Saturday, July 18, 2009

ကျုပ်တို့ တိုင်း ပြည်ကအသန့် ဗျ ရောဂါတွေက အနောက်တိုင်း ကနေ လာကြတာ။

ပြည်ပမှ ပြန်လာသူ ၄ ဦးသာ ဝက်တုပ်ကွေး ဖြစ်ဟုဆို Friday, 17 July 2009 19:10 ကြည်ဝေ
မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးA (H1N1) ရောဂါပိုးတွေ့ရှိသူ ၄ ဦးစလုံးသည် ပြည်ပမှ ပြန်လာသူများ ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရပိုင် သတင်းစာများမှ ထုတ်ပြန်ကြေညာသည်။

ဇူလိုင်လ ၁၂ ရက်နေ့ TG 305 ဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသော အသက်၂၂ နှစ်အရွယ် အမျိုးသမီးတွင် ၀က်တုပ်ကွေးA(H1N1)ရောဂါပိုး တွေ့ရကြောင်း၊ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဋ္ဌာနမှ ဝေဘာဂီဆေးရုံ ကြီးသို့ လွှဲပြောင်းခဲ့ပြီး မိသားစုဝင် ၄ ဦးအား နေအိမ်အတွင်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သတင်းစာများ တွင် ဖော်ပြထားသည်။

ထို့အပြင် ယနေ့အထိ မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါကူးစက်ခံရသူ ၄ ဦးတွေ့ရှိရသော်လည်း လူနာ အားလုံးမှာ ပြည်ပမှ ကူးစက်လာသူများသာဖြစ်ကြောင်းလည်း ရေးသားထားသည်။

“ပြည်ပကနေ လာတဲ့သူတွေမှာပဲ ပိုးက တွေ့ရတာ၊ ပြည်တွင်းမှာ တဦးကနေ တဦးကိုကူးစက်ပျံ့နှံ့တာမျိုး မရှိ သေးတဲ့အတွက် နှာခေါင်းစည်း တပ်ဆင်ဖို့မလိုအပ်ပါဘူး၊ နှာခေါင်းစည်းကလည်း တကယ်တမ်းမှာ ရောဂါ ပိုး ၀င်ရောက်မှုကို အပြည့်အ၀ ကာကွယ်မပေးနိုင်ပါဘူး”ဟု ရန်ကုန်တိုင်း၊ ကူးစက်ရောဂါတိုက်ဖျက်ရေးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်ဦး က ပြည်တွင်းမီဒီယာများသို့ ပြောကြားကြောင်း သိရှိရသည်။

၎င်းက နှာခေါင်းစည်းတပ်ခြင်းသည် ရောဂါကူးစက်မှုအတွက် ရာခိုင်နှုန်းပြည့်မကာကွယ်နိုင်ကြောင်းပြောဆိုပြီး နှာစေးချောင်းဆိုးဖြစ်လျှင်လက်ကိုင်ပ၀ါအသုံးပြုရန်နှင့် လက်ကို မကြာခဏဆေးကြောရန်မှာ အဓိက ကြိုတင် ကာကွယ်ရမည့် နည်းလမ်းဖြစ်ကြောင်းလည်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တုပ်ကွေးရောဂါနှင့်ဖျားနာနေသူများမှ အပ နှာခေါင်းစည်းတပ်ရန် မလိုအပ်ကြောင်း ပြည်တွင်း ဂျာနယ်များတွင်ရေးသားဖော်ပြခိုင်းလျက်ရှိကြောင်း၊ ပြည်တွင်း ဂျာနယ်များတွင်ဝက်တုပ်ကွေးဟု ဖော်ပြခွင့်မရဘဲ၊ ကမ္ဘာ့လူတုပ်ကွေးဟုသာ ဖော်ပြရပြီး၊ လူထုကျန်းမာရေးအသိပေးသတင်းများ၊ ဆောင်းပါးများကိုလည်း ကန့် သတ်ချက်များနှင့် ဖော်ပြနေရခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောဆိုသည်။

“ကျန်းဦးစီးကိုလည်း အထက်ကနေ ညွှန်ကြားပုံရတယ်၊ ကျန်းဦးစီးက ဂျာနယ်တွေက မေးရင်း တသံတည်းပဲ ဖြေကြတယ်၊ စာပေစိစစ်ရေးကလည်း နှာခေါင်းစည်းတပ်ဖို့မလိုအပ်ဘူးဆိုတဲ့ သတင်းမျိုးကို ခွင့်ပြုတယ်၊ ကူးစက် ရောဂါဖြစ်တဲ့အတွက်ကြိုတင်ကာကွယ်ရမယ်ဆိုပြီး လူထုသတိရှိဖို့ ရေးသားတဲ့ အရေးအသားမျိုး သတင်းမျိုး ကို တော့ ခွင့်မပြုဘူး၊ လူထုကို အထိတ်တလန့်ဖြစ်စေတယ်ဆိုပြီး ဖြုတ်တယ်” ဟု အဆိုပါ သတင်း အယ်ဒီတာ က ဆိုသည်။

အစိုးရအနေနှင့် ၀က်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအတွင်းကူးစက်ရောဂါတခု အသွင်ဖြစ်သွားနိုင်သည် ကို သိရှိ ထားသော်လည်း ပြည်ပမှ ၀င်ပေါက်များဖြစ်သော လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်ပေါက်များတွင် စနစ် တကျ ရှာဖွေခြင်းမရှိကြောင်းကိုလည်း အဆိုပါ သတင်းအယ်ဒီတာက သုံးသပ်ဝေဖန်သည်။

မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါပိုး တွေ့ရှိရသော ၄ဦးစလုံးမှာပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး၊ လေဆိပ်စစ်ဆေးရေးဂိတ်တွင်တွေ့ရှိခဲ့ခြင်းမဟုတ်ဘဲ၊ နေအိမ်ပြန်ရောက်ပြီးမှ ဖျားနာသည့်အတွက် ရောဂါပိုး ရှိ ကြောင်းကို သိရှိရသူများဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း တုပ်ကွေးရောဂါဖြင့် ဖျားနာလျက်ရှိသူများရှိသော်လည်း ၀က်တုပ်ကွေးရောဂါဟုဆိုပါက ဝေဘာ ဂီ ဆေးရုံကြီးသို့ ပို့လိုက်မည်ကို စိုးရိမ်သောကြောင့် ဆေးခန်းမသွားဘဲ ကိုယ့်သဘောနှင့်ကိုယ် ရိုရိုးတုပ်ကွေး အဖျားပျောက်ဆေးသောက်နေသူများလည်း ရှိကြောင်း ပြည်တွင်းမှ သတင်းထောက် တဦး က ပြောသည်။

“ဖျားတယ်ဆိုရင်ကို ဝေဘာဂီဆေးရုံကြီးကို ပို့လိုက်မှာ စိုးလို့ဘယ်သူမှ ဆေးခန်းသွားမပြတော့ဘူး၊ ဆေးခန်း သွားပြရင် ဆေးခန်းကလည်း ဆေးရုံကြီးကို တန်းပို့ပစ်လိုက်တာ များတယ်၊ အဲဒါကို ကြောက်ကြလို့ ဆေးဆိုင် ကနေ ကိုယ့်ဟာကိုယ်ဆေးဝယ်သောက်နေတဲ့သူတွေလည်း ရှိတယ်”ဟု အဆိုပါ သတင်းထောက်က ပြောဆို သည်။

“အသက် ၁၀ နှစ်အောက်ကလေးတွေ လူကြီးပိုင်းတွေ ကိုယ်ဝန်ဆောင်တွေမှာ ကူးစက်ခံရဖို့ အခွင့်အလမ်း ပို များတယ်၊ ရောဂါကူးစက်ခံရဖို့ အခွင့်အလမ်း များတဲ့ လူစည်ကားတဲ့နေရာတွေကို သွားမယ်ဆိုရင်တော့ ကြိုတင် ကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်းတပ်ထားသင့်တယ်၊ ဘယ်လိုတုပ်ကွေးပဲ ဖြစ်ဖြစ် ခုချိန်မှာ ဖျားနေတဲ့ သူတွေ ကတော့ မတပ်မဖြစ်ကို တပ်ရမယ်”ဟု မြန်မာနိုင်ငံ အထွေထွေရောဂါကု ဆရာဝန်များအသင်းမှ ဒုတိယ ဥက္ကဠ
ဒေါက်တာ ၀င်းလွင်သိန်းက ပြောဆိုသည်။

သို့သော် လူအနည်းစုသာလျှင် နှာခေါင်းစည်းအသုံးပြုလျက် လူစည်ကားရာနေရာများသို့ သွားလာနေ ကြသော် လည်း အများစုမှာမူ နှာခေါင်းစည်းမပါဘဲ သွားလာလျက်ရှိပြီး ဝေဘာဂီ ကူးစက်ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း များနှင့် လူနာများမှ အပ အခြား ပုဂ္ဂလိက ဆေးရုံဆေးခန်း မျာနှင့် အစိုးရ ဆေးရုံများတွင်လည်း ကျန်းမာရေး ၀န်ထမ်းများကအစ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ သွားလာ နေကြသည်ကိုတွေ့မြင်ရသည်။ နှာခေါင်းစည်း ဈေးနှုန်းများမှာ ပြန်လည်ကျဆင်းနေသည်ကိုတွေ့ရပြီး တခုလျှင် ကျပ် ၁၀၀ မှ ကျပ်၂၀၀ ဈေးအထိ အမြင့်ဆုံး ရောင်းချနေကြသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အသက် ၅၁ နှစ်အရွယ် အမျိုး သားတဦး၌ ၀က်တုပ်ကွေးA(H1N1)ထပ်မံတွေ့ရှိရခြင်းဖြစ်ပြီး အဆိုပါအမျိုးသားအား ဝေဘာဂီဆေးရုံကြီးသီးသန့် လူနာခန်းတွင် ထားရှိပြီး ဆေးဝါးကုသနေကြောင်း ယမန်နေ့က အစိုးရပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ သတင်းစာများတွင် ဇူလိုင်လ ၈ ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့သော အသက်၂၀ အရွယ်အမျိုးသားမှာ လည်း အဖျားမရှိတော့ဘဲ သက်သာလျက်ရှိကြောင်း၊ လူနာနှင့်ထိတွေ့မှုရှိခဲ့သော မိသားစုဝင် ၉ ဦး၊ လူနာနှင့် အတူ စီးနင်းလိုက်ပါလာကြေသော လေယာဉ်စီး ခရီးသည် နိုင်ငံသား ၈၄ ဦး၊ နိုင်ငံခြားသား ၁၃၆ ဦး စုစုပေါင်း ၂၂၀ ဦးတို့ကိုလည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ဖော်ပြထားသည်။

ဇွန်လ ၂၇ ရက်နေ့က ၀က်တုပ်ကွေးA(H1N1)ရောဂါပိုး စတင်တွေ့ရှိခဲ့သော အသက် ၁၃ နှစ်အရွယ် အမျိုး သမီး ငယ်၏ ကျန်းမာရေးအခြေအနေကောင်းမွန်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း အစိုးရပိုင်သတင်းစာ တွင် ရေးသားဖော်ပြခဲ့သည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN