Saturday, June 6, 2009

လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တွင် Ai la ဆိုင်ကလုံးကြောင့် လူ(၂၅၀)ကျော်သေဆုံး(၁၀၀၀) ကျော်ပျောက်ဆုံးနေ
Kaowao
ဇွန် ၃၊ ၂၀၀၉။
Ai la ဆိုင်ကလုံးမုန်တိုင်း ကြမ်းတမ်းစွာတိုက်ခံရသည့် ဒါဏ်ကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ (၂၈) ရက်နေ့အထိသေဆုံးသူ(၂၅၀) ကျော်ရှိပြီး ပျောက်ဆုံးသူ တစ်ထောင်ကျော် ရှိကြောင်း တာဝန်ရှိ အာဏာပိုင်များမှ အတည်ပြုခဲ့သည်။


ဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်စဉ်ပုံ
မေလ (၂၅) ရက်နေ့မှစ၍ Ai la ဆိုင်ကလုံးမုန်တိုင်း
သည် ကုန်းတွင်းပိုင်းမှ စတင်ဝင်ရောက်တိုက်ခတ်လာ
ရာ ဘင်္ဂလားဒေ့ရှ်တွင် (၁၃၀) ဦးသေဆုံးခဲ့ပြီး အိန္ဒိယတွင် (၁၂၀) ကျော် သေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ဆင်ဟွာသတင်းဌာနမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်းကြီး ဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မစ္စတာ ရိုလမ်ကီဘီရားမှ မုန်တိုင်းဒါဏ်ကြောင့် လူပေါင်း (၆၅၀၀) ကျော်ထိခိုက်ဒါဏ်ရာရပြီး လူဦးရေ (၃.၄၇) သန်းခန့် မုန်တိုင်းဒါဏ်ခံခဲ့ရကြောင်း ဖြေကြားခဲ့သည်။ ကမ်းရိုးတန်းရှိခရိုင် (၁၄) ခရိုင်တွင်လည်း မုန်တိုင်းသင့်ခဲ့သဖြင့် လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ရွက်ဖျင်တဲ ဖြင့် နေထိုင်နေကြရသည်။

သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဖြစ်သူ မစ္စတာအက်ဘ်ဒါရာဇက်ခ်ကလည်း မုန်တိုင်းဒါဏ်သင့်ဒေသ တွင် ရွက်ဖျင်တဲများအရေးတကြီးလိုအပ်လျှက်ရှိပြီး နောက်ဆက်တွဲ ပြဿနာကြောင့် သေဆုံးမှု ပမာဏများလာ နိုင်ကြောင်း၊ အကူအညီများစွာ လိုအပ်နေသေးကြောင်း ဝန်ခံခဲ့သည်။

Ai la မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင် မေ(၂၃)ရက်နေ့က စတင်ခဲ့ပြီး မေလ(၂၅) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် အနောက်တောင်ကမ်းခြေသို့ တစ်နာရီလျှင် ကီလိုမီတာ (၇၀) မှ (၉၀) အထိပြင်းထန်စွာ တိုက်ခတ် ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနှင့် မုန်တိုင်းဒါဏ်သင့်ဒေသများသို့ အမေရိကာန် ဒေါ်လာ ၃ သိန်းကျော်နှင့် ဆန်(၁၀) တန်ခန့် ကယ်ဆယ်ထောက်ပံ့ခဲ့ကြောင်း planet; news ဂျာနယ်မှ ရေးသားဖေါ်ပြထားပါသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN