Saturday, October 24, 2009

ခက်တယ်

ခက်တယ်။
ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှ
ဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။

ခက်တယ်။
မပြည့်သေးပဲ လျှံသွားရတဲ့
လူသား သယံဇာတတွေ
ဘယ်သူမှ ပြန်မလာကြစေဖို့ 
တံခါးပိတ်ထားတာကလည်း ခက်တယ်။

ခက်တယ်။
မသုံးရသေးတဲ့ ပိုက်ဆံတွေ
ငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ 
အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။

ခက်တယ်။
ငရုတ်သီးထုပ်လို့ ကောင်းတဲ့
သတင်းစာစက္ကူဟောင်းတွေပေါ်က
လက်သုံးစံပြ ဆောင်ပုဒ်တွေ
တကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
နွားခြေရာခွက် တထွာကို
ကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။

ခက်တယ်။
အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ 
အစဉ်အလာတွေကိုထိန်း
ပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
ပေါက်နေတဲ့ ခွက်တွေကို
ကြောက်နေတဲ့ လက်တွေနဲ့ 
လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်း
အားလုံး မိုင်ကုန်မောင်းနေကြချိန်မှာ
တို့ ဆီက နိုင်ငံ့သားကောင်းတွေ
အချင်းချင်း ကျားချောင်းသလိုချောင်း
နှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။

ခက်တယ်။
သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေ
တခါတခါ စုစည်းမိကြရင်တောင်
အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်
ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာက
ပိုများနေတော့လည်း ခက်တယ်။

ခက်တယ်။
စေတနာ လက်တဆစ်နဲ့ 
ကြေငြာချက်အသစ်တွေ
နေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်
ပုံစံခွက်ကြီးတွေနဲ့ 
ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။

ခက်တယ်။
အသံတူ အကြံကွဲ တလမ်းထဲမှာ
ထစ်ခနဲဆို နှစ်ခြမ်းကွဲ
အချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။

ခက်တယ်။
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ 
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ 
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း
သိနေတာကလည်း ခက်တယ်။
ကောင်းကင်ကို


ဆက်ဖတ်မယ်ဆိုရင်....

Wednesday, October 21, 2009

လူဆင်းရဲခြင်းဘေး စိတ်ဆင်းရဲခြင်းဘေးလွတ်ကင်းအောင်

အလုံးစုံသော ဒုက္ခတို့ မှလွတ်မြောက်ရေးအတွက် သန်းရွှေအာဏာရှင်ကျဆုံးရေး စစ်မိစ္ဆာဝါဒီကျဆုံးရေးအတွက် မြန်မာနိုင်ငံသားအားလုံးတွင်တာဝန်ရှိသည်။

ဆက်ဖတ်မယ်ဆိုရင်....

Monday, October 12, 2009

အံမယ် ၂၀ မီလီယံသူတောင်းစားက လူဟစ်

၂၀၀၈ အခြေခံဥပဒေကို လိုက်နာကျင့်သုံးရန် သူတောင်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ တိုက်တွန်း
Saturday, 10 October 2009 18:41 ကိုထွေး
စစ်အစိုးရ သူတောင်းစားခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီများ အနေဖြင့် “ဒို့တာဝန်အရေးသုံးပါး” ကို အခြေခံ၍ စည်းရုံးလုပ်ဆောင်ကြရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာ ကျင့်သုံးရန် ယမန်နေ့က တိုက်တွန်း ပြောကြားလိုက်သည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ၌ ပြောကြားသော မိန့်ခွန်းတွင် သူတောင်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

[ယမန်နေ့က နေပြည်တော်၌ ကျင်းပသော စစ်မှုထမ်းဟောင်း ညီလာခံတွင် မိန့်ခွန်းပြောကြားနေသော လူသတ်သမားဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - ကြေးမုံ)]

ယမန်နေ့က နေပြည်တော်၌ ကျင်းပသော စစ်မှုထမ်းဟောင်း ညီလာခံတွင် မိန့်ခွန်းပြောကြားနေသော သူတောင်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - ကြေးမုံ)
“ယနေ့ဆိုရင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြည်သူတွေက တစ်ခဲနက် ထောက်ခံ အတည်ပြု ပေးခဲ့ပြီး ဖြစ်တယ်၊ ဒါကြောင့် ၂၀၁၀ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ဖြစ်ပေါ်လာမယ့် လွှတ်တော် အသီးသီးအတွက် ရွေးကောက်ပွဲတွေကို စနစ်တကျ ကျင်းပပေးမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကပြောသည်။

ထို့အပြင် နိုင်ငံရေး စနစ်ကူးပြောင်းရေးလုပ်ငန်းစဉ် လမ်းပြမြေပုံမှ ကျန်ရှိသည့် အဆင့်များကို အောင်မြင်စွာ အကောင်ထည်ဖော်သွားရန် စီမံထားပြီးဖြစ်သည့် အတွက် နိုင်ငံတော် အနာဂတ်ဖွဲ့စည်းမှုသည် သေချာခိုင်မာ နေပြီ ဖြစ်ကြောင်း၊ မြန်မာပြည်ကို သြဇာလွမ်းမိုးလိုသည့် နိုင်ငံကြီး တချို့သည် ခေါင်းစဉ် အမျိုးမျိုးတပ်၍ အကျပ်ကိုင်လျက်ရှိသော်လည်း တပ်မတော်အစိုးရသည် ခြောက်တိုင်းမကြောက်ဘဲ အခက်အခဲ အမျိုးမျိုးကို အောင်မြင်စွာ ဖြတ်သန်းခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

စစ်အစိုးရက ၎င်းတို့ စိတ်ကြိုက် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ၂၀၀၈ ခုနှစ် မေလက လူထုဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခဲ့ရာတွင် ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းကျော် ရရှိကြောင်း ကြေညာခဲ့သည်။

အတိုက်အခံများနှင့် ဝေဖန်သူတချို့က ယင်းလူထုဆန္ဒခံယူပွဲသည် ပြည်သူလူထုနှင့် နိုင်ငံတကာကို လိမ်လည် လှည့်ဖျားချက် တခုဖြစ်ကြောင်း တုံ့ပြန်ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန်ဟူသော ခြွင်းချက် သုံးခုဖြင့် ၂၀၁၀ တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသည်။

မြန်မာနိုင်ငံအတွင်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီ ၁၀ ခုခန့်သာရှိသော်လည်း အများစုမှာ လှုပ်ရှားနိုင်ခြင်း မရှိကြောင်း သိရသည်။

မကြာမီ စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ဖွယ်ရှိပြီး နိုင်ငံရေးပါတီ အသစ်များကို မှတ်ပုံတင် ခွင်ပြုမည်ဖြစ်သည်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက အားလုံးပါဝင်နိုင်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး အတွက် ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော်ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အရှက်တရားမဲ့ အလိမ်အုပ်စုများအကြောင်း

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲများ လုပ်ပေးမည်ဟုဆိုခြင်းသည် လိမ်လည်ခြင်းသာဖြစ်
Saturday, 10 October 2009 12:09 ဖြိုးကြီး

စစ်အစိုးရ ခေါင်းဆောင်များအနေဖြင့် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောဆိုခြင်းသည် ပြည်သူလူထုကို လိမ်လည်လှည့်ဖြား ချွေးသိပ်ပြောဆိုခြင်းသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ဦးမြင့်စိုးက ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများ ညီလာခံ ဒုတိယနေ့တွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခြေခံဥပဒေအသစ်အရ ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲများကို ကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာကျင့်သုံးရန်လိုကြောင်း ပြောကြားခဲ့သည့် မိန့်ခွန်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးမြင့်စိုး (ဓါတ်ပုံ - ရိုးမ ၃)

ဦးမြင့်စိုး (ဓါတ်ပုံ - ရိုးမ ၃)
“စစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင် ခေါင်းဆောင်တွေဟာ ဘာပဲလုပ်လုပ် သူတို့အတွက် တက်လို့ ဆုတ်လို့ရမဲ့ အနေအထားကို ရအောင်ယူထားတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကိုလည်း ဘယ်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောတာလည်း မရှိဘူး။ သူတို့ ပေါ်လစီအတိုင်းပဲ လုပ်ချင်တာလုပ်တာ” ဟု ပြောသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင် ပြဌာန်းပေးရမည့် ဥပဒေများ အလေးနက်ထား လုပ်ဆောင်ပေးခြင်းမရှိဘဲ လုပ်ချင်သလို လုပ်နေခြင်းသည် အာဏာရှင်များ၏ ထုံးစံတခုပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“နမူနာအနေနဲ့ ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲပြီးတော့လည်း လွှတ်တော်အသစ် ဖွဲ့မလား၊ ၄၇ ဖွဲ့စည်းပုံအတိုင်း သွားမလာဆိုပြီး လွှတ်တော်ခေါ်ပြီး ပြောဆိုတာတွေ၊ ဘာတခုမှ တိတိကျကျ ပြဌာန်းလုပ်ဆောင်ပေးခဲ့တာမရှိဘူး။ လုပ်တာနဲ့ ပြောတာ ကိုက်ညီတာ ဘာမှမရှိဘူး” ဟု ဦးမြင့်စိုးက ဆက်လက်ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထုကို ဂရုစိုက်ခြင်းမရှိဘဲ လုပ်ချင်တာ လုပ်နေသည်ကို ၂၀၀၈ ခုနှစ်အတွင်းက နာဂစ်မုန်တိုင်းကြောင့် အသက်ပေါင်း သိန်းချီသေဆုံးခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်ဟု ပြောသည်။

“ထိုင်ဝမ်မှာဆိုရင် လူ ထောင်ဂဏန်းလောက် သေတာနဲ့ အစိုးရတဖွဲ့လုံး ပြုတ်သွားတယ်။ ကျနော်တို့ မြန်မာပြည်မှာ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း သိန်းချီသေသွားတဲ့ အချိန်မှာတောင် စစ်အာဏာရှင်တွေက သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရအောင်လုပ်သွားတယ်ဆိုတာ တော်တော်ကို စက်ဆုတ်ရွံရှာဖွယ် ကောင်းတယ်” ဟု ဆက်လက်ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အမှန်တွေ သိမ်းဆည်းပါသည်

ကျေးလက်သျှမ်းရွာများ မီးရှို့မှု၌ ရပခ တိုင်းမှူးကိုယ်တိုင်အမိန့်ပေး

ကြာသပတေးနေ့၊ 08 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်

ဂျူလိုင်လနှောင်းပိုင်းက သျှမ်းပြည်အလယ်ပိုင်း အိမ်ခြေ ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရမှုတွင် တောင်ကြီးအခြေ စိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်ကိုယ်တိုင် အမိန့်ပေးညွှန်ကြားခဲ့သည်ဟု သျှမ်းပြည်အလယ်ပိုင်းသတင်းရပ်ကွက်ပြောပါသည်။

“မီးရှို့ခိုင်းတုန်းကလဲ သူဘဲ၊ အခု အားချင်းအိမ်ပြန်ဆောက်ပေးခိုင်းတော့လဲသူဘဲ၊ ပြည်သူတွေကို ဘယ်လို မျက်နှာပြရမလဲ” - ဟု သျှမ်းပြည်အလယ်ပိုင်းရှိ တပ်ရင်းမှူးတဦးပြောကြောင်း နီးစပ်သူတဦး က ပြောပါသည်။

မီးရှို့ဖျက်ဆီးခံရသည့် လဲချားမြို့နယ် တတ်မောက်ကျေးရွာအုပ်စု နှင့် မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု အလိုက် ပျဉ်ထောင်အိမ် အလုံးပေါင်း ၁၂၀ ကျော်အား သုံးလအတွင်း အပြီးဆောက်လုပ်ပေးရန် တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်ညွှန်ကြားမှု အပေါ် ဆိုဒ်အတွင်းကွပ်ကဲသည့် တပ်ရင်းမှူးများ မကျေမနပ် ညည်းတွားကြောင်း၊ မီးရှို့ခိုင်းစဉ်ကလည်း ဗိုလ်ရာပြည့်ကိုယ်တိုင် အမိန့်ပေးခဲ့ကြောင်း မြောက်ပိုင်းအပစ်ရပ်တပ်ဖွဲ့နှင့် - နီးစပ်သည့် အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်က မိုင်းနောင် အခြေစိုက် အမှတ် ၂ စကခ မှူး ဗိုလ်မှူးကြီးကျော်ဇံမြင့် ဆီတိုက်ရိုက်ညွှန်ကြားတယ် တဲ့။ ဗျူဟာနှစ်ခု လက်အောက်ခံ တပ်ရင်း ၅ ရင်းက ရွာတွေကိုမီးရှို့ဖျက်ဆီးတယ်။ အဓမ္မပြောင်း ရွေ့ခိုင်းတယ်။ ရွာသူ ရွာသားတွေ မိုးတွင်းတခုလုံး အိုးမဲ့အိမ့်မဲ့ဘ၀ နဲ့ ဒုက္ခခံခဲ့ရပြီး မိုးကုန်မှ အလျင်စလို အိမ်ပြန် ဆောက်ပေးဖို့ တိုင်းမှူးက ပြန်ပြောလာတယ်။ သူခိုင်းချင်ရာခိုင်းနေတော့ တပ်ရင်းမှူးတွေကလဲ မခံနိုင်ဖြစ်လာ တာပေါ့” - ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပြ၏။
[နအဖ တပ် မီးရှို့ဖျက်ဆီးခဲ့သည့် သျှမ်းပြည်အလယ်ပိုင်းမှ ကျေးလက်နေအိမ်များ Photo: Taifreedom]
မီးရှို့ဖျက်ဆီးခံရသည့် ကျေးလက်လူထုအတွက် စစ်တပ်က သစ်လုပ်ငန်းရှင်များအား (ခွဲစိတ်ပြီးသားသစ် တန်ချိန် ၃၀၀၀ ထောင်၊ သစ်တုံး တန်ချိန် ၂၀၀၀ ကျော်) သစ်ပါမစ်ပေးခဲ့သော်လည်း မိုင်းကိုင်မြို့နယ် တုံလောဝ် အခြေစိုက် ဗျူဟာမှူးက ကားလမ်းဘေးရှိ ကျေးရွာများအား တစ်အိမ်လျှင် သစ်တစ်တန်နှုန်းခုတ်ဖြတ်ပေးရန် ဆင့်ဆိုခဲ့သည်ဟုဆိုသည်။

အမည်မဖေါ်လိုသည့် ရွာသူကြီးတဦးက - “ တရုပ်နယ်စပ်အခြေအနေက မကောင်းဘူးဆိုတော့ သစ်ပါမစ်ရလဲလုပ်စားဖို့က အဆင်မပြေပြန်ဘူး၊ ရှင်းရှင်းပြောရင် ဗျူဟာမှူးအမိန့်နဲ့ ရွာသားတွေကို လုပ်အားပေးခုတ်ခိုင်း ထားတဲ့သစ်တွေကိုသစ်ပါမစ်ရ ထားတဲ့သူတွေက တတန် ၃ သိန်းနှုန်းနဲ့ ပြန်သွားဝယ်ရတယ်။ အဲဒီသစ်တွေနဲ့ မီးရှို့ခံရတဲ့ သူတွေအတွက်ပြန်ဆောက်ပေး ရမယ်၊ သစ်ပါမစ်ရထားတဲ့ဟာကတော့ သူတို့နဲ့မဆိုင်တော့ဘူး၊ ကိုယ့်ဟာကိုဘဲ ခုတ်ဖြတ်ထုတ်ရောင်းဖို့ရှိတယ်” - ဟု ရှင်းပြ၏။

မီးရှို့ဖျက်ဆီးခံရသော တတ်မောက်ကျေးရွာအုပ်စု ၊ ဟိုခိုင်းကျေးရွာအုပ်စုအား နားဂစ်ပျဉ်ထောင်အိမ်ပုံစံတူစံပြကျေးရွာ လုပ်ပေးရန် နှင့် အစိုးရဌာနများဖြစ်သည့် သစ်တော၊ ကျန်းမာရေး၊ ပညာရေးဌာနအပြင် တိုင်းစစ်ဗျူဟာ တခုလည်းတိုးချဲ့ ထားရှိသွားမည်ဟု အမည်မဖေါ်လိုသည့် ဒေသခံ ခေတ်ပညာတတ် လူငယ် တဦးက ပြောပါသည်။

ကျေးလက်လူထုအား သျှမ်းသူပုန်ဆက်သွယ်သတင်းပေးသည်ဟုဆိုကာ နေအိမ်ဥစ္စာပစ္စည်းများ၊ စပါးကျီများပါ မကျန် မီးရှို့ဖျက်ဆီးခဲ့ပြီး သုံးလအတွင်း အိမ်အသစ်ပြန်ဆောက်ပေးရန် ရပခ တိုင်းမှူးညွှန်ကြားရခြင်းမှာ အကြောင်း ၃ ရပ်ရှိကြောင်း - (၁) ၂၀၁၀ ရွေးကောက်ပွဲအတွက် ထောက်ခံမဲရရန် ပြည်သူလူထုအား စည်းရုံး ချွေးသိပ်ခြင်း။ (၂) သျှမ်းပြည်တပ်မတော် လှုပ်ရှားနယ်မြေအတွင်း စစ်အစိုးထပ်တိုးချရန်ရှိခြင်း၊ (၃) ဒေသခံ စစ် အရာရှိများကသစ်လုပ်ငန်းရှင်များထံမှဝင်ငွေရရန် ဖန်တီး ပေးခြင်းတို့ ဖြစ်သည်ဟု သုံးသပ်သူများ ပြောဆိုကြသည်။

သျှမ်းသူပုန်များအား ဆက်သွယ်ထောက်ပံ့သတင်းပေးသည်ဟု ယူဆခံရသည့် လဲချား မိုင်းကိုင်မြို့နယ်မှ ကျေးရွာ ၁၀ ရွာကျော် (အိမ်ခြေ ၅၀၀ ကျော်) အား ဂျူလိုင်လနှောင်းပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၃၉ ရွာကိုလည်း နေရပ်ရင်းမှ အဓမ္မပြောင်းရွေ့ အိုးအိမ်စွန့်ခွာခိုင်းခဲ့ပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Wednesday, October 7, 2009

တသက်နိုင်ထက်စီးနင်းလုပ်ခဲ့ ပေမယ်လည်း မည်သည့် အဖွဲ့ အစည်းကိုမှ အပြုတ်မတိုက်နိုင်ခဲ့ တဲ့  နအဖ

အပစ်ရပ်နယ်မြေအတွင်း အစိုးရစစ်ယာဉ်တန်း ညဘက်ဖြတ်သန်း အကဲစမ်း
အင်္ဂါနေ့၊ 06 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်
စစ်အစိုးရတပ် ခလရ ၂၉၆ မှ စစ်ကြောင်းတကြောင်း အပစ်ရပ် SSA မြောက်ပိုင်း နယ်မြေအတွင်း ညဘက်ဖြတ်သန်း သွားလာကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်း-တာ့ကော့် အခြေစိုက် ခလရ ၂၉၆ မှ ဗိုလ်မှူးကျော်ဝင်းနိုင် ဦးဆောင်သည့် စစ်ယာဉ်တန်း (တရုတ်လုပ် တုန်းဖုန်း) ကား ၄ စီး အင်အား ၁၀၀ နီးပါး အောက်တိုဘာ ၄ ရက် ည ၈ နာရီက မိုင်းဇန် (မိုင်းရှူးမြို့တောင် ဘက်) မှ မိုင်းရှူးရတနာမြေသို့ ညတွင်းချင်းခရီးထွက်ရာ နေ့ဘက်မိုင်းရှူး၌နားပြီး အောက်တိုဘာ ၅ ရက် ည ၈ နာရီ မိုင်းရှူးမှ ဆက်ထွက်ခွါ၍ အပစ်ရပ် မြောက်ပိုင်း SSA တပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်းသို့ ည ၉ နာရီကျော်တွင်ဖြတ်သန်း သွားသည် ဟု ဆိုပါသည်။
[တရုတ်လုပ် တုန်းဖုန်းအမျိုးအစား စစ်ကား]


တရုတ်လုပ် တုန်းဖုန်းအမျိုးအစား စစ်ကား

အမည်မဖေါ်လိုသည့် အပစ်ရပ် မြောက်ပိုင်း SSA အရာရှိတဦးက - “အရင်က အခုလိုမျိုး SSA နယ်မြေအတွင်း ညဘက် သွားလာတာ မရှိခဲ့ဖူးဘူး။ တပ်စခန်းအပြောင်းအလဲရှိလည်း နေ့ခင်းပိုင်းသွားလာတာများတယ်” - ဟု ဆို၏။

ဤကဲ့သို့ စစ်အစိုးရတပ် ညဘက် သွားလာလှုပ်ရှားခြင်းမှာ အဓိက အကြောင်းရင်း ၃ ခု ရှိနိုင်ကြောင်း - (၁)အပစ်ရပ် တို့၏ လှုပ်ရှားမှု စစ်ရေးပြင်ဆင်မှု သတိဝိရိယထားရှိမှု စုံစမ်းသိရှိလိုခြင်း၊ (၂) အပစ်ရပ်နယ်မြေအတွင်းဖြတ်သန်းသွား စဉ် အမာခံ သတင်းပေး သူလျှိုများ လျှို့ဝှက်ချထားခြင်း၊ (၃) အများပြည်သူသိမည်စိုးသဖြင့် လက်နက်ကြီးလျှို့ဝှက် သယ်ဆောင်ခြင်း - စသည်တို့ ဖြစ်နိုင်ကြောင်း ဆက်ပြောပြပါသည်။

အပစ်ရပ်အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်နှင့် ရင်းနှီးသည့် ခရီးသွားတဦးက - “ အရင်တုန်းက အပစ်ရပ်နယ်မြေအတွင်း အစိုးရ စစ်ယာဉ်တန်းဖြတ်ဖို့ရှိရင် ၁ ရက် - ၂ ရက် ကြိတင်အကြောင်းကြားတယ်။ အခု ဘာမှမပြောဘူး၊ ၀မ့်ဟိုင်းအ၀င်ဂိတ်နား ရောက်မှ ဖြတ်သန်းခွင့်အတွက် အကြောင်းကြားတယ်” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။

စစ်အစိုးရသည် နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များအား ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလ နောက်ဆုံးထားပြီး နယ် ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးထားသကဲ့သို့ အပစ်ရပ်မြောက်ပိုင်း SSA တပ်ဖွဲ့ကိုလည်း ပြည်သူ့ စစ်အဖြစ် ကူးပြောင်းရန် အကြိမ်ကြိမ်ခေါ်ယူဖိအားပေးခဲ့သော်လည်း အပစ်ရပ်မြောက်ပိုင်း SSA တပ်ဖွဲ့က အချိန်ဆွဲ၍ ခေါင်းခါငြင်းဆန် ထားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဟုတ်ကျော်...ပုတ်ပေါ်

Tuesday, 06 October 2009 19:07 သန်းထိုက်ဦး
E-mail Print
စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ သတင်းနှင့် ပတ်သက်ပြီး ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် စာပေစိစစ်ရေးက ဖိအားပေး ဖော်ပြခိုင်း ထားကြောင်း သိရှိရသည်။

ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တခု တွင် တွေ့ရစဉ် (ဓာတ်ပုံ - AP)
လွန်ခဲ့သည့် အပတ် စက်တင်ဘာလ ၁ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ရဲချုပ် ခင်ရီက ရန်ကုန်တိုင်း အတွင်းရှိ ရဲတပ်ဖွဲ့ စခန်းများကို ကြည့်ရူစစ်ဆေးနေသည့် သတင်း အချက်အလက်နှင့် ဓာတ်ပုံကိုပါ ဂျာနယ် များ တွင်ဖော်ပြရမည်ဟု ပြည်တွင်း သတင်းထောက်တဦးက ဧရာဝတီသို့ပြောသည်။

“သတင်းစာထဲမှာ ပါပြီးသား သတင်းကို ပုံနဲ့ စာနဲ့ မထည့်မနေရ ဂျာနယ်တိုင်း ဒီတပတ်ထွက် နောက်ဆုံးထွက်တဲ့ အထဲမှာ အကုန်လုံး ထည့်ပေးရတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းကဲ့သို့ ပုံနှိပ်ဖော်ပြခိုင်းသော သတင်းမှာ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ ခရိုင်ရဲတပ်ဖွဲ့များ၏ စိုက်ပျိုးရေးခြံ၌ စပါးစိုက်ပျိုးရေးနှင့် ၀က်၊ဘဲ၊ငါးမွေးမြူရေးလုပ်ငန်းများ၊ရဲတပ်ဖွဲ့များ ဆောက်လုပ်လျက်ရှိသော အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးမှုဖြစ်ကြောင်း သိရသည်။

ယင်း သတင်းနှင့် ဓာတ်ပုံကို ဂျာနယ်တိုင်းကိုထည့်ရန်အတွက် ဖိအားပေးခြင်းသည် ရဲချုပ် ခင်ရီ အထိန်းသိမ်းခံ ရသည်ဟူသော သတင်းကြောင့်ဖြစ်နိုင်သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက သုံးသပ်နေကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလလယ်တွင် ရဲမှူးကြီး ၀င်းနိုင် လာဘ်စားမှုကြောင့် ရန်ကုန်တိုင်း အထူး စစ်ဆင်ရေး ကွပ် ကဲရေးအဖွဲ့(ကစထ) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက စစ်ဆေးခဲ့ပြီး နေပြည်တော်သို့ လွှဲပြောင်းစဉ် ရဲမှူးကြီး ဝင်းနိုင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ ရဲချုပ် ခင်ရီကိုလည်း ဖမ်းဆီး စစ်ဆေးနေသည် ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။

ရဲမှူးကြီးဝင်းနိုင်နှင့်အဖွဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်ရပ်သည် ၎င်း၏ဇနီး ဒေါ်မွှေးမွှေး ပိုင်ဆိုင်သော ကာရာ အို ကေဆိုင်တဆိုင်ကို ရန်ကုန်တိုင်း ရဲအထူးသတင်းတပ်ဖွဲ့(SB)က ဝင်ရောက်စစ်ဆေးစဉ် ရဲမှူးကြီး ဝင်းနိုင်က မကျေ နပ်သဖြင့် အချင်းများကြပြီး ၎င်း၏ လာဘ်စားမှုများ ပေါ်ပေါက်ခဲ့ရာမှ စတင်သည်ဟုသိရသည်။

ရန်ကုန် အဝေးပြေးကားဂိတ်အတွင်းရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ အပါအဝင် ရန်ကုန် တမြို့လုံးရှိ အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များအားလုံးမှာ ရဲမှူးကြီးထံသို့ တလလျှင် ဆက်ကြေး သဘော ကျပ် ၆ သိန်း ဝန်းကျင်စီ ပေးရလေ့ရှိကြောင်း ထို ဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ရဲမှူးကြီးဝင်းနိုင်အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ပတ်သက်နိုင်သည်ဟု ရဲတပ်ဖွဲ့ အာဏာပိုင်များနှင့် နီးစပ်သူတဦးက ပြောသည်။ ရဲမှူးကြီး ဝင်းနိုင်သည် ရန်ကုန်တိုင်းရဲမှူးအဖြစ် တာဝန်မထမ်း ဆောင်မီက ရှမ်းပြည်နှင့် တရုတ်ပြည် နယ်စပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတဦးဖြစ်ကြောင်း သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Sunday, October 4, 2009

သန်းရွှေ နာဂစ်ဒေသ လေဟာပြင်ခရီးထွက်မည်

သူသတ် သန်းရွှေ နာဂစ်ဒေသ သွားရန် စီစဉ် မဇ္ဈိမသတင်းဌာန စနေနေ့၊ အောက်တိုဘာလ 03 ရက် 2009 ခုနှစ် 16 နာရီ 18 မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရခေါင်းဆောင် သူသတ် သန်းရွှေသည် နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်သင့် မြစ်ဝကျွန်းပေါ် ဒေသသို့ ၂ ရက်တာခရီး သွားရောက်မှာ ဖြစ်သည်ဟု စစ်ဘက် သတင်းရပ်ကွက်အရ သိရသည်။

အောက်တိုဘာ ၆ ရက်နေ့တွင် ခရီးစဉ်စတင်မှာဖြစ်ပြီ ဖျာပုံမြို့နယ်ရှိ ဆိုင်ကလုံးမုန်တိုင်းဖြစ်လျှင် ခိုလှုံရာဖြစ်သော ယုဇန ဆိုင်ကလုံးခိုဇရပ် ဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်သည်။ အခြားသော ဆိုင်ကလုံးခိုဇရပ်များမှာ သတ်မှတ်ချိန် ပြီးစီးခြင်းမရှိသေး၍ အချိန်မှီ ဖွင့်ပွဲ မလုပ်နိုင်ဘဲ ရှိသည်။

သန်းရွှေသည် ရန်ကုန်တွင် ရောက်ရှိနေပြီး သီတင်းကျွတ်ကာလ ဖြစ်သည့်အတွက် ဂါရဝ ပြုလိုသူ စစ်ဘက် အရာရှိကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံနေရသည်ဟုလည်း ဆိုသည်။

ထို့အပြင်နံပါတ် ၁ စစ်အစိုးရ ခေါင်းဆောင်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံကောင်း တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု စစ်ဘက် သတင်းရပ်ကွက်တွင် ထင်ကြေးပေးနေကြသည်။

“အရာရာအားလုံး ချောချောမွေ့မွေ့ ဖြစ်တယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး တွေ့မယ်နဲ့တူတယ်။ အဲသလို မဟုတ်ရင်တော့ တခြား တယောက်ယောက်ပေါ့” ဟု သတင်း ရပ်ကွက်တခုက ပြောသည်။ သို့သော် မည်သို့သော ကန့်သတ်ချက်များ၊ အခြေအနေများအပေါ် မူတည်သည်ဆိုခြင်းကို ပြောဆိုသွားခြင်း မရှိပါ။

နအဖ၏ ဆက်ဆံရေးဝန်ကြီး ဗိုလ်ချုပ် အောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ရိပ်သာတွင် မိနစ် ၄၀ ကြာ တွေ့ဆုံ ဆွေးနွေးမှု ပြုခဲ့သည်။ ယနေ့မွန်းလွဲ ၁ နာရီက စတင် ပြုလုပ်သော ဆွေးနွေးပွဲ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က စစ်ခေါင်းဆောင်ထံ ပေးပို့လိုက်သော စာနှင့် ပတ်သက် နေနိုင်သည်ဟု ရန်ကုန်ရှိ အတိုက်အခံ သတင်းရပ်ကွက်က ပြောသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည် ရုပ်သိမ်းရန် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျတို့ကို စည်းရုံး သိမ်းသွင်းပေးမည်ဟု စက်တင်ဘာ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က သန်းရွှေထံ ရေးသားပေးပို့သော စာတွင် ပါရှိသည်။

ထို့အတွက် သက်ဆိုင်ရာနိုင်ငံများ၏ သံတမန်များနှင့် တွေ့ဆုံခွင့်ပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်က ရေးသားထားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Saturday, October 3, 2009

သာသနာ့ကျိန်စာ

သံဃာတော်များ၊ကျောင်းသားများ၊ပြည်သူများကို ညှင်းပန်းနှိပ်စက်နေသော န အ ဖ

စစ်အုပ်စုနှင့်တကွနောက်လိုက်အလိုတော်ရိ ကြံ့ဖွတ်၊စွမ်းအားရှင်ဝန်ထမ်းများအားလုံး

ကိုသာသနာ့ကျိန်စာတိုက်လိုက်သည်။

စစ်အုပ်စုနှင့်တကွနောက်လိုက်အလိုတော်ရိများသည် သံဃာတော်များကိုသေနတ်နှင့်

ပစ်သတ် ၀ါးရင်းဒုတ်နှင့်ရိုက်ကာမတရားဖမ်းဆီးထောင်ချနှိပ်စက်သတ်ဖြတ်နေသည်

မှာတကယ်မှန်ပါသည်။

အေးချမ်းစွာဖြင့်ဗုဒ္ဓ၏အရိပ်အောက်တွင်နေထိုင်ကြသောပြည်သူပြည်သားများကို

ဖမ်းဆီးထောင်ချ မတရားနှိပ်စက်ခြင်း၊မိန်းကလေးများအားမုဒိန်းကျင့်ခြင်း၊အတင်း

အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊တိုင်းပြည်ဘဏ္ဍာများကိုမတရားခိုးယူခြင်းဖြင့်တနေ့

တခြားဆိုးရွားယုတ်လာသည်မှာတကယ်မှန်ကန်ပါသည်။

ဤမှန်ကန်သောသစ္စာစကားကြောင့် န အ ဖ စစ်အုပ်စုနှင့်တကွ နောက်လိုက်

အလိုတော်ရိကြံ့ဖွတ်၊စွမ်းအားရှင်မိသားစုများအားလုံးသည်ဆင်းရဲဒုက္ခများချက်ချင်းခံ

စားကြရပါစေသတည်း။တစ်ကမ္ဘာပတ်လုံး မဟာအ၀ိစိငရဲမှာ ခံနေကြရပါစေသတည်း။

တစ်ကမ္ဘာပတ်လုံးဆင်းရဲမွဲတေငတ်ပြတ်ကာလိုက်တောင်းစားနေကြရပါစေသတည်း။ တစ်ကမ္ဘာပတ်လုံးဆင်းရဲဒုက္ခအ၀၀ကိုအမြဲမပြတ်ကာလပတ်လုံးခံစားနေကြရပါစေသတည်း။ တစ်ကမ္ဘာပတ်လုံးချမ်းသာဟူသောအသံကိုမကြားကြရစေသတည်း။

မှတ်ချက်။ ။မိမိလုပ်ရပ်များကိုချက်ချင်းရပ်၍သံဃာတော်များကိုဝန်ချတောင်းပန်

မည်ဆိုလျှင်၎င်းကျိန်စာမှလွတ်ငြိမ်းချမ်းသာခွင့်ရနိုင်ပါသည်။

သံဃာတော်များရဲ့အမိန့်

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Now .. Who want to use Apple products?


Are you still disagree with this image from Apple products advertising ? just Click --->follow this Apple products link

ပန်းသီး အမှတ်တဆိတ် ကုမ္ပဏီမှ ဒီဇိုင်းနာ ဂျော်န်အိုက်ဗ် က ၄င်းမျက်နှာဖြင့် ဗုဒ္ဓ ပုံတော်အား အသုံးပြုလျက် ကြော်ငြာထုတ်ဝေထားသောပုံအား ဘာသာရေးအမြင်အရ မသင့် တော်သော ကြော်ငြာအား ပန်းသီး အမှတ်တဆိတ်ပါ အသုံးအဆောင် ပစ္စည်းများအား ဆန့် ကျင့် ကြပါစို့ လို့  မျှဝေရင်း ။ မယုံပါက ဤနေရာသို့  နှိပ်ရင်းလည်ပါတ်နိုင်ကြောင်း ပန်းသီးအမှတ်တဆိတ်

ဆက်ဖတ်မယ်ဆိုရင်....

အရှေ့ ကိုလျှောက်ပါလို့  အနောက်ကိုတဲ့ မျှော်လိုက်ရင်


ရန်ကုန်မြို့ မှ ကြိုဆိုပါ၏။

ကာတွန်း ကိုဟန်လေး

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN