Saturday, July 25, 2009

အနုမြူ လက်နက်နှင့် နအဖ လှိုဏ်ခေါင်း

စစ်အတွေးအခေါ်- အနုမြူ လက်နက်နှင့် နအဖ လှိုဏ်ခေါင်း စစ်ပွဲသဏ္ဌာန်ソース: Welcome to the Mizzima News - Burmese Version thant.aung@gmail.com (ဘိုဘိုကျော်ငြိမ်း) 09/07/24
မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်အုပ်စိုးတဲ့ နိုင်ငံဖြစ်တဲ့အတွက် နှစ်စဉ်ကျင်းပတဲ့ တပ်မှူးများ ညီလာခံဟာ အရေးပါတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လမှာ ကျင်းပတဲ့ တပ်မတော် အစည်းအဝေးမှာ ...
စစ်အတွေးအခေါ်- အနုမြူ လက်နက်နှင့် နအဖ လှိုဏ်ခေါင်း စစ်ပွဲသဏ္ဌာန်

နိုင်ငံတနိုင်ငံရဲ့ စစ်တပ်တခု ဖွဲ့စည်းပုံ၊ ဗျူဟာချပုံ၊ ပုံဖော်တွေအားလုံးဟာ စစ်ရေးအတွေးအခေါ် Military Doctrine အပေါ် မူတည်ပါတယ်။ ဂျပန်တော်လှန်ရေးစစ် (၁၉၃၇-၁၉၄၅) ခုနှစ်က အတွေ့အကြုံပေါ် မူတည်ပြီး တရုတ်တပ်နီတော်ဟာ မော်စီတုံးရဲ့ ပြည်သူ့စစ်ပွဲ အတွေးအခေါ် People’s War Doctrine ကို လက်ခံကျင့်သုံးခဲ့တယ်။ ဒီအတွေးအခေါ်ရဲ့ အခြေခံက ရန်သူကို ကျယ်ပြန့်တဲ့ တရုတ်ပြည်ကြီးရဲ့ သဘာဝ အနေအထားနဲ့ ကြီးမားတဲ့လူဦးရေ အားသာမှုကို အခွင့်ကောင်းယူပြီး ပြောက်ကျားစစ်နဲ့ အနိုင်ယူမယ်ဆိုတဲ့ အတွေးအခေါ် ဖြစ်တယ်။

မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်အုပ်စိုးတဲ့ နိုင်ငံဖြစ်တဲ့အတွက် နှစ်စဉ်ကျင်းပတဲ့ တပ်မှူးများ ညီလာခံဟာ အရေးပါတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လမှာ ကျင်းပတဲ့ တပ်မတော် အစည်းအဝေးမှာ ထိုအချိန်က ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် စန်းယုက တပ်မတော်စစ်ရေး အတွေးအခေါ်သစ် New Military Doctrine ကို လိုအပ်ရင် ရှာဖွေသင့်ပြီလို့ တင်ပြလာပါတယ်။ ဒုစစ်ဦးစီချုပ် (ရေ) ဗိုလ်မှူးချုပ် သောင်းတင် ဦးစီးတင်ပြတာမှာ သောင်းကျန်းသူတိုက်ဖျက်ရေး နည်းလမ်းနဲ့ ဗျူဟာ People Militia (အရပ်သားစစ်သည်) များကို သင်တန်းပေးရေးနဲ့ ပညာပေးရေးတို့ ပါဝင်ပါတယ်။ ဒီဆွေးနွေးမှုမှာ သောင်းကျန်းသူ နှိမ်နှင်းရေးနဲ့ ပြည်ပကျူးကျော်မှု (အကယ်၍ အင်ဒိုချိုင်းနား စစ်ပွဲပြိုခဲ့သော်) တို့ ဖြစ်တယ်။ ဒုဗိုလ်မှူးကြီး သူရထွန်းတင်နဲ့ အဖွဲ့ကို နိုင်ငံခြားသို့ စေလွှတ်လေ့လာစေခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှစပြီး “ပြည်သူ့စစ်” (People’s War) ကို တပ်မတော်ရဲ့ စစ်ရေးအတွေးအခေါ် Military Doctrine အဖြစ်ခံယူခဲ့ပါတယ်။

ဒီပြည်သူ့စစ် စစ်အတွေးအခေါ်ရဲ့ သောင်းကျန်းသူ ဆန့်ကျင်ရေး၊ စစ်ဆင်ရေးအပိုင်းကို ၁၉၆၆ ခု ဇန္နဝါရီလကနေ မတ်လအထိ ဗကပ တို့ရဲ့ မြစ်ဖျားခံဒေသတိုင်းမှာ စမ်းသပ်ခဲ့ပါတယ်။ ၁၉၆၈ ခု တပ်မတော် အစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့တာကတော့ ပြည်သူ့စစ် အတွေးအခေါ်နဲ့ ဆက်စပ်နေတဲ့ ဖြတ် ၄ ဖြတ် ဗျူဟာပါပဲ။ တပ်မတော်ဟာ အောက်မြန်မာပြည်နဲ့ မြန်မာပြည်အလယ်ပိုင်းမှာ ဖြတ် ၄ ဖြတ်နည်းကို သုံးခဲ့ပေမယ့် အနောက်မြောက်ဒေသမှာတော့ တရုတ်ကွန်မြူနစ်တို့ရဲ့ ထောက်ပံ့မှုကြောင့် ရွှေ့ပြောင်းတိုက်ခိုက်တဲ့ သမရိုးကျစစ် (Mobile Convention) နဲ့ ပြောက်ကျားစစ်ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ လေပေါ်ကနေ ဗုံးကြဲမှု၊ လေကြောင်း ကာကွယ်မှု၊ အမြောက်နဲ့ပစ်ပြီး ကာကွယ်မှုတို့အပြင် ကတုတ်ကျင်းတိုက်ပွဲ (Trench Warfare) ဟာ စစ်ဗျူဟာရဲ့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော် လက်ခံခဲ့တဲ့ People’s War လို့ခေါ်တဲ့ ”ပြည်သူ့စစ်” နဲ့ နိုင်ငံခြားကျူးကျော်မှုကို ရင်ဆိုင်ဖို့ ပြောက်ကျားစစ်ပွဲနဲ့ ပြည်တွင်းစစ်အတွက် တန်ပြန်သူပုန် ဗျူဟာစစ်ဆင်ရေးတို့ဟာ ထုသုံးထု (Three Masses)၊ လူထု၊ အချိန်နဲ့ နယ်ပယ် Population, Time and Space နဲ့ “ပမာဏလေးရပ်“ (Four Strengths) လူထုအင်အား၊ ပစ္စည်းအား အချိန်နဲ့ စိတ်ဓာတ် Manpower, Material, Time and Morale တို့အပေါ် အခြေခံပါတယ်။

(မှတ်ချက် - ကျနော် မကြာခဏ ရေးပြခဲ့တဲ့ အတိုက်အခံတွေကို ချေမှုန်းတဲ့နေရာမှာ Time and Space အချိန်နဲ့ နိုင်ငံရေး လှုပ်ရှားမှု နယ်ပယ် - Political Space တို့ကို ဗျူဟာအဖြစ် အသုံးပြုတယ်ဆိုတာကို သတိရစေလိုပါတယ်။ စစ်ဗိုလ်ဆိုတာ စစ်တွေး တွေးကြတာပါပဲ။)

ဒါပေမဲ့ ဒီစစ်အတွေးအခေါ်ကို ချမှတ်တဲ့ အဲဒီကာလက နိုင်ငံခြားကနေ ကျူးကျော်မှုကို ခုခံကာကွယ်ရာမှာ ဗျူဟာကျကျ ငြင်းဆိုမှု Strategic denialနဲ့ တန်ပြန်ထိုးစစ်ဆင်နိုင်မှု - counter-offensive Capability တို့ကို ဖော်ထုတ်ထားခြင်း မရှိခဲ့သေးပါဘူး။

နောက်တဆင့် စစ်ရေးအတွေးအခေါ်ကို ဖော်ထုတ်ခြင်း

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး စစ်ကောင်စီ (နဝတ) ကို ဖွဲ့စည်းအပြီး မကြာခင်မှာ စစ်ခေါင်းဆောင်တွေဟာ လက်ရှိစစ်အတွေးအခေါ်နဲ့ ဗျူဟာကို ပြန်လည်သုံးသပ်ပြီး စစ်တပ်ကို ခေတ်မီအောင် လက်နက်တပ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီအတွေးအခေါ်ဟာ နိုင်ငံခြားကျူးကျော်မှု သို့မဟုတ် တဆင့်ခံ ကျူးကျော်မှုကို စိုးရိမ်ပူပန်မှုကြောင့်ပါ။ ၈၈၈၈ အရေးတော်ပုံကြီးအတွင်းမှာ မြန်မာ့ရေပိုင်နက်အတွင်းမှာ အမေရိကန် ရေတပ်သဘောင်္တွေ ရောက်ရှိနေတာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို စော်ကားခြင်းလို့ စစ်ဗိုလ်တွေက ယူဆကြပါသည်တဲ့။ ဒါ့အပြင် စစ်အစိုးရဟာ နယ်ခြားဒေသမှာရှိတဲ့ သူပုန်တွေကို နိုင်ငံခြား အင်အားကြီး နိုင်ငံတွေက အင်အားပြည့်အောင် ထူထောင်ပေးပြီး ရန်ကုန်မှာရှိတဲ့ စစ်အစိုးရသစ်ကို ယှဉ်ပြိုင်ခိုင်းနိုင်တာကိုလည်း စိုးရိမ်ပူပန်ကြပါတယ်တဲ့။ ဒါ့အပြင် ၈၈၈၈ အရေးတော်ပုံကြီးအပြီးနဲ့ စစ်တပ်ကနေ အာဏာသိမ်းအပြီး ပေါ်ပေါက်ပြန့်နှံ့လာတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက နိုင်ငံခြားအကူယူပြီး နိုင်ငံခြားကနေ ဝင်ရောက်စွက်ဖက်ခြင်းသော်၎င်း၊ ဝင်ရောက်သိမ်းပိုက်ခြင်းဖြင့် စစ်အစိုးရ မတည်ငြိမ်ရန်သော်၎င်း၊ ပြုတ်ကျရန်အတွက်သော်၎င်း ကြိုးစားအားထုတ်နေကြတယ်လို့ စစ်အစိုးရက ယုံကြည်နေကြပါတယ်တဲ့။ ဒီဖြစ်နိုင်စရာ၊ ထင်စရာ အန္တရာယ်တွေကြောင့် စစ်ဗိုလ်ချုပ်တွေဟာ Siege mentality အဝိုင်းခံရနေကြရသလို ခံစားရတယ်လို့ ဆိုပါတယ်။

ဒီလို စစ်ဗိုလ်ချုပ်တွေရဲ့ ခေါင်းထဲမှာ ပြည်ပကနေ ဝင်ရောက်ကျူးကျော်နိုင်တဲ့ အန္တရာယ် ကြီးမားလာတာနဲ့အမျှ နဝတ စစ်ခေါင်းဆောင်တွေဟာ တပ်မတော်ကို ခေတ်မီတဲ့ စစ်လက်နက်တွေ တပ်ဆင်ရုံသာမက စစ်အတွေးအခေါ် Military Doctrine ကိုပါ ခေတ်မီတိုးတက်လာအောင် ထပ်ဆင့်ဖြည့်စွက်စေပါတယ်တဲ့။ ဒီစိတ်ဓာတ်ကြောင့် ၁၉၈၉-၁၉၉ဝ ခုနှစ်တွေမှာ လေယာဉ်ပစ် အမြောက်တွေနဲ့ တင့်ကားအစီး ၆ဝ ကို ဝယ်ယူခဲ့ပါတယ်။ ထိပ်တန်း စစ်ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်မှာလည်း မော်စီတုံးရဲ့ မဟာဗျူဟာ တွေးခေါ်နည်းတွေဟာလည်း လွှမ်းမိုးလျက် ရှိပါတယ်။ မြန်မာလို ဘာသာပြန်ထားတဲ့ မော်စီတုံးရဲ့ လက်ရွေးစင် စစ်အကြောင်း ရေးသားချက်တွေနဲ့အတူ လင်ပြောင်ရဲ့ ပြည်သူ့စစ် People’s War နဲ့ ချေဂွေဗာရားရဲ့ ပြောက်ကျားစစ်ပွဲတို့ဟာ ၁၉၆ဝ နဲ့ ၁၉၇ဝ ခုနှစ်တွေအတွင်းက မဆလစစ်ဗိုလ်တွေအတွင်း အဖတ်အများဆုံး စာအုပ်တွေ ဖြစ်ကြပါတယ်။

၁၉၉၅ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ်အတွင်း တပ်မတော်က ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေး လေ့ကျင်ခန်းကို ကျင်းပခဲ့ပြီး ၁၉၉၈ ခုနှစ်လောက်မှာတော့ စစ်ရေးအတွေးအခေါ်ဖြစ်တဲ့ “ပြည်သူ့စစ်“ People’s War ကတဆင့် တိုးတက်တဲ့ စစ်အတွေးအခေါ်ကို ဗိုလ်ချုပ်သန်းရွှေက “ခေတ်သစ်အခြေအနေအောက်ရှိ ပြည်သူ့စစ်“ People’s War Under Modern Condition လို့ တရားဝင် ခင်ပွန်းတပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအတွေးအခေါ်နဲ့ နာမည်ကိုယ်တိုင်က တရုတ်တွေဆီကနေ ဗြောင်ခိုးချထားတာ ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ အရင်က ပြည်သူ့စစ်မှာ မပါခဲ့တဲ့ ရန်သူကို ဗျူဟာကျကျ ငြင်းပယ်ခြင်း Strategic Denial နဲ့ Counter Offensive Capabilities လို့ ခေါ်တဲ့ တန်ပြန်ထိုးစစ်၊ ဒီ ၂ ပိုင်းကို ထပ်ဖြည့်ထားခြင်းပင် ဖြစ်တယ်။ လူဗိန်းစကားနဲ့ပြောရရင် စစ်တပ်က ကျူးကျော်လာတဲ့ နိုင်ငံခြားစစ်တပ်ကို ပမာဏတိုက်ပွဲတွေမှာ မထိန်းထားနိုင်ခဲ့ရင် ရပ်ရွာမြို့နယ်တိုင်းနဲ့ တပြည်လုံး အတိုင်းအတာအလိုက် တော်လှန်ရေး တပ်ဖွဲ့တွေဖွဲ့ပြီး တော်လှန်ပြီး ရန်သူကို အထိနာစေပါမယ်။ ဒီလိုနဲ့ ရန်သူရဲ့ စိတ်ဓာတ်ကို အထိနာစေပြီး ရန်သူ ခြေကုန်လက်ပန်းကျလို့ ကစဥ့်ကလျားဖြစ်မှ လိုအပ်တဲ့ (အင်အား) ကို စုပြီး တန်ပြန်ထိုးစစ်ကို ဆင်နွဲလို့ ရန်သူကို အမိနိုင်ငံမြေကနေ မောင်းထုတ်ဖို့ အစီအစဉ် အတွေးအခေါ်ဖြစ်တယ်။

အတိုချုပ်ပြောရရင် အရင်က ပြည်တွင်းစစ်နဲ့ ပြည်တွင်းသူပုန်တို့ကိုပဲ အသားပေးခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ အခုအချိန်မှာ ပြည်ပရန်သူ (မှတ်ချက် - အမေရိကန်လို့ သဘောပေါက်ပါ - စာရေးသူ) ကို ပိုအရေးပေးလာပြီး တရုတ်တို့ရဲ့ စစ်ရေးအတွေးအခေါ်ကို တိုက်ရိုက်ခိုးယူပြီး ပြည်ပရန်သူကို ပထမတင်းခံထား၊ တန်ပြန်ထိုးစစ်နဲ့ အနိုင်ယူမယ်ဆိုတဲ့ စစ်ရေးအတွေးအခေါ် ဖြစ်ပါတယ်။ ဒီအတွေးအခေါ်မှာ ရန်သူရဲ့ စိတ်ဓာတ်ကို ပြောက်ကျား စစ်ဆင်ရေးနဲ့ တိုက်ဖျက်ပြီး ခုခံဖို့ ဖြစ်ပါတယ်။

ရှုပ်ထွေးကုန်မှာစိုးလို့ အသေးစိတ်ကို တင်ပြထားခြင်း မရှိပါ။

ဒီအတွေးအခေါ်ကို စိတ်ဝင်စားသူတွေ ရှိခဲ့ရင် ၂ဝဝ၉ ခုနှစ် ပထမပိုင်းက ထုတ်ဝေခဲ့တဲ့ မောင်အောင်မျိုး (Ph.D) ရဲ့ Buliding the Tatmadaw, Myanmar Armed Forces Since 1948 ကို ဖတ်ရှုသင့်ပါတယ်။ မောင်အောင်မျိုးဟာ Australia National University (ANU) ကနေ Ph.D ဘွဲ့ကို ရခဲ့ပြီး မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်တွေကို မွေးထုတ်ပေးနေတဲ့ Nation Defense College မှာ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒေါက်တာမောင်အောင်မျိုးဟာ တခါတရံ မသိမသာ မြန်မာ့တပ်မတော်ကို ဖေးဖေးမမ တင်ပို့လေ့ရှိပေမယ့် ပညာရှင်သက်သက် မျက်စိနဲ့ကြည့်ရင် စာပေပညာရှင် (Academic) တွေကြားမှာ မြန်မာ့တပ်မတော် အကြောင်းကို အသိဆုံးမှာ ဒေါက်တာ မောင်အောင်မျိုးလို့ ဆိုရပါမယ်။ အကြောင်းမှာ အတွင်းသိဖြစ်လို့ပါ။ စာရေးသူရဲ့ အမြင်မှာ သူသိသမျှ မရေးရဲလို့ အပြစ်မရောက်ရုံသာ ရေးနိုင်ခြင်းလို့ ယူဆပါတယ်။ မြန်မာ့တပ်မတော်အကြောင်း စိတ်ဝင်စားပါရင် သူ့ရဲ့ ရေးသားချက်တွေကို ဖတ်သင့်တယ်။ ANU ကနေ ထုတ်တဲ့ သူ့ရေးသားချက်တွေ ရှိပါသေးတယ်။ လက်တွေ့ရှုထောင့်ကနေ ကြည့်ရင်တော့ ဦးအောင်ကျော်ဇောဟာ ကိုယ်တိုင် စစ်တိုက်လာသူ ဖြစ်ရုံမက နယ်စပ်မှာရှိတဲ့ တပ်ဖွဲ့တွေ အကြောင်းကို ကောင်းကောင်းသိရှိသူပါ။ ဒါ့အပြင် တရုတ်ရေးရာကို ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဤပုဂ္ဂိုလ် ၂ ဦးထံမှ စာတွေ့လက်တွေ့ ရှုထောင့် ၂ ခုစလုံးကနေ ကြည့်ရှုလေ့လာသင့်တယ်လို့ ထင်လို့ပါ။

စစ်ဗိုလ်ချုပ်တွေဆီကနေ ခွင့်ပြုချက် မရလို့လား။ စိုးရိမ်စိတ်ကြောင့်လား မသိ၊ မောင်အောင်မျိုး မရေးခဲ့တာလေးတွေ ရှိပါသေးတယ်။ ဥပမာ - စစ်ဗိုလ်ချုပ်တွေရဲ့ အနုမြူစီမံကိန်းနဲ့ အဝေးပစ် ဒုံးပျံပညာ ရှာဖွေစုဆောင်းခြင်းတို့ကို လုံးဝ ချန်လှပ်ခဲ့ပါတယ်။

