိုအကြားမောဖိုးကလိုးတွင် ဒီကေဘီအေ ဗဟိုလုံခြုံရေးတပ်နှင့် ကေအဲန်အယ်အေ တပ်ရင်း(၂၁) ခွဲ(၁)တို့ နှင့် မဲတရိစခန်းသို့  တက်ရောက်အလာ တိုက်ပွဲဖြစ်၊
• ဇွန်လ(၄)ရက်နေ့တွင် မဲသဝေါကျေးရွာ ဖွေးဖိုးကုလားတွင် တိုက်ပွဲဖြစ်၊
• ဇွန်လ(၅)ရက်နေဏ္ဍတွင် ခလဲ့ဒေးမှနေ လက်နက်ကြီးများ လှမ်းပစ်၊
• ဇွန်လ(၅)ရက်နေ့  ညနေ (၄းဝ၀)နာရီးအချိန်တွင် လယ်ပေါ်ဟဲစခန်းသို့ ဒီကေဘီအေမှ လက်နက်ကြီး
များဖြင့် ပစ်ခတ်ရန်ရှိ၊
• ဇွန်လ (၅)ရက်နေ့  ညနေ(၄း၁၀)နာရီတွင် ကေအဲန်အယ်အေ တပ်ရင်း(၂၀၁)တပ်ခွဲ(၃)နော်တ သို့  နအဖမှ (၆၀)မမ ဖြင့် လှမ်းပစ်၊
• ဇွန်လ(၆)ရက်နေဏ္ဍ နေ့ လည် (၁၂း၃၀)နာရီတွင် လက်နက်ကြီး(၈၁ မမ)ဖြင့် အလုံး ၃၀ကျော်ခန့် လှမ်းပစ်ခတ် (တပ်ရင်း ၂၂။ ၁၀၁။ လယ့်ဘော်ဟဲနေရာများသို့ )
• ဇွန်လ(၆)ရက်နေဏ္ဍ ညနေ (၄း၂၀)မှ (၆းဝ၀)နာရီအထိ လယ့်ဘော်ဟဲဂွင် ထီးမိုကလိုးနေရာတွင် တိုက်ပွဲဖြစ်ပွား၊ ထိခိုက်မှုအတိအကျ မရရှိသေး၊
• ဇွန်လ(၆)ရက်နေဏ္ဍ ည (၈)နာရီဝန်းကျင်ခန့် တွင် ထီးမိုကလိုးအောက်နာ့း ဗုံးထပေါက်သံကြား၊
• ဇွန်လ (၆)ရက်နေဏ္ဍတွင် ထိုင်း အမှတ်(၃)တပ်မမှုး ထနွန်ဆာဆာဖိလာ့ယိုထဲင် အပါအဝင် တာ့ခ်ခရိုင် တာဝန်ရှိပုဂ္ဂိုလ်များနှင့် တပ်ဖက်ဆိုင်ရာ အရာရှိများက နိုဘိုးဘုန်းကြီးကျောင်းရှိ ဒုက္ခှသည်များအား လာရောက်ကြည့်ရှု

ရဲဘော်များ. လိုအပ်ချက်
မိုးကာ။ ဆေးလိပ်။ ကွမ်းသီး။ ခြင်ဆေးရည်။ ရိက္ခှာခြောက်(ဘလခြောင်ကျော်။ မာမား။ ငါးသေတ္တာ)

မျိုးချစ်ကရင်လူငယ်များနှင့် ခေါင်းဆောင်များအားလုံး

အထက်ပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်ပြီး ယခုအချိန်တွင် DKBAနှင့် ဗမာစစ်တပ်တို့ပူးပေါင်းပြီး ကျနော်တို့ တပ်မဟာ(၇) နယ်မြေနှင့် ဌာနချုပ်အားလာရောက် ထိုးစစ်ဆင်နေပါသည်၊

၎င်း တို့ရည်ရွယ်ချက်မှာ တပ်မဟာ(၇) နယ်မြေအားလုံး ရှင်းလင်း ရန်နှင့် ကေအဲန်ယူ ဗဟိုဌာနချုပ်အား ရှင်းလင်းရန် အတွက်ဖြစ် ပါသည်။ ယခုအချိန်တွင် ကရင်ပြည်သူလူထု အမြောက်အများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြရသည်၊ ထို့ကြောင့် ယခုအ ချိန်တွင် ပြည်သူလူထုအား ကူညီစောက်ရှောက်ရန်နှင့် ကေအဲန် အယ်လ်အေတပ်သားများအား ထောက်ပံ့ရန်အတွက် အရေးကြီး လိုအပ်နေပါသည်။

ထောက်ပံ့ရန်အတွက် (အစားအစာ၊ မိုးကာ။ ဆေးဝါး၊ ခြင်ဆေး၊ ဆေးလိပ်)စသည့်အရေးပေါ် အကူညီများလို အပ်နေပါသည်၊ ထို့ကြောင့်မျိုးချစ် ကရင်လူငယ်များနှင့် ခေါင်း ဆောင်များ အကူအညီအား အရေးပေါ်လိုအပ်လျက် ရှိနေပါ သည်၊ ထို့ကြာင့် အမျိုးသားသမိုင်းပေးတာဝန်ကို ဝိုင်းဝန်းထမ်း ဆောင်ကြပါရန် မေတာရပ်ခံအပ်ပါသည်၊

ခိုင်မာသောသွေးစည်းညီညွတ်ခြင်းမှအမျိုးသားရေးအောင်ပွဲသို့
အလုပ်အမှုဆောင်ကော်မတီ
ကရင်လူငယ်အစည်းအရုံး(ဗဟို)
KAREN YOUTH ORGANIZATION (Kaw Thoo Lei)
P. O. Box -105, Mae Sot, Tak 63110, Thailand. Email: kyohqktl@yahoo.com
Website: www.karenyouthktl.org
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အင်းစိန် ထောင်အတွင်းမှ ချစ်သော အမေသို့ 


Summary

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Tortured in Myanmar

ဆက်ဖတ်မယ်ဆိုရင်....

3,000 Karen villagers flee Myanmar shelling

Ap, Bangkok
More than 3,000 ethnic Karen villagers have fled into Thailand as Myanmar troops shelled near a camp where they were sheltering, one of the largest movements of refugees across the border in a decade, aid groups said Sunday.

The Thailand-based Free Burma Rangers said that refugees began streaming out of the Ler Per Her camp in eastern Karen state on Friday and that Myanmar forces started launching mortar attacks Saturday morning during fighting with Karen guerrillas. Myanmar is also known as Burma.

The aid group, which conducts missions across the border inside Myanmar, reported the Karen National Union fighters were engaged in a fierce fire fight continuing Sunday with Myanmar forces near the camp, which lies in one of few last rebel redoubts along the border.

Thai Army Lt. Gen. Tanongsak Apirakyotin, who oversees the border region, acknowledged that fighting was ongoing and that since Wednesday refugees began coming across the Thai border. But he put the numbers of refugees at around 1,200.

The KNU has been fighting for half a century for greater autonomy from Myanmar's central government, but its strength has dwindled over the past decade due to army offensives and divisions within its ranks. Some 100,000 mostly ethnic Karen refugees already shelter in camps in Thailand after fleeing counterinsurgency operations and many more are believed displaced inside military-run Myanmar.

In a statement, the Free Burma Rangers called the shelling "a serious attack on defenceless people who fled just to get to the camp and now have had to flee over the border." It said as many as 4,000 refugees had fled to Thailand and that the Ler Per Her camp was mostly abandoned by Sunday.

The Karen Human Rights Group, a Thai-based humanitarian group sympathetic to the KNU, put the number of refugees at 3,000 but their count was only through Saturday. Still, the group said this was "the largest exodus from Karen State on a single occasion" since the government launched a major offensive against the KNU in 1997.

The refugees were taking shelter about 100 kilometres north of Mae Sot, a border town which is 380km northwest of the Thai capital, Bangkok.

A Myanmar government spokesman did not respond to requests for comment on the reports of fighting.

On Saturday, the rights group Christian Solidarity Worldwide and pro-democracy groups including the US Campaign for Burma called on the United Nations to intervene to prevent a humanitarian crisis along the border.

The groups urged the UN Security Council to impose an arms embargo on Myanmar's military regime and establish a commission of inquiry into crimes against humanity.

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

What terrorist military goverment did

Aid group says 4,000 refugees flee to Thailand from Myanmar
AP
Published: June 07, 2009, 13:51
Bangkok: An aid group said about 4,000 villagers have fled across the border into Thailand, after government troops in Myanmar shelled areas near their refugee camp in fighting with ethnic Karen forces.

The Free Burma Rangers said troops from the Karen National Union had so far prevented Myanmar soldiers and their allies in the Democratic Karen Buddhist Army from overrunning the camp that is located near the Thai border.

The group said refugees began streaming out of the Ler Per Her camp on Friday, and the Myanmar forces started launching mortar attacks near the camp on Saturday. The refugees, many carrying everything they owned, walked across the border to Tak province, Thailand.

The Free Burma Rangers called it a "a serious attack on defenceless people who fled just to get to the camp and now have had to flee over the border."

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Sunday, June 7, 2009

ကူလီမျိုးဟေ့ တို့ဗမာ

စာအရေးကောင်းတဲ့ ရွာသားလေးက နောင်လာမဲ့ အနှစ် နှစ်ဆယ် တဲ့။ ရေးပေးဖို့ Tag လာတယ်။

နောက်တမိနစ်၊ နောက် တနာရီ၊ နောက်တနေ့တောင် လူ့လောကမှာ ကိုယ်ရှိမယ် မရှိမယ် မသေချာတာ ချည်း ကို နောင်နှစ်ပေါင်း နှစ်ဆယ်ထိ အတွေးကို ဆန့်ထုတ်ရမယ် ဆိုတော့ ဒီရွာသား တဆိတ်တော့ လွန်ပြီ ထင်ပါရဲ့။ ဒါပေမဲ့လဲ ကိုယ်က စိတ်ကူးယဉ်သမား ဆိုတော့ ဟိုဒီသွားနေတဲ့ စိတ်ကူးတွေနောက် ကောက်ကောက် ပါ အောင် လိုက်မိပါတယ်။

တွေးမိတော့လဲ တမျိုးတည်း မဟုတ်၊ နှစ်မျိုးလောက် တွေးမိတယ်။ ဗိုလ်ချုပ်ပြောသလို အကောင်းဆုံးကိုမျှော် လင့် ပြီး အဆိုးဆုံးအတွက်လဲ ပြင်ဆင်ထားရမှာဆိုတော့ တွေးမိတဲ့အတိုင်း ရေးလိုက်ပါတယ်။ နေရာကတော့ ကိုယ်ချစ်တဲ့ မြေမှာပေါ့။

နောင်လာမဲ့ အနှစ် နှစ်ဆယ် (၁)

မနက်စောစောစီးစီး လမ်းလျှောက်က ပြန်လာတော့ သတင်းစာတစောင် တကျပ်နဲ့ ၀ယ်ခဲ့တယ်။ အိမ်ရှေ့မှာ ကော်ဖီလေးတခွက် သောက်ရင်း သတင်းစာဖတ်နေမိတာ။ ရှေ့ဆုံး စာမျက်နှာကို စိတ်အ၀င်စားဆုံးမို့ ခေါင်းကြီး တွေ အရင် လိုက်ဖတ်နေမိတယ်။

လေးနှစ်တကြိမ် လုပ်တဲ့ ရွေးကောက်ပွဲမှာ ဒေါ်စု ပါတီ အနိုင်ရတာ ၅ ကြိမ် ဆက်တိုက် ရှိခဲ့ပြီ။ ပြီးခဲ့တဲ့ အပတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလောကက အနားယူတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ခဲ့တယ်။ တပြည်လုံး ပွက်ပွက်ညံသွားတာပေါ့။ သတင်းစာလွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးချလိုက်ကြတာ အခုထိ ဒီအကြောင်းကို ဝေဖန်သုံးသပ်လို့ မပြီးသေးဘူး။

ဒါပေမဲ့ နေ့မအား ညမအား သူတိုင်းပြည်အတွက် လွန်ခဲ့တဲ့ အနှစ်လေးဆယ်လုံးလုံး ပင်ပန်းခဲ့ ကြိုးစားလုပ်ခဲ့တာတွေကို ကျေးဇူးတင် ကျေနပ်ပြီး သူ့ကိုယ်ပိုင်အချိန်လေး မပေးသင့်ဘူးလား။ သူချစ်တဲ့ မြန်မာပြည်ကြီးအတွက် သူ ၀ါသနာပါတဲ့ စာရေးစာဖတ်နဲ့သာ အေးအေးချမ်းချမ်း နေတော့မယ် တဲ့။ လူငယ်တွေနဲ့ စာအုပ်စာပေအကြောင်း ဆွေးနွေးပွဲလေးတွေ ရံဖန်ရံခါ လုပ်ပြီး ဘ၀ကို ရိုးရိုးသာ ဖြတ်သန်းတော့မယ် တဲ့။

ပြန်လည်ထူထောင်ရေးကာလတွေမှာ တို့ပြည်သူပြည်သားတွေ စိတ်ရော လူပါ တက်ညီ လက်ညီ ပြုပြင် ကြိုးစားကြလို့ အခုအချိန်မှာ အတော်အတန် တည်ငြိမ်လာခဲ့ရတာပါ။ ကြည့်ပါလား။ သတင်းစာထဲက လူတွေရဲ့ မျက်နှာမှာ ယောက်ယက်ခတ် ပူလောင်တာမျိုး မရှိ၊ အေးအေးချမ်းချမ်း ပြုံးပြုံးရွှင်ရွှင်နဲ့။ ကိုယ်တကယ် စိတ်ပါလို့ ပြုံးတဲ့ အပြုံးချိုချိုတွေနဲ့။

တိုင်းပြည်ထူထောင်ရေးမှာ ပညာရေးက နံပါတ် ၁ ဆိုတဲ့အတိုင်း တက္ကသိုလ်ကျောင်းကြီးတွေ လဲ အဆင့်တန်း မီမီ ဖွင့်နိုင်ပြီ။ ပညာသင်စားရိတ်ကို အခမဲ့ နီးပါး ဈေးချိုချို နဲ့ သင်ကြားနိုင်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကမ္ဘာ့တက္ကသိုလ်အသီးသီးမှာ ပညာသင်ခဲ့ကြတဲ့ မြန်မာ ပညာရှင်တွေ အကုန်လုံး ကိုယ့်ပြည်ကို ပြန်လာပြီး စေတနာအပြည့်နဲ့ စာသင်ကြတာလေ။

