Monday, April 20, 2009

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု နှောင့်နှေးမည်

20 April 2009
၂၀၀၉ ခုနှစ် အာရှ ဖွင့်ဖြိုးရေး ဘဏ်ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွင့်ဖြိုးမှုဟာ ပိုပြီးတော့ နှောင့်နှေးမှုတွေ ရှိနေဦးမှာပဲ လို့ ဆိုပါတယ်။ ၂၀၀၇ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သဘာဝ ဓာတ်ငွေ့တွေ ထွက်ရှိနေတာကြောင့် နိုင်ငံရဲ့စီးပွားရေ အခြေအနေ တိုးတက်မှုကို ဖြစ်စေနိုင်မယ့် အရိပ်လက္ခဏာတွေ ရှိခဲ့ပေမဲ့ ၂၀၀၈ခုနှစ် မေလ နာဂစ် မုန်တိုင်းဟာ နိုင်ငံရဲ့စီးပွားရေးကို ပိုမို ဆုတ်ယုတ် ကျဆင်းစေတဲ့ အချက်တွေထဲမှာ ပါဝင်ခဲ့စေတယ်လို့ အစီရင်ခံစာထဲမှာ ရေးသား ဖော်ပြထားပါတယ်လို့ စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

"၂၀၀၈ခုနှစ် အတွင်းမှာ နာဂစ် မုန်တိုင်းကြောင့် ဂျီဒီဘီရဲ့ ၂.၇%အထိ တိုးတက်မှုတွေကို အားနည်းစေခဲ့တယ်လို့ သူတို့ က ပြောပါတယ်။ ဗမာ အစိုးရကတော့ ၂၀၀၀ ခုနှစ်က စပြီး တိုင်းပြည်ရဲ့ တိုးတက်မှုနှုန်းဟာ ၁၀%အပေါ်မှာ ရှိတယ်လို့ ပြောပါတယ်။ အဓိက က မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်တယ်။ ဂျီဒီဘီရဲ့၄၄% လောက်ရှိတယ်။ စက်မှု ကဏ္ဍကတော့ ၂၀%လောက်ပါတယ်။ ဒါပေမဲ့ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုကြောင့်သာလျှင် တက်နေတာဖြစ်တယ်။ စက်မှု ကဏ္ဍ က တိုးတက်နေတာ မဟုတ်ဘူး။ ကမ္ဘာ့နိုင်ငံများက ပံ့ပိုးမှုကိုလည်း ရအောင် ယူပေမဲ့ တကယ်တမ်းဆို နိုင်ငံတကာရဲ့ပူးပေါင်း ဆောင်ရွက်မှုအားနည်းအတွက် ၃နှစ်စာ ရီကာဗာရီကို ပေးတာလည်း အပြည့်အ၀ မရသေးဘူး။ အထူးသဖြင့် ကုန်သွယ်ဘက် နိုင်ငံတွေဖြစ်တဲ့ တရုတ်တို့၊ အိန္ဒိယ၊ ထိုင်းတို့ရဲ့ စီးပွားရေး အကောင်အထည် ဖော်မှုတွေ နှေးကွေးမယ်။ ဒီနှေးကွေးမဲ့ ဂယက်ကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး အကောင်အထည်မှု ပိုင်းမှာ အားနည်းပါလိမ့်မယ်လို့ ယေဘူယျ ဆိုထားပါတယ်။"

နာဂစ် မုန်တိုင်းကြောင့် စီးပွားရေး ပိုမို ကျဆင်းလာတယ်ဆိုတဲ့ အချက်အလက်တွေ အပြင် နိုင်ငံအတွင်းက အောက်ခြေ လူထုရဲ့ နေတဓူဝ နေထိုင်စားသောက်မှု အဆင့်အတန်းကို လေ့လာကြည့်ရင်တောင် မြန်မာနိုင်ငံရဲ့ ဖွင့်ဖြိုးတိုးတက်မှုဟာ ဆိုးရွား အဖြစ်နဲ့ မြင်နေနိုင်စဲပဲ လို ဆိုပါတယ်။

"ပြည်သူတွေရဲ့စားဝတ်နေရေးဟာ တနေ့တနေ့ ကျပ်တည်းလာသလား၊ ချောင်လည်လာသလား၊ ရပ်တန့်နေသလားဆိုတဲ့ အချက်ဟာ အဓိက ညွှန်ကိန်းပဲ။ တိတိကျကျ ခိုင်မာတဲ့ ညွှန်ကိန်းပဲ။ ကျဆင်းနေတာပဲ။ အခုလည်း ကျဆင်းတယ်။ နာဂစ်ကြောင့် ကျဆင်းတယ်။ နောက်နှစ်မှာ ပိုကျမှာပဲ။ ဒါကို မှန်သလား၊ မမှန်သလားဆိုတာ အထဲက ပြည်သူလူထုသာ မေးကြည့်ပါ။ အချက်အလက်ကတော့ သူတို့တွေရဲ့ မိတ်ဆွေတွေ မပါဘူးနော်။ အခြေခံ လူတန်းစား၊ လူလတ်တန်းစားနဲ့ အောက်ခြေ လူတန်းစား၊ အများစုရဲ့ စီးပွားရေး အခြေအနေတွေ ကျပ်တည်းလာပြီး ဆိုရင်တော့ တိုင်းပြည်ကို အုပ်ချုပ်နေသူများ စီးပွားရေး စီမံ ခန့်ခွဲမှု ညံ့ဖျင်းလို့ တိုင်းပြည်စီးပွားရေး ကျဆင်းနေတယ်ဆိုတာ ပေါ်လွင်နေတာပဲ။"

၂၀၀၉ ခုနှစ် အာရှဖွင့်ဖြိုးရေးဘဏ် ဖေါ်ပြချက် တခုမှာ တွေ့ရတာကတော့ မြန်မာနိုင်ငံက ထွက်ရှိနေတဲ့ သဘာဝ သယံဇာတ ဓာတ်ငွေ့တွေ ကနေ ရနေမယ့် နိုင်ငံဘဏ္ဍာငွေဟာ ဒေါ်လာငွေ ၃.၄ ဘီလီယံ ရှိနိုင်တယ်လို့လည်း ဖေါ်ပြထားပါတယ်။


Rest of your post

No comments:

 

Downtamun template | DOWNTAMUN