Saturday, March 13, 2010

No more statements ,Thank you ပြည်တွင်းရေး အနေအထားပေါ် ပြည် မှကူညီထောက်ပံ့ရန်ပြင်ဆင်ကြလော့

လက်ရှိဗမာပြည်အရေးက ဆိုးဝါးဖို့ ဘဲရှိပါတယ်။ပြည်သူတွေ အကုန်လုံး ဒေ၀ါလီခံဖို့ က လွဲရင်တခြားလမ်းမရှိပါဘူး။ အစစအရာအရာ ပြင်ဆင်ကြဖို့ လိုပါလိမ့်မယ် ။ ပြည်ပရောက်နေသူတွေ ထုတ်ပြန်ချက် ကြေငြာချက်တွေ ရပ်ကြပါတော့ ။ နအဖ က ဘုန်းကြီးတစ္ဆေထက်ဆိုးပါတယ်။

၂၀၀၇ ရွှေဝါရောင် အရေးအခင်းကိုသင်ခန်းစာ အဖြစ်ယူကြပါ ။ ၂၀၀၇ အရေးအခင်းအချိန်အတွင်းမှာ ပြည်ပက အော်နေတဲ့ သူတွေ ဘာမှ ပြည်တွင်းကို မထောက်ပံ့ပေးခဲ့ကြပါဘူး ထုတ်ပြန်ချက်တွေဘဲ ထိုင်ထုတ် နေခဲ့ကြတယ်။ ပြည်သူလူထုက သိပ်နာနေပါပြီ။ အကြောင်းကြောင်းကြောင့် အပြောင်းအလဲ ဖြစ်ခဲ့ရင် ပြည်ပ ကဘယ်လိုပံ့ပိုးမယ်ဆိုတာ စုစည်းပြီးပြင်ဆင်ထားကြဖို့ လိုပါလိမ့် မယ်။ ပြည်တွင်း အကူအညီပေးမယ့် အဖွဲ့ အတွက် ခေါင်းဆောင်နေရာ ထပ်လုနေရင် ပြသနာရှိပါတယ်။တကယ်စေတနာမှန်နဲ့  ပြည်တွင်းကို ကူညီပေးစေချင်ပါတယ် statement ထုတ်နေတာနဲ့ မပြီးပါဘူး။ အန်တီစုနေရာကဖြစ်ဖြစ် ထောင်တွင်း နိုင်ငံရေး အကျဉ်းသားတွေနေရာက တညလောက်နေရာယူတွေးပြီး အိပ်ကြည့်ကြပါ။ ကိုယ်ချင်းစာပေးကြပါ ၊ ပြည်ပက လူတွေ အကျိုးမဲ့ တိုက်ခိုက်တာတွေရပ်ကြပါတော့လို့ ဆန္ဒပြုရင်း။

DTM

No comments:

 

Downtamun template | DOWNTAMUN