13 April 2009
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေကို ထိုင်းစစ်တပ်က တနင်္လာနေ့ မနက် အာရုံမတက်ခင်မှာ စတင် ဖြိုခွင်းနေပြီ ဖြစ်ပါတယ်။ စုဝေးနေတဲ့ ဆန္ဒပြသူ အများအပြားကို ဖြိုခွဲဖို့အတွက် စစ်တပ်က စတင်လိုက်တဲ့ နောက်ပိုင်းမှာ အစိုးရ တပ်တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ပြီး ထိခိုက်ဒဏ်ရာ ရမှုတွေလည်း ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ စစ်တပ်ဟာ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့အတွက် ညင်သာတဲ့ နည်းတွေနဲ့ စတင်မှာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် နှိမ်နှင်းဖို့ ရှိတယ်လို့ စစ်တပ် ဗိုလ်မှူးကြီး ဆန်ဆန်းထွေပါ ကပြောကြောင်း အေဖက်ပီ သတင်းက ရေးသားပါတယ်။ စစ်သားတွေဟာ မျက်ရည်ယိုဗုံးတွေကို သုံးဖို့လည်း ရှိတယ်လို့ ပြောပါတယ်။
မစ္စတာ ထက်ဆင် က ပြည်သူ့ တော်လှန်ရေး တရပ်ကို ဆင်နွှဲဖို့အတွက် ဘန်ကောက်မြို့မှာ လာရောက် စုဝေးဖို့အတွက် သူ့ကို ထောက်ခံသူတွေကို တနင်္ဂနွေနေ့ အစောပိုင်းမှာ တိုက်တွန်းခဲ့ပါတယ်။ တကယ်လို့ သူ့ထောက်ခံသူတွေကို ထို်င်းအာဏာပိုင်တွေက တိုက်ခိုက်လာမယ်ဆိုရင် ထိုင်းနိုင်ငံကို ပြန်လာခဲ့မယ်လို့ တယ်လီဖုန်းက တဆင့် ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ၀ိက်ချာချီဝ ကတော့ သူတို့ အစိုးရ အဖွဲ့က နိုင်နိုင်နင်းနင်းနဲ့ ထိန်းထားနိုင်ပါတယ်လို့ တနင်္ဂနွေနေ့ ထိုင်း ရုပ်သံက ပြောကြားခဲ့ပါတယ်။
Rest of your post
Monday, April 13, 2009
ထိုင်း ဆန္ဒပြသူတွေ စစ်တပ် စတင်နှိမ်နှင်း
ဒီမိုကရေစီနဲ့ ဗမာပြည်
အနှစ် 20 ကျော် စစ်အာဏာရှင်တို့ရဲ့ လက်ခုပ်ထဲက ရေအဖြစ် ဗမာပြည်ကျရောက်ခဲ့ရတာဟာ အဓိက အကြောင်းရင်း 2 ချက်ကြောင့်ဖြစ်ပါတယ်။
ပထမအချက်က အဆုံးစွန်ကန့်သတ်ချုပ်ခြယ်မှု သံမဏိအုပ်ချုပ်ရေးကြောင့်ဖြစ်ပါတယ်။ စစ်အစိုးရကို အာခံဆန့်ကျင်သူ ပုန်ကန်တော်လှန်သူမှန်သမျှ အပြင်းအထန်နှိပ်ကွပ်သုတ်သင်ဖြိုခွင်းခံရမှာဖြစ်တယ်။ ဗမာပြည်ကျောင်းသား/သူ ရဟန်း ရှင်လူတွေ စုဝေးလှုပ်ရှားအုံကြွပြီး ဒီမိုကရေစီတောင်းဆိုခဲ့ကြတာ အကြိမ်ကြိမ်ပါ။ အကြမ်းဖက်ရက်စက်ယုတ်မာ သတ်ဖြတ်မှုတွေကြောင့် အသက်သွေးချွေးမြောက်များစွာစတေးခံရလို့ နောက်ဆုံးတော့ အားမတန် မာန်လျှော့နိဂုံးချုပ် ရတာချည်းဖြစ်ခဲ့တယ်။
ဒုတိယအချက်က စစ်အာဏာရှင်အစိုးရကို ပြုပြင်ပြောင်းလဲအောင် နိုင်ငံတကာရဲ့တိုက်တွန်းဖြောင်းဖြချော့မော့မှုနဲ့ ဖိအားပေးအကြပ်ကိုင် ပိတ်ဆို့မှုတွေဟာ ပြည်သူတွေလက်ထဲ ဒီမိုကရေစီ အပ်နှင်းဘို့ မစွမ်းဆောင်နိုင်သေးတဲ့ အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အာဇီယံနိုင်ငံတွေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကိစ္စထက် ဗမာပြည်နဲ့စီးပွား ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုကရတဲ့ အကျိုးအမြတ်ကို ပိုပြီး ဦးစားပေးစဉ်းစားကြလို့ဖြစ်ပါတယ်။ အဓိကအားဖြင့်ဗမာပြည် နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံပါ။ နယ်စပ်တလျှောက် ကူးသန်းရောင်းဝယ်ရေးနဲ့ လုံခြုံရေး တည်ငြိမ်ရေးဟာ ဗမာပြည်နိုင်ငံရေး ပြဿနာ ဂယက်ရိုက်ခတ်မှုနဲ့ အစဉ်တစိုက် တိုက်ရိုက်ပတ်သက်ခဲ့ရပါတယ်။ သာဓကအားဖြင့်ဆင်းရဲ ကြပ်တည်းတဲ့ ပူပင်သောက ဘ၀ကနေ ရေကြည်ရာမြက်နုရာ ထိုင်းနယ်စပ်ကို ဗမာပြည်တိုင်းရင်းသားများခိုလှုံလာ ကြတဲ့ ကိစ္စပါ။ ထိုင်းနိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးနဲ့ ပြဿနာကြီးမားစွာ ဖြစ်ပွားစေပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရအဆက် ဆက်ကတော့ ဗမာပြည်နိုင်ငံရေးကိစ္စ ကို ၀င်ရောက်စွက်ဖက်တာ မလုပ်ပါဘူး။ အာဇီယံကလဲအပြုသဘောဆောင် ဆက်ဆံမှု Constructive Engagement ပေါ်လစီနဲ့ဘဲ မျက်နှာလွှဲခဲပြစ်လုပ်နေပါတယ်။
ဗမာအာဏာရှင်အစိုးရက ဒီမိုကရေစီနဲ့တိုင်းရင်းသားအခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေ၊ သဘာထားကွဲလွဲ သူတွေအပေါ် ဘယ်လောက်ဘဲ အကြင်နာကင်းမဲ့စွာ စစ်အင်အားသုံး အပြတ်ဖြိုခွင်းနှိပ်ကွပ်ခဲ့ပေမဲ့ အဖိနှိပ်ခံရဟန်း ရှင်သူကျောင်းသား ပြည်သူတွေ အဖို့ တုတ်တုတ်မှ မလှုပ်ရဲအောင် ငုံ့ခံမြဲငုံ့ခံနေမှာ မဟုတ်ပါဘူး။ မီးခဲပြာဖုံး အနေ အထားမှာအားမွေးရင်း အချိန်အခါ အခွင့်အလမ်းနဲ့ချက်ကောင်းကို အသိရှိရှိ သတိကြီးကြီးနဲ့ စောင့်ဆိုင်းနေပါတယ်။
ဖက်ဆစ် စစ်အာဏာရှင်တို့နှိပ်ကွပ်ချုပ်ခြယ်တိုင်း၊ ရက်စက်ယုတ်မာစွာ အကြမ်းဖက်တိုက်ခိုက်ဖြိုခွင်းတိုင်း၊လက်နက် အားကိုး ဓါးမိုးအုပ်ချုပ်တိုင်း၊ အတိုက်အခံတွေကို ဖမ်းဆီးထောင်ချတိုင်း၊ ပြည်သူတွေက အကြောက်တရား အောက်မှာ တကြောက်ကြောက် ကြောက်ဒူးတုံနေခဲ့မယ်ဆိုရင် ဒီမိုကရေစီရောင်နီဖြိုးဖြိုးကိုအစပြိုးခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံလဲ ပေါ်ပေါက်ခဲ့စရာ အကြောင်းမရှိပါဘူး။ 2007 စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလဲ ဖြစ်ထွန်းနိုင်စရာ အကြောင်း မပေါ်ခဲ့ပါဘူး။
လက်ရှိသမယအခါကာလ အနေအထားမှာ ဗမာပြည်အပေါ် စစ်အာဏာရှင်တွေဆက်လက်ပြီး အရိပ်မဲကြီးနဲ့ အမှောင် တိုက်သွင်းဘို့ ပြည်သူလူထုက ဒီ့ထက်ပို မျက်စိစုံမှိတ် အောင့်အီးသည်းခံလို့ မရတော့ပါဘူး။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေအပေါ် ဗမာဖက်ဆစ် နာဇီတွေရဲ့ ဒီ့ထက်လူမဆန်စွာ အကြမ်းဖက်နှိပ်ဖမ်းဆီးသတ်ဖြတ်တဲ့အနေအထားကို ကမ္ဘာ့ပြည်သူများစိတ်ဝင်စားအာရုံ စိုက်လာတာတင်မက စိတ်ဓါတ်ရေးရာအရလဲ ပိုပိုပြီး ထောက်ခံအားပေးလာခဲ့ပါတယ်။
အလှမ်းမဝေးတော့တဲ့ အနာဂတ် နောင်တစ်နေ့မှာ ပြည်သူလူထုတရပ်လုံးရဲ့ ကြီးမြတ်ထွန်းပြောင်တဲ့ အင်အားဟာ လက်နက် အားကိုးလက်တဆုပ်စာ စစ်အာဏာပိုင် လူတစုရဲ့မတရားကြီးစိုးအုပ်ချုပ်မှုကို မုချ တွန်းလှန်ဖယ်ရှားနိုင်မယ်ဆို တာ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ အကြိမ်ကြိမ်စံနမူနာပြသခဲ့ပြီးပါပြီ။
ပသို့ဆိုစေ၊ လက်နက်ဆိုလို့ အပ်တစ်ချောင်းမှ မရှိတဲ့ အမှန်တရားလိုလားသူ အပြစ်မဲ့ လူထုကို အချိန်မရွေးနှိပ်ကွပ် သတ်ဖြတ်နိုင်တဲ့ လူသတ်လက်နက် ပိုင်ဆိုင်သူ စစ်အာဏာရှင်တွေနဲ့ ယှဉ်ပြိုင်တိုက်ပွဲဝင်တယ်ဆိုတာ ကိုယ်ကျိုးစွန့်ရဲရင့် ပြတ်သားတဲ့ အားမာန်အပြည့် လှုပ်ရှားရုန်းကန်မှုကြီးဖြစ်ပါတယ်။
အဓိက ပြည်တွင်းလှုပ်ရှားမှုနဲ့အတူ စစ်အုပ်စုအပေါ် UN, US, EU, ASEAN, တရုပ်၊ ကုလား၊ ရုရှားစတဲ့ နိုင်ငံတကာအဖွဲ့ အစည်းများနဲ့ ကမ္ဘာ့ပြည်သူများရဲ့ ဖိအားပေးမှုကလဲ အထူးအရေးပါအရာရောက်လှပါကြောင်း။
28/9/2007 မတိချွန်းအယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ဘာသာပြန်သည်
Rest of your post
သျှမ်းပြည်အနှံ့ လောင်းကစားဝိုင်းများဖွင့် - ဒေခံအာဏာပိုင်များ အပြိုင်ဘော်ချက်
ယခုနှစ်နွေရာသီ သျှမ်းပြည်မြို့နယ်အတော်များများ ရှင်ပြုပွဲ နှင့် အလှူပွဲ ပျော်ပွဲရွှင်ပွဲများကျင်းပချိန် နယ်မြေခံစစ်အစိုးရ အာဏာပိုင်များက အကြောင်းအမျိုးမျိုးဘမ်းပြပြီး ရံပုံငွေအတွက်ဟုဆိုကာ လောင်းကစားဝိုင်းများဖွင့်လှစ် - သိန်းချီ အခွန် ကောက်ယူကြောင်း ဒေသခံလူထုကဆိုသည်။
လွယ်ခေါ် ဘုန်းကြီးကျောင်း ပြုပြင်မွမ်းမံရေးအတွက် ဟုဆိုကာ ကျေးသီးမြို့နယ် မယက ဥက္ကဌ ဦးခင်လတ်က ခလရ ၁၃၁ တပ်ရေးဗိုလ်ကြီး ရဲမြင့်အောင်အား ဧပြီလ ၃ ရက်မှစ၍ ယခုထက်ထိ ကျေးသီးမြို့ ဘော်လုံးကွင်းတွင် လောင်းကစားဝိုင်း ကန်ထရိုက်ဆွဲခွင့် ပေးသည်ဟု ဆိုသည်။ လောင်းကစားဝိုင်းများ အခွန်ကျပ်ငွေသိန်း ၁၅၀ထည့်ရ မည်ဟုလည်း ဆိုပါသည်။
လောင်းကစားရုံ၊ ပွဲဆိုင်တန်း၊ ဇာတ်စင်အတွက် ကျေးရွာအုပ်စုများမှ ရွာခံကျေးလက်လူထုအား ၀ါးလုံး အလုံးရေ ၇၀ မှ ၁၀၀ အထိ နွားလှည်း/ထော်လာဂျီတို့ဖြင့် အလကားတင်ပို့ရပြီး အဓမ္မလုပ်အားလည်း ဆင့်ဆိုခဲ့ကြောင်း ကျေးသီးမြို့ခံ တဦးကပြောပြသည်။ မယက ဥက္ကဌ ဦးခင်လတ်သည် ဖယ်ခုံဘက်တာဝန်ကျစဉ် ဘိန်းခြံအခွန် ကောက်စားမှုဖြင့် နာမည် ကြီးပြီး ယခုနှစ်ဦးပိုင်းမှ ကျေးသီးသို့ရောက်လာသည့် မယက ဥက္ကဌအသစ်ဖြစ်သည်ဟုဆိုပါသည်။
ထို့အတူလဲချားမြို့ ၌လည်း မတ်လ၂၉ ရက်မှစ၍ ၁၀ ရက်တိတိ လောင်းကစားဝိုင်း ပြုလုပ်ကြသည်ဟု ဆိုပါသည်။ ဒေသခံ တဦးက - “ကျနော် တို့မြို့မှာ ကစားဝိုင်းဒိုင်က ဒုရဲအုပ်သိန်းဦး၊ မယကဆီမှာ ပွဲမိန့်ယူတယ်။ အကြောင်းပြချက် ကတော့ မြို့တော်စည်ပင်လှပရေးအတွက် လဲချားမြို့ မြောက်ဘက်နားမှာရှိတဲ့ နောင်ခမ်း ကန်ပျက်ပြုပြင်ဖို့ ရန်ပုံငွေ အတွက်တဲ့။ ဈေး ဆိုင်တန်းနဲ့အတူ လောင်းကစားဝိုင်းအကြီးအကျယ်ဖွင့်တယ်။ အခွန်သန်းချီကောက်တယ်။ မြို့နယ် ဥက္ကဌ အပြင် ခမရ ၅၁၅ နဲ့ ခလရ ၆၄ တို့ကိုလဲခွဲဝေပေးကျွေးရတယ်လို့ပြောတာဘဲ။ ရပ်မိရပ်ဖ တွေကတော့ သားသမီး တွေ လောင်းကစားဝိုင်း နေ့ညမပြတ်သွား၊ အိမ်သုံးစရိတ်ထဲ နှိုက်ယူသွားတဲ့အတွက် မိသားစုစားဝတ်နေရေး အခက်အခဲ ဖြစ်တယ်လို့ ငြီးနေကြတယ်။ နောက်ပြီး ပွဲဆူညံသံနားငြီးလွန်းလို့ အိပ်မရဘူးတဲ့။ ဆိုင်ကယ် သူခိုးတွေလဲ အရမ်းများလာ တယ်၊ အဓမ္မလု ယက်မှုတွေလဲ မကြာခဏဘဲ” - ဟုဆိုပါတယ်။
ဝိုင်း ၂၀ ကျော်ရှိသော အံစာတုံးလိမ့် (ကုံးကင်း)၊ ဟိုင်းလိုး နှင့် ၃ ကောင်ဂျင်ဝိုင်းများက တညလျှင် အခွန် ၁ သိန်း ၁ သောင်း ပေးရကြောင်း၊ ၃၆ ကောင်(ထီ)၊ လေးကောင်ဂျင် နှင့် ဖိုင့်ကျူး (ကျွဲကျိုဖဲ) စသည့်ဝိုင်းကြီးများက ပွဲသိမ်းချိန် အထိ ၆ သန်း အခွန်ဆောင် ရကြောင်း၊ ၁၀ ပေ ဆိုင်ခန်းတခန်း ၁ သောင်း ၅ ထောင် အခွန်ပေးဆောင်ရ ကြောင်းဆို သည်။ ပွဲစည် စေရန် ရှမ်းဇာတ်သဘင် ကို တစ်ည ၃ သိန်းဖြင့် လောင်းကစားဝိုင်းဒိုင်က ငှါးလာခဲ့ကြောင်း၊ “ပွဲဒိုင်ကသန်း ၃၀ ကျော် အခွန်ရမယ်။ ပွဲအတွက်အသုံး စရိတ် ဟိုကြွေးဒီကြွေးခက ၁၅ သန်းလောက်ဘဲ ကုန်တယ်ဆိုတော့ သူ့မှာ အနည်းဆုံး ၁၆ သန်းလောက်ကျန်တယ်” ဟုဆို၏။
ပြည်ထောင်စု အမြစ်တည်ရာ ပင်လုံမြေတွင်လည်း လောင်းကစားဝိုင်းဖွင့်လှစ်မှုရှိပြီး မိုင်းကိုင်မြို့တွင်မူ ၀မ့်ဖွီးကျေးရွာ အုပ်စု၌ ဖွင့်လှစ်ကြောင်း ဒေသခံများကဆိုသည်။
သျှမ်းပြည်နိုင်ငံရေးစောင့်ကြည့်လေလာသူတဦးက - “ကျနော်တို့သျှမ်းပြည်ထဲ အခုလို လောင်းကစားဝိုင်း ကျယ်ကျယ် ပြန့်ပြန့်မလုပ်တာကြာပြီ၊ ပထမအချက်က စစ်အာဏာပိုင်တွေ လူထုကိုအာရုံလွှဲတာဘဲ၊ နိုင်ငံရေးဘက်စိတ်မ၀င်စား အောင် ပေါ့။ ဒုတိယအချက်ကတော့ ရွေးကောက်ပွဲမတိုင်ခင် ရန်ပုံငွေရှာထား တာဖြစ်ဖို့များတယ်။ နောက်တခုက - စစ်အစိုးရဌာနချုပ် နေပြည်တော် အမိန့်အရ စစ်တိုင်း၊ ဒကစ၊ ဗျူဟာ၊ တပ်ရင်း၊ တပ်ခွဲတိုင်း ကိုယ်ပိုင်ရန်ပုံငွေ ရှာခိုင်း တယ်၊ ဆိုလိုတာက အထက်က လစာအပြည့်အ၀ မပေးမကျွေးနိုင်လို့ အခုလိုတိုင်းပြည်အနှံ့ လောင်းကစားဝိုင်းဖွင့်လာ တာဖြစ်တယ်” - ဟုဆို ၏။
၂၀၀၉ နွေရာသီတွင် သံလွင်အရှေ့ ခြမ်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ရှင်ပြုပွဲ ကိုအကြောင်းပြုပြီး ဒေသခံ စစ်ဗျူဟာမှူး အား လောင်းကစားဝိုင်းဒိုင်က လာဘ်ငွေထိုးကာလောင်းကစားဝိုင်းဖွင့်ခဲ့သည်။ မိုင်းပြင်းမြို့နယ် တုံတာတိုက်နယ် သိမ် တော် အလှူပွဲတွင်လည်း လောင်းကစားဝိုင်းရှိခဲ့သည်။ ကျိုင်းတုံမြို့နယ်အပါအ၀င် သံလွင် အနောက်ခြမ်း၊ သျှမ်းပြည်တောင်ပိုင်း မြို့တော်တော်များနှင့် မူဆယ် ၁၀၅ မိုင် ၊ နမ့်ခမ်း၊ လားရှိုးတို့တွင်လည်း လောင်းကစားဝိုင်းများဖွင့်လှစ်ကြောင်းဒေသခံများ က ဆိုသည်။
Rest of your post
Saturday, April 11, 2009
ကဲ .. မင်းတို့ ဘာပြောနိုင်သေးလဲ ပြင်ပမီဒီယာသမားတို့ 
“မီဒီယာကို မီဒီယာနှင့် တုံပြန်မည်”
နိုင်ငံတော် ပြန်ကြားရေး ဝန်ကြီး ဗိုလ်ရှော်ဆန်း(ငယ်နာမည် ဂျပု ဂွတို)
အထက်ပါ ညွန်ကြားချက်နှင့် အညီ တိုးတတ်ခေတ်မီ နေသော မြန်မာနိုင်ငံတော်ကြီးအား ပြည်တွင်းပြည်ပ အဖျက်သမားများ၏ လိမ်လည် သတင်းမှားပေးကာ သိက္ခာချနေမှုများ တုန့်ပြန်နိုင်ရန် .. ကျွန်တော် မောင်သာဂိ တစ်ယောက် ကင်မရာလေး ကိုင်ကာ သတင်းသမား ပီပီ အပြေးအလွှားဖြင့် မှော်ဘီ ဘက်သို့ ဦးတည် ထွက်ခွာလာပါသည်။
နိုင်ငံတော် (အမှန်တော့ နိုင်ငံတော် ဆိုတာ ဘာကို ရည်ညွန်းမှန်း ကျွန်တော် မောင်သာဂိ တစ်ယောက် သိသည် မဟုတ်ပါ။) ၏ စစ်မှန်သော စေတနာများဖြင့် တံတားတွ ဖောက်လမ်းတွေ ဆောက်လုပ်ထားတာကြောင့် ဗိုက်ထဲ ကျောက်ခဲ ထည့်ထားလျင်
ကြေညက်သွားစေနိုင်သော ကျောက်ခဲကြေလမ်းမကို ဖြတ်ကျော်ကာ မှော်ဘီ ဘက်သို့ တခေါက် ရောက်ခဲ့ပါသည်။
ကျွန်တော် မောင်သာဂိ သိသလောက် ကမ္ဘာ့နိုင်ငံများတွင် ယဉ်အန္တာရယ် ကင်းဝေးစေရန် အချို့သော လမ်းမများတွင် အရှိန်ထိန်းစေသော ကုန်းအမြင့်လေးများကို လမ်းမတွင် ထားလျက် ကားများအား ဖြေညှင်းစွာ မောင်းစေချင်းဖြင့် ထိန်းချုပ်ကြကြောင်း ကြားဖူးခဲ့သည်။
အဆိုပါ ကုန်း အမြင့်လေးများ ပြုလုပ်ခြင်းမှာ ကတ္တာများ အပိုကုန်သဖြင့် နိုင်ငံတော် ဝင်ငွေများ အလကားဖြုန်းတီးရာ ကြသည် .. မဟုတ်ပါလား။ ထို့ကြောင့် အမြော်အမြင်ကြီးမားတော်မူသော တပ်မတော် ဗိုလ်ချုပ်ကြီးများ၏ လမ်းညွန်ချက်များနှင့် အညီ ကုန်းအမြင့်လေးများ မလုပ်ဘဲ .. လမ်းမတွင် ချိုင့်ခွက်ကြီးကြီးများ ပြုလုပ်ခြင်းဖြင့် ကားများကို ဖြေးညှင်းစွာ မောင်းနှင်စေကာ အရှိန်ဖြင့် မောင်းနှင်ချင်းဖြင့် ဖြစ်ပေါ်လာနိုင် ယဉ်အန္တာရယ်များကို ထိန်းချုပ်နိုင်ခဲ့လေသည်။ (အော် ..... နိုင်ငံတော် အကြီးအကဲများ၏ ရွှေဥာဏ်တော် ပေါက်ရောက်ပါပေစွဟု .. တွေးလျက် ကြည်ညိုစိတ်များ တဖွားဖွားပေါ်နေပေတော့သည်။ )
ယခုလည်း ... ကမ္ဘာ့ အဆင့်မီလား .. ကမ္ဘာ့အဆင့် လွန်လား မသိ .. နည်းပညာရပ်များကို သင်ကြားပေးသော မှော်ဘီ ရပ်ရှိ နည်းပညာ တက္ကသိုလ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တတ်ရောက်ကာ သတင်း ဓါတ်ပုံများ ဝေဝေဆာဆာဖြင့် သတင်းများတွင့် ထည့်လိုက်ရလျှင်ကား ပြည်ပမှ မီဒီယာ သမားများ ပါးစပ်များ ပိတ်လျက် “ဟာ...ဟင်” ဖြစ်သွားစေရန် ကျွန်တော် အပြေးအလွှား သွားရောက်နေသည် မဟုတ်ပါလား။
မှော်ဘီ နည်းပညာ တက္ကသိုလ် ကျောင်းဝင်းထဲ ဝင်လိုက်လျှင်ပဲ ပူလောင်သော နွေရာသီတွင်ပင် ကျောင်းသား၊ ကျောင်းသူများ အေးမြမြဖြင့် ပညာသင်ကြားနိုင်ရန် သစ်ရိပ်ဝါးရိပ် ကောင်းကောင်းဖြင့် စီစဉ်ပေးထားသည်များက ... အလေ့ကျပေါက် သစ်ပင်များကို ဟိုတပင် ဒီတပင် နေရာတကာတွင် တွေ့မြင်နိုင်သည်။
အရိပ်ကောင်းကောင်းပေးနိုင်သော ခြေမျက်စိဖုံး မြက်ပင်များနှင့် ခြုံပုတ်များကလည်း တချို့မှာ နွေသရုပ်ကို ပီပြင်စွာ ဖေါ်လျက် ရွှေဝါရောင် သမ်းလျက် ခြောက်တချို့၊ စိမ်း တဝက်ဖြင့် ဝေဝေစာစာ အလှ ဆင်လျက်ရှိကြသည်မှာ .. ပုဂံခေတ်က မြကန်၏ သာယာပုံကို ရေးသော စာဆိုပင် အမွမ်းတင် ရေးနိုင်စွမ်းငှာ တတ်နိုင်မည် မထင်။ (ရေကန်လည်း မရှိ၊ လွင်တီးခေါင်ကို ဘယ်လိုလုပ် မြကန် စာဆိုက အမွမ်းတင်နိုင်ပါ့အံ့နည်း။)
ခြေတလှမ်း လှမ်းလိုက်တိုင်း တထောင်းထောင်း ထ နေသော ဖုံမှုံ့ များနှင့် ရီဝေဝေ မြင်ကွင်းက တစုံတခုခုကို သတိရနေသလိုပါပဲ။ ကဗျာ ဆန်ဆန်ပြောရလျှင်ဖြင့် ဖုံခိုး ဖုံငွေ့ ကြားမှာ လွမ်းမောဖွယ်ရာ အတိပေါ့။ (နှားခေါင်းကိုတော့ ကျန်းမာရေး အရ ပိတ်ထားရသည်က လွဲလျှင်။)
ကဲ .. ဆက်လေ့လာကြည့်ကြဦးစို့ရဲ့။ ....
မြန်မာပြည်ရဲ့ အနာဂါတ် သားကောင်းရတနာ ပညာတတ်ပုဂ္ဂိုလ်များကို နောက်ဆုံး မွေးထုတ်ဂုဏ်ပြုတဲ့ အခမ်းအနားမှာ အခုလို သတင်းရယူဖို့ လာခဲ့ရတာကြောင့်လည်း ကိုယ့်ဘာသာ ဂုဏ်ယူလို့ ဆုံးပါဘူး။
ပြောနေကြာတယ် ဘွဲ့နှင်းသဘင် ကျင်းပရာ ခမ်းမဆောင်ကြီးကို လှမ်းကြည့်လိုက်ရအောင်။ အား .. ပါး .. ပါး .. ကြီးကျယ်ခမ်းနား တင့်တယ် လှပ လှသော ခန်းမဆောင်ကြီးကို အဝေးက လှမ်းမြင်လိုက်ရလျှင်ပဲ ....။ .......
...... စာဖတ် ပရိတ်သတ်တို့ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြန်လည် ဖေါ်ပြရလျှင်ကား ရှည်လျှားကျယ်ဝန်းတဲ့ ခန်းမ ဆောင်ကြီးမှာ .. လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားသော မျက်နှာကျတ်များက ခပ်မြင့်မြင့် .. ရှေ့ဆုံး အစွန်မှ တစ်ယောက်ယောက်က အော်လိုက်လျှင် နောက်ဆုံးမှ ထိုင်နေသော လူက ထိုအော်သံကို ကြားရဖို့ ခဏမျှ စောင့်ရသော ခန်းမကျယ် မျိုး၊
.... အခန်းနံရံများတွင် ကနုတ်ပန်းခက်များ၊ ကမ္ဘာကျော် ပန်းချီကားများ ချိတ်ဆွဲထားလျက် ခြေနင်း ကြမ်းပြင်ကား မဟော်ဂနီရောင် ပေါ်လစ် သုတ်ထားသော ပျဉ်းကတိုးသားဖြင့် ခင်းထားပြီး .
.... ခန်းမ၏ တံခါးဝတွင် လူရပ်လိုက်လျှင် အလိုအလျှောက် ပွင့်သွားစေသော တံခါးများ တပ်ဆင်ထားသော ခန်းမမျိုးအားမျက်စိနှင့် မြင်ကြည့်လျက်
.. ထိုခန်းမနှင့် ပြောင်းပြန် အချိုးကျမှုကို တွေးကြည့်ကြပါကုန်။
အင်ဂျင်နီယာ ပညာရပ်များ၊ နည်းပညာများကို သင်ကြားပို့ချပေးနေသော ကျောင်းဖြစ်သည်နှင့် အားလျှော်စွာ နိုင်ငံတော်က ပေးသော လျှပ်စစ်မီးကို အားမကိုး၊ ကိုယ်ပိုင် ကျောင်းသားများ တီထွင်ထားခြင်း မဟုတ်သော မီးစက်စုတ် တလုံးဖြင့် အခမ်းအနားအတွက် လျှပ်စစ်ပေးနေသည်မှလည်း နည်းပညာ တက္ကသိုလ် ပီသ ပါပေစွ။
ဘွဲ့ရယူပြီး ထွက်လာသော ပညာတတ် အကျော်အမော်များ ခေတ္တ ခဏ နားနေနိုင်ရန်နှင့် မိသားစုများ ခန်းမအပြင်ဘက်တွင် အနားယူသော နေရာကို .. သဘာဝ အဲယာကွန်း ရရှိနိုင်အောင် ဖုံ ထူထူ လွင်တီးခေါင်တွင် ပြုလုပ်ပေးထားနိုင်သည်မှာလည်း တိုးတတ်ခေတ်မီနေသော မြန်မာနိုင်ငံမှ လွဲလျှင် အခြားနိုင်ငံများတွင် ပြုလုပ်နိုင်မည် မဟုတ်ဟု ကျွန်တော် မောင်သာဂိ အားရဝမ်းသာစွာ မှတ်ချက် ပေးမိပါသည်။
ကဲ .. ဒီလိုနဲ့ ကျောင်းသား ကျောင်းသူများ အမှတ်တရ ဓါတ်ပုံ ရိုက်ယူစရာ နေရာများကို လိုက်လံ ရှာဖွေ ကြည့်လိုက်သောအခါ .. သာဂိ တို့ ငယ်ငယ်က ရွာဦးကျောင်းနား နွားတင်းကုပ်သာသာ မြင်ကွင်းကို နောက်ခံထားလျှက် ကျောင်းသား ကျောင်းသူများ အမှတ်တရ ရိုက်ယူနိုင်ကြပါအံ့။ မြန်မာနည်း မြန်မာ့ဟန် ဒီမိုကရေစီ နိုင်ငံတော် နှင့် လိုက်ဖက် ညီပေစွ။
ဒီလိုမျိုး အစစ အရာရာ ပြည့်စုံ ကောင်းမွန်နေသော မြန်မာနိုင်ငံတော်ကြီး၏ ပညာတတ်လူငယ်များကို နိုင်ငံတော်က စေတနာ ရှေ့ထားပြီး ခမ်းခမ်းနားနား မွေးထုတ်ပေးနေသည်ကို မကောင်းပြောတတ်သော ပြည်ပ မီဒီယာများနှင့် အဖျက်သမားများအား မောင်သာဂိ တစ်ယောက်က
“ ... ကဲ .. မင်းတို့ ဘာပြောနိုင်သေးလဲ .. ” လို့သာ မေးခွန်း ထုတ်ချင်နေမိပါတော့တယ်။
ချစ်ခင်လေးစားစွာ မေတ္တာရှေ့ထားလျှက် ....
ကိုရင် သာဂိ
Rest of your post
လုပ်စား ခေါင်းဆောင်များ
မြန်မာပြည် လွတ်မြေက်ရေးအတွက်
မြန်မာပြည်သူ ကယ်တင်ရေးအတွက်
မြန်မာပြည် လွတ်မြေက်ရေးအတွက်
စကားတွေများများပြော ၊ ပြောလည်းမကုန်နိုင်
အကောင်းဆုံး ဟိတ်ဟန်ထုတ်နိုင်သူသာ
လူတွေအပေါ် ခွစီးမယ့်ခေါင်းဆောင်တွေဖြစ်လာတယ်
မှားလို့ မှားမှန်းမသိ အပြုံးပီတိနဲ့ 
နောက်လိုက်ကောင်းတွေရဲ့ မျှော်လင့်လင်ချက်
တနေ့ ဗမာပြည်လွတ်လပ်ရေးရနိုး
ဒီလို အခေါင်းသာပါတဲ့ ခေါင်းဆောင်မျိုးကိုမျှော်ကိုးနေကြ
ဆံသာဖြုသွားပေမယ့် ဒီလူက စားကောင်း သောက်ကောင်းတုန်း။
ကြည့်ကြစမ်းပါဗျာ သတ္တိရှိတဲ့ လမ်းပြကောင်းတွေ
ခေါင်းဆောင်မဟုတ်ကြပေမယ့် ....
