Saturday, August 22, 2009

တိုက်ဆိုင်သူများသို့ 

စကားတွေ စကားတွေ
ကြားလေလေ ခါးလေလေ ဘဲ
ဓါးတုန်းတုန်းနဲ့ ကြိတ်လှီးတောင် ကျုပ်နာမယ်မထင်
ဒါပေမယ့်ခင်များစကားတွေ က
တခုခုကိုဖမ်းစားနေတဲ့  ကဝေမလေလား။

ငွေလိုချင်သလား
ရွှေလိုချင်သလား
သေချာပါတယ် ကျွန်တော့ခန္ဒာကိုတော့ ခင်များ မကြိုက်တာ
တနှစ်တခါ လာလာနေကျ ခင်များမျက်နှာ
အိုအိုလို့ သာသွားပေမယ့်
စကားချိုချိုကြားရတာက အရင်အတိုင်းဘဲ။

စနစ်ဟောင်းတွေဘေးဖယ်
ခေတ်ပြောင်းဖို့ တွေးတယ်
ဒီအကြောင်းတွေသာကြားရ တ၀ဲဝဲလည်နေတဲ့ ခင်များစကား
မိုက်ကယ်ဂျက်ဆင် မွန်းဝေါ့လ်(ခ်)လို အရှေ့ တိုးချင်သလိုလိုနဲ့ 
အနောက်ကိုရွေ့ သာသွားတဲ့ 
ပြောင်းပြန်တော်လှန်ရေးသမားတော့
ကန်တော့ဆွမ်းပါ။

ဒေါင်းTM

1 comment:

HRmyanmar said...

ကိုဒေါင်းတမာန် ဆိုလိုချင်တာလေးက တကယ်မိုက်တယ်ဗျာ ကဗျာလေးယူသွားတယ်ဗျို့ ခွင့်ပြုပါ
တဆက်တည်းမှာပဲ တိုက်ဆိုင်သူများ Sorry နော်

 

Downtamun template | DOWNTAMUN