ဧရာဝတီတိုင်း မုန်တိုင်းသင့်ဒေသတွေကိုလည်း ပြည်တွင်း ပြည်ပ အကူအညီနဲ့ ကျောင်းတွေဆောက်၊ လမ်းတွေ ပြင်ကြ။ မြန်မာပြည်ရဲ့ ထမင်းအိုးကြီး ထမင်း ပြန်ချက်နေပြီ။ နာဂစ်က မိဘမဲ့ကလေးတွေတောင် အခမဲ့ တက္ကသိုလ်ကြီး မှာ ဘွဲ့လွန် တက်နေကြပြီဲ။

အခုဆို ဆေးရုံတွေမှာ ဆေးတွေ လုံလုံလောက်လောက်၊ ကုတင်နေရာ လုံလုံလောက်လောက် အသုံးပြု နိုင်ပြီ တဲ့။ လူတိုင်းလူတိုင်း ကျန်းမာရေးနဲ့ ပတ်သတ်ရင် အာမခံ ရှိတဲ့ ယူကေက ကျန်းမာရေးစနစ်ကို အတုယူပြီး တဆင့်ပြီး တဆင့် ပုံဖော် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားသေးတယ်။

ကိုယ်အရင်က သွားသွားနေခဲ့ရတဲ့ စာပေစိစစ်ရေးရုံးကြီးကို စာပေကင်ပေတိုင်ရုံးဆိုပြီး ပြတိုက် လုပ်လိုက်သတဲ့။ စာပေမလွတ်လပ်ခဲ့ရတဲ့ ကန္တာရနှစ်တွေကို အမှတ်ရပြီး ကိုယ်ရနေတဲ့ စာပေလွတ်လပ်ခွင့်ကို တန်ဖိုးထား လေးစားအောင်လို့ တဲ့။ အခုတော့ စာပေစိစစ်ရေး မရှိတော့လို့ လူတိုင်း လွတ်လွတ်လပ်လပ် ကိုယ့်အယူအ ဆကို ရေးသားဖော်ထုတ် နိုင်ကြတယ်လေ။ ပန်းတိုင်းပွင့်ကြပြီပေါ့။

လမ်းထောင့်တိုင်းမှာလဲ စာအုပ်ဆိုင်လေးတွေနဲ့လေ။ အင်တာနက် ကဖေးလေးတွေ ရှိပေမဲ့ လူတိုင်း အိမ်တိုင်း စေ့ အင်တာနက် ရှိနေပြီဆိုတော့ အပန်းဖြေချင်သူ၊ စကားပြောချင်သူ၊ ကော်ဖီသပ်သပ် သောက်ချင်သူများသာ ရှိနေတယ်။ မြို့နယ်တိုင်းမှာလဲ စာကြည့်တိုက်လေးတွေ ရှိသေးတယ်။ စာအုပ်အဟောင်းလေးတွေကို သပ်သပ် ရပ်ရပ် စနစ်တကျ ငှားဖတ်နိုင်ပါတယ်။ သမိုင်းအချက်အလက်ကို စာအနေနဲ့ရော၊ ရုပ်သံအနေနဲ့ရော ရှာလို့ရ သေးတာ။

နောင်လာမဲ့ အနှစ် နှစ်ဆယ် (၂)

ရန်ကုန်တမြို့လုံး ဖုံလုံးကြီး ထ နေသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထောက်လှမ်းရေးတွေ စွမ်းအားရှင်တွေရဲ့ ဆိုင်ကယ်တွေကထွက်တဲ့ ညစ်ညမ်းလေထု ကြောင့်ပါ။ ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ် လူပင်လယ်ကြီးရဲ့ မျက်နှာအားလုံးက တကယ်တော့ အတူတူပဲ။ အားလုံး တမျက်နှာတည်း။

မျှော်လင့်ချက်မဲ့ စိတ်ပျက် ၀မ်းဟာ ဒေါသထွက်။ လူတွေရဲ့ မျက်လုံးတွေက မွဲ၊ ပါးစပ်တွေ ပိတ်၊ ဆံပင် နီကြောင် လန် နဲ့။ ဒီနေ့ ရုံးမှာ မလောက်ငတဲ့ မိသားစု ၀မ်းရေးအတွက် အေးဓမြ တိုက်ခဲ့တဲ့ ငွေလေးကို ခါးပိုက်နှိုက် မှာစိုးလို့ တစမ်းတည်း စမ်းနေရတယ်။ ဘေးကကောင်ကိုလဲ မယုံရ၊ အားလုံးမှာ သံသယ အကြည့်တွေနဲ့။

တိုင်းပြည်မှာ လူငယ်ဆိုတာလဲ ကုန်ပြီ။ တနေ့တနေ့ ပတ်စ်ပို့ရုံးမှာ အလှူပေးနေသလား အောက်မေ့ရအောင် ပြည်ပထွက်ဖို့ တိုးဝှေ့နေကြတယ်။ ဘယ်လိုနည်းနဲ့ ထွက်ရ ထွက်ရ၊ တောင်းသမျှကို ခြစ်ခြစ်ချုပ်ချုပ်ပေမဲ့ မျက် စိမှိတ် ပေးပစ်လိုက်ကြတယ်။ ကျောင်းတွေကလဲ ပိတ်ထားတော့ ပညာရေး မလောက်မငနဲ့မို့ ပြည်ပမှာလဲ ရရာ အလုပ် လုပ်ရအုံးမယ်။ ကူလီမျိုးဟေ့ တို့ဗမာ ဆိုသလိုပေါ့။

လမ်းထောင့်တိုင်းမှာလဲ အနှိပ်ခန်းတွေ မှိုလိုပေါက်နေတယ်။ ဟိုး ဆိုင်းဘုတ်ဒ် အကြီးကြီးပေါ်က မြှူဆွယ်နေတဲ့ အနှိပ်ခန်းကြော်ငြာတဲ့ ကလေးမဟာ အ၀တ် ဆင်းရဲလွန်းတယ်။ တမြို့လုံး အဲဒီလို ဆိုင်းဘုတ်ဒ်တွေနဲ့ ပြည့်နေ တယ်။

လက်ဖက်ရည်ဆိုင်တွေအစား ဘီယာဆိုင်တွေ ညော်နံ့တလူလူနဲ့။ လောင်းကစား ဒိုင်ကြီးတွေဆိုတာ ခမ်းနားပါ ပေ့။ သူ့ဒိုင်မှာ လာလောင်းရင် စကဒ်တိုတိုနဲ့ ကောင်မလေးက ဘီယာတလုံး အလကား တိုက်သေးတယ်။

ချဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘော်လုံးပွဲ ကြိုက်တာလောင်းလို့ရတယ်။ မနက်ဖန် မိုးရွာမလား မရွာဘူးလားဆိုတာတောင် လောင်းလို့ရသေး။ ဒိုင်တွေက အကောင်ကြီးကြီးတွေရဲ့ သားတွေ ဖွင့်ထားတာမို့ ဖမ်းမှာ မပူရဘူး။ တရားဝင် လိုင်စင်ချထားတာလေ။

မနက်က ဈေးသွားတော့ ကန်စွန်းရွက်တစည်း တသောင်းဆိုလို့ မဆိုးဘူးဆိုပြီး ကိုင်ကြည့်တာ နွမ်းဖတ်နေပါ ရော လား။ ပိုက်ဆံကလဲ ထောင်တန်က အနိမ့်ဆုံး အရွက်ပဲ။ ငါးထောင်တန် တသောင်းတန် ကိုင်သုံးနေရပြီ။ သိန်းချီကိုင်မှ တနေ့ဈေးဖိုး ရမယ်။ တက်စီတခါ စီးလိုက်တာ ဟိုနား ဒီနား ၃သိန်း ဆိုပဲ။ ဘတ်စ်ကားခက ငါး သောင်းဆိုတော့ လူတွေ လှိမ့်တိုးနေတာပေါ့။

ဈေးတွေက ရော့ကက်လို တက်သလို ထောင်ဒဏ်တွေလဲ သူနဲ့အတူ လိုက်တက်တယ်။ ဒီမနက် သတင်းစာ ထဲမှာ နိုင်ငံတော်ကို အကြည်အညိုပျက်အောင် လုပ်မှုဆိုပြီး နဂါးနီ သီချင်းဖွင့်တဲ့လူကို ထောင်ချလိုက်တာ ၁၀၅ နှစ်တဲ့။ ဒါ ဘာဟုတ်သေးလို့လဲ။

၈လေးလုံး အနှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့တုန်းက အကျီ င်္အနက် ၀တ်လာမိတဲ့ အဒေါ်ကြီး တယောက်ကို စွမ်းအားရှင်တွေ ၀ိုင်းရိုက်လိုက်တာ မျော့မျော့ပဲ ကျန်သတဲ့။ သူ့မိသားစုပါ အကုန် ထောင်ချလိုက်တာ နှစ် ၁၃၀ စီတဲ့။ ထောင်တွေလဲ တိုးချဲ့ဆောက်လိုက်ကြတာ ရန်ကုန်တက္ကသိုလ်ရဲ့ တကသ အဆောက်အဦတောင် ထောင် လုပ်ထားရတယ်လေ။

လက်နက်တွေ ဗြောင် ရောင်းဝယ်လုပ်နေတဲ့ လူကြီးလဲ အခု ဘိန်းစက်ရုံပါ ရွှေပြည်သာ မှာ ထောင်လိုက်ပြီ။ မိန်းကလေးချည်းသာ အလုပ်ခန့်မည်လို့ ကြော်ငြာတာလဲ တွေ့လိုက်တယ်။ မန္တလေးနဲ့ တောင်ကြီးတွေမှာပါ စက်ရုံခွဲထောင်မယ် ဆိုပဲ။ စက်ရုံထောင်ခါစက ယူအန် နဲ့ ပြည်ပနိုင်ငံတွေက ကန့်ကွက်ကြောင်း ကြေငြာချက် တွေ ရေဒီယိုမှာ ကြားလိုက်သေးတယ်။

ဟိုတလောကတော့ အနှစ် လေးဆယ်ကျော် အုပ်ချုပ်လာတဲ့ အဖိုးကြီးလဲ အစားများလို့ ဗိုက်ပေါက်ထွက် သေ သွားပြီ။ အစိုးရရုံးတိုင်း အလံ တိုင်တ၀က်မဟုတ်ဘဲ အောက်ထိ ချရမယ် ဆိုလို့ မြန်မာပြည်အလံတွေ မြေပေါ်ပုံ နေတာ တွေ့ခဲ့ရသေးတယ်။

ဒါပေမဲ့ ဘာမှတော့ ထူးမသွားပါဘူးလေ။ လှုပ်ရှားတက်ကြွသူတွေကို ထောင်တွေချဲ့ပြီး ထည့်ထားတာ အပြင်မှာ လူမှ မကျန်ဘဲ။ တိုင်းပြည် အုပ်ချုပ်ဖို့ အဖိုးကြီး မြေးက ချက်ချင်းပဲ အာဏာလွှဲယူလိုက်တယ်။ ဆွေစဉ်မျိုးဆက် ဘုရင်တွေလို့ ဆိုတာကိုး။ သူတက်ပြီး နောက်တနေ့မှာပဲ သတင်းစာမှာ အမိန့်ကြေငြာချက် ပါလာတယ်။ သူတို့နဲ့စကားပြောရင် ဘုရား ထူးရမယ် ဆိုပဲလေ။

ကဲ ကိုယ်တွေးမိတဲ့ နောင်လာမဲ့ အနှစ် နှစ်ဆယ်တော့ ဗားရှင်း နှစ်မျိုး နဲ့ ရေးပြီးပါပြီ။ ပထမအပိုင်းကို မျှော်လင့်သူများအတွက်တော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်ဖို့ ဘယ်သူမပြု မိမိမှု လို့ ဆိုရမည်သာ။


မိုးချိုသင်း

ဆရာမ မိုးချိုသင်းဟာ ဆရာကြီးဦးတင်မိုးရဲ့သမီးပါ.. သူရဲ့ပြောင်မြောက်တဲ့ နှစ် ၂၀ ကို ယှဉ်ကြည့်ပြီး..ဘာတွေ သင်ဖြစ်ချင်ပါသလည်း...ကိုယ်ပိုင်တွေးတောပါ။
မိုးချိုသင်း Blog မှပါ။ http://moechothin.blogspot.com/2009/06/blog-post_04.html

ဆက်ဖတ်မယ်ဆိုရင်....

ကုလားမနိုင်ရခိုင်မဲ မဲနေသော နအဖ နှင့်  ခွေးမြီးစွဲတပ်

နအဖနှင့် ဒီကေဘီအေတပ်များ ဒုက္ခသည်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်
Saturday, 06 June 2009 21:33 ရိုးမ ၃
E-mail Print
နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက (KNLA) တပ်မဟာ (၇) နယ်မြေအတွင်းရှိ 'လယ်ပေါ်ဟဲ' ပြည်တွင်းဒုက္ခသည်စခန်းကို ယနေ့ နေ့လည်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိသည်။

ယနေ့ နေ့လည် (၁၁) နာရီ (၅၅) မိနစ်ခန့်မှ စတင်ကာ (၈၁) အမျိုးအစားလက်နက်၊ (၆၀ မမ) နှစ်လက်တို့ဖြင့် (၁၂) နာရီခွဲအချိန်ထိ ဆက်တိုက်ပစ်ခတ်နေပြီး အထိအခိုက်စာရင်းကို မသိရသေးကြောင်း တပ်မဟာ (၇) မှ ဗိုလ်ကြီးအဆင့်ရှိသူတဦးက အတည်ပြုပြောသည်။

“ထိခိုက်ဒဏ်ရာရတာ မကြားရသေးဘူး၊ ဒုက္ခသည် ၂၀၀၀ လောက်ကလဲ မနေ့ကလောက်ကတည်းက ထိုင်းဘက်ကို ရောက်နေပြီ၊ အဲဒီမှာ လူတွေမရှိတော့ဘူး၊ ကျနော်တို့ တပ်တွေကတော့ ကာကွယ်ပြီး ပစ်မှာဘဲ” ဟု ပြောသည်။

ယင်းကဲ့သို့ နအဖစစ်တပ် လက်အောက်ခံတပ်များနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များ ပစ်ခတ်မှုသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လက်နက်ကိုင်အင်အားစုများကို အပြီးပျက်ခြေမှုန်းသည့်သဘောဖြစ်ကြောင်း (KNLA) တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက သုံးသပ်ပြောဆိုသည်။

ယခုပစ်ခတ်မှုတွင် လက်နက်ကြီးများဖြင့်သာ အဝေးမှ လှမ်းပစ်ခြင်းဖြစ်ပြီး ကျည်အလုံး ၃၀ ခန့် ဒုက္ခသည်စခန်းထဲကို ကျရောက်ကြောင်း ၎င်းက ဆက်ပြောသည်။

“လက်ရှိအခြေအနေကတော့ ကျနော်တို့ နယ်မြေထဲကို ရန်သူဝင်လာရင်တော့ ကျနော်တို့ဘက်က ပြန်လည်ခုခံတိုက်ခိုက်မှာဖြစ်တယ်” ဟု ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

'လယ်ပေါ်ဟဲ' ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် ယမန်နေ့ကတည်းက ထိုင်းဘက်ခြမ်းသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး ထိုင်းအစိုးရအာဏာပိုင်များကလည်း နယ်စပ်တလျှောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

မိန်းမယုတ် စိန်ဖူးတော်တင်လိုက်သည့် ဘုရား ဤသို့  ကြိုင်ကြိုင်ပုံထွက်လာ

ဝိုးတ၀ါး ဓနုတ်ပုံရိပ် -- ၀င်းပေါ်မောင်
ဇွန် ၆၊ ၂၀၀၉ ၂၀၀၉ မေ ၃၀ ရက်နေ့က ပြိုကျသည့် ဓနုတ်စေတီ


ဓနုတ်စေတီ ပြိုကျသည့် သတင်း ထွက်ပေါ်လာသောအခါ ကြားရသူတိုင်း လှုပ်လှုပ် ရှားရှား ဖြစ်သွားခဲ့ကြပါသည်။

ဆက်ဖတ်မယ်ဆိုရင်....

လူကိုတိုက်လို့ ရချင်ရမယ် ရွာတွေမိးရှို့ လို့ရချင်ရမယ် စိတ်ဓါတ်တွေကို တော့

စစ်အစိုးရ၊ DKBA နှင့် KNU တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
Saturday, 06 June 2009 18:22 သန်းထိုက်ဦး


ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ထိန်းချုပ်ထားသည့် တပ်စခန်းများကို မြန်မာ စစ်အစိုးရ တပ်နှင့်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ယခုလဆန်း မှစတင်၍ တိုက်ပွဲများဆက်လက် ဆင်နွှဲနေရာ ယနေ့တွင် လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ကြောင်း သိရ သည်။

အဆိုပါ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံ ကရင်တိုင်းရင်းသားများမှာ စိုးရွံ့ထိတ်လန့်၍ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရာ ယနေ့အထိ လူဦးရေ ၂၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ကရင်လူငယ်အစည်း အရုံး (KYO) ဥက္ကဌ စောလှထွန်းက ပြောသည်။

ပုံစာ။ ။ ကရင်ပြည်နယ်တနေရာမှ လက်နက်ကိုယ်စီဖြင့် တွေ့ရသော KNU တပ်သားတချို့ (ဓာတ်ပုံ - Getty Images)
ယင်း ကရင်ဒုက္ခသည်အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးရောက်ရှိ လာကြောင်းလည်း သိရှိရသည်။

“အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေ ဆက်ထွက်လာနိုင်သေးတယ်”ဟု စောလှထွန်းက ဧရာဝတီသို့ ပြောသည်။

၎င်း ကရင်ဒုက္ခသည်များ၏ စားသောက် နေထိုင်ရေးအခက်အခဲများအတွက် ကရင်ဒုက္ခသည်များ ကော်မတီ (KRC) မှ တဆင့် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိဖြစ်ပွားနေသည့် KNLA တပ်မဟာ(၇) ထိန်းချုပ်ထားသည့် တပ်စခန်းများကို မြန်မာ စစ်အစိုးရတပ်နှင့် DKBA ပူးပေါင်း တပ်များ၏ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဒု ဥက္ကဌ စောဒေးဗစ် တာကပေါက KNU ကို အပြီးသတ် ထိုးစစ်ဆင်နေခြင်း ဟုတ်မဟုတ် စောင့်ကြည့်ရမည်ဖြစ် သည်ဟု ပြောဆိုသည်။

စောဒေးဗစ်တာကပေါက“ အခုလက်နက်ကြီးတော်တော်သုံးတယ် လို့ကြားတယ်၊ မသေချာသေးဘူး၊ ဆိုတော့ ဒီဟာက တိုက်ပွဲသေးလား တိုက်ပွဲကြီးလား ထိုးစစ်ကလေးလာ ထိုးစစ်ကြီးလားတော့ မသိသေးဘူး၊ စောင့်ကြည့် နေတုန်းပဲ၊ စဖြစ်တာကတော့ DKBA က ရွာတွေမှာ စစ်သားလိုက်စုတယ်၊ စစ်သားလိုက်စုတဲ့အခါ ရွာသားတွေက ထွက်ပြေးလာတယ်၊ ထွက်ပြေးလာတဲ့အခါ KNU တပ်တွေကစောင့်ရှောက်တော့ တိုက်ပွဲဖြစ်တယ်”ဟု ပြော သည်။

၎င်း DKBA တပ်ဖွဲ့သည် ပြီးခဲ့သည့် မေလ အတွင်းမှ စတင်၍ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးအတွက် မွန်ပြည် နယ် သထုံနှင့် ကရင်ပြည်နယ် ဘားအံ ခရိုင် အတွင်းရှိ ဒေသခံများကို တပ်သားသစ်များအဖြစ် အဓမ္မ စုဆောင်း မှုများ ပြုလုပ်ကြောင်း ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေးကော်မတီ (CIDKP) ၏ ပြောဆို ချက်အရသိရသည်။

မြန်မာစစ်အစိုးရ တပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့်DKBA (၉၉၉) တပ်ဖွဲ့ဝင်များသည် တပ်မဟာ(၇) ဌာန ချုပ်အနီးတွင် ဇွန်လဆန်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့အထိဆက်လက် ဖြစ်ပွားနေသည်။
ယင်း နှစ်ဘက် တိုက်ပွဲများကြောင့် အကျအဆုံး မည်မျှရှိသည်ကိုမူ မသိရှိရသေးပေ။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

န အ ဖ ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမယ့် လက်ဆိုတာ

စစ်အစိုးရ၏ ထိုးစစ်ကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထွက်ပြေးလာဟု KNU က ပြော
ကိုဝိုင်း
စနေနေ့၊ ဇွန်လ 06 2009 20:52 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အပေါ် လတ်တလော ထိုးစစ်ဆင်နေမှုကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ပိုမို ရောက်ရှိလာနေသည်ဟု ကရင်အမျိးသား အစည်းအရုံးက ပြောဆိုလိုက်သည်။


“လူဦးရေကတော့ ၄၀၀၀ ဝန်းကျင်လောက်တော့ ရှိမယ်ပြောတယ်။ လေးနေရာလောက်မှာ ပျံ့နှံ့ပြီးနေကြတယ် ပြောတယ်။ အဲဒီဂွင် အားလုံးက ထွက်ပြေးလာတဲ့ လူဦးရေပဲလေ။ လယ့်ဘော်ဟဲက လူတွေကတော့ ထိုင်းဘက်ကမ်းကို ထွက်ကုန်ပြီ။ နီးစပ်ရာ ဆွေမျိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ တချို့ နေလို့ထိုင်လို့ရမယ့်နေရာမျိုးမှာ ဒေသခံလူထုနဲ့၊ TBBC တို့၊ ထိုင်းက ဆေးအဖွဲ့တို့၊ တခြားလူမှုရေးအသင်းအဖွဲ့တွေ က အဲဒီမှာ သွားပြီး နေရာချထားပေး၊ ကူညီပေးနေတယ်ပြောတာပဲ” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက မဇ္ဈိမသို့ ပြောသည်။

KNLA ၏ တပ်မဟာ (၇) - ဘားအံခရိုင် ပိုင်ကျုံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းမှ ဒေသခံများသာမက ‘လယ့်ဘော်ဟဲ’ ပြည်တွင်း ဒုက္ခသည် စခန်းမှလည်း ထွက်လာကြသူများ ဖြစ်ပြီး လူဦးရေ (၄၀၀၀) ခန့်ရှိကြောင်း KNLA ၏ နိုင်ငံရေးဦးဆောင် အဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

စစ်ပြေးဒုက္ခသည်များ ရောက်ရှိနေသည့် နေရာသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်း မြို့နယ် အတွင်း၌ ဖြစ်ကြောင်း သိရသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တာဝန်ရှိသူ တဦးကလည်း ၎င်းတို့အဖွဲ့မှ ကွင်းဆင်း လေ့လာသူများနှင့် ဆက်သွယ်၍ မရသေးသဖြင့် နောက်ဆုံးသတင်းကို အတိအကျ မသိရသေးသော်လည်း ‘လယ့်ဘော်ဟဲ’ ပြည်တွင်း ဒုက္ခသည် စခန်းနေသူ လူဦးရေ ၁၂၀၀ ကျော် ရှိနေသည်ဟု ဆိုသည်။

KHRG ကပင် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် (၇၀၀) ကျော် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သေးသည်။

KNLA တပ်မဟာ (၇) ၏ ဘားအံခရိုင် ဒေသကို စစ်အစိုးရ တပ်များနှင့်အတူ အပစ်ရပ်ဆဲထားသော DKBA ၏ တပ်မဟာ ၉၉၉၊ ၃၃၃ နှင့် ၅၅၅ တို့၏ ပူးတွဲစစ်ကြောင်းနှင့် KNLA တပ်များအကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေခဲ့သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN