Tuesday, June 23, 2009

စစ်အာဏာရှင် ကျည်သင့်သေဆုံးသွားတဲ့ နီဒါ (အီရန်လက်ရှိ ဆန္ဒပြပွဲမှ)

နီဒါ ဆိုတဲ့  ၂၆ နှစ်သမီးအရွယ် ကျောင်းသူဟာ လွန်ခဲ့တဲ့ ၂၀ ဇွန်လ ၂၀၀၉ ရက်နေ့ မှာ ထီရန် ဆိုတဲ့ မြို့ မှာ အဖေ ဖြစ်သူနဲ့  မဲလိမ်ခဲ့ တဲ့ စစ်အစိုးရ ကိုဆန္ဒပြနေရင်း စစ်အစိုးရ သေနတ်သမားတဦးမှ ရင်ညွန့် တည့်တည့်သို့ ပစ်ခံခဲ့ရပြီး ကျဆုံးသွားခဲ့တဲ့ ကျောင်းသူလေးပါ၊ လောလောဆယ်မှာ နီဒါ ဟာ အီရန်နိုင်ငံရဲ့ (တက္ကသိုလ်ကျောင်းသားဖုန်းမော်ကဲ့သို့ ) ထင်းရှားတဲ့ တော်လှန်ရေး အမှတ်အသားတခုအဖြစ်နဲ့  အီရန်နိုင်ငံသားတွေ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။နီဒါ အပစ်ခံရတဲ့ နေ့ က ဗီဒီယို ကိုလည်း ဆန္ဒပြနေသူတဦးမှ လက်ကိုင်ဖုန်းဖြင့် ဗီဒီယိုမှတ်တမ်း တင်ခဲ့ပြီ အင်တာနက်မှာဖေါ်ပြခဲ့တဲ့အတွက် တကမ္ဘာလုံးက အကြည့်အများဆုံး ဗီဒီယိုအဖြစ် ယူကျူ့ (ဘ်)(Youtube Video) အင်တာနက် စာမျက်နှာမှာတင်မက စီအန်အန်(CNN) သတင်းဌာနကြီးများတွင်ဖေါ်ပြခဲ့ ပြီး ကြည့်ရှုသူ သန်းပေါင်းများစွာရှိခဲ့ ပါတယ်။ စစ်အာဏာရှင်တွေက လောလေဆယ်သတ်ဖြတ်ခဲ့တာ တရားဝင်စာရင်းအရ ၁၀ ဦးကျော်ခဲ့ပြီဖြစ်သော်လည်း အယောက် ၅၀ ပို ကျော်နိုင်တယ်လို့  ဆန္ဒပြသူတွေ က ထုတ်ဖေါ်ပြောဆိုနေကြပါတယ်၊ဘာဖြစ်လို့ လဲဆိုတော့ ဆန္ဒပြသူများ ဟာ အိမ်သို့ ပြန်မလာဘဲ ပျောက်ဆုံးနေကြတယ်လို့  မိဘ ဆွေမျိုးများ က ဆိုပါတယ်။အီရန်နိုင်ငံ ဒီမိုကရေစီစနစ် ထွန်းကားနိုင်ပါစေ (ဒေါင်းTM)
A picture combo shows a screen grab posted on YouTube (L) of Iranian Neda Agha Soltani, who was reportedly killed when hit by a bullet during a protest in Tehran, along with undated pictures of her posted on the Internet on June 22, 2009. A video showing the young woman bleeding to death was put online on June 20 and has since been viewed hundreds of thousands of times around the world.

(AFP/Internet)

No comments:

 

Downtamun template | DOWNTAMUN