Wednesday, July 1, 2009

ပြည်သူပိုင် ပစ္စည်းအဖြစ်မှ စစ်တပ်ပိုင်အဖြစ်သို့ 

စစ်တွေတွင် ပြည်သူပိုင် လယ်မြေများအား စစ်တပ်မှ သိမ်6း/30/2009
ခိုင်သိန်း (နိရဉ္စရာ) ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် စစ်လေ့ကျင့်ရေး သင်တန်းကျောင်း ဆောက်လုပ်ရန် နှင့် တပ်ရင်း တိုးချဲ့ တည်ဆောက်ရန် အတွက် ပြည်သူပိုင် လယ်မြေများကို စစ်တပ်မှ များမကြာမီက သိမ်းယူလိုက်ကြောင်း ဒေသခံ လယ်သမား တဦးက ပြောသည်။

စစ်တွေအနီးရှိ ရေချမ်းပြင် ကျေးရွာနှင့် အမြင့်ကျွန်း ကျေးရွာရှိ ဒေသခံ လယ်သမားများ ပိုင်ဆိုင်သည့် လယ် ၂၃ ဧက ကျော်ကို တိုင်းမှူး ဗိုလ်ချုပ် သောင်းအေး၏ ညွှန်ကြားချက် အရဟု ဆိုကာ လျော်ကြေး တစုံတရာ မပေးပဲ ယခုလ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် စစ်တပ်မှ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

“ပညာရေး (၁၀) စစ်လေ့ကျင့်ရေး သင်တန်းကျောင်း ဆောက်ဖို့ မြေလိုတယ် ဆိုပြီး စစ်တပ်က ကျွန်တော်တို့ ရွာက လယ်တွေကို ဒီလ (၂၂)ရက်နေ့မှာ လာသိမ်း ပါတယ်။ သိမ်းယူခံရတဲ့လယ်က ၄ ဒသမ ၂ ဧက ကျော်ရှိ ပါတယ်။ ကျွန်တော်ရဲ့ အိမ်နီးချင်း ဦးအမဲ ပိုင်ဆိုင်တဲ့ လယ်တွေဖြစ်ပါတယ်” ဟု အဆိုပါ လယ်သမားက ပြောသည်။

စစ်တွေ ရေချမ်းပြင်အခြေစိုက် တပ်ရင်း ခမရ (၂၇၀)မှလည်း တပ်ရင်း တိုးချဲ့ တည်ဆောက်ရန် မြေလိုသည်ဟု ဆိုကာ ယခုလ ၂၁ ရက်နေ့တွင် ရေချမ်းပြင်ကျေးရွာမှ လယ်သမားများ လုပ်ကိုင်စားသောက်နေသည့် လယ်မြေများကို သိမ်းယူခဲ့သည်။

ခမရ ၂၇၀ မှ သိမ်းယူခဲ့သည့် လယ်မြေများမှာ ဦးဂေါက်ရပိုင်ဆိုင်သည့် လယ် ၈ ဧက၊ ဦးမောင်စော ပိုင်ဆိုင်သည့် လယ် ၅ ဧက နှင့် ဒေါ်မယဉ်လှ ပိုင်ဆိုင်သည့်လယ် ၆ ဧက တို့ အသီးသီး ဖြစ်ကြသည်။

“လယ်တွေဆိုတော့ မသိမ်းဖို့ အဲဒီ လယ်လာသိမ်းတဲ့ စစ်တပ် အရာရှိတွေ နဲ့ ကျေးရွာရယကလူကြီးတွေကို တောင်းပန် ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ အရာရှိတွေက တိုင်းမှူးရဲ့ ညွှန်ကြားချက်အရ လာသိမ်းတာလို့ ပြောခဲ့ ပါတယ်။ အသိမ်းခံရတဲ့ သူတွေကိုတော့ လျော်ကြေး နစ်နာကြေး တစ်ပြားတစ်ချပ်မျှ မပေး ခဲ့ပါဘူး” ဟု အဆိုပါ လယ်သမားကပြောသည်။

စပါးစိုက်ပျိုးမည့် ရာသီတွင် ယခုကဲ့သို့ လျော်ကြေး တစုံတရာ မရရှိဘဲ လယ်မြေများ အသိမ်း ခံခဲ့ရ သောကြောင့် အဆိုပါလယ်သမားများမှာ သူတို့၏ သက်မွေး ၀မ်းကျောင်းမှုအတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရ ကြောင်း သူက ဆက်ပြောခဲ့သည်။

နအဖစစ်အစိုးရ အာဏာသိမ်းသည့် အချိန်မှစ၍ စစ်တွေမြို့နယ်အပါအ၀င် ရခိုင်ပြည်နယ် တ၀ှန်းလုံးတွင် ဒေသခံ တောင်သူလယ်သမားများပိုင်ဆိုင်သည့် လယ်မြေ ဧကပေါင်း များစွာကို အတင်းအဓမ္မ သိမ်းယူခဲ့ပြီး အဆိုပါ လယ်များကို စစ်တပ်က ရခိုင်တောင်သူ လယ်သမားများကို စပါးဖြင့် ငှါးရမ်း လျက်ရှိနေကြောင်း သိရသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN