Sunday, August 16, 2009

အာဆီယံနိုင်ငံဆိုသည်မှာ

ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်လျှော့ရေး ဗီယက်နမ်နှင့်လာအို ကန့်ကွက်Saturday, 15 August 2009 19:11 ကိုထွေး
ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ် စီရင်ချက်ကို လျှော့ပေါ့ပေးရေးနှင့်ပတ်သက်ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံက အဖွဲ့ဝင်နိုင်ငံများကို စာရေးအဆိုပြုခဲ့ရာ မြန်မာနိုင်ငံ၏ အရေးကို အာဆီယံက ၀င်ရောက် မစွက်ဖက်သင့်ဟု ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့က ကန့်ကွက်ခဲ့သည်။

ယင်းအဆိုပြုချက်အား မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကိုလည်း လိပ်မှုပေးပို့ခဲ့ကြောင်း မလေးရှားရောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရုမ်း၏ ပြောဆိုချက်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ရေးသား ထားသည်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် အစိုးရ ပြောခွင့်ရ မစ္စတာ Le Dungက “ဒေါ်အောင်ဆန်း စုကြည် အမှုဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးလို့ ကျနော်တို့က မြင်ပါတယ်၊ ဗီယက်နမ် အနေနဲ့ မြန်မာပြည်ကို အမြဲ ထောက်ခံသလို လမ်းပြမြေပုံအတိုင်း ဒီမိုကရေစီကို ဖော်ဆောင်မယ်လို့လည်း မျှော်လင့်ပါ တယ်” ဟူသော ပြောဆိုချက်ကို ကိုးကား၍ ယင်းသတင်းတွင် ဖော်ပြသည်။

အခြားသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုနေခြင်းကို မထောက် ခံကြောင်း၊ မြန်မာ အစိုးရ၏ ဆုံးဖြတ်ချက်ကို ဗီယက်နမ်နိုင်ငံက တစုံတရာ ဝေဖန်ပြောဆိုရန် မရှိကြောင်း ဗီယက်နမ် အစိုးရပိုင် သတင်းဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လာအိုနိုင်ငံကလည်း မြန်မာပြည်၏ ပြည်တွင်းရေးအား အခြားသော အာဆီယံနိုင်ငံများ ၀င်ရောက်စွက်ဖက် နေခြင်းကို ဆန့်ကျင်ကြောင်း ယင်းသတင်းတွင် ထပ်လောင်း ဖော်ပြထားသည်။

လာအို နိုင်ငံခြားရေးရာဌာန ပြောခွင့်ရ Khenthong Nuanthasing က “အာဆီယံ အဖွဲ့ဝင်နိုင်ငံ အနေနဲ့ အာဆီယံ ပဋိညာဉ်မှာ ပြဌာန်းထားတဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး ဆိုတဲ့မူကို လေးစားလိုက်နာရပါမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကိုလည်း မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောဆိုသည်ကိုလည်း သတင်းတွင် ရေးသားထားသည်။

အဖွဲ့ဝင် ၄ နိုင်ငံက အဆင်သင့် မဖြစ်သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်ခဲ့သော စီရင်ချက်နှင့် ပတ်သက်၍ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အထူးအစည်းအဝေးတရပ်ကို ကျင်းပရန် မရှိကြောင်းနှင့် ယင်း အဖွဲ့ဝင် ၄ နိုင်ငံကို ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သည့် စီရင်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်းနှင့် ၁၆ကြိမ်မြောက် အာဆီယံ ဒေသတွင်းအစည်းအဝေးတွင် အဆိုပြုတောင်းဆိုထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန် တောင်းဆိုထားသည့် အတိုင်း ထပ်မံတောင်းဆိုကြောင်း အာဆီယံ အဖွဲ့ ဥက္ကဌ ထိုင်းနိုင်ငံက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပါရှိသည်။

မလေးရှား နိုင်ငံခြားရေး ၀န်ကြီး Anifah Man က အာဆီယံ အနေနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး နိုင်ရေးအတွက် အရေးပေါ် အစည်းအဝေးတရပ် ကျင်းပပေးရန် တောင်းဆိုလိုက်သည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN