Monday, June 15, 2009

မြန်မာ့ အာဇာနည် ဒေါ်အောင်ဆန်းစုကြည်။

အမှောင်မသန်း၊
အရောင်မနွမ်းပါတဲ့၊
အောင်ဆန်းဟေ့ စုကြည်။

မြန်ပြည်ထုရဲ့၊
အန်တီစု ဇာနည်။


ကွေ့မပြေးပါဘူး၊
ဖအေ့သွေးဟာ နီနီရဲပါလို့၊

ပြည့်အရေးမှာ ညီညီဇွဲနဲ့၊

တည်ကြည်ဆဲဟေ့ ဘာမထီ၊

မြန်မာပြည်ရဲ့ ခေါင်းဆောင်ကောင်း။


တကယ်ယုတ်မာ ပြိတ္တာများရယ်က၊

အကျယ်ချုပ်မှာ ပိတ်ကာထားရုံမက၊

မိစ္ဆာတရား အမှောင်ဉာဏ်ဆင့်လို့၊

ထောင်ဒဏ်နှင့်ပင် ထပ်ဖိချင်လည်း၊

ဗျတ္တိဉာဉ် မပြောင်းပါဘူး၊

သတ္တိအစဉ် ကောင်းပါဘိ၊

မြတ်မိခင်ဒေါင်း။


ဒီမိုဝေယံ ဘလော့ခ်မှ ကူးယူတင်ပြပါသည်
ဒီမိုဝေယံ

No comments:

 

Downtamun template | DOWNTAMUN