ပထမ အီရတ်စစ်မှာ အီရတ်က ကူဝိတ်ကို သိမ်းပြီး၊ နောက်တဆင့် ဆော်ဒီအာရေးဗီးယားကို သိမ်းနိုင်တာကြောင့်၊ ဆော်ဒီကို ကာကွယ်ဖို့ အမေရိကန်မှာ ၂ နိုင်ငံ နားလည်မှုအရ တာဝန်ရှိတာကြောင့် အီရတ်ကို ကူဝိတ်က မောင်းထုတ်ဖို့ အမေရိကန်က ဝင်တိုက်ခဲ့ရတယ်။ ပထမဘုရှ် (၄၁) က အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားမို့ ဆဒမ်ကိုဖြုတ်ချဖို့ မကြိုးစားခဲ့ဘူး။ ဒါ အမေရိကန်ရဲ့ တာဝန်မဟုတ်ပါ။

ဒါထက် ပိုအရေးကြီးတာက အမေရိကန်ဟာ ကမ္ဘာ့အင်အားကြီးဆုံးနဲ့ အနုမြူဗုံးပိုင်ဆိုင်တဲ့ နိုင်ငံ။ ဒါကြောင့် လက်နက်အားကိုးနဲ့ ဗိုလ်ကျတဲ့ အမှု အထူးသဖြင့် အနုမြူလက်နက် ထုတ်နိုင်စွမ်းရှိတဲ့ နိုင်ငံတွေကို ဗိုလ်မကျရပါ။

အတွေ့အကြုံအားနည်းတဲ့ ဒုတိယဘုရှ် (၄၃) လက်ထပ်မှာ အလေးအနက် စဉ်းစားခြင်းမရှိဘဲ အီရတ်ကို ဒုတိယအကြိမ် ဝင်တိုက်ခဲ့ပါတယ်။ ဒီကျူးကျော်မှုကို တရားဝင်မှုရှိအောင် Pre-emptive Doctrine ဆိုတဲ့ Weapon of Mass Destruction လို့ ခေါ်တဲ့ လူအများကို သေကြေစေနိုင်တဲ့ အနုမြူလက်နက်နဲ့ ဓာတုလက်နက်တို့၊ အစွန်းရောက် အကြမ်းဖက်သမားအင်အားစုတွေဆီ မကျရောက်စေရေးအတွက် ကြိုတင်ကာကွယ်စစ်ကို ဆင်နွှဲနိုင်တယ်ဆိုတဲ့ အတွေးအခေါ် Doctrine ကို ချမှတ်ခဲ့ပါတယ်။ တချိန်ထဲမှာ မြောက်ကိုရီးယားက အမေရိကန်ရဲ့ စစ်ရေးဗိုလ်ကျမှုရန်ကနေ ကာကွယ်ဖို့ဆိုပြီး အနုမြူဗုံး ထုတ်လုပ်နိုင်ရေးကို အားသွန်ဆောင်ရွက်ခဲ့ပါတယ်။

မြောက်ကိုရီယားနိုင်ငံမှာ စစ်သားဦးရေ သန်းနဲ့ချီပြီး အင်အားရှိတဲ့ စစ်တပ်ရှိတယ်။ အနုမြူနည်းပညာတွေကို နားလည်ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်က စကားပြောတာကလွဲလို့ ဘာမှ အရေးမယူနိုင်ဘူး။ ဒါကြောင့် အမေရိကန်နဲ့ မသင့်မြတ်တဲ့ နိုင်ငံတွေရဲ့ အမြင်မှာ အမေရိကန် စစ်ရန်က ကင်းဖို့ အနုမြူလက်နက်ရှိမှ ဖြစ်မယ်ဆိုတဲ့ အမြင်ရလာတာကြောင့် အီရန်ကလည်း အနုမြူဗုံးရဖို့ အားသွန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိတယ်။

ဒါဟာ ဘုရှ် (၄၃) ရဲ့ ပေါ်လစီရဲ့ အကျိုးသက်ရောက်မှုပဲ။ ဒီအခြေအနေမှာ သဘာဝဓာတ်ငွေ့က ရလာတဲ့ ‘ငွေ’ တွေနဲ့ ရွှင်မြူးနေတဲ့ နအဖ စစ်အစိုးရဟာလည်း အနုမြူပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်ရေးအတွက် စိတ်ကူးယဉ်လာပါတယ်။

တကယ်တော့ အနုမြူလက်နက် ထုတ်ဖို့ဆိုတာ ထင်သလောက်၊ ပြောသလောက် မလွယ်ကူလှပါ။

အနုမြူရူပဗေဒ ပညာရှင် Nuclear Physicists တွေ လိုအပ်သလို ပိုအရေးကြီးတာက နျူကလီးယား အင်ဂျင်နီယာတွေ လိုအပ်ပါတယ်။ နျူကလီးယား လက်နက်ထုတ်ဖို့ Uranium ယူယေနီယံနဲ့ Plutonium ပလူတိုနီယံတို့ကို သန့်စင်စေရပါတယ်။ Plutonium က သိပ်မတည်ငြိမ်လှတဲ့အတွက် Uranium ကို အသုံးများကြပါတယ်။ Uranium ကို သန့်စင်ရာမှာ U235 လို့ ခေါ်တဲ့ ယူရေနီယံ အိုက်ဆိုတုပ် Uranium Isotope ဟာ ၉ဝ ရာခိုင်နှုန်းကျော် သန့်စင်မှ ဗုံးကို ထုတ်လုပ်လို့ရပါတယ်။ Uranium ကို သန့်စင်ရာမှာ ၂၆ဝဝ ဒီဂရီအထိ အပူပေးပြီး Centrifugal Force လို့ ခေါ်တဲ့ လည်ပတ်ရင်းက ရလာတဲ့ စွမ်းအားနဲ့ Mass ကိုမှီပြီး သန့်စင်တဲ့ Uranium ကို ခွဲထုတ်ကြရပါတယ်။ ဒီ Process လုပ်ငန်းစဉ်က မလွယ်ကူပါ။ ဒီသန့်စင်တဲ့စက် Centrifuge ပေါင်း ထောင်ချီလို့ ဆက်စပ်တည်ဆောက်ရပါတယ်။ ဒီစက်ကိရိယာတွေ အပူလွန်လာတဲ့ ပြဿနာကို အီရန်က ရင်ဆိုင်နေရလို့ သူတို့ရဲ့ နျူကလီးယား အစီအစဉ်ကို နှစ်နဲ့ချီပြီး နောက်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

အခုမှ နျူကလီးယားပညာကို စလုံးရေစကနေ သင်နေတဲ့ မြန်မာစစ်ဗိုလ်တွေ ဒီပညာကို ကျွမ်းကျင်တတ်မြောက် ကျော်လွှားဖို့ ကံကောင်းရင်အနည်းဆုံး အနှစ် ၂ဝ ကြာပါမယ်။ ကိုရီးယားက ကွန်မြူနစ်အာဏာရှင် ကင်အီစွန်းဟာ အမေရိကန်က ဂျပန်ကို အနုမြူဗုံးကြဲပြီးကတည်းက စိတ်ဝင်စားကာ အနုမြူပညာရရှိရေးကို ကြိုးစားခဲ့ပါတယ်။ အနှစ် ၆ဝ ကျော်မှ အနုမြူဗုံးကို အောင်မြင်အောင် ဖောက်ခွဲနိုင်ခဲ့ကြတာပါ။

အနုမြူဗုံးဆိုတာ ဖောက်ခွဲပြီးရုံနဲ့ မပြီးပါ။ Delivery System လို့ ခေါ်တဲ့ အနုမြူဗုံးကို သယ်ဆောင်မယ့် လက်နက်လိုအပ်ပါတယ်။ ဒါ့အပြင် ဗုံးကို ဒုံးပျံထိပ်ဖူးမှာ တပ်ဆင်နိုင်ဖို့ “ကျုံ့” တဲ့ ပညာ Minimize လုပ်တတ်ဖို့ လိုပါတယ်။ မြောက်ကိုရီးယားက ဒုံးပျံပညာမှာ တတ်ကျွမ်းတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် သန့်စင်ရာမှာ အခက်တွေ့တဲ့ ကိုရီးယားနဲ့ ပါကစ္စတန်တို့ ပညာအလဲအလှယ် လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ရဲ့ အနုမြူဗုံး ဖခင်ဟာ Metallurgist သတ္တုဗေဒပညာရှင်ဖြစ်ပြီး၊ ဥရောပမှာ အလုပ်လုပ်ရင်း Centrifuge သန့်စင်တဲ့ စက်နဲ့ ပညာကို ကောင်းကောင်း တတ်ကျွမ်းလာတဲ့ ပညာရှင်ဖြစ်တာကိုး။

အနုမြူဗုံး ပိုင်ဆိုင်လိုတဲ့ နအဖ စစ်ဗိုလ်ချုပ်တွေဟာ ဗုံးသယ်ဆောင်တဲ့ ဒုံးပျံပညာ Rocket-Missile Technology ကို အခုကတည်းက ရုရှားနဲ့ မြောက်ကိုရီးယားမှာ ဆည်းပူးနေပုံရပါတယ်။ ဒုံးပျံမှာ ၂ မျိုး၊ ၂ စား ရှိပါတယ်။ တခုက မြေပြင်ကနေ လေယာဉ်ပစ်တဲ့ ဒုံးပျံပါ။ ဒါက SAM Surface-to-Air Missile ဒါက လေကြောင်း ကာကွယ်ရေးအတွက်ပါ။ နောက်မြေပြင်ပစ် ဒုံးပျံတွေ ရှိပါတယ်။ ဆိုဗီယက်က ဒုံးကျည်တွေကို SCUD လို့ ခေါ်ပြီး တာတို-တာလတ်ဒုံးပျံတွေ ဖြစ်ကြပါတယ်။ Scud A (150km), Scud B (300km), Scud C (600km), Scud D (700km) ဆိုပြီး Scud အမျိုးမျိုး ရှိပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၁၉၇၉ နဲ့ ၁၉၈ဝ ခုနှစ်တွေမှာ အီဂျစ်ကနေ Scud B ကို လက်ခံရရှိပြီး Reverse Engineering လို့ ခေါ်တဲ့ ထုတ်လုပ်ပြီး ပစ္စည်းကနေ ထုတ်လုပ်ပုံကို ဖော်ထုတ်ပြီး ဒုံးပျံပညာကို ကူးယူခဲ့ပါတယ်။ ဒီအောင်မြင်မှုကြောင့် ၁၉၈၄ ခုနှစ်မှာ Hwasang-5 ဒုံးပျံကို ထုတ်လုပ်နိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ Hwasang-6 ကို ထုတ်လုပ်နိုင်ခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ ကီလိုမီတာ ၅ဝဝ အထိ ရောက်နိုင်တဲ့အထိ အောင်မြင်ခဲ့ပြီး Rodong-1 ဒုံးပျံဟာ (1000km) အထိ ရောက်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သယံဇာတ ပေါများတဲ့နိုင်ငံ မဟုတ်ပါ။ စီးပွးရေးတိုးတက်တဲ့ နိုင်ငံလည်း မဟုတ်ပါ။ စစ်အင်အား ကြီးမားတဲ့ နိုင်ငံ တနိုင်ငံသာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေရဖို့ ဘာမဆိုလုပ်မယ့် နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ဒုံးကျည်တွေကို အီရန်၊ ဆီးရီးယား၊ လစ်ဗျားနဲ့ ယီမန်နိုင်ငံတွေဆီ Hwasong-5, Hwasong-6 ဒုံးပျံတွေကို ရောင်းချခဲ့ပါတယ်။ အီရန်နိုင်ငံက Hwasong-6 ဒုံးပျံကို တခါထုတ်လုပ်ပြီး Shahab-2 လို့ ခေါ်ပါတယ်။ အခု မြောက်ကိုရီးယားက Rodong-1 (Scud-D) ကို တည်ထောင်နိုင်ပြီး ကီလိုမီတာ ၁ဝဝဝ သွားတယ်လို့ ဆိုပါတယ်။ Rodong ဒုံးပျံပရိုဂမ်ကို အီရန်က ငွေကြေးထောက်ပံ့ပြီး Shahab-3 ဒုံးပျံအဖြစ် ပြန်ထုတ်နေတယ်။ ရှင်းတာက မြောက်ကိုရီးယားက ဒုံးပျံနည်းပညာကို ဖြန့်ဖို့ဝန်မလေးဘူး။ အစ္စရေးလ် (Israel) က ဖုံးကြဲဖျက်စီးခဲ့တဲ့ ဆီးရီးယားက အနုမြူစက်ရုံဟာ မြောက်ကိုရီးယားက အကူအညီနဲ့ ဆောက်ခဲ့တာလို့ တတ်သိပညာရှင်တွေက စွပ်စွဲကြပါတယ်။ နိုင်ငံကြားငွေမာ (hard-currency) ရရင်ပြီးရော ဘာမဆိုလုပ်ဖို့ ဝန်မလေးသူတွေကတော့ မြောက်ကိုရီးယားတွေပါပဲ။

မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ပြည်သူတွေကို ထမင်းဝအောင် မကျွေးနိုင်တာမို့ ပြည်သူတွေ ငတ်ပြတ်နေတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါကြောင့် နအဖ ဗိုလ်ချုပ်တွေက နိုင်ငံခြားငွေနဲ့ ပေးချေစရာမလိုဘဲ ဆန်စပါး၊ ပဲနဲ့သော်လည်းကောင်း၊ ရေနံ (သို့မဟုတ်) ဓာတ်ငွေ့နဲ့သော်လည်းကောင်း (ဘာတာ) စနစ်အရ ပေးချေနိုင်ပါတယ်။

ဒါ့ကြောင့် မြောက်ကိုရီးယားမှ ဒုံးပျံတွေဝယ်၊ ဒုံးပျံနဲ့ အနုမြူပညာတွေကို မြောက်ကိုရီးယားဆီက လွယ်လွယ်ဝယ်ယူလို့ ရနိုင်ပါတယ်။

ကျနော့်အမြင်အရ နအဖ အစိုးရဟာ အနုမြူဓာတ်ပေါင်းဖိုကို ရုရှားတွေဆီက ဝယ်ယူပြီး အနုမြူပညာကို ရှာဖွေနေစဉ် ဒုံးပျံနဲ့ ဒုံးပျံပညာကို မြောက်ကိုရီးယားကနေ ဝယ်ယူဆည်းပူးထားပြီး အနုမြူဗုံးအဆင့်ရောက်လျှင် သယ်ဆောင်ရန် ဒုံးပျံတွေလည်း အဆင်သင့်ရှိပြီပေါ့။

အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ - သံယံဇာတ - လူဦးရေအရ နိုင်ငံကြီးတနိုင်ငံ ဖြစ်သင့်ပါတယ်။ လွပ်လပ်ရေးရပြီးကာစ ပြည်တွင်းစစ် ဝိုင်းဝိုင်းလည်နေတဲ့ ကြားက - ပါလီမန်ဒီမိုကရေစီ ခေတ်က မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေကြားမှာ- ချမ်းသာတဲ့ နိုင်ငံ၊ တိုးတက်တဲ့ နိုင်ငံ၊ အလားအလာ အရှိဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ခံရတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ထိုင်း-မလေးရှား-စင်္ကာပူ-အင်ဒိုနီးရှား နိုင်ငံတို့ဟာ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကြောင့် ဆုတ်ယုတ်သွားတဲ့ ကာလမှာ တရှိန်ထိုး တိုးတက်လာကြရာမှာ အခုကာလမှာတော့ အနောက်နိုင်ငံတွေကတောင် အလေးပေးဆက်ဆံရတဲ့ နိုင်ငံတွေအဖြစ် ရပ်တည်လျက် ရှိနေပါပြီ။ အင်ဒိုနီးရှားနိုင်ငံဆိုရင် ဂျီ (၂ဝ) G (20) လို့ ခေါ်တဲ့ စီးပွားရေးအရ အရေးပါတဲ့ ကမ္ဘာ့ထိပ်သီးနိုင်ငံတခုအဖြစ် အသိအမှတ်ပြုခံနေရပါပြီ။ အနှစ် ၄ဝ ကျော် မြန်မာမာစစ်ဗိုလ်တွေရဲ့ တကိုယ်ကောင်းဆန်မှုနဲ့ စီးပွားရေးကိုင်တွယ်မှု ကမောက်ကမတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် ကျဆင်းဆုတ်ယုတ်လျက်ရှိပါတယ်။

အမှန်က စီးပွားရေး တိုးတက်အောင်မြင်လာပါမှ မိမိရဲ့ ဒေသအတွင်း အင်အားကြီးတဲ့၊ ရိုသေလောက်တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားသင့်ပါတယ်။ တချိန်က ဝန်ကြီးချုပ်ဦးနုဟာ ချူအင်လိုင်းနဲ့ နေရူးတို့အကြား စေ့စပ်ပေးရသူ ဖြစ်ခဲ့ဖူးတာပဲ။ ဘက်မလိုက်အုပ်စုမှာ မြန်မာနိုင်ငံဟာ ခေါင်းဆောင်နေရာ ရခဲ့ဖူးတာပဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဆင်းရဲမှု အခြေအနေကြောင့် ဒေသတွင်းနိုင်ငံ အငယ်တွေဖြစ်တဲ့ လော (လာအို) နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကတောင် ဒေသဆိုင်ရာ စည်းဝေးပွဲတွေမှာ နအဖ စစ်ဗိုလ်ချုပ်တွေကို အရေးတယူ လေးလေးစားစား မဆက်ဆံကြတော့ပါဘူး။ ဉာဏ်နည်းပြီး မောက်မာစိတ်ပြင်းတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ စီးပွားရေးအောင်မြင်အောင် လုပ်ပြီး ပြည်သူတွေလည်း ထမင်းဝ၊ နိုင်ငံလည်း ဝံ့ကြွားနိုင်၊ လူရိုသေ ရှင်ရိုသေ ဘဝရောက်အောင် မကြိုးစားချင်ကြ။ တိုင်းပြည်ရတနာတွေကို ရောင်းစားပြီး စစ်တပ်ကို ကြီးသထက်ကြီးအောင် ထောင်၊ အနုမြူလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ရေး လမ်းကြောင်းကို လိုက်လျက်ရှိကြပါတယ်။

တနည်းအားဖြင့် လူမိုက်တို့ အတွေးအတိုင်း လက်နက်အားကိုးနဲ့ တိုင်းပြည်နဲ့လူမျိုးကို နှိပ်စက်နေရတာကို အားမရ၊ အနုမြူလက်နက်ကိုင်ပြီး ဒေသအတွင်း လမ်းမတော်ဖိုးတုတ် (လူမိုက်) လုပ်ဖို့ ကြိုးစားလျက်ရှိပါတယ်။

ဘိုဘိုကျော်ငြိမ်း
bnyein@gmail.com

အပိုင်း (၂) တရုတ်ကို အတုယူခိုးချနေသော နအဖ စစ်တပ်
အပိုင်း (၃) ဖြစ်နိုင်၊ မဖြစ်နိုင် ဆန်းစစ်ခြင်း

အကိုးအကား

- Building the Tatmadaw, Myanmar Armed Forces Since 1948 by Maung Aung Myo
- Unpublished paper of Maung Aung Myo
- ANU published papers by Maung Aung Myo
- Military Power of the People’s Republic of China, Annual report to Congress, Office of the Secretary of Defense.
- Theater Ballistic Missiles and China’s doctrine of ‘Active Defense’ by Martin Andrew, China Brief Volme:6, Issue:6
- Chinese Nulcear Forces and U.S. Nuclear war planning, Hans M Kristensen, Robert S. Norris, and Matthew G. McKinzie
- China Nuclear Forces: Operation, Training, Doctrine,Command, Control and Campaign Planning by Larry M. Wortzel
- China Nuclear Doctrine, Savita Pande, Research Fellow, IDSA Strategic Analysis

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

မည်သူမှ မတင်မြှောက်ထားသည့် အာဏာရှင်များ အလုပ်ရှုပ်နေ

အာဏာပိုင်များ အနီးကပ် စောင့်ကြည့် မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဂျူလိုင်လ 24 ရက် 2009 ခုနှစ် 15 နာရီ 40 မိနစ်
အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှု ယနေ့ ရက်ချိန်းတွင် အင်းစိန်ထောင်ရှေ့၌ စုဝေး ရောက်ရှိနေသည့် ပါတီဝင်များနှင့် ထောက်ခံသူများအား အရပ်ဝတ်ဖြင့် အနည်းဆုံး လူ ၅ ဦးက ဗီဒီယိုနှင့် ဓာတ်ပုံများ မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။

''ဗီဒီယို ကင်မရာတွေနဲ့က ၃ ယောက်၊ တခြား ၂ ယောက်ကတော့ ဓာတ်ပုံကင်မရာတွေနဲ့။ သူတို့က အင်းစိန်ဈေးထဲကနေ လှမ်းရိုက်နေကြတာ။ သူတို့အားလုံးက ဆက်သွယ်ရေး စက်တွေ တပ်ထားကြတယ်'' ဟု အင်းစိန်ထောင်ရှေ့တွင် ရောက်ရှိနေသည့် ပါတီထောက်ခံသူတဦးက ပြောသည်။

အင်းစိန်ထောင်ရှေ့တွင် အန်အယ်ဒီ အဖွဲ့ဝင်များနှင့် ထောက်ခံသူများသည် လူဦးရေအားဖြင့် ၁ဝဝ ခန့်ရှိခဲ့ရာမှ ယခုအခါ ၁၅ဝ ခန့်သို့ တိုးမြှင့်လာသလို၊ အာဏာပိုင်များဘက်ကလည်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ရိုက်ကူးနေခဲ့သည်။

တချိန်ထဲတွင် စစ်ထရပ်ကား ၆ ကားနှင့် ဟိုင်းလပ်ကားငယ် ၂ စီးသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ယူနီဖောင်းဝတ် အဓိကရုဏ်းနှိမ်နင်းရေး ရဲများကို တင်ဆောင်ကာ မြို့တွင်းပိုင်းသို့ မောင်းနှင်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

''ကျနော် ထင်တာကတော့ မြို့ထဲမှာ သူတို့တွေ ကင်းလှည့်သွားတာ ဖြစ်မယ်'' ဟု သူက ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကလင်တန်၏ ကမ်းလှမ်းချက် အတိုက်အခံတို့ မနှစ်သက်

Friday, 24 July 2009 20:20 ဇာနည်ဝင်း
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးချဲ့မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ ဗုဒ္ဓဟူးနေ့က ပြောဆို ချက်မှာ လုံလောက်သည့် ကမ်းလှမ်းချက် မဟုတ်ဟု အတိုက်အခံတို့က ယူဆနေကြသည်။

[အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - Reuters)]

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - Reuters)
“သူ့ကိုသာ လွှတ်ပေးလိုက်ရင် အခွင့်အလမ်းတွေ အများကြီး ပွင့်လာမှာ ဖြစ်ပါတယ်။ ကျမတို့ နိုင်ငံကလည်း မြန်မာပြည်မှာ ရင်းနှီး မြှုပ်နှံတာမျိုး အပြင် မြန်မာပြည်နဲ့ ဆက်ဆံရေးကို တိုးချဲ့ပေးမှာ ဖြစ်ပါတယ်” ဟု အာဆီယံ ဒေသတွင်း အစည်းအဝေးသို့ ရောက်ရှိစဉ် ဟီလာရီ ကလင်တန်က ပြောသည်။

စီးပွားရေး ပိတ်ဆို့မှု တခုတည်းနှင့် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးမှာ အောင်မြင်မည် မဟုတ် ဟူသော အချက်ကို လက်ခံသော်လည်း ဟီလာရီ ကလင်တန်၏ ပြောကြားချက်ကို စိတ်ပျက်မိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေး ဌာနမှ ကိုမိုးဇော်ဦးက ပြောသည်။

“လွှတ်ရင် ရင်းနှီးမြှုပ်နှံမယ် ဆိုတော့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသလို ဖြစ်နေတယ်။ အပြောင်းအလဲ တခုခုဖြစ်ဖို့ စစ်အစိုးရကို တခုခု လိုက်လျောတာကတော့ ကောင်းပါတယ်၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်ရုံနဲ့ မပြေလည်နိုင်ဘူး။ ထိရောက်တဲ့ ဖိအားတော့ ဆက်ပြီး ပေးထားသင့်တယ်” ဟု ကိုမိုးဇော်ဦးက ဆိုသည်။

ဟီလာရီ ကလင်တန်၏ ပြောဆိုချက်ကို ရန်ကုန်မြို့မှ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်များကလည်း အားရ ကျေနပ်မှု မရှိပေ။ ထိုပြောဆိုချက်မှာ အမေရိကန်ပြည်ထောင်စု၏ မူဝါဒရေးဆိုင်ရာ အားနည်းမှုကို ဖော်ပြနေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ယူဆသည်။

“အမျိုးသား ပြန်လည် သင့်မြတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့အချက်ကို ဘယ်သွားထားမလဲ။ ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအရေးတွေလည်း ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းနိုင်တယ်ဆိုတာကို သူတို့ မသိဘူးလား” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

မြန်မာပြည် အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ခြင်း တခုတည်းနှင့် လုံလောက်ခြင်း မရှိဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ နိုင်ငံခြားရေးရာ ကော်မတီမှ တာဝန်ခံ ကိုမင်းနိုင်ကလည်း ယူဆနေသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ် ဆိုရင်တောင် ဒါက ပထမအဆင့်ပဲ ရှိဦးမယ်၊ နိုင်ငံရေး အကျဉ်းသားတွေ အကုန် လွတ်ဖို့လိုတယ်။ ဒီမိုကရေစီအရေး နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတဲ့ အဆင့်တွေကို သွားဖို့ အခြေခံ ဥပဒေကို ပြန်သုံးသပ်ပြီး ပြင်တာတွေ ဆက်လုပ်ဖို့ လိုတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် ကိုမင်းနိုင်က ဧရာဝတီကို ပြောသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုများကို ၁၉၈၈ခုနှစ် လူထုဆန္ဒပြပွဲများ အကြမ်းဖက် ချေမှုန်းခံရချိန်မှ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ စသည့် အဖွဲ့အစည်းများကလည်း မြန်မာပြည်သို့ ကူညီမှုများ ရပ်ဆိုင်းခဲ့သည်။

မြန်မာပြည်အား စီးပွားရေး ပိတ်ဆို့မှုကို နိုင်ငံတိုင်းက ထောက်ခံကြခြင်း မရှိပေ။ အနောက် နိုင်ငံတို့၏ မူဝါဒကို ပြန်လည် သုံးသပ်ကြရန် အရှေ့တီမော သမ္မတက အကြိမ်ကြိမ် တိုက်တွန်း ထားသည်။

“သူတို့ခေါင်းဆောင်တွေရဲ့ မကောင်းမှုတွေ အတွက် ပြည်သူ လူထုကိုတော့ ဒဏ်မခတ်သင့်ပါဘူး” ဟု အရှေ့တီမော သမ္မတ မစ္စတာဟော်တာက ဘန်ကောက်မြို့သို့ ယခုနှစ်ဆန်းပိုင်းက ရောက်ရှိစဉ် ပြောကြားခဲ့ဖူးသည်။

စစ်အစိုးရကလည်း စီးပွားရေးပိတ်ဆို့မှုကို အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။

ဤအတောအတွင်း မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ပိတ်ဆို့ သည့် ဥပဒေကို တနှစ် သက်တမ်း ထပ်မံ တိုးရန် အမေရိကန်အောက် လွှတ်တော်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်သည်။

အတိုက်အခံ များကမူ စီးပွားရေးပိတ်ဆို့မှုကို ဒီမိုကရေစီအရေးအတွက် လိုအပ်ချက်တခု အဖြစ် ရှုမြင်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဖူးကက်မြို့တွင် ပြုလုပ်သည့် အာဆီယံ နှင့် ဆွေးနွေးဖက် နိုင်ငံများ အစည်းအဝေး (ARF) တွင် မြန်မာ့အရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်အစိုးရကို တိုက်တွန်းခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုသည့် အစပိုင်းကာလတွင် နေ့စဉ်ရက်ဆက် ရုံးတင် စစ်ဆေးခဲ့သည်။ ထိုသို့ နေ့စဉ် စစ်ဆေးမှုကြောင့် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သောအမှုကို အာဏာပိုင်တို့က အမြန်ဆုံး အဆုံးသတ်မည် ဟု အများက ယူဆခဲ့ကြသည်။ သို့သော်လည်း တရားရုံးတွင် ကမန်းကတန်း စစ်ဆေးနေသည့် အရှိန်ကို အာဏာပိုင်တို့က လျှော့ချလိုက်သည်။

ဤအတောအတွင်း ဟီလာရီ ကလင်တန် အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အစိုးရ ကိုယ်စားလှယ်များ တက်ရောက်သည့် ARF အစည်းအဝေး ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြန်မာ့အရေး ဦးစားပေး ဆွေးနွေးသည့် ARF အစည်းအဝေး ပြီးသည့်ကာလရောက်မှ စီရင်ချက်ချရန် စီစဉ်လိုက်ခြင်းမှာ အာဏာပိုင်တို့၏ ပါးနပ်သည့် ခြေလှမ်းဖြစ်သည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။

လွန်ခဲ့သည့် ၆ လက အာရှတိုက်သို့ ဟီလာရီ ကလင်တန် ရောက်ရှိစဉ် မြန်မာပြည်အပေါ် ထားရှိသည့် မူဝါဒကို ပြန်လည် သုံးသပ်မည်ဟု ကြေညာခဲ့သဖြင့် မည်သို့ မည်ပုံ ပြောင်းလဲမည်ကို အကဲခတ်များက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။

ပြီးခဲ့သည့် အပတ်က ARF အစည်းအဝေး တက်ရောက်ရန် ဝါရှင်တန်မှ ထွက်ခွာစဉ် မြန်မာ့အရေး အတွက် မူဝါဒသစ် မရှိဘဲ ဟီလာရီ ကလင်တန် အာရှတိုက်သို့သွားပြီဟု Washington Post သတင်းစာက ရေးသားခဲ့သည်။

ARF အစည်းအဝေးရောက်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလျှင် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမည်ဟု တစိုက်မတ်မတ် ကိုင်စွဲလာသည့် စီးပွားရေး ပိတ်ဆို့မှု အရေးယူခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ကမ်းလှမ်းမှုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“မူဝါဒ ပြင်ဆင်တာကတော့ သူတို့ သဘောပဲ။ မြန်မာပြည်အတွက် အကျိုးရှိပြီး ပြည့်စုံတဲ့ မူဝါဒမျိုး ဖြစ်ရင်တော့ ကောင်းတာပေါ့” ဟု ဗကသ နိုင်ငံခြားရေးရာ ကော်မတီမှ ကိုမင်းနိုင်က ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကမ်းကုန်အောင်ယုတ်နေတဲ့ နအဖ အကြမ်းဖက်အုပ်စု

ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း ဇူလိုင် ၂၇ သို့ ဆက် မိုးမခ ဓာတ်ပုံသတင်း ဇူလိုင် ၂၄၊ ၂၀၀၉
ယနေ့ အင်းစိန်ထောင်တွင်း တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်မိတ်ဆွေများကို တရားရုံးထုတ်ခဲ့ရာ ဒေါ်စု၏ ရှေ့နေများက လျောက်လဲခဲ့ကြသည်။ ထိုနောက့် လာမည် တနလာင်္နေ့သို့ တရားရုံးက ထပ်မံချိန်းဆိုလိုက်သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ အချိန်ဆွဲပြီး တရားစစ်ဆေးနေခြင်းကို သဘောမကျကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပစ်ပယ်ပြီး ကျင်းပခြင်းဖြစ်သဖြင့် ကုလသမဂ္ဂက ဝေဖန်ထောက်ပြသင့်သည်ဟု ပြောကြားကြောင်း အင်န်အယ်ဒီသတင်းစာရှင်းလင်းပွဲက လာသောသတင်းများအရ သိရသည်။
ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ အင်အား ၁၀၀ ကျော်ခန့်က အင်းစိန်ထောင်ရှေ့တွင် စုဝေးခဲ့ကြသည်။ ၎င်းတို့နှင့်အတူ စစ်အုပ်စု၏ အရပ်ဝတ်အကြမ်းဖက်သမား ၁၀၀ ကျော်ကလည်း ၀န်းရံ၍ အနှောက်အယှက်ဖြစ်အောင် အင်အားပြနေကြကြောင်း မျက်မြင်တဦးက ပြောသည်။ ဆရာဦးဝင်းတင်မှာ ကျန်းမာရေး အနည်းငယ် ချို့ယွင်းနေသည့်ကြားက ၀တ္တရားတခုအဖြစ် အင်းစိန်ထောင်ရှေ့သို့ ဒေါ်စုရုံးချိန်းနေ့တိုင်း လာရောက်လျက်ရှိသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

၂၀၁၀ ခုနှစ် ရွေးကောက်မတိုင်မှီ ချမ်းသာရေး နအဖ အာဏာပိုင်များ ကြိုးပမ်းအားထုတ်

7/24/2009 ရခိုင်ပြည်နယ် အတွင်း ယခုအခါ လာဒ်ပေး လာဒ်ယူမူနှင့် အတင်း ငွေကြေးကောက်ခံမူများ အထူး တိုးပွားလာနေသည်ဟု မောင်တော ဒေသခံ တဦးက ပြောသည်။

သူက “အခုအခါ ငွေတောင်းတာ လာဒ်ပေး လာဒ်ယူမူ လုပ်တာက ကျနော်တို့ ပြည်နယ်ထဲမှ အထူး တိုးပွားနေပါတယ်။ ခုလို ဖြစ်တာကက ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲနဲ့ သက်ဆိုင်နေပါတယ်” ဟု ပြောသည်။

၎င်းပြင်သူက “၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲပီးရင် နအဖ ဆိုတာ မရှိတော့ဘူး။ ရှိရင်လည်း တခြားနာမည် တခြား အုပ်ချုပ်ရေး ပုံစံနဲ့ လာတော့မယ်။ ခုရှိနေတဲ့ စစ်တပ်က အရာရှိတွေ၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ မယက ခယကတို့ ဆိုတာ အာဏာရှိချင်မှ ရှိတော့မယ်။ သူတို့က ဒါကို သိနေတဲ့ အတွက် ရွှေးကောက်ပွဲ မတိုင်မှီ ရတာကို လိုက်ပြီး စုကြရမယ် ဆိုတဲ့ သဘောမျိုးနဲ့ မြင်တဲ့နေရာ ရနိုင်တဲ့ နေရာတွေက ငွေတွေကို အတင်းကောက် အတင်းတောင်း ခုလို လုပ်နေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် အတွင်းရှိ စစ်တပ် အရာရှိများ၊ ရဲနှင့် နစက အရာရှိများ၊ ခရိုင်နှင့် မြို့နယ် အဆင့်အရာရှိများမှာ ယခုတလော အတင်း အဓမ္မ ငွေကြေး တောင်းခံမူ ကောက်ယူမူ အထူး တိုးပွားခဲ့သည်။

စစ်တွေတွင် ဆန်ဆိုင်များ အပါအ၀င် ကုန်စုံဆိုင်များ၊ ဈေးတွင်းရှိ ဈေးဆိုင်များတွင်လည်း အကြောင်း အမျိုးမျိုးပြ ငွေကြေး ကောက်ခံမူများ တိုးပွားလာနေသည်ဟု သိရသည်။

၎င်းပြင် မော်တော်ပီကေများမှလည်း ငွေအတောင်းကြမ်းသဖြင့် ယခုအခါ စစ်တွေတွင် ဆိုင်ကယ်များ လမ်းပေါ် မထွက်ရဲဘဲ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကြီးနိုင် ငယ်ညှစ် ပြည်သူတွေခမျာ

ဝ တပ်ထွက် နှင့် ဗျူဟာမှူးပေါင်း၍တာချီလိတ်လယ်သမား လယ်မြေများ အဓမ္မဈေးနှိမ်ဝယ် သောကြာနေ့၊ 24 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ဒေသခံလယ်သမားအချို့အား လယ်မြေများရောင်းပေးရန်ဝ တပ်ထွက် ဗိုလ်မှူး တဦးနှင့်အပေါင်းပါလောဝ်ပန်းတစ်စုက တာချီလိတ်ဗျူဟာမှူးနှင့်ပူးပေါင်း၍ အဓမ္မလက်မှတ်ထိုးခိုင်းသည်ဟု နယ် စပ်သတင်းရပ်ကွက်က ဆိုပါသည်။
“ဒီလ ၁၂ ရက် ၀ တပ်ထွက် ဗိုလ်စန်းညိုတို့အဖွဲ့ ဗျူဟာမှူးဗိုလ်မှူးကြီးခင်မောင်ဖြိုး နဲ့ ပူးပေါင်းပြီးလယ်သမား တွေကို ဆင့်ခေါ်တယ်။ ပိုင်ဆိုင်သမျှလယ်မြေအားလုံး ရောင်းပေးဖို့အဓမ္မလက်မှတ်ထိုးခိုင်းတယ်” ဟုရပ်မိရပ်ဖ တဦးကဆိုသည်။

“၀မ့်ဟောင်ရွာ လယ်သမားတွေရဲ့ ဘိုးစဉ်ဘောင်ဆက်ပိုင်လယ်မြေတွေပေါ့။ အခု လက်မှတ်ထိုးရတာက အဲဒီ့ ရွာက လယ်သမား ၁၃ ယောက်။ ဗျူဟာရုံးကိုဆင့်ခေါ်ပြီး လက်မှတ်ထိုးခိုင်းတာ။” တာချီလိတ်မှ အမည်မဖော် လိုသူ လယ်သမားတစ်ဦးကပြော၏။

အဆိုပါ ၀ တပ်ထွက် ဗိုလ်မှူးစန်းညို နှင့် လောဝ်ပန်း ၁၄-၁၅ ယောက်တို့ပူးပေါင်း၍ ဈေးပေါပေါဖြင့် အဓမ္မ၀ယ်ယူ သောလယ်မြေမှာ ၁၀ ဧက (တာချီလိတ် - မိုင်းဖုန်း ကြား) ဖြစ်သည်ဟု ဆက်ပြောပြ၏။

“လယ် ၁၀ ဧက ကို ဘတ် ၁၈၀,၀၀၀ ပေးတယ်ဆိုတော့ တစ်ဧက ဘတ် ၁၈,၀၀၀ ဘဲကျတယ်လေ။ လယ်သမား တွေ မရောင်းချင်လဲ ဘယ်တရားရုံး/ဘယ်သူ့ကိုအားကိုးနိုင်လို့လဲ။ မျက်ရည်ဝဲ၀ဲမချိတင်ကဲ လက်မှတ်ထိုးပေး ရတယ်” ဟုဆို၏။

အလားတူ ဧပြီလ ၂၅ ရက် ၂၀၀၉ က အသစ်တိုးချဲ့ဖွင့်လှစ်သည့် ကျိုင်းတုံ လေယာဉ်ကွင်းသစ်သည်လည်း အဖိုး အခလုံးဝမပေးဘဲ ဒေသခံလယ်ယာမြေ အများအပြား သိမ်းဆည်းပြီး ဆောက်လုပ်ထားကြောင်း ကျိုင်းတုံဒေသခံ များက ဆိုသည်။

“အနံပေ ၁၅၀၊ အလျား ပေ ၈,၀၀၀ ထပ်မံတိုးချဲ့တဲ့ လေယာဉ်ကွင်းကြောင့် ကျနော်တို့ဘိုးစဉ်ဘောင်ဆက် နေ ထိုင်လာကြတဲ့ ကိန်းလိတ်ရွာတစ်ရွာလုံး နဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံရတယ်” - အမည်မဖေါ်လို သည့် ကျိုင်းတုံ ဒေသခံတဦးက ဆိုသည်။

ရွာသားများလည်း ကျိုင်းတုံမြို့အရှေ့မြောက်ဘက် ၄ မိုင် ခန့်အကွာ ၀မ့်နောင် အနီး (မကြာသေးမီက ၀မ့်ယန်း ကုန်းရွာသားများထံမှ နအဖစစ်တပ် သိမ်းယူခဲ့သော) လယ်ကွင်းပြင်သို့ ပြောင်းရွှေ့နေထိုင်ကြရသည် ဟုဆို၏။

ထို့အပြင် လေယာဉ်ကွင်း ပတ်ဝန်းကျင်ရှိ ၀မ့်ဖွေးဟုန်း၊ ၀မ့်ယန်းခွယ်ရွာသားများ၏ လယ်မြေ တော်တော်များများ ကိုလည်း အာဏာပိုင်များ သိမ်းယူခဲ့သည်ဟု ဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Friday, July 24, 2009

သန်းရွှေ နားလည်တဲ့  ဟူးမဲန်းရွိက် (Human Right)


ဆက်ဖတ်မယ်ဆိုရင်....

မြန်မာပြည်အနာဂတ်တွင် စစ်အာဏာရှင်တို့အတွက် နေရာမရှိ

ပေးပို့ သူ ဘလော့ခ်ပိုင်ရှင်ကိုဖြိုးဝေ
မောင်ဂဏန်းစိန် ဇူလိုင် ၂၃၊ ၂၀၀၉
မြန်မာပြည်၏ စစ်အုပ်စုကို အားလုံးက အစွန်းရောက်အကြမ်းဖက်သမားများအဖြစ် မြင်ကြသည်။ နိုင်ငံတကာတွင် ၎င်းတို့ကို လူ့အခွင့်အရေးချိုးဖောက်သူတို့၏ ထိပ်ခေါင်၊ ဟစ်တလာလက်သစ်အဖြစ် သဘောထားကြသည်။ ထိုသို့သော အခြေအနေ၊ ဖြစ်ရပ်ကြောင့် မြန်မာပြည်နှင့် ပတ်သက်၍ ထိရောက်သော ဆွေးနွေးမှု ပြုလုပ်ကြရေးအတွက် မျှော်လင့်ချက်မှာ မှေးမှိန်လျက်ရှိသည်။ ထို့အပြင် သန်းရွှေဦးဆောင်သော စစ်အာဏာရှင်တို့၏ စစ်အုပ်စုများ၊ အလိုတော်ရိများကို နိုင်ငံတကာက လူကြီးလူကောင်းဆန်ဆန်ဖြင့် ဝေဖန်ပြောဆို၊ ပြစ်တင်ရှုတ်ချခြင်းတို့မှာလည်း ယခုအချိန်တွင် အာပေါက်ပြီး ကမ်းကုန်လျက် ရှိနေပြီဖြစ်သည်။ သူတို့ကိုယ် သူတို့ တိုင်းပြည်ကို ကယ်တင်စောင့်ရှောက် ကာကွယ်နေရပါသည်ဟု အသံကောင်းဟစ်နေခြင်းဖြင့် တပါးသူတို့၏ ဝေဖန်ထောက်ပြမှုတို့ကို ဥပက္ခာပြုနေသလို ဖြစ်၏။ ၎င်းသည် မြန်မာပြည်ကြီး အလုံးစုံ ပျက်သုဉ်းစေခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။

၎င်းတို့ တပ်မတော်ကြီးက တိုင်းပြည်ကို မည်သို့မည်ပုံ ကယ်တင်စောင့်ရှောက်၊ တည်ဆောက်ပြုပြင်နေသည်ဟု ချဲ့ကား၊ လိမ်ညာပြီး မဟုတ်မဟတ်များ ပြောဆိုစေကာမူ တိုင်းပြည်၏ အနာဂတ်သည် ၎င်းတို့ကြောင့် မျှော်လင့်ချက်မရှိလောက်အောင် အမှောင်တိုက်ကျနေသည်မှာ သိသာလှသည်။ ၎င်းတို့သည် တိုင်းသူပြည်သားများနှင့် တိုင်းပြည်ကို လုပ်ကြံဖျက်ဆီးနေကြသော စစ်အာဏာရှင် ရာဇ၀တ်ကောင်များ ဖြစ်ကြပါသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိုစစ်အာဏာရှင်များကို သပိတ်မှောက် ကန့်ကွက်မှုများ ပိတ်ဆို့မှုများ ပို၍ တိုးလုပ်ကြဖို့သာ ရှိသည်။ မြန်မာပြည်၏ သန်း ၅၀ သော ဒုက္ခသည်ပြည်သူတို့ဖက်က နိုင်ငံတကာက လူထုက ၀ိုင်းဝန်းရပ်တည်မှုများ တိုးကြရန်သာ ရှိသည်။

အမှန်တကယ်ကတော့ စစ်အာဏာရှင်များဖက်ကို လိုက်ခြင်းသည် နည်းဗျူဟာအခြေခံမှစ၍ မှားယွင်းသော အချက်ဖြစ်သည်။ ပြည်သူလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အထီးကျန်အောင်၊ အားနည်းအောင် လုပ်နေသည်ကို အားပေးခြင်း ဖြစ်ပါသည်။ စစ်အစိုးရအလိုကျ စီးပွားရေး အကူအညီများပေးလိုက်ခြင်းကို ထွက်ပေါက်တခုဟု စိတ်ကူးယဉ်ကြည့်နေကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စစ်အာဏာရှင် အစွန်းရောက်အကြမ်းဖက်သမားများကို ပိုမိုအားပေးရာရောက်ပြီး အကာအကွယ်မဲ့နေသော ပြည်သူလူထုနှင့် အတိုက်အခံများအားလုံးကို ဒုတိယကမ္ဘာစစ်မတိုင်မီ ဟစ်တလာက ဂျူးလူမျိုးများကို မျိုးဖြုတ်၊ သုတ်သင်ခဲ့သလိုမျိုး သေတွင်းသို့ ပို့သလို ဖြစ်လိမ့်မည်။

စစ်အုပ်စုအတွင်းက တပ်မတော်သားများ၊ မိသားစုဝင်များကလည်း ယခုအချိန်တွင် သူတို့၏ စစ်အာဏာရှင်များ၏ အာဏာရူးသွပ်မှုများ၊ စစ်ရာဇ၀တ်မှုများကို သိရှိနေကြပြီ ဖြစ်သည်။ ထိုသို့သော အမှားများကို လူသိရှင်ကြား ဝေဖန်ရန်၊ တားမြစ်ရန်ကိုမူ ၀န်လေးနေကြသည်။ စစ်အုပ်စုက ၀ါဒမှိုင်းတိုက်နေသည်မှာလည်း တပ်မတော်သည် မြန်မာနိုင်ငံအရေးတွင် သူ့နေရာကို ဘယ်သူမှ အစားထိုး ၀င်မယူနိုင်ဟူ၍ ဖြစ်လေသည်။ စစ်အာဏာရှင်များသည် ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ ရလဒ်များနှင့် အရွေးချယ်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်မပြုရုံသာမက ဖိနှိပ် နင်းခြေ ဖျောက်ဖျက်ဖို့ အစွမ်းကုန် ကြိုးစားလျက်ရှိသည်။ တကယ်တော့ သူတို့ အမှန်တရားနှင့် တရားမျှတမှုကို မရင်ဆိုင်ရဲ၍ ဖြစ်သည်။

အနှစ် ၂၀ ကျော်သည့်အချိန်အထိ တိုင်းပြည်၏ အကြပ်အတည်းအားလုံးကို စာပွဲဝိုင်းတွင် စေ့စပ်ဆွေးနွေးရန် ငြင်းဆိုနေသူမှာ စစ်အာဏာရှင် အကြမ်းဖက်အုပ်စုသာ ဖြစ်သည်။ တပ်မတော်စစ်အစိုးရဟု ခံယူပြီး နိုင်ငံတကာ၏ ကမ်းလှမ်းမှုမှန်သမျှ ငြင်းဆိုနေခြင်းမှာ အများ ပြက်ရယ်ပြုစရာ ဖြစ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပါတီများက အရပ်သားလွှတ်တော်ခေါ်ယူရန် တောင်းဆိုနေခဲ့သည်ကို လုံးဝ ငြင်းဆိုနေသည်မှာလည်း ထိုတပ်မတော်စစ်အစိုးရဖြစ်သည်။ ထိုသို့ တဖက်သတ် ငြင်းဆိုနေလျင် မြန်မာ့အရေးသည် မည်သို့မျှ မတိုးတက်နိုင်ပါ။

စစ်အုပ်စု၏ အလိုတော်ရိများနှင့် ဖွဲ့စည်းထားသော တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ဖို့ မတရားကြံစည်လုပ်ကြံနေသည်မှာ ထင်ရှားလှသည်။ သန်း ၅၀ သော ပြည်သူလူထု၏ ဆန္ဒမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်နှင့် ၎င်း မိသားစုများ၏ ဆန္ဒ၊ နိုင်ငံတကာက လူသားချင်းစာနာသော လူပီသသူများ၏ သဘောထားနှင့် တထပ်တည်းဖြစ်သည့် စစ်အာဏာရှင် အစွန်းရောက်အကြမ်းဖက်အုပ်စုများ လက်အောက်က လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ရရှိရေး ဖြစ်ပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဦးသန့် ဥပတိနှင့်မနှိုင်းသာ ဥာဏ်ဝင်းခင်မျာ

အမေရိကန်ကိုယ်စားလှယ် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် ဖူးကက်တွင်တွေ့ဆုံ Thursday, 23 July 2009 20:04 ဝေမိုး
ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ်တို့သည် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

[ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ် (ဓာတ်ပုံ - ရိုက်တာ)]


ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ် (ဓာတ်ပုံ - ရိုက်တာ)
“သူတို့ မနေ့ ညနေပိုင်းက တွေ့ကြတယ်၊ အမေရိကန် နိုင်ငံခြားရေးဌာနက အဖွဲ့ဝင်တချို့နဲ့ မြန်မာအဖွဲ့တို့ တွေ့ကြပါတယ်”ဟု ယင်းအာဆီယံ အစည်းအဝေးပွဲရောက် အမေရိကန် အဆင့်မြင့် အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

ထိုသို့တွေ့ဆုံရာတွင် အမေရိကန် အရာရှိများသည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ အရ မြောက်ကိုရီးယားကို အရေးယူမှုနှင့်ပတ်သက်ပြီး မြန်မာအဖွဲ့ကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ၎င်း အမေရိကန် အရာရှိကပြောဆိုသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် မေလ က နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကိုချမှတ်ပြီး အရေးယူခြင်းခံရသည့် နိုင်ငံဖြစ်သည်။

ယခု တွေ့ဆုံသည့် တနာရီခွဲခန့် ကြာမြင့်ချိန်အတွင်း၌ မြန်မာဘက်က အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းအနေနှင့် များစွာပြောဆိုမှုမရှိကြောင်း၊ အမေရိကန်ဘက်က ဆွေးနွေးချက်များကို နေပြည်တော်ရှိ နိုင်ငံတော်အကြီးအကဲများကို ပြန်လည်၍ အစီရင်ခံမည်ဟု ပြောဆိုခဲ့ကြောင်း၊ မြန်မာအဖွဲ့အနေနှင့် နားထောင် ရုံသာ ဖြစ်ကြောင်းလည်း အဆိုပါ အမေရိကန် အဆင့်မြင့်အရာရှိက ပြောဆိုသည်။

အမေရိကန်ဘက်က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ပြန်လည်သုံးသပ်ရေးနှင့် ပတ်သက်၍လည်း “ဒေါ်အောင် ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား၂၁၀၀ ကျော်ပြန်လွှတ်ရေး တောင်းဆိုထားသည့်အပေါ် အပြောင်း အလဲ မရှိကြောင်းနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန်လိုအပ်ကြောင်း”တို့ကို ပြောကြားသည်ဟု သိရသည်။

ယင်းသို့ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံသည့် စကော့ မာရှယ်သည် လက်ရှိတွင် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်အတွင်းရေးမှူးနှင့် အမေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ် စားလှယ် ဖြစ်သည်။

အဆိုပါ အာဆီယံ အစည်းအဝေးသည် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင် ၂၃ ရက် ယနေ့အထိ ကျင်းပ ပြီးဆုံးခဲ့ သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အာခံမည့်သူ ..တို့ ရန်သူ ....ပြည် သူ့ ငွေနှင့် မိုက်နေကြသူ နအဖ

တောင်ပိုင်း SSA တပ်ဖွဲ့ အား ထိုးစစ်ဆင်ရန် ဒကစမှူး အရေးပေါ် အစည်းအဝေးခေါ် ကြာသပတေးနေ့၊ 23 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်း၌ ထိန်းချုပ်လှုပ်ရှားနေသော SSA တောင်ပိုင်းတပ်ဖွဲ့အားထိုးစစ်ဆင်တိုက်ခိုက်ရန် မိုင်းနောင်အခြေစိုက် ဒကစမှူး က ဒေသအတွင်း ၃-၄ မြို့နယ်မှ ဗမာတပ်မှူးများအားဆင့်ခေါ်ပြီး အရေးပေါ်အစည်း အဝေးတရပ်ကျင်းပခဲ့သည် ဟုဆိုသည်။

ဒကစမှူး ဗိုလ်မှူးကြီးကျော်ဇံမြင့်သည် မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချားမြို့နယ်အတွင်း အခြေစိုက်သည့် ခမရ၊ ခလရ တပ်မှူးများအားလုံးခေါ်ယူပြီး ၂၀၀၉ ဂျူလိုင် ၂၀ ရက်နေ့၌ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပခဲ့ရာမှာ သျှမ်းပြည် အလယ်ပိုင်း လှုပ်ရှားသည့် တောင်ပိုင်း SSA တပ်ဖွဲ့အား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်ဗျူဟာနှစ်ခုပြင်ဆင် နေကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။

[တာဝန်ကျ သျှမ်းပြည်တပ်မတော်သား]


တာဝန်ကျ သျှမ်းပြည်တပ်မတော်သား
“ဒီ တစ်လနှစ်လ အတွင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအားလုံးကို ခြုံကြည့်မယ်ဆိုရင် ဗမာတပ်ဘက် အသေအကျေ အကျအရှုံး တော်တော်များတယ်လို့ပြောရမှာဘဲ၊ ဂျူလိုင် ၁၅ ရက်ကဖြစ်ခဲ့တဲ့နောက်ဆုံးတိုက်ပွဲမှာ ပွဲချင်းပြီးက ၁၀ ယောက်ကျော်တယ်၊ ဆေးရုံမှာ ၅-၆ ယောက် ထပ်သေတယ်ပြောတယ်။ လက်နက်တွေလဲ အများအပြားဆုံးရှုံးတော့ အရမ်းမျက်နှာပျက်တာပေါ့။ အဖတ်ပြန်ဆယ်ဖို့ အခုလိုဆုံးဖြတ်လိုက်တာလဲဖြစ်နိုင်တယ်”- ဟု စစ်ရေးလေ့လာသူတဦးကပြောသည်။

သျှမ်းပြည်အလယ်ပိုင်း၌ လှုပ်ရှားနေသည့် SSA တပ်ဖွဲ့ကိုတိုက်ခိုက်ရန် အသုံးပြုမည့် ဗျူဟာ ၂ ခုမှာ အနည်းဆုံး တစ်ဗျူဟာ လျှင် တပ်ရင်း ၃ ခု ပါမည်ဖြစ်ကြောင်း၊ လတ်တလော စစ်အစိုးရ၏ ရှေ့တန်းထွက်နိုင်သည့် တိုက်ခိုက်ရေးအင်အားမှာ တပ်ရင်းတစ်ရင်းလျှင် ၁၅၆ ယောက် ရှိကြောင်း၊ သျှမ်းပြည်တပ်မတော်ကို ဗျူဟာနှစ်ခုဖြင့်တိုက်ခိုက်မည်ဆိုပါက လူအင်အား ၁၀၀၀ နီးပါး အသုံးပြုဖွယ်ရှိကြောင်း သျှမ်းပြည်တွင်း စစ်ရေးလေ့လာသည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။

“မိုးတွင်းမှာ စစ်အစိုးရ စတင်ထိုးစစ်ဆင်တာ သိပ်မရှိဘူး။ ၂၀၀၂ မေ ၂၁ ရက်တုန်းက ထိုင်းနယ်ခြား စစ်အစိုးရကင်းစခန်း တခုကို သျှမ်းပြည်တပ်မတော်က တိုက်ခိုက်သိမ်းပိုက်တဲ့အတွက် သူတို့တန်ပြန်ထိုးဆင်ခဲ့တယ်။ တစ်လလုံးလုံး အချိန်ယူ ပြန်တိုက်ရတဲ့အတွက် ဗမာတပ်ဘက်အများအပြားသေတယ်၊ အခုအခြေအနေလည်း သျှမ်းပြည်မိုးဥတုနဲ့ရေမြေ အနေအထားအရ သူတို့ထပ်သေကြဦးမှာဘဲ”- ဟု အဆိုပါပုဂ္ဂိုလ်က ပြော၏။

ကရင်ပြည်တွင် DKBA ကိုအသုံးချပြီး KNU/KNLA အားတက်တိုက်ခိုင်းသကဲ့သို့ သျှမ်းပြည်၌လည်း SSA ခွဲထွက် ဗိုလ်မိုင်းဇင့်အဖွဲ့ (လဲချားမြို့ နမ့်ဟူးဖရားထမ့် နှင့် ၀မ်ပန်နောင်ကား အခြေစိုက်) ကို ရှေ့ ပြေးတပ်အဖြစ်ပါဝင်တိုက်ခိုင်းဦး မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဂျူလိုင် ၂၁ ရက်နေ့ကလည်း စစ်အစိုးရလက်အောက်သစ္စာခံ လဲချား - မိုင်းနောင် ကားလမ်းအကြား ၀မ့်ပန်နောင်ကား အခြေစိုက် ဗိုလ်မိုင်းဇင့်တပ်စခန်းတခုအား သျှမ်းပြည်တပ်မတော် က ၀င်ရောက်တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုပါသည်။

မိုင်းနောင်ခြေစိုက် ဒကစ ၂ (အမှတ် ၂ ဒေသစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်) လက်အောက်ရှိတပ်ရင်းများမှာ လွိုင်လင် အ ခြေစိုက် ခလရ ၉၊ ခလရ ၁၂ ၊ လဲချား - ခလရ ၆၄၊ ခမရ ၅၁၅၊ နမ့်ဇန်(ခိုလမ်) ခလရ ၆၆၊ ၂၄၇၊ ခမရ ၅၁၆ ၊ မိုးနဲ - ခလရ ၂၄၈၊ ခမရ ၅၁၈၊ ပင်လုံ - ခမရ ၅၁၃၊ မိုင်းကိုင် - ခမရ ၅၁၄ နှင့် မိုင်းပွန် အခြေစိုက် ခမရ ၅၁၇ တို့ ဖြစ်ကြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Thursday, July 23, 2009

US, Myanmar officials meet at security forum



US presses Myanmar on NKorea, Suu Kyi at rare talks AFP/Pool – US Secretary of State Hillary Clinton (R) shakes hand with Myanmar's Foreign Minister Nyan Win (C) …

* N. Korea says nuclear talks are 'over' Play Video North Korea Video:N. Korea says nuclear talks are 'over' AP
* ASEAN eyes N.Korea Play Video North Korea Video:ASEAN eyes N.Korea Reuters
* 'He's a Different Man' Play Video North Korea Video:'He's a Different Man' FOX News

Wed Jul 22, 11:24 pm ET

PHUKET, Thailand (AFP) – US officials held a rare meeting with a delegation from Myanmar focusing on UN sanctions against North Korea and the treatment of democracy icon Aung San Suu Kyi, an official said Thursday.

The meeting happened late Wednesday on the eve of Asia's biggest security conference in the Thai resort island of Phuket, which US Secretary of State Hillary Clinton is attending, a senior State Department official said.

Clinton did not attend the meeting with the representatives from the reclusive, junta-ruled nation.

The State Department said the US officials urged Myanmar to implement the terms of a UN Security Council resolution that imposed sanctions on North Korea over its recent missile and nuclear tests.

Clinton had raised concerns earlier Wednesday over the possible transfer of nuclear technology from Kim Jong-Il's communist regime to military-ruled Myanmar.

The US officials also "noted that the outcome of the trial of Aung San Suu Kyi would affect our willingness and ability to take positive steps in our bilateral relationship."

Nobel Peace laureate Aung San Suu Kyi is currently on trial for breaching the terms of her house arrest after an incident in which an American man swam uninvited to her lakeside house in Yangon in May.

She faces up to five years in jail and is being held in the city's notorious Insein prison.

Clinton said on Wednesday that if Myanmar frees Aung San Suu Kyi "that would open up opportunities at least for my country to expand our relationship with Burma, including investments in Burma," she said, referring to Myanmar by its former name.

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

သမာအာဇီဝ နှင့်လုပ်စားနေသူများ မြို့ ပြင်ထွက်အသက်ရှူရန်

ရန်ကုန် ကားဝပ်ရှော့များ မြို့ပြင်ပြောင်းခိုင်း Thursday, 23 July 2009 15:50 ဟိန်းဇော်
ရန်ကုန်မြို့တွင်းရှိ ကားဘော်ဒီရုံများနှင့် ကားဝပ်ရှော့ လုပ်ငန်းများကို ဇူလိုင် ၂၀ ရက်နေ့ မှ စတင်၍ ရန်ကုန်မြို့ ပြင်သို့ ရွှေ့ပြောင်း ခိုင်းစေမှုကြောင့် လုပ်ငန်းရှင်များနှင့် ကားပြင်ဆင် လိုသူများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

[ရန်ကုန်မြို့တွင်းရှိ ကားဝပ်ရှော့ တခု (ဓာတ်ပုံ - flickr.com/clkr)]

ရန်ကုန်မြို့တွင်းရှိ ကားဝပ်ရှော့ တခု (ဓာတ်ပုံ - flickr.com/clkr)
ထိုသို့ စီစဉ်ခြင်းမှာ လုပ်ငန်းများတစ်စုတစ်စုတည်းဖြစ်သွားစေရန်နှင့် ဆင်ခြေဖုံးရပ်ကွက်များတွင် ကားဘော်ဒီရုံ များ ၏ အသံဆူညံမှုတို့သည် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေခြင်း၊ မြို့တော် အင်္ဂါရပ်နှင့် ကိုက်ညီမှု မရှိ ခြင်းတို့ ကြောင့် ဖြစ်ကြောင်း အလုံမြို့ နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ယင်းလုပ်ငန်းများ ရန်ကုန်မြို့ ပြင်ရှိ ရွာသာကြီးသို့ ပြောင်းရွှေ့ ဖယ်ရှားခြင်းကို အလုံမြို့ နယ်တွင် စတင် ဆောင် ရွက်ခြင်းဖြစ်ပြီး ထို့နောက် ဒေါပုံ၊ သာကေတ၊ ရန်ကင်း၊ လှိုင်၊ မရမ်းကုန်း စသောမြို့နယ်များတွင် ပြောင်းရွှေ့ရန် အစီအစဉ်များရှိကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ အခုရုံပိတ်လိုက်ရတယ်။ ရွာသားကြီးမှာနေရာပေးမယ်ပြောတယ်။ မြို့ ထဲနဲ့ ဝေးတော့ အဆင် မပြေ နိုင်ဘူး။ ဆိုင်ခန်းခလည်း ပြန်သွင်းရမယ်ဆိုတော့ မလွယ်ဘူး”ဟု အလုံမြို့ နယ်တွင် ခြောက်နှစ်နီးပါး ကားဝပ်ရှော့ လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး က ပြောသည်။

ယာဉ်မောင်း တစ်ဦးကလည်း“လမ်းပေါ်မှာ ကားသွားရင်းနဲ့ စက်တခုခုချွတ်ယွင်းသွားလို့ ရှိရင် အခုဆို ဘယ်နေရာ ၀င်ပြင်ပြင်ရတယ်။ ဒီလိုမြို့ ထဲ နဲ့ ဝေးတဲ့ နေရာမှာထားရင် အခက်အခဲဖြစ်သွားနိုင်တယ်။ လေထိုးကျွတ်ဖာဆိုင် တွေကိုပါ ပြောင်းခိုင်းမယ် ဆို ရင် ကားသမားတွေ အတွက်ကော လုပ်ငန်းရှင် တွေအတွက်ပါ အဆင်မပြေနိုင် ဘူး”ဟု ပြောသည်။

ကားဝပ်ရှော့လုပ်ငန်းကြီးများ ဖြစ်သော ကားအင်ဂျင်ပြုပြင်ခြင်း၊ ကားဘော်ဒီ ဆေးမှုတ်ခြင်း၊ စသည့် အချိန်ကြာ မြင့်စွာလုပ်ရသော လုပ်ငန်းများအတွက် လက်ရှိပြောင်းရွှေ့ရန် စီစဉ်နေသော ရွာသာကြီးရှိ ပေ ၄၀ × ၆၀ မြေ ကွက် ဆိုင်ခန်း နေရာ အကျယ်အ၀န်းများသည် အဆင်ပြေနိုင်သော်လည်း လေထိုး၊ ကျွတ်ဖာ ကဲ့သို့ သော လုပ်ငန်းအသေးစား လုပ် ကိုင်နေသူများမှာ ဆိုင်ခန်းစရိတ်၊ အလုပ်သမားစရိတ်၊ အထွေထွေ စရိတ်များ ကြောင့် ငွေကြေးအခက်အခဲ ရှိ ကြောင်း သာကေတမြို့ နယ်ရှိ ကားဘော်ဒီရုံလုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။

ယင်းသို့ ပြောင်းရွှေ့ခံရသောအလုံမြို့ နယ်မှ လုပ်ငန်းရှင်တစ်ဦးက ရွာသာကြီးတွင် လုပ်ငန်းပြောင်းဖွင့်ရန်အတွက် စည်ပင်ကမြေတစ်ကွက်ကို ကျပ် သိန်း ၆၀ ဖြင့်ရောင်းချနေကြောင်း၊ စည်ပင်အနေဖြင့် ၎င်းတို့၏ဘတ်ဂျတ် ပြည့်မီ ရန် ယခုကဲ့သို့ ပေါက်ဈေးထက်မြင့်သော ဈေးဖြင့် ရောင်းချခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

ရန်ကုန် စည်ပင်သာယာရေးကော်မတီမှ စီစဉ်သည့်နေရာသို့ ပြောင်းရွှေ့ခြင်း မပြုသော ကားဘော်ဒီရုံနှင့် ဝပ်ရှော့ များကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းအရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒါ စည်ပင်တွေ သက်သက် ဖန်တီးတာပါ။ သိန်း ၆၀ ကို တစ်နှစ်အတွင်း ပေးရမယ်။မပေးတဲ့ သူတွေကို မလုပ် ခိုင်းဘူးလို့ ကြားတယ်။ ကျနော်တို့ လည်းပြောင်းဖို့ စာကျလာပြီ။ လုပ်ကိုင်စားသောက်ရတာ သူတို့ ကိုကြောက် နေရတယ်ဗျာ”ဟု သာကေတမြို့ နယ်မှ ကားပြင်ဝပ်ရှော့ဆရာ တစ်ဦးကပြောသည်။

ရန်ကုန်မြို့ တွင်းမှကားဘော်ဒီရုံများ၊ ကားဝပ်ရှော့ များ ကို ပြောင်းရွှေ့ ရန် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းက တစ်ကြိမ်၊ ဇွန်လ ဆန်းပိုင်းက ဒုတိယအကြိမ်အဖြစ် စည်ပင်ဝန်ထမ်းများမှ လိုက်လံပြောကြားခဲ့ ကြောင်း သိရသည်။

“အဲဒီလိုမြို့ ပြင်သာပြောင်းရမယ်ဆိုရင် လုပ်ငန်းအခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ကားပိုင်ရှင်တွေ ကားပျက်တာ ပဲ ဖြစ်ဖြစ်။ကားတိုက်လို့ ဘော်ဒီပြင်တာပဲ ဖြစ်ဖြစ် မြို့ ပြင်ထွက်လာမှ ဖြစ်မယ်လေ။ လုပ်ငန်းရှင်တွေရော ကားပိုင် ရှင်တွေပါ အခက်အခဲရှိလာနိုင်ပါတယ်”ဟု သုဝဏ္ဏမြို့ မှ ကားပိုင်ရှင်တစ်ဦး က ဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဝိုင်းဝိုင်းမှ ထောင့်ချွန်း အပြောင်းအလဲခွန်

အ၀ိုင်းမှ သုံးထောင့်သို့ ပြောင်းခ ကညန မှ ၆၁၅၀၀ ကျပ် ကောက်ခံ 7/23/2009
မင်းဆက်ခိုင် (နိရဉ္စရာ) စစ်တွေတွင် ကုန်လမ်း သယ်ယူပို့ဆောင်ရေး ကညနမှ သုံးဘီး မော်တော် ဆိုင်ကယ်များ၏ ယခင် နံပတ် ကဒ်ပြား အ၀ိုင်းကို ဖျက်သိမ်းပြီး သုံးထောင့် ကဒ်ပြား အသစ်များ ထုတ်ပေးရာတွင် ဆိုင်ကယ် တစီးစီမှ ငွေ ၆၁၅၀၀ ကျပ် ကောက်ခံနေသည်။

အမည်မဖေါ်လိုသူ ပိုင်ရှင် တဦးက “အရင်က အ၀ိုင်း၊ အခုထုတ်ပေးတာက သုံးထောင့်၊ ဒါဘဲ ကွာပါတယ်။ နံပတ်လည်း အတူတူပါဘဲ။ ဒါကို ၆၁၅၀၀ ကျပ်ပေးသွင်း ရမယ်ဆိုပြီး အမိန့်ထုတ်တဲ့အတွက် သုံးဘီး ပိုင်ရှင်တွေက အထူးကို အခက်ကြုံနေကြရပါတယ်” ဟု ပြောသည်။

ယခင် သုံးဘီး ဆိုင်ကယ် တစီးစီမှ အ၀ိုင်း နံပတ် ကဒ်ပြားများ အတွက် ကျပ်ငွေ (၂) သိန်းစီ ကောက်ခံခဲ့ပြီး ယခု တဖန် အ၀ိုင်းကို သုံးထောင့် လုပ်ကာ ကညနမှ ကျပ်ငွေ နောက်ထပ် ၆၁၅၀၀ ကောက်ခံနေခြင်း ဖြစ်သည်။

“တနှစ်ရင်းလို့မှ ကျပ်ငွေ တသိန်း အမြတ် ရရှိဖို့ နေနေသာသာ၊ ဒီအထဲမှာ တခါ အ၀ိုင်းကနေ သုံးထောင့်ကို ပြောင်းလိုက်၊ ပြောင်းခအတွက် ငွေတွေ အဆမတန်ကောက်၊ ဒါတွေအားလုံးက သူတို့ စားပေါက်ထွင်တာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ နံပတ် ကဒ်ပြား သုံးထောင့်များကို ထုတ်ပေးပြီး ငွေ ၆၁၅၀၀ ကျပ်ကို စစ်တွေရှိ ကညန၊ မထသနှင့် ပို့ဆက် အဖွဲ့ သုံးဖွဲ့မှ ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းပြင် သုံးဘီး ဆိုင်ကယ်မောင်းသူ တဦးမှလည်း “ယဉ်ထိန်း ရဲတွေက နံပတ်ကဒ်ပြား အသစ်မပါရင် ဖမ်းဆီးမယ် ဆိုပြီး ပြောဆိုထားတဲ့အတွက် အခုအခါ နံပတ်ကဒ်ပြား အသစ် မပါဘဲ မောင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

ကညန အရာရှိများမှလည်း သူတို့တောင်းခံထားသော ကျပ်ငွေ ၆၁၅၀၀ ကိုမပေးလျှင် အဆိုပါ သုံးဘီး ဆိုင်ကယ်များကို အိမ်တွင် အသုံးပြုရန်နှင့် လူတင်မူများ မပြုလုပ်ရန် ပြောကြားထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အနှံ့ စီးပွားရေး အကျပ်အတည်း ဆိုက်ရောက်နေချိန်တွင် ယခုကဲ့သို့ သုံးဘီး ဆိုင်ကယ်များမှ ကဒ်ပြား အသစ်လှဲခ ကျပ်ငွေ ၆၁၅၀၀ ကျပ်ကောက်ခံနေသဖြင့် ပိုင်ရှင်များမှာ အထူး ဒုက္ခရောက်နေကြရသည်ဟု သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဘဝထဲက အောင်ဆန်း၊ ရင်ထဲက အောင်ဆန်း ။

(မင်းဒင် ရေးသည်)
ကျနော်ဒုတိယတန်းအောင်ပြီး တတိယ တန်းတက်ရတော့မယ်ဆိုတော့ ကျောင်းမဖွင့်ခင် ကျနော့်လက်ထဲကို တတိယတန်းဖတ်စာတွေရောက်လာပါတယ်။ကျောင်းတွေ မဖွင့်သေးပဲ စာအုပ်တွေကြိုရောက်လာတာက အဲဒီခေတ်က ကျောင်းသုံးစာအုပ်တွေကို ကျောင်းတွေ မဖွင့်ခင် ကုန်သွယ်ရေးအရောင်းဆိုင်တွေမှာကျောင်းသုံး စာအုပ်တွေ ဝယ်နိုင်လို့ အဖေက ကြိုဝယ် ပေးထားတာပါ။ တတိယတန်းဖတ်စာထဲက ဗိုလ်ချုပ်အောင်ဆန်း ကဗျာထဲမှာ ..ဇာတိ နတ်မောက် မကွေးခရိုင် ၊ သိကြများခုတိုင် .. ဆိုတဲ့ စာသားကိုတွေတော့ ကျနော် တော်တော် စိတ်ဝင်စားသွားပါတယ် ။
ကျနော်မွေးတဲ့မြို့မှာ မွေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ လူဟာ ဘယ်လိုလူလဲ ၊ ဘာတွေ လုပ်ခဲ့လို့ ဒီစာ အုပ်ထဲမှာ သူ့အကြောင်းကဗျာထည့် စပ်ထားရသလဲသိချင်စိတ် ပေါ်လာ ပါတယ်။ကဗျာ တနေရာမှာ မျက်ရည်ဖြိုင်လို့ဘဝင်ညှိုး ဇူလိုင်တဆယ့်ကိုး ဆိုတာလည်းဖတ် မိတယ်။ ဘာကြောင့် ဇူလိုင်တဆယ့်ကိုးမှာ ဘဝင်ညှိုးပြီး မျက်ရည်ဖြိုင်ဖြိုင်ကျရတာလဲ ဆိုတာပါ သိချင်စိတ်စောခဲ့ ဘူးပါတယ် ။
ဖြည်းဖြည်း အတန်းတွေတက်လာတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေကို ကျောင်းစာမှာကော ပြင်ပစာအုပ်နဲ့သတင်းစာတွေ မှာပါ တွေ့ရဖန် များလာတော့ကျနော်ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို တစစသိလာပါတယ်။
အာဇာနည်နေ့နီးလာရင် ကျောင်းမှာ အကြိုဟောပြောပွဲတွေ နှစ်စဉ်လုပ်တော့ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးတွေအကြောင်းကို ခြေရာခံမိလာပါ တယ်။ရေဒီယိုကနေလွှင့်တဲ့ ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်းတွေ ၊ဒေါ်မေလှမြိုင်သီချင်းတွေကြောင့် ကြက်သီးတွေထ ၊မျက်ရည်ကျ ရတဲ့ အကြိမ် ပေါင်း မနည်းလှပါဘူး။သတင်းစာ၊ဂျာနယ်မျက်နှာဖုံးတွေမှာ အာဇာနည်နေ့ အထူးထုတ်ဆိုပြီး ဝေဝေဆာဆာပုံတွေနဲ့မြင်ရ ။ ဆယ့်ကိုးဇူလိုင် မမေ့နိုင် ဆို တာမျိုး စာလုံးမည်းကြီးတွေ အာဇာနည်ကြီးတွေရဲ့ ဓာတ်ပုံ ရောင်စုံကြီး တွေကိုလည်း အာဇာနည် နေ့တိုင်းမှာ တွေ့နေရတော့ ပိုပိုသိလာပြန်ပါတယ် ။
ဗိုလ်ချုပ်ရဲ့အကို ဦးအောင်သန်းရေးတဲ့ အောင်သန်းရဲ့အောင်ဆန်း ၊ဗိုလ်ချုပ်ရဲ့ကိုယ်ရေး အရာ ရှိ အဖြစ်ထမ်းဆောင်ခဲ့ဘူးတဲ့ ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း)ရဲ့အမှတ်တရဗိုလ်ချုပ်အောင် ဆန်း ဆိုတဲ့ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ စာအုပ်တွေသာမက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေး ထားတဲ့စာအုပ်မှန်သမျှ ကျနော်မလွတ်တမ်း ဖတ်ပြီးချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျနော့်ဘဝရဲ့ သူရဲကောင်းကြီး ဖြစ်လာပါတော့ တယ် ။သူဟာသူ့လိုပဲ နိုင်ငံချစ်သူမျိုးချစ် လူငယ် တစုနဲ့ မြန်မာ့တပ်မတော်ကြီးကို ထူထောင်ပြီး နှစ်ပေါင်းတရာကျော် တိုင်းတပါး လက်အောက် ရောက်နေခဲ့တဲ့ မြန်မာပြည်ကြီးကို လွတ်လပ်စေခဲ့တယ် လွတ်လပ်ရေးကို သူ့အသက်နဲ့လဲပြီး ဦးဆောင်ရယူပေးခဲ့တယ်ဆိုတာ ခရေစေ့ တွင်းကျ သိလာပါတော့တယ် ။
………………………………………….
အာဇာနည့်နေ့ရောက်လို့ ဗိုလ်ချုပ်တို့ကျဆုံးချိန် ၁၀နာရီ ၃၇ မီးနစ်မှာ အထပ်သားစက်ရုံ။ အမှတ်၁၀ သစ်စက်စတဲ့စက်ရုံတွေကနေ ဥသြသံ အရှည်ကြီးဆွဲလေ့ရှိပါတယ်။ကားတွေ ရပ်၊ လူတွေက ရောက်လေရာနေရာမှာ ရပ်ပြီး ငြိမ်သက်အလေးပြုကြပါတယ်။ ကျနော်ခြောက်တန်း ခုနှစ်တန်းအရွယ် ရောက်တော့ဗိုလ်ချုပ်တို့ ကျဆုံးချိန်မှာ တပြိုင်နက်ဆွဲလိုက်တဲ့ ဥသြသံတွေကို ကြားတာနဲ့ ဝမ်းနည်းခြင်း ကြီးစွာနဲ့ ရောက်ရာ နေရာမှာ လက်ကလေးနှစ်ဘက်ဘေးချ ၊ခေါင်းငုံ့ဦးညွှတ်ပြီး အလေးပြု တတ်နေခဲ့ပါပြီ ။အိမ်တိုင်းရုံးတိုင်းမှာ တဝက်လွှင့်ထူထားတဲ့ နိုင်ငံတော် အလံတွေကို ရင့်နင့်နင့် နဲ့ ကြည့်ပြီး ဗိုလ်ချုပ်နဲ့အတူပြည်ထောင်စုကြီး ထူထောင်ရေးအတွက် အသက်ပေးခဲ့ကြ တဲ့ အာဇာနည်ကြီး တွေဟာ လည်း လေးစားထိုက်သူများအဖြစ် နားလည်သဘော ပေါက်နေခဲ့ပါပြီ ။

ကလေးဘဝက ဗိုလ်ချုပ်အောင်ဆန်းကို မြတ်နိုးလေးစားလွန်းတာကြောင့် ဗိုလ်ချုပ်အောင် ဆန်း လူ့ပြည်ပြန်ရောက်ပြီး မြန်မာပြည်မှာ ဘယ်လို နည်း နဲ့များ ပြန်ပေါ်လာလေမလဲ ဆိုတာ ကလေးအတွေးနဲ့ တွေးခဲ့တဲ့ အကြိမ်ပေါင်း မနည်းလှပါဘူး။သူငယ်ချင်းတွေနဲ့ ဗိုလ်ချုပ်အောင် ဆန်း အကြောင်း စကားစပ်မိရင် “ဗိုလ်ချုပ်အောင်ဆန်းဟာ အခု လူဝင်စား ဘဝနဲ့ လူပြန်ဖြစ် နေပြီကွ“ ဆိုပြီး အလွမ်းဖြေရတာလည်းအမောဗျာ။ ဒီကြားထဲ သတင်းစာတစောင်မှာ ဗိုလ်ချုပ် ပုံ မှိုပွင့်ကြီး တပွင့်ဟာ ပိုင်ရှင်ဒေါ်စု ဆိုသူ အဘွားအိုရဲ့ခြံထဲမှာပေါက်ဘူးတာလည်း ဖတ်ဘူး ရော ကျနော်တို့ စိတ်ကူးဟာ တကယ်ဖြစ်လာတော့လေမလား ဆိုပြီး ကျိတ်ဝမ်းသာနေခဲ့ကြ ဘူး ပါတယ် ။ထူးဆန်းတာက မူလတန်းကျောင်းသား ဘဝက ကျနော်နဲ့တည့်တဲ့ သူငယ်ချင်း ရော ၊ မတည့်တဲ့  သူငယ်ချင်းတွေပါ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုတဲ့နေရာမှာတော့ သွား တူ နေကြတယ် ဆိုတဲ့ အချက်ပါပဲဗျာ ။
…………………………….
ဒါဟာတကယ်တော့ မထူးဆန်းလှပါဘူး။ ဗိုလ်ချုပ်ဟာ မွေးရာကနေ သေသည်အထိ မြန်မာ့ လွတ်လပ်ရေးတခုတည်းအတွက် စိုက်လိုက်မတ် တတ် လုပ်ခဲ့ပြီး သူမတူတဲ့ ရိုးဂုဏ်နဲ့ပြည့်စုံ နေလို့ပါပဲ ။ဗိုလ်ချုပ်ဟာ သေသည်အထိ ကိုယ်ကျိုးတပြားသားမှ ရှာခဲ့သူ မဟုတ်ပါဘူး ။လွတ်လပ် ရေးရရင်တောင် ရာထူးကြီးကြီးယူပြီး ဇိမ်ခံနေဘို့ စိတ်ကူးမျိုးမရှိပဲ နိုင်ငံရေးက ထွက်ပြီး စာရေးဆရာလုပ်ဘို့ မျှော်မှန်း စိတ်ကူးခဲ့သူပါ ။ဗိုလ်ချုပ် တို့ စိတ်နှလုံးဖြောင့်စင်းပုံများ သူ့ဇနီး ဒေါ်ခင်ကြည်ကို ပဲပြုတ်နဲ့နံပြားစားချင်လို့ စာရေးပြီး ပူဆာသတဲ့ဗျာ ။ဒါတင် ဘယ်ဟုတ် အုံးမလဲ၊ လွတ်လပ်ရေး အတွက် အရေးဆိုဘို့အင်္ဂလန်သွားတဲ့ ခရီးမှာ အိန္ဒိယနိုင်ငံ နယူးဒေလီ လေဆိပ်အရောက် ၊ အင်္ဂလန်မှာ ဝတ်ဘို့ အဝတ်အစား အပြည့်အစုံပါရဲ့လားလို့ နေရူးက ဗိုလ်ချုပ်အောင်ဆန်း ကိုမေးသတဲ့ ။ အမှန်တော့ နေရူးဟာ အင်္ဂလန်မှာ ကျောင်းသား ဘဝနဲ့ နှစ်ရှည်နေဘူး တော့ အင်္ဂလန်ရာသီဥတုက အေးလွန်းလို့ အနွေးထည် ထူထူပါမပါ မေးတာပါ ။ ထုံးစံအတိုင်းသာမန် အဝတ်အစားနှစ်စုံ၊သုံးစုံလောက်နဲ့ တဘဝလုံး နေထိုင်လာခဲ့တဲ့ဗိုလ်ချုပ် မှာ အနွေးထည်မပါမှန်း လည်း သိရော ၊နေရူးဟာ ချက်ချင်း လောင်းကုတ်ရှည်ကြီး တထည် ချုပ်ပြီး လက်ဆောင်ပါး လိုက် ပါသတဲ့ ။ဗိုလ်ချုပ်အောင်ဆန်းကို ဓာတ်ပုံထဲမှာခန့်ခန့်ကြီး လောင်းကုတ်ရှည်ကြီးနဲ့တွေ့ရတာ ဟာ နေရူးကြီးရဲ့ ကျေးဇူး ပေါ့ဗျာ ။
……………………………..
ဒီနေ့ဒီအချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်နဲ့ ရင်းပြီး ရယူပေးခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးဟာ မြန်မာ လူမျိုးတွေ အတွက် မြင်သာမြင်ရ မကြင်ရတဲ့ ဘဝပါပဲ ။ကိုယ့်အမျိုးကိုယ့်ညှင်းတဲ့ မြန်မာစစ်ခေါင်း ဆောင်တွေလက်ထဲမှာ လူထုတရပ်လုံး မလွတ်မလတ် အနေကြပ် အသေကြပ်၊ အရှင်လတ်လတ် ငရဲကျနေခဲ့ကြရပါပြီ ။ စစ်ဝါဒီတွေ အာဏာတည်မြဲရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဂန္တဝင်ပုံရိပ်ကို ဆေးမဲ သုတ်ခဲ့ကြပါပြီ ။
အခု ဖူးခက်အိမ်မှာ ကျနော်နဲ့အတူ နေတဲ့ အသက်နှစ်ဆယ်အရွယ် မောင်ဖြိုးဆိုတဲ့ လူငယ်လေးက ကျနော်ကွန်ပြူတာကနေ ဒေါင်းလုပ်လုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေ ဖွင့်တာကို ဘေးက ရပ်နားထောင်ရင်း .. ဟာ ။ သူပြောတာတော်တော်မိုက်တယ် ဦးလေးရ ။ ဘယ်သူ တုန်းတဲ့ ။ကောင်းကြရောပေါ့ဗျာ ။မောင်ဖြိုးကို ကျနော်အပြစ်မဆိုသာပါဘူး။

သူ ဗိုလ်ချုပ်အောင်ဆန်း အသံကို ဘယ်သိပါ့မလဲ ။ဗိုလ်ချုပ်ရာဇဝင်သမိုင်းကို မြန်မာ စစ်ဝါဒီတွေက စံနစ်တကျဖျက်စီးနေကြတာကိုး။ငွေစက္ကူပေါ် တွေက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေကို ဖယ်ရှား၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အထောက်အထား မှတ်တမ်းမှန် သမျှ ဖျောက်ဖျက် နေတဲ့ မဟာဥာဏ်ကြီးရှင်တွေရဲ့ ရွှေဥာဏ်တော်စူးရောက်ပုံကတော့ ဘယ်ပန်းချီရေးမမီ လောက်အောင်ပါပဲ ဒေါ်အောင်ဆန်း စုကြည်နဲ့စစ်အစိုးရ ဟာ သဘော ထား ကွဲတာ၊ အမြင်မတူတာ တွေ ရှိနေနိုင်ပါတယ် ။ အမြင်တွေကွဲတာ သဘောထားမတူတာ အဆန်းမဟုတ်ပေမဲ့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင် ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးတွေကို မှေးမှိန်အောင်လုပ်တာ ကတော့ တော်တော့်ကို အောက်တန်းကျပြီး ဆင်ခြင်တုံတရား မရှိတဲ့ လုပ်ရပ်ပါပဲ။
…………………………………..
ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေ သွေးနဲ့ရင်းပြီး ရယူပေးခဲ့တဲ့ နေရာကို အဆင်သင့် တက်ထိုင်ပြီး ထင်တိုင်းကြဲနေကြတဲ့ မြန်မာစစ် ခေါင်းဆောင်တွေကတော့ ဘယ်အချိန် ထမေး မေး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို အကန်းလမ်းသွား ဆက်လက်ချီတက် နေကြ တုန်းပါပဲ ။
အကန်းလမ်းသွားဆိုလို့ ”အကန်းရေတွင်းကျ“ဆိုတဲ့ စကားရဲ့မူရင်း ပုံပြင်လေးကို သွားသတိရ မိပါတယ် ။ရွာတရွာမှာ ကြောင်တောင်ကန်းနေ တဲ့လူတယောက်ဟာ သူစုံလုံးကန်းနေတာကို တရွာလုံးက သိပေမဲ့ သူကိုယ်တိုင်က ဘယ်သောအခါမှ ဝန်မခံခဲ့ဘူး။ တနေ့ ရွာမှာမီး လောင် တော့ ပြေးကြလွှားကြဖြစ်နေတုန်း အဲဒီကြောင်တောင်ကန်းက ခွေးကို တက်နင်းမိရော ။ဒီတော့ ဘေးကရွာသားက မင်းကန်းနေလို့ခွေးတကောင် လုံးကို မမြင်တာဆိုတော့ ကြောင်တောင်ကန်းက အဲဒီခွေး ၊ သူ့ကိုဟောင်ထားလို့ လက်စားချေတာလို့ ပြန်ပက်သတဲ့ ။
ဒါနဲ့ရှေ့ဆက်ပြေးရင်း ရေတွင်းထဲပြုတ်ကျတော့ မီးရှိန်ဟတ်လို့ ရေဆင်းစိမ်တယ် လုပ်ပြန် သတဲ့ ။အမြင်မတော်လွန်းလို့ ရေတွင်းထဲကနေ ပြန်တက်နိုင်အောင် ရေတွင်းထဲလှေခါးချပေး ပြန်တော့လည်း လှေခါးနဲ့မြေကြီးထိတဲ့ နေရာမှာ မဆင်းတတ်ပဲ လှေခါးထိပ်ထိ ဆက်တက် သွား ပြန်ရောတဲ့ ။ဒီတော့ဘေးက ရွာသားက ဒီတခါ မင်းကန်းတာ ဝန်ခံပြီလားဆိုတော့ ကိုယ်တော်ချောက မီးညွှန့်ကျိုးမကျိုး တက်ကြည့်တာဆိုပြီး နောက်ဆုံးအချိန်အထိ အကန်း ဟာ ကန်းတယ်လို့ ဝန်မခံခဲ့ပါဘူးတဲ့ ။စစ်အစိုးရလည်း အဲဒီကြောင်တောင်ကန်း နဲ့တထပ် တည်းပါပဲဗျာ ။ စစ်အစိုးရဗိုလ်ချုပ်ကြီးတွေဟာ မီလျံနာတွေချည်းဖြစ်ကုန်ကြလို့ကြောင်တောင် ကန်းကုန်ကြတယ် ထင်ပါရဲ့။
…………………………………………………
ဖြစ်များဖြစ်နိုင်မယ်ဆိုရင် ကျနော်ဟာ ဗိုလ်ချုပ်အောင်ဆန်းကို သေရာကနေ ရအောင်သွားနိုး၊ ကလေးတယောက်လို ဗိုလ်ချုပ်လက်ကိုဆွဲပြီး ဒီပဲယင်းကို ခေါ်သွားလိုက်ချင်ပါတယ်။“ဗိုလ်ချုပ်ထူထောင်ထားခဲ့တဲ့ စစ်သည်ဗိုလ်ပါတွေနဲ့ ကြံရာပါတွေ ဒီနေရာမှာ ဗိုလ်ချုပ်သမီးကို ဝိုင်းရိုက်ကြ တာပဲဗျ၊ ပွဲချင်းပြီးသေသူသေ၊ မသေသူတွေ ထောင်ထဲရောက်ခဲ့တာ ဒီနေရာပေါ့ဗျာလို့ တိုင်ပြောပြောလိုက်ချင်ပါတယ် ။အချိန်ရသေးရင် တပြည် လုံး လူတန်းမစေ့တော့တာ၊ မုန်တိုင်းကျခဲ့တဲ့ အချိန်မှာ အလောင်းတွေတောင် မြေမမြှုပ်နိုင်ခဲ့တာ၊လူမိုက်တွေ တန်ခိုးထွားနေတာ၊ကမ္ဘာ့ လူမိုက် မြောက်ကိုးရီးယားလို နိုင်ငံမျိုးနဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့နေကြတာ၊တရုပ်ကို ဒူးထောက်ပြီး သူခိုးနွားကောင်းမသိ တိုင်းပြည် အဆီအနှစ်မှန်သမျှ ထိုးအပ်နေတာ၊အနာဂတ်ခေါင်းဆောင် ၊တိုင်းရင်းသားခေါင်းဆောင်တွေကို ထောင်ထဲလှိမ့်သွင်းထားတာ ၊နိုင်ငံတကာမှာ မြန်မာပြည်ဖွားတွေ ကျွန်သံသရာလည်နေတာ...၊ ...... တာ၊ ......တာ ၊ ..... တာ တွေကို မျက်ရည်လည်ရွဲ ထမင်းမေ့ဟင်းမေ့ ပြောပြလိုက်ချင်ပါရဲ့ ။
ဒါတွေကိုသာ ဗိုလ်ချုပ်ကြားရ မြင်ရရင် ဘယ်လိုမှတ်ချက်များ ပေးလေမလဲ ကျနော် သိချင်လှပါတယ် ။မဖြစ်နိုင်ဘူးဆိုတာလည်း ကျနော်သိပါရဲ့၊
..............................
တကယ်တမ်း အသိဥာဏ်နဲ့စဉ်းစားကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်ရုပ်ပုံလွှာ ဟာ မြန်မာလူထုရဲ့ နှလုံးသည်းပွတ်မှာ ကမ္ဗည်းတင် ရေးထိုး ထားတာကြောင့် ပုံနှိပ်စာလုံး ဓာတ်ပုံစက္ကူနဲ့ ၊ကျောက်သားရုပ်ထုတွေကို ရိုက်ချိုးဖျက်ဆီးရုံနဲ့ မှေးမှိန်ပျောက်ကွယ်သွားစရာ အကြောင်း မရှိပါဘူး ။လူထုဟာ တရေးနိုးထမေးလဲ ဗိုလ်ချုပ်ကို မြတ်နိုးလေးစားကြဆဲပါပဲ ။ဝမ်းနည်းနေရုံ တောင်တောင်အီအီ ကြံစည်နေရုံနဲ့ အောင်မြင် ပြီးမြောက်တာ မဟုတ်လေတော့ ၊ကျနော်တို့ဗိုလ်ချုပ်ကို လေးစားကြည်ညိုရိုးမှန်ရင် ဗိုလ်ချုပ်ရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို မြန်မာစစ်ဘီလူးတွေ လက်က ပြန်ပြီးရယူနိုင်အောင် အားထုတ်ကြရပါလိမ့်မယ် ။
ဗိုလ်ချုပ်မိန့်ခွန်း ထဲက ဟိုလူ့မျက်နှာချိုသွေး၊ ဒီလူ့ မျက်နှာချိုသွေးနေရပြီး ၊ အဝှာနိုင်ငံထက် ဆိုးနေတဲ့ ဘဝကနေ ပြန်လည် လွတ်မြောက်ဘို့ အတွက် ၊ကျနော့်ရဲ့ အကျင့်ဆိုးအကျင့် ဟောင်းတွေ သောက်ကျင့်တွေကို ပြင်ကြရပါလိမ့်မယ်။
ဒီတော့ ကျနော်တို့အားလုံး တိုင်းပြည်ပြန်လည် ထူထောင်ရာမှာ သုံးရမဲ့ အင်အားတွေကို ဗမာဗမာချင်း ချတဲ့နေရာမှာ တလွဲဆံပင်မကောင်း တော့ပါဘူး ။တဂိုးသွင်းထားပြီး ဘေးချော်ကန်နေသလို ၊ ဘောလုံးမကန်ပဲ လူချနေသလို ၊နည်းနည်းလေး ရှေ့ရောက်တာနဲ့ တက်ထောင်တဲ့ လှေသမားလိုမလုပ်တော့ပါဘူး ။ လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းရှိပါတော့မယ် ။စည်းလုံးညီညွတ်မှု ရှိပါတော့မယ် ။ပြဲနေအောင် ကုန်းရုန်းပြီး ဝိုင်းဝန်း ကြိုးပမ်းပါ့မယ၊အနီးကပ်ဆုံး ပြည်သူ့ရန်သူကို ရှာပြီး တိုက်ကြပါမယ်လို့ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးများကို (၆၂)နှစ် မြောက် အာဇာနည်နေ့မှာ ကတိကိုယ်စီ ပေးကြပါစို့ဗျာ ။

