Saturday, July 11, 2009

Burma=Prisoners

ဆက်ဖတ်မယ်ဆိုရင်....

ပျက်နေတဲ့ တိုင်းပြည်မှာ ဖြစ်ချင်တာတွေ ဖြစ်နေပါရော့လား

မြန်မာငွေဈေးကျသဖြင့် မြန်မာဆန်အ၀ယ်လိုက်NEJ / ၁၀ ဇူလိုင် ၂၀၀၉
မြန်မာငွေဈေးကျသဖြင့် မြဝတီမှထိုင်းဘက်သို့ တရားမဝင် မြန်မာဆန်တင်သွင်းသူများ အကျိုးအမြတ်ပိုမိုရရှိလာသည်ဟု မြန်မာကုန်သည်များက ပြောသည်။

ယမန်နှစ် နှစ်လယ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ငွေလဲနှုန်းမှာ ကျပ် (၁၀၀) လျှင် ဘတ် (၃.၆၀) အထိ မြန်မာငွေ ဈေးမြင့်ခဲ့သဖြင့် ထိုင်းဘက်မှ မြန်မာကုန်ပစ္စည်းများကို ပမာဏလျှော့၍ တင်သွင်းခဲ့ရာတွင် မြန်မာဆန်ကိုလည်း ဝယ်ယူ တင်သွင်းမှု လျှော့ချခဲ့သည်။


ယခုအခါ မြန်မာကျပ် (၁၀၀) လျှင် ထိုင်းဘတ် (၂.၉၈) သာ ရှိတော့သဖြင့် ယခုလဆန်းမှစ၍ မြန်မာဘက်မှဆန်များကို ထိုင်းကုန်သည်များက နေ့စဉ် ဆန်အိတ်ရေ (၅,၀၀၀) ခန့် ပြန်လည်တင်သွင်းလျက်ရှိသည်။

ထိုင်းကုန်သည်ကြီးများက ထိုင်းဆန်နှင့်စာလျှင် ထက်ဝက်နီးပါးခန့်ဈေးချိုသည့် မြန်မာဆန်ကို တင်သွင်းပြီး ထိုင်းနိုင်ငံ အနှံ့အပြားရှိ မြန်မာနိုင်ငံသားများနှင့် တိရစ္ဆာန်အစားအစာထုတ်လုပ်သည့် အလုပ်ရုံများ၊ မုန့်တီစက်ရုံ၊ ဆန်ခေါက်ဆွဲနှင့် ဆန်ကြာဇံစက်ရုံများသို့ တဆင့်ပြန်လည်ရောင်းချကြသည်။

ကီလို (၅၀) ဝင်အိတ်ရေ မြန်မာဆန် အိတ်ပေါင်း (၁၀,၀၀၀) ခန့်ကို ထိုင်းဘက်သို့ ယမန်နှစ်၌ နေ့စဉ်တင်သွင်းခဲ့သော်လည်း မြန်မာငွေ တန်ဖိုးတက်သွားသဖြင့် ဆန်တင်သွင်းမှုကို ထက်ဝက်ကျော် လျှော့ချခဲ့ပြီးနောက် မြန်မာငွေဈေး ပြန်ကျလာသည့် အတွက် ယခုလဆန်းမှစတင်ကာ မြန်မာဆန်များကို ပြန်လည်တင်သွင်းခြင်းဖြစ်သည်။

တာ့ခ်ခရိုင် မဲဆောက်-မယ်လမ-ဖို့ဖ (၃) မြို့နယ်အတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသား (၃) သိန်းခန့်မှာ သုံးချိုးနှစ်ချိုးခန့် ဈေးချိုသည့် မြန်မာဆန်ကိုသာ ဝယ်စားကြကြောင်း မဲဆောက်မြို့မှ မြန်မာဆန် လက်လီလက်ကားရောင်းသူတဦးက ပြောသည်။
၎င်းက “မြန်မာဆန်က တနေ့ကို အိတ် (၃,၀၀၀) လာလည်း ကုန်တာပဲ၊ မဲဆောက်ခွင်မှာပဲ မြန်မာအလုပ်သမား (၁) သိန်းကျော် ရှိတယ်။ အခြားဒေသ မပါသေးဘူး” ဟု ပြောသည်။

လက်ရှိ မဲဆောက်ဒေသအတွင်း ရောင်းချနေသည့် ကီလို (၅၀) ၀င်တအိတ် မြန်မာဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး (ရှယ်) ဘတ် (၁,၀၀၀)၊ ရိုးရိုး (၉၀၀)၊ ၁၅ မှတ်ဆန်-အောက်စ (၇၀၀)၊ ထိပ်စ (၈၀၀) ဖြစ်ပြီး ယခုရောင်းဈေးမှာ ယခင်ရောင်းဈေးများထက် ဘတ် (၂၀၀) ခန့်စီ သက်သာသည်ဟု မြန်မာအလုပ်သမားများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာငွေ အတက်အကျပေါ်မူတည်၍ နှစ်နိုင်ငံကုန်သည်များက အပြန်အလှန် ကုန်စည်များ တင်သွင်းရာတွင် ဆုံးရှုံးနစ်နာမှုမရှိရန် အတိုးအလျှော့လုပ်၍ ကုန်သွယ်မှုပြုကြသော်လည်း ထိုင်းနိုင်ငံတွင် အစိုးရအားပေးမှုနှင့် ဥပဒေအကာအကွယ်ရှိသည့် လွတ်လပ်သည့် ကုန်သွယ်ရေးစနစ်ကြောင့် ထိုင်းကုန်သည်များဘက်က အသာစီးရရှိကြသည်ဟု မြန်မာကုန်သည်တဦးက ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဒါတို့ တိုင်း တို့ပြည် တို့ ရန်ကုန်မြေ

ပုံကိုနှိပ်ပြီးရန်ကုန်က အမှိုက်ကြည့်ကြစို


ဆက်ဖတ်မယ်ဆိုရင်....

စုတ်ပြတ်နေတဲ့  ဗမာပြည်

အာဏာပိုင်များဦးစီးကာ လောင်းကစားလုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ဆောင်နေFriday, 10 July 2009 21:24 ဖြိုးကြီး
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် ကျေးရွာအာဏာပိုင်များကိုယ်တိုင် ဦးစီးကာ လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေလျှက်ရှိသည်။

မြန်အောင်မြို့နယ်၊ ကညင်အုပ်စု ကျေးရွာဥက္ကဌ ကိုကြည်စိုးနှင့် ရယကစာရေး ကျော်စွာတို့ ဦးစီးကာ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားလုပ်ငန်းများကို မြို့ပေါ်ရှိ ဒိုင်များနှင့် ချိတ်ဆက်ကာ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

"ဒိုင်က မြို့ပေါ်က နာမည်ကြီးဒိုင်နှစ်ဒိုင် ကျေးရွာမှာ လက်ခွဲတွေ ဖွင့်တယ်၊ အဲဒီထဲမှာ ရယကစာရေးကို အစုထည့်ပေးထားတယ်၊ ကြွေးတောင်းမရတဲ့ လက်ခွဲဒိုင်လေးတွေကို ရယကဥက္ကဌက ခေါ်ပြီး စာချုပ်တွေ လုပ်ပေးနေတာ၊ အဲဒါက နှစ်လုံး၊ သုံးလုံးထိုးတဲ့ ကြွေးမဟုတ်ဘူး၊ တခြားကိစ္စနဲ့ လုပ်တဲ့ ကြွေးဆိုပြီး လက်မှတ်ထိုးခိုင်း၊ အဲလိုတွေလုပ်တာ" ဟု ပြောသည်။

ကညင်အုပ်စုအတွင်း နေ့စဉ် နှစ်လုံးထီလောင်းကစားမှ တက်ငွေ ၂၅ သိန်းမှ သိန်း ၃၀ အထိရှိပြီး သုံးလုံးထီမှာ တပတ်လျှင် သိန်း ၅၀ မှ ၁၀၀ ဝန်းကျင်အကြားရှိကြောင်း အဆိုပါရွာသားက ဆက်ပြောသည်။

ရွာသားများအနေဖြင့်လည်း ယခုကဲ့သို့ လောင်းကစားလုပ်ငန်းများ နေ့စဉ် ရှိနေသည့်အတွက်ကြောင့် တခြားအလုပ်အကိုင်များကို စိတ်ဝင်စားခြင်းမရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

"အခုဆို လူတွေက တခြားအလုပ်အကိုင်တွေကို စိတ်မဝင်စားတော့ဘူး၊ စာရိတ္တတွေ ပျက်လာတာပေါ့၊ ခိုးမှုတွေကလဲ နေ့စဉ်ကို ဖြစ်နေတာ၊ ကြက်တွေ့ ကြက်ခိုး၊ စပါးတွေ့ စပါးခိုး အဲလိုတွေဖြစ်နေတာ၊ ပြီးခဲ့တဲ့နှစ်ကဆို ဘုန်းကြီးတောင် အသတ်ခံရပြီး ပစ္စည်းတွေယူသွားတဲ့ အဖြစ်မျိုးတွေတောင် ရှိတယ်" ဟု ဆက်လက်ပြောသည်။

ကျေးရွာအာဏာပိုင်များကိုယ်တိုင် ယခုကဲ့သို့ လောင်းကစားလုပ်ငန်းကို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည့်အပေါ် သက်ဆိုင်ရာ အထက်အာဏာပိုင်များကလည်း တစုံတရာ အရေးယူခြင်းမရှိကြောင်း ဆက်ပြောသည်။

မြန်အောင်မြို့နယ်၊ ကညင်အုပ်စုတွင် ကျေးရွာပေါင်း ၂၄ ရွာရှိပြီး တရားဟောဘုန်းကြီးများပင်လျှင် နှစ်လုံးသုံးလုံးလောင်းကစားများကို လုပ်ကိုင်နေလျှက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဒါတို့ ပြည် ဒါတို့ မြေ တို့ မပိုင်တဲ့ အခြေ

ရေနံရောင်းဝယ်သူများထံမှ အာဏာပိုင်များက ငွေကြေးပိုမိုကောက်ခံနေFriday, 10 July 2009 21:37 ရိုးမ ၃
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာတွင် စရဖနှင့် ကျေးရွာအာဏာပိုင်များက ရေနံရောင်းဝယ်သူများထံမှ ငွေကြေးအဆမတန် တောင်းယူမှုများ ပြုလုပ်နေသဖြင့် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။

ပြီးခဲ့သည့်လ (၂၆) ရက်နေ့တွင် ရွာတန်းရှည်ကျေးရွာဥက္ကဌ သိန်းတိုးအေးနှင့် ပေါက်မြို့နယ် စရဖတို့က ရေနံချက်ဖိုပိုင်ရှင်များနှင့် ရောင်းဝယ်သူများထံမှာ ယခင်ကထက် ငွေကြေးပိုပေးရမည်ဖြစ်ကြောင်း ခေါ်ယူပြောဆိုခဲ့ခြင်း ဖြစ်သည်။

"အဲဒီနေ့က ဥက္ကဌအိမ်မှာပဲခေါ်တာ၊ သူတပည့် ဝင်းမြင့်၊ ရယကအဖွဲ့ဝင် နှစ်ဦး၊ ပေါက်မြို့စရဖတို့က ရေနံချက်ဖိုတွေကို အရင်ကပေးနေတာထက် အခု တသောင်းပိုပေးရမယ်ဆိုပြီး ပြောတော့ ဖိုပိုင်ရှင်တွေ၊ ရေနံရောင်းဝယ်သူတွေက ရေနံဈေးကျနေလို့ မတိုးပေးနိုင်ကြောင်းပြောတော့ ပြဿနာတွေဖြစ်ပြီး ရိုက်ပွဲတောင်ဖြစ်တယ်" ဟု ဒေသခံတဦးက ပြောသည်။

ယင်းကဲ့သို့ ခေါ်ယူပြောဆိုရာတွင် ရေနံရောင်းဝယ်သူများဘက်မှ အယောက် ၂၀ ခန့် တက်ရောက်ခဲ့ကြပြီး အာဏာပိုင်များနှင့် မကျေမနပ်ဖြစ်ကာ ရိုက်နှက်ခဲ့သဖြင့် ရယကအဖွဲ့ဝင်နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကာ ရိုက်နှက်ခဲ့သူများမှာလည်း တိမ်းရှောင်နေရသည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ရွာတန်းရှည်ကျေးရွာတွင် ယခင်က စက်ဘီးဖြင့် ရေနံသယ်ယူရောင်းချသူကို ၈၀၀ ကျပ်၊ ဆိုင်ကယ်ဖြင့် သယ်ယူသူကို ၁,၃၀၀ ကျပ်နှင့် ရေနံချက်ဖိုတဖိုလျှင် ၂၁,၀၀၀ ကျပ် တောင်းယူနေခြင်းဖြစ်သည်။

ပေါက်မြို့နယ်အနောက်ဖက်ရှိ ကျောက်တံခါး၊ အုန်းမှင်၊ ထန်းပင်ချောင်တို့သည် ရေနံထွက်ရှိသည့် ဒေသများဖြစ်ပြီး ၎င်းရေနံများကို ယာဉ်အမျိုးမျိုးဖြင့် သယ်ယူရောင်းဝယ်နေလျှက်ရှိကာ ရွာတန်းရှည်ကျေးရွာတရွာတည်းတွင် ရေနံချက်သည့် ဖို ၁၀ ခုရှိသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကြီးနိုင် ငယ်ညှဉ်း နှင့် ဗမာပြည်

KNU တပ်မဟာ ၆ ကိုထိုးစစ်ဆင်ရန်ပြင်ဆင်နေပြီKaowaoဇူလိုင် ၁၀၊၂၀၀၉။
စံခလပူရီ(ဇူလိုင်-၁၀)။ ။ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မဟာ ၇ ဌာနချုပ်ကို လွန်ခဲ့သည့်ဇွန်လ ၂၁ ရက်နေ့တွင် ဒီကေဘီအေနှင့် စစ်အစိုးရပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး KNLA တပ် မဟာ ၆ ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်ရန်
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ စစ်အစိုးရအရာရှိများနှင့် ဒီကေဘီအေ အဆင့်မြင့်ကိုယ်စားလှယ်တို့ ယမန်နေ့က ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဒီကေဘီအေနှင့် နီးစပ်သူတစ်ဦးက အသိပေးပြောကြားခဲ့သည်။

ယခုစစ်ဆင်ရေးတွင် စစ်အစိုးရတပ်မှ စကခ ၁၂၊ နည်းဗျူဟာ ၁ ဗျူဟာမှူး ဗိုလ်မှူးကြီးမောင်ရှိန် ဦးစီးပြီး ၄င်းတို့ ဗျူဟာရုံးတပ်ဖွဲ့အချို့ KNU တပ်မဟာ ၆ ဧရိယာဖြစ်သည့် ဘုရားသုံးဆူနယ်စပ်မြို့အနီး ၁၀ မိုင်ခန့်အကွာ ချောင်းဆုံရွာ၌ အခြေပြုလျှက်ရှိသည်ဟု နယ်စပ်စစ်ရေးသတင်း စောင့်ကြည့်လေ့လာသူများက အတည်ပြု ပြောကြားပါသည်။

ဆန်းစစ်လေ့လာမှုများအရ ယင်းစကခ ၁၂၊ နဗဟ ၁ လက်အောက်ခံတပ်များမှာ ဘုရားသုံးဆူ- သံဖြူဇရပ် မော်တော်ကားလမ်းတစ်လျှောက် အနန်းကွင်း- ဘုရားသုံးဆူအပိုင်းတွင် ခမရ ၃၅၆၊ ၃၅၇ တို့လှုပ်ရှားလျှက်ရှိပြီး ခမရ ၃၅၉ မှာ ထိုင်းနယ်စပ် ကျိုက်ဒုံဒေသတွင် အခြေပြုနေသည်။

အရံတပ်များအဖြစ် ခမရ ၂၈၂၊ ၂၈၃၊ ၂၈၄၊ ၅၄၆၊ ၅၄၇ တပ်ရင်းများကို အသင့်ပြင်ဆင်ထားပြီး ယခုလကုန်ပိုင်း ခန့်တွင် တိုက်ပွဲကြီးများစတင်ဖြစ်ပွားလာနိုင်သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောဆိုနေကြသည်။

ဤစစ်ဆင်ရေးကို ဒီကေဘီအေမှ ဗျူဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (ခေါ်) စောလားပွယ်ဦးစီးသော အထူး တပ်ရင်းတစ်ရင်းအပါအဝင် လက်အောက်ခံဒီကေဘီအေတပ်ရင်း ၉၀၁၊ ၉၀၆၊ ၉၀၇ တို့ပါဝင်လာမည် ဟု KNU ဖက်မှ သတင်းရရှိထားသည်ဟု သိရသည်။

လောလောဆယ်တွင် ဘုရားသုံးဆူဒေသတစ်ဝိုက် လှုပ်ရှားနေသော ဒီကေဘီအေတပ်ဖွဲ့ဝင်များမှာ တိုက်ခိုက်
ရေးတပ်ဖွဲ့မဟုတ်ပဲ စစ်ပွားရေးလုပ်ဆောင်ရန်နှင့် ဂိတ်ကြေးများကောက်ခံရန်သာ ထားရှိထားသောတပ်ဖွဲ့များ
ဖြစ်သည်။ ၄င်းတပ်ဖွဲ့ဝင်များကို ဦးစီးကွပ်ကဲနေသူမှာ ဒီကေဘီအေ စီးပွားရေး/ ဆက်ဆံရေးတာဝန်ခံ (ဘုရား သုံးဆူ ဒေသ) ဗိုလ်မှူးစိုးမိုးဖြစ်သည်ဟုသိရပြီး ယမန်နေ့ရတခတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောကြားသည်။

စစ်အစိုးရနယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲသွားမည့် အစီအစဉ်ကို ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်များ
က လက်ခံခဲ့သော်လည်း ယင်းကိစ္စနှင့်အတူ ကရင်လူမျိုးအချင်းချင်းသတ်ဖြတ်နေရသည့် လုပ်ရပ်တို့ကို ဒီကေဘီအေတပ်ဖွဲ့ဝင်အတွင်း လက်မခံသူများရှိနေပြီး ၄င်းတို့၏လှုပ်ရှားမှုများကို ပြင်ပသတင်းဌာနသို့ တိတ်တ ဆိတ်ပေးပို့နေမှုများလည်း ရှိနေသည်။

ဤစစ်ဆင်ရေးမှာ ယမန်နေ့ဖေါ်ပြခဲ့သော KPF မှတပ်ရင်းမှူးတစ်ဦးနှင့်တပ်ဖွဲ့ဝင်အချို့ KNU ထံ လက်နက်ချဘက် ပြောင်းသွားသည်နှင့်မသက်ဆိုင်ပဲ စစ်အစိုးရတို့ကြိုတင်ရေးဆွဲထားသည့် အစီအမံဖြစ်သည်ကို ယခင်လစစ် သတင်းများ ဖေါ်ပြချက်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

မကြာမီ တိုက်ပွဲများဖြစ်ပေါ်လာမည့် အခြေအနေများ ရှိနေသောကြောင့် ထိုင်းတို့ကလည်း အနီးကပ်စောင့်ကြည့် နေသည်ဟု သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

The future of the cease fire agreements in Burma

copy from Happy Blog http://democracyforburma.wordpress.com
Neither war nor peace: The future of the cease-fire agreements in Burma

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Friday, July 10, 2009

လယ်သူလုပ်စားတဲ့ ခေတ်

ဗိုလ်စံပြုံးကို ဘယ်သူလုပ်ကြံသလဲ Thursday, 09 July 2009 20:06 သန်းထိုက်ဦး
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်မဟာ ၇ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စံပြုံး လုပ်ကြံခံရမှု နှင့် ပတ်သက်ပြီး ထိုင်းမြန်မာ နယ်စပ်ဒေသတွင် အမျိုးမျိုး ထင်ကြေးပေး မေးခွန်းထုတ်နေကြသည်။

လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသော DKBA တပ်မှူး ဗိုလ်စံပြုံးခေါ် ဗိုလ်ဆန်ပြုတ် (ဓာတ်ပုံ - ခေတ်ပြိုင်)
ပြီးခဲ့သည့်လ၂၆ ရက်နေ့က ဒု ဗိုလ်မှူးကြီး စံပြုံး နှင့် DKBA တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကို ကျေးရွာသို့ သွားနေစဉ် အမည် မသိ လက်နက်ကိုင် တချို့၏ ခြုံခိုတိုက်ခိုက်မှုကို ခံခဲ့ရသည်။

မယ်လရွာအနီး ထိုင်း မြန်မာ နှစ်နိုင်ငံကို နယ်စည်းအဖြစ် ခြားထားသည့် သောင်ရင်းမြစ် အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ ပစ်ခတ်မှုတွင် ဒု ဗိုလ်မှူးကြီး စံပြုံး အပါဝင် DKBA တပ်ဖွဲ့ဝင် ၈ ဦးခန့် သေဆုံးခဲ့သည်။

ပစ်ခတ်မှု ဖြစ်ပွားပြီး ၂ ပတ် ကြာမြင့်လာသော်လည်း မည်သူကမျှ ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာချက် ထွက်ပေါ်လာခြင်း မရှိဘဲ၊ မည်သူ၏ လက်ချက် ဖြစ်မည် ဆိုသည့် ခန့်မှန်းချက်များသာ နယ်စပ်ဒေသတွင် ပေါ်ပေါက်နေသည်။

DKBA တပ်ရင်းမှူး လုပ်ကြံခံရသည်ဟု ဆိုသဖြင့် ၎င်းတို့၏ ဆန့်ကျင်ဘက်အဖွဲ့ဖြစ်သည့် KNU ခေါ် ကရင် အမျိုးသား အစည်းအရုံး တပ်ဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု အစောပိုင်းတွင် ထင်ကြေးပေးခဲ့ကြသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ပြီးခဲ့သည့် လက မြန်မာ့တပ်မတော် နှင့် DKBA ပူးပေါင်းပြီး KNU တပ်မဟာ ၇ မှ စခန်းများကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့သဖြင့် KNU က အဆိုပါစခန်းများကို လက်လွှတ်ပေးလိုက်ရသည်။

ဒု ဗိုလ်မှူးကြီးစံပြုံး ခေါ် ဗိုလ်ဆန်ပြုတ်သည် အဆိုပါထိုးစစ်တွင် ထင်ရှားသည့် DKBA စစ်ခေါင်းဆောင်တဦး ဖြစ်သည်။

အောင်ပွဲခံပြီး ရွှေကုက္ကိုသို့ အပြန်တွင် ဒု ဗိုလ်မှူးကြီးစံပြုံး ခြုံခို တိုက်ခိုက် ခံရသည့် နေရာမှာ KNU စိုးမိုးသည့် ဒေသ မဟုတ်သည့် အတွက် DKBA အချင်းချင်း လုပ်ကြံမှုသာ ဖြစ်နိုင်သည်ဟု သုံးသပ်ချက်များလည်း ပေါ်ထွက်နေသည်။

လုပ်ကြံမှုမှာ DKBA ၉၉၉ တပ်မဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ လက်ချက်ဖြစ်သည် ဟူသော သတင်းလည်း ထွက်ပေါ်နေသည်ဟု DKBA နှင့် နီးစပ်သည့် အမည်မဖော်လိုသူ ကရင်အမျိုးသမီးတဦးက ပြောသည်။

“ဗိုလ်ချစ်သူက နေပြီးတော့ ဒီ ထိုးစစ်ပြီးသွားတော့ စံပြုံးကို သူအားကိုးရမယ့် အခန်းကဏ္ဍပြီးပြီ၊ ကျန်တဲ့အပိုင်း ဆက်ပြီးတော့ အသုံးချစရာ မလိုတော့ဘူး။ သူ ဆက်ရှိနေမယ် ဆိုရင် သူ့ထက် ကျော်သွားနိုင်တယ်၊ ဒါကြောင့် သူ့ကို ရှင်းလိုက်တယ်ဆိုပြီး ပြောနေကြတယ်” ဟု သူက ဧရာဝတီကို ပြောပြသည်။

