Wednesday, June 17, 2009

ရှိတာအကုန်ရောင်းတယ် ရတဲ့ငွေ ပြည်သူတွေ မျက်စောင်းထိုးမယ် မကြံနဲ့ 

ရခိုင်-တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စက်တင်္ဘာတွင် စတင် တည်ဆောက်မည်
6/17/2009
မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ်နှင့် တရုတ်နိုင်ငံ အကြား တည်ဆောက်မည့် ဓာတ်ငွေ့ပိုက်လိုင်းကို လာမည့် စက်တင်္ဘာလမှ စတင်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ ပိုက်လိုင်းကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့ ထိ ဖေါက်လုပ်မည် ဖြစ်ပြီး ထိုမှ တဆင့် ဂွမ်းဂျုံး ပြည်နယ် ချုံကန်း ဒေသအထိ ဖြတ်သန်း ဖေါက်လုပ်မည် ဟု တရုတ်နိုင်ငံထုတ် ဂျာနယ် တစောင်က ဖေါ်ပြသည်။


ပိုက်လိုင်းမှာ ၂၈၀၆ ကီလိုမီတာ ရှည်လျားမည်ဖြစ်ပြီး တရုတ်အမျိုးသား ရေနံ ကော်ပိုးရေးရှင်း (CNPC) က တာဝန်ယူ တည်ဆောက်မည် ဖြစ်သည်။

၂ဝ၁၂ မှ စတင်ပြီး တနှစ်လျှင် သဘာဝ ဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံနှင့် ရေနံစည်ပေါင်း ၄ဝဝဝဝဝ တင်ပို့ နိုင်မည် ဟု အဆိုပါ ဂျာနယ်က ဖေါ်ပြသည်။

တရုတ်နိုင်ငံနှင့် မြန်မာ ၂ နိုင်ငံ ကုန်သွယ်မှုမှာ ၂ဝဝ၈ အတွင်းက ၂ ဒဿမ ၆ ဘီလီယံအထိ ရှိခဲ့ရာမှ အဆိုပါ ပိုက်လိုင်းတည်ဆောက်ပြီးပါက ကုန်သွယ်မူ ပမာဏ ပိုမိုတိုးတက်လာနိုင်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် စီမံကိန်း များတွင် စုစုပေါင်း ဒေါ်လာ ၁ ဒဿမ ၃၃ ဘီလီယံ ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဓာတ်ငွေ့နှင့် ရေနံများကို သာမက စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ် အပါအ၀င် သစ်မာများနှင့် တွင်းထွက်ပစ္စည်းများ အပါအ၀င် သတ္တု- ကျောက်မျက် ရတနာများကို တင်ပို့ နေသည်ဟု သိရသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN