အသိတရားမရှိတဲ့
လူသားတွေလက်ညိုးထိုးပြပါဆိုရင်
ခင်များတို့ အုပ်စုက အရင်ဘဲ။
အမှန်ပြောသူဆိုထောင်ဒဏ်
အမှားပြောတတ်တဲ့ သူတွေကိုမှ လက်ခံတဲ့ အဖြစ်
စနစ်ဟောင်းကြီးတခုလုံးကိုက
အရင်အတိုင်းလည်ပါတ်ခဲ့ တာ စိတ်မပါလည်းဆရာခေါ်ရ
ဘာဆရာရယ်တော့မသိ
အဖားကောင်းမှ အစားကောင်းစားရမယ်ဆိုရင်
ကျွန်တော်ဆိုတဲ့ ကောင် အရင်သေမှာ။
လူမှာကတိ မင်းမှာသစ္စာဆိုတဲ့စကား
ဗမာပြည်မှာတကယ်မှားတယ်။
ပါးစပ်ကဘုရားဘုရား
လက်က ခါးကြားက ဗြောက်တိုသာ တရားမှတ်တဲ့
လူ့ မိစ္ဆာ ငနွားတွေ....
မှားပြီးရင်မှား ငရဲတခါးတွေ ကြိုးစားဖွင့်နေကြလေရဲ့ ။
လင်သေမုဆိုးမ အိမ်တလုံးလို
တရုတ် ရုရှား ကုလားတွေက
အခွင့်ကောင်းတံခါးရှာရင်း
ဝင်ဖြဲဖို့ ကြိုးစားကြသူတွေကို မှ ဘုရားမှတ်
ခွေးလောက်အသိစိတ်ဓါတ် မရှိသူတွေ
ပြည်သူ့ ဘဏ္ဌာတွေ သူခိုးဈေးနဲ့ ရောင်းစားနေကြတယ်။
လာပြန်ပြီ အရှက်မရှိတဲ့ လက်မဲမဲတွေနဲ့ 
စစ်မှန်တဲ့  ၂၀၁၀ ရွေးကောက်ပွဲပါတဲ့ 
နောက်တခေါက်....
မသမာ ကောက်ကျစ်ခဲ့ သူတွေက
ဦးဆောင်ကျင်းပမယ့် 
မြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီ။
ဆုပ်လည်းစူး စားလည်းရူး
ကိုယ့်သေတွင်းကိုယ်တူးရမယ့်စနစ်
ခေတ်တခုနဲ့ ကျန်ရစ်မယ့်
သမိုင်းစာမျက်နှာတခုမှာ
စစ်အာဏာရှင်တွေ ထိပ်ကပါတဲ့ အထဲ
ခင်ဗျားတို့ စာရင်းဟာလည်း ကန့် ကွက်မဲ မရှိ
နေရယူထားပါတယ်။
ဒေါင်းTM
The generals and the army stand accused of gross human rights abuses, including the forcible relocation of civilians and the widespread use of forced labour, which includes children.

0 comments:
Post a Comment