လုပ်ကြံခံလိုက်ရသော ဗိုလ်စံပြုံးသည် ပညာအရေး အချင်း မြင့်မားသူတဦးဖြစ်ပြီး၊ ဘာသာစကား ကျွမ်းကျင်မှု ရှိသဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးတွင် အားကိုးရသူတဦးဖြစ်သည်ဟု သိရသည်။

DKBA စစ်ရေး ဦးဆောင်မှုတွင် ဗိုလ်စံပြုံး သာလွန်သွားမည်ကို စိုးရိမ်သောကြောင့် ဗိုလ်ချစ်သူက လုပ်ကြံခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သူတချို့လည်း ရှိနေသည်။

KNU ခေါင်းဆောင် ဖဒိုမန်းရှာကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက မဲဆောက်မြို့တွင် လုပ်ကြံခဲ့သူမှာ ဗိုလ်စံပြုံး ဖြစ်သည်ဟု အများက ခန့်မှန်းထားကြသည်။

ထို့ကြောင့် ဗိုလ်စံပြုံး သတ်ဖြတ်ခံခဲ့ရခြင်းမှာ KNU ၏ လက်စားချေမှုဖြစ်နိုင်သည်ဟူသော ယူဆချက်လည်း ထွက်ပေါ်လာသည်။ KNU တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက အဆိုပါ အယူအဆကို လက်မခံပေ။

“ပထမ မြှားဦးကတော့ ကျနော်တို့ ဘက်ကို လှည့်တယ်၊ သူတို့ အခင်းဖြစ်တဲ့ နေရာတွေကို သွားကြည့်တော့ KNU ရဲ့ လက်ချက် မဖြစ်နိုင်ဘူးဆိုတာ သူ့တို့တပ် အတွင်းမှာ ဝေဖန်နေကြတယ်။ အခု သူတို့တပ် အတွင်းမှာပဲ တရားခံ လိုက်ရှာနေတဲ့ သဘော ရှိတယ်။ အခုထိတော့ အဖြေကတော့ ပေါ်မလာသေးဘူး” ဟု ဗိုလ်မှူး စောလှငွေက ဧရာဝတီသို့ ပြောသည်။

ဧရာဝတီက ဘားအံမြို့ရှိ DKBA အုပ်ချုပ်ရေးရုံးသို့ ဆက်သွယ်သော်လည်း တာဝန်ယူ ဖြေကြားမည့်သူ မရှိပေ။

KNU မှ ခွဲထွက်သွားပြီး ငြိမ်းချမ်းရေး ကောင်စီ အမည်ဖြင့် ကရင်ပြည်နယ် အတွင်း လှုပ်ရှားနေသော ဗိုလ်မှူးချုပ် ထိန်မောင်၏ အဖွဲ့သည်လည်း သံသယ ဖြစ်ဖွယ် ရှိသည်ဟု ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့မှ အမည် မဖော်လိုသူ နိုင်ငံရေးသမား တဦးက သုံးသပ်သည်။
“ကျနော် သိသလောက်တော့ အဲဒီနေရာမှာ KNU မရှိဘူးဗျ။ ဗိုလ်မှူးချုပ်ထိန်မောင်တို့အဖွဲ့ရဲ့ လက်ချက်လည်း ဖြစ်နိုင်တယ်။ သူတို့က နယ်မြေ လိုချင်လို့ ဗိုလ်ဆန်ပြုတ်ကို ရှင်းလိုက်တာလို့ ယူဆရတယ်။ သူတို့အဖွဲ့က မှား ပစ်တာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် တမင်ပစ်တာလည်း ဖြစ်နိုင်တယ်” ဟု နယ်စပ်ဒေသတွင် အနှစ် ၂ဝ ဝန်းကျင် နေထိုင်ခဲ့သော အဆိုပါ နိုင်ငံရေးသမားက ဧရာဝတီကို ပြောပြသည်။

မြန်မာစစ်အစိုးရက DKBA ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်အရ နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းလဲရန် ဆွေးနွေးခဲ့ရာ DKBA က သဘောတူခဲ့သည်။

ထိုသို့ သဘောတူပြီးနောက် မြန်မာ့တပ်မတော်နှင့် DKBA ပူးပေါင်းပြီး KNU ၏ တပ်စခန်းများကို အဆက်မပြတ် ထိုးစစ်ဆင်ခဲ့ကြသည်။

KNU၏ တပ်မဟာ ၇ နယ်မြေကို စိုးမိုးပြီးပါက ဗိုလ်ချစ်သူသည် သူ့အာဏာကို အသုံးချပြီး သောင်ရင်းမြစ် တလျှောက်ရှိ ဒေသများတွင် စီးပွားရေး လုပ်ကိုင်သွားမည် ဖြစ်ကြောင်း DKBA နှင့် နီးစပ်သူ စီးပွားရေး သမားများက သုံးသပ် ပြောဆိုနေကြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ဒါးပြ သာသာ တပ်မတော် ရယ်

နယ်မြေခံစစ်တပ်က လူငယ်တဦးကို ခြိမ်းခြောက်ကာ တပ်ထဲဝင်ရန် ခေါ်ဆောင်Thursday, 09 July 2009 10:43 ဉာဏ်မောင်
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် နယ်မြေခံစစ်တပ်မှ စစ်သားတဦးက အလုပ်သွားသည့် လူငယ်တဦးကို ခြိမ်းခြောက်ကာ တပ်ထဲဝင်ရန် အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်။

ညောင်ဦးမြို့အခြေစိုက် ခမရ-(၄၁၅) မှ တပ်သားတဦးက မောင်စန်းလွင်ဦး လုပ်ငန်းခွင်သို့အသွား မှောင်ရိပ်ခို၊ မသင်္ကာမှု စသည့် အကြောင်းပြချက်များဖြင့် ခြိမ်းခြောက် ခေါ်ဆောင်သွားခြင်းဖြစ်သည်။

"စန်းလွင်ဦးက ညပိုင်းအလုပ်ကို သွားတဲ့အချိန်မှာ အဲဒီစစ်သားတယောက်က မှောင်ရိပ်ခိုမှုတွေ ဘာတွေနဲ့ စွပ်စွဲပြီး တပ်ထဲ ဝင်ရမယ်ဆိုပြီး ခေါ်သွားတာ၊ ကလေးက ငိုပြီးတောင်းပန်တာ မရဘူး" ဟု မောင်စန်းလွင်ဦး၏ မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။

ယင်းကဲ့သို့ ခေါ်ဆောင်သွားစဉ် လမ်းတွင် ခမရ-(၄၁၅) မှ ဗိုလ်နှစ်ဦးနှင့်တွေ့ရာ မောင်းစန်းလွင်ဦးက ငိုယို၍ တောင်းပန်သဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း ဆက်ပြောသည်။

မောင်စန်းလွင်ဦးမှာ အသက် ၁၇ နှစ်သာရှိပြီး ညောင်ဦးမြို့ပေါ်တွင် နေထိုင်ကာ ဟိုတယ်တခုတွင် အလုပ်လုပ်ကိုင်နေသူတဦး ဖြစ်သည်။

ယခုအခါ ညောင်ဦးမြို့ပေါ်တွင် ကလေးငယ်များ ပျောက်ဆုံးမှု များပြားလာပြီး စစ်သားအဖြစ် စုဆောင်းခံရခြင်းများ ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

"အခုဆို ပလတ်စတစ်ကောက်တဲ့ ကလေးတွေဆို တော်တော်ပျောက်သွားတယ်၊ အသက် ၁၂၊ ၁၃ အရွယ်လေးတွေ၊ အထူးသဖြင့် ယောင်္ကျားလေးတွေကို မတွေ့ရတော့တာ" ဟု ဆက်ပြောသည်။

ပြီးခဲ့သည့်လအတွင်းကလည်း မကွေးတိုင်း၊ အောင်လံမြို့တွင် အတင်းအဓမ္မ ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းခြင်းများကြောင့် မြို့ခံလူထုမှာ အထိတ်တလန့်ဖြစ်ခဲ့ရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အော် ဗမာပြည်


ငွေအကြွေ ရှားပါးမူကြောင့် တိုကင်ပြားများကို ထုတ်လုပ် သုံးစွဲ7/8/2009
မောင်ရမ္မာ (နိရဉ္စရာ) ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့ နယ်တွင် ငွေအကြွေ ရှားပါးနေသဖြင့် ချမ်းသာသူ စီးပွားရေး သမားများက တိုကင် ငွေစက္ကူပြားများကို ထုတ်လုပ်ပြီး ဈေးဝယ် ဈေးရောင်းသည့် နေရာတွင် သုံးစွဲနေကြသည်။

ဆိုင်ပိုင်ရှင် တဦးက “ခုလို တိုကင် စက္ကူတွေ ငွေအကြွေ အဖြစ် သုံးစွဲနေရတာက ဈေးဝယ် ဈေးရောင်း တဲ့နေရာမှာ ငွေစက္ကူတွေ အထူးရှားပါး နေတဲ့ အတွက် ငွေစက္ကူအစား တိုကင် စက္ကူတွေကို ငွေ အဖြစ် ထုတ်လုပ်ပြီး သုံးစွဲနေရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာ နအဖ စစ်အစိုးရမှ ငွေစက္ကူ အသစ်များလှဲလှယ် ထုတ်ပေးခြင်း မရှိသဖြင့် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် ပြည်သူများအနေဖြင့် ဈေးဝယ် ဈေးရောင်း နေရာတွင် အထူး အခက်အခဲ တွေ့နေ ရသဖြင့် ဒေသခံ စီးပွားရေးသမားများမှ သက်ဆိုင်ရာ ဒေသ အာဏာပိုင် များ၏ ခွင့်ပြုချက် ဖြင့် တိုကင် စက္ကူများကို ထုတ်လုပ် သုံးစွဲနေခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘဏ်ဝန်ထမ်း တဦးအား မေးကြည့်ရာ သူက “ ငွေအကြွေး စက္ကူတွေ အသစ်တွေ မရှိတဲ့ အတွက် အရပ်သားတွေက ငွေ စက္ကူတွေကို လာလှည့်တော့ ဘဏ်ကငွေ လှဲမပေး နိုင်ဘူး။ ဘဏ်ကိုရောက်တာကလည်း ငွေစက္ကူ အကြီးတွေဘဲ ဆိုတော့ ငွေ အသေး အကြွေမရှိတဲ့ အတွက် လူတွေကတော့ ၀ယ်ယူ သုံးစွဲတဲ့ နေရာမှာ အခက်အခဲ ဖြစ်နေကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

တိုကင် ငွေစက္ကူများတွင် ငွေ၏တန်ဖိုး၊ ထုတ်လုပ်သူ၏ အမည်နှင့် အခြားတဖက်တွင် လက်မှတ် ရေးထိုးပြီး ထုတ်ဝေထားခြင်း ဖြစ်သည်။

ထုတ်ဝေထားသော ငွေစက္ကူများမှာ ၂၀၀ တန်၊ ၁၀၀ တန်၊ ၅၀ တန်၊ ၂၀ တန် ၁၀ တန်များ ဖြစ်ကြသည်။

ယခုကဲ့သို့ ငွေစက္ကူ အကြွေ အသစ်များကို အစိုးရမှ ဘဏ်များမှ ထုတ်မပေးသဖြင့် စုတ်ပြဲ ပျက်စီးသွားသော ငွေအသေး ပမာဏမှာ မြန်မာပြည် အနှံ့တွင် ကုဌေထောင်ချီ၍ ရှိနေသဖြင့် အစိုးရမှ အမြတ် ရရှိ နေသည်ဟုလည်း ဘဏ်ဝန်ထမ်းမှ ပြောကြားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

လိုက်ပွဲဗျို့ ..........ရက်စက်ပုံများ ဒါသန်းရွှေတပ်ကွ

နယ်လှည့်စစ်ကြောင်း မှာယူစားသောက်သမျှ ရပ်ရွာလူထုလိုက်ရှင်းပေးရ ဗုဒ္ဓဟူးနေ့၊ 08 ဇူလိုင်လ 2009
သျှမ်းအပစ်ရပ် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးလက်လူထုဈေးဆိုင်/စားသောက်ဆိုင်များ၌ အစိုးရစစ်တပ်နယ်လှည့် စစ်ကြောင်း ကြိုက်သလောက် မှာယူစား သောက်ပြီး ရွာသူကြီးများအား ပိုက်ဆံလိုက်ရှင်းပေးခိုင်းကြောင်း သျှမ်းပြည် အလယ်ပိုင်းသတင်း ရပ်ကွက်ကဆိုသည်။

ဧပြီလယ်ပိုင်းကစပြီး ဂျူလိုင်လဆန်းပိုင်းအထိ ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူး၊ မိုင်းရယ်မြို့နယ်တ၀ိုက် နယ်လှည့်သော မိုင်းရှူး အခြေစိုက် ခလရ ၁၃၁ တပ်ရင်း ဗိုလ်ကြီးသိန်းညွန့် ဦးဆောင်သည့် အင်အား ၁၂ ယောက်ပါ စစ်ကြောင်းတ ကြောင်းသည် မိုင်းနောင်- မိုင်းရှူးလမ်းခွဲရှိ စားသောက်ဆိုင်များ၌ အကြိမ်ကြိမ်ဝင်ရောက် မှာယူစားသောက်ပြီး ပတ်ဝန်းကျင်ရွာများမှ ကျေးရွာသူကြီးများအား ကျသင့်သမျှပေးချေခိုင်းကြောင်း အမည်မဖေါ်လိုသည့် ဒေသခံတဦး က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“အဲဒီလမ်းခွဲက ခရီးတထောက် နားတဲ့နေရာလေ၊ စားသောက်ဆိုင် ၅-၆ ဆိုင်ရှိတယ်၊ အဲဒီဘက်နယ်လှည့်နေ တဲ့စစ်ကြောင်း (ခလရ ၁၃၁) မကြာခဏလာနားပြီး သူတို့ကြိုက်တဲ့ သားငါးအရက် မှာယူစားသောက်တယ်။ ပိုက်ဆံဘယ်တော့မှ မရှင်းဘူး၊ ကျနော်တို့ ရွာသားတွေဆီ သူကြီးက လိုက်ကောက်ပြီး သွားရှင်းပေးရတယ်”- ဟု ဆို၏။

အဆိုပါလမ်းခွဲနီး တ၀ိုက်ရွာများမှာ - ဟိုင်းပါ၊ ၀မ်ဆော့၊ နားပယ်၊ ၀မ်ဟောင်၊ ၀မ်ကွန်၊ နောင်ခစ်၊ နားဖီရွာတို့ဖြစ်သည် ဟုဆို ၏။ “ကျနော်တို့ ပိုက်ဆံလိုက်ရှင်းပေး ရတာ ၄-၅ ခေါက်ရှိပြီ၊ အခုနောက်ဆုံး တခေါက်ဆို ၃ သောင်းခွဲလောက် ကျတယ်” - ရွာသူကြီးတဦးမှပြောကြောင်း ၎င်းင်းနှင့်နီးစပ်သူက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သျှမ်းပြည်အရေးလေ့လာသူ ပုဂ္ဂိုလ်တဦးက -“အဲဒီဒေသက မြောက်ပိုင်း SSA အပစ်ရပ်အဖွဲ့ တပ်မဟာ ၁ ထိန်းချုပ် နယ် မြေလေ၊ စစ်အစိုးရတပ် အခုလိုမျိုး သူတို့သြဇာကျအောင် ခြေထောက်တက်နင်းတာကို သူတို့ဘာမှ မတတ်နိုင် ဘူး ဆိုတော့ လူထုလဲ အားကိုးရာမဲ့ဖြစ်တာပေါ့။ အဲဒီအခြေအနေကိုကြည့်ရင် စစ်အစိုးရက သူ့ရဲ့စစ်တပ်ကို ဗိုက်ဝ အောင် မကျွေးနိုင်ဘူး။ သေနတ်ကိုင်ပြီး ရှာစားခွင့်ပေးထားတဲ့သဘောဘဲ” ဟု ဆို၏။

ထို့အထူ ခလရ ၆၇ ယာယီတပ်ရင်းမှူး နေ၀င်းထွန်းကလည်း မိုင်းရယ်မြို့နယ် ဟိုယ ကျေးရွာအုပ်စုဝင် ကျေးရွာ ၁၂ ရွာမှ ထော်လာဂျီ ၂၂ စီးအပေါ် အချိန်ဇယားနှင့် နေ့တိုင်းအလှည့်ကျ ချောဆွဲနေကြောင်း၊ တရက်ပျက်ကွက်လျှင် ကြီးလေးသည့် ပစ်ဒဏ်ပေးမည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း ဆိုပါသည်။
သျှမ်းသံတော်ဆင့်
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

KPF အမှတ်(၃)တပ်ရင်းမှူး KNU ထံလက်နက်ချလိုက်ပြီ

ဇူလိုင် ၉၊၂၀၀၉။ စံခရပူရီ(ဇူလိုင်-၉)။ ။မကြာမီတွင် နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲမည့် ကရင်လက်နက်ချအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် ဟောင်သရောကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ အမှတ်(၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောလေးဝါး(ခ) မန်းလေးဝါးသည် ယမန်နေ့၌ KNU တပ်မဟာ ၆ ထံ ဝင်ရောက်လက်နက်ချလိုက်ပြီ ဖြစ်ကြောင်း KNU, KPF တပ်ဖွဲ့များနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

KPF တပ်ရင်းမှူး မန်းလေးဝါးနှင့်အတူ တပ်ဖွဲ့ဝင် ၈ ဦး အပြည့်အစုံပါဝင်သည်ဟု ဆိုသည်။ ယ္ခုအခါ KNU တပ်မဟာ ၆ ဗျူဟာမှူး ဗိုလ်မှူးကြီးဂျိုးစွာ(ဗိုလ်ဂျိုး) ထံ ရောက်ရှိနေပြီဟု သိရသည်။

လွန်ခဲ့သည့်လက မန်းလေးဝါးသည် KPF နယ်ခြားစောင့်တပ်ဖွဲ့အသွင် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး ဘုရားသုံးဆူမြို့သို့ ကြာအင်းဆိပ်ကြီးမြို့မှတဆင့် လှေလမ်းကြောင်းကအပြန် KNU ထံပူးပေါင်းလိုက်သည်ဟု သိရသည်။

ဘုရားသုံးဆူမြို့ရှိ မြန်မာအာဏာပိုင်အချို့နှင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် KPF တပ်ရင်းမှူး စောလေးဝါး(ခ) မန်းလေးဝါးအား ကြာအင်းဆိပ်ကြီးမြို့၌ မြန်မာစစ်အာဏာပိုင်များ ဖမ်းဆီးသတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း လိမ်ညာပြောဆိုခဲ့သည်။

အခြားသတင်းတစ်ရပ်မှာ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်မှ KPF တပ်ဖွဲ့များအား အချက် ၁၀ ချက်ပါ ညွှန်ကြား ချက်၌ KNU တပ်ဖွဲ့အား အပြတ်သုပ်သင် ရှင်းလင်းရမည်ဆိုသောအချက် တစ်ရပ်ပါရှိသည်ဟု ဆိုသည်။

၁၉၉၇ ခုနှစ်က KNU မှတပ်ရင်မှူးအဆင့်ရှိ စောသမူဟဲက စစ်အစိုးထံလက်နက်ချခဲ့ပြီး KPF တပ်ဖွဲ့ကို တပ်ရင်း (၃)ရင်းဖြင့် ဦးဆောင်ခဲ့သည်။

KPF အမှတ် (၃)တပ်ရင်းမှူး မန်းလေးဝါးမှာ ဘုရားသုံးဆူနယ်စပ်မြို့၌ လူသိများသူတစ်ဦးဖြစ်သဖြင့် ယခုကဲ့သို့
KNU ထံလက်နက်ခဲ့သည့်အတွက် မြို့ခံများ၊ ငြိမ်းချမ်းရေးအပစ်ရပ်အဖွဲ့များကြားတွင် အမြင်အမျိုးမျိုးဖြင့် ဝေဖန်လျှက်ရှိသည်။

KPF, DKBA တပ်ဖွဲ့များတွင် ထိပ်ပိုင်းခေါင်းဆောင်များက နယ်ခြားတပ်အသွင်ပြောင်းလဲရေးကို စစ်အစိုးရအား ခေါင်းညိတ်ပေးခဲ့ရသော်လည်း အလယ်အလတ်တန်းခေါင်းဆောင်များနှင့် အောက်ခြေရဲဘော်များ လက်တွေ့တွင် လက်ခံနိုင်ရန် အခက်အခဲများစွာရှိနေသည်ဟု ကရင်အဖွဲ့အစည်းများကြားတွင် ပြောဆိုထောက်ပြနေကြ၏။
ယမန်နေ့ညတွင်လည်း ဘုရားသုံးဆူဒေသရှိ DKBA အမှတ် ၉၀၁ တပ်ရင်း၊ တပ်ခွဲ(၁) ဗိုလ်ကြီးစောအေဝမ်းနှင့် တပ်ဖွဲ့ဝင်များ မဲ့ကသာအနီးရှိ KNU တပ်မဟာ ၆ ဗျူဟာအရာခံဗိုလ်စောအယ်ဂေ နေ့ကင်းစခန်းချရာသို့ RBG တစ်ချက်၊ M-79 နှစ်ချက်နှင့် လက်နက်ငယ်များဖြင့် အဝေးမှလှမ်း၍ ပစ်ခတ်ခဲ့သည်။


Kaowao

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Wednesday, July 8, 2009

Tuesday, July 7, 2009

သူခိုးကလူဟစ်ရတယ် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ




အရှက်တရားနှင့် သိက္ခာမရှိသော နအဖသည် လိမ်မြဲလိမ်၏ အနိုင်ကျင့်ရန်ကြံထားသော ၂၀၁၀ ရွေးကောက်ပွဲတွင် ၂၀၀၈ ခုနှစ်မဲဆန္ဒ ကောက်ခံပွဲသကဲ့ သို့  လိမ်လိမ်လိမ် ပြီးယူမည့် နအဖ ယုတ်မာမည့်ပုံအား ဆက်လက်ရှုစားပါလေ။ ယခု အထက်ဖေါ်ပြပါ သတင်းစားအရ သူတော်ကောင်းအဖြစ် သူတို့ မှသူ တို့  နွားများဖြစ်သည်ဟု အရှက်မရှိ လူထုရှင်ကြားကြွေးကြော် နေသည့်  နအဖ သည်ယုတ်ညံ့ အောက်တန်းကျ အရှက်တရားကင်းမဲ့ သော ကြေငြာချက်တရပ်ပင်ဟု။

ဆက်ဖတ်မယ်ဆိုရင်....

ဗမာပြည်တွင် သန်းရွှေကလွဲ၍ မည်သူမျှ ကောင်းမှု မပြုနိုင်


ပုံကိုနှိပ်က ငရဲသားများပုံ အရှင်းပေါ်မည်။

ဆက်ဖတ်မယ်ဆိုရင်....

ထိုင်းမှာ ၂၂၇၂

A (H1N1) တုပ်ကွေးပိုး -ကိုဝိုင်း- တနင်္လာနေ့၊ ဂျူလိုင်လ 06 ရက် 2009 ခုနှစ် 20 နာရီ 50 မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံတွင် A (H1N1) တုပ်ကွေးပိုး ကူးစက်ခံရသူပေါင်းမှာ လွန်ခဲ့သည့် ၂ လကျော် ကာလအတွင်း လူပေါင်း ၂၂၇၂ ဦးရှိခဲ့ကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထိုင်းသတင်းဌာနများကို ယနေ့ ပြောဆိုလိုက်သည်။

ယနေ့တွင် ရောဂါပိုးကူးစက်ခံရသူ လူနာအသစ် ၁၉၆ ဦး ထပ်မံ တွေ့ရှိရသဖြင့် ဧပြီလ ၂၈ ရက်နေ့မှ ယနေ့အထိ ကူးစက်ခံရသူပေါင်း ၂၂၇၂ ဦးသို့ မြင့်တက်သွားကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုသည်ဟု သတင်းစာများက ဆိုသည်။

“ဒီရောဂါပိုးဟာ အခုလအတွင်းမှာ ပိုပြီး ပျံ့နှံ့ကူးစက်ဖို့ ရှိပါတယ်။ အထူးသဖြင့် လူကနေ လူချင်း ကူးစက်မှာပါ” ဟု ဝန်ကြီး ဝိထာရ ကယောက်ပါရိုင်ဒိုင် Witthaya Kaewparadai က ပြောဆိုကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံအရှေ့ဘက်ရှိ ရာခ်ျဘူရီ Ratchaburi ခရိုင်အတွင်း A (H1N1) တုပ်ကွေးရောဂါဖြင့် ယခုလ ၄ ရက်နေ့တွင် သေဆုံးခဲ့ပြီးနောက် တိုင်းပြည်တွင်း ယခုရောဂါပိုးဖြင့် သေဆုံးသူပေါင်းမှာလည်း ၇ ဦးရှိပြီဟု ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ဤသည်မှာ ကူးစက်ခံရသူ စုစုပေါင်း ဦးရေအနက် ၂၂၃၀ ဦးသည် ပြန်လည် ကျန်းမာလာကြပြီဖြစ်ကာ၊ ၃၅ ဦးမှာမူ ဆေးရုံတွင် ကုသမှု ဆက်လက် ခံယူနေကြပြီး ၇ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ၇ ဦးမြောက် သေဆုံးခဲ့သူ၏ အမည်နှင့် အသက်ကို ထိုင်းသတင်းများတွင် ဖော်ပြထားခြင်း မရှိပါ။

ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုအနက် ၅၆ ခုတွင် A (H1N1) ရောဂါပိုး ပျံ့နှံ့နေပြီး ကူးစက်မှုခံရသူ လူနာအသစ်များမှ ၁၆၀ ဦးမှာ ပညာသင်ကြားနေသူများ ဖြစ်သည်။

နိုင်ငံပေါင်း ၇၀ ကျော်၌ A (H1N1) ရောဂါပိုးကူးစက်မှု ၉၄၅၁၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၂၉ ဦး ရှိသွားပြီဖြစ်သည်။

မြန်မာ့အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်နိုင်ငံတွင် ၂၀၄၀ မှု၊ အိန္ဒိယတွင် ၁၂၉ မှု၊ ဘင်္ဂလားဒေ့ရှ်တွင် ၁၈ မှု၊ လာအိုတွင် ၅ မှု ရှိသွားပြီဖြစ်သော်လည်း သေဆုံးသူ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး - WHO က ဖော်ပြသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ရှက်လို့ 

ဘန်ကီမွန်း မိန့်ခွန်း အစိုးရ မီဒီယာတွင် မဖော်ပြ
Monday, 06 July 2009 20:05 ကိုစိုး
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မကြာသေးခင်က သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြောကြားခဲ့သော မိန့်ခွန်းကို အစိုးရ သတင်းစာ များတွင် ဖော်ပြခြင်းမရှိကြောင်း တွေ့ရသည်။

အဆိုပါ မိန့်ခွန်းသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား စိတ်ဆိုး ဒေါသဖြစ်စေနိုင်သည်ဟု ယူဆရသော မိန့်ခွန်းဖြစ်ကြောင်းလည်း လေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံမှ သိသာ ထင်ရှားသည့် အကျိုးရလဒ်များ မရရှိဘဲ ပြန်လည် မထွက်ခွာမီ သတင်းထောက်များနှင့် နိုင်ငံတကာ INGO အဖွဲ့များကို တွေ့ဆုံရာ၌ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် နှောင့် နှေး ကြန့်ကြာနေခြင်းသည် အရေးကြီးသည့် အခွင့်အလမ်းတခု ဆုံးရှုံးနေခြင်း ဖြစ်သည်ဟု မစ္စတာ ဘန်ကီမွန်း က မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ် တိုးတက်ဖို့အတွက် အစိုးရ မှာ အခြေခံ ကစပြီး တာဝန်ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

မြန်မာပြည်သူများအနေနှင့် လွတ်လပ်သည့် လူ့တန်ဖိုး အခွင့်အရေးများကို ဆုံးရှုံးနေကြရကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။

မစ္စတာ ဘန်ကီမွန်းက အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအရေးတို့အတွက် လူ့အခွင့်အရေးကို လေးစားသည့်အနေနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးရန် ပြောကြားခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းအားတွေ့ခွင့်မပြုခဲ့ပေ။

“ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ဗိုလ်ချုပ်မှူးကြီးဆီ ခွင့်တောင်းခဲ့တာကို ခွင့်မပြုပါဘူး၊ အလွန်ပဲ စိတ်ပျက်မိပါတယ်၊ ဒါဟာ အစိုးရအနေနဲ့ နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှုကို ပြသနိုင်မယ့် အခွင့်အရေး တရပ် ဆုံးရှုံးသွားတယ်လို့ပဲ ကျနော် ယုံကြည်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်းက ဆက်လက်ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့် ပြုခြင်းဟာ ၂၀၁၀ ရွေးကောက်ပွဲ အတွက် အရေးကြီးပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ စေ့စပ်ရေး သင်္ကေတလည်း ဖြစ်ပါတယ်”ဟု မစ္စတာ ဘန်ကီမွန်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ“ ကျနော် မစ္စတာ ဘန်ကီမွန်းကို တိုက်တွန်းချင်တာက အရှိအတိုင်း အခြေအနေ အမှန်အတိုင်း ပြောစေချင်တာကိုပါ၊ မြန်မာပြည်ရဲ့လက်ရှိ အဖြစ် မှန် အခြေအနေမှန်ကို နိုင်ငံတကာကို သိစေချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကုလသမဂ္ဂအနေနှင့် မြောက်ကိုရီးယား အစိုးရနှင့် အလားတူ မြန်မာ စစ်အစိုးရကို သေချာပေါက် အပြောင်းအလဲ ဖြစ်စေမည့် ဖိအားမျိုး ပေးသင့်ကြောင်း၊ ရုရှားနှင့် တရုတ်နိုင်ငံကို ချဉ်းကပ်မည်ဆိုပါက ၎င်းတို့က ဗီတို အာဏာ သုံး၍ ပယ်ချနိုင်ကြောင်း၊ လုံခြုံရေးကောင်စီအနေနှင့် စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး အမျိုး သားပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းစဉ် ဖော်ဆောင်စေရန် နိုင်ငံတကာအသိုင်းအဝန်းကို ဖိအားပေး အရေး ယူခြင်းမျိုးလုပ်ဆောင်ရန်လည်း ၎င်းက တိုက်တွန်း ပြောဆိုသည်။

“မစ္စတာ ဘန်ကီမွန်း ရဲ့ မိန့်ခွန်းဟာ ရန်ကုန်မှာတင် အဆုံးသတ်သွားလိမ့်မယ်လို့ ကျနော်မမျှော်လင့်ပါဘူး”ဟု ဦးဝင်းတင်က ပြောကြားသည်။

စစ်အစိုးရ သတင်းစာများက မစ္စတာ ဘန်ကီမွန်း၏ မှတ်ချက်မိန့်ခွန်းကို ဖော်ပြထားခြင်းမရှိသော်လည်း မစ္စတာ ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံသည့် သတင်းကို ဖော်ပြထားသည်။

အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဒေါ်အောင်ဆန်းစုကြည်သည် တရားရင်ဆိုင် နေရသူ ဖြစ်သည့်အတွက် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ခွင့်မပြုနိုင်ခြင်းဖြစ်ကြောင်းကို ဖော်ပြထားသည်။

ယင်းကဲ့သို့ မစ္စတာ ဘန်ကီမွန်းအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခြင်းသည် ကုလသမဂ္ဂကို အရှက်ရ စေသည်ဟု လေ့လာသူများက ပြောဆိုသည်။

သတင်းစာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ၂၀၁၀ ရွေးကောက်ပွဲကို လူတိုင်းပါဝင်နိုင်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်ဆောင်ရွက်ထားကြောင်း မစ္စတာ ဘန်ကီမွန်းကို ပြောကြားခဲ့သည်ဟုလည်း ပါရှိသည်။

ပြည်ပအခြေစိုက် စင်ပြိုင် အာဆီယံအဖွဲ့မှ မစ္စ ဒက်ဘီ စတူးဟတ်ကလည်း မစ္စတာဘန်ကီမွန်းကို စစ်အစိုးရက အရှက်ရစေခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် စစ်အစိုးရအပေါ် အမှန်တကယ် ထိရောက်သည့် ဖိအားပေး အရေးယူခြင်းမျိုး မဆောင်ရွက်ခဲ့နိုင်သည့်အတွက် ဖြစ်ကြောင်း ပြောဆိုသည်။

“မြန်မာပြည်တွင်းက တိုက်ပွဲတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်သွားဖို့ ဆိုရင် စစ်အစိုးရကို လုံခြုံ ရေး ကောင်စီက အရေးယူနိုင်မှသာ ဖြစ်မယ်လို့ ထင်ပါတယ်၊ အနည်းဆုံး လူသားတွေအပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဝတ်မှုတွေအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးဆောင်ရွက်မယ်ဆိုရင် ဒီ စစ်အစိုးရ ကြောက် ရွံ့သွားမှာ ဖြစ်ပါတယ်”ဟု မစ္စ ဒက်ဘီ စတူးဟတ်က ဆိုသည်။

မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ၂ ရက်ကြာ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယခု ခရီးစဉ်သည် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး မြန်မာ စစ်အစိုးရ၏ ဖိတ်ကြား ချက်အရ လာရောက်ခြင်းဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းအပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ကာ ယင်းခရီးစဉ်သည် လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ ခရီးစဉ် ဖြစ်သည့် အတွက် နိုင်ငံရေးကိစ္စများကို ပြောဆိုဆောင်ရွက်မည်မဟုတ်ကြောင်း ကြိုတင်ကြေညာခဲ့သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

စိုက်တော့စိုက်ခိုင်းပြီးမှ ခုတော့ ဖျက်မယ်ဖျက်မယ်တဲ့  ဓါးတရမ်းရမ်းနဲ့ 

စိုက်သမျှဘိန်းခြံ လိုက်လံဖျက်ဆီးမည်ဟု စစ်အစိုးရပြည်ထဲရေးဝန်ကြီးပြော
တနင်္လာနေ့၊ 06 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
မြန်မာနိုင်ငံဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်ပြီး UNODC ၏ထုတ်ပြန်ကြေငြာချက်ကြောင့် စစ်အစိုးရပြည်ထဲရေး ၀န်ကြီးက “နိုင်ငံတ၀ှမ်းလုံးက စိုက်ပျိုးသမျှ ဘိန်းခင်းများဖျက်ဆီးပစ်မည်” ဟု ဂျွန်လနှောင်းပိုင်းကပြောကြား လိုက်ကြောင်း မူးယစ်စောင့်ကြည့် လေ့လာသည့်အသိုင်းအ၀ိုင်းက ဆိုသည်။

“ပြည်သူတွေ ဘိန်းမစိုက်အောင်၊ စိုက်လာရင်လဲ စိုက်သမျှဖျဆီးရမယ်” ဟု ပြည်ထဲရေး ၀န်ကြီးကပြောကြား ကြောင်း ဆိုပါသည်။

သျှမ်းပြည်စိုက် ဘိန်းခင်း

သျှမ်းပြည်စိုက် ဘိန်းခင်း

၂၀၀၉ ခုနှစ် UNODC တိုင်းတာချက်အရ - မြန်မာနိုင်ငံ၏ ၂၀၀၇-၂၀၀၈ ဘိန်းစိုက်ရာသီတွင် ဘိန်းခင်းဧက ၆၈,၄၄၆ အနက် ၁၁,၉၄၈ ဧကသာဖျက်ဆီးနိုင်ခြင်း၊ ၂၀၀၈- ၀၀၉ ဘိန်း စိုက်ရာသီတွင် ဘိန်းစိုက်ဧက ၇၀,၄၂၃ စိုက်ပျိုးပြီး ၉,၆၀၇ ဧကသာဖျက်ဆီးနိုင်သောကြောင့် စစ်အစိုးရ၏ဘိန်းပပျောက်ရေးစီမံကိန်းမှာ မထိရောက်ကြောင်းထောက်ပြရာ ရောက်သဖြင့် ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်ကြောင်း ပြည်တွင်းရှိ သျှမ်းမူးယစ် စောင့်ကြည့်လေ့လာသည့် အဖွဲ့ဝင်တဦး ကဆို၏။

LNDO လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ခေါင်းဆောင်ဦးဂျဖက်က-“အခုအခြေအနေမှာ ၂၀၀၉ - ၂၀၁၀ ဘိန်းစိုက် ရာသီအတွင်း ဘိန်းစိုက်ပျိုးမှုပိုတောင်များလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ဘိန်းစိုက် နယ်မြေတွေကို ဌာနေပြည်သူ့စစ်တွေ ရဲ့တာဝန်အဖြစ် ဒေသခံစစ်တပ် (အာဏာပိုင်) တွေကလွှဲထားလိုက်လို့ ပါဘဲ။ ပြည်သူ့စစ်အဖွဲ့လဲ သူတို့အဖွဲ့ အစည်း ရပ်တည်နိုင်ရေးအတွက်ကျေးလက်လူထုတွေကိုဘိန်းစိုက်ခွင့်ပြု တာဘဲ။ ဒါ့ကြောင့် သူတို့ဘိန်းခွန်ကောက်ရင် စစ်အစိုးရတပ်အတွက် ဘယ်လောက်ပေးမယ်ဆိုတာ ထည့် တွက်ပြီးသား” - ဟု ဆို၏။

ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲမှာ လူထုထံမှ ထောက်ခံမဲရရန်အတွက် ၂၀၀၉-၂၀၁၀ ဘိန်းစိုက်ရာသီမှာ ကျေးလက် ဒေသခံများ ဘိန်းပိုမို စိုက်ပျိုးခွင့်ရနိုင်ကြောင်းလည်း ဦးဂျဖက်က သုံးသပ်ပါသည်။

သျှမ်းပြည်အရှေ့ပိုင်းမှ ကျေးလက်အကြီးအကဲတဦးက - “အထက်အာဏာပိုင်တွေကဘိန်းစိုက်ပျိုးမှုသုတ်သင် ရှင်းလင်းရေး အတွက် မကြာခဏအမိန့်ထုတ်ပြန်နေပေမယ့်၊ ဒေသခံအာဏာပိုင်တွေရဲ့ စားဝတ်နေရေးက မိမိ၏ပြည်သူလူထုအပါ် မှီခို အားထားနေရတဲ့အတွက် မျက်စိမှိတ်နားပိတ်ပြော ဆိုနေဒါဘဲဖြစ်နိုင်တယ်။ ဒါမှမဟုတ်မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုအကြောင်း အာရုံစိုက်နေတဲ့ပုဂ္ဂိုလ်တွေအတွက် နားကြားကောင်း အောင် လုပ်ကြံပြောဆိုပြဒါလဲဖြစ်နိုင်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

UNODC ထုတ်ပြန်ကျေငြာချက်တွင် ၂၀၀၈ အတွင်း မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု ၃၆% တိုးလာကြောင်းအထူး သဖြင့် သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ဖြစ်ကြောင်းဖော်ပြထားသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

2009 ဇူလိုင်တွင် အေအိုင်ဒီအက်စ် ကူးစက်နှုံးဗမာပြည်တွင်း မခန့့် မှန်းနိုင်အောင်များပြားနေ

စံခလပူရီ(ဇူလိုင်-၇)။ ။ AIDSခုခံအားကျဆင်းရောဂါနှင့် ဆက်စပ်ရောဂါများကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ်လူ ၂၅၀၀၀ သေဆုံးခဲ့ပြီး AIDS ရောဂါရှိသူများ၏ ၄၂ရာခိုင်နှုန်းမှာ အမျိုးသမီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရှိရပါသည်။ ၂၀၀၇ ခုနှစ် ခန့်မှန်းတွက် ချက်အရလူ၂၄၀၀၀၀ ကျော် ရောဂါပိုး ကူးစက်နေကြောင်း ဖော်ပြပါရှိသည်။

ယင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံအရေး လေ့လာသူ ဦးမင်းရဌကို ဆက်သွယ်မေးမြန်းရာတွင် “မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်တဲ့အလျှောက် တခြားနိုင်ငံတွေမှာ အလုပ်သွားလုပ်တာများတယ်။ တချို့က အပျော်အပါး လိုက်စားတာရှိတယ်။ တချို့အမျိုးသမီးတွေဆိုယင် ပြည့်တန်ဆာအဖြစ်နဲ့ အလုပ်သွင်းခံရတယ်။ အဲဒီမှာ ကျန်းမာရေး အသိတရားချို့တဲ့တော့ လိုအပ်တဲ့အကာအကွယ်တွေ မသုံးတော့ ဒီ AIDS ရောဂါကူးစက်တာ ခံရတော့တာပါဘဲ။ ဒါတွင်မကသေးပါဘူး ပြည်တွင်မှာဆိုယင်လည်း အယောင်ပြအနှိပ်ခန်း ရေချိုးခန်း ကာရာအိုကေခန်းတွေမှာလည်း ပြည့်တန်ဆာလုပ်ငန်းလို ဖြစ်နေပြီး။ အခုဆိုယင် လူကြီးလူငယ် တချို့ သွေးကြောထဲ မူးယစ်ဆေးထိုသွင်းတဲ့သူတွေ ပိုများလာတယ်။ ဒါကြောင့် ဒီဆိုးကျိုးတွေကြောင့် ရောဂါကူးစက် များပြားလာတယ်”ဟု ပြောဆိုခဲ့ပါသည်။

၂၀၀၇ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းကျင်းပခဲ့သော HIV, AIDS Projection and Demographic Impact Analysis Work shop အရ ၂၀၀၀ ပြည့်နှစ်တွင် HIVရောဂါပိုး ပြန့်ပွားနှုန်း ၀. ၉၄ ရာခိုင်နှုန်းမှ ၂၀၀၇ ခုနှစ်တွင် ၀. ၆၇ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း တိကျသောကိန်းဂဏန်းမဟုတ်ပေ။ ယ္ခုအခါ ART ဆေးကုထုံးသစ် ရှိနေသော်လည်း အစိုးရဆေးရုံများတွင် ကုသပေးခြင်းမရှိသဖြင့် ပြည်ပလူမှာ ကူညီရေး အဖွဲ့အစည်းများ၏ ဆေးခန်း၌သာ တဆင့်ကုသနေရသည်။ ကျေးလက်နေ ပြည်သူများအတွက် များစွာအခက်အခဲ ရှိနေသေးသည်။

ယင်း ART ကုထုံးနှင့် ပက်သက်၍ မော်လမြိုင်မြို့ဆေးရုံရှိ အမည်မဖော်လိုသူ ဆရာဝန်တဦး ပြောပြချက်မှာ “ဒီကုထုံးတော့ အားရစရာမရှိသေးဘူး။ ကျွန်တော်တို့လူမျိုးကလည်း ဒီရောဂါလက္ခဏာရှိတာနဲ့ ဆေးရုံလာပြဘို့ နောက်တွန့်နေကြတယ်။ လူ့အဖွဲ့အစည်းအသိုင်းအဝိုင်း ဖယ်ကြဉ်မှာစိုးကြတယ်။မြို့နေလူတန်းစားထဲမှာတောင် မကျယ်ပြန့်သေးဘူး။ ကျွန်တော်တို့ကျန်းမာရေးဌာနအနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးပညာပေးဟောပြောပွဲတွေ ပိုစတာတွေ ဖြန့်ဝေပေးပေမဲ့ သိပ်ထိရောက်မှုမရှိဘူး”ဟု ပြောဆိုခဲ့သည်။

HIV ရောဂါပိုး ပြန့်ပွားမှုကို ဟန့်တားစေသော ARTကုထုံးဖြင့် ကုသသော ဝေသနာသည်မှာ၂၀ ရာခိုင်နှုန်း အောင်သာ ရှိပြီး ၂၀၀၉ ခုနှစ်အထိ ၁၈၀၀ ယောက်သာ ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက်
အရ သိရှိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Monday, July 6, 2009

7 ဂျူလိုင်

7+July+1962[1]

ဆက်ဖတ်မယ်ဆိုရင်....

ကိုကောင်းကင်ကို ( God ) ဖြစ်သွားစဉ် ခဏ

Customer is God တဲ့။ အခု ကျွန်တော် မြန်မာပြည်ရဲ့ Cyber Cafe တစ်ခုထဲမှာ အင်တာနက် သုံးနေတယ်။Google က အလကား ပေးထားတဲ့ service တစ်ခုကို သုံးနေတယ်။ ဒါဆို အခု ကျွန်တော် Cyber Café လေးရဲ့ God။Google ရဲ့ God ။ အံမယ်God မှ နှစ်ထပ်ကွမ်း God တောင် ဖြစ်လို့ပါလား။ တယ်ဟုတ်တဲ့ ငါပါလား။

အခု ဟောဒီ့ God လက်ဆယ်ချောင်းနဲ့ အံသြဖွယ်ရာ ပဉ္စလက် ကို ဖန်တီးနေတယ်။ စင်ကာပူက သူငယ်ချင်း တွေကို မြန်မာပြည်ထဲကနေ Gtalk ကနေ လှမ်း စကားပြောနေတယ်။ email တွေလှမ်းပို့နေတယ်။Google က အလကားပေးထားတဲ့ အတောင်ပံနဲ့ ကမ္ဘာတစ်ပတ်ပျံနေတယ်။ slow motion နဲ့ ပျံနေတယ်။ (မြန်မာပြည်မှာ အင်တာနက်သုံးရတာသိပ်နှေးတာကိုး။) ဘာပဲဖြစ်ဖြစ်လေ၊ God ကျေနပ်ပါတယ်။
ကမ္ဘာပြားပြီဆိုတာ တကယ် မှန်တာပဲ။ ဒီ အင်တာနက်ခေတ်ကြီးထဲမှာ ဘယ် မှာနေနေ အခွင့်အရေးက အတူတူပဲ။ တစ်ယောက် နဲ့တစ်ယောက် ဆက်သွယ်ဖို့ လွယ်လွယ်လေး ဆိုတာကို ကိုယ်တွေ့ကြုံလို့ ယုံသွားပြီ။ အရာရာကို ဖန်တီးနိုင်တယ်ဆိုတဲ့ ကျေနပ်မှု အရသာကို ပျော်ပျော်ကြီးခံစားနေရပြီ။ ဒီလိုနဲ့ ပျော်ပျော်ကြီး ကမ္ဘာတစ်ပတ်ပတ်နေတုန်းမှာပဲမီးက ရုတ်တရက်ပျက်သွားတယ်။ UPS ကမနိုင်ဘူးဗျာ။ ကွန်ပျူတာပိတ်သွားတော့တာပေါ့။ မီးကလဲ၊ ပျက်မှာဖြင့် ပြတ်ပြတ်သားသားပျက်ရောပေါ့။ ခုတော့မဟုတ်ဘူး။ God ဆိုင်ထဲက မထွက်ခင် မှာပဲ မီးကပြန်လာတယ်။ ဒါနဲ့ ပဲ God ကွန်ပျူတာ ပြန်ဖွင့်ပြီးGod ရဲ့ account ထဲပြန်ဝင်ရောဆိုပါတော့။ ခုနစ်မိနစ်လောက်ကြာတယ်။ ဒီလိုနဲ့  Gtalk ပြန်တက်ရုံပဲ ရှိသေးတယ်။ သောက်မီး ကထပ်ပျက်ပြန်ရော။ တောက်…EPC ကလူတွေကလဲ ဆော့စရာတော်တော်ရှားတယ်ထင်တယ်။ ဒီလောက်တောင်ဆော့ချင်နေလဲ…တောက်... ပြောလိုက်ရရင်မကောင်းဘူး။ UPS ကမနိုင်တော့ Computer က ထပ်ပိတ်သွားတော့တာပေါ့။ God တော်တော် စိတ်တိုသွားတယ်။ ကျေနပ်တဲ့ အရသာတွေ ဘယ်ပျောက်သွားမှန်း မသိဘူး။ စိတ်တိုတိုနဲ့ပဲ ကွန်ပျူတာဆီကနေ ခွာလိုက်တယ်။ ကမ္ဘာကလဲ နာရီဝက်လောက်ပဲ ပြားနိုင်တော့ တယ်။“စင်္ကာပူကအကောင်တွေ၊ မင်းတို့ဘာသာ မင်းတို့ ဆက်ပြားကြတော့၊ ငါကတော့ ပြန် လုံးပြီ” လို့ စိတ်ထဲကနေ ပြောလိုက်တယ်။ ပိုက်ဆံရှင်းတော့ ဆိုင်က အဲဒီလို ဖြစ်တာ သိသိကြီးနဲ့ နာရီဝက်စာ အပြည့် ယူတယ်။Google ကို ပိုက်ဆံမပေးခဲ့ရတဲ့God ခုတော့ ဘာမှသိပ်မလုပ်လိုက်ရပဲ Cyber Cafe ကို နာရီဝက်စာ အင်တာနက်သုံးခ အောင့်သက် သက်နဲ့ ပေးလိုက်ရပြီ။God တော်တော်စိတ် တိုသွားပြီးတော့ နောက်ဒီဆိုင်ကို ဘယ်တော့မှ မလာဖို့ ချက်ခြင်းဆုံးဖြတ်လိုက်တယ်။

Cyber Café ကနေစိတ်တိုတိုနဲ့ ထွက်လာပြီးတော့ God စာအုပ်ဆိုင်တဆိုင် ကိုဝင်လိုက်တယ်။ God က English သိပ်မကောင်းဘူး။ Vocabulary သိပ်မကြွယ်ဘူးဗျာ။ God “မသိမဖြစ်ဝေါဟာရများ” ဆိုတဲ့စာအုပ်တအုပ်တွေ့ တယ်။ အသုံးများတဲ့ English စကားလုံးတွေစုပေးထားတာလို့ God ထင်တယ်။ God လည်းစိတ်ဝင်စားသွားပြီးတော့ ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်တာပေါ့။ တွေ့ ပါပြီဗျာ။ မသိမဖြစ်စကားလုံးတွေ။ “တို့ တာဝန် အရေးသုံးပါး”တဲ့။ “ပြည်သူ့ သဘောထားတဲ့”။ တော်ပြီ၊တော်ပြီ၊ဒီစကားလုံးတွေကတော့ ကြားရတာများလွန်းလို့ လူမပြောနဲ့ ၊အိမ်ကရွှေဝါတောင်အလွတ်ရနေပြီ။ God ဘာစာအုပ်မှ မဝယ်ပဲ စာအုပ်ဆိုင်ထဲကနေ ချာကနဲလှည့်ထွက်ခဲ့တယ်။ God ကို စိတ်တိုရန်ကောလို့ အပြစ်မတင်နဲ့ ။ God က Cyber Café ကထွက်လာကတည်းက ကျွဲမြီးတိုလာတာ။ စာအုပ်တိုင်းမှာ အဲဒါတွေမထည့်မနေရဆိုတာတွေ ဘာတွေ တွေးမနေနိုင်တော့ဘူး။

ဒီလိုနဲ့ စိတ်တိုတိုနဲ့ စာအုပ်ဆိုင် ထဲကနေ ထွက်လာပြီးတော့ လ္ဘက်ရည်ဆိုင် တစ်ဆိုင်ထဲကို ၀င်ထိုင်လိုက်တယ်။ God ကိုတော်တော်ဂရုစိုက်ကြတာပဲ။ ဘယ်သူက မှ ဘာမှ လာမမေးကြဘူး။ Godကို အရှင်လတ်လတ်ကြီး မြင်နေတာတောင် ဒင်းတို့ က အဖက်မလုပ်ကြဘူး။ စားပွဲထိုးတစ်ယောက်ကို တော် တော် ခေါ်ယူရတယ်။God လည်း ကွေကာ ပလိန်းတစ်ခွက် မှာလိုက်တယ်။ စားပွဲထိုးလာချ တော့ ကော်ဖီမစ်(စ်)ပလိန်း။ ဒါနဲ့ ပြန်လဲခိုင်း လိုက်ရတယ်။ ပြန်လဲပြီးတော့လည်း ဖျော်စရာ ရေနွေးခွက်က ပါမလာပြန်ဘူး။ God က လည်း God ဆိုပေမယ့် တကယ့် God အစစ် မဟုတ်တော့ ရေနွေးမပါဘဲနဲ့ ကွေကာအထုပ် ချည်းပဲသက်သက် ဖျော်သောက်နိုင်တဲ့ နည်းစနစ် ကို မဖန်တီးနိုင်ဘူး။ ဒါနဲ့ ရေနွေးမှာရင်း ခံတွင်းချဉ်လာတာနဲ့ ငါးသုံးလုံး စီးကရက်တစ်ပွဲ ပါ မှာလိုက်တယ်။ လာချတော့ လန်ဒန်။ အလိုက်တသိနဲ့ မီးခြစ်လည်း ယူမလာပြန်ဘူး။ စားပွဲထိုးတွေက အလုပ်ကို တော်တော်စိတ်ဝင်စားတာပဲ။ ဒါနဲ့  God သူတို့ ကို လခ ဘယ်လောက်ရလဲစပ်စုကြည့် တော့ ၆၀၀၀ တဲ့။ တစ်လကို ၅ ဒေါ်လာ ကြီးများတောင်မှ။ တော်တော်အလုပ်ကြိုးစားချင်စရာကောင်းတဲ့ လခပဲ။ ဆိုင်ရှင်ကလည်း management ညံ့လိုက်တာ။ God တွေကို ဂရုမစိုက်ဘူး။God တွေကလည်း God တွေပဲ။ တစ်ခါတလေ တချို့ God တွေက လ္ဘက်ရည်တစ်ခွက်ပဲမှာပြီးတနေကုန်ထိုင် လေ ကန်ချင် လေကန်ကြတာ။God ရဲ့သူငယ်ချင်း တချို့  God တွေဆို လ္ဘက်ရည်လေးတစ်ခွက် ကိုယ်စီမှာပြီး ကမ္ဘာကြီးကို ဟိုလိုဖန်တီးပစ်မယ်၊ ဒီလိုဖန်တီးပစ်မယ် ဆိုတဲ့စကားတွေကို အာပေါင် အာရင်းသန်သန်နဲ့ ဝေဖန်လေကန်နေလိုက်ကြတာ တစ်ခါတလေ ၃ နာရီ၊ ၄ နာရီ လောက်ကြာ တယ်။ ဒါပေမယ့် သူတို့ကို ၀န်ဆောင်မှု ကောင်းကောင်းမပေးရင် မကြည်ဘူး။ ရေနွေးအိုး အသစ်လဲမပေးရင် မကြိုက်ဘူး။ အားလုံးချုပ်ပြီး တွေးကြည့်လိုက်တော့ လ္ဘက်ရည်ဆိုင်ဆိုတာ မလှမပနဲ့ ညီနေတဲ့ သုံးနားညီတြိဂံတစ်ခုပဲ။ ဘယ် “အနား” က စပြင်သင့်သလဲတော့ မသိ ဘူး။ ဟိုတွေး၊ ဒီတွေး လျှောက်တွေးရင်း စိတ်ညစ်လာတာနဲ့ God လည်း ပိုက်ဆံ မြန်မြန်ရှင်း၊ ပါးစပ်ကို တစ်ရှူးနီနီကြီးနဲ့သုပ်ပြီး လ္ဘက်ရည်ဆိုင်က မြန်မြန်ထလာခဲ့တယ်။ အိမ် ပြန်ဖို့ ဘတ်(စ်)ကား ဂိတ်ကို သွားရတာပေါ့။

ဒီလိုနဲ့ ဘတ်(စ်)ကားလဲ လာ ရော၊ God တွေ အများကြီး ကားပေါ်တိုးကြိတ် တက်ရတယ်။ လူစပါယ်ယာက God တွေကို ကားအတွင်းထဲ အတင်းတိုးခိုင်းနေတယ်။ ဆဲဆို နေတယ်။ God တွေက လူစပါယ်ယာကို ပြန် ကြောက်နေရတယ်။ တချို့  God တွေလည်း ကိုယ့်ဒေါသကိုယ် မထိန်းနိုင်ပဲ လူစပါယ်ယာ တွေနဲ့ ဖက်ပြိုင်ပြီး ရန်ဖြစ်နေကြတယ်။God တွေခမျာ ဆင်းရင်လည်း God နဲ့တူအောင် မဆင်းရဘူး။ တစ်ခါတလေ လူစပါယ်ယာက တွန်းချတာခံရတယ်။ God ရဲ့အမေဆို တစ်ခါ သူခြေထောက်နာနေတုန်း လူစပါယ်ယာက တွန်း ချတာခံရလို့ နောက်ဘယ်တော့မှ ဘတ်(စ်)ကား မစီးတော့ဘူး။ ဒီတော့ အိမ်ကနေခွာလို့ မရ တော့ဘူးပေါ့။ ကိုယ်ပိုင်ကားမှ မရှိတာ။God အမေ God မကြီး ခြေထောက်ကျိုးသလို ဖြစ်သွားတာပေါ့။

ဒီလိုနဲ့  God လည်း အိမ်ပြန်ရောက် လာရောဆိုပါတော့။ စိတ်မောတာနဲ့ ရေသန့် တစ်ခွက်သောက်လိုက်တယ်။ ရေသန့်လို့သာ ပြောရတယ်။ တကယ်သန့်၊ မသန့်တော့ မသိ ဘူး။ ရေသန့်တွန်းလှည်းနဲ့ လာပို့တဲ့သူတွေက uniform လည်းဝတ်မထားဘူး။ နောက်ပြီး ရေသန့်ဗူး တံဆိပ်က တစ်ခါကို တစ်မျိုး။ ဗူးပေါ်က တံဆိပ်နဲ့ ပလတ်စတစ်ပတ်ပေါ်က တံဆိပ်ကလည်း တူချင်မှ တူတာ။ တစ်ခါတလေဆို ရေသန့်ဗူး တွေက မြင်မကောင်းလောက်အောင်ကို မည်း သည်းညစ်ပတ်နေသေးတယ်။ မတတ်နိုင်ဘူး။ ရေကျက်အေး ကျိုသောက်ဖို့ကလည်း မီးမှမလာပဲ။ သန့်သန့်၊ မသန့်သန့် ဒါပဲ သောက်ရမှာပဲ။ ညစ်ပတ်တာကို ကိုယ့်မျက်စေ့နဲ့ တပ်အပ်မမြင်ရရင်ပြီးတာပဲ။ ရောဂါပိုးတွေကို အကောင်လိုက် ရေထဲမှာ မမြင်ရရင် ပြီးတာပဲ။

ဒီလိုနဲ့ ညရောက်လာတော့ တစ်နေကုန် မောသမျှကို ဖြေဖျောက်ဖို့ သူငယ်ချင်းတစ်ယောက် ကိုခေါ်ပြီး စားသောက်ဆိုင်တစ်ဆိုင်ထဲကို ရောက် လာတယ်။ အဲဒီမှာလည်း စားပွဲထိုးတွေနဲ့ သိပ်အဆင်မပြေပါဘူးဗျာ။ စိတ်ညစ်တယ်ဗျာ။ တစ်နေကုန် God သာ ဖြစ်နေရတယ်။God ဖြစ်ခြင်းရဲ့ အရသာစစ်စစ်ကို ခုထိ မခံစားရ သေးဘူး။ ခုချိန်ထိ ကိုယ့်ကို လေးလေးစားစား ဆက်ဆံပြီး ရောင်းမယ့်သူ၊ ၀န်ဆောင်မှုပေးမယ့်သူတွေ မတွေ့ သေးဘူး။

ဒါပေမယ့် နောက်ဆုံးတော့ အဲဒီအခိုက် အတန့်ကို ရောက်လာတယ်။God တကယ် ဖြစ်မယ့် အခိုက်အတန့်ကို ရောက်လာတယ်။ ကောင်မလေး ချောချောလေးတွေများ ရေမွှေးတွေ၊ ခေါင်းလိမ်းဆီတွေ၊ စီးကရက်တွေကို marketing များ လာလုပ်ဦးမလားလို့ မျှော်နေတုန်းမှာပေါ့။ စာလေးခွေ ရောင်းတဲ့ အဘွားကြီးတစ်ယောက် ရောက်လာတယ်။ “အားပေးကြပါ၊ သားတို့ရယ်၊ ရှိခိုးဆိုရင် ရှိခိုးပါ့မယ်” တဲ့။ ကြည့်စမ်း။ လူတွေအဲဒီလောက်တောင်ဆင်းရဲ ကြပ်တည်းလာပြီလား။ စာလေးခွေလေး ၁၀၀ ဖိုးရောင်းရဖို့ အရေး ကိုယ့်ကို ရှိခိုးပြီး ရောင်းမယ့်သူ ပေါ်လာပြီ။ကျွန်တော် God တကယ်ဖြစ်ပြီ။
ဒါပေမယ့် ကျွန်တော် မပျော်နိုင်ဘူးဗျာ။God ဖြစ်ခြင်းရဲ့ အရသာကို မခံစားရရင်လည်း နေပါစေတော့။ အဲဒီလို God မျိုးတော့ မဖြစ် ချင်ပါဘူးဗျာ။ ။

ကောင်းကင်ကို

(၂၀၀၆ ခုနှစ် ဒီဇင်ဘာ က ရန်ကုန်တွင်ရေးခဲ့ပါသည်။)

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Sunday, July 5, 2009

ကျွန် (ကဗျာ ရှင် ကိုကောင်းကင်ကို)

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။

အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။

လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

ကောင်းကင်ကို

ဆက်ဖတ်မယ်ဆိုရင်....

မြောက်ကိုးရီးယား ကတော့ မစ်ဆေးလ် အမြောက် တွေနဲ့  ၇ကြိမ်တိုင်အောင် ပစ်လွတ်ပြီး ဒါဘဲထင်တယ်တဲ့ 

ဆက်ဖတ်မယ်ဆိုရင်....

သူတို့  ကျွန်တော်တို့ ကို ဂရုမစိုက်ကြဘူး (They don't care about us)



ဤဗီဒီယိုကို ဗမာပြည်အတွင်းမှ ထောင် အကျဉ်းချခံထားရသူအားလုံးကို ကျွန်တော့အနေနှင့် ဝေမျှခံစားပါသည် ။ ဒေါင်းTM

ဆက်ဖတ်မယ်ဆိုရင်....

ကဗျာတွေပြတ်နေခိုက်

ကဗျာစောင့် စာစောင့် နတ်ဘီလူးတွေကြောင့်
ဖတ်စရာ စာတွေ ရှားပါးနေချိန်မှာ
ကြင်နာသူရဲ့  အသည်းနှလုံးထဲက ထွက်ပြေးလာတဲ့
ပုလဲလုံးလက်ရေး လေးတွေကိုပဲ
ကဗျာတွေပြတ်နေခိုက်
အဆာပြေဖတ်နေလိုက်တယ်။

စစ်မသာလဒ တွေကြောင့်
ခေတ်ကာလ ဆိုးမှောင်
မေတ္တာအလှ မိုးခေါင်နေချိန်မှာ
‘အကြင်နာသကြား’ လေးတွေနဲ့ ချိုနေတဲ့
သူ့ ရင်က စကား လေးတွေကိုပဲ
အကြင်နာတွေ ရှားနေခိုက်
ရင်မှာ ခံစားနေလိုက်တယ်။

ရှေ့ ကို ကြည့်လည်း လမ်းမမြင်
နောက်ကိုကြည့်လည်း လမ်းမမြင်မို့ 
လျှောက်ရတာလည်း ပန်းချင်ပြီတဲ့။
ဒါပေမယ့်…ကိုယ်ကတော့
လမ်းမမြင်သာတဲ့
စခန်း ဝင်္ကပါမှာ
ကြင်နာသူနဲ့  အသည်းချင်းဆက် လက်ချင်းတွဲပြီး
လမ်းတွေပျောက်နေခိုက်
အပန်းဖြေ လျှောက်နေလိုက်တယ်။

လူတွေရဲ့ ရင်ကို ခွဲကြည့်လိုက်ပါ။
ရက်စက်တဲ့ ကံကြမ္မာက
အဆက်မပြတ် အဖန်တရာ ညှဉ်းလာလို့ 
ငြင်းမရတဲ့ လှံချက်တွေနဲ့ ထုံနေပြီ။
တင်းထားတဲ့ သံပတ်တွေလည်း ကုန်နေပြီ။
ဒါပေမယ့် ကိုယ်ကတော့
ချစ်သူ့ ရင်ခွင် ပန်းမွေ့ ရာပေါ်မှာပဲ
အိပ်မက်တွေ ဖျော့ ဝါးနေခိုက်
စိတ်လက်ဖြေလျှော့ နားနေလိုက်တယ်။

အရာရာ ဈေးတွေတက်လို့ 
လူတကာ သွေးတွေပျက်နေချန်မှာ
ကိုယ်ကတော့ …ကြင်နာသူနဲ့ 
လက်ဘက်ရည်ဆိုင်မှာလည်း (လက်ဘက်ရည် တစ်ခွက်တည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက်
ဆိုက်ဘာ ကဖေးမှာလည်း (ကွန်ပျူတာ တစ်လုံးတည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက် ပြီး
ပစ္စည်းတွေ မဲ့ နေခိုက်
ချစ်ခရီးတွေ ဆက်နေလိုက်တယ်။
ကောင်းကင်ကို

ကဗျာအသစ်မရေးဖြစ်တာမို့ အရင်တုန်းက ဒီမှာ တင်ခဲ့ဖူးတဲ့ ကဗျာဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။ (ကိုကောင်းကင်ကို ကဗျာ စာမျက်နှာမှ ကူးယူတင်ပြပါသည်)
http://kaungkinko.myanmarbloggers.org/
Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အသက်မပြည့်သေးသည့် မိန်းကလေးကို အဓမ္မကျူးလွန်ပြီး

လက်ထပ်ပေးရန် အာဏာပိုင်များနှင့်ပူးပေါင်းလုပ်ဆောင်နေSaturday, 04 July 2009 13:33 ဉာဏ်မောင်
အသက်မပြည့်သေးသည့် မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့်ပြီးနောက် လက်ထပ်ရန် အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိသည့်အတွက် မြို့ခံများက မကျေမနပ်ဖြစ်နေကြသည်။

ဧပြီလ (၁၅) ရက်နေ့က ညောင်ဦးမြို့ဈေးအနီးတွင် နေထိုင်သူ ဖြိုးမောင်မောင်ဆိုသူက အသက် ၁၂ အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည်ကို အမှုဖွင့်တိုင်တန်းခဲ့ပြီးနောက်ပိုင်း ၎င်း၏မိဘများက မိန်းကလေးအား စည်ရုံးကာ ယခုကဲ့သို့ မင်္ဂလာပွဲကို ကျင်းပရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

"မနက်ဖြန် (၅) ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ ဖိတ်စာတွေ လိုက်ဝေထားတာ၊ အာဏာပိုင်တွေကိုပါ ပေးထားတာ၊ ကောင်မလေးက အသက်မပြည့်သေးဘူး၊ ၁၂ နှစ်ပဲရှိတာ၊ မကျေနပ်တဲ့မြို့ခံ ၁၀ ဦးလောက်က အထက်အာဏာပိုင်တွေကို တိုင်ထားတယ်၊ ဒါပေမဲ့ အခုထိ ဒီကိစ္စကို အရေးယူဆောင်ရွက်တာမရှိသေးဘူး" ဟု မြို့ခံတဦးက ပြောသည်။

အဓမ္မပြုကျင့်ခံရပြီးနောက် မိန်းကလေးက အမှုဖွင့်တိုင်တန်းခဲ့ပြီး ပထမအကြိမ်ရုံးချိန်းတွင် အမှန်တိုင်း ထွက်ဆိုခဲ့သော်လည်း နောက်ပိုင်း ရုံးချိန်းများတွင် တရားခံ၏ မိဘများက ၎င်းအား ငွေကြေးပေးစည်းရုံးမှုများပြုလုပ်ကာ လိမ်လည်ထွက်ဆိုခိုင်းသဖြင့် အဆိုပါအမှုကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို မသိရသေးကြောင်း မြို့ခံက ပြောသည်။

တရားခံ၏ မိဘများဘက်မှ အာဏာပိုင်များနှင့်ပေါင်းကာ မိန်းကလေးကို အသက်ပြည့်ကြောင်း ထောက်ခံစာကို ရန်ကုန်လဝကရုံးတွင် သွားရောက်လိမ်လည်ထုတ်ယူမှုများရှိခဲ့ပြီး တရားခံမိသားစုအသိုင်းဝိုင်းသည် အလယ်ပိုင်းတိုင်းစစ်တိုင်းမှူးနှင့် နီးစပ်သူများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

"အခု အဲဒီအမှုက ဘာမှန်းမသိတော့ပေမဲ့ တရားခံ သားအမိနှစ်ယောက်စလုံးက တိုင်းမှူးနဲ့ ဘုရားထီးတင်ပွဲမှာ မျက်နှာတွေက စပ်ဖြီးဖြီးနဲ့ လုပ်နေတာ၊ အခုလောလောဆယ်တော့ အဲဒီတရားခံရော ကောင်မလေးပါ မြို့ပေါ်မှာမရှိကြဘူး၊ တနေရာမှာ ရှောင်နေကြတယ်" ဟု ဆက်ပြောသည်။

အဆိုပါ အမှုဖြစ်ပွားပြီးနောက် ညောင်ဦးခရိုင် အရိုးအကြောအထူးကုဆရာဝန်က မိန်းကလေးမှာ အသက် ၁၂ နှစ်သာရှိကြောင်း တရားဝင် မှတ်ချက်ပေးထားသော်လည်း တရားရုံးအာဏာပိုင်များက တစုံတရာ ခေါ်ယူစစ်ဆေးခြင်းများ မရှိခဲ့သည့်အပြင် အသက်မပြည့်သေးသည့် မိန်းကလေးအား လက်ထပ်ပေးရန် အလိုတူ ကြံစည်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ကလေးအခွင့်အရေးဆိုင်ရာ ထုတ်ပြန်ချက်များအရ အသက်မပြည့်သေးသည့် ကလေးငယ်များအား လိင်ဆက်ဆံခြင်းပြုပါက ထောင်ဒဏ် တသက်တကျွန်းအထိ ချမှတ်နိုင်ခြင်းရှိသည်ဟု ဆိုသော်လည်း ယခုအမှုတွင်မူ တရားခံဖြစ်သူမှာ အာဏာပိုင်များနှင့်ပူးပေါင်းကာ ပြစ်ဒဏ်မှ ကင်းလွတ်နေလျက်ရှိသည်။

ညောင်ဦးမြို့အနယ်အတွင်း ကလေးအခွင့်အရေးဆိုင်ရာ ပိုစတာများ နေရာအတော်များများတွင် ကပ်ထားသော်လည်း တကယ်တမ်းတွင်မူ အာဏာပိုင်များကိုယ်တိုင် ချိုးဖောက်နေလျက်ရှိကြောင်း မြို့ခံက ဆက်ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Michael Jackson 1958-2009




ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN