Thursday, May 14, 2009

လျှောသွားပြီတယောက်

KNU နှင့် တိုက်ပွဲတွင် ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦး ကျဆုံးဟု ဆို
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 13 2009 13:54 - မြန်မာစံတော်ချိန်

ကရင်အမျိုးသား အစည်းအရုံးနှင့် တိုက်ပွဲတွင် ကျဆုံးသွားသည်ဟု ဆိုသော မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိတဦး၏ ရုပ်အလောင်းကို ယနေ့တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။

ပဲခူးတိုင်း သံတောင်မြို့နယ် ဘောကလိကျေးရွာ အုပ်စုမှ အမှတ် ၅ စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကောင်းမြတ်သည် မေလ ၁၁ ရက်နေ့က ကရင်လွတ်မြောက်ရေးတပ်နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ကေအန်ယူက ထုတ်ဖော်ပြောဆိုထားသည်။

ကေအန်ယူမှ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ၎င်းတို့ တပ်နှင့် တိုက်ပွဲတွင် ကျဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်အစိုးရက တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ထုတ်ပြန်သေးခြင်း မရှိသေးဘဲ ဗိုလ်မှူးချုပ် ကောင်းမြတ်၏ နာရေးကြော်ငြာကိုသာ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ သတင်းစာက မည်သည့် နေရာတွင် သဂြုင်္ိဟ်မည်ကို ဖော်ပြခြင်း မရှိသော်လည်း သင်္ဃန်းကျွန်းမြို့နယ် အိမ်တွင် ဆွမ်းကျွေးမည်ဟု သိရသည်။

ကြည်း-၂၆၈၀၁ စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ဆင်း အသက် ၄၉ နှစ် အရွယ် ဗိုလ်မှူးချုပ် ကောင်းမြတ်သည် မန္တလေးမြို့နေ ဗိုလ်ကြီးခင်လှ၏ တတိယမြောက် သားဖြစ်ပြီး၊ ကလေး ၂ ဦး၏ ဖခင်ဖြစ်သည်။

လက်ရှိတွင် သင်္ကန်းကျွန်းမြို့နယ် ကံ့ကော်ရိပ်သာလမ်း အမှတ် ၂၀၉ တွင် နေထိုင်သည့် ဇနီးသည် ဒေါ်ခင်ထွေးနှင့် သားဖြစ်သူ မောင်ကောင်းကျော်မြတ်၊ သမီး မလှမြတ်နိုးတို့ ကျန်ရစ်ခဲ့သည် ။
ချင်းမိုင် (မဇ္ဈိမ မှကူးယူ သိမ်းဆည်းပါသည်)

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Wednesday, May 13, 2009

အမျိုးယုတ် တွေ လုပ်နေကျ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝင်းထဲကို ရေကူး
ဝင်ရောက်တဲ့ အမေရိကန် နိုင်ငံသားတဦးကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေ
ထွက်ပေါ်နေချိန်မှာပဲ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အမေရိကန်သတင်းထောက်
၂ ဦးကိုလည်း နိုင်ငံက နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်စင်တာက စီစဉ်တဲ့
စာနယ်ဇင်းသင်တန်းတခုကို ပို့ချအပြီး သူတို့ ၂ ဦးကို မန္တလေးမြို့မှာ အာဏာပိုင်တွေက
ထိန်းသိမ်းပြီး နိုင်ငံက ထွက်ခွာခိုင်းခဲ့တာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှာ ဒေသခံ သတင်းသမားတချို့အတွက် စာနယ်ဇင်း
သင်တန်း ပေးခဲ့ကြတဲ့ အမေရိကန် ဓာတ်ပုံသတင်းထောက် တဦးဖြစ်တဲ့ ဂျယ်ရီ
ရက်ဒ်ဖန်း (Jerry Redfern) နဲ့ ဇနီးသည်ဖြစ်သူ ကာရန်း ကုတ်စ် (Karen Coates) တို့
၂ ဦးကို အာဏာပိုင်တွေက နိုင်ငံတွင်းကနေ မောင်းနှင်ထုတ်ခဲ့တာပါ။ မန္တလေးမြို့မှာ
ဗုဒ္ဓဟူးနေ့က သူတို့ ၂ ဦးကို ထိန်းသိမ်းပြီး ချက်ချင်းဆိုသလို နောက်တနေ့ပဲ ရန်ကုန်မြို့
ကတဆင့် နိုင်ငံကနေ ထွက်ခွာခိုင်းခဲ့တာလို့ အခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို
ပြန်ရောက်နေတဲ့ သူတို့ ၂ ဦးက ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောလိုက်ပါ
တယ်။ ဘာအကြောင်းကြောင့်ဆိုတာ အာဏာပိုင်တွေဘက်က ရှင်းမပြပေမယ့်
သူတို့ကို အစိုးရရုံးစိုက်ရာ နေပြည်တော်က တိုက်ရိုက်ညွှန်ကြားချက်အရ ဆိုပြီးတော့
သာ ပြောတယ်လို့လည်း ဆိုပါတယ်။

တကယ်တော့ မန္တလေးမြို့မှာ အမေရိကန်စင်တာက စီစဉ်တဲ့ စာနယ်ဇင်းသင်တန်း
ပေးနေချိန် အထူးရဲတပ်ဖွဲ့က လာပြီး အကဲခတ်တာတွေ ရှိခဲ့ပေမယ့် အစောပိုင်းမှာ
တစုံတရာ အနှောင့်အယှက်ပေးတာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း
သင်တန်းအပြီး ဗုဒ္ဓဟူးနေ့ ညပိုင်းကျမှ ပစ္စည်းတွေသိမ်းဖို့ လူဝင်မှုကြီးကြပ်ရေး
အရာရှိတွေက လာပြီးညွှန်ကြားခဲ့တယ်၊ အဲဒီနောက် ရန်ကုန်ကို ရထားနဲ့ ချက်ချင်း
ဆိုသလို ခေါ်သွားပြီး လေယာဉ်ပေါ် တင်ပေးခဲ့တာလို့လည်း သူတို့က ပြောပါတယ်။
သူတို့ ၂ ဦးအနေနဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းကလည်း အလားတူ သင်တန်းတွေ ပို့ချ
ဘူးပြီးတော့ ဒီတကြိမ်မှာလည်း မြန်မာစစ်အစိုးရရဲ့ ဆင်ဆာအဖွဲ့နဲ့ အထူးရဲတပ်ဖွဲ့တို့
ကလည်း လက်ခံထားပြီးသားလို့ ဆိုပါတယ်။

သတင်းလုပ်ငန်းအတွက် အခုလို ရောက်လာပေမယ့်လို့ စာနယ်ဇင်းလွတ်လပ်ခွင့်မရှိတဲ့
နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံ အနေနဲ့ကတော့ စာနယ်ဇင်း
သမားတွေကို လက်ခံလေ့ သိပ်မရှိဘူးလို့လည်း အခုအဖြစ်အပျက်နဲ့ ပတ်သက်လို့
မြန်မာနိုင်ငံက စာနယ်ဇင်းသမားတဦးက မှတ်ချက်ပေးပါတယ်။

“ဘာပြဿနာဖြစ်လဲတော့ မသိရဘူး။ ကျနော်သိသလောက် ဒီဆရာလင်မယားကတော့
အေးအေးဆေးဆေးပါပဲ။ သူတို့တည်းတဲ့ မန္တလေးစီးတီးဟိုတယ်ကို ည ၉ နာရီလောက်
လာခေါ်သွားပြီး ညတွင်းချင်းပဲ ရထားနဲ့ ရန်ကုန်ကိုလိုက်ပို့တယ်။ အမှန်က သူတို့က
နောက်တရက်မှပြန်ရမှာ။ အဲဒါကို လက်မခံဘဲ ခေါ်သွားတာ။ ဒီမှာက ဂျာနယ်လစ်တွေ
ဆို သိပ်ပေးဝင်တာမှ မဟုတ်တာ။”

မြန်မာနိုင်ငံက စာနယ်ဇင်းသမားတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

အခုအဖြစ်အပျက်ဟာဆိုရင် အမေရိကန် နိုင်ငံသားတဦး ဒေါ်အောင်ဆန်းစုကြည်
နေအိမ်ကို ဥပဒေမဲ့ ၀င်ရောက်ခဲ့လို့ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်ဆိုပြီး
မြန်မာစစ်အစိုးရက ပြောဆိုထားချိန်နဲ့လည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့တာပါ။
နိုင်ငံက ပြန်လည်ထွက်ခွာလာကြရတဲ့ သတင်းစာသမား ၂ ဦးကတော့ ဒေါ်အောင်ဆန်း
စုကြည် နေအိမ်ဝင်းထဲက ဖြစ်ရပ်ရဲ့ အကျိုးဆက် ဖြစ်ကောင်းလည်း ဖြစ်လိမ့်မယ်လို့
ဆိုပေမယ့် တကယ့်အကြောင်းရင်းမှန်ကို သူတို့အနေနဲ့ ဘယ်လိုမှ သိခွင့်မရခဲ့ဘူးလို့
လည်း ပြောပါတယ်။ ဒါပေမယ့်လို့ သူတို့ ၂ ဦးရဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ရော
ဘာအကြောင်းကြောင့် အခုလို ထွက်ခွာခိုင်းရတယ် ဆိုတာမျိုးတွေနဲ့ ပတ်သက်လို့ရော
အာဏာပိုင်တွေဘက်က တစုံတရာ ပြောတာဆိုတာမျိုးတော့ မကြားရပါဘူး။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကုန်စိမ်းဈေးတန်းမှ မိန်းမကြီးကဲ့ သို့  ကလိမ်ကကျစ် များတတ်သော အမျိုးယုတ်အစိုးရဟူသည်

စစ်အုပ်စုရဲ့ မရိုးသားမှု...(ယဉ်ထွန်း)

ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့် အင်းလျားကန် အပေါ်စီး မြင်ကွင်း။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အနီရောင် စက်ဝိုင်း၊ အမေရိကန်နိုင်ငံသား အဖမ်းခံခဲ့ရသည်ဟု ဆိုသော နေရာကို လေးထောင့်ကွက်ဖြင့် ဖော်ပြ ထားသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲကို နိုင်ငံခြားသားတယောက် ရေကူးဝင်ရောက်သွား တယ်။ ပြီးတော့ ပြန်ထွက်အလာမှာ ဖမ်းဆီးရမိတယ် အဲ့ဒီနိုင်ငံခြားသားဟာ ဒေါ်စုနေအိမ်ထဲမှာ (၂) ရက် နေထိုင်ခဲ့တယ် စသညဖြင့်သတင်းတွေကို စစ်အစိုးရပိုင် သတင်းစာမှာ ဖေါ်ပြခဲ့တယ်။ ဒီသတင်းထွက်လာပြီးတော့ ဘလော့ စာမျက်နှာတွေက စီဘောက်တွေထဲမှာ IP ကိုစစ်လိုက် တော့ မြန်မာပြည်ထဲကပါ အဲ့ဒီလူတယောက်က အခုလို စီဘောက်တွေမှာ ရေးလာပါတယ်။

မိုးထက်မြင့်: အန်တီစု လွတ်ခါနည်းမှ နောက်တစ်မှု ထပ်ပေါ်လာတယ်။
8 May 09, 00:13
မိုးထက်မြင့်: အဲဒီနိုင်ငံခြားသားက CIA ကဖြစ်နိုင်တယ်။
8 May 09, 00:12
မိုးထက်မြင့်: အန်တီစု လုံခြုံရေးအတွက် စိုးရိမ်ရတယ်ဗျ။
8 May 09, 00:12
မိုးထက်မြင့်: ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို နိုင်ငံခြားသားက ခိုးဝင်ပြီး ၂ ရက်တောင် နေခဲ့တာတဲ့။

ရုတ်တရက် သာမန်နိုင်သားတယောက်အနေနဲ့ ရိုးရိုးလေးကြည့်မယ်ဆိုရင် ဒေါ်စုလုံခြုံရေး အတွက် စိုးရိမ် သယောင်ယောင် စာတကြောင်း ကလွဲလို့ ကျန်တဲ့စာကြောင်းတွေက စံနစ်တကျ စိတ်ဓါတ် စစ်ဆင်ရေး လုပ်ထားတာပါ။ နှစ်ရက်တောင် နေခဲ့တယ် ဆိုတာဟာ စစ်အစိုးရသတင်း နဲ့ထပ်တူပါပဲ။ CIA က ဖြစ်နိုင်တယ် ဆိုတာ ဒေါ်စုဟာ CIA နဲ့အဆက်အသွယ်ရှိနေရှိနေ တယ်လို့ စွပ်စွဲတာပါ ဆိုလိုခြင်တာက နအဖ စစ်အုပ်စု သုံးသုံးနေတဲ့ ပြည်ပအားကိုးပုဆိန် ရိုးဆိုတာကို တဖက်လှည့်ပြောလိုက်တာပါ။ နိုင်ငံခြားသား တယောက် ခိုးဝင်ပြီး (၂)ရက်တောင် နေခဲ့တယ်ဆိုတာဟာ သတင်းကိုလိုသလိုပုံသွင်းထားတာပါ ဆိုလိုခြင်တာက လူထုခေါင်း ဆောင်အဖြစ် မြန်မာ ပြည်သူ လူထုကြီးက လေးစားတဲ့ ကမ္ဘာလေးစားတဲ့ ဒေါ်စုကို သေးသိမ်စေ အောင်၊ နိုင်ငံခြားသား တွေနဲ့ တရားမဝင် ဆက်သွယ်နေသယောင် တံဆိပ်ကပ်လိုက်တာပါ ဂုဏ်သိက္ခာချလိုက်တာပါ။ ဒေါ်စုလုံခြုံရေးအတွက်စိုးရိမ်ရတယ် ဆိုတာဟာ လိုအပ်လာရင် လုပ်ကြံသတ်ဖြတ်ခံရနိုင်တယ်ဆိုတာ မီးမောင်း ထိုးပြ နေတာပါ တကယ်တမ်း ဒေါ်စုကို လုပ်ကြံ သတ်ဖြတ်မှုကို လုပ်ခဲ့ဘူးတာဘယ်သူတွေလဲ ဒေါ်စုနဲ့ ဦးတင်ဦး တို့ ပါတဲ့ NLD ပါတီရဲ့ ခရီး သွားကားတန်းကို ၂၀၀၃ ခုနှစ် ဒီပဲယင်း ဒေသက ကျည်ရွာ နားမှာ လုပ်ကြံ သတ်ဖြတ် ခဲ့ကြတာပါ ကံကောင်းလို့ ဒေါ်စုလုပ်ကြံသတ်ဖြတ်ခံရတဲ့ဘေးက သီသီကလေး လွတ်သွား ခဲ့တာပါ။ ဒါဘယ်သူတွေလုပ်တာလဲဆိုတာရှင်းနေတာပါပဲ ဒါဟာသမိုင်းမှာရှင်းရမဲ့ စစ်အုပ်စုရဲ့လုပ်ကြံမှု ကြီးပါ။ဒီတော့ ဒေါ်စုဟာ လုပ်ကြံခံရဘူး ပါတယ် NLD လူငယ်တွေနဲ့ အန်ကယ် ဦးတင်ဦးတို့ ရဲစွမ်း သတ္တိကြောင့်သာ သီသီကလေး လွတ်ခဲ့ရတာပါ။

နောက်ပထမဆုံးရေးထားတဲ့ အန်တီစုလွတ်ခါနီးမှ နောက်တမှု ထပ်ပေါ်လာရတယ် ဆိုတာဟာ နအဖ စစ်အုပ်စုရဲ့ စံနစ်တကျ အကောက်ကြံမှုလို့ တွေးမိပါတယ် ဆိုလိုချင်တာ ကတော့ ဒီပဲယင်းမှာ လုပ်ကြံခံရတဲ့ (အသက်ဘေးမှ သီသီကလေး လွတ်ခဲ့တဲ့) ဒေါ်စုကို စစ်အစိုးရက နေအိမ်အကျယ်ချုပ်ချထားခဲ့ပါတယ်။ (၅)ျနှစ်ပြည့်တော့ ဥပဒေအရ ဆက်ချုပ်ခွင့်မရိဘူးဆိုတာ ရှင်းနေပါလျှက်နဲ့ စစ်အုပ်စုက ဆက်ချုပ်ပါတယ် ဒီပဲယင်း လုပ်ကြံမှု တရားခံတွေကို စစ်အုပ်စု ဒီကနေ့အထိ လုံဝ မဖေါ်ထုတ်သေးပါဘူး။ ဒါပေမဲ့ လုပ်ကြံခံရတဲ့ ဒေါ်စုကိုတော့ သူတို့ ပြဌာန်းထားတဲ့ ဥပဒေနဲ့တောင် မညီပဲ ဆက်လက် ချုပ်ထားဘို့ (၁) နှစ် ထပ်တိုးလိုက်တာ အားလုံး အသိပါ။အခု ဒီိသတင်း ထွက်လာချိန်ဟာ ဒေါ်စုနေအိမ် အကျယ်ချုပ် (၆) နှစ်ပြည့်ခါနီးမှာ ဖြစ်လာတာပါ။ စစ်အုပ်စုဟာ ဒေါ်စုအပေါ်မှာ အင်မတန်အညှိုးကြီးတယ်ဆိုတာ သိသာမြင်သာ တဲ့အချက်ပါ။ နအဖ စစ်အုပ်စုဟာ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေငြာထား တာပါ။ ဒါပေမဲ့ ကမ္ဘာက တောင်းဆိုနေတဲ့ ဒေါ်စုနဲ့ နိုင်ငံရေး အကျည်းသားတွေ လွှတ်ရေး ဆိုတာကြီးက သူတို့ အတွက် အင်မတန် အကြပ်ရိုက်နေရတဲ့ ကိစ္စပါ။ NLD ပါတီ ကလည်း ဒီအချက်ကို နအဖကို တရားဝင် တောင်းဆိုထားတာပါ။ ပြည်သူ လူထုကြီးကလဲ မတရားဖမ်းဆီး ထားတာကို လူတိုင်းသိပါတယ် ဒါကြောင့် ဒီသတင်းမှာ စစ်အုပ်စုရဲ့ ကြိုတင်လုပ်ကြံမှုတွေ ပါတယ်ဆိုတာ ထင်ရှားနေတာပါပဲ။

အင်မတန်ရှုပ်ထွေးတဲ့ သတင်း တခုဖြစ်အောင်လဲ လုပ်ထားတာပါ အဖမ်းခံရတဲ့ နိုင်ငံခြားသား ဟာ အမေရိကန် နိုင်သားလို့ ပြောတယ် သတင်းမှာ ဓါတ်ပုံတောင်မဖေါ်ပြပါဘူး နောက်တခုက သက်ဆိုင်ရာသံရုံးက တွေ့ခွင့်တောင်းတော့လဲ တွေ့ခွင့်မပေးဘူး ဒီအချက်တွေက စဉ်စား စရာတွေပါ။ နောက်ဆုံး ကျန်းမာရေး မကောင်းတဲ့ ဒေါ်စုကို သွားရောက် ဆေးကုပေးနေတဲ့ ဆရာဝန်ကို ဘာအကြောင်းပြချက်မှ မရှိပဲ ဖမ်းထားတဲ့ ကိစ္စပါ။ စစ်အုပ်စုဟာ သမိုင်းမှာရှင်းရမဲ့ကိစ္စ တခုကို ထပ်မံကျူးလွန်နေတာပါပဲ။ လုပ်ထားတာက ဒေါ်စုအိမ်ဟာ မလုံခြုံသယောင် လုပ်ထားပါတယ် ဒီလို မလုံခြုံမှုဟာ စစ်အစိုးရမှာလုံးလုံး တာဝန်ရှိပါတယ်။ တခြား မည်သူ့မှာမှ တာဝန် မရှိပါဘူး ဒေါ်စုရဲ့ အသက် အန္တရာယ် အတွက် တိုက်ရိုက် တာဝန်ရှိသူဟာ စစ်အစိုးရပဲဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုပြောနေရသလဲဆိုတော့ မြန်မာပြည်နိုင်ငံရေးမှာ တကယ့်ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ် တော်တော် များများဟာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုကို ခံနေကြရတာပါ ဒီလို နိုင်ငံရေးသမားတွေကို ထောင်ထဲ ထည့်ထားပြီးလုပ်မဲ့ ရွေးကောက်ပွဲ ဆိုတာကြီးကိုက နိုင်ငံတ ကာနဲ့ ပြည်သူလူထုကြီးရဲ့ အမြင်မှာ အင်မတန်မှ အကျည်းတန်အရုပ်ဆိုးနေတာပါ။ တလျောက်လုံးလဲ လိမ်လည်လာခဲ့တာပါ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းက အာဏာအပ် ပါ့မယ် စစ်တန်းလျားပြန်ပါ့မယ်ဆိုတဲ့ စစ်အုပ်စုဟာ ဒီကနေ့ အထိ အာဏာကို မတရား ရယူ ထားတာ ရှင်းနေတာပါပဲ။ ဒီတော့ စစ်အုပ်စု လုပ်ပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဘယ်လောက် ယုံကြည်စရာရှိမှာလဲ အခြေခံဥပဒေကို စိတ်ကြိုက်သူတို့ ရေးတယ် ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ညီလာခံ ဆိုတာကြီး လုပ်တယ် ရေးပြီးသားတွေကို ဆွေးနွေးအတည်ပြုခိုင်းတာတောင်မှ စိတ်ကြိုက်ခေါင်းခေါက်ဖိတ်တဲ့ ကိုယ်စားလှယ် တွေနဲ့ လုပ်သွားခဲ့တာပါ ဒီမှာတောင် အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေက တင်တဲ့ အချက်တွေတောင် ချောင်ထိုးခံ ခဲ့ကြရတာပါ။ ဒါပေမဲ့ NLD ပါတီဝင်တွေနဲ့ အတိုက်အခံတွေကိုတော့ မှန်မှန်ခြေမှုန်းပါတယ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးမှာဆို ရဟန်း သံယာတွေကိုတောင် အညှိုးတကြီး ရက်စက် ခဲ့တာပါ ဘုန်းကြီးကျောင်းတွေကို စစ်မြေပြင်မှာ ရန်သူ့ စခန်းစီးသလို ဝင်ရောက် စီးနင်း ဘုန်းတော်ကြီးတွေကို ဖမ်း၊ ရိုက်၊ ထောင်ချ မျိုးစုံလုပ်ခဲ့တာ သိပ်မကြာ သေးပါဘူး အားလုံး ပူပူနွေးနွေးကြီး မှတ်မိ နေကြတာပါပဲ။ စစ်အုပ်စုဟာ ၂၀၁၀ မှာရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာတာဟာ ရှင်းရှင်းလေး ပြောရရင် စစ်အုပ်အုပ်ချုပ်ရေးကို အရပ်သား ပုံစံပြောင်းပစ်ချင်တဲ့ စစ်အုပ်စုတဖြစ်လဲအုပ်ချုပ်ရေး လုပ်ခြင်တာပါ။ ဒီမှာသူတို့ အတွက် အဓိက အနှောက်အယှက် လိုဖြစ်နေတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျည်းသား တွေပါ ပြန်လွတ်ပေးဘို့ စစ်အုပ်စု အင်မတန်ကြောက်နေတာပါ ပြန်လွတ်ပေးရင် လူထု ခေါင်းဆောင် ကျောင်းသား ခေါင်းဆောင်တွေဆိုတော့ လူထုကြီးနဲ့ ပြန်ဆက်စပ်သွားမှာ စစ်အုပ်စု အကြောက်ဆုံးပါ။

ကိုမင်းကိုနိုင်တို့(၈၈)ကျောင်းသားအုပ်စုတွေကို ပြန်လွတ်ပေးလိုက်တုန်းက စစ်အုပ်စုမှာ ရည်ရွယ်ချက်ရှိပါတယ် ပြန်လွတ်ပေးလိုက်ရင် NLD ပါတီနဲ့ ကျောင်းသားတွေကြားမှာ ပြသာနာ ကြီးထွားနိုင်တယ်လို့ တွက်တာပါ ဒီတော့မှအမြတ်ထုတ်ဘို့ပါ ဒါပေမဲ့ ထင်တိုင်း ဖြစ်မလာပဲ စစ်အုပ်စု ကြုံလိုက်ရတာတော့ ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်သွားခဲ့ရတာကိုး ဒီတော့အညှိုးတကြီး ထောင်တွေချပါတယ် လူကြား မကောင်းအောင်ကို ချတာပါ အားလုံးသိပြီးသားတွေပါ ဒီတော့ တလျောက်လုံး ညစ်ပတ်ခဲ့တာစစ်အုပ်စုဆိုတာ ထင်ရှားနေတာပါ အာဏာ အတွက်ဆို ရက်ရက်စက်စက် လုပ်တတ်တဲ့ စစ်အုပ်စုဟာ နောက်ဆုံး ဘာမဆို လုပ်နိုင်ပါတယ် ဒီတော့ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ မြန်မာ နိုင်ငံသားတိုင်း စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို မျက်ခြေမပြတ် ရှိနေကြဘို့ လိုပါတယ်။

ယဉ်ထွန်း
ကိုဒီရေ ဘလော့ခ် မှကူးယူတင်ပြပါသည် ခင်မျာ။
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

If you do not smoke we are going to charge ,it's Burma

ဆေးလိပ်မသောက်ယင်ဒဏ်ငွေရိုက်မယ်

မျက်စေ.လည်သွားပါသလားမိတ်ဆွေ ? ... ကျွန်ုပ်တို.သိထားသည်.ယေဘုယျအချက်
ကဆေးလိပ်မသောက်ရသောက်လျှင်ဒါဏ်ငွေဘယ်လောက်.... စသည်မဟုတ်လား...
ယခုမျက်စေ.လည်လောက်အောင်ဆေးလိပ်မသောက်လျှင်ဒါဏ်ရိုက်မည်.အမိန်.ညွန်ကြားချက်
ကိုထုတ်ပြန်သည်.သူများကတော.ကျွန်ုပ်တို.နိုင်ငံမှနေ.စဉ်အရေးကိစ္စများမှအစနိုင်ငံတကာ

ဆက်ဆံရေးအဆုံးအစစအရာရာဆရာတင်အားထားနေသောတရုတ်ပြည်သူ.သမ္မတနိုင်ငံမှ
သူ.နိုင်ငံသားများရဲ.ကျန်းမာရေး၊စီးပွားရေးအထွေထွေကိုဂရုမထားပဲအစိုးရရဲ.စီမံကိန်းပေါ်လစီ
အောင်မြင်ရေးကိုသာအဓိကထားကာဘယ်သူသေသေငတေမာလျှင်ပြီးရောစိတ်ဓါတ်ကိုလေး
စားအားကျဖွယ်တွေ.ရှိရမည်ဖြစ်သည်။

တရုတ်နိုင်ငံအလယ်ပိုင်းဒေသမှခရိုင်အုပ်ချူပ်ရေးတာဝန်ရှိသူများက၄င်းတို.၏၀န်
ထမ်းများအနေဖြင်.တစ်နှစ်လျှင်စီးကရက်ဘူးပေါင်း ၂ သိန်းခန်.၀ယ်ယူသောက်သုံးကြရန်အမိန်.
ပေးခဲ.ကြကြောင်း၊ထိုသို.လျာထားချက်ပြည်.မှီအောင်မသောက်သုံးနိုင်ပါကဒဏ်ငွေဆောင်ရ
မည်ဖြစ်ကြောင်းနိုင်ငံပိုင်သတင်းဌာနများကလွန်ခဲ.သည်.တနင်္လာနေ.ကဖော်ပြခဲ.ပါတယ်။

တရုတ်နိုင်ငံဟူပေပြည်နယ်၊ဂေါင်အန်းခရိုင်အုပ်ချူပ်ရေးအဖွဲ.မှ၎င်း၏၀န်ထမ်းများ
အားပြည်နယ်ထုတ်စီးကရက်ဘူးပေါင်း ၂ သိန်း ၃ သောင်းကိုတစ်နှစ်အတွင်းသုံးစွဲရမည်ဟု
အမိန်.ပေးခဲ.သည်ဟု Global Times သတင်းစာကဆိုပါသည်။ အဆိုပါလျာထားချက်ကိုမပြည်.
မီသည်.ဌာနအားဒဏ်ငွေပေးဆောင်စေရမည်ဟုသတင်းအရသိရသည်။

သတင်းစာတွင်ဖော်ပြချက်အရဂေါင်အန်းခရိုင်စီးကရက်ဖြန်.ဖြူးရေးကြီးကြပ်မှု
ကော်မတီဝင်ချန်နယန်ကျိုက ဒီအမိန်.ညွန်ကြားချက်ကြောင်.စီးကရက်လုပ်ငန်းမှအခွန်အ
ကောက်ပိုမိုတိုးတက်ရရှိမှဖြစ်ပြီးဒေသတွင်းစီးပွားရေးကိုလည်းအားဖြည်.အထောက်အကူဖြစ်
စေမှာလို.ဆိုပါတယ်။၎င်းအပြင်ထိုစီမံချက်ကြောင်.အိမ်နီးချင်းဟူနန်ပြည်နယ်ထုတ်စီးကရက်
များနှင်.ဈေးကွက်တွင်ယှဉ်ပြိုင်နေရသောဒေသခံစီးကရက်လုပ်ငန်းများကိုလည်းကူညီထောက်
ပံ.ရာရောက်စေမှာဖြစ်ပါတယ်။

တရုတ်ပြည်တွင်စီးကရက်အစွဲအမြဲသောက်သုံးသူပေါင်းသန်း ၃၅၀ ရှိပြီး၎င်း
တို.အထဲမှနှစ်စဉ်လူပေါင်းတစ်သန်းမှာဆေးလိပ်သောက်ခြင်းနှင်.ဆက်ဆပ်သောရောဂါများ
ကြောင်.နှစ်စဉ်သေဆုံးလျက်ရှိသည်။
တရုတ်ပြည်ရှိအမျိုးသားဆရာဝန်စုစုပေါင်း၏တစ်ဝက်ကျော်မှာဆေးလိပ်
သောက်ကြပြီးယခုအခါတွင်တရုတ်နိုင်ငံတော်အစိုးရမှစံပြအနေဖြင်.၄င်းတို.ကိုဆေးလိပ်
ဖြတ်စေရန်အပြင်းအထန်ကြိုးပမ်းနေကြောင်းမကြာသေးမီကမှနိုင်ငံပိုင်သတင်းဌာနများတွင်
ဖော်ပြခဲ.သေးသည်။ ( သူတို.လည်းအခုတစ်မျိုး၊တော်ကြာတစ်မျိုးလုပ်တတ်တာပဲ..)

သြော်....နိုင်ငံတော်ကြီးကဖြတ်ခိုင်းတယ်...ပြည်နယ်အစိုးရကသောက်ခိုင်း
တယ်...( ဆရာဝန်မပါ လို.များပြောလေမလားပဲ...)

ကိုပီတာအတွေးပုံရိပ်

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Monday, May 11, 2009

Making fake story or Time for a fresh approach to Burma's military government

By Jonathan Manthorpe, Vancouver SunMay 11, 2009 2:04 AM

It was immediately noticeable in the stories from the official Burmese media last week that the American who swam to the lakeside villa of detained opposition leader Aung San Suu Kyi spent "three nights" in the compound before attempting to swim back to his hotel.

If the story's true, the man named as John William Yeattaw also spent three days with Suu Kyi, but -- nudge, nudge, wink, wink -- that doesn't have the same implication.

And it is because of those implications from the military regime's mouthpieces -- that this was an amorous assignation rather than a political event or even a weird piece of American eccentricity -- that people in Rangoon and elsewhere in Burma have grave doubts about its truth.

There is a widespread belief in Rangoon that this story was manufactured to sully Suu Kyi's reputation and thus blunt criticism of the military regime, which has already announced it plans to renew her detention when the current six-year term ends later this month.

But Suu Kyi's popularity among Burmese people remains undimmed, though she has been detained in her crumbling and mould-stained house on University Avenue in Rangoon for most of the last 19 years.

The junta has been unstinting in its efforts over the years to manufacture or twist events to undermine the domestic support that saw her National League for Democracy (NLD) win 85 per cent of the parliamentary seats in 1990 elections.

The junta, now led by General Than Shwe, has always refused to acknowledge those results. It spent the last 12 years concocting a fraudulent "civilian" constitution adopted in a sham referendum last year. This envisages multi-party elections next year, but also ensures the military continues to control the presidency and all the important ministries, and retains the authority to dismiss the parliament at will.

So it is hardly surprising that most of the western world, and especially the United States and the European Union, continue to apply rigorous economic sanctions and other embargoes on contacts with the Burmese regime. Indeed, only 10 days ago the EU reaffirmed those sanctions.

But there is a growing acceptance that the moral high ground held by the West on the Burma issue is a road to nowhere. The generals have not budged one inch over the years in the face of sanctions that have kept most of Burma's 80 million people in abject poverty.

The generals themselves are largely untroubled by the constraints of sanctions. They have merely grown grossly rich on natural resources deals with China, which doesn't give a fig about other regimes' repression of their people any more than it does about its own.

And Than Shwe and his boys have been just as disdainful of the blandishments of the "constructive engagement" policies of Burma's neighbours in the Association of Southeast Asian Nations. With neither stick nor carrot moving the junta, it is clearly time for a new approach.

Last October the International Crisis Group led by former Australian foreign minister Gareth Evans criticized the West for tying aid to political reform in Burma after hurricane Nargis struck last year. The group followed that up with a report last month called "Missing the Boat on Myanmar" -- Myanmar is the name the junta uses for Burma.

In this report the group said "The EU should abandon a policy maintained by those with an eye on noble points rather than on new opportunities to promote change."

Even Suu Kyi, who used to be adamant that economic sanctions were essential is now much less dogmatic on the question.

The EU may not have got the message that sanctions are counter-productive, but the new administration in Washington has. In February, while on a visit to Indonesia, Secretary of State Hillary Clinton said, "Clearly, the path we have taken in imposing sanctions hasn't influenced the Burmese junta."

It seems she has ordered a review and refashioning of American policy towards Burma. Clinton's main policy adviser on mainland Southeast Asia, Stephen Blake, has even visited the generals' new capital at Naypidaw, where he met foreign minister U Nyan Win.

The review may well conclude that, rather than sanctions, it may be wiser to smother the malevolent economic influence of China with trade and investment in Burma.

It may also decide that next year's elections, flawed as they are, are better than none, especially as the junta has said clearly it will allow United Nations monitors.

It may thus make sense to urge Suu Kyi and the NLD to drop their current boycott and instead show some faith in the popular support that won them the 1990 elections.

And it's worth remembering that the Burmese junta has modelled the new constitution on the old military-dominated system in Indonesia. But in 1998 Indonesia's military dictatorship collapsed under its own weight and evolved with surprisingly little violence into a proper democracy.

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ပအိုဝ်း ပြည်သူများ ဆီဆိုင် မြို့ နယ် အနီး ကျေးရွာတွင် ညှင်းပမ်းနှိတ်စက် အသတ်ဖြတ်ခံရ

PYO Statement on SPDC Killing And Torturing
2009 May 11
tags: Burma, Human Rights, Junta, KNLA, KNU, PYO, SPDC SOLDIERS, Thugs and Thieves, world focus on Burma
by peacerunning
The Pa-O Villagers Hsi Hseng Township
May 8, 2009
On May 6, 2009, SPDC Light Infantry Battalion No 425 brutally killed
village headman and another about 20 years old young man of Saw Sar village, as well as tortured 80 villagers from Naung Tha Bang and Saw Sar village in Hsi Hseng Township, southern Shan State.
All the arrested 80 villagers were accused of in connection with resistance groups and inhumanly tied, beaten, kicked and hit by SPDC soldiers during the brutally interrogation. Most of villager covered with blood, some even unable to walk and bleeding from their mouth, and seriously wounded.

We, PYO believe that, the brutal action against innocent villagers, was in response to the joint ally of Pa-O National Liberation Army and Karen National Liberation Army clashed with Burma Army Patrolling near Banyen, about 50 miles south of Taunggyi, capital of Shan State on May 3, 2009.

Following the clashed, SPDC soldiers currently speed up military operation, and arresting villagers in Hsi Hseng township for porter, carrying arms and ammunition to front line. One local people said “No man sleeping at home and living in the village now. Every body runs away to the forest and hide, and a lot of people take refuge in the Buddhist temple”

The villagers are just civilians and simply working in farm for their livelihood in their daily lives, and not involve with any arm groups. They are now become the victims of conflict between arm groups.

Therefore, we, Pa-O Youth Organization (PYO) strongly condemned SPDC action killing the innocence civilians, and military operation against the ethnic people, and respect human right.

Pa-O Youth Organization

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

KIA လက်နက်မချနိုင်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လက်နက်မချနိုင်ဟု ဆို
မိုးမခ အထောက်တော် ၀၀၅
မေ ၁၀၊ ၂၀၀၉ KIA ကချင် စစ်သားများ (ဓာတ်ပုံ - Thomas Fuller)

အပစ်ရပ်အဖွဲ့ကြီးတခု ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လက်နက်ချမည်မဟုတ် ဟု နယူးယောက်တိုင်းမ်စ် သတင်းစာကို ပြောလိုက်သည်။

မြန်မာဗိုလ်ချုပ်ကြီးများက ရှေ့နှစ်ရွေးကောက်ပွဲ မတိုင်မီ ငြိမ်းချမ်းရေး ယူထားသည့် သူပုန်အဖွဲ့များကို လက်နက်ဖြုတ်ရန် သို့မဟုတ် ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းရန် ညှိနှိုင်းနေချိန်တွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည် အနာဂတ်အတွက် သင့်လျော်တဲ့ လမ်းပြမြေပုံ မရှိသေးဘူး” ဟု ဗိုလ်ချုပ် Gam Shawng Gunhtang က ပြောသည်။ သူသည် ကချင်လက်နက်ကိုင်အဖွဲ့၏ စစ်ဦးစီးချုပ် ဖြစ်သည်။

“ကျုပ်တို့ တိုင်းရင်းသားတွေက ဖယ်ဒရယ် ပြည်ထောင်စုအတွက် ကြိုးစားနေကြတာ။ သူတို့က ဒီအကြောင်း နားထောင်ချင်ကြတာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ် Gam Shawng Gunhtang က ပြောသည်။

လက်နက်ဖြုတ်သိမ်းရန် တောင်းဆိုချက်ကို “လက်မခံနိုင်” ဟု သူက ဆိုသည်။

KIA အရာရှိတဦးကလည်း စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို သဘောမတူဟု ပြောသည်။
“တိုက်ပွဲပြန်ဖြစ်ဖြစ် မဖြစ်ဖြစ် ငါတို့ကတော့ အသင့် ပြင်ထားရမှာပဲ။ ငါတို့ တပ် အင်အားကောင်းမယ်ဆိုရင်၊ ငါတို့ ငြိမ်းချမ်းရေးက ရေရှည် ခိုင်မြဲမှာပဲ” ဟု ဗိုလ်သင်တန်းကျောင်းအုပ် ဗိုလ်မှူး Zauja Nhkri က ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးတဦး KNU ထံ ပြန်လည်ရောက်ရှိ

Thursday, 07 May 2009 21:16 ဖြိုးကြီး
E-mail Print
ဗိုလ်ချုပ်စောထင်မောင်ဦးဆောင်သည့်ကရင်ခွဲထွက်အဖွဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇၀၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောလေးမူး မိသားစုဝင်များနှင့်အတူ KNU အဖွဲ့သို့ ပြန်လည်ရောက်ရှိလာသည်။

စစ်အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့များအပေါ် ထားရှိသည့် သဘောထားကို မယုံကြည့်ရတော့သည့်အပြင် ၂၀၁၀ နောက်ပိုင်း နယ်ခြားစောင့်တပ်ဖွဲ့ပြီးပါက မိမိလူမျိုးနှင့် ပြည်သူလူထုတရပ်လုံးအတွက် အာမခံချက်မရှိတော့သည့်အတွက် ယခုလ (၄) ရက်နေ့က ကေအန်အဲလ်အေ တပ်မဟာ (၇) သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူး စောလေးမူး

ငြိမ်းချမ်းရေးကောင်စီမှ KNU သို့ ပြန်လည်ရောက်ရှိလာသည့် ဗိုလ်မှူး စောလေးမူး
“ကျနော်တို့ရပ်တည်ဖို့ အာမခံချက်မရှိဘူး၊ သူတို့ခိုင်းတာပဲ အကုန်လုပ်ရမှာ၊ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာက ကိုယ့်အမျိုးသားတွေအတွက် ငြိမ်းချမ်းဖို့လုပ်တာဆိုပြီး အဖိုးထင်မောင်ပြောတာ၊ အခုတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ် ခိုင်းတာလုပ်ရမယ်ဆိုတော့ ကျနော်တို့ရည်ရွယ်ချက်နဲ့ တခြားဖြစ်သွားမယ်၊ အဲဒါကြောင့်မို့ ကျနော်ထွက်လာခဲ့တာ” ဟု ဗိုလ်မှူး စောလေးမူးက ပြောသည်။

ပြီးခဲ့သည့်လ (၂၈) ရက်နေ့က ငြိမ်းချမ်းရေးကောင်စီအဖွဲ့များကို နအဖအာဏာပိုင်များက ဖားအံမြို့တွင် ခေါ်ယူကာ အသက်ကြီးသူများကို ပါတီဖွဲ့ ရွေးကောက်ပွဲဝင်ခိုင်းပြီး ကျန်တပ်ဖွဲ့ဝင်များကို အင်းအားလျော့ချကာ နယ်ခြားစောင့်တပ် ပြန်လည်ဖွဲ့စည်းပြီး ကာကွယ်ရေးဦးစီးချုပ်လက်အောက်တွင် ထားရှိမည်ဖြစ်ကြောင်း ပြောဆိုဖိအားပေးခဲ့သည်ဟု ၎င်းက ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များ အခြေအနေနှင့်ပတ်သက်၍ “၂၀၁၀ ပြီးရင် တပ်တွေကိုပြန်ဖွဲ့စည်းပြီး နယ်ခြားစောင့်တပ်အဖြစ် ထားမယ်၊ နအဖတပ်လို နေရမယ်ဆိုရင်တော့ ကျနော့်လူတွေ တယောက်မှ ရှိတော့မှာမဟုတ်ဘူး၊ ပါတီဖွဲ့ဖို့ကလဲ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါတီဖွဲ့နိုင်လောက်တဲ့သူ တယောက်မှမမြင်ဘူး၊ အဖိုးထိန်မောင်ဆိုရင်လဲ အသက်ကကြီးလာပြီး သူ ပါတီထောင်ပြီး ဘယ်လို ရွေးကောက်ပွဲဝင်နိုင်မလဲ” ဟု ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များအပေါ်ထားရှိသည့် သဘောထားနှင့်ပတ်သက်၍လည်း “တစုံလုံအတိုင်းအတာပြောရရင် ကျနော်တို့ လူထုတွေနစ်နာတာပဲရှိတယ်၊ နအဖလုပ်ရပ်သာ အောင်မြင်ရင် တိုင်းသူပြည်သားတွေ ပိုပြီး နစ်နာမှာပါ၊ အားလုံးအခြေအနေက ပရုပ်လုံးလို လုံးပါးပါးသွားမှာပဲ၊ သူတို့ပြောတဲ့ ဒီမိုကရေစီဆိုတာလဲ တိုင်းသူပြည်သားတွေအတွက် ဖြစ်လာမှာမဟုတ်ပါဘူး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးဟာ ၂၀၁၀ ပြီးရင် အားလုံးပျက်သုဉ်းသွားမှာပါ” ဟု ပြောသည်။

နအဖမီဒီယာများက ငြိမ်းချမ်းရေးအဖွဲ့များမှ ပြန်လည်ရောက်ရှိလာသူများကို KNU မှ သတ်ဖြတ်ပစ်ကြောင်း ပြောဆိုနေခြင်းသည် လိမ်လည်မှုများသာဖြစ်ပြီး တကယ်တမ်းလက်တွေ့တွင် နွေးထွေးစွာ ကြိုဆိုဆက်ဆံကြောင်း ၎င်းက ဆက်လက်ပြောသည်။

“သူတို့ပြောတာ တခြားစီပါဗျာ၊ သူတို့သတင်းမှားတယ်ဆိုတာ ကျနော်ကိုယ်တိုင် ကြုံနေရပြီ၊ ကျနော် အေးအေးဆေးဆေးပဲ လက်ထိပ်ခတ်တာတောင် မရှိဘူး၊ နွေးထွေးစွာ ကြိုဆိုတယ်၊ စားဖို့သောက်ဖို့ကအစ သူတို့လုပ်ပေးတယ်၊ အခုလိုပြောတာကလဲ ဘယ်သူမှ ဖိအားပေးလို့မဟုတ်ဘူး၊ နအဖမီဒီယာတွေက သတင်းအမှားတွေပဲ ဖြစ်တယ်ဆိုတာ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။

လက်ရှိ ဗိုလ်ချုပ်ထင်မောင်ဦးစီးသည့် ငြိမ်းချမ်းရေးကောင်စီတွင် တပ်ရင်း ၉ ရင်းနှင့် အထူးတပ်ရင်း ၁ ရင်း ထားရှိကာ လက်နက်ကိုင်အင်အား ၃၀၀ ဝန်းကျင်သာရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေးကောင်စီတွင် ကျန်ရစ်ခဲ့သူများကို ၎င်းအနေဖြင့် “ကျနော့် လုပ်ဖော်ကိုင်ဖက်တွေကို မှာချင်တာက အခြေအနေအရပ်ရပ်ကို အားလုံးသိတဲ့အတွက် ခြေမကျွံခင် ပြန်လာခဲ့ကြပါလို့ မှာချင်တယ်၊ ရှေ့လှမ်းရမှာကလဲ ချောက်ကမ်းပါးပဲဆိုတာကို သိလျှက်နဲ့ ဆက်မမှားစေချင်တော့ဘူး၊ မိခင် KNU ရဲ့ရင်ခွင်ကို ပြန်လာဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူး စောလေးမူးက တိုက်တွန်းပြောဆိုသည်။

ဗိုလ်မှူးစောလေးမူး မိခင် KNU သို့ ၎င်း၏မိသားစုဝင် ၄ ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာသည့်အပေါ် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက “ဟိုမှာနေလို့ အခြေအနေမကောင်းတော့ဘူး၊ အများအတွက် အမျိုးသားအတွက် အကျိုးမရှိဘူးဆိုတာကို သိလို့ ပြန်လာတာ၊ သူ့မိသားစုတွေရော အရင်ကအတိုင်း အေးအေးဆေးဆေး ပြန်လာနေပါ နွေးထွေးစွာပဲ ကြိုဆိုပါတယ်” ဟု ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Sunday, May 10, 2009

အနာဂတ်မဲ့  ကလေးငယ်များ

ဆက်ဖတ်မယ်ဆိုရင်....

Terrorist government more abused on Aung San Suu kyi

ဒေါ်စု ကျန်းမာရေး မကောင်း၊ ဆရာဝန်လည်း အဖမ်းခံရ
Saturday, 09 May 2009 18:22 ဇာနည်ဝင်း
E-mail Print
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချွတ်ယွင်းနေပြီး သူ၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း သည်လည်း ကြာသပတေးနေ့ ညက ဖမ်းဆီးခံရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

ယမန်နေ့က အမျိုးသမီး ဆရာဝန်တဦး ဖြစ်သူ ဒေါက်တာ ပြုံးမိုအိသည် ဒေါ်စုထံ သွားရောက်ပြီး ဆေးကုသပေးခွင့် ရခဲ့သည်ဟု အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်က သွေးအား နည်းနေတယ်၊ ဆေးပုလင်းကြီး ချိတ်ရတယ်လို့ သိရတယ်၊ တနာရီလောက်ပဲ ခွင့်ပြုတယ်။ တနာရီနဲ့ မလုံလောက်ဘူး ဆိုတော့ လုံလောက်တဲ့ အချိန်အထိ တာဝန် ယူပြီးတော့ ဆရာဝန်က အားဆေး သွင်းပေးခဲ့တယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။

ဒေါ်စုကို ဆေးကုသပေးခဲ့သည့် အမျိုးသမီး ဆရာဝန်က ဒေါ်စု၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်များကိုသာ ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။ စစ်အစိုးရ စာနယ်ဇင်းများတွင် ဖော်ပြခဲ့သည့် ဒေါ်စု၏အိမ်မှ အပြန်တွင် ဖမ်းဆီးခံရသည်ဟု ဆိုသော အမေရိကန် နိုင်ငံသား John William Yeattaw နှင့် ပတ်သက်၍ လည်းကောင်း၊ ထိုပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု ရှိမရှိကိုလည်းကောင်း ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ဟု သိရသည်။

ထိုပုဂ္ဂိုလ် ဖမ်းဆီးခံရမှုသတင်း ထွက်ပေါ်သည့် နေ့မှာပင် ဒေါ်စု၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ထိန်းသိမ်း ခံရခြင်း ဖြစ်သည်။

ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရသည့် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို တလတကြိမ် ကျန်းမာရေး စစ်ဆေးရမည့်နေ့ ဖြစ်သော ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဖြစ်သည်။

“အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ဆီကို သွားဖို့ အာဏာပိုင်တို့က သူ့ကို လာခေါ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ စောင့်နေရတယ်၊ စောင့်နေပြီး တအောင့်ကြာတော့ ဝင်ခွင့် မရဘူး၊ ပြန်တော့ ဆိုပြီး အိမ်ပြန်လွှတ်လိုက်တယ် တဲ့။ ညကျတော့ အိမ်မှာ လာခေါ်သွားတယ်” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။ မည်သည့်နေရာတွင် ချုပ်နှောင် ထားသည်ကို မသိရသေးဟု ဆိုသည်။

ဒေါက်တာတင်မျိုးဝင်း ထိန်းသိမ်းခံရပြီး နောက်တနေ့တွင် သတင်းတပ်ဖွဲ့က သူ၏ အိမ်သို့ သွားရောက်ပြီး အင်္ကျီအ၀တ်အစား နှင့် ဘာသာရေး စာအုပ်များ ယူဆောင်ခဲ့သည်ဟု အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးဟံသာမြင့်က ပြောသည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် ဒေါက်တာ တင်မျိုးဝင်းသည် ယခု ရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာဖွယ် မရှိဟု ဦးဟံသာမြင့်က သုံးသပ်သည်။

အထိန်းသိမ်း ခံလိုက်ရသော ဒေါက်တာ တင်မျိုးဝင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။

ဒေါက်တာ တင်မျိုးဝင်းအား ဖမ်းဆီးမှုသည် အဆိုပါ အမေရိကန် နိုင်ငံသားနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရသေးသော်လည်း ယခင်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်တို့ထံ တိုင်ကြားခဲ့ဖူးကြောင်း ဦးဟံသာမြင့်က ပြောသည်။

ယခု ဖမ်းဆီးခံထားရသည့် အမေရိကန် နိုင်ငံသား ဆိုသူနှင့် ပတ်သက်ပြီး ဆက်လက် စုံစမ်းဆဲဖြစ်သည်ဟုသာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံခြားသားသည် အမေရိကန်အစိုးရ၏ CIA ထောက်လှမ်းရေး အဖွဲ့က စေလွှတ်လိုက်သည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း ကြံ့ဖွံ့ ဟု ထင်ရှားသော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းဝင်တချို့က ရန်ကုန်မြို့တွင် သတင်း လွှင့်နေကြသည် ဟု သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အဟောင်းပေမယ့် ဟုတ်လို့ တင်လိုက်တယ် အပြင်းပြေပေါ့

Correspondents in Rangoon | May 10, 2008
Article from: The Australian
THE Burmese junta last night seized all the relief aid the UN World Food Program had flown into the country even as survivors of Cyclone Nargis waited for food, shelter and medicine.

The move by Burma's generals left the WFP with no choice but to suspend the aid operation, already staggering under the obstruction of the regime.

WFP spokesman Paul Risley said last night that all "the food aid and equipment that we managed to get in has been confiscated". The shipment included 38 tonnes of high-energy biscuits. Mr Risley said it was not clear why the material was seized, but he had earlier blasted the junta, saying its refusal to let in foreign aid workers was "unprecedented" in the history of humanitarian work.

While the junta dithered and appeared overwhelmed by the disaster - the worst in the country's recorded history - more than a million homeless people waited for food, shelter and medicine, many crammed in Buddhist monasteries or camped in the open.

The junta said yesterday it was grateful for international assistance, which has included 11 chartered planes loaded with aid supplies. But the best way to help was to send in material rather than personnel.

It said one UN relief flight from Qatar was sent back after landing in Rangoon on Thursday because it carried a search-and-rescue team and media who did not have permission to enter the country.

More than 62,000 people are known to have died or are missing from Nargis, which hit the country's Irrawaddy Delta last Saturday. Shari Villarosa, who heads the US embassy in Rangoon, said the number of dead could eventually exceed 100,000 because of illnesses. Health experts are now scrambling to prevent the spread of diseases such as malaria, with outbreaks already surfacing in areas hardest hit. Early estimates indicate 20 per cent of children in the most devastated areas are suffering from diarrhoea, and the situation could worsen, said Osamu Kunii, UNICEF's chief of health and nutrition in Burma.

The isolationist regime has refused to grant visas to foreign aid workers who could assess the extent of the disaster and manage the logistics. Mr Risley said earlier the organisation had submitted 10 visa applications around the world, including six in Bangkok, but none has been approved.

Even if the Government changes its mind, there is no hope of getting any visas in Bangkok until Monday because a Thai holiday yesterday shut the Burmese embassy, he said.

"The frustration caused by what appears to be a paperwork delay is unprecedented in modern humanitarian relief efforts," Mr Risley said.

But there was no sign the junta was relenting. "Myanmar has prioritised receiving emergency relief provisions and making strenuous effort delivering it with its own labour to the affected areas," a statement by the junta said. "(But) Myanmar is not ready to receive rescue and media teams from foreign countries."

Critical aid and experts are poised in neighbouring Thailand and elsewhere to rush into one of the world's poorest nations.

Burma has also snubbed a US offer to help. The US has ruled out conducting aerial food drops without the junta's permission, after calls for the international community to proceed with the relief effort regardless of Burma's position. But US Defence Secretary Robert Gates said Washington was "prepared to help ... and it would be a tragedy if these assets" were not used.

It is not clear how much aid will reach the Irrawaddy Delta where entire villages have been submerged with bodies floating in salty water and children ripped from their parents arms.

By rejecting US aid, the junta is refusing to take advantage of Washington's enormous ability to deliver aid quickly, which was evident during the 2004 tsunami.

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN