Wednesday, February 24, 2010

ဗမာပြည်မြေပုံ အစစ် True Burma Map

ကျွန်တော် ဗမာအစစ်ပါ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့  သူ့ တို့ ကိုယ်ပိုင် နယ်မြေတွေအကြောင်းစဉ်းစားဖြစ်ရင်းနဲ့  ဗမာပြည်မြေပုံ ကို အစိတ်စိတ်အမွှာမွှာ လုပ်ကြည့်ဖြစ်ပါတယ် ။ သဘောကတော့ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရပြီးရင် ကတိအတိုင်း ပေးရမယ့်  လွတ်လပ်ရေးနယ်မြေတွေပါ။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့  ဗမာနဲ့ တိုင်းရင်းသား စည်လုံး ညီညွတ်စွာတိုက်ခိုက်နိုင်မှ ဗမာပြည်လွတ်လပ်ရေးရမယ်ဆိုတာ သိခဲ့လို့ ပါဘဲ ။ တကယ်တမ်း တိုင်းရင်းသား ပြည်နယ်ပေါင်းစုံနဲ့ တိုက်ခိုက် အောင်မြင်ပြီး ဗမာပြည်လွတ်လပ်ရေးရခဲ့ ပေမယ့် အာဏာရှင်နေ၀င်းရဲ့ စစ်တပ်အာဏာမက်မောမှုကြောင့်  ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိ ဟာ ပျက်ပြားခဲ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ပေါ်ပေါက်ခဲ့ ကာ ဗမာပြည် အစိုးရကိုတိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်တာ မဆန်းပါဘူး ကလေးစကားနဲ့ ပြောရရင် မင်း ကတိမတည်တဲ့ ကောင် ငါသတ်မယ် ပေါ့။ တကယ်လို့ ဗမာပြည် တကယ်လွတ်လပ်ရေးရပြီး သစ္စာရှိစွာနဲ့ ပြည်နယ်တွေ ပေးခဲ့ မယ်ဆိုရင် ဤပုံအတိုင်းဗမာပြည်ဟာ ယ္ခုလိုတွေ့ မြင်ရမှာပါ။



သန်းရွှေကို ဒီအတိုင်းလွှတ်မထားကြဖို့  တိုက်တွန်းပါရစေ။

No comments:

 

Downtamun template | DOWNTAMUN