Saturday, May 23, 2009

ကြေးစည်သံလေး ပေးကာပေးကာ



ဗမာပြည်က ပါလို့ ပြောရမှာတောင် အတော်ကို ရှက်စရာကောင်းပါတယ်။ ရဲမြင့်အောင်ဘဲ ကြည့်ကြည့် ၊ သိန်းစိန်ဘဲ ကြည့်ကြည့် ၊ ဥာဏ်ဝင်းဘဲ ကြည့်ကြည့် အဲ ... နောက်ဆုံး သူသတ်သမား သန်းရွှေဘဲ ကြည့်ကြည့် ကမ္ဘာ့သမိုင်းရဲ့ မြှောင်းပုတ်ထဲမှာ ဇောက်ထိုးဆင်းမယ့်  သူတွေ အတွဲလိုက်၊ အမေစုကို သိက္ခာချလိုက်တဲ့  ရဲမြင့် အောင် ရဲ့ သေးနိမ့် ယုတ်ညံ့ တဲ့ စိတ်ထားကို အင်္ဂလိတ် စာကြောင်းလေးနှစ်ကြောင်း သုံးကြောင်းလောက်နဲ့  ကိုယ့်သိက္ခာကိုယ် ပြန်ခွဲလိုက်တာတော့ သနားပါရဲ့ ။ ပြည်သားတယောက် ရှုထောင့်ကနေကြည့်ရရင်ဖြင့် အော် ငါတို့ ကိုအုပ်ချုပ်နေတဲ့  နိုင်ငံတော်က ခေါင်းဆောင်တွေကလည်း ငါသာမာန်တွေ့ နေကျ လမ်းဘေးက အရက်မူးသမားတွေလို ရင်ထဲပြောချင်တာတွေ သိက္ခာတရားမဲ့ ပြောလို့ ရပါလားလို့ ။

No comments:

 

Downtamun template | DOWNTAMUN