Thursday, May 14, 2009

ဒီမြေသာချစ်တဲ့ အမေ

ဒီအချိန်ဆို အမေငိုနေရင် ငိုနေလိမ့်မယ်
အမေငိုတဲ့ မျက်ရည် တစက်
ဗမာပြည်ကိုဆေးကြောဖို့ အတွက်ဘဲဆိုတာ
ကျတော်သိပါတယ်အမေ။

အမေ့ရဲ့ မရုန်းနိုင်တဲ့ ခန္တာတခု
ထောင်တိုက်ထဲမှာ မကောင်းသတ္တ၀ါတွေပြုသမျှ
နှစ်နဲ့ ချီခံခဲ့ ရပေမယ့် 
အမေ့ ရဲ့ အမည်နာမ ပန်း
ကမ္ဘာမှာအမြဲလန်းနေတယ်အမေ။


မတည်တံ့တဲ့ တရားထဲမှာ အမေအိုသွားခဲ့ ပေမယ့် 
အမေ့ရဲ့  ဗမာပြည်အပေါ် ထားရှိတဲ့ ဆန္ဒ
ပြည်သူတွေအမြဲဦးချဆဲပါအမေ။

အနိုင် နဲ့ အရှုံးတရား
နှစ်ခုရဲ့  ရေချိန် မညီမျှမှု မှာ
အမေဟာ လက်နက်ပေါင်းမြောက်များစွာနဲ့ 
မနာလိုသူတွေရဲ့  ရက်ရက်စက်စက် အချိန်ခံထားရပေမယ့်
အမေ့ ရဲ့ နုတ်ခမ်းစွန်းကအပြုံးတစက်
မိစ္ဆာတွေရဲ့ လက်နက်ထက် စွန်းထက်ပါတယ်အမေ။


အမေပြုံးပါ
နောက်ဆုံးသူတို့ သိပ်မုန်းနေခဲ့ ရင်တောင်ပေါ့။


ဒေါင်းတမာန်

No comments:

 

Downtamun template | DOWNTAMUN