Thursday, May 14, 2009

လျှောသွားပြီတယောက်

KNU နှင့် တိုက်ပွဲတွင် ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦး ကျဆုံးဟု ဆို
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 13 2009 13:54 - မြန်မာစံတော်ချိန်

ကရင်အမျိုးသား အစည်းအရုံးနှင့် တိုက်ပွဲတွင် ကျဆုံးသွားသည်ဟု ဆိုသော မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိတဦး၏ ရုပ်အလောင်းကို ယနေ့တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။

ပဲခူးတိုင်း သံတောင်မြို့နယ် ဘောကလိကျေးရွာ အုပ်စုမှ အမှတ် ၅ စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကောင်းမြတ်သည် မေလ ၁၁ ရက်နေ့က ကရင်လွတ်မြောက်ရေးတပ်နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ကေအန်ယူက ထုတ်ဖော်ပြောဆိုထားသည်။

ကေအန်ယူမှ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ၎င်းတို့ တပ်နှင့် တိုက်ပွဲတွင် ကျဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်အစိုးရက တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ထုတ်ပြန်သေးခြင်း မရှိသေးဘဲ ဗိုလ်မှူးချုပ် ကောင်းမြတ်၏ နာရေးကြော်ငြာကိုသာ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ သတင်းစာက မည်သည့် နေရာတွင် သဂြုင်္ိဟ်မည်ကို ဖော်ပြခြင်း မရှိသော်လည်း သင်္ဃန်းကျွန်းမြို့နယ် အိမ်တွင် ဆွမ်းကျွေးမည်ဟု သိရသည်။

ကြည်း-၂၆၈၀၁ စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ဆင်း အသက် ၄၉ နှစ် အရွယ် ဗိုလ်မှူးချုပ် ကောင်းမြတ်သည် မန္တလေးမြို့နေ ဗိုလ်ကြီးခင်လှ၏ တတိယမြောက် သားဖြစ်ပြီး၊ ကလေး ၂ ဦး၏ ဖခင်ဖြစ်သည်။

လက်ရှိတွင် သင်္ကန်းကျွန်းမြို့နယ် ကံ့ကော်ရိပ်သာလမ်း အမှတ် ၂၀၉ တွင် နေထိုင်သည့် ဇနီးသည် ဒေါ်ခင်ထွေးနှင့် သားဖြစ်သူ မောင်ကောင်းကျော်မြတ်၊ သမီး မလှမြတ်နိုးတို့ ကျန်ရစ်ခဲ့သည် ။
ချင်းမိုင် (မဇ္ဈိမ မှကူးယူ သိမ်းဆည်းပါသည်)

Rest of your post

No comments:

 

Downtamun template | DOWNTAMUN