Saturday, August 1, 2009

ချိုးဖောက်နေတာကြာပေါ့

လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃) ကို ချိုးဖောက်နေသည်ဟု (HRDP)ပြော
Friday, 31 July 2009 17:31 ဗထူး
ဒေါ်အောင်ဆန်းစုကြည်အား ယခုလို တရားစွဲဆိုနေခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂမှ ပြဌာန်းထားသည့် လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃) အား ချိုးဖောက်နေသည်ဟု (HRDP) ခေါ် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်က ယနေ့ပြောဆိုလိုက်သည်။

လူတိုင်းအသက်ရှင်နိုင်ခွင့်နှင့် လုံခြုံခွင့်ရှိသည်ဆိုသည့် အပိုဒ် (၃) ပါ အချက်အလက်ကို တိကျစွာ စစ်အစိုးရအနေဖြင့် ဖောက်ဖျက်နေသည်ဟု (HRDP) မှ တာဝန်ခံတဦးဖြစ်သူ ကိုမောင်မောင်လေးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဂျွန်ယက်တောက သူယုံကြည်တဲ့ ဘာသာအရ ဝင်တာဆိုရင် သူ့နေရာမှာ တခြား အကြမ်းဖက် သတ်မဲ့သူ ဝင်လာမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ဒီအချိန်မှာ သေနေလောက်ပြီ၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံမှုနဲ့ အသက်ရှင်ပိုင်ခွင့် လုံးဝမရှိဘူးဆိုတာကို သက်သေပြနေတာပါ၊ အဲလို ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းတောင် အသက်ရှင်ပိုင်ခွင့် လုံခြုံစိတ်ချမှုမရှိဘူးဆိုရင် တတိုင်းပြည်လုံး ပြည်သူတွေအတွက် လုံခြုံစိတ်ချပိုင်ခွင့် မရှိတော့ဘူးဆိုတာကို ပြောချင်ပါတယ်” ဟု ပြောသည်။

ယနေ့တွင် ရန်ကုန်မြို့နေရာအနှံ့အပြားတွင်း လုံခြုံရေးများ တင်းကြပ်စွာ ချထားပြီး လုံထိန်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များကို တွေ့နေရကြောင်းကို ၎င်းက ဆက်လက်ပြောသည်။

“ဒီနေ့အခြေအနေကတော့ (၈) နာရီလောက် ကျနော် ရောက်သွားတဲ့အချိန်မှာ အားလုံးပိတ်ထားတယ်၊ ခါတိုင်းလိုမရတော့ အပြင်မှာ ဟိုတစု ဒီတစုနဲ့ ဖြစ်နေကြတယ်၊ ပိုထူးခြားတာက ဒိုင်နာကားတိုင်း ကားတိုင်းပေါ်မှာ အမျိုးသမီးတွေပါတယ်၊ (၁၀) နာရီခွဲမှာ ရုံးချိန်းကို (၁၁) ရက်နေ့ကို ပြောင်းလဲလိုက်တယ်၊ အကြောင်းပြချက်ကတော့ ဥပဒေဆိုင်ရာ အချက်အလက်များ ပြန်လည်သုံးသပ်ရန် လိုနေသည့်အတွက် အခုလို ချိန်းလိုက်တာလို့ ပြောတယ်” ဟု ကိုမောင်မောင်လေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ ဖမ်းဆီးချုပ်နှောင်ကာ တရားရုံးတင် စစ်ဆေးနေခြင်းသည် ဥပဒေနှင့် လုံးဝ မညီညွတ်မှုမရှိဘဲ အကွက်ဆင်ဖမ်းဆီးခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

“စတင်ဖမ်းဆီးချုပ်နှောင်စဉ်ကတည်းက ဥပဒေနဲ့ မညီညွတ်ဘူး၊ ရိုက်တဲ့သူနဲ့ အရိုက်ခံရသူ၊ အိမ်ထဲကို သူခိုးဝင်တဲ့အခါ သူခိုးနဲ့ အိမ်ရှင်၊ ဘယ်ဥပဒေနဲ့ကြည့်မလဲ၊ အဲဒါကို ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဒါဟာ အင်မတန် ရင်နာစရာကောင်းတဲ့ ကိစ္စပါ၊ အဲဒီတော့ ဒီပဲယင်းကိစ္စကတည်းက ဥပဒေနဲ့မညီဘဲ လုပ်တဲ့ကိစ္စလို့ မြင်တယ်၊ အကြမ်းဖက်တဲ့ သူတွေကို ဥပဒေအရ ဘာကြောင့် ရုံးပေါ်ကို မတင်လဲ” ဟု ဆက်လက်ပြောဆိုလိုက်သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Thursday, July 30, 2009

ကမ္ဘာထဲက အမေ


“ ဒီ အချိန်မှာ သတ္တိရှိရှိ နဲ့ လုပ်လိုက်လို့ ရှိရင် နောင်ကျရင် ကျွန်မတို့ဟာ မကြောင့်ကြ ရတဲ့ ခေတ်ကို
ရောက်သွား နိုင်ပါတယ် .. ဒီ အချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ ရှိရင် နောင် ဆက်ပြီးတော့ ကြောက်နေရတဲ့ စနစ် ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ် .. လူတစ်ယောက် အနေနဲ့ လည်း အများကြီး ဂုဏ်သိက္ခာ ကျပါတယ် .. အဲဒီတော့ အားလုံးက မှန်တာလုပ်ရလို့ ရှိရင် ကြောက်နေလည်း လုပ်ရ မှာပါ .. ”

ဆက်ဖတ်မယ်ဆိုရင်....

Tuesday, July 28, 2009

လူမှာ ကတိ မင်းမှာသစ္စာဆိုတဲ့ စကား ဗမာပြည်မှာပျောက်နေတယ်

ကိုယ့်ကိုယ် ကိုယ် အစိုးရပြောနေသူတွေ ရှက်ဖို့ သိပ်ကောင်းပါတယ် ။ အပြစ်မရှိတဲ့ သူကိုဘဲ တရားစစွဲတာက စရှက်သင့်တာနှစ်ပေါင်းများစွာကြာပေါ့ ။ ခုလည်း မနက်ဖန်တဲ့ 
အပြီးသတ်လျှောက်လဲချက် ဆက်လက်ကြားနာ မနက်ဖြန်သို့ ထပ်မံရွှေ့ဆိုင်း Monday, 27 July 2009 20:20 ကိုစိုး
ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ အပြီးသတ် လျှောက်လဲချက်များကို အင်းစိန်ထောင်တွင်း အထူး တရားရုံးတွင် ယနေ့ ဆက်လက် ကြားနာစစ်ဆေး ပြီးနောက် မနက်ဖြန်သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေများက ပြောသည်။


[အင်းစိန်ထောင်အနီး၌ ယနေ့တွင် လုံခြုံရေးခွေးအဖွဲ့ဝင်များက လမ်းများကို ပိတ်ဆို့ တားဆီး ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ခင်မောင်ဝင်း/AP)]

အင်းစိန်ထောင်အနီး၌ ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းများကို ပိတ်ဆို့ တားဆီး ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ခင်မောင်ဝင်း/AP)
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အတွက် လိုက်ပါ ဆောင် ရွက်သော ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက် ပေးခဲ့ပြီး၊ မစ္စတာယက်ထောအတွက် လိုက်ပါ ဆောင် ရွက် သော ရှေ့နေ ဦးခင်မောင်ဦးမှ လျှောက်လဲချက်ပေးခဲ့ကာ အစိုးရရှေ့နေဘက်မှလည်း ပြန်လည်လျှောက်လဲခဲ့ပြီး နောက် တရားရုံးက မနက်ဖြန်သို့ ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း ကပြောဆိုသည်။

“ဒီနေ့ မနက် ၁၀ နာရီက စပြီး ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးတယ်၊ နေ့ခင်း ၁ နာရီက ပြန်စပြီး အစိုးရ ရှေ့နေက လျှောက်လဲချက်ပေးတာ ညနေ ၅ နာရီမှာ မနက်ဖြန် ၁၀ နာရီကို ပြန်ချိန်းလိုက်တယ်၊ ကျနော်တို့ reply (ပြန်လည်ရှင်းလင်းတာ)လုပ်ရဦးမယ်၊ မစ္စတာ ယက်ထောရဲ့ အမှု၂မှုကလည်း လျှောက်လဲချက်ပေးရ ဦးမယ်”ဟု ၎င်းက ပြောပြသည်။

အင်းစိန်ထောင်ပတ်ဝန်းကျင်တွင်လည်း ယနေ့ ရဲများ၊ လုံထိန်း၊ စွမ်းအားရှင် စုစုပေါင်း ၁၀၀၀ ၀န်းကျင်ခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ အဖွဲ့ဝင်များ၊ လာရောက်ကြည့်ရှုသူများနှင့် သတင်းထောက်များ စုစုပေါင်း လူ ၄၀၀ ၀န်းကျင်ခန့်ကို စောင့်ကြည့်လျက်ရှိကြောင်း ပြည်တွင်းသတင်းထောက် တဦးက ပြောဆိုသည်။

NLD ရုံးချုပ်ရှေ့နှင့် အနီးတ၀ိုက်တွင်လည်း ယူနီဖောင်းဝတ်ရဲများ ပါရှိသော ရဲကား ၅ စီး၊ စွမ်းအား ရှင်များပါသော ဒိုင်ယာနာ ၄ စီး၊ ရွှေဂုံတိုင်မီးပွိုင့်ထိပ်တွင်လည်း ရဲကား ၂စီး၊ ဒိုင်နာ ကား ၂ စီး အစောင့်ချ ထားပြီး မြေနီကုန်းထိပ်တွင်လည်း ရဲကား ၁ စီး လှည့်ကာ လုံခြုံရေးတင်းကျပ်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ အပြီးသတ်လျှောက်လဲချက် ကြားနာ စစ်ဆေးရန်အတွက် တရားရုံး၏ ထပ်မံရွှေ့ဆိုင်းနေခြင်းကို ကျေနပ်မှုမရှိကြောင်း ပြီးခဲ့သည့်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားသည်။

ဇူလိုင် ၂၄ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ယင်းအမှုကို နေ့လယ် ၂ နာရီခန့်မှ စတင်ကြားနာ ရာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေကြီး ဦးကြည်ဝင်း တဦးတည်းသာ လျှောက်လဲချိန်ရရှိကြောင်း၊ လျှောက်လဲ ချိန်သည် ရုံးချိန်လွန်သွားသည့်အတွက်ဟုဆိုကာ တရားရုံး က ယနေ့နေ့တွင် ဆက်လက် ကြားနာ စစ်ဆေးမည်ဟု ချိန်းဆိုလိုက်ခြင်းဖြစ်သည်။

ထိုနေ့က ကြားနာသည့် အင်းစိန်ထောင်တွင်း အထူးတရားရုံး တရားခွင်သို့ နိုင်ငံခြားသံရုံးများဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ အီတလီ ၊ ဂျာမနီ နှင့် နော်ဝေး သံရုံးများမှ သံအရာရှိများလာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် အနည်းငယ် နှုတ်ဆက်စကားပြောသည်ဟုလည်း ၎င်းက ဆိုသည်။ သို့သော် သတင်းမီဒီယာများကိုမူ တရားခွင် သို့ လာရောက်ခွင့်မပြုကြောင်း သိရသည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်အမှု ကြားနာစစ်ဆေးနေချိန်၌ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင် အာဏာပိုင် များက ယခင်ကထက် လုံခြုံရေး ပိုမိုတင်းကျပ်ထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် အပြီးသတ်၂ ဘက်လျှောက်လဲကြားနာ ရန် အတွက် ဇူလိုင် ၂၄ ရက်နေ့တွင် တရားရုံးက ချိန်းဆိုထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Monday, July 27, 2009

နအဖ ဆိုသည်မှာ ကျူးကျော်ရပ်ကွက်မှ မိန်းမကြီးနှင့် အလွန်တူပါသည်။

အမေရိကန်က အာဆီယံကို ခါးပိုက်ထဲထည့်ရန် ကြိုးပမ်းဟု နအဖ သတင်းစာပြော Monday, 27 July 2009 18:17 သန်းထိုက်ဦး
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က အာဆီယံ နိုင်ငံများအနေဖြင့် မြန်မာပြည် ဒီမိုကရေစီ တိုးတက်ရေးအတွက် ပိုမိုဖိအားပေးရန် တိုက်တွန်း ပြောကြားလိုက် ခြင်းသည် ၎င်းတို့၏ ခါးပိုက်ထဲထည့်ရန် အစပျိုးခြင်းဖြစ်နိုင်ကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

[ဖူးကက်ကျွန်းတွင် ကျင်းပသည့် အာဆီယံ အစည်းအဝေးတွင် တွေ့ရသော မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - AFP)]

ဖူးကက်ကျွန်းတွင် ကျင်းပသည့် အာဆီယံ အစည်းအဝေးတွင် တွေ့ရသော မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - AFP)
ထိုင်းနိုင်ငံ ဖူးကက်ကျွန်း တနေရာတွင် ကျင်းပခဲ့သည့် အာဆီယံ အစည်းအဝေး၌ မစ္စ ဟီလာရီ ကလင်တန်က မြန်မာ စစ်အစိုးရ အနေနှင့် ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်မပေးခဲ့လျင် အာဆီယံ အနေဖြင့် သင့်လျှော်သည့် ပေါ်လစီ အပြောင်းအလဲ လုပ်သင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောသလိုသာ လိုက်နာ လုပ်ဆောင်မယ် ဆိုရင် အာဆီယံဟာ အမေရိကန်ရဲ့ သြဇာခံ အနေအထားကို ရောက်သွားပါလိမ့်မယ်။ ဒါဟာ အာဆီယံကို သွေးတိုးစမ်းတာ ဖြစ်သလို သူတို့ခါးပိုက်ထဲ ထည့်ဖို့ အစပျိုးလာ တာလည်း ဖြစ်နိုင်ပါတယ်”ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

ယင်းသို့ မစ္စ ဟီလာရီက အာဆီယံကို မြန်မာနိုင်ငံအား ဖိအားပိုမိုပေးရန် ပြောကြားခြင်းသည် အာဆီယံ၏ အတွင်းရေးကို ၀င်ရောက် စွက်ဖက်ရာ ရောက်သည်ဟုလည်း သတင်းစာက ဖော်ပြသည်။

မြန်မာနိုင်ငံမှ ၀ါရင့်နိုင်ငံရေးသမားတဦးဖြစ်သည့် သခင်ချန်ထွန်းကမူ ယခုကဲ့သို့ သတင်းစာ၏ဖော်ပြချက်သည် မြန်မာပြည် သူပြည်သားများအတွက် ရလဒ်ကောင်းများ ရလာမည်မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အမေရိကန် အနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပိုပြီးလုပ်လာနိုင်ဖွယ်ရှိတယ်၊ တကယ်တော့ မြန်မာနိုင်ငံဟာ နိုင်ငံ အသေးလေးဖြစ်တယ်၊ ဒါကြောင့် စစ်အစိုးရ အနေနဲ့ အခြားနိုင်ငံတွေနဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်ဖို့ ကြိုးစားရမယ့် အချိန်ဖြစ်တယ်”ဟု သခင်ချန် ထွန်းက ဆိုသည်။

ထို့အပြင် ဟီလာရီ ကလင်တန်က စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေး တိုးချဲ့မည်ဟု ပြောကြားခဲ့သည်။

“သူ့ကိုသာ လွှတ်ပေးလိုက်ရင် အခွင့်အလမ်းတွေ အများကြီးပွင့်လာမှာ ဖြစ်ပါတယ်။ ကျမတို့ နိုင်ငံကလည်း မြန်မာပြည်မှာ ရင်းနှီး မြှုပ်နှံတာမျိုး အပြင် မြန်မာပြည်နဲ့ဆက်ဆံရေးကို တိုးချဲ့ပေးမှာ ဖြစ်ပါတယ်”ဟု အာဆီယံဒေသတွင်း အစည်းအဝေး သို့ ရောက်ရှိစဉ် ဟီလာရီ ကလင်တန်က ပြောသည်။

ထိုင်းနိုင်ငံ ဖူးကက်မြို့တွင် ပြုလုပ်သည့် အာဆီယံ နှင့် ဆွေးနွေးဖက် နိုင်ငံများ အစည်းအဝေး (ARF) တွင် မြန်မာ့အရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်အစိုးရကို တိုက်တွန်းခဲ့ကြသည်။

၎င်း အစည်းအဝေးတွင် ဟီလာရီ ကလင်တန် အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အစိုးရ ကိုယ်စားလှယ်များတက် ရောက်ခဲ့ ကြောင်း သိရသည်။

“ကျမတို့ဟာ ကာကွယ်ရေး(Defense) ၊ သံတမန်ရေး(Deplomacy) နဲ့ ဖွံ့ဖြိုးတိုးတက်ရေး(Development) ဆိုတဲ့ three D’s အပေါ်မှာ အာရုံစိုက်ဖို့ လိုအပ်ပါတယ်”ဟု မစ္စ ဟီလာရီ ကလင်တန်က သူနိုင်ငံခြားရေးဝန်ကြီး တာဝန် မထမ်းဆောင် ခင် သူ၏ နိုင်ငံခြားရေး မူဝါဒကို အမေရိကန် အထက် လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

စပ်စပ်စုစု

တြိဂံတိုင်းကိုယ်စားလှယ်များ မိုင်းလားအဖွဲ့ဌာနချုပ်သို့ လူသူလက်နက်စာရင်းသွားကောက် တနင်္လာနေ့၊ 27 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်
ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး နှင့်အဖွဲ့ အထူးဒေသ ၄ မိုင်းလား ဌာနချုပ်သို့သွားပြီး လူသူလက်နက် အင်အား စာရင်းအားလုံးပေးအပ်ရန် ပြောကြားခဲ့သည်ဟု တရုပ်နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။

“ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း နဲ့ ဂျီဝမ်း ဒုဗိုလ်မှူးကြီးသန်းထွဋ်သိန်းတို့ အဖွဲ့လာတယ်။ မိုင်းလားအဖွဲ့ရဲ့ လူ/လက်နက် စာရင်းလာကောက်တယ်ပြောတယ်”- ဟု အမည်မဖေါ်လိုသည့် မြောက်ပိုင်း ၀ ဒေသ ကုန်သည် တဦးဆို၏။

၂၁/၀၇/၂၀၀၉ ရက်နေ့ ဒုတိုင်းမှူးဗိုလ်ချုပ်ဝေလင်းနှင့်အဖွဲ့က မိုင်းလားအဖွဲ့ခေါင်းဆောင်ပိုင်းများအားလုံး နီးပါးနှင့် တွေ့ ဆုံကြောင်း၊ လူသူလက်နက်အင်အား၊ ရာထူးမှ အနားယူမည့် အသက် ၅၀ ကျော် အရာရှိကြီးများ စာရင်းအားလုံးပေးအပ် ရန် တောင်းဆိုရာမိုင်းလားအဖွဲ့တာဝန်ရှိပုဂ္ဂိုလ်များက ပြည်သူလူထုနှင့် အောက်ခြေအဆင့် အရာရှိများ/ခေါင်းဆောင်ပိုင်း များ၏ဆန္ဒအရ စာရင်းများပေးအပ်ဖို့ မဖြစ်နိုင်သေးကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟုဆိုသည်။
[NDAA - ESS ခေါ် (မိုင်းလား) အထူးဒေသ 4 တပ်မတော်]

NDAA - ESS ခေါ် (မိုင်းလား) အထူးဒေသ 4 တပ်မတော်

“စာရင်းပေးအပ်ဖို့မဖြစ်နိုင်သေးဘူးလို့ ခေါင်းခါငြင်းဆန်လိုက်ပေမဲ့ သူတို့လူအားလုံးအတွက် လက်ဆောင်တွေတော့ စီစဉ် ပေးလိုက်တယ်။ အဲဒီ့နေ့ ညနေပိုင်းမှာဘဲ သူတို့ကျိုင်းတုံကို ပြန်သွားတယ်”- ဟု အဆိုပါကုန်သည် က ပြောပါသည်။

ကျိုင်းတုံဒေသခံတဦးက-“မကြာသေးခင်က တြိဂံတိုင်းရုံးမှာ အစည်းအဝေးလုပ်သွားတယ်။ သူတို့ဆုံးဖြတ်ချက်က မိုင်းလား အကြီးအကဲတွေရဲ့ အိမ်နေရာ၊ ဌာနချုပ်နေရာ၊ လက်နက်ခဲယမ်း မီးကျောက် သိုလှောင်ရုံ အခြေစိုက်အခြေချ လှုပ်ရှားတပ် တွေရဲ့ တပ်စခန်းအားလုံးရဲ့ တည်နေရာ မြေပုံအတိအကျလုပ်ထားဖို့တာဝန်ရှိသူတွေကိုမှာကြားခဲ့သေး တယ်”- ဟု ဆို၏။

နှစ်ဘက်ဆက်ဆံရေးကောင်းမွန်စေရန်၊ အထင်အမြင်လွဲမှုများမရှိစေရန်စစ်အစိုးရတပ်ပြေးများအားစစ်ဆေးရန်အတွက် ဟုဆိုကာ နယ်ခြားဂိတ် အ၀င်အထွက်အားလုံး၌ လူဝင်လူထွက် ဧည့်စာရင်းများ၊ ထောက်ခံစာများ၊ မှတ်ပုံတင်များ အထူးကြပ်မတ် စစ်ဆေးသည်ဟုလည်း ဆိုသည်။ စာရွက်စာတမ်း ထောက်ခံချက် အပြည့်အ၀ မရှိပါကအခက်အခဲများ ကြုံတွေ့ရကြောင်း ခရီးသွားတဦးက လည်းဆိုသည်။

NDD ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊ သုတေသနနှင့် မှတ်တမ်းတင်ဌာနမှ ထုတ်ဝေသည့် (၂၅၊ ၀၇၊ ၀၉ စာစောင်ပါ ) အပါတ်စဉ် ပြည်တွင်းသတင်းသုံးသပ်ချက်အရ မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ အနက် ၈ ဖွဲ့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအစီအစဉ်လက်ခံရန် ခေါင်းခါငြင်းဆန်ခဲ့သည် ဟုဆိုသည်။

မိုင်းလားအဖွဲ့သည်လည်း လက်မခံနိုင်ကြောင်း မေလနှောင်းပိုင်း၌ စစ်အစိုးရထံတရား အကြောင်းပြန်ခဲ့သည့်အဖွဲ့ ဖြစ်သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ထိုင်းနိုင်ငံသို့တပ်ပြေးများ လူကုန်ကူးပို့ဆောင်ခဲ့ဟုယူဆသူကိုဖမ်းဆီးခဲ့

စံခလပူရီ(ဇူလိုင်-၂၇)။ ။ လွန်ခဲ့သည့် ဇူလိုင်လဒုတိယအပတ်၌ ထိုင်းနယ်စပ်၊ ဘုရားသုံးဆူမြို့ ခေတ္တအခြေစိုက် ခလရ ၃၂ တပ်ရင်းမှ ဗိုလ်ကိုကိုလွင်၊ ဒုအရာခံဗိုလ် ဌေးလွင်နှင့် အခြားအဆင့် ရဲဘော် ၁၀ ဦးတို့ ထိုင်းနိုင်ငံတွင်း တစ်နေရာသို့ ထွက်ပြေးရောက်ရှိခဲ့ရာ ၄င်းတပ်ပြေးများကို တင်ပို့သူပေးခဲ့ဟုယူဆပြီး ဘုရားသုံးဆူမြို့၊ အမှတ် ၄ ရပ်ကွက်နေ ဒေါ်ခင်ကြွယ်အား အာဏာပိုင်များ ဖမ်းဆီးထားကြောင်း ဘုရားသုံးဆူမြို့ရှိ အမည်မဖေါ်လိုသော ရဲဆားပုလင်းတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။


ခလရ ၃၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခင်ဇော်

အဆိုပါဒေါ်ခင်ကြွယ်သည် အသက် ၄၅ နှစ်ခန့်ရှိ၊ ထားဝယ် လူမျိုးတစ်ဦးဖြစ်ပြီး ဘုရားသုံးဆူမှ ထိုင်းနိုင်ငံသို့ လူတင်ပို့ရာတွင် ကျော်စောသူ အမည်စာရင်း ပါရှိသူတစ်ဦးဟု ဆိုသည်။

အဆိုပါတပ်ပြေးများကို လူကုန်ကူးသူများပို့ဆောင် ပေးခဲ့ခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သည့်ဇူလိုင်လ ၂၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် ဝက်တုတ်ကွေး ကျန်းမာရေးအကြောင်း ပညာပေးရန် အကြောင်း ပြချက်ဖြင့် လူကုန်ကူးမှု ကျောစေသူ ၁၈ ဦးကို မြို့နယ်မယကမှ ခေါ်ယူသြဝါဒပေးခဲ့ပြီး တဆက်တည်းမှာပင် ခလရ ၃၂ တပ်ရင်းမှူးက တွေ့ဆုံလိုသဖြင့် တပ်စခန်းတည်ရှိရာ ဘုရင့်နောင်ကုန်းသို့ ဆက်လက်ခေါ်ဆောင်သွားကြသည်ဟု မယကရုံးမှ အမည်မဖေါ်လိုသူဝန်ထမ်းတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်အသိပေးခဲ့သည်။

ဘုရင့်နောင်ကုန်းရှိ၊ ခလရ ၃၂ တပ်ရင်းရုံး၌ ညနေ ၃ နာရီခန့်တွင် တွေ့ဆုံကြရာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော်
က “ခင်ဗျားတို့ဟာလူကုန်ကူးတဲ့သူတွေပဲ၊ ကျုပ်တို့အချိန်မရွေးဖမ်းဆီးပြီး ထောင်ချနိုင်တယ်၊ ကျုပ်တို့ဆီက တပ်ပြေးတွေ ခင်ဗျားတို့လက်မခံပါနဲ့၊ နောင်ဒီလိုလုပ်မဲ့သူတွေကိုလည်း ကျုပ်တို့အရေးယူသွားမှာပဲ” ဟု အဆိုပါကျော်စောသူ ၁၈ ဦးကို ဆူပူကြိမ်းမောင်းမှူများ ပြုလုပ်ပြီး ဤကဲ့သို့တပ်ပြေးများကို နောင်တွင်လက်ခံ ပို့ဆောင်ခြင်း မပြုပါကြောင်း ဝန်ခံလက်မှတ်ထိုးစေခဲ့သည်။

တပ်ရင်းမှူး၏ကိုယ်ရေးအရာရှိဖြစ်ခဲ့သူ ဗိုလ်ကိုကိုလွင်သည် တပ်ရင်းမှူးဒုဗိုလ်မှူးကြီးခင်ဇော်နှင့် ပုဂ္ဂိုလ်အရ မချေမငံဖြစ်ကြရာမှ ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် လက်အောက်ခံရဲဘော်များ အားလုံးစုစုပေါင်း ၁၂ ဦးတို့ လူကုန်ကူးသူအချို့နှင့် အဆက်အသွယ်ရယူပြီး ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်သွားကာ လုံခြုံသောနေရာတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟု သိရသည်။

ဘုရားသုံးဆူမြို့သည် အိမ်ခြေတစ်ထောင်ကျော်ရှိ နယ်စပ်စီးပွားရေးလုပ်ကိုင်ရာ မြို့တစ်မြို့ဖြစ်သည်။ ထိုင်းနိုင်ငံနှင့် အပြန်အလှန် တရားဝင်ကုန်သွယ်ရာ လမ်းကြောင်းမဟုတ်ပါ။ ထိုင်းနိုင်ငံသို့လူကုန်ကူးတင်ပို့
ပေးခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနှင့် သစ်မှောင်ခို ပရိဘောဂလုပ်ငန်းများ ထင်ရှားသည်။

ဘုရားသုံးဆူနယ်စပ်မြို့သည် နွေရာသီတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့သို့ မြေနီလမ်းကြောင်းအတိုင်း မော်တော်ကား၊ မော်တော်ဆိုင်ကယ်ဖြင့် သွားလာနိုင်ပြီး မိုးရာသီတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့သို့ ပဲ့ချိတ်လှေများဖြင့်သာ သွားလာနိုင်သည်။


Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

နအဖ ကိုအံတုမယ့်သူ မည်သူမဆို ငဲ ငဲ.. ငဲ


ဆက်ဖတ်မယ်ဆိုရင်....

Sunday, July 26, 2009

စစ်တပ်တိုးမြင့်ရေးအတွက် အတင်းစည်းရုံးနေ

ပလက်ဝမြို့နယ်က လူငယ်များကို စစ်တပ်ထဲဝင်ရန် အတင်း စည်းရုံးနေ 7/26/2009
မင်းအောင် (နိရဉ္စရာ) “စစ်တပ်ထဲကို ၀င်ရင် ကျန်နေခဲ့တဲ့ မိသားစုတွေကိုပါ ရိက္ခာ ထောက်ပံ့ပေးမည်” ဟုဆိုကာ ချင်းပြည်နယ် ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာများမှ အရွယ်ရောက်သူ ချင်းနှင့် ခမီး လူငယ်များကို မက်လုံများပေးပြီး စစ်တပ်ထဲဝင်ရန် ဒေသတွင်းရှိ စစ်တပ် တပ်ရင်းများမှ စည်းရုံးနေသည်။

ပလက်ဝမြို့နယ်အတွင်း အစားအစာ ရှားပါးပြီး လူထုများ အနေဖြင့် ရိက္ခာ မလုံလောက်မူနှင့် ရင်ဆိုင်နေရခြင်း အပေါ် အခွင့်ကောင်းယူပြီး ယခုကဲ့သို့ စစ်တပ်က စည်းရုံးနေခြင်း ဖြစ်သည်ဟု ဒေသခံ တဦးက ပြောသည်။

“အခု စည်းရုံးနေတာက ရှေ့တန်းစစ်ကြောင်းတွေက စည်းရုံးနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က တခါ လာစည်းရုံး ခဲ့ပါတယ်။ မအောင်မြင် ခဲ့ပါဘူး။ ခုတခါ လူတွေ ထမင်းငတ်နေတော့ မိသားစု တွေကို ရိက္ခာတွေ ထုတ်ပေးမယ် သားယောင်္ကျားတွေကို တပ်ထဲကို သွင်းကြပါဆိုပြီး လိုက်လံ စည်းရုံးနေတာ ဖြစ်ပါတယ်။”

ယခုကဲ့သို့ လူငယ်များကို စစ်တပ်ထဲ ၀င်ရန် လိုက်လံ စည်းရုံးနေသည့် ရှေ့တန်း တပ်ရင်းများမှာ ခလရ ၃၄၊ ခမရ ၃၅၄ နှင့် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တို့ဖြစ်ကြသည်။

အိန္ဒိယ နယ်စပ်တွင် တည်ရှိသော သရော်အိုင်ကျေးရွာမှ ရခိုင် အမျိုးသား တဦးကလည်း “သူတို့ပြောတာက စစ်တပ်ထဲကို ၀င်ရင် လစာနဲ့ ရိက္ခာကို လုံလောက်အောင် ပေးမယ်။ ကျန်နေခဲ့တဲ့ မိသားစု တွေကိုလည်း စားဝတ်နေရေး အခက်အခဲတွေ မရှိအောင် ထောက်ပံ့ မယ်။ နောက်ပြီး ဆန်၊ ဆား၊ ဆီ စတာတွေ မပြတ်ရအောင် ထောက်ပံ့ ပေးမယ်လို့ ပြောပီး လူငယ်တွေကို တပ်ထဲကို ၀င်ရောက်နိုင်အောင် စည်းရုံးနေပါတယ်။” ဟု ပြောသည်။

အထူးသဖြင့် စစ်တပ်မှ လိုက်လံ စည်းရုံးနေသည့် ကျေးရွာများမှာ ပလက်ဝမြို့နှင့် သရိုင်အိုင် ကျေးရွာအကြားရှိ ချင်းဒေါင် ကျေးရွာ၊ ကျီးရှည်အောက်ရွာ၊ ကျီးရှည်အထက်ရွာ၊ ငါးရှားရွာ၊ သရော်အိုင်၊ နှုန်းဗူးကျေးရွာနှင့် တောင်ပြို ကျေးရွာများ အပါအ၀င် တခြားအနီးအနား ကျေးရွာများမှ ဖြစ်ကြသည်။

ယခုကဲ့သို့ စည်းရုံးနေသော်လည်း လူငယ် တဦးစ နှစ်ဦးစ ၀င်ရောက်ရုံမှ လွဲပြီး အများစု လူငယ်များမှာ စစ်တပ်ထဲသို့ ၀င်ရောက်ခြင်း မရှိကြောင်း အမည်မဖော် လိုသည့် ကျေးရွာလူကြီး တဦးက ယခုကဲ့သို့ ရှင်းပြသည်။

“ဘယ်သူမှ စိတ်မ၀င်စားဘူး။ သူတို့ ပေါ်တာ ဆွဲခဲ့တာတွေ၊ မတရား အနိုင်ကျင့်ခဲ့တာတွေ အမျိုးသမီးတွေ၊ အတင်း အဓမ္မပြု ကျင့်ခဲ့တာတွေကို ဘယ်သူမှမမေ့နိုင်ကြသေးဘူး။ ဒါကြောင့် စစ်တပ်ကို လူတွေက မုန်းနေကြတဲ့ အတွက် ဘယ်လူငယ်မှ စစ်တပ်ထဲဝင်ဖို့ စိတ်ဝင်စားတဲ့ အခြေအနေမှာ ရှိနေတာကို မတွေ့ရပါဘူး။”

တခြားတဘက်တွင်လည်း ပလက်ဝ အခြေစိုက် ခမရ ၂၈၉ တပ်ရင်းမှ တပ်ရင်းမှူး ဦးဆောင်ပြီး “ဒေသဖွံ့ဖြိုးရေးစီမံကိန်း” ဆိုသည့် ခေါင်းစဉ် တပ်ပြီး ပလက်ဝ မြို့နယ်ရှိ ကျေးရွာများအတွင်း သစ်ပင် စိုက်ပျိုးရေး၊ ယင်လုံ အိမ်သာ တည်ဆောက်ရေးစသည့် ကျန်းမာရေး ပညာပေး လုပ်ငန်း များကို ကျန်းမာရေးဌာနနှင့် သစ်တောဌာနမှ တာဝန်ရှိ သူများနှင့် အတူ ကျေးရွာများသို့ သွားရောက်ပြီး ပြုလုပ်ကာ လူငယ်များကို စစ်တပ်ထဲဝင်ရန် စည်းရုံးရေး လုပ်ဆောင် နေသည်ဟု သိရသည်။

စစ်တပ်ထဲသို့ ၀င်ရောက်ရန် အခွင့်အရေးပေးပြီး စည်းရုံးသော်လည်း ၀င်ရောက်သူ မရှိသဖြင့် ရွာတရွာကို (၂) ယောက်ကျနုန်းဖြင့် ယခင်ကကဲ့သို့ အတင်း စစ်သား ကောက်ခံ စုဆောင်း လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

The movie about Aung San Suu Kyi


ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN