Thursday, June 4, 2009

ဝ တပ်နှင့် နအဖ တပ်ပစ်ခတ်လုနီးနီး

တင်းမာလာသည့် အနေအထားကြောင့် တောင်ပိုင်း ၀ တပ်နှင့် နအဖ တပ်ပစ်ခတ်လုနီးနီး
ဗုဒ္ဓဟူးနေ့၊ 03 ဇွန်လ 2009 သျှမ်းသံတော်ဆင့်
လတ်တလော ၀ တပ်ဖွဲ့နှင့် စစ်အစိုးရတပ်တို့အကြား တင်းမာလာသည့်အခြေအနေကြောင့် နှစ်ဖက်အောက်ခြေတပ်များ ပစ်ခတ်လုနီးဖြစ်ပြီး မိမိတို့တပ်ဖွဲ့များသွားလာရေး အနှောင့်အယှက်ဖြစ်ရသည်ဟု ၀ တပ်မှူးတဦးက ပြောဆိုသည်။

မေ ၃၁ ရက် က တောင်ပိုင်း ၀ တပ်ဖွဲ့၏ ဖိုးဝှီး ကား ၇ စီး၊ လူအင်အား ၃၀ ခန့် တာချီလိတ်သို့ စားနပ်ရိက္ခာသွားရောက် ၀ယ် ယူပြီး (မိုင်းဆတ်မြို့တောင်ဘက်ဝမ့်ဟုန့် တပ်စခန်းနှင့် မိုင်းတုံမြို့တောင်ဖက်ဟွေ့အော့ တပ်စခန်းသို့) အပြန် - ခရီး တ၀က်၌ နအဖ လမ်းကင်းစောင့်တပ်ဖွဲ့၏ ဟန့်တားစစ်ဆေးမှုကြောင့် ၀ တပ်ဖွဲ့ နှင့် နအဖ စစ်တပ်အကြားအချေ အတင် စကားများပြီး ပစ်ခတ်လုနီးပါးဖြစ်ခဲ့ရသည်ဟု အဆိုပါတပ်မှူးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
[တောင်ပိုင်း ၀ တပ်ဖွဲ့]


“မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် လွယ်ဆမ်ဆုမ် တောင်ကြောက လမ်းကင်းစောင့်တဲ့ (မိုင်းတုမ်း အခြေစိုက်) ခမယ ၅၅၃ နဲ့ ၅၅၄ ဗမာစစ်သားတွေ ကျနော်တို့ကားကို အသေးစိပ်ရှာဖွေစစ်ဆေးချင်လို့တဲ့။ ကျနော်တို့ပေးမစစ်ဘူး၊သူတို့ ကားလဲ ကျနော်တို့မစစ်ဆေးဘူး၊ လက်နက်ကိုင်အချင်းချင်းဘဲ။ ဒါကြောင့် အချေအတင်ဟိန်းဟောက်ကြတယ်”- ဟုဆို၏။

မိုင်းတုံမြို့ဒေသခံတဦးက -“ အခုတလော ၀ တပ်တွေ လက်နက်ခဲယမ်းမီးကျောက်သယ်ယူ ဖြည့်တင်းတာတွေဖိလုပ် နေ တယ်လို့ကြားလို့ နအဖစစ်တပ်ကစစ်ဆေးကြည့်ချင်တဲ့သဘောဖြစ်နိုင်တယ်” ဟုဆို၏။

တောင်ပိုင်း ၀ တပ်ဖွဲ့အား စစ်ရေးအရ အချက်အခြာကျသည့် တပ်စခန်း ၃ ခု ကိုမေလ ကုန်နောက်ဆုံးထား၍ဆုတ်ခွာ ပေး ရန်၊ စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး လက်အောက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်၊ မြောက်ပိုင်းသို့ တပ်ရုတ် ပြန်ရန် စစ်အစိုးရဖက်က သတိပေးမှုကြောင့် ဆက်ဆံရေးပိုမိုတင်းမာလာခြင်းဖြစ်သည်။ စစ်အစိုးရကအသင့် အနေအထား တပ်လှန့်ထားသကဲ့သို့ တောင်ပိုင်း ၀ တပ်ဖွဲ့ကလည်း စားနပ်ရိက္ခာ၊လူသူလက်နက်အဆင်သင့်ဖြည့်တင်း ပြီး စစ်ရေးပြင် ဆင်ထားသည်ဟုဆို၏။ ထို့အပြင် ကျေးရွာတွင်း/မြို့တွင်း ရှိနေကြသည့် ၀ စစ်သား/ အရာရှိများလည်း မိသားစုနှင့်အတူ တပ်စခန်းအသီးသီးသို့ ပြန်သွားနေကြရပြီဖြစ်ကြောင်း သိရပါသည်။

နိုင်ငံရေးစစ်ရေးကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက - နအဖ နှင့် အပစ်ရပ်များအကြားလတ်တလောနိုင်ငံရေးအခြေ အနေ တင်းမာလာသော်လည်း ယခုနှစ်ကုန်ပိုင်းအထိ အပစ်ရပ်များအပေါ် စစ်အစိုးရစစ်မျက်နှာသစ်ဖွင့်နိုင်ဦးမည် မဟုတ်ကြောင်း သုံးသပ်ပါသည်။

Rest of your post

No comments:

 

Downtamun template | DOWNTAMUN