Saturday, June 27, 2009

အသက်ရှင်လျက်နှင့် ခြေသလုံးအိမ်တိုင် နေထိုင်ကြရတဲ့ ဗမာပြည် ကဘ၀များ

စစ်ပြေးဒုက္ခသည်များအတွက် စားသောက်ကုန်များ လှူဒါန်း Friday, 26 June 2009 16:47
မြန်မာစစ်အစိုးရ၏ ထိုးစစ်များကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော
စစ်ပြေးဒုက္ခသည်များအတွက် လိုအပ်သည့် အခြေခံစားသောက်ကုန်များကို အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာနလက်အောက်ရှိ မဲဆောက် ရုံးခွဲမှ ၀န်ထမ်းများက သွားရောက်လှူဒါန်းခဲ့ကြသည်။

ယခုလ (၁၆)ရက်နေ့တွင် နယ်မြေခံ ကရင်လူမျိုးနှစ်ဦး၏ အကူအညီဖြင့် ဒုက္ခသည်များ ပုန်းခိုနေရာ ဒေသများသို့ သွားရောက်၍ အခြေအနေများနှင့် လိုအပ်ချက်များကို လေ့လာခဲ့ပြီး (၁၇)ရက်နေ့တွင် အဓိကလိုအပ်သည့် ဆန်၊ ဆီ၊ ဆား စသည့် ကာလတန်ဖိုးဘတ်ငွေ ၁၂၀၀၀ ခန့်ရှိသည့် ကုန်ပစ္စည်းများကို လှူဒန်းခဲ့ခြင်းဖြစ်သည်။

ထိုဒေသတွင် ဒုက္ခသည် လူဦးရေ ၁၀၄၄ ရှိသည့် အိမ်ထောင်စု ၂၀၀ခန့် လာရောက် တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

အရေးပေါ်လိုအပ်ချက်ကြောင့် လူသားခြင်း စာနာထောက်ထားသော အားဖြင့် သွားရောက်လှူဒါန်း ပေးခဲ့ခြင်းဖြစ်သည်ဟု မဲဆောက်ရုံးခွဲ တာဝန်ခံ ကိုဗညားမှ အခုလိုရှင်းပြသည်။

“အရေးပေါ်လိုအပ်ချက်ကြောင့် အလျင်စလို သွားပြီး ကူညီပေးခဲ့တာပါ။ လူသားခြင်း စာနာထောက်ထားတဲ့အနေနဲ့ ကူညီပေးခဲ့တာ ဖြစ်ပေမယ့် အစီအစဉ်တခုအနေနဲ့ လုပ်ဖို့တော့ မရှိပါဘူး။ ဒါပေမယ့်လည်း အခြားလှူနိုင် ပေးနိုင်တဲ့သူတွေကိုတော့ ကမ်းလှမ်းထားပါတယ်။ အခါအားလျော်စွာပေါ့နော် လက်ရှိတော့ မယ့်အူစု လို့ခေါ်တဲ့ ထိုင်းကရင်ရွာနဲ့ အနီးမှာရောက်နေတဲ့ ဒုက္ခသည်တွေကို ပိုပြီးရည်ရွယ်ပါတယ်”

ထိုင်းအစိုးရအနေနဲ့ ဒုက္ခသည်များကို အလျင်စလို ပြန်မပို့ပဲ ကာကွယ်စောင့်ရှောက်မှုများ ပေးစေချင်ကြောင်းလည်း ကိုဗညားမှ ဆက်ပြီးပြောသည်။

“လက်ရှိအခြေအနေတော့ အခြေခံစားသောက်ကုန်နဲ့ အ၀တ်အထည်တွေ ပံ့ပိုးပေးဖို့ လိုတဲ့အပြင် ထိုင်းအစိုးရကနေ ဒီစစ်ပြေးဒုက္ခသည်တွေကို အလျင်စလို အတင်းပြန်မပို့ဖို့နဲ့ လိုအပ်ရင် စစ်ပြေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး ကာကွယ်စောင့်ရှောက်စေလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တတွေအနေနဲ့ ပြန်သွားရင် အချိန်မရွေး ဖမ်းဆီးခံရပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ တိုက်ပွဲတွေမှာ အသုံးပြုခြင်း ခံရနိုင်ပါတယ်”

ပြီးခဲ့သည့် နှစ်ပတ်အတွင်း မြန်မာစစ်တပ်နှင့် မဟာမိတ်ပြုထားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA) တပ်များ၏ ထိုးစစ်ဆင်မှုများကြောင့် ထိုင်း- မြန်မာနယ်စပ်တလျှောက်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကရင်ဒုက္ခသည် ၃၀၀၀ ကျော်ခန့်သည် နယ်စပ်ဖြတ်ကျော် ထွက်ပြေးကာ ခိုလှုံလာကြခြင်းဖြစ်သည်။
Rest of your post

1 comment:

HRmyanmar said...

တင်ချင်လို့ link သွားပြီဗျ ခွင့်ပြုပါ

 

Downtamun template | DOWNTAMUN