Friday, July 24, 2009

အာခံမည့်သူ ..တို့ ရန်သူ ....ပြည် သူ့ ငွေနှင့် မိုက်နေကြသူ နအဖ

တောင်ပိုင်း SSA တပ်ဖွဲ့ အား ထိုးစစ်ဆင်ရန် ဒကစမှူး အရေးပေါ် အစည်းအဝေးခေါ် ကြာသပတေးနေ့၊ 23 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်း၌ ထိန်းချုပ်လှုပ်ရှားနေသော SSA တောင်ပိုင်းတပ်ဖွဲ့အားထိုးစစ်ဆင်တိုက်ခိုက်ရန် မိုင်းနောင်အခြေစိုက် ဒကစမှူး က ဒေသအတွင်း ၃-၄ မြို့နယ်မှ ဗမာတပ်မှူးများအားဆင့်ခေါ်ပြီး အရေးပေါ်အစည်း အဝေးတရပ်ကျင်းပခဲ့သည် ဟုဆိုသည်။

ဒကစမှူး ဗိုလ်မှူးကြီးကျော်ဇံမြင့်သည် မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချားမြို့နယ်အတွင်း အခြေစိုက်သည့် ခမရ၊ ခလရ တပ်မှူးများအားလုံးခေါ်ယူပြီး ၂၀၀၉ ဂျူလိုင် ၂၀ ရက်နေ့၌ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပခဲ့ရာမှာ သျှမ်းပြည် အလယ်ပိုင်း လှုပ်ရှားသည့် တောင်ပိုင်း SSA တပ်ဖွဲ့အား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်ဗျူဟာနှစ်ခုပြင်ဆင် နေကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။

[တာဝန်ကျ သျှမ်းပြည်တပ်မတော်သား]


တာဝန်ကျ သျှမ်းပြည်တပ်မတော်သား
“ဒီ တစ်လနှစ်လ အတွင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအားလုံးကို ခြုံကြည့်မယ်ဆိုရင် ဗမာတပ်ဘက် အသေအကျေ အကျအရှုံး တော်တော်များတယ်လို့ပြောရမှာဘဲ၊ ဂျူလိုင် ၁၅ ရက်ကဖြစ်ခဲ့တဲ့နောက်ဆုံးတိုက်ပွဲမှာ ပွဲချင်းပြီးက ၁၀ ယောက်ကျော်တယ်၊ ဆေးရုံမှာ ၅-၆ ယောက် ထပ်သေတယ်ပြောတယ်။ လက်နက်တွေလဲ အများအပြားဆုံးရှုံးတော့ အရမ်းမျက်နှာပျက်တာပေါ့။ အဖတ်ပြန်ဆယ်ဖို့ အခုလိုဆုံးဖြတ်လိုက်တာလဲဖြစ်နိုင်တယ်”- ဟု စစ်ရေးလေ့လာသူတဦးကပြောသည်။

သျှမ်းပြည်အလယ်ပိုင်း၌ လှုပ်ရှားနေသည့် SSA တပ်ဖွဲ့ကိုတိုက်ခိုက်ရန် အသုံးပြုမည့် ဗျူဟာ ၂ ခုမှာ အနည်းဆုံး တစ်ဗျူဟာ လျှင် တပ်ရင်း ၃ ခု ပါမည်ဖြစ်ကြောင်း၊ လတ်တလော စစ်အစိုးရ၏ ရှေ့တန်းထွက်နိုင်သည့် တိုက်ခိုက်ရေးအင်အားမှာ တပ်ရင်းတစ်ရင်းလျှင် ၁၅၆ ယောက် ရှိကြောင်း၊ သျှမ်းပြည်တပ်မတော်ကို ဗျူဟာနှစ်ခုဖြင့်တိုက်ခိုက်မည်ဆိုပါက လူအင်အား ၁၀၀၀ နီးပါး အသုံးပြုဖွယ်ရှိကြောင်း သျှမ်းပြည်တွင်း စစ်ရေးလေ့လာသည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။

“မိုးတွင်းမှာ စစ်အစိုးရ စတင်ထိုးစစ်ဆင်တာ သိပ်မရှိဘူး။ ၂၀၀၂ မေ ၂၁ ရက်တုန်းက ထိုင်းနယ်ခြား စစ်အစိုးရကင်းစခန်း တခုကို သျှမ်းပြည်တပ်မတော်က တိုက်ခိုက်သိမ်းပိုက်တဲ့အတွက် သူတို့တန်ပြန်ထိုးဆင်ခဲ့တယ်။ တစ်လလုံးလုံး အချိန်ယူ ပြန်တိုက်ရတဲ့အတွက် ဗမာတပ်ဘက်အများအပြားသေတယ်၊ အခုအခြေအနေလည်း သျှမ်းပြည်မိုးဥတုနဲ့ရေမြေ အနေအထားအရ သူတို့ထပ်သေကြဦးမှာဘဲ”- ဟု အဆိုပါပုဂ္ဂိုလ်က ပြော၏။

ကရင်ပြည်တွင် DKBA ကိုအသုံးချပြီး KNU/KNLA အားတက်တိုက်ခိုင်းသကဲ့သို့ သျှမ်းပြည်၌လည်း SSA ခွဲထွက် ဗိုလ်မိုင်းဇင့်အဖွဲ့ (လဲချားမြို့ နမ့်ဟူးဖရားထမ့် နှင့် ၀မ်ပန်နောင်ကား အခြေစိုက်) ကို ရှေ့ ပြေးတပ်အဖြစ်ပါဝင်တိုက်ခိုင်းဦး မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဂျူလိုင် ၂၁ ရက်နေ့ကလည်း စစ်အစိုးရလက်အောက်သစ္စာခံ လဲချား - မိုင်းနောင် ကားလမ်းအကြား ၀မ့်ပန်နောင်ကား အခြေစိုက် ဗိုလ်မိုင်းဇင့်တပ်စခန်းတခုအား သျှမ်းပြည်တပ်မတော် က ၀င်ရောက်တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုပါသည်။

မိုင်းနောင်ခြေစိုက် ဒကစ ၂ (အမှတ် ၂ ဒေသစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်) လက်အောက်ရှိတပ်ရင်းများမှာ လွိုင်လင် အ ခြေစိုက် ခလရ ၉၊ ခလရ ၁၂ ၊ လဲချား - ခလရ ၆၄၊ ခမရ ၅၁၅၊ နမ့်ဇန်(ခိုလမ်) ခလရ ၆၆၊ ၂၄၇၊ ခမရ ၅၁၆ ၊ မိုးနဲ - ခလရ ၂၄၈၊ ခမရ ၅၁၈၊ ပင်လုံ - ခမရ ၅၁၃၊ မိုင်းကိုင် - ခမရ ၅၁၄ နှင့် မိုင်းပွန် အခြေစိုက် ခမရ ၅၁၇ တို့ ဖြစ်ကြသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN