Saturday, July 25, 2009

ကမ်းကုန်အောင်ယုတ်နေတဲ့ နအဖ အကြမ်းဖက်အုပ်စု

ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း ဇူလိုင် ၂၇ သို့ ဆက် မိုးမခ ဓာတ်ပုံသတင်း ဇူလိုင် ၂၄၊ ၂၀၀၉
ယနေ့ အင်းစိန်ထောင်တွင်း တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်မိတ်ဆွေများကို တရားရုံးထုတ်ခဲ့ရာ ဒေါ်စု၏ ရှေ့နေများက လျောက်လဲခဲ့ကြသည်။ ထိုနောက့် လာမည် တနလာင်္နေ့သို့ တရားရုံးက ထပ်မံချိန်းဆိုလိုက်သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ အချိန်ဆွဲပြီး တရားစစ်ဆေးနေခြင်းကို သဘောမကျကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပစ်ပယ်ပြီး ကျင်းပခြင်းဖြစ်သဖြင့် ကုလသမဂ္ဂက ဝေဖန်ထောက်ပြသင့်သည်ဟု ပြောကြားကြောင်း အင်န်အယ်ဒီသတင်းစာရှင်းလင်းပွဲက လာသောသတင်းများအရ သိရသည်။
ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ အင်အား ၁၀၀ ကျော်ခန့်က အင်းစိန်ထောင်ရှေ့တွင် စုဝေးခဲ့ကြသည်။ ၎င်းတို့နှင့်အတူ စစ်အုပ်စု၏ အရပ်ဝတ်အကြမ်းဖက်သမား ၁၀၀ ကျော်ကလည်း ၀န်းရံ၍ အနှောက်အယှက်ဖြစ်အောင် အင်အားပြနေကြကြောင်း မျက်မြင်တဦးက ပြောသည်။ ဆရာဦးဝင်းတင်မှာ ကျန်းမာရေး အနည်းငယ် ချို့ယွင်းနေသည့်ကြားက ၀တ္တရားတခုအဖြစ် အင်းစိန်ထောင်ရှေ့သို့ ဒေါ်စုရုံးချိန်းနေ့တိုင်း လာရောက်လျက်ရှိသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN