စစ်အစိုးရ၏ ထိုးစစ်ကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထွက်ပြေးလာဟု KNU က ပြော
ကိုဝိုင်း
စနေနေ့၊ ဇွန်လ 06 2009 20:52 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အပေါ် လတ်တလော ထိုးစစ်ဆင်နေမှုကြောင့် စစ်ဘေးဒုက္ခသည် ၄၀၀၀ ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ပိုမို ရောက်ရှိလာနေသည်ဟု ကရင်အမျိးသား အစည်းအရုံးက ပြောဆိုလိုက်သည်။
KNLA ၏ တပ်မဟာ (၇) - ဘားအံခရိုင် ပိုင်ကျုံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းမှ ဒေသခံများသာမက ‘လယ့်ဘော်ဟဲ’ ပြည်တွင်း ဒုက္ခသည် စခန်းမှလည်း ထွက်လာကြသူများ ဖြစ်ပြီး လူဦးရေ (၄၀၀၀) ခန့်ရှိကြောင်း KNLA ၏ နိုင်ငံရေးဦးဆောင် အဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။
စစ်ပြေးဒုက္ခသည်များ ရောက်ရှိနေသည့် နေရာသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်း မြို့နယ် အတွင်း၌ ဖြစ်ကြောင်း သိရသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တာဝန်ရှိသူ တဦးကလည်း ၎င်းတို့အဖွဲ့မှ ကွင်းဆင်း လေ့လာသူများနှင့် ဆက်သွယ်၍ မရသေးသဖြင့် နောက်ဆုံးသတင်းကို အတိအကျ မသိရသေးသော်လည်း ‘လယ့်ဘော်ဟဲ’ ပြည်တွင်း ဒုက္ခသည် စခန်းနေသူ လူဦးရေ ၁၂၀၀ ကျော် ရှိနေသည်ဟု ဆိုသည်။
KHRG ကပင် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် (၇၀၀) ကျော် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သေးသည်။
KNLA တပ်မဟာ (၇) ၏ ဘားအံခရိုင် ဒေသကို စစ်အစိုးရ တပ်များနှင့်အတူ အပစ်ရပ်ဆဲထားသော DKBA ၏ တပ်မဟာ ၉၉၉၊ ၃၃၃ နှင့် ၅၅၅ တို့၏ ပူးတွဲစစ်ကြောင်းနှင့် KNLA တပ်များအကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေခဲ့သည်။
Rest of your post
No comments:
Post a Comment