Monday, June 22, 2009

ဗမာပြည်တွင် အသက်ရူခွင့်လိုင်စင် မကြာခင်တင်ရတော့မည်

ပြည်တွင်းဗီဒီယိုလုပ်ငန်းများ ပိုမိုတင်းကြပ်လာတော့မည်Kaowao ဇွန် ၂၁၊ ၂၀၀၉။
ရန်ကုန်(ဇွန်-၂၁)။ ။ရန်ကုန်တိုင်း ဗီဒီယိုလုပ်ငန်း စီစစ်ကြီးကြပ်ရေးကော်မတီမှ လိုင်စင်မဲ့သက်တမ်းလွန် ဗီဒီယို လုပ်ငန်းရှင်များကို ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေဖြင့် အရေးယူသွားမည်ဟု စစ်အစိုးရ ယနေ့ထုတ်သတင်းစာ များတွင် ဖေါ်ပြခဲ့သည်။

အဆိုပါ သတင်း ဖေါ်ပြချက်တွင် ဗီဒီယိုထုတ်လုပ်ခြင်း၊ ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ ဗီဒီယိုတိတ်ခွေ (VCD,DVD) ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်းနှင့် ဗီဒီယိုပြသခြင်း (ရုံ၊ ကာရာအိုကေခန်းမ-KTV၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အလှပြင်ဆိုင်များ) အားလုံးတို့နှင့် အကျုံးဝင်ဟု ဆိုသည်။

မော်လမြိုင်မြို့မှ အမည်မဖေါ်လိုသော ဗီဒီယိုလုပ်ငန်းရှင်တစ်ဦးကို ဤကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် “လုပ်ငန်းလိုင်စင်အတွက် အမျိုးအစားတစ်မျိုးကို လုပ်ငန်းလိုင်စင် အသစ်စလုပ်တဲ့ ပထမနှစ်မှာ ကျပ်တစ်သိန်း ဝန်ကျင်လောက် ကုန်ကျတယ်၊ ရပ်ကွက်ကျေးရွာဥက္ကဌ၊ သက်ဆိုင်ရာရဲစခန်း၊ မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့၊ ရုံနဲ့ ပြသတဲ့သူတွေဆိုယင် မြို့နယ်မီးသတ်၊ ဆေးရုံ၊ စာတိုက်နဲ့ကြေးနန်းစတဲ့ဌာနတွေရဲ့ ထောက်ခံချက်ပါယူရတယ်၊ အဲဒီကထောက်ခံချက်တွေရဖို့အတွက် ငွေပေးကြရတာပါပဲ” ဟု ပြောကြားခဲ့သည်။

မွန်ပြည်နယ်မော်လမြိုင်မြို့ပေါ်၌ ဗီဒီယိုရိုက်ကူးတည်းဖြတ်ရေးလုပ်ငန်းရှင် ၃၀ ဦးဝန်းကျင်ခန့်ရှိပြီး အားလုံးလိုမှာ လုပ်ငန်းလိုင်စင်ဆောင်ထားကြသူများ ဖြစ်သည်။ KTV ဆိုင်များမှာ အရေအတွက်အတိအကျ မသိနိုင်သော်လည်း ဆိုင်ပေါင်း ၅၀ ထက်မနည်းရှိသည်ဟု သိရသည်။

သံဖြူဇရပ်မြို့ရှိ ဗီဒီယိုရိုက်ကူး၊ တည်းဖြတ်လုပ်ငန်းရှင် တစ်ဦးကလည်း “ဒုတိယနှင့်သက်တမ်းတိုးတဲ့အခါမှာ အခွန်ကိစ္စတွေပါလာတယ်၊ စက်ကိရိယာတွေရဲ့ စုစုပေါင်းရင်းနှီးထားရတဲ့တန်ဖိုး၊ ဒီငွေတွေဘယ်ကရခဲ့၊ ဒီနှစ်မှာ ရိုက်ကူးတည်းဖြတ်လို့ရတဲ့ဝင်ငွေ စတာတွေကပိုလာပါတယ်၊ မြို့နယ်အကောက်ခွန်ဌာနက ထောက်ခံမှ ပြည်နယ်
က ဆက်ပြီးသက်တမ်းတိုးပေးမယ်၊ အခွန်ကတော့ လုပ်ငန်းတမျိုးစီအတွက် ငါးသောင်းနဲ့တစ်သိန်းကြားမှာပဲ၊ ညှိပြီးလုပ်ယင်နည်းနည်းသက်သာတယ်၊” ဟု ဆိုပါသည်။

သို့သော် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့တို့တွင် ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းအများအပြားရှိသော်လည်း ဗီဒီယိုလုပ်ငန်း လိုင်စင် ပြုလုပ်ထားသူ အနည်းငယ်သာရှိကြောင်း ရိုက်ကူးရေးသမားများထံမှ သိရသည်။

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတရပ်ရပ်ကို ချိုးဖောက်သူအား သုံးနှစ်အထိ ထောင်ဒဏ်များအပြင် ငွေဒဏ်များ လည်း ကျခံနိုင်ဖွယ်ရှိသည်ဟု သိရသည်။

သို့သော် ဗီဒီယိုခွေ ခိုးကူးနေသူများကို သက်ဆိုင်ရာမှ ဖော်ထုတ်ဖမ်းဆီးမိသည့် သတင်းများ မရှိခဲ့ပါ။

ဗီဒီယိုလုပ်ငန်းလိုင်စင်ကို မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့မှတဆင့် ပုံစံများဝယ်ယူ၌ သက်ဆိုင်ရာပြည်နယ်၊ တိုင်းအသီး သီးရှိ ဗီဒီယိုလုပ်ငန်း စီစစ်ကြီးကြပ်ရေးကော်မတီထံ လာရောက်လျှောက်ထားရသည်ဟု သိရသည်။ သို့ရာတွင် စတင်လျှောက်ထားသည့်နေ့ရက်မှ အနည်းဆုံး ၃ လကြာမြင့်ပြီးမှ လုပ်ငန်းလိုင်စင်များ ချပေးသည်ဟုဆိုကြသည်။

လွန်ခဲ့သည့်လတွင်လည်း စစ်အစိုးရက ရေဒီယိုလိုင်စင်များ ပြုလုပ်ကြရန်၊ မပြုလုပ်သူများကို ကြေးနန်းအက် ဥပဒေဖြင့် အရေးနိုင်သည်ဟု သတင်းစာများတွင် ဖေါ်ပြခဲ့သည်။


Rest of your post

No comments:

 

Downtamun template | DOWNTAMUN