Sunday, August 2, 2009

အဖေကျော် ပထွေး တရုတ်ကို အတုယူခိုးချသော နအဖ စစ်တပ်

တရုတ်ကို အတုယူခိုးချသော နအဖ စစ်တပ် ဆောင်းပါး ဘိုဘိုကျော်ငြိမ်း စနေနေ့၊ သြဂုတ်လ 01 ရက် 2009 ခုနှစ် 19 နာရီ 07
ဒုံးပျံလက်နက်များနှင့် အနုမြူဗုံးပိုင်ဆိုင်ခွင့်ရလာသော နိုင်ငံသည် ထိုအနုမြူဒုံးပျံများအား လုံခြုံစွာ ထိန်းသိမ်းရန်နှင့် မတော်တဆ ပစ်ခတ်မှုသော်လည်းကောင်း၊ လူဆိုးဗိုလ်ချုပ် (Rogue-General) (သို့) ဗိုလ်ချုပ်တဦးဦးက ရူးပြီး ပစ်မိန့်မပေးနိုင်အောင် ထိန်းသိမ်းရန် တာဝန်ရှိလာပါသည်။ အမေရိကန်စနစ်တွင် အမေရိကန်သမ္မတကပဲ ပစ်မိန့်ပေးနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်သမ္မတအနီးတွင် လျှို့ဝှက်ကုတ် (code) များ သယ်ဆောင်ထားသည့် စစ်ဗိုလ်တဦး အမြဲရှိနေရပါသည်။ လူနှစ်ဦး ပြိုင်တူဖွင့်မှ အနူမြူလက်နက်များကို လက်နက်တပ်ဆင်နိုင်ပါသည်။ အမေရိကန်စနစ်မှာ အနုမြူလက်နက်များကို ကုန်းမှပစ်ရန်၊ ရေမှပစ်ရန်၊ လေမှပစ်ရန်ဆိုပြီး ခွဲထားပါသည်။ ထို့ကြောင့် ကြည်းတပ် ရေတပ် လေတပ်ပိုင် အနုမြူလက်နက်များရှိသလို ကိုယ့်ဆိုင်ရာဌာနအတွက် (Research & Development) ဟုခေါ်သည့် သုသေသနပြုမှုနှင့် ဖော်ထုတ်တည်ဆောက်မှုကို ဆိုင်ရာဌာနများက ဦးစီးဆောင်ရွက်ရပါသည်။

တရုတ်စနစ်တွင်မူ အနုမြူလက်နက်အားလုံးသည် Second Artillery Corp ဒုတိယ အမြောက်တပ်အစု အောက်မှာရှိပါသည်။ အနုမြူလက်နက်အတွက် သုတေသနနှင့် ဖော်ထုတ်မှု၊ လက်နက်တပ်ဆင်မှု၊ ဖြန့်ဝေမှုအားလုံးသည် ဤဌာနအောက်တွင် ရှိပါသည်။ နအဖ စစ်ဗိုလ်ချုပ်များ ခိုးချထားသော စစ်အတွေးအခေါ် Military Doctrine ဖြစ်သည့် ခေတ်သစ်အခြေအနေအောက်ရှိ ပြည်သူ့စစ် People’s War Under Modern Condition အရ အကယ်၍ ရန်သူစစ်တပ်များ ဝင်တိုက်ခဲ့လျှင် ခံစစ်ဖြင့် တင်းခံပြီး၊ ပြောက်ကျားစစ်ဖြင့် ရန်သူ၏ စိတ်ဓာတ်ကို ချေမှုန်းကာ ရန်သူအား တန်ပြန်ထိုးစစ်ဖြင့် တိုင်းပြည်မှ မောင်းထုတ်ရန် ဖြစ်ပါသည်။ ဤအတွေးအခေါ်အရ ရန်သူများ၏ ထိုးစစ်ကို တင်းခံရာ၌ တရုတ်စစ်သည်နှင့် စစ်လက်နက်ပစ္စည်း ဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန်Tunnel-War-Fareဟုခေါ်သောလှိုဏ်ခေါင်းတူးစစ်ဆင်ရေးကို ထည့်သွင်းဖော်ထုတ်ကြပါသည်။

ယခုခေတ်ကို information-age သတင်းအသိပညာ ခေတ်ဟု ခေါ်ပါသည်။ ရန်သူ၏ အနေအထား၊ ကိုယ့်တပ်များ၏ အခြေအနေကို တိုက်ပွဲကိုဦးစီးရသော ဗိုလ်ချုပ်များက ချက်ချင်းသိရှိနိုင်၍ အဆုံးအဖြတ် အမိန့်ပေးနိုင်စွမ်း ရှိပြီဖြစ်၏။ ထို့ကြောင့် ယနေ့ စစ်အတွေးအခေါ်သစ်တခုမှာ Network Centric Warfare ဟု ခေါ်ပါသည်။ ကွန်ပြူတာ တခုနှင့် တခု ဆက်သွယ်ထားသည်ကို Network သတင်းကွန်ယက် ဟု ခေါ်သည်။ ဤသတင်းကွန်ယက်ကို ဗဟိုပြုသော စစ်တိုက်နည်းဟု အဓိပ္ပာယ်ရပါသည်။

ယခင်က စစ်တပ်တခုတွင် အရေးကြီးဆုံးမှာ Command & Control ဟု ခေါ်ပါသည်။ ယခုခေတ်စနစ်တွင် Command, Control, Communication, Computers and Intelligence (C4I) System စနစ်ဟု ခေါ်ပါသည်။ ဥပမာ ဒုတိယ ကမ္ဘာစစ်က ဌာနချုပ်မှ အမိန့်ကို ရှေ့တန်းစစ်မျက်နှာသို့ အမိန့်ပေးရာတွင် ရေဒီယိုကိုသာ သုံးကြရပါသည်။ ရန်သူက ကြားဖြတ်နားထောင်သော် နားမလည်နိုင်ရန် Military Code ဟု ခေါ်သော စစ်ဘက်ဆိုင်ရာ စကားဝှက်စနစ်ကို သုံးရပါသည်။ ဒုတိယကမ္ဘာစစ်က အမေရိကန်ဖက်က ဂျပန်တို့၏ စစ်သုံးစကားဝှက်လို ဖောက်နိုင်၍ ပုလဲဆိပ်ကမ်းကို ဦးစီးတိုက်ခိုက်ခဲ့သော ရေတပ်ဗိုလ်ချုပ် ရာမာမိုတို၏ လေယာဉ်ပျံကို ပစ်ချကာ ကလဲ့စားချေနိုင်ခဲ့ပါသည်။ အမေရိကန်တို့က အမေရိကန် နာဗါဟို ရက်ဒ်အင်ဒီယန်း American-Navaho-Red-Indian များကို ပစိဖိတ်စစ်မျက်နှာတွင် အသုံးပြုခဲ့ရာ ဂျပန်တို့က ဘာပြောနေမှန်း မသိကြပါ။ မြန်မာနိုင်ငံ၏ အနောက်မြောက်တွင် ကွန်မြူနစ်များ ကြီးစိုးစဉ်က ၎င်းတို့၏ ဌာနချုပ်တွင် အင်ဒိုနီးရှား ကွန်မြူနစ်နှင့် အခြားကွန်မြူနစ်များ လေ့လာရန် ရောက်ရှိနေရာ အချို့စစ်ပွဲများတွင် အင်ဒိုနီးရှားလို ဆက်သွယ်ကြရာ မြန်မာစစ်ဗိုလ်တွေ ဦးနှောက်ခြောက်ဖူးသည်ဟု ကွန်မြူနစ် ဌာနချုပ်သို့ ရောက်ခဲ့ဖူးသော နိုင်ငံခြားသားသတင်းသမားတဦးက ပြန်ပြောဖူးပါသည်။

ယနေ့ခေတ်တွင် Encryption ဟုခေါ်သော သိပ္ပံနည်းအရ တီထွင်ထားသော စကားဝှက်ကို Data Transmission ဟု ခေါ်သော သတင်းပို့ဆောင်ချက်တွင် ထည့်သွင်းထား၍ လုံခြုံသော ဆက်သွယ်မှု Secure Transmission စနစ်ကို သုံးကြပါပြီ။ ဆက်သွယ်ရာတွင် ဝေဟင်မှ Satellite ဂြိုလ်တုများမှလည်းကောင်း၊ တခုနှင့်တခု ဝါယာနှင့် ဆက်သွယ်၍လည်းကောင်း အသုံးပြုကြပါသည်။ တခုနှင့်တခု ဝါယာနှင့် ဆက်သွယ်ရာတွင် Fiber Optic Cable များကို အသုံးပြုကြရပါသည်။ ဥပမာ - လေယာဉ်ပစ်စနစ်များတွင် ကျူးကျော်လာသော လေယာဉ်ကို ရေဒါ (Radar) စခန်းများက ကြိုတင်သိရှိနိုင်၍ ပစ်မှတ်ကို ရေဒါက လေယာဉ်ပစ် ဒုံးပျံများကို သတင်းပေးပို့ရပါသည်။ လျှပ်တပြက်အတွင်း ပစ်မှတ်ကိုချိန်၍ သတင်းပို့ရသဖြင့် တချို့လေယာဉ်ပစ်စနစ်များတွင် ဆက်သွယ်မှုမှာ Fiber Optic Cable များဖြစ်သလို C4I စနစ်တွင်လည်း ဤကေဘယ်များကိုပင် အသုံးပြုရပါသည်။ ထို့ကြောင့် ကေဘယ်များကို လုံခြုံသော လှိုဏ်ခေါင်းများတွင် သွပ်သွင်းထားတတ်ပါသည်။

ဒုတိယအီရပ်စစ်ပွဲမဖြစ်ခင်အီရပ်တို့၏စစ်သုံး-Fiber-Optic-Cable များကိုတပ်ဆင်ခဲ့သူများ မှာတရုပ် ကုမ္ပဏီများဖြစ်သည်။ ထို့ကြောင့်ဒုတိယအီရပ်စစ်ပွဲအပြီး တရုတ်စစ်တပ်ကပြန်လည်သုံးသပ်မှုပြုရာတွင် အားနဲ ချက်များကိုကောင်းကောင်းသုံးသပ်နိုင်ခဲ့သည်။ Fiber Optic Cable လိုင်းများလုံခြုံရေးကိုသဘောပေါက်ခဲ့ ကြသည်။

ကျနော်သည် မြို့ပြအင်ဂျင်နီယာဘွဲ့ကို မြန်မာပြည်မှ ရခဲ့၍ ဘွဲ့လွန်ကို အမေရိကားမှရကာ ဆက်သွယ်ရေး ကဏ္ဍတွင် ၂၅ နှစ်ကျော်ကျော် အတွေ့အကြုံရခဲ့ပါသည်။ ထို့ကြောင့် ဒီဗီဘီ DVB TV က နအဖ၏ လှိုဏ်ခေါင်း (Tunnel) များအကြောင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ DVB က ရရှိထားသော သတင်းဓာတ်ပုံများတွင် နအဖတို့၏ Fiber Optic Cable မြေပုံ ပါရှိပါသည်။ အဆင့်ဆင့် မြန်မာတပြည်လုံး Fiber Optic Cable များ ချရန် ပြထားသော မြေပုံဖြစ်သည်။ အရပ်သားဆက်သွယ်ရေးတွင်လည်း Fiber Optic Cable ကို သုံးလေ့ရှိပါသည်။ သို့သော် မြန်မာနိုင်ငံမှ ပြင်ပကိုဆက်သွယ်ထားသော ဆက်သွယ်ရေးလင်ခ့် (Link) သည် ကမ္ဘာ့အဆင့်အတန်းနှင့် ပြောရလျှင် လွန်စွာနှေးပါသည်။ ဂျက်လေယာဉ်ခေတ်တွင် နွားလှည်းနှင့် ခရီးသွားသည့်အဆင့်ပဲ ရှိပါသေးသည်။ စစ်တပ်အတွက်သုံးသော ဆက်သွယ်ရေး Network မှာ သီးသန့်ဖြစ်ပါသည်။

Fiber Optic Cable ချရသော စရိတ်မှာလည်း မသေးလှပါ။ နအဖ အစိုးရသည် ၎င်းတို့၏ Fiber Optic Cable Network တချို့ကို လုံခြုံစိတ်ချရစေရန် လှိုဏ်ခေါင်းများထဲတွင် ချထားရန်စီစဉ်နေပုံရသည်။

မောင်အောင်မျိုး၏ စာအုပ် ဒုတိယအခန်းဖြစ်သော စစ်ရေးအတွေးအခေါ်နှင့် ဗျူဟာအခန်း၏ နောက်ဆုံးကောက်ချက်တွင် -

While the Tatmadaw continue to train its troops in anti-guerrilla warfare for counter-insurgency , it has been taking necessary measures for “ guerrilla warfare ” and “ tunnel warfare to deal with external threat - ဟုဆိုထားပါသည်။

ဆိုလိုသည်မှာ ပြည်တွင်းအန္တရာယ်အတွက် တန်ပြန်ပြောက်ကျား စစ်ဆင်ရေးကို တပ်မတော်တွင် ဆက်လက်၍ သင်တန်းပို့ချပြင်ဆင်နေသော်လည်း ပြည်ပအန္တရာယ်အတွက် ပြောက်ကျားစစ်နှင့် လှိုဏ်ခေါင်းစစ်အတွက် လိုအပ်သော ပြင်ဆင်မှုများကို တချိန်ထဲမှာ ဆောင်ရွက်လျက်ရှိသည်ဟု ကောက်ချက်ချထားပါသည်။

ထို့ကြောင့် နအဖ စစ်အစိုးရသည် မြန်မာပြည်တပြည်လုံးတွင် လှိုဏ်ခေါင်းများ တူး၍ နိုင်ငံခြားမှ ကျူးကျော်စစ်ကို ခုခံရန် ငွေအကုန်အကျခံ၍ ပြင်ဆင်လျက်ရှိသည်။

မောင်အောင်မျိုး၏ အဆိုအရ မြန်မာ့တပ်မတော်သည် Electronic warfare နှင့် Information Warfare လျှပ်စစ်နှင့် သတင်းစစ်ပွဲကိုလည်း စိတ်ဝင်စားသည်ဟု ဆိုပါသည်။ ယနေ့ခေတ်တွင် ကွန်ပြူတာများသည် မရှိမဖြစ်သော ကိရိယာများ ဖြစ်သလို ဆက်သွယ်ရေးသည် လွန်စွာအရေးကြီးပါသည်။ ထို့ကြောင့် ခေတ်ပေါ် ဗုံးတခုမှာ အဆောက်အဦးများကို ဖျက်ရန်မဟုတ်ဘဲ Electromagnetic radiation ကြောင့် လျှပ်စစ်ပစ္စည်းများ အလုပ်မလုပ် လောင်ကျွမ်းအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ electromagnetic bomb (e-bomb) ဟုခေါ်ပါသည်။

ထို့ပြင် ယ္ခုခေတ်တွင် ဗုံးများသည်လေထဲမှအရမ်း ကြဲခြသည့်ဗုံးများမဟုတ်တော့ပါ။ Precision Bomb ဟုခေါ်သော ပစ်မှတ်ကိုတိတိကျကျပစ်နိုင်သောဗုံးများ ဖြစ်သည် ထိရောက်မှုရှိရန် GPS (Global Positioning System) ဂြိုလ်တုမှ တဆင့်အသုံးပြုကြရပါသည်။ ထို့ကြောင့် GPS ဂြိုလ်တုနှင့်ဆက်သွယ်မှု ကိုဖျက်စီးသော GPS Jammer စစ်သုံးပစ္စည်းများပေါ်လာပါသည်

စစ်လေယဉ်များပျံသန်းရာတွင် Ground Control ဟုခေါ်သော မြေပြင်မှ ရန်သူ့လေယဉ်များကိုရေတာနှင့်ရှာ၍ ထိန်းကြောင်းပေးရပါသည်။ အမေရိကန်လေတပ်တွင်ဤစံနစ်တခုလုံးကိုလေယဉ်ပေါ်တင်ထားသော AWAC (Airborne Warning And Control System) လေယဉ် များရှိပါသည် ထို့ကြောင့် AWACS Jammer များပေါ် လာပါသည်

Information Warfare ဆိုသည်မှာရန် သူ့ Network အတွင်း ဝင်၍ သတင်းစုဆောင်းခြင်း - သတင်းမှားပေးခြင်း၊ အမိန့်အမှားပေးခြင်း ဖျက်ဆီးခြင်းတို့ ဖြစ်သည်။

(မှတ်ချက် - ရှုပ်ကုန်မည်ဖြစ်၍ အသေးစိတ် မရှင်းသည်ကို ခွင့်ပြုပါ)

ဤအတွက်ကြောင့် နအဖ စစ်အစိုးရသည် ကွန်ပြူတာဘွဲ့ပေးထားသော စစ်ကျောင်းများနှင့် အင်ဂျင်နီယာဘွဲ့ ပေးထားသော စစ်ကျောင်းများကို ထူထောင်ထားခြင်း ဖြစ်သည်။ လက်စမ်းသည့်အနေဖြင့် အတိုက်အခံ သတင်းဌာန ဝက်ဆိုက်များကို မကြာခဏ ဝင်ရောက်တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်စရာ ရှိပါသည်။

မကြာသေးခင်က တရုတ်ပြည်ဟိုင်နန်ကျွန်းတွင် ရေငုပ်သဘောင်္များ သိုလှောင်ရန် ရေအောက်လှိုဏ်ခေါင်းများကို အမေရိကန်တို့က သိရှိခဲ့ကြရ၍ ပွက်လောရိုက်ခဲ့ပါသည်။ မြောက်ကိုရီးယားတို့ကလည်း တရုတ်ပုံစံကို ကူးယူ၍ လှိုဏ်ခေါင်းများတူးကာ ပြင်ဆင်ခဲ့ကြပါသည်။ ယခုအခါ မြန်မာစစ်တပ်ကလည်း တရုတ်နှင့် မြောက်ကိုရီးယား ပုံစံကို အတုခိုး၍ ပြင်ဆင်လျက်ရှိပါသည်။

အတိုက်အခံသတင်းဌါနများလက်ခံရရှိခဲ့သောဗိုလ်ချုပ်ရွှေမန်း၏မြောက်ကိုရီးယားလျှိ့ဝှက်ခရီးမှတ်တမ်းတွင် လည်း မြန်မာစစ်တပ်က GPS Jammer နှင့် AWACS Jammer များကိုစိတ်ဝင်စားကြောင်းဖေါ်ပြခဲ့ပါသည်

လက်ရှိ မြန်မာစစ်တပ်၏လှိုဏ်ခေါင်းစီမံကိန်းသည်ပထမအဆင့်မျှပင်ရှိပါသေးသည်။ Command And Control Centers အမိန့်ပေးနှင့်ကွပ်ကဲမှုဌါနများ ၊ ဆက်သွယ်ရေးစနစ်များနှင့် Logistic ဖြည့်စီးမှုများ အတွက်သာ ရှိပါသေးသည်။ ဖေါက်ထားသည့်လှိုဏ်ခေါင်းများမှာကျင်းမြောင်း၍ကွန်ကရစ်အထူမှာမပြောပလောက်ပါ။ တရုတ်နှင့်မြောက်ကိုရီးယားတို့ကဲ့သို့ စစ်လေယျဉ်များပါသိုလှောင်လိုပါက စက်ကြီးများအကူနှင့်နက်နက် ကျယ်ကျယ်တူးရပါမည်။ ဗိုလ်ချုပ်ရွှေမန်း၏မြောက်ကိုရီးယားလျှိ့ဝှက်ခရီးမှတ်တမ်းအရမြန်မာစစ်တပ်ကစက်ကြီး များကိုကိုင်တွယ်နိုင်ရန်သင်တမ်းပေးပြီးပြီ၊စက်ကြီးများကိုမဝယ်ရသေးဟုဖေါ်ပြထားပါသည်။ နောက်အဆင့်တွေ အတွက်ပြင်ဆင်ထားသည်မှာထင်ပေါ်ပါသည်။

DVB၏အဆိုအရ လက်ရှိလှိုဏ်ခေါင်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ေးဒ်ါလာ (၉) ဘီလျံ (သန်း၉ဝဝဝ) ကျော်သည်ဟုဆိုပါသည်။ ဤသတင်းသာမှန်ခဲ့သည်ရှိသော်

ပြည်သူတွေဆင်းရဲတွင်းနက်နေသောကမ္ဘာ့အဆင်းရဆုံးနိုင်ငံတခုဖြစ်သောမြန်မာနိုင်ငံ သည်လှိုဏ်ခေါင်းများအတွက်ဤမျှငွေဖြုန်းရက်သည်မှာအံ့သြစရာပင်

ဘိုဘိုကျော်ငြိမ်း

bnyein@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it

(မှတ်ချက်) စစ်အတွေးအခေါ်ကိုစိတ်ဝင်စားသူများအတွက်သာ

Rest of your post

No comments:

 

Downtamun template | DOWNTAMUN