Sunday, July 12, 2009

သတင်းကောင်း

KNU ထံသို့ KPF နှင့် DKBA အဖွဲ့ဝင်အများအပြားပါဝင်ပူးပေါင်းလာ Kaowao ဇူလိုင် ၁၁၊၂၀၀၉။
စံခလပူရီ(ဇူလိုင်-၁၁)။ ။ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးနှင့် ကရင်လူမျိုးအချင်းချင်း မပစ်ခတ်မသတ်ဖြတ်လိုသော KPF အမှတ် ၃ တပ်ရင်းမှူး မန်းလေးဝါး လွန်ခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့တွင်
KNU ထံလက်နက်ချဝင်ရောက်ပူးပေါင်းပြီး ရက်ပိုင်းအနည်းငယ်အတွင်း၌ နောက်ထပ် KPF နှင့် DKBA တပ်ဖွဲ့ဝင်အများအပြား လက်နက်ခဲယမ်းများ အပါအဝင် မိသားစုဝင်များပင် KNU တပ်မဟာ ၆ သို့ လာရောက် ပူးပေါင်းလာသည်ကို ဒူးပလာယာခရိုင်ဥက္ကဌနှင့်နီးစပ်သူ အမည်မဖေါ်လိုသော KNU အရာရှိဟောင်းတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။

ဇူလိုင်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ KPF တပ်ရင်းမှူး မန်းလေးဝါးအပါအဝင် တပ်ဖွဲ့ဝင် ၂၉ ဦး၊ လက်နက်
မျိုးစုံ ၂၁ လက်နှင့်အတူ လမ်းလျှောက်စကားပြောစက် ၅ လုံး၊ DKBA တပ်ရင်း ၉၀၁၊ တပ်ခွဲ ၁ မှ အရာရှိ တစ်ဦး၏ဇနီးအပါအဝင် ၁၂ ဦးနှင့် တပ်ရင်း ၉၀၆ မှ ၇ ဦးတို့သည် လက်နက်ခဲယမ်းမျိုးစုံ ၂၉ လက်၊ လမ်းလျှောက်စကားပြောစက် ၂ လုံး KNLA တပ်ရင်း ၁၆ ထံသို့ လာရောက်ဆက်သွယ်ပူးပေါင်းခဲ့ကြရာ စုစုပေါင်းအင်အား ၄၈ ဦး၊ လက်နက်မျိုးစုံ ၅၀ လက်ပါဝင်ခဲ့သည်ဟု ဆိုသည်။

ထိုနောက် ဇူလိုင်လ ၁၀ ရက်တစ်နေ့တည်းမှာပင် DKBA အမှတ် ၉၀၁ တပ်ရင်း၊ ခွဲ ၂ မှ စောခက်ခက်
အပါအဝင် ၅ ဦး၊ လက်နက် ၆ လက်၊ စကားပြောစက် ၂ လုံး၊ လက်ပစ်ဗုံးတစ်လုံးနှင့် အနန်းကွင်းစခန်း
အနီး KPF တပ်ရင်း ၃၊ ခွဲ ၁ တပ်ခွဲမှူး နော့စီဖိုးအပါအဝင် ၁၆ ဦး၊ လက်နက်မျိုးစုံ ၁၇ လက်၊ စကားပြော
စက် ၅ လုံးတို့နှင့်အတူ အနီးရှိ KNLA တပ်ရင်း ၁၆ ထံသို့ လာရောက်ဆက်သွယ် ပူးပေါင်းလိုက်သည်ဟ
ုလည်း နောက်ထပ်ပေးပို့လာသောသတင်းအရ သိရှိရပြန်သည်။

ယခု သတင်းရေးသားပြုစုချိန်တွင် KNLA သို့လာရောက်ပူးပေါင်းလာသူ KPF, DKBA အင်အား ၇၀ ခန့်ရှိပြီး လက်နက်မျိုးစုံ ၇၀ ကျော်ခဲ့ပြီးဖြစ်သည်။

ယင်း KNU အရာရှိဟောင်းက “ကျနော်တို့ ဒူးပလာယာခရိုင် ဥက္ကဌအနေနဲ့ လောလောဆယ်လုပ်ငန်း တွေမပြီးပြတ်သေးတော့ ဒီကိစ္စတွေကို သတင်းမီဒီယာတွေမှာ သူနဲ့ဆက်သွယ်မေးမြန်းတာတွေ မလုပ်နိုင် ပေးသေးဘူးလို့ ကျနော့်ကိုပြောထားပါတယ်” ဟု ပြောဆိုခဲ့သည်။

ယခု KNU ထံဝင်ရောက်ပူးပေါင်းလာကြသော KPFနှင့် DKBA တပ်ဖွဲ့ဝင်တို့သည် သက်ဆိုင်ရာကျေးရွာများတွင် လက်အောက်ခံပြည်သူ့စစ်အသွင်ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးထားသူများထံမှ လက်နက်များကို တစတစ လိုက်လံသိမ်းဆည်းနေသည်ဟုလည်း ကရင်ရွာသားများထံမှတဆင့် ကြားသိရပါသည်။

မန်းလေးဝါး၏ လက်အောက်ခံတပ်တွင် သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူမြို့အထိ စခန်းပေါင်း ထက်မနည်း
တပ်ဖြန့်ကျက်ထားရှိရာ ၄င်းတို့တပ်ဖွဲ့များနှင့် ယခင်ကာလများတွင် ထိုင်းကော့ဒ်လက် ဖုန်းများဖြင့် အဆက်အသွယ်ရယူနိုင်သော်လည်း ယခုအခါ အဆက်အသွယ်များပြတ်တောက်နေကာ ၄င်းတို့တပ်ဖွဲ့ဝင်တို့၏ အခြေအနေမှန်များကို မသိရှိနိုင်သေးပေ။

နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးမှာ ကရင်တပ်ဖွဲ့များတွင် မိမိလူမျိုးကိုယ်စားပြု တပ်ဖွဲ့အမည်များ အဖျောက်ဖျက်ခံလိုက်ကြရပြီး ဗမာစစ်အရာရှိများ ဝင်ရောက်ချယ်လှယ်အမိန့်ပေးမှုများ ပြုလုပ်လာကြကာ မြန်မာ့တပ်မတော်ခိုင်းစေသလို အခြားတိုင်းရင်းသားများကိုသာမက မိမိလူမျိုးကရင်အချင်းချင်းကိုပင် အိုးမဲသုပ်ကာ သတ်ဖြတ်စေခိုင်းသော လုပ်ရပ်သာဖြစ်ကြောင်း KPF မှအမည်မဖေါ်လိုသော အရာရှိတစ်ဦးက
လည်း မကြာမီရက်ပိုင်းက သုံးသပ်ပြခဲ့သည်။


Rest of your post

No comments:

 

Downtamun template | DOWNTAMUN