ဓာတ်ပုံ၊ ။ ဂျစ်တူး(မုံရွာ)

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

နေကြပ်ခြင်းသည် စစ်အစိုးရ ကျဆုံးခန်းဖြစ်မည်ဟု သျှမ်းနက္ခတ္တဆရာဟော

ဗုဒ္ဓဟူးနေ့၊ 22 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်

ယနေ့နေကြပ်ခြင်းသည် စစ်အစိုးရ သို့မဟုတ် နိုင်ငံ့ခေါင်းဆောင်အကြီးအကဲကျဆုံးမည်၊ နိုင်ငံရေးရှုပ်ထွေးမှုတိုးပွားမည်ဟု ချင်းမိုင်ရှိ သျှမ်းနက္ခတ်ဆရာနှင့် ယတြာဗေဒင်လိုက်စားသည့် ပုဂ္ဂိုလ်အချို့ သုံးသပ်ပြောဆိုနေကြသည်။

ယနေ့မနက် ဗမာစံတော်ချိန် မနက် ၆း၀၀ နှင့် ၈း၀၀ အကြား နေကြပ်သဖြင့်တရုပ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၅ -၆ မိနစ် ခန့် မိုးမှောင်ကျသွားခဲ့သည်။ ဗမာပြည်တွင်မူ သိသူများရှိသကဲ့သို့ မသိရှိသူလည်း အများအပြားရှိသည်။ နက္ခတ္တဗေဒ၊ ဗေဒင် ကိန်းခန်း၊ ယတြာကို အယူသည်းသည့် စစ်အစိုးရအဖို့ မလွှဲမသွေ ကျဆုံးခန်းရောက်မည်မှန်းသိ၍ အပြင်းအထန်ယတြာ ချေနေတော့မည်ဟု ဗေဒင်ဆရာများက သုံးသပ်ပြောဆိုနေကြသည်။

ချင်းမိုင်အခြေစိုက် ဗေဒင်ယတြာပညာဖြင့် အသက်မွေးသည့် ဆရာမိဏ်းလီက -“အခုအချိန်မှာ စစ်အစိုးရ ဇာတာကိန်းခန်း က တနင်္ဂနွေ/အနောက်အရပ် နဲ့ အင်္ဂါ/အလယ်ဗဟိုကျတဲ့ အတွက်ကြောင့် အဖတ်ဆယ်လို့ မရအောင် ပျက်စီးဆုံးရှုံး ရမယ့်ကိန်း”- ဟုဆို၏။
[ဂျူလိုင်လ ၂၂ ရက် နေကြပ်သည့်ပုံ (Photo: www.hawaiimagazine.com)]


ဂျူလိုင်လ ၂၂ ရက် နေကြပ်သည့်ပုံ (Photo: www.hawaiimagazine.com)

ဓနုတ်ဘုရား ပြိုပျက်စဉ်က ဗိုလ်သန်းရွှေအဖို့ မကောင်းဆိုးဝါးအတိတ်နိမိတ်ဟု အများပြောဆိုနေချိန် ယနေ့နေကြပ်ခြင်းမှာ အကုသိုလ်ထူပြောသည့် စစ်အစိုးရအဖို့ ဂြိုလ်ဇာတာ လုံးမကောင်းတော့ကြောင်းလွန်ခဲ့သည့်တစ်လကျော်ခန့်ကပင် သုံးသပ် ပြောဆိုကြသည့် ပုဂ္ဂိုလ်တချို့လည်းရှိ၏။

သျှမ်းရိုးရာစကားပုံနှင့် ခေတ်ဟောင်းစာပေကျမ်းကန်နှံ့စပ်သည့် လုန်းစရေးအော်တော်က - “အခုလိုမျိုး စုန်းစုန်းမြှုပ် ငပုပ်မြို့ တယ် ဆိုတာဖြစ်တောင့်ဖြစ်ခဲတဲ့ကိစ္စ၊ ဖြစ်လာပြီဆိုရင်တော့ တိုင်းပြည်ဦးဆောင်နေတဲ့ပုဂ္ဂိုလ်တွေဆုံးပါး တတ်တယ်။ ဒါမှ မဟုတ် တိုင်းပြည်ပြပျက်တတ်တယ်။ အခြားမိတ်ဆွေ တိုင်းပြည်က ကိုယ့်တိုင်းပြည်အစိုးရ အပေါ်လျစ် လျူရှု ကျောခိုင်းလိမ့် မယ်။ အခု ဗမာစစ်အစိုးရက ဘယ်လောက်ယတြာချေချေ ရတော့မှာမဟုတ်ဘူး ”- ဟု ဆို၏။

ယနေ့နေကြပ်ခြင်းသည် တိုင်းပြည် နှင့် အုပ်ချုပ်မင်းလုပ်သူများအတွက်မကောင်းသည့်နမိတ်ဟု သျှမ်းနက္ခတ္တပညာရှင်များ ဟောကိန်းထုတ်ကြသကဲ့သို့ တရုပ် နှင့် အန္ဒိယ နိုင်ငံများ ပညာရှင်များကလည်း အမင်္ဂလာနိမိတ်ဆောင်ကြောင်း၊ နေကြပ် သည့်ချိန် အိမ်ပြင်မထွက်လေ ကောင်းလေဖြစ်ကြောင်းယုံကြည်သူများ ဒု နှင့် ဒေး ရှိသည်ဟုလည်းဆိုသည်။

“လ စွမ်းအားကြီးလို့ ကမ္ဘာ နဲ့ နေ၀န်းကြား ရောက်ခိုက် နေရဲ့အလင်းရောင်ကို ပိတ်ဆို့နိုင်တဲ့အတွက်ကြောင့်၊ လကို ဆည်းကပ်တဲ့သူတွေ တန်ခိုးကြီးထွားလာနိုင်ပြီး နေ နာမ် နဲ့ နေကိုယုံကြည်သူများ သြဇာတက္ကိမ ကျဆုံးမယ်”- ဟု သျှမ်းနက္ခတ္တပညာရှင် ခူးမိဏ်းလီက ဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

KNLA တပ်ဖွဲ့ ဝင်ဟောင်း တချို့  ရန်သူနှင့်ပူးပေါင်း

မဲဆောက်(ဇူလိုင်-၂၂)။ ။ KNU တပ်ဖွဲ့ဝင်အချို့နှင့်မိသားစုဝင်များ၊ လက်နက်နှင့်အတူ မြဝတီမြို့၊သင်္ဃန်းညီနောင် လမ်းခွဲ မော်တော်ကား ၄ စီးပေါ်တွင် ယနေ့နံနက် ၁၀ နာရီခန့်၌ မြင်တွေ့ခဲ့ရကြောင်း မြို့ခံအချို့နှင့် ဆက်သွယ် မေးမြန်းချက်အရ သိရသည်။

စစ်အစိုးရအာဏာပိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူများအဆိုအရ ထိုတပ်ဖွဲ့ဝင်များမှာ KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၈ ၊ ခွဲ ၃ မှတပ်ခွဲမှူး အဆင့်ဆိုသူ စောထူးကေအပါအဝင် တပ်ဖွဲ့ဝင် ၂၂ ဦး၊ မိသားစုဝင် ၄၀ ခန့်ပါရှိပြီး RPG-5 တစ်လက်နှင့်၎င်း၏ဗုံးသီး ၂ လုံး၊ AK-47 သေနတ် ၅ လက်၊ M-16 သေနတ် ၃ လက်၊ ပစ္စတို ၂ လက်ပါရှိသည်ဟု ဆိုသည်။

KNU တပ်မဟာ ၆ အရာရှိတစ်ဦးက အဆိုပါတပ်ဖွဲ့ဝင်များ လက်နက်ချရန် ဝင်ရောက်သွားသည်ကို အတည်ပြုခဲ့ပြီး အင်အား ၁၈ ဦး၊ သေနတ် ၈ လက်ပါရှိသည်ဟု ပြောပါသည်။

ယင်း KNU အရာရှိက “ကျနော်တို့မှတ်တမ်းမှာ တပ်ရင်း ၁၈ ကတပ်ခွဲမှူးက ဗိုလ်ကြီးသန်းတင်ပါ၊ စောထူးကေ မဟုတ်ပါဘူး၊ သူ့ဟာသူခွဲမှူးလို့ဆိုပြီး ကျနော်တို့ဆီက အနားယူခဲ့တဲ့လူဟောင်းတွေထဲကပဲ ဖြစ်နိုင်ပါတယ်”ဟု ထင်မြင်ချက်ပေးခဲ့သည်။

အဆိုပါတပ်ဖွဲ့ဝင်များကို DKBA မှ စီမံမှုများပြုလုပ်ပေးနေသည်ကို တွေ့ရှိနေရသည်ဟု ဆိုသည်။ ယနေ့မွန်းလွဲပိုင်း တွင် ဖားအံမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်ဟု သိရသည်။

နယ်စပ်သတင်းလေ့လာသူများ အဆိုအရ မကြာမီရက်ပိုင်းတွင် ဖားအံမြို့၌ ကရင်ပြည်နယ်၊ ပယကဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းက လက်နက်ချအခမ်းအနား တစ်ရပ်ကျင်းပနိုင်ရန် ကြိုတင်စီစဉ်နေသည့်သတင်းများ ထွက်ပေါ်နေသည်ဟု ဆိုပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Wednesday, July 22, 2009

ရရှားမှာ ငှက် ပစ်ရအောင် Lets shoot birds in Russia

သတင်းထောက် ချမ်းအောင်(ဗမာပြည်) ထံမှ
တပ်မတော်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး ပစ်ရင်တည့်တည့်ပစ်တယ် (စစ်အာဏာရှင်နေ၀င်း)
လေ့ ကျင့် နေတာ စစ်အာဏာရှင် သန်းရွှေသက်ဆိုးရှည်ရေးအတွက်လား? လူ့ ဘ၀ က သက်တမ်း ၆၀ ပါ။ စစ်မှုထမ်းနေကြတဲ့ သူတွေ ၀ါသနာအရသော်၎င်း ၀မ်းရေးအတွက်သော် ၄င်း အမှုထမ်းရင်း နှစ်သက်တမ်း ဆယ်ဂဏန်းနှင့်ချီပြီး အမှုထမ်းနေကြတာ ဒီမိုကရေစီတိုင်းပြည်မှာတော့တမျိုးပေါ့လေ အခုလို လေ့ ကျင့်နေတဲ့ တပ်မတော်သားတွေ သူတို့ ယုံကြည်တဲ့ ခေါင်းဆောင်တွေ က သူတို့ အတွက် ဘ၀အာမခံချက်ဘယ်လောက် ဘယ်နှစ်ရာခိုင်နုံး ရှိတယ်ဆိုတာ မတွေးနိုင်ပါဘူး။ ဆိုလိုတာက အာမခံချက် မရှိပါဘူး ။ နှလုံးသားရှိတဲ့ နိုင်ငံကိုချစ်တဲ့  ပြည်သူတွေကို တကယ်ချစ်တဲ့ တပ်သားရဲဘော်တွေ အမှားနဲ့ အမှန် တကယ်ခွဲခြားသိမြင်နိုင်ပါစေ။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

“ငုံးဆူ လူမသိ”

ဒုဗိုလ်မှူးကြီး အေးမြင့်

စစ်အာဏာရှင် စနစ်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်နေ၀င်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့အပေါ်မှာ ဦးနုနဲ့ ယှက်နွယ်ကာ အငြိုး အာဃာတ ကြီးမားလွန်းလို့ သူအာဏာရတဲ့ သမတ ဘ၀မှာ ဦးသန့်လာတာကို အတွေ့မခံ အကြံအဖန် လုပ်ပြီး ငပလီဘက်ကို ရှောင်သွားဖူးကြောင်း အမှတ်မထင် ကြားမြင် ခဲ့ရပါတယ်။


ဗိုလ်နေ၀င်းဟာ ဦးသန့်အလောင်းကို မလွှဲမရှောင်သာ ဖိအားမျိုးစုံကြောင့် လက်ခံ ခဲ့ပေမယ့် ထိုက်ထိုက် တန်တန် ဂုဏ်ပြုသဂြိုလ်ဖို့ ကိစ္စမှာ မိုက်ရိုင်းမောက်မာစွာ ငြင်းပယ် ခဲ့တာလည်း ကြားဖူးး နားဝ ရှိခဲ့ပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦးကို ဖယ်ရှား လိုက်တာ အကြောင်းအများကြီး ရှိတဲ့အနက် ဦးသန့် အရေးခင်းနဲ့ ယှက်နွယ်မှုရှိကြောင်း အတွင်းစကားများ အရ ကြားဖူးးနားဝ ရှိခဲ့ဖူးပါတယ်။

အတန်တန် တားမြစ်ပိတ်ပင် ထားတဲ့ကြားက ဦးသန့်ရဲ့ ရုပ်ကလပ်ကို လေယာဉ် ကွင်းမှာ ကြိုဆိုခဲ့သူ ပညာရေးဌာန ဒုဝန်ကြီးဦးအောင်ထွန်း (ဒုဗိုလ်မှူးကြီးဟောင်း) မှာ နေ့ချင်း ညချင်း ဖြုတ်ခြင်း ခံခဲ့ရပါတယ်။ ဒုဗိုလ်မှူးကြီး အောင်ထွန်းဟာ ခေတ်ပညာတတ် တကဲ့စစ်သားကြီး ဖြစ်ပါတယ်။ စစ်တက္ကသိုလ်မှာ ဒုကျောင်းအုပ် လုပ်ဖူးးသလို စစ်ရုံးချုပ် DMT မှာ G 1 လုပ်ခဲ့ဖူးးသူ ဖြစ်ပါတယ်။ ဖာပွန် ခလရ-၁၃ မှ ရောင်းရင်း ဗိုလ်သိန်းဟန် တင်တို့ ကျဆုံးမှုနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းရေးမှူး တာဝန်ဖြင့် ဖာပွန်သို့ လာရာတွင် ဗိုလ်ကြီးတင်ရွှေ (နောင် လေတပ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး တင်ရွှေ) မောင်းနှင်တဲ့ ဘားတော် စစ်ရဟတ်ယာဉ်ကြီး ပေါ်မှာ အတူစီးခဲ့ဖူ့းလို့ လေးစားခင်မင်ခဲ့ရသူ အကြီးအကဲ တစ်ဦးပါ။ ထိုစဉ်က တပ်မဟာ ၁၁ မှူးက ဗလနယ်မြေ တာဝန်ခံ ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဆင်ကလဲယားပါ။ (နောင်မှာ ဗိုလ်မှူးကြီး စိန်လင်း ဟူ၍ နာမည်ပြောင်းခဲ့သူ ကပြားအရာရှိ ဖြစ်ပါတယ်)

မဆလပါတီက ဗိုလ်မှူးကြီး သန်းစိန် (ရခိုင်သန်းစိန်) ကွဲစဉ်က ဘာမဆိုင် ညာမဆိုင် ခလရ-၅ မှာ တပ်ရင်းမှူးဖြစ်နေတဲ့ ဗိုလ်မှူးအောင်သန်း(ရခီး၊ ဗိုလ်သင်တန်း အပတ်စဉ် ၂၁) ခမျာ ပြုတ်သွားရရှာပါတယ်။ ကိုအောင်သန်းက တပ်ခွဲမှူးသင်တန်း အပါတ်စဉ် ၅၅ မှာ ကျနော်နဲ့ အတူတူတက်ခဲ့ကြတဲ့ ရောင်းရင်း သူငယ်ချင်းများ ဖြစ်ကြပါတယ်။ အရာရှိကောင်းတစ်ဦးပါ။ ထို့အတူ ဗိုလ်ချုပ်ကြီး သူရတင်ဦး ပြုတ်စဉ်ကလည်း PSO ဟောင်းဖြစ်သူ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမြင့်(ဗိုလ်သင်တန်း အပတ်စဉ် ၂၁) ကိုပါ ဖြုတ်လိုက်တာ တွေ့ဖူးပါတယ်။ ဗိုလ်ချုပ်ကြီး တင်ဦး ပြုတ်သွားစဉ်က ထိပ်ပိုင်းစစ်ခေါင်း ဆောင်ပိုင်းမှာ အတော်ကလေး မကျေမနပ် ဖြစ်ခဲ့ကြတာ ယင်းတို့ရဲ့ PSO ဗိုလ်ကြီးများက ပြန်ပြောပြလို့ သိခဲ့ရပါတယ်။ ထိုစဉ်က ကျနော်ဟာ ရွှေညောင် ခလရ-၉၄ မှာ ဗိုလ်မှူး ဖြစ်နေပါပြီ။ ကျနော်လည်း စိတ်မကောင်းဖြစ်မိသလို မခံမရပ်နိုင် ဖြစ်ခဲ့ဖူး ပါတယ်။ ကျနော်က နယ်အဝေးမှာ ရောက်နေလို့ အုံးကျော်မြင့်တို့ ကြံစည်မှုမှာ မပါခဲ့ပါ။

PSO ဗိုလ်ကြီးများ ကြံစည်တာဟာလည်း သူတို့ ဆရာအကြီးအကဲများရဲ့ ခံစားမှုများ မှ အခြေခံကာ ဖြစ်ထွန်းခဲ့တာလို့ ဆိုရပါမယ်။ ဗိုလ်နေ၀င်းနဲ့ တလက်ကိုင်၊ သစ္စာခံ၊ အဲမ်အိုင်၊ စစ်မလိုင် ဒေါက်တိုင် ရာဇာကြီးလန်ဘားတို့ရဲ့ စနက်ဆိုတာ လူငယ်များဟာ သူတို့ ဆရာအကြီးအကဲများ ပြောသံဆိုသံကြားနေရာက မခံမရပ်နိုင် ဖြစ်ကာထပြီး ကြံမိ ကြံရာ ကြံစည်ကြတာပါပဲ။

ရေးရတာ အားတော့နာစရာပါ၊ လူကြီးများဟာ မကျေနပ်တာ သာရှိတာပါ။ ညီညီ ညာညာ သတ္တိရှိရှိနဲ့ အဲဒီတုန်းက ထပြီးလုပ်ကြရင် တိုင်းပြည်ရဲ့ ကံကြမ္မာရော တပ်မတော် ရဲ့ အလားအလာပါ ပြန်လည် ကောင်းနိုင်မှာပါ။ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင် ပါတယ်။ မလုပ်ရဲကြပါ၊ ယုတ်စွအဆုံး တပည့် လူငယ်လေးများရဲ့ ကြံစည်မှုကို ထိထိမိမိ အားပေးခဲ့ရင်တောင် အောင်ပွဲခံ ရနိုင်ပါတယ်။ ချီးဘရိန်း ၀င်းသိန်း စောက်သုံးမကျလို့ ကလေးတွေ ဘ၀ပျက်ကုန်ရရှာတာ စိတ်မကောင်းစရာ ဖြစ်ခဲ့ရပါတယ်။

စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦး ကိစ္စနဲ့ ပတ်သက်ပြီး မနေ့က တပ်မတော်မှ အရာရှိ၊ စစ်သည်တိုင်းလိုလိုဟာ မခံမရပ်နိုင်ဖြစ်ခဲ့ကြတာ ပကတိ အရှိတရား ဖြစ်ပါတယ်။ မျိုးချစ်စစ်ခေါင်းဆောင် တချို့ မလုပ်ရဲ မကိုင်ရဲ၊ မလှန်ရဲကြလို့သာ တိုင်းပြည် ရော တပ်မတော်ပါ ဒီနေ့ထိ ကြမ္မာငင်ခဲ့ရတာလို့ ဆင်ခြင်မိ ပါတယ်။

ဗိုလ်ချုပ်ကြီး သူရတင်ဦးအပေါ် တပ်မတော်နဲ့ ပြည်သူတို့က သံယောဇဉ် ကြီးမားစွာ ရှိတာကို သိလို့လည်း ဗိုလ်နေ၀င်းနဲ့ လန်ဘားတို့ဟာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့ သိက္ခာနဲ့ တန်ဖိုးကို တမင်ချိုးဖျက် ချေမှုန်းလိုက်တာ တွေ့ခဲ့ရပါတယ်။ ဒီနေ့ ဇရာအို စစ်သူတောင်းစား စစ်ဦးစီးချုပ်ကလည်း ထိုနည်းနှင်နှင် ကျင့်ကြံအားထုတ်ကာ နမူနာ ယူခဲ့တာ လေ့လာသုံးသပ် တွေ့ရှိရပါတယ်။

ဒီနေ့တပ်မတော်ရဲ့ ရပ်တည်ချက်ကို ဆန်းစစ်ကြည့်လိုက်ရင် မနေ့ကတပ်မတော် ကို ၂၃ နှစ်ကျော်ကျော် ဦးစီးကွပ်ကဲခွင့်ရခဲ့တဲ့ ဗိုလ်နေ၀င်းဟာ အဆင့်ဆင့်ယုံကြည် စိတ်ချရသူ တပ်မှူးကြီးများကို ရာထူးအဆင့် ပုံအောပေးကာ သိမ်းသွင်းချုပ်ကိုင်ခဲ့သလို မနှစ်မြို့သူ မော်ကြည့်မယ့်သူ ယှဉ်နိုင်မယ့်သူ ဟူသမျှကို ပိပိရိရိ ပညာပါပါ မညှာမတာ ရက်ရက်စက်စက် ချကျွေးစတေးခဲ့လို့သာ ဒီနမူနာကျင့်စဉ်ကို နေရာရသူ စင်ပေါ်ရောက် သူတိုင်းက လိုက်နာကျင့်သုံး လုပ်စားနေကြလို့သာ အဓွန့်ရှည် ရှင်သန်နေတဲ့သဘောကို တွေ့ရပါတယ်။
မနေ့က တပ်မတော်မှာ ဗိုလ်နေ၀င်းကို မယှဉ်ရဲသူတို့ ရှိခဲ့သလို ဒီနေ့ တပ်မ တော်မှာလည်း ဗိုလ်သန်းရွှေ ကိုယှဉ်ရမှာ မ၀ံ့ကြလို့ တပ်မတော်ရဲ့ “စန်း” ပျောက်နေ ရတာပါ။ ဗိုလ်နေ၀င်းကို မယှဉ်ရဲတာက သမိုင်း အစဉ်အလာကြီးခဲ့တဲ့ အရှိန်အ၀ါ၊ အတွေ့ အကြုံ ကျေးဇူးခံ၊ ကျေးဇူးစား ဥာဉ်ကြောင့် ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေမှာ သမိုင်း အစဉ်အလာ အရှိန်အ၀ါဟာ ဗိုလ်နေ၀င်းနဲ့ ယှဉ်လိုက်ရင် နတ္ထိလို့ ဆိုရပါမယ်။ အတွေ့အကြုံမှာလည်း ဗိုလ်နေ၀င်းနဲ့ နံ့သာဆီနဲ့အီးတမျှ ကွာပါတယ်။ လက်ရင်းတပည့်၊ သစ္စာခံ အတွင်း စည်းကို ပိုင်ပိုင်နိုင်နိုင် ထိထိမိမိ စွန့်စွန့်စားစား ကိုင် နိုင်လျှင် ချေမှုန်းနိုင်လျှင် ချောင်ဆက်စကူ ဖြစ်အင်လို မလွဲမသွေ တိုးဝင်မိမှာ သေချာ ပါတယ်။ လူစွမ်းကောင်းများ မပေါ်နိုင်ဟု မပြောနိုင်ပါ။ ဒီနေ့ တပ်မတော်ထဲမှာ “ငုံးဆူ လူမသိ” ပင့်သက်ရှုနေရသူတွေ ရှိနေတာ ယုံမှားသံသယ မရှိပါ။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Tuesday, July 21, 2009

သတင်းခေါင်းစဉ်

ဗမာသတင်း ဘယ်နေရာသွားကြည့်ကြည့် ဘယ်သတင်းဌာနသွားကြည့်ကြည့် မကောင်းဘူးဗျာ။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံး သွားကတည်းက နှစ်ပေါင်း ၆၀ ကျော် ဗမာသတင်း ဘာမှ စိတ်လက်ချမ်းသာစွာ ကြားနာ ရှုမြင်ရမှု မရှိခဲ့တာ အခုအချိန်အထိပါဘဲ။


ဤပုံကတော့ ဗမာမိန်းကလေးတွေ ရဲ့  ဗမာ့နည်းဗမာ့ဟန် ရိုးရာလို့ ဆိုရမယ့် အုတ်တုံး ကျောက်ပြားတွေထမ်းနေတဲ့  ပုံတပုံဖြစ်ပါတယ်။ နိုင်ငံတော်ကို အလုပ်အကြွေးပြုနေကြတဲ့ပုံပါ။စဉ်းစားသာကြည့်ပေတော့ ။

ဆက်ဖတ်မယ်ဆိုရင်....

၂၀ ဇူလိုင်သတင်းများ

DKBA သတင်း CLICK
Shan သတင်း CLICK
ရခိုင် သတင်း CLICK
ကရင် ဒုက္ခသည် ကလေး ငယ်များသတင်း CLICK
ကချင် သတင်း CLICK
Michael Jackson wasn't child abused CLICK

ဆက်ဖတ်မယ်ဆိုရင်....

Monday, July 20, 2009

မိစ္ဆာသွားလမ်း



ကိုဒီမိုဝေယံ အင်တာနက်သတင်း စာမျက်နှာမှ ( ခွင့်ပြုချက်အရ) ကဗျာအား ဓါတ်ပုံဖြင့် သရုပ်ဖေါ်ပါသည်။

ဆက်ဖတ်မယ်ဆိုရင်....

တွေးကြည့်ပါ နောင် ၁၀ နှစ်ရန်ကုန်

နေပြည်တော်ကြောင့် ရန်ကုန်မှာ လျှပ်စစ်မီးအပြည့်မရ NEJ / ၂၀ ဇူလိုင် ၂၀၀၉
နေပြည်တော်တွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှုပမာဏ များပြားလာသောကြောင့် ရန်ကုန်ဧရိယာတွင် ယခင်ကဲ့သို့ လျှပ်စစ်မီး ပုံမှန်မပေးနိုင်တော့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB) မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ခါတိုင်းနှစ်တွေလို လျှပ်စစ်မီး မှန်မှန် မပေးနိုင်သေးတာ၊ ပင်မဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အား အပြည့်မရ တာက နေပြည်တော်မှာ အသုံးများလာလို့၊ ၂ဝဝ၇ ခုနှစ်ကနဲ့စာရင် ခုဆို နေပြည်တော်ဧရိယာရဲ့လျှပ်စစ်အသုံးပမာဏ တဆခွဲလောက် တိုးလာတယ်။ အသစ်ဆောက်ပြီးတဲ့ အဆောက်အဦတွေမှာ (၂၄) နာရီ အဲကွန်းပေးထားတာ၊ ဝန်ထမ်းအိမ်ရာ တွေဆိုရင်လည်း မီတာခ မပေးရတော့ မီးကို အလွန်အကျွံ သုံးစွဲနေတာ။ အဲဒါတွေကြောင့် ခုတော့ နေပြည်တော် ဝန်ထမ်းအိမ်ရာတွေကို မီတာခ ကောက်ဖို့ စလုပ်နေပြီ။ ရန်ကုန်ကို ဘယ်တော့ (၂၄) နာရီ လျှပ်စစ်မီးပေးနိုင်မလဲ မပြောနိုင် သေးဘူး” ဟု ပြောသည်။

၂ဝဝ၇ ခုနှစ် ဇူလိုင်တွင် ရန်ကုန်မြို့လယ်နှင့် ဧရိယာအချို့ကို (၂၄) နာရီ မီးအပြည့်ပေးနိုင်ခဲ့ကြောင်း၊ ၂ဝဝ၈ မေလတွင် နာဂစ်ကြောင့် လျှပ်စစ်ဓာတ်အားပေးတိုင်များ အားလုံးပြိုလဲခဲ့သော်လည်း ယင်းအချိန်က ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ပြီး သည့် ဧရိယာများကို (၂၄) နာရီ အပြည့်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် ယခုနှစ်တွင် မိုးတွင်းရောက်နေသော်လည်း ရန်ကုန်ကို လာသည့် ပင်မဓာတ်အားလိုင်းတွင် လျှစ်စစ်ဓာတ်အား အပြည့်မရရှိခြင်းကြောင့် မီးမှန်မှန်မပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်တွင် လျှပ်စစ်မီး (၂၄) နာရီ မရသည့်ကိစ္စကို သက်ဆိုင်ရာ လျှပ်စစ်ရုံးအသီးသီးကို ဆက်သွယ်မေးမြန်းရာတွင် အချို့ရုံးများက ပြင်ဆင်နေကြောင်း၊ အချို့ရုံးများက မသိပါကြောင်း၊ အချို့ရုံးများက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြင်ဆင်နေ သောကြောင့် ပြီးစီးသွားပါက ပေးနိုင်မည်ဖြစ်ကြောင်း စသဖြင့် ဖြေကြားကြသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်စာနယ်ဇင်းများတွင်မူ “မိုးတွေမှန်လာပြီ။ ပြည်သူတွေ လျှပ်စစ်မီး မှန်မှန်ရဖို့ မျှော်နေကြပြီ။ ဇူလိုင်လအတွင်း လျှပ်စစ်မီး မှန်မှန်ရတော့မယ်” စသဖြင့် ရေးသားဖော်ပြနေသည်ကို တွေ့ရသည်။

လက်ရှိ ရန်ကုန်မြို့တွင်း လျှပ်စစ်မီးပေးစနစ်သည် ၂ဝဝ၆ နိုဝင်ဘာက စတင်ခဲ့သည့်အတိုင်း တနေ့တာ အချိန်ကို (၄) ပိုင်း ပိုင်းပြီး အုပ်စု (၃) စုခွဲ မီးပေးသည့်စနစ်ကို ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်သည်။

အဆိုပါစနစ်အရ မနက် (၉) နာရီမှ ညနေ (၅) နာရီ ရုံးချိန်အတွင်း တရက်လျှင် ပျမ်းမျှ (၂) နာရီ (၄၅) မိနစ်ခန့်သာ မီးရရှိပြီး (၃ဝ) ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ၊ လျှပ်စစ်မီး လိုအပ်သူများသည် မီးစက်များကို ငွေကုန်ကြေးကျများစွာ အကုန်ကျခံကာ သုံးစွဲနေကြရသည်။

မြန်မာနိုင်ငံ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများအနက် ၂ဝဝ၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံသည် စက်တပ်ဆင်အား (၂၈ဝ) မဂ္ဂါဝပ်ရှိပြီး ၎င်းမှထွက်သည့် လျှပ်စစ်ဓာတ်အားအများစုကို နေပြည်တော် ဧရိယာက အသုံးပြုနေသည်ဟု YESB မှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့ကို အဓိက ပေးပို့နေသည့် ဘီလူးချောင်း (၁) နှင့် (၂) နှစ်ခုပေါင်း စက်တပ်ဆင်အားသည် မဂ္ဂါဝပ် (၁၉၆) သာရှိပြီး မကြာခဏစက်များ ပျက်နေသောကြောင့် လျှပ်စစ်ဓာတ်အား အပြည့်အဝ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ မကြာခင်က ပြီးစီးခဲ့သည့် စက်တပ်ဆင်အား မဂ္ဂါဝပ် (၅ဝဝ) ရှိ ရွှေလီ ရေအားလျှပ်စစ်စက်ရုံသည်လည်း အပြည့်အဝလည်ပတ်နိုင်ခြင်း မရှိသေးပေ။

နောက်ထပ် ဒေါ်လာဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကိုလည်း ထိုင်းနှင့်တရုတ်နိုင်ငံသို့ ရောင်းချရန် စာချုပ်ထားပြီးဖြစ်သည်။

နအဖစစ်အစိုးရကမူ ဓာတ်ခဲအဟောင်းနှင့် နွားချေး၊ ဆား ရောနယ်ထားသည့် သဘာဝဘက်ထရီနှင့် အယ်လ်အီးဒီ မီးသီး အငယ်လေးများ အသုံးပြုကြရန် တနိုင်ငံလုံးကို လှုံ့ဆော်လျက်ရှိသည်။

ယခုကဲ့သို့ လျှပ်စစ်မီး မှန်မှန် မရသည့်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာ ဆုံးရှုံးရသကဲ့သို့ မြန်မာစက်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံးနီးပါးသည် ဒေသတွင်း၌ ပြိုင်ဆိုင်မှုလည်း မပြုနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကျက်သရေ မရှိတဲ့  ဗမာ့အကြမ်းဖက် တပ်မှ ကြွက်များ နှင့် ရိုးသားသည့် ကရင် တိုင်းရင်းသားခေါင်းဆောင်များ

http://sawkyawkhwi.blogspot.com/ စောကျော်ခွီ အင်တာနက်စာမျက်နှာမှ တဆင့် ကိုစောကျော်ခွီ ထံမှ ပေးပိုးမှုကြောင့် မျှဝေတင်ပြဖြစ်ပါသည်။ စောကျော်ခွီအားကျေးဇူးတင်စွာဖြင့် 

ဆက်ဖတ်မယ်ဆိုရင်....

Nargic Cyclone after a year in Burma -You must see these videos

ဤဗီဒီယို ကို ABC.com.Au သတင်း အင်တာနက်စာမျက်နှာမှ ကူးယူခဲ့တာဖြစ်ပါတယ်။ ဗမာဘလော့ခ်များတွင် ပိုမိုထိရောက် ခံစားနိုင်စေလိုသော ဆန္ဒဖြင့် အများသုံးယူကျု့ မှတဆင့် မျှဝေတင်ပြလိုက်ပါတယ် ။ ဤဗီဒီယို တင်ခဲ့ သည်မှာ ယ္ခုလ ဒုတိယပါတ်တွင် ဖြစ်ပြီး သိပ်မကြာသေးသော ဗီဒီယို ထိရောက်မှုရှိသော ပုံရိပ်များ အရွယ်မရောက်သေးသော ၆နှစ် ၇နှစ် အရွယ် ကလေးငယ်လေးများ ရဲ့  လက်ရှိတွေ့ ကြုံနေရသော ဘ၀ပြသနာများကို သူတို့ ကိုယ်တိုင် ရသမျှ အင်းအားလေးနဲ့ ဖြေရှင်းနေကြတာ သိပ် ၀မ်းနည်းစရာကောင်းပါတယ်။ ဒီလို ကလေးငယ်များကို အစိုးရ ကတော့ လစ်လျူရှုထားကြတာ သူတို့ နဲ့ ဘာမှ မဆိုင်သလိုပါဘဲ။ ကိုယ်အမျိုး ကိုယ့် အာဏာ တည်မြဲရေး ရှေ့ ရှုထား နေကြတဲ့  အာဏာရှင်တွေလက်အောက်မှာ တိုင်းပြည်ဟာမဖြစ်သင့်တာတွေ ဖြစ်နေပြီး လူသားမဆန်လွန်းတဲ့ ၊အကြင်နာတရားခေါင်းပါးလှတဲ့ ဘယ်အရာနှင့်မှနိုင်းယှဉ်မရနိုင်လောက်တဲ့ သတ္တ၀ါများကို အော့နလုံးနာမိပါကြောင်းနှင့် ယ္ခုဗီဒီယိုအားကိုယ်တိုင်ကြည့်ရှု ခံစားကြပါလို့ ဝေမျှရင်း (ဒေါင်းတမာန်).............
ပထမ ပိုင်း

ဒုတိယပိုင်း

နိဂုံး

ဆက်ဖတ်မယ်ဆိုရင်....

အမဲရောင် ပန်းချီကားမှ အလင်းစက်တို့

ကောက်ကြောင်းရေးခဲ့သူတို့

မရှိတော့သည့်နောက်ဝယ်

ငရဲပြည် ဗီဇာကျထားသူအချို့

ပုတ်သင်ညိုတစ်ချို့ကို စုစည်း

အမဲရောင် စုတ်တံတွေကိုင်ဆွဲလျက်

ပိန်းပိတ်အောင်ခြယ်နေလည်း

အလင်းစက်တွေ အလင်းစက်တွေ

ပန်းချီကားအနှံ့
တဖြတ်ဖြတ် တောက်နေဆဲ ဟေ့

ကိုဖြိုးဝေရေးတဲ့ ကဗျာပါခင်မျ ။

ဆက်ဖတ်မယ်ဆိုရင်....

Sunday, July 19, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်းများ

နိုင်ငံတော်လွတ်လပ်ရေးကို ရအောင်ကြိုးပမ်းပေးခဲ့တဲ့  သိက္ခာကျေးဇူးကိုမှ မထောက် အလေးမပေး အရေးမယူ ၊ ကျဆုံးသွားတဲ့ အာဇာနည်းခေါင်းဆောင်များအတွက် ချီတက်ဂုဏ်ပြုမှုအပေါ်ဖမ်းဆီးအရေးယူမှုအား ဤနေရာမှ ဥဒါန်းမကြေရှုံ့ ချပါတယ်။ ဘယ်လိုမှ အမည်တပ် မခေါ်တွင်နိုင်လောက်သော မျိုးယုတ်များ တိုင်းပြည်ချယ်လှယ်အုပ်ချုပ်နေသည့် အပေါ် ကျရာ ရောက်ရာ တတ်နိုင် လုပ်နိုင်သည့် ဖက်က စစ်အာဏာရှင် တည်နေသ၍ အမြဲ ဆန့် ကျင့် သွားမည်ဖြစ်ပါကြောင်း ဗိုလ်ချုပ်အောင်ဆန်းအား ဦးတည်လျက်သစ္စာပြုပါတယ် ။ ခွေးလောက်မှ နှလုံးသားမရှိ ကျက်သရေမဲ့ သော စစ်အာဏာရှင် အား အစဉ်ဆန့် ကျင်လျက် ။ ဒေါင်းTM.

Who is Aung San? What is his Speech? part 1

Who is Aung San? What is his Speech? part 2

နောက်ခံ မိန့် ခွန်းကို http://www.lovelamp88.co.cc/ မှမျှဝေတာပါ။

ဆက်ဖတ်မယ်ဆိုရင်....

မနှေး.ယခု အလေးပြုကြစို့ 



မမေ့နိုင်သော အာဇာနည်နေ့ 

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN