Monday, August 10, 2009

နန်းအချ ခံခဲ့ရတဲ့ မြို့ 

Sunday, August 9, 2009
ကိုယ့်မြို့ ကိုယ် အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်
ရန်ကုန်ဟာ
လျှပ်စစ်မီးမရတဲ့ညနဲ့ 
နတ်ဖြစ်ပြီးမလှတဲ့ဘဝ။


ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှ
ခွေးသားကြီးတွေနဲ့ မျက်နှာခြင်းဆိုင်
ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။

အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့ မှာ
သင်တန်းတွေပေါပြီး အလုပ်ရှားတယ်။

အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာ
နအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ 
တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။

ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်
ကြားတာကို ကြားသလိုမှတ်ကြည့်တော့
အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေ
မီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ

ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေ
ရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ 
ရန်ကုန်မှာ
အသံစုံနေတော့တယ်။
ကောင်းကင်ကို
ပေးပို့ သူ ကိုကောင်းကင် ကိုလည်း အထူးကျေးဇူးတင်ပါတယ် ဖတ်ရှု့ သူများ ကဗျာကောင်းတွေ ဒီလိတ်စာကနေတဆင့် ဖတ်လို့  ရပါတယ် ။ http://kaungkinko.myanmarbloggers.org/
Rest of your post

No comments:

 

Downtamun template | DOWNTAMUN