Thursday, May 28, 2009

နအဖ မှနွားများအား မစင်အတင်းစွန့် ခိုင်းရေး အစီအစဉ်

ရွှေလီရေအားလျှပ်စစ် ရှိပေမယ့်လည်း မူဆယ်မှာ နွားချေးကနေ လျှပ်စစ်ထုတ်နေရ
အင်္ဂါနေ့၊ မေလ 26 2009 17:50 - မြန်မာစံတော်ချိန်

နွားချေးကနေ ဘိုင်အိုဂက်စ်လို့ခေါ်တဲ့ ဇီဝဓာတ်ငွေ့ ထုတ်ပြီး လျှပ်စစ်မီးထွန်းဖို့ကို ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်ခရိုင်ထဲမှာ အရှေ့မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က ညွှန်ကြားထားပါတယ်။ ဒီလ ၁၆ ရက်နေ့က နမ့်ခမ်းမြို့နယ် မန်တပ်ရွာအနီးမှာ ရှိတဲ့ ရွှေလီ (၁) ရေအားလျှပ်စစ် ဖွင့်ပွဲအပြီးမှာ တိုင်းမှူးက မြို့နယ်ကောင်စီ ဥက္ကဋ္ဌ ဦးညွန့်ဟန်ကတဆင့် ညွှန်ကြားခဲ့တာပါ။

ကျနော်တို့ ဒေသခံတွေက ဘယ်သူမှ မလုပ်တတ်ပါဘူး။ လုပ်တတ်တဲ့သူကို ငွေပေးပြီး လုပ်ခိုင်းရပါတယ်။ ဓာတ်ခဲ အဟောင်းတွေကတော့ တိုင်းမှူးက ထုတ်ပေးပါတယ်။ နွားချေးကနေ ဓာတ်အားထုတ်ဖို့ဆိုရင် နွားချေး၊ ဆားနဲ့ ဓာတ်ခဲအဟောင်းတွေကို သောက်ရေသန့်ဗူးထဲ ထည့်ပြီး အသုံးပြုရပါတယ်။ ခြင်းတောင်းတလုံးလည်း လိုပါသေးတယ်။

ပထမတုန်းက ဌာနဆိုင်ရာတွေကိုပဲ စမ်းသပ်ပြီး လုပ်ဖို့ပါပဲ။ ပြီးလို့ရှိရင် တိုင်းမှူးကိုယ်တိုင် လာကြည့်ပါမယ်တဲ့။ အဲဒီလို ပြောထားပြီးတော့ ဦးညွန့်ဟန်က ရပ်ရွာတွေကို ဆင့်ပြီး တမြို့နယ်လုံးမှာ သောက်ရေသန့်ဗူး အလုံး ၄၀၀၀ လုပ်ခိုင်းပါတယ်။ ရွာတရွာမှာတော့ အလုံး ၂၀ ပေါ့။ သောက်ရေသန့်ဗူး တလုံးကနေ လျှပ်စစ်အား ၉ ဝပ် ထွက်ပါတယ်။ ကုန်ကျငွေက တခုကို ကျပ် ၁ဝဝဝ လောက်ပါ။ အဓိကက LEC မီးသီးတလုံး ကျပ် ၇ဝဝ နဲ့ ခြင်းတောင်းတလုံးက တရုတ် ၂ ယွမ် (၃၁၄ ကျပ်) ကုန်ကျပါတယ်။

အခြေအနေနဲ့လည်း မကိုက်ညီဘူးပေါ့ဗျာ။ မူဆယ်လို နေရာမျိုးမှာ ဘယ်က နွားချေး ရမှာလဲ။ အဲဒါတွေ လုပ်ပြီးတော့ရော ဘယ်မှာသွားသုံးရမလဲ။ ရွှေလီရေအားလျှပ်စစ်က မီးပေး၊ မပေးတော့ မသိပါဘူး။ လောလောဆယ်တော့ တရုတ်မီး ဝယ်သုံးနေရပါတယ်။ လျှပ်စစ်ကိုပဲ တယူနစ်ကို ၃၁၄ ကျပ် (၂ ယွမ်) နဲ့ ဝယ်သုံးနေရတာပါ။

မကြာသေးခင်က ဖွင့်ခဲ့တဲ့ ရွှေလီ (၁) ရေအားလျှပ်စစ် စီမံကိန်းကနေ မီဂါဝပ် ၄ဝဝဝ ကျော် ထွက်မယ်လို့ သိထားပါတယ်။ ဒါပေမယ့် ထွက်လာမယ့် ဓာတ်အားတဝက်ကို ၂၂၀ ဗို့လိုင်းနဲ့ တရုတ်ပြည်ကို သွယ်တန်းရောင်းချပါလိမ့်မယ်။

ရွှေလီရေအားလျှပ်စစ် စီမံကိန်းရှိတဲ့ နမ့်ခမ်းမြို့နယ်မှာလည်း နွားချေးကနေ ဓာတ်အား ထုတ်ခိုင်းနေပါတယ်။ ဒါတင်မက မုံးကိုးမြို့နယ်မှာလည်း သောက်ရေသန့်ဗူး အလုံး ၅၀၀ လုပ်ခိုင်းထားပါတယ်။

၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်က မြန်မာနိုင်ငံ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန လက်အောက်ခံ နည်းပညာ မြင့်မားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဌာနက နွားချေးကနေ ထွက်တဲ့ ဇီဝဓာတ်ငွေ့နဲ့ လျှပ်စစ်စွမ်းအင်အဖြစ် အသုံးပြုမယ့် အစီအစဉ်ကို မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်အတွင်း စတင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာလည်း ညွှန်ကြားခိုင်းစေခဲ့ပါတယ်။

ကျနော်တို့တွေမှာတော့ လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးကို ကြည့်ပြီး မြင်သာမြင်ရပေမယ့် ကိုယ်နဲ့ ဘာမှ မဆိုင်သလိုဘဲ ဖြစ်နေရပါကြောင်း တင်ပြရပါတယ်ခင်ဗျား။

ဒေသခံများ
မူဆယ်မြို့နယ်

Rest of your post

No comments:

 

Downtamun template | DOWNTAMUN