Wednesday, June 4, 2008
Tuesday, June 3, 2008
ဖတ်သင့်ဖတ်ထိုက်သော ကိုယ်တွေ့ဖြစ်စဉ်
နာဂစ်မြစ်၊ နာဂစ်ကျိန်စာ နာဂစ်အလွန် ခရီးသွားမှတ်တမ်း (ဆောင်းပါး)
PDF Print E-mail
သင်ကာ
အင်္ဂါနေ့၊ ဇွန်လ 03 2008 17:50 - မြန်မာစံတော်ချိန်
လှေဆိပ်နှင့် ကူလီ
ကွမ်းခြံကုန်းရှိ လှေဆိပ်သို့ ရောက်လာသည်။ ရှေ့ဆက်သွားသူရှိသလို ဤလှေဆိပ်မှနေ၍ ပင်လယ်ဝရှိရွာများသို့ သွားကြသည်လည်း ရှိသည်။ ကျနော်တို့ကား တက်ကြွသော လူငယ်အများစုပါသူများပီပီ ခပ်ဝေးဝေး လိပ်ကျွန်းအထိ သွားကြမည်ဖြစ်သည်။ အတွေ့အကြုံရှိပြီး ဦးဆောင် လူငယ်သည် တနေ့ကတည်းက ကွမ်းခြံကုန်းကို ကြိုလာပြီး စက်လှေငှားထားပြီးဖြစ်၍ စက်လှေက အသင့်စောင့်နေသည်။ ကြိုတင် မစီစဉ်နိုင်သူ မှာ ၉၈ ရာခိုင်နှုန်းဖြစ်ရာ စက်လှေငှားမရ၊ ငှားရတော့လည်း လှေဆိပ်ကပ်ဖို့မရှိ ဖြစ်နေရသည်။ တချို့လည်း ခရီးသင့်ရာ စုငှားသွားကြသည်။ ထိုနေ့အဖို့ ကျနော်တို့ အစုသာ အဝေးဆုံးခရီးနှင်ကြသည့်အဖွဲ့ဟု ထင်ပါသည်။
Rest of your post
ငွေကျပ်တသိန်းကျော်ဖြင့် ကြိုငှားထားသော စက်လှေကကမ်းကပ်ဖို့ ကြိုးစားချိန် ကျနော်တို့ကလည်း အထုပ်တွေ ကားလမ်းပေါ်ကနေ ရေစပ် အထိ ထမ်းချဖို့ လုပ်ရသည်။ မျက်နှာငယ်လေးများနှင့် ကုန်ထမ်းသမားများကို ငှားလိုက်ချင်သော်လည်း ကိုယ်တွေအဖွဲ့မှာ လူငယ်ယောက်ျား လေးတွေ အများကြီးရှိသည်နှင့် ကိုယ့်ဖာသာ ထမ်းချကြသည်။ ကျနော်လည်း လိုလိုလားလားပင် ကျရာအထုပ် ၀င်ထမ်းပြီး စေတနာကူလီလုပ်ပါ သည်။ ထိုအချိန် ထိုနေရာမျိုးတွင် လူတိုင်းလိုလိုပင် ကိုယ်ချင်းစာချင်း၊ လူသားအချင်းချင်း မေတ္တာထားခြင်းတို့ဖြင့် ပြည့်လျှမ်းနေကြချိန်။ ဘာပဲ ကူညီရ ကူညီရဆိုတာမျိုး။ မိဘဆီမှာ ဘော်ကျော့ ဆိုးပေနေသူ လူငယ်လေးများမှာလည်း တသက်နှင့်တကိုယ်မထမ်း ကြည့်ဖူးသည့် ဆန်အိတ် ကြီးကို သူထမ်းမယ် ငါထမ်းမယ် လုပြီး ကုသိုလ်ယူ ထမ်းချင်နေကြသည့် မြင်ကွင်းကို မြင်ကြစေချင်ပါဘိ။ ကူလီလုပ်ရင်း ချွေးတလုံးလုံးကြားမှာ ပြုံးနေနိုင်ကြပါသည်။
နာဂစ်မြစ်၊ နာဂစ်မြင်ကွင်း
လှေဆိပ်မှ အထွက်တလျှောက် မြစ်ကမ်း အိမ်ယာတွေမှာ ရစရာမရှိ။ အလဲလဲ အပြိုပြို။ ပွင့်ထွက်နေသည့် ဂိုဒေါင်ကြီး သုံးဆောင်မှာ အသစ်ပြီး ကာစ ဖွင့်ပွဲတောင် မလုပ်ရသေးပါတဲ့။ အမိုးအကာ ဘာမှမရှိပဲ ထုတ်လျောက်တန်းလျားပဲ ကျန်သော ကြီးမားလှသည့် ဂိုထောင်ကြီး။ တချို့ စက်လှေ၊ သမ္ဗာန်ကြီးများမှာ မြုပ်တ၀က်၊ ပေါ်တ၀က်။ ခေါင်းစိုက် ဖင်စိုက်။ ကမ်းတလျောက် လူနေအိမ်ခြေတွေမှ မဆုံးသေး၊ ဓနိတောတခု ကြားမှာ လူသေအလောင်းတခုက ဖောင်းကားလျက်။ မုန်တိုင်းပြီး၍ ရက်နှစ်ဆယ်ပင်ကျော်ခဲ့ပြီ။ လူတွေနဲ့နီးနီး အလောင်းတွေရှိနေတာတွေ့တော့ အံ့သြမိသည်။ ဒီလို အလောင်းမျိုးကို ဖယ်ဖို့ခက်မည်ဟုတော့ ခန့်မှန်းမိသည်။ ဓနိတောစပ်ကို ဒီရေနဲ့ မျောဝင်တုန်းက မပုပ်ပွသေး။ အထဲရောက် ပြီး လူသေက ပွပြီးဖောင်းလာတော့ အပြင်ပြန်မရောက်တော့ဘဲ ဓနိတောရှုပ်ရှုပ်ထဲမှာ ပိတ်မိနေတာမျိုး။ ၀ါးနဲ့လည်း ထိုးချ၍ မရ၊ လူဝင်ပြီးဆွဲလို့ လည်း မရ။ ဒီအတိုင်းဖြစ်နေသည်။ ဒါက အရေးမကြီး။ ဒီလူသေ ကျွဲနွားသေတွေနဲ့ ရေစီးရေလာ မနီးမဝေးမှာ ယောင်္ကျား၊ မိန်းမ၊ ကလေးတွေ မြစ်ထဲမှာ ရေချိုးနေကြတာ၊ မြစ်စပ်မှာ မြစ်ရေနဲ့ အ၀တ်လျှော်နေကြတာ။ ရေမှမရှိဘဲနဲ့။ ဒီဒေသခံတွေ ဘယ်မှာလာ ကျန်းမာကြံ့ခိုင်ကြတော့မည် နည်း။ ဘယ်မှာလာ ကျန်းမာရေးနှင့် ပြည့်စုံတော့မည်နည်း။
တဖြည်းဖြည်းနှင့် လူနေအိမ်ခြေရှိ ကမ်းပါးများ နည်းလာပြီး ကျွန်းကလေးတွေ ဟိုဘက် ဒီဘက်နှင့် မြစ်ပြင်ကျဉ်းလိုက်၊ ကျယ်လိုက်၊ မြစ်ခွဲလက် တက်ရောက်လိုက် တွေ့လာရသည်။ မြစ်ဝအရောက်တွင် စက်လှေဆရာက အလောင်းတွေ ရှိသေးကြောင်းပြောရာ ကျနော် မယုံဖြစ်နေသည်။ နာဂစ်အပြီး ရက်ပင် ၂၀ ကျော်ခဲ့ပြီ။ အလောင်းတွေ အရိုးကျလောက်ပြီ။ စက်လှေဆရာစကား မှန်ပေသည်။ ကျွဲနွားအသေတွေ ကမ်းပါးမှာ တွေ့နေရာကနေ ဘွားကနဲဆို ခပ်ပြေပြေ ရွှံ့ကမ်းစပ်ပေါ်တွင် ဦးခေါင်း၊ ကိုယ်၊ ခြေတံ လက်တံတွေ ရှိသေးသော အလောင်းတစ်ခုကို ကို့ရို့ ကားယားနှင့် ဘွားကနဲ တွေ့ရလိုက်ရသည်။ ခရီးသွား အယောက်သုံးဆယ်ကျော်ပါရာ ထိုဘက်ဝိုင်းကြည့်ကြသည်နှင့် စက်လှေကြီးလည်း ယင်းကမ်းပါးဘက် တစ်ခြမ်းစောင်းသွားသည်။ ယောင်္ကျား မိန်းမ ရေထဲမှာ မှောက်လျက်သေသည်၊ ပက်လက်သေသည်ဟု မြို့သားတစ်စု ငြင်းနေကြဆဲ၊ လှေဆရာစကားကြောင့် တိတ်သွားကြသည်။ `မုန်းတိုင်းအကျမှာ သေရတာ သေချင်သလို သေကြတာပါပဲဗျာ၊ မှောက်လျက် ပက်လက်တွေတောင် မရှိနိုင်တော့ပါဘူး´တဲ့။
လူသေတွေ အရိုးမကျပဲ ခန္ဓာမပျက် ရှိနေသေးခြင်းကို ရှင်းပြချင်ပါသည်။ ရေထဲရောက် အလောင်း တော်တော်များများမှာ အရိုးကျကုန်ပြီဖြစ်၍ မမြင်နိုင်ပြီ။ ကလေးအလောင်းတွေဆို မြန်မြန်ပင် အရိုးကျသွားသည်ဟု ဆိုသည်။ ယခု ရက် ၂၀ ကျော် ကြာသည့်တိုင် တွေ့နေရသေးသည့် အလောင်းများမှာ ရေးစပ်စပ်တွင် တင်နေသော အလောင်းများဖြစ်သည်။ မုန်းတိုင်းအကျ ရေတက်စဉ်က ရေသည် ၁၂ ပေ အမြင့်အထိတက် သည်ဆို၏။ ကုန်းမြေများမှာ ကျွန်းမြေပြန့်များဖြစ်ပြီး ကျနော်မှန်းကြည့်ရာ ငါးပေ၊ ခြောက်ပေ အမြင့်မျှသာဖြစ်သည်။ ပြေးတက်စရာကုန်းမြင့် မရှိရကား အကုန်သေကြခြင်းဖြစ်သည်။ ထိုအလောင်းများသည် ညဒီရေတက်ချိန်တွင် ဆားငန်ရေထိလိုက်၊ နေ့အချိန်တွင် နေပူကျဲကျဲထိလိုက်နှင့် ရက်အတန်ကြာသောအခါ ဆားစိမ်သော အလောင်းသဖွယ်ဖြစ်ပြီး အရိုးကျခြင်းသို့ မရောက်ဘဲ ဖြစ်ကာ ကျန်နေကြခြင်းဖြစ်သည်။ ကျွဲနွားအသေ တွေမှာလည်း ထို့အတူပင်။ အရိုးပေါ်တွင် သားရေတင်ပြီး အကောင်သဖွယ် ကျန်နေသေးသည်။ အနံအသက်မကောင်းသည်နှင့် နှာခေါင်းစည်း များ တပ်ထားရသည်။
ဒီဝဋ် ဘယ်သူလည်မလဲ
စက်လှေအမိုးပေါ်တွင် ကျနော်တို့ ယောင်္ကျားလေးများနှင့် ဦးပဇင်းတို့ကလိုက်ကြရာ မတ်တပ်ရပ်ကြည့်လျှင် ကုန်းပေါ်အတော်လှမ်းလှမ်းအထိ မြင်ရသည်။ တစ်နေရာအရောက်တွင် လှေဆရာက အစ်ကို မတ်တပ်ရပ်ပြီး ကြည့်လိုက် သေတာနှစ်ရက်ပဲ ရှိသေးတဲ့ နွားတွေ တွေ့ရလိမ့်မယ်တဲ့။ ကျနော်ထရပ်ပြီး ကြည့်လိုက်ရာ မပုပ်သိုးသေးပဲ ခွာတွေ ဂျိုတွေရော အကောင်းအတိုင်းရှိနေသေးသော နွားတစ်ကောင်ကို ကမ်းစပ် တုန်းလုံးလဲ လျက်သား မြင်ရသည်။ ဖြစ်ပုံကို ကျနော်သိလိုက်ပါပြီ။
လေမုန်တိုင်းအပြီးတွင် ကျွဲနွားအချို့မှာ မသေသော်လည်း လေ၊ ရေတို့ဖြင့်လွင့်ထွက်ပြီး ခြေ၊ လက်၊ နံရိုးတို့ ကျိုးကာ မသွားနိုင်၊ မလာနိုင် လဲနေကြသည်။ ဆေးကု ရေတိုက် အစာကျွေးမည့် သခင်တို့လည်း မရှိပြီ။ ထိုနေရာအနီးတွင် လူသူကျေးရွာကိုလည်း မတွေ့ရ။ စဉ်းစားသာ ကြည့်တော့။ ညဘက်ကျ အေးလိုက်။ နေ့လည် နေလှမ်းခံရလိုက်။ ခြေကျိုး၊ လက်ကျိုး၊ နံရိုးကျိုး ဒဏ်ရာတွေနှင့် မျှင်းးသတ်သလို ခံစားရမည့် ဒုက္ခ။ အရက်နှစ်ဆယ်လောက် နာကျင်ခြင်းဝေဒနာ၊ ငတ်ပြတ်ခြင်း ဝေဒနာတွေ တမြည့်မြည့်ခံစားပြီး သေရသည့်ဘ၀။ ၀ဋ်ဒုက္ခကြီးပေစွဟုသာ စိတ်နှလုံး မသာယာဖြစ်မိသည်။ ဒီလူကျွဲနွားတွေ အဖြစ်မျိုးပဲ လူတွေ မခံရဘူး မပြောနိုင်ပါ။ ယနေ့တိုင် လူသူ အကူအညီ မရောက်သေးသည့် နေရာတွေ ရှိကြပါသေးသည်။ လူတွေသည် လေမုန်းတိုင်း လွင့်ပါကုန်ကြခြင်းဖြစ်သည်။ နေထိုင်သည့် နေရာလေးတွင် ကပ်၍ သေကြ၊ ဒဏ်ရာ ရကြသည် မဟုတ်ပါ။
ခရီးတစ်လျှောက် ချိုင့်ကမ်းစပ်၊ သစ်ပင်တောရုံတို့တွင် လူသေအလောင်းတွေကို တစွန်းတစရော၊ ပီပီပြင်ပြင်ပါ တွေ့ရသည်။ တစ်နေရာတွင် သစ်ပင်အမှိုက်ပုံကြီးလို တွေ့သဖြင့် လှေဆရာကို မေးရာ အရင်ကရွာဟု သိရသည်။ ဘုရားစူး ကြိမ်၍ ရွာဟု ပြောရမလိုပင်၊ အိမ်တိုင်တစ်ငုတ် မကျန်ရစ်ပါ။ သစ်ပင်တွေမှာလည်း အမြစ်လား၊ သစ်ကိုင်းတွေလားဟုပင် ခွဲမရတော့လောက်အောင် ဦးစိုက်တစ်ပင်၊ ကန့်လန့်တစ်ပင်၊ ပြောင်းပြန် တစ်ပင် ဖြစ်ချင်တိုင်းဖြစ်နေတော့သည်။ ဦးခေါင်းမရှိတော့သော မိန်းမဟု ယူဆရသည့် အလောင်းတစ်လောင်းသည် အင်္ကျီအနီလေး ၀တ်လျက် သားနှင့် ထိုကို့ရို့ကားယားသစ်ပင်တွင် ချိတ်နေ၏။ ရေထဲမရောက် ကုန်းပေါ်မတင်နှင့် ဤနည်းနှင်နှင် လူတွေလူလို မသေရသည့် အဖြစ်တွေကို ရင်နင့်ဖွယ် မြင်တွေ့ရပေသည်။ ဒါကိုမြင်လျင် ကျနော်လည်း ကူညီကယ်ဆယ်ရေးအစား စစ်အစိုးရ အားချင်းလုပ်ခဲ့သော `သောက်မဲပေးပွဲ´ကို ပစ်ပစ်နှစ်နှစ် ကြိမ်ဆဲမိပေတော့သည်။ တုတ်တကားကား၊ သေနတ်တကားကားနှင့် တာဝန်ရှိသူတွေဆိုသည် မဟုတ်တာတွေပဲ လုပ်နေသည်ဟု သွားလေလေ မြင်လေလေ သိရလေလေပင် ဖြစ်သည်။
ရေတစ်ပေါက်
သွားလေလေ တွေ့လေလေ၊ နောက်တော့ ဓာတ်ပုံပင် မရိုက်နိုင်တော့ပြီ။ လှေသမားကမူ ဆေးလိပ်ဖွာ မပျက်။ သူအဖို့ ပို၍ ရိုးလို့နေသော မြင်ကွင်း ဖြစ်ပေမည်။ လေဆရာက အလိုက်သိစွာ သေပျောက်ပျက်ဆီးမှုရှိသော ကမ်းများဘက်သို့ ကျနော်တို့ လေ့လာရအောက် ကပ်၍ မောင်းပေးတတ်ပါသည်။ သူစိတ်လိုလက်ရရှိလျှင်လည်း တစ်ချက်တစ်ချက် ရှင်းပြသည်။ လှေကလေးတစ်စင်းနှင့် ၀မ်းရေးအတွက် ငါးဖမ်း နေသူများကိုလည်း တွေ့ရသည်။ အချို့တွေကတော့ အိမ်ယာလေးများ ပြန်ဆောက်လျက်။ ပြန်ဆောက်သည် ဆိုသော်လည်း ပြန်ကောက်ရသမျှ တိုင်နှင့် ဓနိရွက်ကိုင်းအစိုခုတ်လျက် ဖြစ်သလိုမိုးကြခြင်းသာ။ မိုးရွာလျှင် ခိုစရာရှိဖို့ လိုသည်မဟုတ်လား။
တချို့တွေလည်း စက်လှေကလေးတွေနဲ့ တစ်ရွာမှ တစ်ရွာကူးသည်လား၊ မြို့တက်သည်လားမသိ။ တစ်နေရာတွင် စက်တပ်သမ္ဗာန်လေးပေါ်မှ ယောင်္ကျားတစ်ယောက်သည် ကျနော်တို့ရှိရာသို့ လှမ်းမျှော်၍ ပါးစပ်ကို လက်မတေ့ပြချေ၏။ အကြိမ်ကြိမ်လုပ်ပြတော့မှ ကျတော်တို့မြင်လေသည်။ စက်လှေဆရာက ရေတောင်းတာဟု ကျနော်တို့ကို ဘာသာပြန်ပေး၏။ ကျနော်တို့က လက်ရပ်ခေါ်သောအခါ ထိုစက်လှေကလေးထဲတွင် လှဲနေ သော အမယ်အိုတစ်ယောက်နှင့် မိန်းမသုံးယောက်တို့ ခေါင်းထောင်လာ၏။ တစ်ဦးမှာ နေမကောင်းဟန်ရှိပြီး အချို့မှာ စိတ်ပျက်အားငယ်နေပုံ ရ၏။ ကျနော်တို့ စက်လှေအနီး ချဉ်းကပ်လာသောအခါ ရေဗူးငါးယောက်စာ ပစ်ပေးလိုက်သည်။ ကျေးဇူးတင်သော အပြုံးများနှင့် လက်ဝှေ့ရမ်း လျက် ရေဗူးကိုယ်စီ အငမ်းမရဖွင့်နေသော သူတို့တရိပ်ရိပ်ဝေးကျန်ခဲ့တာ ကြည့်ပြီး မျက်ရည်ဝိုင်းမိသဖြင့် နှာခေါင်းဖုံး (Mask) ကို မျက်လုံးနား အထိ ဆွဲတင်လိုက်မိလေသည်။
သင်ကာ
Rest of your post
Terrible Secret as told by a Colonel’s Wife
Jun 2nd, 2008
After the cyclone swept lower Burma, much terrible news was coming out from Burma media about the plight of the victims and the bad behaviour of the SPDC but we had not yet read about one of the worst hidden news in any media.
This news came from the wives of colonels’ society in Yangon. One of the friends of a colonel’s wife told about the event which one of her friend (a colonel’ wife) told them when she was in Yangon.
After the cyclone hit, her husband, the colonel went out at night to serve night duty for every night and when she asked where he had went he was afraid to tell her. One night she asked her husband to allow her to follow him and at last she got a chance to follow her husband.
Several colonels gathered at night, at the same place like the other nights before they travelled by truck. Then they went to the area of the cyclone victims, then they picked up the heavily injured victims and put into their truck then drove away to the place which they had dug a big hole and threw them all together and buried them alive. When they picked up the people they lied that they will send them to the hospital but they did not do so. The colonel’s wife could not hold her tongue about the terrible event when she met with her friends.
As told by a friend inside Burma.
Feraya
http://burmadigest.info/2008/06/02/terrible-secret-as-told-by-a-colonels-wife/Summary
Rest of your post
Saturday, May 31, 2008
The US defence secretary says Burma is causing great loss
US sailor on board USS Harpers Ferry
US naval ships are off the Burmese coast, ready to help the aid effort
US Defence Secretary Robert Gates has accused Burma of causing the loss of tens of thousands of lives by hindering international cyclone relief efforts.
Mr Gates said the United States had had ships and aircraft ready to help after Cyclone Nargis hit a month ago.
Unlike Indonesia and Bangladesh after major natural disasters, Burma had denied entry to the country, he said.
An estimated 2.4m people remain homeless and hungry following the cyclone, which struck on 2 May.
"Many other countries besides the United States also have felt hindered in their efforts," said Mr Gates, speaking at a security conference in Singapore.
"Despite these obstructions, we continue to get help into Burma, and remain poised to provide more," he added.
Woman cooks in temporary shelter at Twantay
The UN says it is too early to force people to leave temporary shelters
On Friday a senior UN official said any coercion of Burmese cyclone victims to return home was "completely unacceptable".
Terje Skavdal's remarks follow reports that Burma's military government had begun to evict homeless families from some government-run emergency camps.
It has given them bamboo poles and tarpaulins and told them to go and rebuild their lives, say reports.
Mr Skavdal, head of the UN Office for the Co-ordination of Humanitarian Affairs, said he could not confirm the camp closures but pointed out that the agency did not endorse premature return to areas with no services.
"People need to be assisted in the settlements and satisfactory conditions need to be created before they can return to their place of origins," said Mr Skavdal.
"Any forced or coerced movement of people is completely unacceptable."
'Bureaucratic hindrance'
A Unicef official, Teh Tai Ring, had earlier said camps set up by the government in the Irrawaddy Delta towns of Bogale and Labutta had been emptied, according to the Associated Press news agency.
map
Map of the cyclone zone
Will Burma keep its word on aid?
Burmese anger at junta
Mr Skavdal also complained of "bureaucratic hindrance" of aid workers and urged the junta to allow in 30 International Red Cross staff who were awaiting visas.
Last week, senior General Than Shwe assured UN Secretary General Ban Ki-moon all foreign aid workers would be allowed in.
The international community last week pledged $150m (£75m) for cyclone relief in Burma but state media lashed out at donors, saying the junta needed $11bn to rebuild the stricken country.
The Burmese-language daily, Myanma Ahlin, said cyclone survivors could get by without "bars of chocolate" from the international community.
At least 78,000 people have died as a result of the cyclone, and another 56,000 people are still missinSummary
Tuesday, May 27, 2008
ဒီပဲယင်းတိုက်ခိုက်မှု ဗိုလ်ချုပ်ကြီးသန်းရွှေ ကိုယ်တိုင်အမိန့်ပေး မြန်မာသံအရာရှိဟောင်းပြော
31 May 2008
သန်းလွင်ထွန်း - အစီအစဉ်ကိုရယူရန် (MP3) [Photo]
သန်းလွင်ထွန်း - နားဆင်ရန် (MP3) [Photo]
လွန်ခဲ့တဲ့ ၅ နှစ် ၂၀၀၃ ခုနှစ် မေလကုန်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းလုပ်ကြံတိုက်ခိုက်မှုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က အမိန့်ပေး ညွန်ကြားခဲ့တာ ဖြစ်တယ်လို့ မြန်မာ စစ်ထောက်လှမ်းရေးနဲ့ သံတမန် အရာရှိဟောင်း ဖြစ်တဲ့ ဗိုလ်မှူး အောင်လင်းထွဋ်က ပြောကြားလိုက်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ ထောက်ပံ့မှုကို ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းနဲ့ လူရမ်းကားတွေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကားတန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာကြောင့် မိုလို့ လူ ၇၀ ထက်မနဲ သေဆုံးခဲ့ရတယ်လို့ အတိုက်အခံ အဖွဲ့ဝင်တွေက ဆိုပါတယ်။
ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ နောက်ကြောင်းပြန် ပြောကြားချက်ကို ဗီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းက တင်ပြထားပါတယ်။ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အမဲစက် ထင်ကျန်ရစ်စေမယ့် သွေးစွန်းတဲ့ နေ့ရက်တစ်ရက် ဖြစ်ပါတယ်။ အထက် မြန်မာပြည်ဘက်မှာ နယ်လှည့်စည်းရုံးရေးခရီး ထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ယာဉ်တန်းကို ဒီပဲယင်းမြို့နယ်အတွင်း ညမှောင်မှိတ်ချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ လူရမ်းကားတွေပါ ၀ိုင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့ကြတာပါ။ ဒီမတိုင်ခင် ရက်တွေမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းရုံးရေးခရီးစဉ်တလျှောက် ဒီလူစုတွေရဲ့ သဲသဲမဲမဲ လိုက်နောက်ယှက်မှုတွေ ရှိနေခဲ့ပေမယ့် ဒီလောက်ထိတော့ သွေးချောင်းစီး တိုက်ခိုက်မှုကို ကျူးလွန်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒါဟာ တကယ့်ကို ရက်ရက်စက်စက် စီမံလုပ်ကြံမှု တစ်ခုသာ ဖြစ်ပါတယ်လို့ မြန်မာ စစ်ထောက်လှမ်းရေး အရာရှိဟောင်းနဲ့ သံတမန်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်မှူး အောင်လင်းထွဋ်က ဗီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။ “အမှန်တိုင်း ပြောရရင်တော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရှင်းရှင်းပြောရရင်တော့ အသေ လုပ်ကြံတာပဲခင်ဗျ။ ကျနော် သိသလောက်ပေါ့လေ။ နောက်ပိုင်း ကျနော်တို့ ပြန်ပြောကြတဲ့ အခါမှာပေါ့။ အဲဒီတော့ ကံကောင်းတာက ဒေါ်အောင်ဆန်းစုကြည်ကားဟာ ထိပ်ဆုံးက ဖြစ်ပြီးတော့မှ နောက်ဆုံး သူ့ကားက မောင်းပြီးတော့မှ ပြေးပြီး ထွက်သွားနိုင်တယ်လို့ သိရတယ်။ နောက်ပိုင်းမှာ ကျနော်တို့ ရဲစခန်းတစ်ခုမှာ သွားပြီးတော့ သတင်းပို့တယ်လို့ ကျနော်တို့ သိပါတယ်။ ရဲစခန်း ရောက်တဲ့အခါကျတော့ ကျနော်တို့ ထောက်လှမ်းရေးတပ်ဆွယ်က လူတွေက နေပြီးတော့ သတင်းပို့တယ်လို့ သိရပါတယ်။ နောက်ပိုင်း အန္တရာယ် ရှိတာနဲ့ ရဲစခန်းကနေပြီးတော့မှ တနေရာကို ရွှေ့တယ်လို့ ကျနော်တို့ သိတယ်။ တပ်ကို ရွှေ့တယ်လို့ သိတယ်။ ကျနော် သိသလောက်ပေါ့နော်။ အဲဒီ တပ်ထဲကျမှ ကျနော်တို့ မိထ္ထီလာ လေတပ်က တပ်လေယာဉ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ညတွင်းချင်းပဲ ရွှေ့သွားတယ်ဆိုပြီးတော့မှ ကျနောတို့ သိပါတယ်။” ဒီပဲယင်းလုပ်ကြံတိုက်ခိုက်မှုမှာ လူပေါင်း ၇၀ ထက်မနဲ သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ပရောက် အတိုက်အခံတွေရဲ့ စုံစမ်း ထွက်ဆိုချက်တွေမှာ ဖော်ပြခဲ့ကြပါတယ်။ စစ်အစိုးရ ကတော့ သေဆုံးသူ ၄ ယောက်ပဲ ရှိပါတယ်လို့ ကနဦး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စအတွက် တရားဝင် အရေးယူစုံစမ်းမှုတွေလည်း အခုချိန်ထိ လုပ်မလာခဲ့ပါဘူး။ တကယ်တမ်းမှာ ဒီအဖြစ်အပျက်ဟာ အထက်က ညွှန်ကြားချက်အမိန့်နဲ့ အကွက်ချ စီစဉ်ခဲ့တဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်တယ်လို့ ဗိုလ်မှူး အောင်လင်းထွဋ်က အခိုင်အမာ ပြောပါတယ်။ ၀န်ကြီး ဦးအောင်သောင်း ဦးစီးတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ လူရမ်းကားတွေ တဖြည်းဖြည်း အတင့်ရဲ ကြမ်းတမ်းလာပြီး ဒေါ်အောင်ဆန်းစုကြည် တို့ကို တိုက်ခိုက်မယ့်အဆင့်ထိ ရောက်လာနေတာကို နယ်မြေခံစစ်တပ်နဲ့ ထောက်လှမ်းရေးကတောင် စိုးရိမ်မကင်း ဖြစ်လာရပြီး အဲဒီအချိန်က ရန်ကုန်မှာရှိတဲ့ ထောက်လှမ်းရေးမှူးချုပ် ရုံးကို အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို သွားရောက်ပြီး သတင်းပို့ မေးမြန်းခဲ့တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒါဟာ သူကိုယ်တိုင် ညွှန်ကြားထားတဲ့ကိစ္စ ဖြစ်တယ်လို့ ဖြေကြားခဲ့ကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ပြောပါတယ်။ “ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကနေပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး အခြေအနေ ဒီလိုဖြစ်တယ် ဆိုပြီး သူ ပြောပြတဲ့အခါကျတော့ - အေး ဘာဖြစ်လဲကွာ ငါ ခိုင်းထားတာ ဆိုပြီးတော့မှ သူက အဲဒီလို ပြန်ပြောပါတယ်။ ပြန်ပြောတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ဘာထပ်ပြောလိုက်လဲဆိုတော့ - ဗိုလ်ချုပ်မှူးကြီး၊ အဲဒီလို လုပ်မယ်ဆိုလို့ရှိရင် အားလုံး ရှုပ်ထွေးကုန်လိမ့်မယ်။ ကျနော်တို့ မြန်မာ့နိုင်ငံရေးရော၊ ကျန်တဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေပိုင်းမှာပါ အားလုံးက ရှုပ်ပြီးတော့ ရှင်းမရတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ် ဆိုပြီးတော့မှ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောပါတယ်။ ပြောတော့အခါကျတော့ ဒီအဘိုးကြီးက ဘာပြန်ပြောလဲဆိုတော့ - အေး အဲဒါဆိုလည်း မင်းတို့ဘာသာ မင်းတို့ ကြည်လုပ်ကြပေါ့ကွာ ဆိုပြီးတော့မှ ပြောပြီးတော့မှ အဲဒီ စကားပြောတဲ့နေရာကနေပြီးတော့ အပြင်ကို ထွက်သွားတယ်ဆိုပြီးတော့ ကျနော် သိရပါတယ်ခင်ဗျ။” မြန်မာစစ်တပ်မှာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန်ကိုပဲ နာခံတဲ့ လက်အောက်ခံ အဆင့်ဆင့်နဲ့ ဖွဲ့စည်းထားတာမို့ သူ့ရဲ့ တိုက်ရိုက်အမိန့်ကို ရထားတဲ့ လူတစ်စုရဲ့ လက်ရောက်ကျူးလွန်မှုကို ကျန်တဲ့အရာရှိကြီးတွေလည်း ဟန့်တားဖို့ ဘာမှ မတတ်နိုင်ခဲ့ကြောင်းကို ဗိုလ်မှူး အောင်လင်းထွဋ်က ထပ်ပြီး ရှင်းပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်မျှတတဲ့ ကော်မရှင် အဖွဲ့တစ်ခု စုံစမ်းပြီး စစ်ဆေးမှုတွေ လုပ်စေခဲ့မယ်ဆိုရင်တော့ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ အမှုမှန်တွေ ပေါ်လာမှာတော့ မလွဲပါဘူး။ မြန်မာစစ်ထောက်လှမ်းရေးကနေ နိုင်ငံခြားရေးဌာနကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ပြီး ၂၀၀၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု မြန်မာသံရုံး ယာယီတာဝန်ခံ သံမှူးကြီး အဖြစ်ကနေ နိုင်ငံရေး ခိုလုံခဲ့သူဖြစ်တဲ့ ဗိုလ်မှူး အောင်လင်းထွဋ်ရဲ့ ဒီပဲယင်း အရေးအခင်းအကြောင်း ကြားသိရသမျှ ပြန်ပြောင်းပြောပြချက် အသေးစိတ်ကို တနင်္ဂနွေနေ့ မြန်မာ့ဒီမိုကရေစီ ရေးရာကဏ္ဍမှာ နားဆင်နိုင်ပါတယ်။
Rest of your post