Sunday, April 19, 2009

ကချင် ညီငယ်တယောက်ရဲ့ စာ

အယ်ဒီတာခင်ဗျား---
ကျွန်တော်က ကချင်တိုင်းရင်းသားလေးတစ်ယောက်ပါ။ ကျွန်တော်တို့
ကချင်ကလေးငယ်တွေ အကြောင်း စဉ်းစားမိရင် စိတ်မကောင်းလွန်းလို့
ကျွန်တော့ဆီကို ရောက်နေတဲ့ ဒီစာလေးကိုပို့ပေးလိုက်တာပါ။
ကျွန်တော်တို့ခေါင်းဆောင်တွေက စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးတဲ့
အချိန်ကစပြီး မင်းတို့တွေ အေးအေးချမ်းချမ်း ကောင်းကောင်းမွန်မွန်နဲ့
နေရအောင်လို့ ငါတို့လုပ်နေတာလို့ ပါးစပ်ကအမြဲပြောနေပေမဲ့
...ကျွန်တော်တို့ လိုင်ဇာမှာတော့ ဥပဒေမဲ့ နေရာကြီးလိုဖြစ်နေပါပြီ။
ကျွန်တော်တို့လို ရိုးရိုးသားသား နေထိုင်သူတွေ အတွက်တော့ ၀မ်းဝအောင်မနဲ
ရုန်းကန်နေရပါတယ်။ လိုင်ဇာမှာ ဆေးသုံးတဲ့သူတွေကလည်း ပိုများလာပြီး
အာဏာပိုင်တွေကလည်း မသိချင်ယောင် ဆောင်နေကြပါတယ်။ ကျွန်တော်တို့ ကချင်
ကလေးငယ်တွေက အရွယ်ရောက်လာပြီဆိုတာနဲ့ ဆေးသုံးတာ ဘာမှမဆန်းတဲ့
အလုပ်တစ်ခုလို့မြင်နေ ကြပါတယ်။ ဒီစာလေးကိုဖတ်ပြီးရင် ကျွန်တော်တို့တွေ
ဘယ်လိုဘ၀မျိုးကိုရောက်နေပြီဆိုတာ စာနာမိမှာပါ။

No comments:

 

Downtamun template | DOWNTAMUN