ထောင်ထဲမှာ
လက်ချိုးရေတွက်လည်းရတယ်။
အပြင်ကလုပ်စားနေတဲ့ ခေါင်းဆောင်များ
သူတို့ အစား အရှက်တရားရတတ်မယ်ဆိုရင်
ဗမာပြည်ကိုလည်းရောင်းမစားပါနဲ့ ဗျာ
ပြည်သူတွေ ကိုလည်းချမရောင်းပါနဲ့ 
ခင်းဗျားတို့ ဗြောက်သောက်အဖွဲ့ အစည်းတွေ
ပြည်သူတွေနှင့်အတူ စိတ်ညှစ်နေပါကြောင်း။
ဒေါင်းတမာန်။
Monday, April 6, 2009
တီးတိုးသံဖြင့် အမေ့ ထံ
လိုချင်တဲ့ အရာတခု ကိုမျှော်လင့်တတ်အောင်
အမေကတော့မသင်ခဲ့ ဖူးပါဘူး
ဒါပေမယ့် လိုချင်တဲ့ အရာကိုဖန်တီးယူတတ်ဖို့ 
အမေလမ်းပြဖူးတယ်၊
ကြယ်ဆိုတာဆွတ်ယူဖို့ ဝေးပေမယ့်
စိတ်ထဲမှာလှေကားပေါင်းများစွာထောင်ပြီးလှမ်းခဲ့ မိဘူးတယ်။
ကျတော်က လမ်းပျောက်နေတဲ့ သားမဟုတ်ပါဘူးအမေ
အမေအဖြစ်မှစွန့် လွှတ်ခဲ့ တဲ့ သားဆိုပြီး ထင်ရင်လည်း
ကျတော်ကတော့ အမြဲဦးချဆဲပါ
ခေါင်းလည်းမာဆဲပါ အမေ။
အနှစ် နှစ်ဆယ်ကျော်ဆိုတဲ့ ကာလ
ကျတော်အသက်ရှင်နေခဲ့ သမျှ ဘ၀က
အထောင်လိုက် ဒေါင်လိုက်လည်း ကျတယ်
အလျားလိုက် အပြားလိုက်လည်းကျခဲ့ ဖူးတယ်
လောလောဆယ် ၊ အသက်တော့ပြင်းပြင်းရှူနေတုန်းပါ။
ဘယ်တော့မှပြန်မတွေ့ ရတော့မယ့်
အမေ့ ကိုလည်းလွမ်းတုန်းပါ။
အမေထွေးဖက်ထားဖူးတဲ့ လက်ဖ၀ါးတွေအတွက်
ကျေးဇူးပါမေမေ။
ချစ်မိခင် မေမေသို့ 
ဒေါင်းတမာန်
Sunday, April 5, 2009
ခဏခဏငြီးတွားနေရတဲ့  ဘ၀အပူမီးများ
ုရုန်းကန်ခြင်းဆိုတဲ့  လေးကိုင်းပေါ်
ပစ်လွှတ်ခံရတဲ့  ဘ၀မြှား
ပိတ်လှောင်တဲ့ အမှောင်ကိုရှောင်ရှားရင်း
ရေခြားမြေခြား နှစ်ထပ်ကွမ်းအခွန်နဲ
ဒေါင်ကျကျ ပြားကျကျ ဝေးလွင့် သွားကြတယ်။
ချွေးပြိုက်ပြိုက်ကျနေဆဲ
အရေးပေါ် အတွေးအခေါ်တွေနဲ့ မသေချာခြင်းကို ရေရှည်ပွေ့ ဖက်ရင်း
မှုန်ဝါးဝါးအနာဂါတ်ကို ဆက်လက်တူးဖေါ်နေကြ။
ပူလောင်တဲ့ နေရောင်ကိုရေချိုး
အတောင်ပံကျိုးမျှော်လင့်ချက်နဲ့ 
အိပ်မက်တွေ အကျည်းတန်အရုပ်ဆိုး
တချို့ လည်းခြစ်ခြစ်ခြုတ်ခြုတ့် စုဆောင်းထားတဲ့ 
ရိုးသားမှုလေးတောင် ပွန်းပဲ့ လာပြီ၊
တချို့ ကရိုးသားမှုကို
ရိုးရာဝတ်စုံလို ၀တ်ဆင်ထားကြဆဲ။
တ၀က်တပျက် ဘ၀များက
ဓါတုဆေးဆိုး လက်ဖက်လို တခါတခါအဆိပ်သင့်
ဖဲသမားမယားလို့ ၊ နှဲသမားပါးလို
ခံတွင်ပျက်ဘ၀များက ပိန်လိုက်ဖောင်းလိုက်ပါဘဲ
အခွင့်ထူးခံလူများက ဟန်ရေးတပြပြ၊
ရေမရှိတဲ့ မီးသတ်ကားနဲ့ 
ခဏခဏငြီးတွားမယ့် ဘ၀အပူများကိုဘယ်လိုပြိမ်းမလဲ။
မလုံ့ တလုံ အတ္တတွေနဲ့ 
မနာလိုဝန်တိုစိတ်များကါု
စကဒ်တိုတိုလို ၀တ်ဆင်ထားသူများရဲ့ 
အမိုက်မှောင်တွေကြီးစိုးဆဲမှာ
တဖြည်းဖြည်းစိပ်လာတဲ့ ကံကြမ္မာဆိုးတွေက
ပေါက်လွတ်ပဲစား ခြေပုန်းခုတ်ထောက်လှမ်းရေးသမားများလို
ဘ၀ကိုဖိနှိပ်ရင်း မမှန်သတင်းပေးဖို့ ခြေရာခံလိုက်နေတယ်၊
အမှန်တရာရေမွှေးမဆွတ်တဲ့ ကမ္ဘာကြီးမှာ
မသူတော်များရဲ့  သတင်းပုတ်နဲ့ ထွက်နေတာ အဆန်းလား
အကန်းတောင် အမှာနဲ့  အမှန် ခွဲခြားသိမြင်နိုင်တယ်။
အောင်ခိုင်မြင့်Rest of your post
Sunday, March 29, 2009
အင်္ဂါနေ့၊ ဇွန်လ 03 2008 17:50 - မြန်မာစံတော်ချိန်
လှေဆိပ်နှင့် ကူလီ
ကွမ်းခြံကုန်းရှိ လှေဆိပ်သို့ ရောက်လာသည်။ ရှေ့ဆက်သွားသူရှိသလို ဤလှေဆိပ်မှနေ၍ ပင်လယ်ဝရှိရွာများသို့ သွားကြသည်လည်း ရှိသည်။ ကျနော်တို့ကား တက်ကြွသော လူငယ်အများစုပါသူများပီပီ ခပ်ဝေးဝေး လိပ်ကျွန်းအထိ သွားကြမည်ဖြစ်သည်။ အတွေ့အကြုံရှိပြီး ဦးဆောင် လူငယ်သည် တနေ့ကတည်းက ကွမ်းခြံကုန်းကို ကြိုလာပြီး စက်လှေငှားထားပြီးဖြစ်၍ စက်လှေက အသင့်စောင့်နေသည်။ ကြိုတင် မစီစဉ်နိုင်သူ မှာ ၉၈ ရာခိုင်နှုန်းဖြစ်ရာ စက်လှေငှားမရ၊ ငှားရတော့လည်း လှေဆိပ်ကပ်ဖို့မရှိ ဖြစ်နေရသည်။ တချို့လည်း ခရီးသင့်ရာ စုငှားသွားကြသည်။ ထိုနေ့အဖို့ ကျနော်တို့ အစုသာ အဝေးဆုံးခရီးနှင်ကြသည့်အဖွဲ့ဟု ထင်ပါသည်။
ငွေကျပ်တသိန်းကျော်ဖြင့် ကြိုငှားထားသော စက်လှေကကမ်းကပ်ဖို့ ကြိုးစားချိန် ကျနော်တို့ကလည်း အထုပ်တွေ ကားလမ်းပေါ်ကနေ ရေစပ် အထိ ထမ်းချဖို့ လုပ်ရသည်။ မျက်နှာငယ်လေးများနှင့် ကုန်ထမ်းသမားများကို ငှားလိုက်ချင်သော်လည်း ကိုယ်တွေအဖွဲ့မှာ လူငယ်ယောက်ျား လေးတွေ အများကြီးရှိသည်နှင့် ကိုယ့်ဖာသာ ထမ်းချကြသည်။ ကျနော်လည်း လိုလိုလားလားပင် ကျရာအထုပ် ၀င်ထမ်းပြီး စေတနာကူလီလုပ်ပါ သည်။ ထိုအချိန် ထိုနေရာမျိုးတွင် လူတိုင်းလိုလိုပင် ကိုယ်ချင်းစာချင်း၊ လူသားအချင်းချင်း မေတ္တာထားခြင်းတို့ဖြင့် ပြည့်လျှမ်းနေကြချိန်။ ဘာပဲ ကူညီရ ကူညီရဆိုတာမျိုး။ မိဘဆီမှာ ဘော်ကျော့ ဆိုးပေနေသူ လူငယ်လေးများမှာလည်း တသက်နှင့်တကိုယ်မထမ်း ကြည့်ဖူးသည့် ဆန်အိတ် ကြီးကို သူထမ်းမယ် ငါထမ်းမယ် လုပြီး ကုသိုလ်ယူ ထမ်းချင်နေကြသည့် မြင်ကွင်းကို မြင်ကြစေချင်ပါဘိ။ ကူလီလုပ်ရင်း ချွေးတလုံးလုံးကြားမှာ ပြုံးနေနိုင်ကြပါသည်။
နာဂစ်မြစ်၊ နာဂစ်မြင်ကွင်း
လှေဆိပ်မှ အထွက်တလျှောက် မြစ်ကမ်း အိမ်ယာတွေမှာ ရစရာမရှိ။ အလဲလဲ အပြိုပြို။ ပွင့်ထွက်နေသည့် ဂိုဒေါင်ကြီး သုံးဆောင်မှာ အသစ်ပြီး ကာစ ဖွင့်ပွဲတောင် မလုပ်ရသေးပါတဲ့။ အမိုးအကာ ဘာမှမရှိပဲ ထုတ်လျောက်တန်းလျားပဲ ကျန်သော ကြီးမားလှသည့် ဂိုထောင်ကြီး။ တချို့ စက်လှေ၊ သမ္ဗာန်ကြီးများမှာ မြုပ်တ၀က်၊ ပေါ်တ၀က်။ ခေါင်းစိုက် ဖင်စိုက်။ ကမ်းတလျောက် လူနေအိမ်ခြေတွေမှ မဆုံးသေး၊ ဓနိတောတခု ကြားမှာ လူသေအလောင်းတခုက ဖောင်းကားလျက်။ မုန်တိုင်းပြီး၍ ရက်နှစ်ဆယ်ပင်ကျော်ခဲ့ပြီ။ လူတွေနဲ့နီးနီး အလောင်းတွေရှိနေတာတွေ့တော့ အံ့သြမိသည်။ ဒီလို အလောင်းမျိုးကို ဖယ်ဖို့ခက်မည်ဟုတော့ ခန့်မှန်းမိသည်။ ဓနိတောစပ်ကို ဒီရေနဲ့ မျောဝင်တုန်းက မပုပ်ပွသေး။ အထဲရောက် ပြီး လူသေက ပွပြီးဖောင်းလာတော့ အပြင်ပြန်မရောက်တော့ဘဲ ဓနိတောရှုပ်ရှုပ်ထဲမှာ ပိတ်မိနေတာမျိုး။ ၀ါးနဲ့လည်း ထိုးချ၍ မရ၊ လူဝင်ပြီးဆွဲလို့ လည်း မရ။ ဒီအတိုင်းဖြစ်နေသည်။ ဒါက အရေးမကြီး။ ဒီလူသေ ကျွဲနွားသေတွေနဲ့ ရေစီးရေလာ မနီးမဝေးမှာ ယောင်္ကျား၊ မိန်းမ၊ ကလေးတွေ မြစ်ထဲမှာ ရေချိုးနေကြတာ၊ မြစ်စပ်မှာ မြစ်ရေနဲ့ အ၀တ်လျှော်နေကြတာ။ ရေမှမရှိဘဲနဲ့။ ဒီဒေသခံတွေ ဘယ်မှာလာ ကျန်းမာကြံ့ခိုင်ကြတော့မည် နည်း။ ဘယ်မှာလာ ကျန်းမာရေးနှင့် ပြည့်စုံတော့မည်နည်း။
တဖြည်းဖြည်းနှင့် လူနေအိမ်ခြေရှိ ကမ်းပါးများ နည်းလာပြီး ကျွန်းကလေးတွေ ဟိုဘက် ဒီဘက်နှင့် မြစ်ပြင်ကျဉ်းလိုက်၊ ကျယ်လိုက်၊ မြစ်ခွဲလက် တက်ရောက်လိုက် တွေ့လာရသည်။ မြစ်ဝအရောက်တွင် စက်လှေဆရာက အလောင်းတွေ ရှိသေးကြောင်းပြောရာ ကျနော် မယုံဖြစ်နေသည်။ နာဂစ်အပြီး ရက်ပင် ၂၀ ကျော်ခဲ့ပြီ။ အလောင်းတွေ အရိုးကျလောက်ပြီ။ စက်လှေဆရာစကား မှန်ပေသည်။ ကျွဲနွားအသေတွေ ကမ်းပါးမှာ တွေ့နေရာကနေ ဘွားကနဲဆို ခပ်ပြေပြေ ရွှံ့ကမ်းစပ်ပေါ်တွင် ဦးခေါင်း၊ ကိုယ်၊ ခြေတံ လက်တံတွေ ရှိသေးသော အလောင်းတစ်ခုကို ကို့ရို့ ကားယားနှင့် ဘွားကနဲ တွေ့ရလိုက်ရသည်။ ခရီးသွား အယောက်သုံးဆယ်ကျော်ပါရာ ထိုဘက်ဝိုင်းကြည့်ကြသည်နှင့် စက်လှေကြီးလည်း ယင်းကမ်းပါးဘက် တစ်ခြမ်းစောင်းသွားသည်။ ယောင်္ကျား မိန်းမ ရေထဲမှာ မှောက်လျက်သေသည်၊ ပက်လက်သေသည်ဟု မြို့သားတစ်စု ငြင်းနေကြဆဲ၊ လှေဆရာစကားကြောင့် တိတ်သွားကြသည်။ `မုန်းတိုင်းအကျမှာ သေရတာ သေချင်သလို သေကြတာပါပဲဗျာ၊ မှောက်လျက် ပက်လက်တွေတောင် မရှိနိုင်တော့ပါဘူး´တဲ့။
လူသေတွေ အရိုးမကျပဲ ခန္ဓာမပျက် ရှိနေသေးခြင်းကို ရှင်းပြချင်ပါသည်။ ရေထဲရောက် အလောင်း တော်တော်များများမှာ အရိုးကျကုန်ပြီဖြစ်၍ မမြင်နိုင်ပြီ။ ကလေးအလောင်းတွေဆို မြန်မြန်ပင် အရိုးကျသွားသည်ဟု ဆိုသည်။ ယခု ရက် ၂၀ ကျော် ကြာသည့်တိုင် တွေ့နေရသေးသည့် အလောင်းများမှာ ရေးစပ်စပ်တွင် တင်နေသော အလောင်းများဖြစ်သည်။ မုန်းတိုင်းအကျ ရေတက်စဉ်က ရေသည် ၁၂ ပေ အမြင့်အထိတက် သည်ဆို၏။ ကုန်းမြေများမှာ ကျွန်းမြေပြန့်များဖြစ်ပြီး ကျနော်မှန်းကြည့်ရာ ငါးပေ၊ ခြောက်ပေ အမြင့်မျှသာဖြစ်သည်။ ပြေးတက်စရာကုန်းမြင့် မရှိရကား အကုန်သေကြခြင်းဖြစ်သည်။ ထိုအလောင်းများသည် ညဒီရေတက်ချိန်တွင် ဆားငန်ရေထိလိုက်၊ နေ့အချိန်တွင် နေပူကျဲကျဲထိလိုက်နှင့် ရက်အတန်ကြာသောအခါ ဆားစိမ်သော အလောင်းသဖွယ်ဖြစ်ပြီး အရိုးကျခြင်းသို့ မရောက်ဘဲ ဖြစ်ကာ ကျန်နေကြခြင်းဖြစ်သည်။ ကျွဲနွားအသေ တွေမှာလည်း ထို့အတူပင်။ အရိုးပေါ်တွင် သားရေတင်ပြီး အကောင်သဖွယ် ကျန်နေသေးသည်။ အနံအသက်မကောင်းသည်နှင့် နှာခေါင်းစည်း
Rest of your post
Wednesday, June 4, 2008
Tuesday, June 3, 2008
ဖတ်သင့်ဖတ်ထိုက်သော ကိုယ်တွေ့ဖြစ်စဉ်
နာဂစ်မြစ်၊ နာဂစ်ကျိန်စာ နာဂစ်အလွန် ခရီးသွားမှတ်တမ်း (ဆောင်းပါး)
PDF Print E-mail
သင်ကာ
အင်္ဂါနေ့၊ ဇွန်လ 03 2008 17:50 - မြန်မာစံတော်ချိန်
လှေဆိပ်နှင့် ကူလီ
ကွမ်းခြံကုန်းရှိ လှေဆိပ်သို့ ရောက်လာသည်။ ရှေ့ဆက်သွားသူရှိသလို ဤလှေဆိပ်မှနေ၍ ပင်လယ်ဝရှိရွာများသို့ သွားကြသည်လည်း ရှိသည်။ ကျနော်တို့ကား တက်ကြွသော လူငယ်အများစုပါသူများပီပီ ခပ်ဝေးဝေး လိပ်ကျွန်းအထိ သွားကြမည်ဖြစ်သည်။ အတွေ့အကြုံရှိပြီး ဦးဆောင် လူငယ်သည် တနေ့ကတည်းက ကွမ်းခြံကုန်းကို ကြိုလာပြီး စက်လှေငှားထားပြီးဖြစ်၍ စက်လှေက အသင့်စောင့်နေသည်။ ကြိုတင် မစီစဉ်နိုင်သူ မှာ ၉၈ ရာခိုင်နှုန်းဖြစ်ရာ စက်လှေငှားမရ၊ ငှားရတော့လည်း လှေဆိပ်ကပ်ဖို့မရှိ ဖြစ်နေရသည်။ တချို့လည်း ခရီးသင့်ရာ စုငှားသွားကြသည်။ ထိုနေ့အဖို့ ကျနော်တို့ အစုသာ အဝေးဆုံးခရီးနှင်ကြသည့်အဖွဲ့ဟု ထင်ပါသည်။
Rest of your post
ငွေကျပ်တသိန်းကျော်ဖြင့် ကြိုငှားထားသော စက်လှေကကမ်းကပ်ဖို့ ကြိုးစားချိန် ကျနော်တို့ကလည်း အထုပ်တွေ ကားလမ်းပေါ်ကနေ ရေစပ် အထိ ထမ်းချဖို့ လုပ်ရသည်။ မျက်နှာငယ်လေးများနှင့် ကုန်ထမ်းသမားများကို ငှားလိုက်ချင်သော်လည်း ကိုယ်တွေအဖွဲ့မှာ လူငယ်ယောက်ျား လေးတွေ အများကြီးရှိသည်နှင့် ကိုယ့်ဖာသာ ထမ်းချကြသည်။ ကျနော်လည်း လိုလိုလားလားပင် ကျရာအထုပ် ၀င်ထမ်းပြီး စေတနာကူလီလုပ်ပါ သည်။ ထိုအချိန် ထိုနေရာမျိုးတွင် လူတိုင်းလိုလိုပင် ကိုယ်ချင်းစာချင်း၊ လူသားအချင်းချင်း မေတ္တာထားခြင်းတို့ဖြင့် ပြည့်လျှမ်းနေကြချိန်။ ဘာပဲ ကူညီရ ကူညီရဆိုတာမျိုး။ မိဘဆီမှာ ဘော်ကျော့ ဆိုးပေနေသူ လူငယ်လေးများမှာလည်း တသက်နှင့်တကိုယ်မထမ်း ကြည့်ဖူးသည့် ဆန်အိတ် ကြီးကို သူထမ်းမယ် ငါထမ်းမယ် လုပြီး ကုသိုလ်ယူ ထမ်းချင်နေကြသည့် မြင်ကွင်းကို မြင်ကြစေချင်ပါဘိ။ ကူလီလုပ်ရင်း ချွေးတလုံးလုံးကြားမှာ ပြုံးနေနိုင်ကြပါသည်။
နာဂစ်မြစ်၊ နာဂစ်မြင်ကွင်း
လှေဆိပ်မှ အထွက်တလျှောက် မြစ်ကမ်း အိမ်ယာတွေမှာ ရစရာမရှိ။ အလဲလဲ အပြိုပြို။ ပွင့်ထွက်နေသည့် ဂိုဒေါင်ကြီး သုံးဆောင်မှာ အသစ်ပြီး ကာစ ဖွင့်ပွဲတောင် မလုပ်ရသေးပါတဲ့။ အမိုးအကာ ဘာမှမရှိပဲ ထုတ်လျောက်တန်းလျားပဲ ကျန်သော ကြီးမားလှသည့် ဂိုထောင်ကြီး။ တချို့ စက်လှေ၊ သမ္ဗာန်ကြီးများမှာ မြုပ်တ၀က်၊ ပေါ်တ၀က်။ ခေါင်းစိုက် ဖင်စိုက်။ ကမ်းတလျောက် လူနေအိမ်ခြေတွေမှ မဆုံးသေး၊ ဓနိတောတခု ကြားမှာ လူသေအလောင်းတခုက ဖောင်းကားလျက်။ မုန်တိုင်းပြီး၍ ရက်နှစ်ဆယ်ပင်ကျော်ခဲ့ပြီ။ လူတွေနဲ့နီးနီး အလောင်းတွေရှိနေတာတွေ့တော့ အံ့သြမိသည်။ ဒီလို အလောင်းမျိုးကို ဖယ်ဖို့ခက်မည်ဟုတော့ ခန့်မှန်းမိသည်။ ဓနိတောစပ်ကို ဒီရေနဲ့ မျောဝင်တုန်းက မပုပ်ပွသေး။ အထဲရောက် ပြီး လူသေက ပွပြီးဖောင်းလာတော့ အပြင်ပြန်မရောက်တော့ဘဲ ဓနိတောရှုပ်ရှုပ်ထဲမှာ ပိတ်မိနေတာမျိုး။ ၀ါးနဲ့လည်း ထိုးချ၍ မရ၊ လူဝင်ပြီးဆွဲလို့ လည်း မရ။ ဒီအတိုင်းဖြစ်နေသည်။ ဒါက အရေးမကြီး။ ဒီလူသေ ကျွဲနွားသေတွေနဲ့ ရေစီးရေလာ မနီးမဝေးမှာ ယောင်္ကျား၊ မိန်းမ၊ ကလေးတွေ မြစ်ထဲမှာ ရေချိုးနေကြတာ၊ မြစ်စပ်မှာ မြစ်ရေနဲ့ အ၀တ်လျှော်နေကြတာ။ ရေမှမရှိဘဲနဲ့။ ဒီဒေသခံတွေ ဘယ်မှာလာ ကျန်းမာကြံ့ခိုင်ကြတော့မည် နည်း။ ဘယ်မှာလာ ကျန်းမာရေးနှင့် ပြည့်စုံတော့မည်နည်း။
တဖြည်းဖြည်းနှင့် လူနေအိမ်ခြေရှိ ကမ်းပါးများ နည်းလာပြီး ကျွန်းကလေးတွေ ဟိုဘက် ဒီဘက်နှင့် မြစ်ပြင်ကျဉ်းလိုက်၊ ကျယ်လိုက်၊ မြစ်ခွဲလက် တက်ရောက်လိုက် တွေ့လာရသည်။ မြစ်ဝအရောက်တွင် စက်လှေဆရာက အလောင်းတွေ ရှိသေးကြောင်းပြောရာ ကျနော် မယုံဖြစ်နေသည်။ နာဂစ်အပြီး ရက်ပင် ၂၀ ကျော်ခဲ့ပြီ။ အလောင်းတွေ အရိုးကျလောက်ပြီ။ စက်လှေဆရာစကား မှန်ပေသည်။ ကျွဲနွားအသေတွေ ကမ်းပါးမှာ တွေ့နေရာကနေ ဘွားကနဲဆို ခပ်ပြေပြေ ရွှံ့ကမ်းစပ်ပေါ်တွင် ဦးခေါင်း၊ ကိုယ်၊ ခြေတံ လက်တံတွေ ရှိသေးသော အလောင်းတစ်ခုကို ကို့ရို့ ကားယားနှင့် ဘွားကနဲ တွေ့ရလိုက်ရသည်။ ခရီးသွား အယောက်သုံးဆယ်ကျော်ပါရာ ထိုဘက်ဝိုင်းကြည့်ကြသည်နှင့် စက်လှေကြီးလည်း ယင်းကမ်းပါးဘက် တစ်ခြမ်းစောင်းသွားသည်။ ယောင်္ကျား မိန်းမ ရေထဲမှာ မှောက်လျက်သေသည်၊ ပက်လက်သေသည်ဟု မြို့သားတစ်စု ငြင်းနေကြဆဲ၊ လှေဆရာစကားကြောင့် တိတ်သွားကြသည်။ `မုန်းတိုင်းအကျမှာ သေရတာ သေချင်သလို သေကြတာပါပဲဗျာ၊ မှောက်လျက် ပက်လက်တွေတောင် မရှိနိုင်တော့ပါဘူး´တဲ့။
လူသေတွေ အရိုးမကျပဲ ခန္ဓာမပျက် ရှိနေသေးခြင်းကို ရှင်းပြချင်ပါသည်။ ရေထဲရောက် အလောင်း တော်တော်များများမှာ အရိုးကျကုန်ပြီဖြစ်၍ မမြင်နိုင်ပြီ။ ကလေးအလောင်းတွေဆို မြန်မြန်ပင် အရိုးကျသွားသည်ဟု ဆိုသည်။ ယခု ရက် ၂၀ ကျော် ကြာသည့်တိုင် တွေ့နေရသေးသည့် အလောင်းများမှာ ရေးစပ်စပ်တွင် တင်နေသော အလောင်းများဖြစ်သည်။ မုန်းတိုင်းအကျ ရေတက်စဉ်က ရေသည် ၁၂ ပေ အမြင့်အထိတက် သည်ဆို၏။ ကုန်းမြေများမှာ ကျွန်းမြေပြန့်များဖြစ်ပြီး ကျနော်မှန်းကြည့်ရာ ငါးပေ၊ ခြောက်ပေ အမြင့်မျှသာဖြစ်သည်။ ပြေးတက်စရာကုန်းမြင့် မရှိရကား အကုန်သေကြခြင်းဖြစ်သည်။ ထိုအလောင်းများသည် ညဒီရေတက်ချိန်တွင် ဆားငန်ရေထိလိုက်၊ နေ့အချိန်တွင် နေပူကျဲကျဲထိလိုက်နှင့် ရက်အတန်ကြာသောအခါ ဆားစိမ်သော အလောင်းသဖွယ်ဖြစ်ပြီး အရိုးကျခြင်းသို့ မရောက်ဘဲ ဖြစ်ကာ ကျန်နေကြခြင်းဖြစ်သည်။ ကျွဲနွားအသေ တွေမှာလည်း ထို့အတူပင်။ အရိုးပေါ်တွင် သားရေတင်ပြီး အကောင်သဖွယ် ကျန်နေသေးသည်။ အနံအသက်မကောင်းသည်နှင့် နှာခေါင်းစည်း များ တပ်ထားရသည်။
ဒီဝဋ် ဘယ်သူလည်မလဲ
စက်လှေအမိုးပေါ်တွင် ကျနော်တို့ ယောင်္ကျားလေးများနှင့် ဦးပဇင်းတို့ကလိုက်ကြရာ မတ်တပ်ရပ်ကြည့်လျှင် ကုန်းပေါ်အတော်လှမ်းလှမ်းအထိ မြင်ရသည်။ တစ်နေရာအရောက်တွင် လှေဆရာက အစ်ကို မတ်တပ်ရပ်ပြီး ကြည့်လိုက် သေတာနှစ်ရက်ပဲ ရှိသေးတဲ့ နွားတွေ တွေ့ရလိမ့်မယ်တဲ့။ ကျနော်ထရပ်ပြီး ကြည့်လိုက်ရာ မပုပ်သိုးသေးပဲ ခွာတွေ ဂျိုတွေရော အကောင်းအတိုင်းရှိနေသေးသော နွားတစ်ကောင်ကို ကမ်းစပ် တုန်းလုံးလဲ လျက်သား မြင်ရသည်။ ဖြစ်ပုံကို ကျနော်သိလိုက်ပါပြီ။
လေမုန်တိုင်းအပြီးတွင် ကျွဲနွားအချို့မှာ မသေသော်လည်း လေ၊ ရေတို့ဖြင့်လွင့်ထွက်ပြီး ခြေ၊ လက်၊ နံရိုးတို့ ကျိုးကာ မသွားနိုင်၊ မလာနိုင် လဲနေကြသည်။ ဆေးကု ရေတိုက် အစာကျွေးမည့် သခင်တို့လည်း မရှိပြီ။ ထိုနေရာအနီးတွင် လူသူကျေးရွာကိုလည်း မတွေ့ရ။ စဉ်းစားသာ ကြည့်တော့။ ညဘက်ကျ အေးလိုက်။ နေ့လည် နေလှမ်းခံရလိုက်။ ခြေကျိုး၊ လက်ကျိုး၊ နံရိုးကျိုး ဒဏ်ရာတွေနှင့် မျှင်းးသတ်သလို ခံစားရမည့် ဒုက္ခ။ အရက်နှစ်ဆယ်လောက် နာကျင်ခြင်းဝေဒနာ၊ ငတ်ပြတ်ခြင်း ဝေဒနာတွေ တမြည့်မြည့်ခံစားပြီး သေရသည့်ဘ၀။ ၀ဋ်ဒုက္ခကြီးပေစွဟုသာ စိတ်နှလုံး မသာယာဖြစ်မိသည်။ ဒီလူကျွဲနွားတွေ အဖြစ်မျိုးပဲ လူတွေ မခံရဘူး မပြောနိုင်ပါ။ ယနေ့တိုင် လူသူ အကူအညီ မရောက်သေးသည့် နေရာတွေ ရှိကြပါသေးသည်။ လူတွေသည် လေမုန်းတိုင်း လွင့်ပါကုန်ကြခြင်းဖြစ်သည်။ နေထိုင်သည့် နေရာလေးတွင် ကပ်၍ သေကြ၊ ဒဏ်ရာ ရကြသည် မဟုတ်ပါ။
ခရီးတစ်လျှောက် ချိုင့်ကမ်းစပ်၊ သစ်ပင်တောရုံတို့တွင် လူသေအလောင်းတွေကို တစွန်းတစရော၊ ပီပီပြင်ပြင်ပါ တွေ့ရသည်။ တစ်နေရာတွင် သစ်ပင်အမှိုက်ပုံကြီးလို တွေ့သဖြင့် လှေဆရာကို မေးရာ အရင်ကရွာဟု သိရသည်။ ဘုရားစူး ကြိမ်၍ ရွာဟု ပြောရမလိုပင်၊ အိမ်တိုင်တစ်ငုတ် မကျန်ရစ်ပါ။ သစ်ပင်တွေမှာလည်း အမြစ်လား၊ သစ်ကိုင်းတွေလားဟုပင် ခွဲမရတော့လောက်အောင် ဦးစိုက်တစ်ပင်၊ ကန့်လန့်တစ်ပင်၊ ပြောင်းပြန် တစ်ပင် ဖြစ်ချင်တိုင်းဖြစ်နေတော့သည်။ ဦးခေါင်းမရှိတော့သော မိန်းမဟု ယူဆရသည့် အလောင်းတစ်လောင်းသည် အင်္ကျီအနီလေး ၀တ်လျက် သားနှင့် ထိုကို့ရို့ကားယားသစ်ပင်တွင် ချိတ်နေ၏။ ရေထဲမရောက် ကုန်းပေါ်မတင်နှင့် ဤနည်းနှင်နှင် လူတွေလူလို မသေရသည့် အဖြစ်တွေကို ရင်နင့်ဖွယ် မြင်တွေ့ရပေသည်။ ဒါကိုမြင်လျင် ကျနော်လည်း ကူညီကယ်ဆယ်ရေးအစား စစ်အစိုးရ အားချင်းလုပ်ခဲ့သော `သောက်မဲပေးပွဲ´ကို ပစ်ပစ်နှစ်နှစ် ကြိမ်ဆဲမိပေတော့သည်။ တုတ်တကားကား၊ သေနတ်တကားကားနှင့် တာဝန်ရှိသူတွေဆိုသည် မဟုတ်တာတွေပဲ လုပ်နေသည်ဟု သွားလေလေ မြင်လေလေ သိရလေလေပင် ဖြစ်သည်။
ရေတစ်ပေါက်
သွားလေလေ တွေ့လေလေ၊ နောက်တော့ ဓာတ်ပုံပင် မရိုက်နိုင်တော့ပြီ။ လှေသမားကမူ ဆေးလိပ်ဖွာ မပျက်။ သူအဖို့ ပို၍ ရိုးလို့နေသော မြင်ကွင်း ဖြစ်ပေမည်။ လေဆရာက အလိုက်သိစွာ သေပျောက်ပျက်ဆီးမှုရှိသော ကမ်းများဘက်သို့ ကျနော်တို့ လေ့လာရအောက် ကပ်၍ မောင်းပေးတတ်ပါသည်။ သူစိတ်လိုလက်ရရှိလျှင်လည်း တစ်ချက်တစ်ချက် ရှင်းပြသည်။ လှေကလေးတစ်စင်းနှင့် ၀မ်းရေးအတွက် ငါးဖမ်း နေသူများကိုလည်း တွေ့ရသည်။ အချို့တွေကတော့ အိမ်ယာလေးများ ပြန်ဆောက်လျက်။ ပြန်ဆောက်သည် ဆိုသော်လည်း ပြန်ကောက်ရသမျှ တိုင်နှင့် ဓနိရွက်ကိုင်းအစိုခုတ်လျက် ဖြစ်သလိုမိုးကြခြင်းသာ။ မိုးရွာလျှင် ခိုစရာရှိဖို့ လိုသည်မဟုတ်လား။
တချို့တွေလည်း စက်လှေကလေးတွေနဲ့ တစ်ရွာမှ တစ်ရွာကူးသည်လား၊ မြို့တက်သည်လားမသိ။ တစ်နေရာတွင် စက်တပ်သမ္ဗာန်လေးပေါ်မှ ယောင်္ကျားတစ်ယောက်သည် ကျနော်တို့ရှိရာသို့ လှမ်းမျှော်၍ ပါးစပ်ကို လက်မတေ့ပြချေ၏။ အကြိမ်ကြိမ်လုပ်ပြတော့မှ ကျတော်တို့မြင်လေသည်။ စက်လှေဆရာက ရေတောင်းတာဟု ကျနော်တို့ကို ဘာသာပြန်ပေး၏။ ကျနော်တို့က လက်ရပ်ခေါ်သောအခါ ထိုစက်လှေကလေးထဲတွင် လှဲနေ သော အမယ်အိုတစ်ယောက်နှင့် မိန်းမသုံးယောက်တို့ ခေါင်းထောင်လာ၏။ တစ်ဦးမှာ နေမကောင်းဟန်ရှိပြီး အချို့မှာ စိတ်ပျက်အားငယ်နေပုံ ရ၏။ ကျနော်တို့ စက်လှေအနီး ချဉ်းကပ်လာသောအခါ ရေဗူးငါးယောက်စာ ပစ်ပေးလိုက်သည်။ ကျေးဇူးတင်သော အပြုံးများနှင့် လက်ဝှေ့ရမ်း လျက် ရေဗူးကိုယ်စီ အငမ်းမရဖွင့်နေသော သူတို့တရိပ်ရိပ်ဝေးကျန်ခဲ့တာ ကြည့်ပြီး မျက်ရည်ဝိုင်းမိသဖြင့် နှာခေါင်းဖုံး (Mask) ကို မျက်လုံးနား အထိ ဆွဲတင်လိုက်မိလေသည်။
သင်ကာ
Rest of your post
Terrible Secret as told by a Colonel’s Wife
Jun 2nd, 2008
After the cyclone swept lower Burma, much terrible news was coming out from Burma media about the plight of the victims and the bad behaviour of the SPDC but we had not yet read about one of the worst hidden news in any media.
This news came from the wives of colonels’ society in Yangon. One of the friends of a colonel’s wife told about the event which one of her friend (a colonel’ wife) told them when she was in Yangon.
After the cyclone hit, her husband, the colonel went out at night to serve night duty for every night and when she asked where he had went he was afraid to tell her. One night she asked her husband to allow her to follow him and at last she got a chance to follow her husband.
Several colonels gathered at night, at the same place like the other nights before they travelled by truck. Then they went to the area of the cyclone victims, then they picked up the heavily injured victims and put into their truck then drove away to the place which they had dug a big hole and threw them all together and buried them alive. When they picked up the people they lied that they will send them to the hospital but they did not do so. The colonel’s wife could not hold her tongue about the terrible event when she met with her friends.
As told by a friend inside Burma.
Feraya
http://burmadigest.info/2008/06/02/terrible-secret-as-told-by-a-colonels-wife/Summary
Rest of your post