Saturday, June 27, 2009

မိစ္ဆာကောင်သန်းရွှေ ကုလား ထံမှ အမျိုးယုတ်နည်း သင်ကြား


သီရိလင်္ကာကိုအားကျ မြန်မာစစ်အစိုးရ ပြည်သူ့ စစ်ထပ်မံစုဆောင်း စစ်ရေးလေ့ကျင့်ပေးနေ
သောကြာနေ့၊ 26 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
တမီးလ်ကျားသူပုန်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည့် သီရိလင်္ကာအစိုးရကဲ့သို့ ဗမာ့တပ်မတော်တပ်ချုပ်ကြီးလည်း တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များရှင်းလင်းရန် အားသွန်ခွန်စိုက်ကြိးပမ်းရာတွင် ပြည်သူ့စစ်အင်အား အသုံးချရန် စီမံဆောင်ရွက် နေကြောင်း သျှမ်းပြည်အရေးလေ့လာသူအချို့က ပြောဆိုသည်။

“သျှမ်းပြည်အနှံ့ပြည်သူ့စစ်တွေကောက်ပြီး စစ်ရေးလေ့ကျင့်ပေးနေတယ်။ စစ်အစိုးရကိုယ်တိုင်ဒေသခံတွေ ကိုဆင့်ခေါ်တယ်။ တိုင်းရင်းသားလက်နက်ချ/ ပြည်သူ့စစ်အဖွဲ့ကနေ တဆင့်လဲကောက်ခိုင်းတယ်” ဟု သျှမ်းပြည်သား ကုန်သည်တဦးက ပြော သည်။

ဂျွန်လဆန်းပိုင်းက အထူးဧည့်သည်တော်အဖြစ် သီရိလင်္ကာသမ္မတ မြန်မာနိုင်ငံသို့ရောက်လာစဉ် သီဟိုဠ် ကျွန်းမြောက် စွန်း ပိုင်းဒေသ၌ ခြေကုတ်ကာ သီရိလင်္ကာအစိုးရအား အကြမ်းဖက်တိုက်ခိုက်သည့် တမီးလ်ကျားသူပုန်ကို တိုက်ခိုက် ချေမှုန်း နိုင်ခဲ့သည့်နည်းလမ်းပြောပြခဲ့ရာ ဗမာ့တပ်မတော်တပ်ချုပ်ကြီးက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ အပစ်ရပ်ဖွဲ့များ အား ချေမှုန်းပစ်ရန် ဆန္ဒပိုမိုပြင်းပြခဲ့ကြောင်း၊ ပြည်သူ့စစ်အင်အားဖြည့် အရည်အသွေးမြှင့်သင်တန်း လုပ်နေခြင်းမှာလည်း အဆိုပါကိစ္စနှင့် ပတ်သက်ဆက်နွယ်ကြောင်း စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်နှင့်ရင်းနှီးသည့် အသိုင်းအ၀ိုင်းကဆိုသည်။

“ကျမတို့လားရှိုးမြို့ နယ် မိုင်းယော် မိုင်းဟက် မိုင်းကျက်ဘက်မှာ ဗိုလ်မွန်းခေါင်းဆောင်တဲ့ မန့်ပန်ဌာနေပြည်သူ့ စစ်အဖွဲ့ က ဒေသခံ ယောက်ျားလေးတွေကို လိုက်ကောက်နေတယ်။ အသက်မပြည့်လဲ ယူတာဘဲ။ ဒီလ ၄ ရက်နေ့က စပြီး ဗမာစစ်တပ် ကို တသုတ်ပြီးတသုတ်ပို့ပေးနေတယ်” ဟု လားရှိုးမှ ကုန်သည်အမျိုးသမီးတဦးက ပြောသည်။


“သံလွင်အရှေ့ခြမ်းမှာ လားဟူ ပြည်သူ့စစ်အဖွဲ့ ၂၀ ကျော် ရှိတယ်။ တချို့အဖွဲ့တွေအင်အား ၁၀၀ ကျော် ၂၀၀ ၀န်းကျင်၊ တချို့တွေလဲ ၂၀ - ၃၀ က အစရှိတယ်။ အဲဒီရှိပြီးသားတွေအပြင် ပြည်သူ့စစ်အဟောင်းတွေရော ထပ်ကောက်တဲ့အသစ် တွေပါ ဆင့်ခေါ်သင်တန်းပေးနေတယ်။ အဲဒီလိုသင်တန်းမျိုး သျှမ်းအပြည်အနှံ့ဘဲ၊ အဲဒါတွေကြည့်ခြင်းအားဖြင့် စစ်အစိုးရက သူ့ကိုအာခံလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်ရင် သီရိလင်္ကာအစိုးရလို သီဟိုဠ် ပြည်သူ့စစ်တွေ ကို ရှေ့တန်းကတက်ခိုင်းတဲ့ အတိုင်း လုပ်မှာဘဲ။ နအဖဟာ နဂိုကတည်းက အိမ်ကြက်ချင်း အိုးမည်း သုတ် ခွပ်ခိုင်းတဲ့မူရှိပြီး သား။ DKBA နဲ့ KNU ကိုဘဲကြည့်ပေါ့”- ဟု သျှမ်းပြည်အရေးလေ့လာသူ တဦးကဆို၏။

သို့သော် တမီးလ်ကျားသူပုန်များနှင့် သျှမ်းပြည်လက်နက်ကိုင်တပ်ဖွဲ့အခြေအနေမတူကြောင်း၊ တမီးလ်ကျားသူပုန်များမှာ အိန္ဒိကရောက်လာခြင်းဖြစ်ပြီး သီဟိုဠ်၏ နယ်မြေ၌ ကိုယ်ပိုင်ဒေသထူထောင်လိုသည့် လူမျိုးစုဖြစ်ကြောင်း၊သျှမ်းပြည် သား လက်နက်ကိုင်တပ်ဖွဲ့များမှာမူ မိမိဘိုးစဉ်ဘောင်ဆက်ပိုင် ရေ မြေ ဒေသအား စစ်အစိုးရကကျူးကျော်နယ်ချဲ့ လာခြင်းအပေါ် ကာကွယ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ပြည်သူ့ စစ်အင်အားအသုံးချပြီးအပစ်ရပ် အဖွဲ့ များတော်လှန် ဆဲတပ်ဖွဲ့များအား တိုက်ထုတ်ဖို့ စစ်အစိုးရ စီမံကိန်းမှာ ထင်သလောက်လွယ်ကူမှာမဟုတ်ကြောင်း သုံးသပ်ပြောဆို သည်။

တမီးလ်ကျားသူပုန်အား သီရိလင်္ကာအစိုးရ အနိုင်ယူတိုက်ခိုက်နိုင်ခြင်းအကြောင်းရင်း ၆ ချက်ရှိကြောင်း -
(၁) ဒေသခံသီဟိုဠ်သားပြည်သူ့စစ်များဖွဲ့စည်း၍ ရပ်ရွာကာကွယ်ရေးကို တဖက်တလှမ်းကတာဝန်ယူခြင်း၊
(၂) သိမ်းပိုက်နိုင်သောနယ်မြေများ၌ သီရိလင်္ကာတပ်မတော်က အခိုင်အမာတပ်စွဲလိုက်ခြင်း၊
(၃) သူပုန်များ၏ နောက်တန်း၌ အထူးကွန်မန်ဒိုတပ်ကို လျှို့ဝှက်ထောက်လှမ်းပြီးGPS (Global Positioning System) ဖြင့် သတင်းပေးပို့ခြင်း၊
(၄) တမီးလ်တို့၏ နောက်ဖေးပေါက် (ပင်လယ်ကမ်းခြေ) တလွှား စစ်သင်္ဘောဖြင့် ပိတ်ဆို့ခြင်း၊
(၅) စစ်ပြေး ဒုက္ခသည်စခန်းများအား တိတိကျကျ စစ်ဆေးခြင်း၊
(၆) ပြည်သူများ သေကြေခြင်းကို ဂရုမူခြင်းအလျဉ်းမရှိဘဲ လေယာဉ်ဖြင့်လည်းကောင်း၊ လက်နက်ကြီးများဖြင့် လည်းကောင်း ဆက်တိုက်ဗုံးများကျဲချခြင်း - တို့ကြောင့်ဖြစ်သည်ဟုဆို၏။

“သီရိလင်္ကာအစိုးနဲ့ သီဟိုဠ်သားတွေဆိုတာက လူမျိုးတူတွေ၊ တမီးလ်က အိန္ဒိယကလာတယ်လေ၊ အထက်ကပြောခဲ့တဲ့ အချက်တွေထဲက အချက် ၄ ကလွဲပြီး အဲဒီနည်းတွေအတိုင်း စစ်အစိုးရလဲအသုံးပြု နိုင်ဖွယ်ရှိတယ်။ တကယ်လို့ တရုပ် နဲ့ ထိုင်းက စစ်အစိုးရ တောင်းဆိုတဲ့ အတိုင်း နောက်ဖေးပေါက်ပိတ်ပေးရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေရဲ့ အခြေအနေက တမျိုးပြောင်းသွားနိုင်တယ်” ဟု နှိုင်းယှဉ်ပြောပါသည်။

သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်နှင့်အလျှောက် ဗုဒ္ဓဘုန်းတော်ကြီးများကိုနှိပ်စက်ချေမှုန်းသည့် စစ်အစိုးရအား အဆက်အသွယ်ြုပခြင်း ထောက်ခံအားပေးခြင်းမြုပသင့်ကြောင်း ဆက်လက်ပြောဆိုသုံးသပ်သည်။ သီရိလင်္ကာသမ္မတ မြန်မာပြည်သို့ရောက်ရှိစဉ် စစ်အစိုးရက အမေရိကန်ဒေါ်လာ ၅ သောင်း လက်ဆောင်ပေးခဲ့ပါသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN