Wednesday, October 7, 2009

တသက်နိုင်ထက်စီးနင်းလုပ်ခဲ့ ပေမယ်လည်း မည်သည့် အဖွဲ့ အစည်းကိုမှ အပြုတ်မတိုက်နိုင်ခဲ့ တဲ့  နအဖ

အပစ်ရပ်နယ်မြေအတွင်း အစိုးရစစ်ယာဉ်တန်း ညဘက်ဖြတ်သန်း အကဲစမ်း
အင်္ဂါနေ့၊ 06 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်
စစ်အစိုးရတပ် ခလရ ၂၉၆ မှ စစ်ကြောင်းတကြောင်း အပစ်ရပ် SSA မြောက်ပိုင်း နယ်မြေအတွင်း ညဘက်ဖြတ်သန်း သွားလာကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်း-တာ့ကော့် အခြေစိုက် ခလရ ၂၉၆ မှ ဗိုလ်မှူးကျော်ဝင်းနိုင် ဦးဆောင်သည့် စစ်ယာဉ်တန်း (တရုတ်လုပ် တုန်းဖုန်း) ကား ၄ စီး အင်အား ၁၀၀ နီးပါး အောက်တိုဘာ ၄ ရက် ည ၈ နာရီက မိုင်းဇန် (မိုင်းရှူးမြို့တောင် ဘက်) မှ မိုင်းရှူးရတနာမြေသို့ ညတွင်းချင်းခရီးထွက်ရာ နေ့ဘက်မိုင်းရှူး၌နားပြီး အောက်တိုဘာ ၅ ရက် ည ၈ နာရီ မိုင်းရှူးမှ ဆက်ထွက်ခွါ၍ အပစ်ရပ် မြောက်ပိုင်း SSA တပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်းသို့ ည ၉ နာရီကျော်တွင်ဖြတ်သန်း သွားသည် ဟု ဆိုပါသည်။
[တရုတ်လုပ် တုန်းဖုန်းအမျိုးအစား စစ်ကား]


တရုတ်လုပ် တုန်းဖုန်းအမျိုးအစား စစ်ကား

အမည်မဖေါ်လိုသည့် အပစ်ရပ် မြောက်ပိုင်း SSA အရာရှိတဦးက - “အရင်က အခုလိုမျိုး SSA နယ်မြေအတွင်း ညဘက် သွားလာတာ မရှိခဲ့ဖူးဘူး။ တပ်စခန်းအပြောင်းအလဲရှိလည်း နေ့ခင်းပိုင်းသွားလာတာများတယ်” - ဟု ဆို၏။

ဤကဲ့သို့ စစ်အစိုးရတပ် ညဘက် သွားလာလှုပ်ရှားခြင်းမှာ အဓိက အကြောင်းရင်း ၃ ခု ရှိနိုင်ကြောင်း - (၁)အပစ်ရပ် တို့၏ လှုပ်ရှားမှု စစ်ရေးပြင်ဆင်မှု သတိဝိရိယထားရှိမှု စုံစမ်းသိရှိလိုခြင်း၊ (၂) အပစ်ရပ်နယ်မြေအတွင်းဖြတ်သန်းသွား စဉ် အမာခံ သတင်းပေး သူလျှိုများ လျှို့ဝှက်ချထားခြင်း၊ (၃) အများပြည်သူသိမည်စိုးသဖြင့် လက်နက်ကြီးလျှို့ဝှက် သယ်ဆောင်ခြင်း - စသည်တို့ ဖြစ်နိုင်ကြောင်း ဆက်ပြောပြပါသည်။

အပစ်ရပ်အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှင့် ရင်းနှီးသည့် ခရီးသွားတဦးက - “ အရင်တုန်းက အပစ်ရပ်နယ်မြေအတွင်း အစိုးရ စစ်ယာဉ်တန်းဖြတ်ဖို့ရှိရင် ၁ ရက် - ၂ ရက် ကြိတင်အကြောင်းကြားတယ်။ အခု ဘာမှမပြောဘူး၊ ၀မ့်ဟိုင်းအ၀င်ဂိတ်နား ရောက်မှ ဖြတ်သန်းခွင့်အတွက် အကြောင်းကြားတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

စစ်အစိုးရသည် နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များအား ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလ နောက်ဆုံးထားပြီး နယ် ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးထားသကဲ့သို့ အပစ်ရပ်မြောက်ပိုင်း SSA တပ်ဖွဲ့ကိုလည်း ပြည်သူ့ စစ်အဖြစ် ကူးပြောင်းရန် အကြိမ်ကြိမ်ခေါ်ယူဖိအားပေးခဲ့သော်လည်း အပစ်ရပ်မြောက်ပိုင်း SSA တပ်ဖွဲ့က အချိန်ဆွဲ၍ ခေါင်းခါငြင်းဆန် ထားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဟုတ်ကျော်...ပုတ်ပေါ်

Tuesday, 06 October 2009 19:07 သန်းထိုက်ဦး
E-mail Print
စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ သတင်းနှင့် ပတ်သက်ပြီး ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် စာပေစိစစ်ရေးက ဖိအားပေး ဖော်ပြခိုင်း ထားကြောင်း သိရှိရသည်။

ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တခု တွင် တွေ့ရစဉ် (ဓာတ်ပုံ - AP)
လွန်ခဲ့သည့် အပတ် စက်တင်ဘာလ ၁ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ရဲချုပ် ခင်ရီက ရန်ကုန်တိုင်း အတွင်းရှိ ရဲတပ်ဖွဲ့ စခန်းများကို ကြည့်ရူစစ်ဆေးနေသည့် သတင်း အချက်အလက်နှင့် ဓာတ်ပုံကိုပါ ဂျာနယ် များ တွင်ဖော်ပြရမည်ဟု ပြည်တွင်း သတင်းထောက်တဦးက ဧရာဝတီသို့ပြောသည်။

“သတင်းစာထဲမှာ ပါပြီးသား သတင်းကို ပုံနဲ့ စာနဲ့ မထည့်မနေရ ဂျာနယ်တိုင်း ဒီတပတ်ထွက် နောက်ဆုံးထွက်တဲ့ အထဲမှာ အကုန်လုံး ထည့်ပေးရတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းကဲ့သို့ ပုံနှိပ်ဖော်ပြခိုင်းသော သတင်းမှာ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ ခရိုင်ရဲတပ်ဖွဲ့များ၏ စိုက်ပျိုးရေးခြံ၌ စပါးစိုက်ပျိုးရေးနှင့် ၀က်၊ဘဲ၊ငါးမွေးမြူရေးလုပ်ငန်းများ၊ရဲတပ်ဖွဲ့များ ဆောက်လုပ်လျက်ရှိသော အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးမှုဖြစ်ကြောင်း သိရသည်။

ယင်း သတင်းနှင့် ဓာတ်ပုံကို ဂျာနယ်တိုင်းကိုထည့်ရန်အတွက် ဖိအားပေးခြင်းသည် ရဲချုပ် ခင်ရီ အထိန်းသိမ်းခံ ရသည်ဟူသော သတင်းကြောင့်ဖြစ်နိုင်သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက သုံးသပ်နေကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလလယ်တွင် ရဲမှူးကြီး ၀င်းနိုင် လာဘ်စားမှုကြောင့် ရန်ကုန်တိုင်း အထူး စစ်ဆင်ရေး ကွပ် ကဲရေးအဖွဲ့(ကစထ) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက စစ်ဆေးခဲ့ပြီး နေပြည်တော်သို့ လွှဲပြောင်းစဉ် ရဲမှူးကြီး ဝင်းနိုင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ ရဲချုပ် ခင်ရီကိုလည်း ဖမ်းဆီး စစ်ဆေးနေသည် ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။

ရဲမှူးကြီးဝင်းနိုင်နှင့်အဖွဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်ရပ်သည် ၎င်း၏ဇနီး ဒေါ်မွှေးမွှေး ပိုင်ဆိုင်သော ကာရာ အို ကေဆိုင်တဆိုင်ကို ရန်ကုန်တိုင်း ရဲအထူးသတင်းတပ်ဖွဲ့(SB)က ဝင်ရောက်စစ်ဆေးစဉ် ရဲမှူးကြီး ဝင်းနိုင်က မကျေ နပ်သဖြင့် အချင်းများကြပြီး ၎င်း၏ လာဘ်စားမှုများ ပေါ်ပေါက်ခဲ့ရာမှ စတင်သည်ဟုသိရသည်။

ရန်ကုန် အဝေးပြေးကားဂိတ်အတွင်းရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ အပါအဝင် ရန်ကုန် တမြို့လုံးရှိ အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များအားလုံးမှာ ရဲမှူးကြီးထံသို့ တလလျှင် ဆက်ကြေး သဘော ကျပ် ၆ သိန်း ဝန်းကျင်စီ ပေးရလေ့ရှိကြောင်း ထို ဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ရဲမှူးကြီးဝင်းနိုင်အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ပတ်သက်နိုင်သည်ဟု ရဲတပ်ဖွဲ့ အာဏာပိုင်များနှင့် နီးစပ်သူတဦးက ပြောသည်။ ရဲမှူးကြီး ဝင်းနိုင်သည် ရန်ကုန်တိုင်းရဲမှူးအဖြစ် တာဝန်မထမ်း ဆောင်မီက ရှမ်းပြည်နှင့် တရုတ်ပြည် နယ်စပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတဦးဖြစ်ကြောင်း သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Sunday, October 4, 2009

သန်းရွှေ နာဂစ်ဒေသ လေဟာပြင်ခရီးထွက်မည်

သူသတ် သန်းရွှေ နာဂစ်ဒေသ သွားရန် စီစဉ် မဇ္ဈိမသတင်းဌာန စနေနေ့၊ အောက်တိုဘာလ 03 ရက် 2009 ခုနှစ် 16 နာရီ 18 မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရခေါင်းဆောင် သူသတ် သန်းရွှေသည် နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ် ဒေသသို့ ၂ ရက်တာခရီး သွားရောက်မှာ ဖြစ်သည်ဟု စစ်ဘက် သတင်းရပ်ကွက်အရ သိရသည်။

အောက်တိုဘာ ၆ ရက်နေ့တွင် ခရီးစဉ်စတင်မှာဖြစ်ပြီ ဖျာပုံမြို့နယ်ရှိ ဆိုင်ကလုံးမုန်တိုင်းဖြစ်လျှင် ခိုလှုံရာဖြစ်သော ယုဇန ဆိုင်ကလုံးခိုဇရပ် ဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်သည်။ အခြားသော ဆိုင်ကလုံးခိုဇရပ်များမှာ သတ်မှတ်ချိန် ပြီးစီးခြင်းမရှိသေး၍ အချိန်မှီ ဖွင့်ပွဲ မလုပ်နိုင်ဘဲ ရှိသည်။

သန်းရွှေသည် ရန်ကုန်တွင် ရောက်ရှိနေပြီး သီတင်းကျွတ်ကာလ ဖြစ်သည့်အတွက် ဂါရဝ ပြုလိုသူ စစ်ဘက် အရာရှိကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံနေရသည်ဟုလည်း ဆိုသည်။

ထို့အပြင်နံပါတ် ၁ စစ်အစိုးရ ခေါင်းဆောင်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံကောင်း တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု စစ်ဘက် သတင်းရပ်ကွက်တွင် ထင်ကြေးပေးနေကြသည်။

“အရာရာအားလုံး ချောချောမွေ့မွေ့ ဖြစ်တယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး တွေ့မယ်နဲ့တူတယ်။ အဲသလို မဟုတ်ရင်တော့ တခြား တယောက်ယောက်ပေါ့” ဟု သတင်း ရပ်ကွက်တခုက ပြောသည်။ သို့သော် မည်သို့သော ကန့်သတ်ချက်များ၊ အခြေအနေများအပေါ် မူတည်သည်ဆိုခြင်းကို ပြောဆိုသွားခြင်း မရှိပါ။

နအဖ၏ ဆက်ဆံရေးဝန်ကြီး ဗိုလ်ချုပ် အောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ရိပ်သာတွင် မိနစ် ၄၀ ကြာ တွေ့ဆုံ ဆွေးနွေးမှု ပြုခဲ့သည်။ ယနေ့မွန်းလွဲ ၁ နာရီက စတင် ပြုလုပ်သော ဆွေးနွေးပွဲ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က စစ်ခေါင်းဆောင်ထံ ပေးပို့လိုက်သော စာနှင့် ပတ်သက် နေနိုင်သည်ဟု ရန်ကုန်ရှိ အတိုက်အခံ သတင်းရပ်ကွက်က ပြောသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည် ရုပ်သိမ်းရန် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျတို့ကို စည်းရုံး သိမ်းသွင်းပေးမည်ဟု စက်တင်ဘာ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က သန်းရွှေထံ ရေးသားပေးပို့သော စာတွင် ပါရှိသည်။

ထို့အတွက် သက်ဆိုင်ရာနိုင်ငံများ၏ သံတမန်များနှင့် တွေ့ဆုံခွင့်ပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်က ရေးသားထားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN