Wednesday, August 5, 2009

လမ်းပြင်ရန်အချိန်မရှိ တွင်းတူးဖို့ သာစိတ်ဝင်စား

ကုန်ပစ္စည်းနှင့် ယာဉ်တန်ချိန် ထက်ဝက်ကျော် လျှော့ချ နန်းဒေဝီ အင်္ဂါနေ့၊ သြဂုတ်လ 04 ရက် 2009 ခုနှစ် 15 နာရီ 33 မိနစ်
နယူးဒေလီ (မဇ္စျိမ)။ ။ ရှမ်းပြည်တောင်ပိုင်းအတွင်း အဝေးပြေး ကုန်တင်ကားများအနေဖြင့် ကုန်တန်ချိန်ကို ထက်ဝက်ကျော် လျှော့ချရန် ဆောက်လုပ်ရေးဌာနက ညွှန်ကြားလိုက်သည်။

တောင်ကြီး-ကလော-သာစည်အကြား ပြေးဆွဲသည့် ကုန်တင်ကားများဖြစ်သည့် ၁ဝ-၁၂ ဘီးကားများအား ယခင်က ကုန်တန်ချိန် ၄၀ ကျော် ခွင့်ပြုထားရာမှ ယခုအခါ ၁၉ တန်အထိ (ယာဉ်တန်ချိန်-၁၄ တန်နှင့် ကုန်ပစ္စည်း ၅ တန်) လျှော့ချရန် ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“အခုက ပိဿာချိန် ၁ သောင်းကျော်ပဲ တင်ခွင့်ပေးတော့တယ်။ အရင်ကတော့ ၂ သောင်းအထိ (၄၀ တန်) တင်ရတယ်” ဟု ကလော-တောင်ကြီး ကုန်စည်တင်ဌာနမှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုထွန်းထွန်းနိုင်က မဇ္ဈိမကို ပြောသည်။

ထိုကဲ့သို့ ကုန်စည်လျှော့ချ သယ်ဆောင်ရသောကြောင့် အဝေးပြေးယာဉ်များ တွက်ချေမကိုက်ဖြစ်ကာ ယာဉ်ပြေးဆွဲမှု နည်းပါးသွားကြောင်း သိရသည်။

“တချို့ကုန်တင်ယာဉ်တွေ မကိုက်တော့ နားနေကြပြီ။ ကုန်တင်ကားထွက်တာ နည်းလာတော့ ပစ္စည်းတွေက ဈေးတင်ရမလို ဖြစ်နေတယ်။ အသေအချာ၊ တိတိကျကျ ညွန်ကြားတာလည်း မရှိတော့ ကျနော်တို့ ဘာလုပ်ရမှန်းကို မသိတာ။ ကုန်တင်ကားပိုင်ရှင်တွေကလည်း ပိုက်ဆံအရ နည်းတော့ မထွက်ချင်ကြတော့ဘူး” ဟု ကိုထွန်းထွန်းနိုင်က ပြောသည်။

အဝေးပြေးလမ်းများ ပျက်စီးနေသော်လည်း တောင်ကြီးမြို့တောင်ခြေရှိ အေးသာယာနှင့် ဘုရားငါးဆူ ပြည်ညောင် (မန္တလေး) ကြားအထိ ၆ ဘီးကားများဖြင့် သယ်ဆောင်နိုင်ပြီး၊ ထိုမှတဆင့် သာစည်မြို့အထိ ၁၀-ဘီး -၁၂ ဘီးကားများဖြင့် ပြောင်းလဲတင်ဆောင်နိုင်ကြောင်း အင်းစိန်-ဂျပန်လမ်းရှိ အဝေးပြေး ကုန်စည်တင်ဌာနက ပြောသည်။

ထို့အပြင် ဆောက်လုပ်ရေးက တာဝန်ယူဆောက်လုပ်ခဲ့သည့် တောင်ကြီးမြို့အတွင်းရှိ ရပ်စောက်-တောင်ကြီး-ဟိုပုန်း အဝေးပြေး ကားလမ်းမကြီးများသည် ပျက်စီးနေပြီး ယနေ့တိုင် ပြင်ဆင်ခြင်း မရှိသေးကြောင်း သိရသည်။

“အဲဒီလမ်းကြောင်းတွေက တလမ်းမောင်းတွေဆိုတော့ လမ်းကဆိုးတယ်။ ဒီလို မိုးတွင်းဆို ပိုဆိုးတာပေါ့ဗျာ။ အဲဒီ တောက်လျှောက်လမ်းတွေက ဆောက်လုပ်ရေးက တာဝန်ယူလုပ်ထားတာ။ ဘယ်လိုမှ မပြင်ကြတော့ အခုလို ဆက်ဖြစ်နေတာ” ဟု ရန်ကုန်မြို့ အင်းစိန်-ဂျပန်လမ်းရှိ အဝေးပြေးကုန်စည်တင်ဌာနမှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက တောင်ကြီး-ကလော-သာစည် အဝေးပြေး လမ်းမအကြား ယာဉ်တန်ချိန် ကန့်သတ်ခဲ့သော်လည်း ရန်ကုန်-မန္တလေးလမ်းများ မပါဝင်သေးကြောင်း သိရသည်။

၄၃၂ မိုင် ကွာဝေးသည့် ရန်ကုန်-မန္တလေး လမ်းမအကြား ပြေးဆွဲနေသည့် အဝေးပြေး ကုန်တင်ကားအရေအတွက် တိုးပွားပြီး၊ မြို့ဝင်ကြေး၊ တံတားဖြတ်ခ၊ ကတ္တားချိန်ခတို့ ပေးဆောင်ရသဖြင့် ကုန်ကျစရိတ်များကာ အမြတ်ငွေ ထိုးကျလာသည်ဟု အင်းစိန်-ဂျပန်လမ်းရှိ ကုန်စည်တင်ဌာနမှ တာဝန်ရှိသူက ပြောသည်။

သူက “အရင်က ပစ္စည်းတင်တဲ့အခါ တပိဿကို ၄၀-၅၀ အေးရှားဝေါလ်၊ ရွှေသံလွင်၊ ယုဇန၊ ဒဂုံ၊ အိုလံပစ်၊ ကမ္ဘောဇ စသည့် ဆောက်လုပ်ရေးအဖွဲ့များက သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ယူ တည်ဆောက်ခဲ့ပြီး ဖြတ်သွားဖြတ်လာ မော်တော်ယာဉ်များသည် တံတားခ၊ ဂိတ်ခ၊ ကတ္တားခအပြင် မြို့အဝင် အခကြေးငွေများကို သက်ဆိုင်ရာ ကုမ္ပဏီများထံ ပေးဆောင်ကြရသည်။

“တံတားဖြတ်ခ၊ ကတ္တား (ကုန်စည်) ချိန်ခ၊ မြို့ဝင်ကြေးတွေ ပေါင်းလိုက်တော့ ၁ သိန်း ၈ သောင်းကျော် ပေးရတယ်။ အဲဒါတောင် ယာဉ်မောင်းစရိတ်၊ စားစရိတ် မပါသေးဘူး။ ကတ္တားချိန်တဲ့ နေရာကိုက ၁၂ သင်းတောင် ရှိတယ်” ဟု ထိုကုန်စည်တင်ဌာနမှ တာဝန်ရှိသူက ပြောသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN