Saturday, July 25, 2009

ကြီးနိုင် ငယ်ညှစ် ပြည်သူတွေခမျာ

ဝ တပ်ထွက် နှင့် ဗျူဟာမှူးပေါင်း၍တာချီလိတ်လယ်သမား လယ်မြေများ အဓမ္မဈေးနှိမ်ဝယ် သောကြာနေ့၊ 24 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ဒေသခံလယ်သမားအချို့အား လယ်မြေများရောင်းပေးရန်ဝ တပ်ထွက် ဗိုလ်မှူး တဦးနှင့်အပေါင်းပါလောဝ်ပန်းတစ်စုက တာချီလိတ်ဗျူဟာမှူးနှင့်ပူးပေါင်း၍ အဓမ္မလက်မှတ်ထိုးခိုင်းသည်ဟု နယ် စပ်သတင်းရပ်ကွက်က ဆိုပါသည်။
“ဒီလ ၁၂ ရက် ၀ တပ်ထွက် ဗိုလ်စန်းညိုတို့အဖွဲ့ ဗျူဟာမှူးဗိုလ်မှူးကြီးခင်မောင်ဖြိုး နဲ့ ပူးပေါင်းပြီးလယ်သမား တွေကို ဆင့်ခေါ်တယ်။ ပိုင်ဆိုင်သမျှလယ်မြေအားလုံး ရောင်းပေးဖို့အဓမ္မလက်မှတ်ထိုးခိုင်းတယ်” ဟုရပ်မိရပ်ဖ တဦးကဆိုသည်။

“၀မ့်ဟောင်ရွာ လယ်သမားတွေရဲ့ ဘိုးစဉ်ဘောင်ဆက်ပိုင်လယ်မြေတွေပေါ့။ အခု လက်မှတ်ထိုးရတာက အဲဒီ့ ရွာက လယ်သမား ၁၃ ယောက်။ ဗျူဟာရုံးကိုဆင့်ခေါ်ပြီး လက်မှတ်ထိုးခိုင်းတာ။” တာချီလိတ်မှ အမည်မဖော် လိုသူ လယ်သမားတစ်ဦးကပြော၏။

အဆိုပါ ၀ တပ်ထွက် ဗိုလ်မှူးစန်းညို နှင့် လောဝ်ပန်း ၁၄-၁၅ ယောက်တို့ပူးပေါင်း၍ ဈေးပေါပေါဖြင့် အဓမ္မ၀ယ်ယူ သောလယ်မြေမှာ ၁၀ ဧက (တာချီလိတ် - မိုင်းဖုန်း ကြား) ဖြစ်သည်ဟု ဆက်ပြောပြ၏။

“လယ် ၁၀ ဧက ကို ဘတ် ၁၈၀,၀၀၀ ပေးတယ်ဆိုတော့ တစ်ဧက ဘတ် ၁၈,၀၀၀ ဘဲကျတယ်လေ။ လယ်သမား တွေ မရောင်းချင်လဲ ဘယ်တရားရုံး/ဘယ်သူ့ကိုအားကိုးနိုင်လို့လဲ။ မျက်ရည်ဝဲ၀ဲမချိတင်ကဲ လက်မှတ်ထိုးပေး ရတယ်” ဟုဆို၏။

အလားတူ ဧပြီလ ၂၅ ရက် ၂၀၀၉ က အသစ်တိုးချဲ့ဖွင့်လှစ်သည့် ကျိုင်းတုံ လေယာဉ်ကွင်းသစ်သည်လည်း အဖိုး အခလုံးဝမပေးဘဲ ဒေသခံလယ်ယာမြေ အများအပြား သိမ်းဆည်းပြီး ဆောက်လုပ်ထားကြောင်း ကျိုင်းတုံဒေသခံ များက ဆိုသည်။

“အနံပေ ၁၅၀၊ အလျား ပေ ၈,၀၀၀ ထပ်မံတိုးချဲ့တဲ့ လေယာဉ်ကွင်းကြောင့် ကျနော်တို့ဘိုးစဉ်ဘောင်ဆက် နေ ထိုင်လာကြတဲ့ ကိန်းလိတ်ရွာတစ်ရွာလုံး နဲ့ လယ်ယာမြေတွေ သိမ်းဆည်းခံရတယ်” - အမည်မဖေါ်လို သည့် ကျိုင်းတုံ ဒေသခံတဦးက ဆိုသည်။

ရွာသားများလည်း ကျိုင်းတုံမြို့အရှေ့မြောက်ဘက် ၄ မိုင် ခန့်အကွာ ၀မ့်နောင် အနီး (မကြာသေးမီက ၀မ့်ယန်း ကုန်းရွာသားများထံမှ နအဖစစ်တပ် သိမ်းယူခဲ့သော) လယ်ကွင်းပြင်သို့ ပြောင်းရွှေ့နေထိုင်ကြရသည် ဟုဆို၏။

ထို့အပြင် လေယာဉ်ကွင်း ပတ်ဝန်းကျင်ရှိ ၀မ့်ဖွေးဟုန်း၊ ၀မ့်ယန်းခွယ်ရွာသားများ၏ လယ်မြေ တော်တော်များများ ကိုလည်း အာဏာပိုင်များ သိမ်းယူခဲ့သည်ဟု ဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Friday, July 24, 2009

သန်းရွှေ နားလည်တဲ့  ဟူးမဲန်းရွိက် (Human Right)


ဆက်ဖတ်မယ်ဆိုရင်....

မြန်မာပြည်အနာဂတ်တွင် စစ်အာဏာရှင်တို့အတွက် နေရာမရှိ

ပေးပို့ သူ ဘလော့ခ်ပိုင်ရှင်ကိုဖြိုးဝေ
မောင်ဂဏန်းစိန် ဇူလိုင် ၂၃၊ ၂၀၀၉
မြန်မာပြည်၏ စစ်အုပ်စုကို အားလုံးက အစွန်းရောက်အကြမ်းဖက်သမားများအဖြစ် မြင်ကြသည်။ နိုင်ငံတကာတွင် ၎င်းတို့ကို လူ့အခွင့်အရေးချိုးဖောက်သူတို့၏ ထိပ်ခေါင်၊ ဟစ်တလာလက်သစ်အဖြစ် သဘောထားကြသည်။ ထိုသို့သော အခြေအနေ၊ ဖြစ်ရပ်ကြောင့် မြန်မာပြည်နှင့် ပတ်သက်၍ ထိရောက်သော ဆွေးနွေးမှု ပြုလုပ်ကြရေးအတွက် မျှော်လင့်ချက်မှာ မှေးမှိန်လျက်ရှိသည်။ ထို့အပြင် သန်းရွှေဦးဆောင်သော စစ်အာဏာရှင်တို့၏ စစ်အုပ်စုများ၊ အလိုတော်ရိများကို နိုင်ငံတကာက လူကြီးလူကောင်းဆန်ဆန်ဖြင့် ဝေဖန်ပြောဆို၊ ပြစ်တင်ရှုတ်ချခြင်းတို့မှာလည်း ယခုအချိန်တွင် အာပေါက်ပြီး ကမ်းကုန်လျက် ရှိနေပြီဖြစ်သည်။ သူတို့ကိုယ် သူတို့ တိုင်းပြည်ကို ကယ်တင်စောင့်ရှောက် ကာကွယ်နေရပါသည်ဟု အသံကောင်းဟစ်နေခြင်းဖြင့် တပါးသူတို့၏ ဝေဖန်ထောက်ပြမှုတို့ကို ဥပက္ခာပြုနေသလို ဖြစ်၏။ ၎င်းသည် မြန်မာပြည်ကြီး အလုံးစုံ ပျက်သုဉ်းစေခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။

၎င်းတို့ တပ်မတော်ကြီးက တိုင်းပြည်ကို မည်သို့မည်ပုံ ကယ်တင်စောင့်ရှောက်၊ တည်ဆောက်ပြုပြင်နေသည်ဟု ချဲ့ကား၊ လိမ်ညာပြီး မဟုတ်မဟတ်များ ပြောဆိုစေကာမူ တိုင်းပြည်၏ အနာဂတ်သည် ၎င်းတို့ကြောင့် မျှော်လင့်ချက်မရှိလောက်အောင် အမှောင်တိုက်ကျနေသည်မှာ သိသာလှသည်။ ၎င်းတို့သည် တိုင်းသူပြည်သားများနှင့် တိုင်းပြည်ကို လုပ်ကြံဖျက်ဆီးနေကြသော စစ်အာဏာရှင် ရာဇ၀တ်ကောင်များ ဖြစ်ကြပါသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိုစစ်အာဏာရှင်များကို သပိတ်မှောက် ကန့်ကွက်မှုများ ပိတ်ဆို့မှုများ ပို၍ တိုးလုပ်ကြဖို့သာ ရှိသည်။ မြန်မာပြည်၏ သန်း ၅၀ သော ဒုက္ခသည်ပြည်သူတို့ဖက်က နိုင်ငံတကာက လူထုက ၀ိုင်းဝန်းရပ်တည်မှုများ တိုးကြရန်သာ ရှိသည်။

အမှန်တကယ်ကတော့ စစ်အာဏာရှင်များဖက်ကို လိုက်ခြင်းသည် နည်းဗျူဟာအခြေခံမှစ၍ မှားယွင်းသော အချက်ဖြစ်သည်။ ပြည်သူလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အထီးကျန်အောင်၊ အားနည်းအောင် လုပ်နေသည်ကို အားပေးခြင်း ဖြစ်ပါသည်။ စစ်အစိုးရအလိုကျ စီးပွားရေး အကူအညီများပေးလိုက်ခြင်းကို ထွက်ပေါက်တခုဟု စိတ်ကူးယဉ်ကြည့်နေကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စစ်အာဏာရှင် အစွန်းရောက်အကြမ်းဖက်သမားများကို ပိုမိုအားပေးရာရောက်ပြီး အကာအကွယ်မဲ့နေသော ပြည်သူလူထုနှင့် အတိုက်အခံများအားလုံးကို ဒုတိယကမ္ဘာစစ်မတိုင်မီ ဟစ်တလာက ဂျူးလူမျိုးများကို မျိုးဖြုတ်၊ သုတ်သင်ခဲ့သလိုမျိုး သေတွင်းသို့ ပို့သလို ဖြစ်လိမ့်မည်။

စစ်အုပ်စုအတွင်းက တပ်မတော်သားများ၊ မိသားစုဝင်များကလည်း ယခုအချိန်တွင် သူတို့၏ စစ်အာဏာရှင်များ၏ အာဏာရူးသွပ်မှုများ၊ စစ်ရာဇ၀တ်မှုများကို သိရှိနေကြပြီ ဖြစ်သည်။ ထိုသို့သော အမှားများကို လူသိရှင်ကြား ဝေဖန်ရန်၊ တားမြစ်ရန်ကိုမူ ၀န်လေးနေကြသည်။ စစ်အုပ်စုက ၀ါဒမှိုင်းတိုက်နေသည်မှာလည်း တပ်မတော်သည် မြန်မာနိုင်ငံအရေးတွင် သူ့နေရာကို ဘယ်သူမှ အစားထိုး ၀င်မယူနိုင်ဟူ၍ ဖြစ်လေသည်။ စစ်အာဏာရှင်များသည် ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ ရလဒ်များနှင့် အရွေးချယ်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်မပြုရုံသာမက ဖိနှိပ် နင်းခြေ ဖျောက်ဖျက်ဖို့ အစွမ်းကုန် ကြိုးစားလျက်ရှိသည်။ တကယ်တော့ သူတို့ အမှန်တရားနှင့် တရားမျှတမှုကို မရင်ဆိုင်ရဲ၍ ဖြစ်သည်။

အနှစ် ၂၀ ကျော်သည့်အချိန်အထိ တိုင်းပြည်၏ အကြပ်အတည်းအားလုံးကို စာပွဲဝိုင်းတွင် စေ့စပ်ဆွေးနွေးရန် ငြင်းဆိုနေသူမှာ စစ်အာဏာရှင် အကြမ်းဖက်အုပ်စုသာ ဖြစ်သည်။ တပ်မတော်စစ်အစိုးရဟု ခံယူပြီး နိုင်ငံတကာ၏ ကမ်းလှမ်းမှုမှန်သမျှ ငြင်းဆိုနေခြင်းမှာ အများ ပြက်ရယ်ပြုစရာ ဖြစ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံပါတီများက အရပ်သားလွှတ်တော်ခေါ်ယူရန် တောင်းဆိုနေခဲ့သည်ကို လုံးဝ ငြင်းဆိုနေသည်မှာလည်း ထိုတပ်မတော်စစ်အစိုးရဖြစ်သည်။ ထိုသို့ တဖက်သတ် ငြင်းဆိုနေလျင် မြန်မာ့အရေးသည် မည်သို့မျှ မတိုးတက်နိုင်ပါ။

စစ်အုပ်စု၏ အလိုတော်ရိများနှင့် ဖွဲ့စည်းထားသော တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ဖို့ မတရားကြံစည်လုပ်ကြံနေသည်မှာ ထင်ရှားလှသည်။ သန်း ၅၀ သော ပြည်သူလူထု၏ ဆန္ဒမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်နှင့် ၎င်း မိသားစုများ၏ ဆန္ဒ၊ နိုင်ငံတကာက လူသားချင်းစာနာသော လူပီသသူများ၏ သဘောထားနှင့် တထပ်တည်းဖြစ်သည့် စစ်အာဏာရှင် အစွန်းရောက်အကြမ်းဖက်အုပ်စုများ လက်အောက်က လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ရရှိရေး ဖြစ်ပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဦးသန့် ဥပတိနှင့်မနှိုင်းသာ ဥာဏ်ဝင်းခင်မျာ

အမေရိကန်ကိုယ်စားလှယ် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် ဖူးကက်တွင်တွေ့ဆုံ Thursday, 23 July 2009 20:04 ဝေမိုး
ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ်တို့သည် ယမန်နေ့က တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

[ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ် (ဓာတ်ပုံ - ရိုက်တာ)]


ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် မေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စကော့ မာရှယ် (ဓာတ်ပုံ - ရိုက်တာ)
“သူတို့ မနေ့ ညနေပိုင်းက တွေ့ကြတယ်၊ အမေရိကန် နိုင်ငံခြားရေးဌာနက အဖွဲ့ဝင်တချို့နဲ့ မြန်မာအဖွဲ့တို့ တွေ့ကြပါတယ်”ဟု ယင်းအာဆီယံ အစည်းအဝေးပွဲရောက် အမေရိကန် အဆင့်မြင့် အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

ထိုသို့တွေ့ဆုံရာတွင် အမေရိကန် အရာရှိများသည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ အရ မြောက်ကိုရီးယားကို အရေးယူမှုနှင့်ပတ်သက်ပြီး မြန်မာအဖွဲ့ကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ၎င်း အမေရိကန် အရာရှိကပြောဆိုသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် မေလ က နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကိုချမှတ်ပြီး အရေးယူခြင်းခံရသည့် နိုင်ငံဖြစ်သည်။

ယခု တွေ့ဆုံသည့် တနာရီခွဲခန့် ကြာမြင့်ချိန်အတွင်း၌ မြန်မာဘက်က အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းအနေနှင့် များစွာပြောဆိုမှုမရှိကြောင်း၊ အမေရိကန်ဘက်က ဆွေးနွေးချက်များကို နေပြည်တော်ရှိ နိုင်ငံတော်အကြီးအကဲများကို ပြန်လည်၍ အစီရင်ခံမည်ဟု ပြောဆိုခဲ့ကြောင်း၊ မြန်မာအဖွဲ့အနေနှင့် နားထောင် ရုံသာ ဖြစ်ကြောင်းလည်း အဆိုပါ အမေရိကန် အဆင့်မြင့်အရာရှိက ပြောဆိုသည်။

အမေရိကန်ဘက်က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ပြန်လည်သုံးသပ်ရေးနှင့် ပတ်သက်၍လည်း “ဒေါ်အောင် ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား၂၁၀၀ ကျော်ပြန်လွှတ်ရေး တောင်းဆိုထားသည့်အပေါ် အပြောင်း အလဲ မရှိကြောင်းနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန်လိုအပ်ကြောင်း”တို့ကို ပြောကြားသည်ဟု သိရသည်။

ယင်းသို့ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံသည့် စကော့ မာရှယ်သည် လက်ရှိတွင် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်အတွင်းရေးမှူးနှင့် အမေရိကန်ပြည်ထောင်စု၏ အာဆီယံရေးရာ အထူးကိုယ် စားလှယ် ဖြစ်သည်။

အဆိုပါ အာဆီယံ အစည်းအဝေးသည် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင် ၂၃ ရက် ယနေ့အထိ ကျင်းပ ပြီးဆုံးခဲ့ သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အာခံမည့်သူ ..တို့ ရန်သူ ....ပြည် သူ့ ငွေနှင့် မိုက်နေကြသူ နအဖ

တောင်ပိုင်း SSA တပ်ဖွဲ့ အား ထိုးစစ်ဆင်ရန် ဒကစမှူး အရေးပေါ် အစည်းအဝေးခေါ် ကြာသပတေးနေ့၊ 23 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
သျှမ်းပြည်အလယ်ပိုင်း၌ ထိန်းချုပ်လှုပ်ရှားနေသော SSA တောင်ပိုင်းတပ်ဖွဲ့အားထိုးစစ်ဆင်တိုက်ခိုက်ရန် မိုင်းနောင်အခြေစိုက် ဒကစမှူး က ဒေသအတွင်း ၃-၄ မြို့နယ်မှ ဗမာတပ်မှူးများအားဆင့်ခေါ်ပြီး အရေးပေါ်အစည်း အဝေးတရပ်ကျင်းပခဲ့သည် ဟုဆိုသည်။

ဒကစမှူး ဗိုလ်မှူးကြီးကျော်ဇံမြင့်သည် မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချားမြို့နယ်အတွင်း အခြေစိုက်သည့် ခမရ၊ ခလရ တပ်မှူးများအားလုံးခေါ်ယူပြီး ၂၀၀၉ ဂျူလိုင် ၂၀ ရက်နေ့၌ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပခဲ့ရာမှာ သျှမ်းပြည် အလယ်ပိုင်း လှုပ်ရှားသည့် တောင်ပိုင်း SSA တပ်ဖွဲ့အား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်ဗျူဟာနှစ်ခုပြင်ဆင် နေကြောင်း သျှမ်းပြည်အလယ်ပိုင်း သတင်းရပ်ကွက်က ဆိုသည်။

[တာဝန်ကျ သျှမ်းပြည်တပ်မတော်သား]


တာဝန်ကျ သျှမ်းပြည်တပ်မတော်သား
“ဒီ တစ်လနှစ်လ အတွင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအားလုံးကို ခြုံကြည့်မယ်ဆိုရင် ဗမာတပ်ဘက် အသေအကျေ အကျအရှုံး တော်တော်များတယ်လို့ပြောရမှာဘဲ၊ ဂျူလိုင် ၁၅ ရက်ကဖြစ်ခဲ့တဲ့နောက်ဆုံးတိုက်ပွဲမှာ ပွဲချင်းပြီးက ၁၀ ယောက်ကျော်တယ်၊ ဆေးရုံမှာ ၅-၆ ယောက် ထပ်သေတယ်ပြောတယ်။ လက်နက်တွေလဲ အများအပြားဆုံးရှုံးတော့ အရမ်းမျက်နှာပျက်တာပေါ့။ အဖတ်ပြန်ဆယ်ဖို့ အခုလိုဆုံးဖြတ်လိုက်တာလဲဖြစ်နိုင်တယ်”- ဟု စစ်ရေးလေ့လာသူတဦးကပြောသည်။

သျှမ်းပြည်အလယ်ပိုင်း၌ လှုပ်ရှားနေသည့် SSA တပ်ဖွဲ့ကိုတိုက်ခိုက်ရန် အသုံးပြုမည့် ဗျူဟာ ၂ ခုမှာ အနည်းဆုံး တစ်ဗျူဟာ လျှင် တပ်ရင်း ၃ ခု ပါမည်ဖြစ်ကြောင်း၊ လတ်တလော စစ်အစိုးရ၏ ရှေ့တန်းထွက်နိုင်သည့် တိုက်ခိုက်ရေးအင်အားမှာ တပ်ရင်းတစ်ရင်းလျှင် ၁၅၆ ယောက် ရှိကြောင်း၊ သျှမ်းပြည်တပ်မတော်ကို ဗျူဟာနှစ်ခုဖြင့်တိုက်ခိုက်မည်ဆိုပါက လူအင်အား ၁၀၀၀ နီးပါး အသုံးပြုဖွယ်ရှိကြောင်း သျှမ်းပြည်တွင်း စစ်ရေးလေ့လာသည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။

“မိုးတွင်းမှာ စစ်အစိုးရ စတင်ထိုးစစ်ဆင်တာ သိပ်မရှိဘူး။ ၂၀၀၂ မေ ၂၁ ရက်တုန်းက ထိုင်းနယ်ခြား စစ်အစိုးရကင်းစခန်း တခုကို သျှမ်းပြည်တပ်မတော်က တိုက်ခိုက်သိမ်းပိုက်တဲ့အတွက် သူတို့တန်ပြန်ထိုးဆင်ခဲ့တယ်။ တစ်လလုံးလုံး အချိန်ယူ ပြန်တိုက်ရတဲ့အတွက် ဗမာတပ်ဘက်အများအပြားသေတယ်၊ အခုအခြေအနေလည်း သျှမ်းပြည်မိုးဥတုနဲ့ရေမြေ အနေအထားအရ သူတို့ထပ်သေကြဦးမှာဘဲ”- ဟု အဆိုပါပုဂ္ဂိုလ်က ပြော၏။

ကရင်ပြည်တွင် DKBA ကိုအသုံးချပြီး KNU/KNLA အားတက်တိုက်ခိုင်းသကဲ့သို့ သျှမ်းပြည်၌လည်း SSA ခွဲထွက် ဗိုလ်မိုင်းဇင့်အဖွဲ့ (လဲချားမြို့ နမ့်ဟူးဖရားထမ့် နှင့် ၀မ်ပန်နောင်ကား အခြေစိုက်) ကို ရှေ့ ပြေးတပ်အဖြစ်ပါဝင်တိုက်ခိုင်းဦး မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဂျူလိုင် ၂၁ ရက်နေ့ကလည်း စစ်အစိုးရလက်အောက်သစ္စာခံ လဲချား - မိုင်းနောင် ကားလမ်းအကြား ၀မ့်ပန်နောင်ကား အခြေစိုက် ဗိုလ်မိုင်းဇင့်တပ်စခန်းတခုအား သျှမ်းပြည်တပ်မတော် က ၀င်ရောက်တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုပါသည်။

မိုင်းနောင်ခြေစိုက် ဒကစ ၂ (အမှတ် ၂ ဒေသစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်) လက်အောက်ရှိတပ်ရင်းများမှာ လွိုင်လင် အ ခြေစိုက် ခလရ ၉၊ ခလရ ၁၂ ၊ လဲချား - ခလရ ၆၄၊ ခမရ ၅၁၅၊ နမ့်ဇန်(ခိုလမ်) ခလရ ၆၆၊ ၂၄၇၊ ခမရ ၅၁၆ ၊ မိုးနဲ - ခလရ ၂၄၈၊ ခမရ ၅၁၈၊ ပင်လုံ - ခမရ ၅၁၃၊ မိုင်းကိုင် - ခမရ ၅၁၄ နှင့် မိုင်းပွန် အခြေစိုက် ခမရ ၅၁၇ တို့ ဖြစ်ကြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Thursday, July 23, 2009

US, Myanmar officials meet at security forum



US presses Myanmar on NKorea, Suu Kyi at rare talks AFP/Pool – US Secretary of State Hillary Clinton (R) shakes hand with Myanmar's Foreign Minister Nyan Win (C) …

* N. Korea says nuclear talks are 'over' Play Video North Korea Video:N. Korea says nuclear talks are 'over' AP
* ASEAN eyes N.Korea Play Video North Korea Video:ASEAN eyes N.Korea Reuters
* 'He's a Different Man' Play Video North Korea Video:'He's a Different Man' FOX News

Wed Jul 22, 11:24 pm ET

PHUKET, Thailand (AFP) – US officials held a rare meeting with a delegation from Myanmar focusing on UN sanctions against North Korea and the treatment of democracy icon Aung San Suu Kyi, an official said Thursday.

The meeting happened late Wednesday on the eve of Asia's biggest security conference in the Thai resort island of Phuket, which US Secretary of State Hillary Clinton is attending, a senior State Department official said.

Clinton did not attend the meeting with the representatives from the reclusive, junta-ruled nation.

The State Department said the US officials urged Myanmar to implement the terms of a UN Security Council resolution that imposed sanctions on North Korea over its recent missile and nuclear tests.

Clinton had raised concerns earlier Wednesday over the possible transfer of nuclear technology from Kim Jong-Il's communist regime to military-ruled Myanmar.

The US officials also "noted that the outcome of the trial of Aung San Suu Kyi would affect our willingness and ability to take positive steps in our bilateral relationship."

Nobel Peace laureate Aung San Suu Kyi is currently on trial for breaching the terms of her house arrest after an incident in which an American man swam uninvited to her lakeside house in Yangon in May.

She faces up to five years in jail and is being held in the city's notorious Insein prison.

Clinton said on Wednesday that if Myanmar frees Aung San Suu Kyi "that would open up opportunities at least for my country to expand our relationship with Burma, including investments in Burma," she said, referring to Myanmar by its former name.

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

သမာအာဇီဝ နှင့်လုပ်စားနေသူများ မြို့ ပြင်ထွက်အသက်ရှူရန်

ရန်ကုန် ကားဝပ်ရှော့များ မြို့ပြင်ပြောင်းခိုင်း Thursday, 23 July 2009 15:50 ဟိန်းဇော်
ရန်ကုန်မြို့တွင်းရှိ ကားဘော်ဒီရုံများနှင့် ကားဝပ်ရှော့ လုပ်ငန်းများကို ဇူလိုင် ၂၀ ရက်နေ့ မှ စတင်၍ ရန်ကုန်မြို့ ပြင်သို့ ရွှေ့ပြောင်း ခိုင်းစေမှုကြောင့် လုပ်ငန်းရှင်များနှင့် ကားပြင်ဆင် လိုသူများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

[ရန်ကုန်မြို့တွင်းရှိ ကားဝပ်ရှော့ တခု (ဓာတ်ပုံ - flickr.com/clkr)]

ရန်ကုန်မြို့တွင်းရှိ ကားဝပ်ရှော့ တခု (ဓာတ်ပုံ - flickr.com/clkr)
ထိုသို့ စီစဉ်ခြင်းမှာ လုပ်ငန်းများတစ်စုတစ်စုတည်းဖြစ်သွားစေရန်နှင့် ဆင်ခြေဖုံးရပ်ကွက်များတွင် ကားဘော်ဒီရုံ များ ၏ အသံဆူညံမှုတို့သည် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေခြင်း၊ မြို့တော် အင်္ဂါရပ်နှင့် ကိုက်ညီမှု မရှိ ခြင်းတို့ ကြောင့် ဖြစ်ကြောင်း အလုံမြို့ နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ယင်းလုပ်ငန်းများ ရန်ကုန်မြို့ ပြင်ရှိ ရွာသာကြီးသို့ ပြောင်းရွှေ့ ဖယ်ရှားခြင်းကို အလုံမြို့ နယ်တွင် စတင် ဆောင် ရွက်ခြင်းဖြစ်ပြီး ထို့နောက် ဒေါပုံ၊ သာကေတ၊ ရန်ကင်း၊ လှိုင်၊ မရမ်းကုန်း စသောမြို့နယ်များတွင် ပြောင်းရွှေ့ရန် အစီအစဉ်များရှိကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ အခုရုံပိတ်လိုက်ရတယ်။ ရွာသားကြီးမှာနေရာပေးမယ်ပြောတယ်။ မြို့ ထဲနဲ့ ဝေးတော့ အဆင် မပြေ နိုင်ဘူး။ ဆိုင်ခန်းခလည်း ပြန်သွင်းရမယ်ဆိုတော့ မလွယ်ဘူး”ဟု အလုံမြို့ နယ်တွင် ခြောက်နှစ်နီးပါး ကားဝပ်ရှော့ လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး က ပြောသည်။

ယာဉ်မောင်း တစ်ဦးကလည်း“လမ်းပေါ်မှာ ကားသွားရင်းနဲ့ စက်တခုခုချွတ်ယွင်းသွားလို့ ရှိရင် အခုဆို ဘယ်နေရာ ၀င်ပြင်ပြင်ရတယ်။ ဒီလိုမြို့ ထဲ နဲ့ ဝေးတဲ့ နေရာမှာထားရင် အခက်အခဲဖြစ်သွားနိုင်တယ်။ လေထိုးကျွတ်ဖာဆိုင် တွေကိုပါ ပြောင်းခိုင်းမယ် ဆို ရင် ကားသမားတွေ အတွက်ကော လုပ်ငန်းရှင် တွေအတွက်ပါ အဆင်မပြေနိုင် ဘူး”ဟု ပြောသည်။

ကားဝပ်ရှော့လုပ်ငန်းကြီးများ ဖြစ်သော ကားအင်ဂျင်ပြုပြင်ခြင်း၊ ကားဘော်ဒီ ဆေးမှုတ်ခြင်း၊ စသည့် အချိန်ကြာ မြင့်စွာလုပ်ရသော လုပ်ငန်းများအတွက် လက်ရှိပြောင်းရွှေ့ရန် စီစဉ်နေသော ရွာသာကြီးရှိ ပေ ၄၀ × ၆၀ မြေ ကွက် ဆိုင်ခန်း နေရာ အကျယ်အ၀န်းများသည် အဆင်ပြေနိုင်သော်လည်း လေထိုး၊ ကျွတ်ဖာ ကဲ့သို့ သော လုပ်ငန်းအသေးစား လုပ် ကိုင်နေသူများမှာ ဆိုင်ခန်းစရိတ်၊ အလုပ်သမားစရိတ်၊ အထွေထွေ စရိတ်များ ကြောင့် ငွေကြေးအခက်အခဲ ရှိ ကြောင်း သာကေတမြို့ နယ်ရှိ ကားဘော်ဒီရုံလုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။

ယင်းသို့ ပြောင်းရွှေ့ခံရသောအလုံမြို့ နယ်မှ လုပ်ငန်းရှင်တစ်ဦးက ရွာသာကြီးတွင် လုပ်ငန်းပြောင်းဖွင့်ရန်အတွက် စည်ပင်ကမြေတစ်ကွက်ကို ကျပ် သိန်း ၆၀ ဖြင့်ရောင်းချနေကြောင်း၊ စည်ပင်အနေဖြင့် ၎င်းတို့၏ဘတ်ဂျတ် ပြည့်မီ ရန် ယခုကဲ့သို့ ပေါက်ဈေးထက်မြင့်သော ဈေးဖြင့် ရောင်းချခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

ရန်ကုန် စည်ပင်သာယာရေးကော်မတီမှ စီစဉ်သည့်နေရာသို့ ပြောင်းရွှေ့ခြင်း မပြုသော ကားဘော်ဒီရုံနှင့် ဝပ်ရှော့ များကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းအရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒါ စည်ပင်တွေ သက်သက် ဖန်တီးတာပါ။ သိန်း ၆၀ ကို တစ်နှစ်အတွင်း ပေးရမယ်။မပေးတဲ့ သူတွေကို မလုပ် ခိုင်းဘူးလို့ ကြားတယ်။ ကျနော်တို့ လည်းပြောင်းဖို့ စာကျလာပြီ။ လုပ်ကိုင်စားသောက်ရတာ သူတို့ ကိုကြောက် နေရတယ်ဗျာ”ဟု သာကေတမြို့ နယ်မှ ကားပြင်ဝပ်ရှော့ဆရာ တစ်ဦးကပြောသည်။

ရန်ကုန်မြို့ တွင်းမှကားဘော်ဒီရုံများ၊ ကားဝပ်ရှော့ များ ကို ပြောင်းရွှေ့ ရန် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းက တစ်ကြိမ်၊ ဇွန်လ ဆန်းပိုင်းက ဒုတိယအကြိမ်အဖြစ် စည်ပင်ဝန်ထမ်းများမှ လိုက်လံပြောကြားခဲ့ ကြောင်း သိရသည်။

“အဲဒီလိုမြို့ ပြင်သာပြောင်းရမယ်ဆိုရင် လုပ်ငန်းအခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ကားပိုင်ရှင်တွေ ကားပျက်တာ ပဲ ဖြစ်ဖြစ်။ကားတိုက်လို့ ဘော်ဒီပြင်တာပဲ ဖြစ်ဖြစ် မြို့ ပြင်ထွက်လာမှ ဖြစ်မယ်လေ။ လုပ်ငန်းရှင်တွေရော ကားပိုင် ရှင်တွေပါ အခက်အခဲရှိလာနိုင်ပါတယ်”ဟု သုဝဏ္ဏမြို့ မှ ကားပိုင်ရှင်တစ်ဦး က ဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဝိုင်းဝိုင်းမှ ထောင့်ချွန်း အပြောင်းအလဲခွန်

အ၀ိုင်းမှ သုံးထောင့်သို့ ပြောင်းခ ကညန မှ ၆၁၅၀၀ ကျပ် ကောက်ခံ 7/23/2009
မင်းဆက်ခိုင် (နိရဉ္စရာ) စစ်တွေတွင် ကုန်လမ်း သယ်ယူပို့ဆောင်ရေး ကညနမှ သုံးဘီး မော်တော် ဆိုင်ကယ်များ၏ ယခင် နံပတ် ကဒ်ပြား အ၀ိုင်းကို ဖျက်သိမ်းပြီး သုံးထောင့် ကဒ်ပြား အသစ်များ ထုတ်ပေးရာတွင် ဆိုင်ကယ် တစီးစီမှ ငွေ ၆၁၅၀၀ ကျပ် ကောက်ခံနေသည်။

အမည်မဖေါ်လိုသူ ပိုင်ရှင် တဦးက “အရင်က အ၀ိုင်း၊ အခုထုတ်ပေးတာက သုံးထောင့်၊ ဒါဘဲ ကွာပါတယ်။ နံပတ်လည်း အတူတူပါဘဲ။ ဒါကို ၆၁၅၀၀ ကျပ်ပေးသွင်း ရမယ်ဆိုပြီး အမိန့်ထုတ်တဲ့အတွက် သုံးဘီး ပိုင်ရှင်တွေက အထူးကို အခက်ကြုံနေကြရပါတယ်” ဟု ပြောသည်။

ယခင် သုံးဘီး ဆိုင်ကယ် တစီးစီမှ အ၀ိုင်း နံပတ် ကဒ်ပြားများ အတွက် ကျပ်ငွေ (၂) သိန်းစီ ကောက်ခံခဲ့ပြီး ယခု တဖန် အ၀ိုင်းကို သုံးထောင့် လုပ်ကာ ကညနမှ ကျပ်ငွေ နောက်ထပ် ၆၁၅၀၀ ကောက်ခံနေခြင်း ဖြစ်သည်။

“တနှစ်ရင်းလို့မှ ကျပ်ငွေ တသိန်း အမြတ် ရရှိဖို့ နေနေသာသာ၊ ဒီအထဲမှာ တခါ အ၀ိုင်းကနေ သုံးထောင့်ကို ပြောင်းလိုက်၊ ပြောင်းခအတွက် ငွေတွေ အဆမတန်ကောက်၊ ဒါတွေအားလုံးက သူတို့ စားပေါက်ထွင်တာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ နံပတ် ကဒ်ပြား သုံးထောင့်များကို ထုတ်ပေးပြီး ငွေ ၆၁၅၀၀ ကျပ်ကို စစ်တွေရှိ ကညန၊ မထသနှင့် ပို့ဆက် အဖွဲ့ သုံးဖွဲ့မှ ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းပြင် သုံးဘီး ဆိုင်ကယ်မောင်းသူ တဦးမှလည်း “ယဉ်ထိန်း ရဲတွေက နံပတ်ကဒ်ပြား အသစ်မပါရင် ဖမ်းဆီးမယ် ဆိုပြီး ပြောဆိုထားတဲ့အတွက် အခုအခါ နံပတ်ကဒ်ပြား အသစ် မပါဘဲ မောင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

ကညန အရာရှိများမှလည်း သူတို့တောင်းခံထားသော ကျပ်ငွေ ၆၁၅၀၀ ကိုမပေးလျှင် အဆိုပါ သုံးဘီး ဆိုင်ကယ်များကို အိမ်တွင် အသုံးပြုရန်နှင့် လူတင်မူများ မပြုလုပ်ရန် ပြောကြားထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အနှံ့ စီးပွားရေး အကျပ်အတည်း ဆိုက်ရောက်နေချိန်တွင် ယခုကဲ့သို့ သုံးဘီး ဆိုင်ကယ်များမှ ကဒ်ပြား အသစ်လှဲခ ကျပ်ငွေ ၆၁၅၀၀ ကျပ်ကောက်ခံနေသဖြင့် ပိုင်ရှင်များမှာ အထူး ဒုက္ခရောက်နေကြရသည်ဟု သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဘဝထဲက အောင်ဆန်း၊ ရင်ထဲက အောင်ဆန်း ။

(မင်းဒင် ရေးသည်)
ကျနော်ဒုတိယတန်းအောင်ပြီး တတိယ တန်းတက်ရတော့မယ်ဆိုတော့ ကျောင်းမဖွင့်ခင် ကျနော့်လက်ထဲကို တတိယတန်းဖတ်စာတွေရောက်လာပါတယ်။ကျောင်းတွေ မဖွင့်သေးပဲ စာအုပ်တွေကြိုရောက်လာတာက အဲဒီခေတ်က ကျောင်းသုံးစာအုပ်တွေကို ကျောင်းတွေ မဖွင့်ခင် ကုန်သွယ်ရေးအရောင်းဆိုင်တွေမှာကျောင်းသုံး စာအုပ်တွေ ဝယ်နိုင်လို့ အဖေက ကြိုဝယ် ပေးထားတာပါ။ တတိယတန်းဖတ်စာထဲက ဗိုလ်ချုပ်အောင်ဆန်း ကဗျာထဲမှာ ..ဇာတိ နတ်မောက် မကွေးခရိုင် ၊ သိကြများခုတိုင် .. ဆိုတဲ့ စာသားကိုတွေတော့ ကျနော် တော်တော် စိတ်ဝင်စားသွားပါတယ် ။
ကျနော်မွေးတဲ့မြို့မှာ မွေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ လူဟာ ဘယ်လိုလူလဲ ၊ ဘာတွေ လုပ်ခဲ့လို့ ဒီစာ အုပ်ထဲမှာ သူ့အကြောင်းကဗျာထည့် စပ်ထားရသလဲသိချင်စိတ် ပေါ်လာ ပါတယ်။ကဗျာ တနေရာမှာ မျက်ရည်ဖြိုင်လို့ဘဝင်ညှိုး ဇူလိုင်တဆယ့်ကိုး ဆိုတာလည်းဖတ် မိတယ်။ ဘာကြောင့် ဇူလိုင်တဆယ့်ကိုးမှာ ဘဝင်ညှိုးပြီး မျက်ရည်ဖြိုင်ဖြိုင်ကျရတာလဲ ဆိုတာပါ သိချင်စိတ်စောခဲ့ ဘူးပါတယ် ။
ဖြည်းဖြည်း အတန်းတွေတက်လာတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေကို ကျောင်းစာမှာကော ပြင်ပစာအုပ်နဲ့သတင်းစာတွေ မှာပါ တွေ့ရဖန် များလာတော့ကျနော်ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို တစစသိလာပါတယ်။
အာဇာနည်နေ့နီးလာရင် ကျောင်းမှာ အကြိုဟောပြောပွဲတွေ နှစ်စဉ်လုပ်တော့ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးတွေအကြောင်းကို ခြေရာခံမိလာပါ တယ်။ရေဒီယိုကနေလွှင့်တဲ့ ဗိုလ်ချုပ် အောင်ဆန်းမိန့်ခွန်းတွေ ၊ဒေါ်မေလှမြိုင်သီချင်းတွေကြောင့် ကြက်သီးတွေထ ၊မျက်ရည်ကျ ရတဲ့ အကြိမ် ပေါင်း မနည်းလှပါဘူး။သတင်းစာ၊ဂျာနယ်မျက်နှာဖုံးတွေမှာ အာဇာနည်နေ့ အထူးထုတ်ဆိုပြီး ဝေဝေဆာဆာပုံတွေနဲ့မြင်ရ ။ ဆယ့်ကိုးဇူလိုင် မမေ့နိုင် ဆို တာမျိုး စာလုံးမည်းကြီးတွေ အာဇာနည်ကြီးတွေရဲ့ ဓာတ်ပုံ ရောင်စုံကြီး တွေကိုလည်း အာဇာနည် နေ့တိုင်းမှာ တွေ့နေရတော့ ပိုပိုသိလာပြန်ပါတယ် ။
ဗိုလ်ချုပ်ရဲ့အကို ဦးအောင်သန်းရေးတဲ့ အောင်သန်းရဲ့အောင်ဆန်း ၊ဗိုလ်ချုပ်ရဲ့ကိုယ်ရေး အရာ ရှိ အဖြစ်ထမ်းဆောင်ခဲ့ဘူးတဲ့ ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း)ရဲ့အမှတ်တရဗိုလ်ချုပ်အောင် ဆန်း ဆိုတဲ့ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ စာအုပ်တွေသာမက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေး ထားတဲ့စာအုပ်မှန်သမျှ ကျနော်မလွတ်တမ်း ဖတ်ပြီးချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျနော့်ဘဝရဲ့ သူရဲကောင်းကြီး ဖြစ်လာပါတော့ တယ် ။သူဟာသူ့လိုပဲ နိုင်ငံချစ်သူမျိုးချစ် လူငယ် တစုနဲ့ မြန်မာ့တပ်မတော်ကြီးကို ထူထောင်ပြီး နှစ်ပေါင်းတရာကျော် တိုင်းတပါး လက်အောက် ရောက်နေခဲ့တဲ့ မြန်မာပြည်ကြီးကို လွတ်လပ်စေခဲ့တယ် လွတ်လပ်ရေးကို သူ့အသက်နဲ့လဲပြီး ဦးဆောင်ရယူပေးခဲ့တယ်ဆိုတာ ခရေစေ့ တွင်းကျ သိလာပါတော့တယ် ။
………………………………………….
အာဇာနည့်နေ့ရောက်လို့ ဗိုလ်ချုပ်တို့ကျဆုံးချိန် ၁၀နာရီ ၃၇ မီးနစ်မှာ အထပ်သားစက်ရုံ။ အမှတ်၁၀ သစ်စက်စတဲ့စက်ရုံတွေကနေ ဥသြသံ အရှည်ကြီးဆွဲလေ့ရှိပါတယ်။ကားတွေ ရပ်၊ လူတွေက ရောက်လေရာနေရာမှာ ရပ်ပြီး ငြိမ်သက်အလေးပြုကြပါတယ်။ ကျနော်ခြောက်တန်း ခုနှစ်တန်းအရွယ် ရောက်တော့ဗိုလ်ချုပ်တို့ ကျဆုံးချိန်မှာ တပြိုင်နက်ဆွဲလိုက်တဲ့ ဥသြသံတွေကို ကြားတာနဲ့ ဝမ်းနည်းခြင်း ကြီးစွာနဲ့ ရောက်ရာ နေရာမှာ လက်ကလေးနှစ်ဘက်ဘေးချ ၊ခေါင်းငုံ့ဦးညွှတ်ပြီး အလေးပြု တတ်နေခဲ့ပါပြီ ။အိမ်တိုင်းရုံးတိုင်းမှာ တဝက်လွှင့်ထူထားတဲ့ နိုင်ငံတော် အလံတွေကို ရင့်နင့်နင့် နဲ့ ကြည့်ပြီး ဗိုလ်ချုပ်နဲ့အတူပြည်ထောင်စုကြီး ထူထောင်ရေးအတွက် အသက်ပေးခဲ့ကြ တဲ့ အာဇာနည်ကြီး တွေဟာ လည်း လေးစားထိုက်သူများအဖြစ် နားလည်သဘော ပေါက်နေခဲ့ပါပြီ ။

ကလေးဘဝက ဗိုလ်ချုပ်အောင်ဆန်းကို မြတ်နိုးလေးစားလွန်းတာကြောင့် ဗိုလ်ချုပ်အောင် ဆန်း လူ့ပြည်ပြန်ရောက်ပြီး မြန်မာပြည်မှာ ဘယ်လို နည်း နဲ့များ ပြန်ပေါ်လာလေမလဲ ဆိုတာ ကလေးအတွေးနဲ့ တွေးခဲ့တဲ့ အကြိမ်ပေါင်း မနည်းလှပါဘူး။သူငယ်ချင်းတွေနဲ့ ဗိုလ်ချုပ်အောင် ဆန်း အကြောင်း စကားစပ်မိရင် “ဗိုလ်ချုပ်အောင်ဆန်းဟာ အခု လူဝင်စား ဘဝနဲ့ လူပြန်ဖြစ် နေပြီကွ“ ဆိုပြီး အလွမ်းဖြေရတာလည်းအမောဗျာ။ ဒီကြားထဲ သတင်းစာတစောင်မှာ ဗိုလ်ချုပ် ပုံ မှိုပွင့်ကြီး တပွင့်ဟာ ပိုင်ရှင်ဒေါ်စု ဆိုသူ အဘွားအိုရဲ့ခြံထဲမှာပေါက်ဘူးတာလည်း ဖတ်ဘူး ရော ကျနော်တို့ စိတ်ကူးဟာ တကယ်ဖြစ်လာတော့လေမလား ဆိုပြီး ကျိတ်ဝမ်းသာနေခဲ့ကြ ဘူး ပါတယ် ။ထူးဆန်းတာက မူလတန်းကျောင်းသား ဘဝက ကျနော်နဲ့တည့်တဲ့ သူငယ်ချင်း ရော ၊ မတည့်တဲ့  သူငယ်ချင်းတွေပါ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုတဲ့နေရာမှာတော့ သွား တူ နေကြတယ် ဆိုတဲ့ အချက်ပါပဲဗျာ ။
…………………………….
ဒါဟာတကယ်တော့ မထူးဆန်းလှပါဘူး။ ဗိုလ်ချုပ်ဟာ မွေးရာကနေ သေသည်အထိ မြန်မာ့ လွတ်လပ်ရေးတခုတည်းအတွက် စိုက်လိုက်မတ် တတ် လုပ်ခဲ့ပြီး သူမတူတဲ့ ရိုးဂုဏ်နဲ့ပြည့်စုံ နေလို့ပါပဲ ။ဗိုလ်ချုပ်ဟာ သေသည်အထိ ကိုယ်ကျိုးတပြားသားမှ ရှာခဲ့သူ မဟုတ်ပါဘူး ။လွတ်လပ် ရေးရရင်တောင် ရာထူးကြီးကြီးယူပြီး ဇိမ်ခံနေဘို့ စိတ်ကူးမျိုးမရှိပဲ နိုင်ငံရေးက ထွက်ပြီး စာရေးဆရာလုပ်ဘို့ မျှော်မှန်း စိတ်ကူးခဲ့သူပါ ။ဗိုလ်ချုပ် တို့ စိတ်နှလုံးဖြောင့်စင်းပုံများ သူ့ဇနီး ဒေါ်ခင်ကြည်ကို ပဲပြုတ်နဲ့နံပြားစားချင်လို့ စာရေးပြီး ပူဆာသတဲ့ဗျာ ။ဒါတင် ဘယ်ဟုတ် အုံးမလဲ၊ လွတ်လပ်ရေး အတွက် အရေးဆိုဘို့အင်္ဂလန်သွားတဲ့ ခရီးမှာ အိန္ဒိယနိုင်ငံ နယူးဒေလီ လေဆိပ်အရောက် ၊ အင်္ဂလန်မှာ ဝတ်ဘို့ အဝတ်အစား အပြည့်အစုံပါရဲ့လားလို့ နေရူးက ဗိုလ်ချုပ်အောင်ဆန်း ကိုမေးသတဲ့ ။ အမှန်တော့ နေရူးဟာ အင်္ဂလန်မှာ ကျောင်းသား ဘဝနဲ့ နှစ်ရှည်နေဘူး တော့ အင်္ဂလန်ရာသီဥတုက အေးလွန်းလို့ အနွေးထည် ထူထူပါမပါ မေးတာပါ ။ ထုံးစံအတိုင်းသာမန် အဝတ်အစားနှစ်စုံ၊သုံးစုံလောက်နဲ့ တဘဝလုံး နေထိုင်လာခဲ့တဲ့ဗိုလ်ချုပ် မှာ အနွေးထည်မပါမှန်း လည်း သိရော ၊နေရူးဟာ ချက်ချင်း လောင်းကုတ်ရှည်ကြီး တထည် ချုပ်ပြီး လက်ဆောင်ပါး လိုက် ပါသတဲ့ ။ဗိုလ်ချုပ်အောင်ဆန်းကို ဓာတ်ပုံထဲမှာခန့်ခန့်ကြီး လောင်းကုတ်ရှည်ကြီးနဲ့တွေ့ရတာ ဟာ နေရူးကြီးရဲ့ ကျေးဇူး ပေါ့ဗျာ ။
……………………………..
ဒီနေ့ဒီအချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်နဲ့ ရင်းပြီး ရယူပေးခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးဟာ မြန်မာ လူမျိုးတွေ အတွက် မြင်သာမြင်ရ မကြင်ရတဲ့ ဘဝပါပဲ ။ကိုယ့်အမျိုးကိုယ့်ညှင်းတဲ့ မြန်မာစစ်ခေါင်း ဆောင်တွေလက်ထဲမှာ လူထုတရပ်လုံး မလွတ်မလတ် အနေကြပ် အသေကြပ်၊ အရှင်လတ်လတ် ငရဲကျနေခဲ့ကြရပါပြီ ။ စစ်ဝါဒီတွေ အာဏာတည်မြဲရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဂန္တဝင်ပုံရိပ်ကို ဆေးမဲ သုတ်ခဲ့ကြပါပြီ ။
အခု ဖူးခက်အိမ်မှာ ကျနော်နဲ့အတူ နေတဲ့ အသက်နှစ်ဆယ်အရွယ် မောင်ဖြိုးဆိုတဲ့ လူငယ်လေးက ကျနော်ကွန်ပြူတာကနေ ဒေါင်းလုပ်လုပ်ပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေ ဖွင့်တာကို ဘေးက ရပ်နားထောင်ရင်း .. ဟာ ။ သူပြောတာတော်တော်မိုက်တယ် ဦးလေးရ ။ ဘယ်သူ တုန်းတဲ့ ။ကောင်းကြရောပေါ့ဗျာ ။မောင်ဖြိုးကို ကျနော်အပြစ်မဆိုသာပါဘူး။

သူ ဗိုလ်ချုပ်အောင်ဆန်း အသံကို ဘယ်သိပါ့မလဲ ။ဗိုလ်ချုပ်ရာဇဝင်သမိုင်းကို မြန်မာ စစ်ဝါဒီတွေက စံနစ်တကျဖျက်စီးနေကြတာကိုး။ငွေစက္ကူပေါ် တွေက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေကို ဖယ်ရှား၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အထောက်အထား မှတ်တမ်းမှန် သမျှ ဖျောက်ဖျက် နေတဲ့ မဟာဥာဏ်ကြီးရှင်တွေရဲ့ ရွှေဥာဏ်တော်စူးရောက်ပုံကတော့ ဘယ်ပန်းချီရေးမမီ လောက်အောင်ပါပဲ ဒေါ်အောင်ဆန်း စုကြည်နဲ့စစ်အစိုးရ ဟာ သဘော ထား ကွဲတာ၊ အမြင်မတူတာ တွေ ရှိနေနိုင်ပါတယ် ။ အမြင်တွေကွဲတာ သဘောထားမတူတာ အဆန်းမဟုတ်ပေမဲ့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင် ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးတွေကို မှေးမှိန်အောင်လုပ်တာ ကတော့ တော်တော့်ကို အောက်တန်းကျပြီး ဆင်ခြင်တုံတရား မရှိတဲ့ လုပ်ရပ်ပါပဲ။
…………………………………..
ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေ သွေးနဲ့ရင်းပြီး ရယူပေးခဲ့တဲ့ နေရာကို အဆင်သင့် တက်ထိုင်ပြီး ထင်တိုင်းကြဲနေကြတဲ့ မြန်မာစစ် ခေါင်းဆောင်တွေကတော့ ဘယ်အချိန် ထမေး မေး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို အကန်းလမ်းသွား ဆက်လက်ချီတက် နေကြ တုန်းပါပဲ ။
အကန်းလမ်းသွားဆိုလို့ ”အကန်းရေတွင်းကျ“ဆိုတဲ့ စကားရဲ့မူရင်း ပုံပြင်လေးကို သွားသတိရ မိပါတယ် ။ရွာတရွာမှာ ကြောင်တောင်ကန်းနေ တဲ့လူတယောက်ဟာ သူစုံလုံးကန်းနေတာကို တရွာလုံးက သိပေမဲ့ သူကိုယ်တိုင်က ဘယ်သောအခါမှ ဝန်မခံခဲ့ဘူး။ တနေ့ ရွာမှာမီး လောင် တော့ ပြေးကြလွှားကြဖြစ်နေတုန်း အဲဒီကြောင်တောင်ကန်းက ခွေးကို တက်နင်းမိရော ။ဒီတော့ ဘေးကရွာသားက မင်းကန်းနေလို့ခွေးတကောင် လုံးကို မမြင်တာဆိုတော့ ကြောင်တောင်ကန်းက အဲဒီခွေး ၊ သူ့ကိုဟောင်ထားလို့ လက်စားချေတာလို့ ပြန်ပက်သတဲ့ ။
ဒါနဲ့ရှေ့ဆက်ပြေးရင်း ရေတွင်းထဲပြုတ်ကျတော့ မီးရှိန်ဟတ်လို့ ရေဆင်းစိမ်တယ် လုပ်ပြန် သတဲ့ ။အမြင်မတော်လွန်းလို့ ရေတွင်းထဲကနေ ပြန်တက်နိုင်အောင် ရေတွင်းထဲလှေခါးချပေး ပြန်တော့လည်း လှေခါးနဲ့မြေကြီးထိတဲ့ နေရာမှာ မဆင်းတတ်ပဲ လှေခါးထိပ်ထိ ဆက်တက် သွား ပြန်ရောတဲ့ ။ဒီတော့ဘေးက ရွာသားက ဒီတခါ မင်းကန်းတာ ဝန်ခံပြီလားဆိုတော့ ကိုယ်တော်ချောက မီးညွှန့်ကျိုးမကျိုး တက်ကြည့်တာဆိုပြီး နောက်ဆုံးအချိန်အထိ အကန်း ဟာ ကန်းတယ်လို့ ဝန်မခံခဲ့ပါဘူးတဲ့ ။စစ်အစိုးရလည်း အဲဒီကြောင်တောင်ကန်း နဲ့တထပ် တည်းပါပဲဗျာ ။ စစ်အစိုးရဗိုလ်ချုပ်ကြီးတွေဟာ မီလျံနာတွေချည်းဖြစ်ကုန်ကြလို့ကြောင်တောင် ကန်းကုန်ကြတယ် ထင်ပါရဲ့။
…………………………………………………
ဖြစ်များဖြစ်နိုင်မယ်ဆိုရင် ကျနော်ဟာ ဗိုလ်ချုပ်အောင်ဆန်းကို သေရာကနေ ရအောင်သွားနိုး၊ ကလေးတယောက်လို ဗိုလ်ချုပ်လက်ကိုဆွဲပြီး ဒီပဲယင်းကို ခေါ်သွားလိုက်ချင်ပါတယ်။“ဗိုလ်ချုပ်ထူထောင်ထားခဲ့တဲ့ စစ်သည်ဗိုလ်ပါတွေနဲ့ ကြံရာပါတွေ ဒီနေရာမှာ ဗိုလ်ချုပ်သမီးကို ဝိုင်းရိုက်ကြ တာပဲဗျ၊ ပွဲချင်းပြီးသေသူသေ၊ မသေသူတွေ ထောင်ထဲရောက်ခဲ့တာ ဒီနေရာပေါ့ဗျာလို့ တိုင်ပြောပြောလိုက်ချင်ပါတယ် ။အချိန်ရသေးရင် တပြည် လုံး လူတန်းမစေ့တော့တာ၊ မုန်တိုင်းကျခဲ့တဲ့ အချိန်မှာ အလောင်းတွေတောင် မြေမမြှုပ်နိုင်ခဲ့တာ၊လူမိုက်တွေ တန်ခိုးထွားနေတာ၊ကမ္ဘာ့ လူမိုက် မြောက်ကိုးရီးယားလို နိုင်ငံမျိုးနဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့နေကြတာ၊တရုပ်ကို ဒူးထောက်ပြီး သူခိုးနွားကောင်းမသိ တိုင်းပြည် အဆီအနှစ်မှန်သမျှ ထိုးအပ်နေတာ၊အနာဂတ်ခေါင်းဆောင် ၊တိုင်းရင်းသားခေါင်းဆောင်တွေကို ထောင်ထဲလှိမ့်သွင်းထားတာ ၊နိုင်ငံတကာမှာ မြန်မာပြည်ဖွားတွေ ကျွန်သံသရာလည်နေတာ...၊ ...... တာ၊ ......တာ ၊ ..... တာ တွေကို မျက်ရည်လည်ရွဲ ထမင်းမေ့ဟင်းမေ့ ပြောပြလိုက်ချင်ပါရဲ့ ။
ဒါတွေကိုသာ ဗိုလ်ချုပ်ကြားရ မြင်ရရင် ဘယ်လိုမှတ်ချက်များ ပေးလေမလဲ ကျနော် သိချင်လှပါတယ် ။မဖြစ်နိုင်ဘူးဆိုတာလည်း ကျနော်သိပါရဲ့၊
..............................
တကယ်တမ်း အသိဥာဏ်နဲ့စဉ်းစားကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်ရုပ်ပုံလွှာ ဟာ မြန်မာလူထုရဲ့ နှလုံးသည်းပွတ်မှာ ကမ္ဗည်းတင် ရေးထိုး ထားတာကြောင့် ပုံနှိပ်စာလုံး ဓာတ်ပုံစက္ကူနဲ့ ၊ကျောက်သားရုပ်ထုတွေကို ရိုက်ချိုးဖျက်ဆီးရုံနဲ့ မှေးမှိန်ပျောက်ကွယ်သွားစရာ အကြောင်း မရှိပါဘူး ။လူထုဟာ တရေးနိုးထမေးလဲ ဗိုလ်ချုပ်ကို မြတ်နိုးလေးစားကြဆဲပါပဲ ။ဝမ်းနည်းနေရုံ တောင်တောင်အီအီ ကြံစည်နေရုံနဲ့ အောင်မြင် ပြီးမြောက်တာ မဟုတ်လေတော့ ၊ကျနော်တို့ဗိုလ်ချုပ်ကို လေးစားကြည်ညိုရိုးမှန်ရင် ဗိုလ်ချုပ်ရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို မြန်မာစစ်ဘီလူးတွေ လက်က ပြန်ပြီးရယူနိုင်အောင် အားထုတ်ကြရပါလိမ့်မယ် ။
ဗိုလ်ချုပ်မိန့်ခွန်း ထဲက ဟိုလူ့မျက်နှာချိုသွေး၊ ဒီလူ့ မျက်နှာချိုသွေးနေရပြီး ၊ အဝှာနိုင်ငံထက် ဆိုးနေတဲ့ ဘဝကနေ ပြန်လည် လွတ်မြောက်ဘို့ အတွက် ၊ကျနော့်ရဲ့ အကျင့်ဆိုးအကျင့် ဟောင်းတွေ သောက်ကျင့်တွေကို ပြင်ကြရပါလိမ့်မယ်။
ဒီတော့ ကျနော်တို့အားလုံး တိုင်းပြည်ပြန်လည် ထူထောင်ရာမှာ သုံးရမဲ့ အင်အားတွေကို ဗမာဗမာချင်း ချတဲ့နေရာမှာ တလွဲဆံပင်မကောင်း တော့ပါဘူး ။တဂိုးသွင်းထားပြီး ဘေးချော်ကန်နေသလို ၊ ဘောလုံးမကန်ပဲ လူချနေသလို ၊နည်းနည်းလေး ရှေ့ရောက်တာနဲ့ တက်ထောင်တဲ့ လှေသမားလိုမလုပ်တော့ပါဘူး ။ လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းရှိပါတော့မယ် ။စည်းလုံးညီညွတ်မှု ရှိပါတော့မယ် ။ပြဲနေအောင် ကုန်းရုန်းပြီး ဝိုင်းဝန်း ကြိုးပမ်းပါ့မယ၊အနီးကပ်ဆုံး ပြည်သူ့ရန်သူကို ရှာပြီး တိုက်ကြပါမယ်လို့ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးများကို (၆၂)နှစ် မြောက် အာဇာနည်နေ့မှာ ကတိကိုယ်စီ ပေးကြပါစို့ဗျာ ။

ဓာတ်ပုံ၊ ။ ဂျစ်တူး(မုံရွာ)

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

နေကြပ်ခြင်းသည် စစ်အစိုးရ ကျဆုံးခန်းဖြစ်မည်ဟု သျှမ်းနက္ခတ္တဆရာဟော

ဗုဒ္ဓဟူးနေ့၊ 22 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်

ယနေ့နေကြပ်ခြင်းသည် စစ်အစိုးရ သို့မဟုတ် နိုင်ငံ့ခေါင်းဆောင်အကြီးအကဲကျဆုံးမည်၊ နိုင်ငံရေးရှုပ်ထွေးမှုတိုးပွားမည်ဟု ချင်းမိုင်ရှိ သျှမ်းနက္ခတ်ဆရာနှင့် ယတြာဗေဒင်လိုက်စားသည့် ပုဂ္ဂိုလ်အချို့ သုံးသပ်ပြောဆိုနေကြသည်။

ယနေ့မနက် ဗမာစံတော်ချိန် မနက် ၆း၀၀ နှင့် ၈း၀၀ အကြား နေကြပ်သဖြင့်တရုပ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၅ -၆ မိနစ် ခန့် မိုးမှောင်ကျသွားခဲ့သည်။ ဗမာပြည်တွင်မူ သိသူများရှိသကဲ့သို့ မသိရှိသူလည်း အများအပြားရှိသည်။ နက္ခတ္တဗေဒ၊ ဗေဒင် ကိန်းခန်း၊ ယတြာကို အယူသည်းသည့် စစ်အစိုးရအဖို့ မလွှဲမသွေ ကျဆုံးခန်းရောက်မည်မှန်းသိ၍ အပြင်းအထန်ယတြာ ချေနေတော့မည်ဟု ဗေဒင်ဆရာများက သုံးသပ်ပြောဆိုနေကြသည်။

ချင်းမိုင်အခြေစိုက် ဗေဒင်ယတြာပညာဖြင့် အသက်မွေးသည့် ဆရာမိဏ်းလီက -“အခုအချိန်မှာ စစ်အစိုးရ ဇာတာကိန်းခန်း က တနင်္ဂနွေ/အနောက်အရပ် နဲ့ အင်္ဂါ/အလယ်ဗဟိုကျတဲ့ အတွက်ကြောင့် အဖတ်ဆယ်လို့ မရအောင် ပျက်စီးဆုံးရှုံး ရမယ့်ကိန်း”- ဟုဆို၏။
[ဂျူလိုင်လ ၂၂ ရက် နေကြပ်သည့်ပုံ (Photo: www.hawaiimagazine.com)]


ဂျူလိုင်လ ၂၂ ရက် နေကြပ်သည့်ပုံ (Photo: www.hawaiimagazine.com)

ဓနုတ်ဘုရား ပြိုပျက်စဉ်က ဗိုလ်သန်းရွှေအဖို့ မကောင်းဆိုးဝါးအတိတ်နိမိတ်ဟု အများပြောဆိုနေချိန် ယနေ့နေကြပ်ခြင်းမှာ အကုသိုလ်ထူပြောသည့် စစ်အစိုးရအဖို့ ဂြိုလ်ဇာတာ လုံးမကောင်းတော့ကြောင်းလွန်ခဲ့သည့်တစ်လကျော်ခန့်ကပင် သုံးသပ် ပြောဆိုကြသည့် ပုဂ္ဂိုလ်တချို့လည်းရှိ၏။

သျှမ်းရိုးရာစကားပုံနှင့် ခေတ်ဟောင်းစာပေကျမ်းကန်နှံ့စပ်သည့် လုန်းစရေးအော်တော်က - “အခုလိုမျိုး စုန်းစုန်းမြှုပ် ငပုပ်မြို့ တယ် ဆိုတာဖြစ်တောင့်ဖြစ်ခဲတဲ့ကိစ္စ၊ ဖြစ်လာပြီဆိုရင်တော့ တိုင်းပြည်ဦးဆောင်နေတဲ့ပုဂ္ဂိုလ်တွေဆုံးပါး တတ်တယ်။ ဒါမှ မဟုတ် တိုင်းပြည်ပြပျက်တတ်တယ်။ အခြားမိတ်ဆွေ တိုင်းပြည်က ကိုယ့်တိုင်းပြည်အစိုးရ အပေါ်လျစ် လျူရှု ကျောခိုင်းလိမ့် မယ်။ အခု ဗမာစစ်အစိုးရက ဘယ်လောက်ယတြာချေချေ ရတော့မှာမဟုတ်ဘူး ”- ဟု ဆို၏။

ယနေ့နေကြပ်ခြင်းသည် တိုင်းပြည် နှင့် အုပ်ချုပ်မင်းလုပ်သူများအတွက်မကောင်းသည့်နမိတ်ဟု သျှမ်းနက္ခတ္တပညာရှင်များ ဟောကိန်းထုတ်ကြသကဲ့သို့ တရုပ် နှင့် အန္ဒိယ နိုင်ငံများ ပညာရှင်များကလည်း အမင်္ဂလာနိမိတ်ဆောင်ကြောင်း၊ နေကြပ် သည့်ချိန် အိမ်ပြင်မထွက်လေ ကောင်းလေဖြစ်ကြောင်းယုံကြည်သူများ ဒု နှင့် ဒေး ရှိသည်ဟုလည်းဆိုသည်။

“လ စွမ်းအားကြီးလို့ ကမ္ဘာ နဲ့ နေ၀န်းကြား ရောက်ခိုက် နေရဲ့အလင်းရောင်ကို ပိတ်ဆို့နိုင်တဲ့အတွက်ကြောင့်၊ လကို ဆည်းကပ်တဲ့သူတွေ တန်ခိုးကြီးထွားလာနိုင်ပြီး နေ နာမ် နဲ့ နေကိုယုံကြည်သူများ သြဇာတက္ကိမ ကျဆုံးမယ်”- ဟု သျှမ်းနက္ခတ္တပညာရှင် ခူးမိဏ်းလီက ဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

KNLA တပ်ဖွဲ့ ဝင်ဟောင်း တချို့  ရန်သူနှင့်ပူးပေါင်း

မဲဆောက်(ဇူလိုင်-၂၂)။ ။ KNU တပ်ဖွဲ့ဝင်အချို့နှင့်မိသားစုဝင်များ၊ လက်နက်နှင့်အတူ မြဝတီမြို့၊သင်္ဃန်းညီနောင် လမ်းခွဲ မော်တော်ကား ၄ စီးပေါ်တွင် ယနေ့နံနက် ၁၀ နာရီခန့်၌ မြင်တွေ့ခဲ့ရကြောင်း မြို့ခံအချို့နှင့် ဆက်သွယ် မေးမြန်းချက်အရ သိရသည်။

စစ်အစိုးရအာဏာပိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူများအဆိုအရ ထိုတပ်ဖွဲ့ဝင်များမှာ KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၈ ၊ ခွဲ ၃ မှတပ်ခွဲမှူး အဆင့်ဆိုသူ စောထူးကေအပါအဝင် တပ်ဖွဲ့ဝင် ၂၂ ဦး၊ မိသားစုဝင် ၄၀ ခန့်ပါရှိပြီး RPG-5 တစ်လက်နှင့်၎င်း၏ဗုံးသီး ၂ လုံး၊ AK-47 သေနတ် ၅ လက်၊ M-16 သေနတ် ၃ လက်၊ ပစ္စတို ၂ လက်ပါရှိသည်ဟု ဆိုသည်။

KNU တပ်မဟာ ၆ အရာရှိတစ်ဦးက အဆိုပါတပ်ဖွဲ့ဝင်များ လက်နက်ချရန် ဝင်ရောက်သွားသည်ကို အတည်ပြုခဲ့ပြီး အင်အား ၁၈ ဦး၊ သေနတ် ၈ လက်ပါရှိသည်ဟု ပြောပါသည်။

ယင်း KNU အရာရှိက “ကျနော်တို့မှတ်တမ်းမှာ တပ်ရင်း ၁၈ ကတပ်ခွဲမှူးက ဗိုလ်ကြီးသန်းတင်ပါ၊ စောထူးကေ မဟုတ်ပါဘူး၊ သူ့ဟာသူခွဲမှူးလို့ဆိုပြီး ကျနော်တို့ဆီက အနားယူခဲ့တဲ့လူဟောင်းတွေထဲကပဲ ဖြစ်နိုင်ပါတယ်”ဟု ထင်မြင်ချက်ပေးခဲ့သည်။

အဆိုပါတပ်ဖွဲ့ဝင်များကို DKBA မှ စီမံမှုများပြုလုပ်ပေးနေသည်ကို တွေ့ရှိနေရသည်ဟု ဆိုသည်။ ယနေ့မွန်းလွဲပိုင်း တွင် ဖားအံမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်ဟု သိရသည်။

နယ်စပ်သတင်းလေ့လာသူများ အဆိုအရ မကြာမီရက်ပိုင်းတွင် ဖားအံမြို့၌ ကရင်ပြည်နယ်၊ ပယကဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းက လက်နက်ချအခမ်းအနား တစ်ရပ်ကျင်းပနိုင်ရန် ကြိုတင်စီစဉ်နေသည့်သတင်းများ ထွက်ပေါ်နေသည်ဟု ဆိုပါသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN