Saturday, August 29, 2009

ပညာရေး၊စီပွားရေး ယို့ ယွင်းလာသည်နှင့်အမျှ လူ့ ယဉ်ကျေးမှု အဆင့် အတန်းလည်း ပျက်သုံးလာသည်။

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ ( ပေးပို့ သူ - ကိုဒေါင်းနီ )
(၁) ဘာသာရေးအမြင်နှင့်သုံးသပ်ခြင်း
---------------------------------------------------------
(က)ငွေကြေးပေါများသောသူတော်တော်များများမှာတွေ့ရပါတယ်၊၊ငွေ ၃-၄-၅ သိန်းစသဖြင့်အကုန်ခံပြီး ချောင်းသာ၊ ငပလီ၊မောင်းမကန် တို့ကိုသွားပြီး ရေငံငံတွေရှီတဲ့ပင်လယ်ကိုသွားကြည့်ပါတယ်၊၊ဇိမ်ခံကြပါတယ်၊၊ငါတော့မသေခင်
ငါတို့ကိုးကွယ်တဲ့ဗုဒဘုရားရှင်ပွင့်တော်မူခဲ့သောဗုဒ္ဓဂါယာကိုသွားဖြစ်အောင်သွားပြီးတော့ကိုဖူးလိုက်ဦးမယ်ဟေ့ဆို တာဒီနေ့အထိမတွေဘူးသေးပါဘူး၊၊
(ခ)ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊ ခေတ်တွေတိုးတက်နေပါပြီဆိုပြီး ကလပ်တွေတက်ပါတယ်၊
အရက်-ဘီယာသောက်ပါတယ်၊၀ိုင်သောက်ပါတယ်၊ပန်းခြံတွေမှာ ရည်းစားသညာတွေနဲ့ချိန်းတွေ့ပြီး အကုန်ပေးပါ
တယ်၊၊ကိုယ့်ကိုကိုယ်မိန်းမဆိုတာကိုသတိမရကြပါဘူး၊၊သူတို့တွေရဲ့မြင်ကွင်းတွေဟာ INTERNET မှာVIDEOများ၊ဓါတ်ပုံများ
အဖြစ်နဲ့ပျံ့နှံ့နေပါတယ်၊၊စင်င်္ကပူ၊ဒူဘိုင်း၊အမေရိကား စတဲ့နိုင်ငံတွေကို ပညာသင်ကြားဖို့အတွက်ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေသွားရောက်နေသောမြန်မာ အမျိုးသမီးများ(မှတ်ချက်-ပျက်စီးနေသော မိန်းမဆိုးများကိုသာ
ဆိုလိုပါသည်-သိက္ခာတရားနဲ့မိန်းမဂုဏ်ကို အသက်မကတန်ဖိုးထားစောင့်ထိန်းပြီး စာကိုပဲတစိုက်မတ်မတ်ကြိုးစားနေသည့် လေးစားဖွယ် မြင့်မြတ်သော မိန်းကလေးများ၊မိမိအလုပ်ကိုသာ သန့်ရှင်းစွာဖြင့် အိနြေ္ဒသိက္ခာအပြည့်နှင့်ကြိုးစားလုပ်ကိုင်နေသော တန်ဖိုးထားဂုဏ်ယူထိုက်သည့် မြန်မာအမျိုးသမီးကောင်းများ မပါ-ပါ၊၊အမှန်တကယ် ရှိပါတယ် အဲ့လိုမိန်းကလေးတွေ
နာမည်နှင့်တပ်ပြောလျှင် သူတို့ရဲ့ personal ကိုထိခိုက်မှာ စိုးလို့ပါ၊၊)အဲ့ဒီမှာသင်္ကြန်-NEW YEAR စတဲ့ရက်တွေမှာ
သောက်ကြ၊စားကြ၊ကကြခုန်ကြနဲ့ ပျက်စီးနေကြ ပါတယ်၊၊ ရည်းစားထားပြီး LIVING TOGETHER နေထိုင်ကြပါတယ်၊၊ တစ်ချို့သော ငွေကြေးမတတ်နိုင်သောအမျိုး သမီးများသည်အခကြေးငွေယူပြီးလုပ်ကိုင်စားသောက်ပါတယ်၊၊
အဲ့လိုအကျင့်ပျက်မိန်းကလေး­တွေကြောင့် နိုင်ငံဟာ တော်တော်သိက္ခာကျပါတယ်၊၊passport ထပ်ရင်တောင် မြန်မာဆိုရင် နောက်ဆုံးကထားတယ်တဲ့ ၊၊ အဲ့ဒီစကားလေးကို စင်္ကပူက လူတစ်ယောက်ကိုယ်တိုင်ပြောတာပါ ၊၊ မယုံရင်
mr.styl...@gmail.com မှာ တောင်းယူလို့ရပါတယ်၊၊ပြီးရင် ပြန်လာတဲ့အချိန်မှာ အဲ့ဒီရွှံပိတ်များအား မြန်မာအမျိုးသားများက ထမ်းကြရပါတယ်၊၊ သိပ်ပြီးရွံစရာကောင်းသောလုပ်ရပ်များဖြစ်ပါတယ်၊၊ သက်သေအနေနဲ့
ဓါတ်ပုံပေါင်းများစွာ၊ video ပေါင်းများစွာရှိပါတယ်၊၊ဒါ့ကြောင့် မြန်မာ အမျိုးသမီးကောင်းများစွာထဲက
အဲ့ဒီအကျင့်ပျက်၊မိအုပ်ဖအုပ်မရှိသောအမျိုးသမီးဆိုးများ ထိန်းသင့်ပါပြီ၊၊ရှက်သင့်ပါပြီ၊၊ ကျွန်တော်တို့ Programming Lunguage
နဲ့နမူနာယူပြီးစဉ်းစားကြည့်ရအောင်၊၊နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေး၊စစ်ရေး၊ လူအင်အား၊သိပံ့ပညာရပ်တွေဟာ Variables
တွေနဲ့တူပါတယ်၊၊သူတို့ဟာပြောင်းလဲနိုင်ပါတယ်၊၊ပြင်နိုင်ပါတယ်၊၊အဲ. ယဉ်ကျေးမှုကတော့ Data Typeလိုပဲprogram
ရဲ့အစမှာကြေငြာထားတဲ့အတိုင်းအမြဲတည်ရှိနေမှာဖြစ်ပါတယ်၊၊သူဟာ Constant ပါ၊၊အော် ဒါဆို ကျွန်မတို့က ထမီနဲ့ ရင်ဖုံးအင်္ကျီဝတ်ပြီး အလုပ်လုပ်ကြရမှာလား လို့ဆိုဖွယ်ရာရှိပါတယ်၊၊ လာ မရောပါနဲ့၊၊ တစ်ခြားစီပါ အဓိပါယ်ချင်း၊၊ သို့သော် အေးမြတ်သူလိုတော့ နောက်ကျောလိပ်ပြာမကပ်နဲ့ပေါ့ဗျာ၊၊ မိုးဟေကိုလောက်လဲ မပွင့်လင်းကြနဲပေါ့၊၊
ရေကူးတာလဲကူးပေါ့ သင်ဇာဝင့်ကျော်လိုတော့ ရေမကူးနဲ့ပေါ့၊၊ ရေခဲမှုန့်ကတော့ မြန်မာနိုင်ငံလိုပူအိုက်လွန်းတဲ့နိုင်ငံမှာ စားကြတာပါပဲ သို့သော် စန္ဒီမြင့်လွင်လို့တော့ ရေခဲမှုန့်မစားနဲ့ပေါ့၊၊ ဒါပါပဲ ၊၊ အရင်တုန်းက မိန်းကလေးတစ်ယောက်က ထမီပြင်ဝတ်ရင် လူမရှိတဲ့ဘက်ကို လှည့်ပြီးလုံခြုံသေသပ်စွာနဲ့ဝတ်ပါတယ်၊၊အဲ့ဒါကိုများ ခိုးကြည့်မိရင် နှာဘူးကြီး
ဘာကြီးဆိုပြီးတော့ မျက်စောင်းပေါင်းများစွာအထိုးခံရပါတယ်၊၊ကျွန်တော်တို့မှာ ကြည့်ချင်သော်လည်း မကြည့်ရဲပါဘူး၊၊ကျွန်တော်တို့ ၉တန်း ၁၀ တန်းလောက်အထိပေါ့၊၊ ခုတော့ အဲ့လိုမဟုတ်ဘူး၊၊ ဟိုနားဖော် ဒီနားဖော်နဲ့၊၊ တစ်ချို့ဆို
ပေါင်အထက်မှာဝတ်တယ် ၊၊ သူတို့ကိုသူတို့တော့ ခေတ်မှီတယ်ပေါ့ ဆိုလိုချင်တာက၊၊ ရုပ်ရှင်ဗွီဒီယို သရုပ်ဆောင်များက ရှေ့ဆောင်လမ်းပြလုပ်နေကြတာလဲပါပါတယ်၊၊အရင်က မြန်မာကားမှာ နမ်းတယ်ဆိုရင် အဝေးကနေ ကင်မရာနဲ့ နှစ်ယောက်
ကိုထပ်ပြီးပြပါတယ် ဟက်ကက်နဲ့ဇင်ဇင်ဇော်မြင့်သရုပ်ဆောင်ထားတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ် အယ်လွန်းဝါဆိုတာလားတော့
မသိဘူး၊၊ ခု တော်တော်တိုးတက်လာပါပြီ၊၊ လူမင်း၊အိန္ဒြာကျော်ဇင်၊အေးမြတ်သူ၊ခရစ္စတီးနား ၊ညီနန္ဒ တို့ပါဝင်သရုပ်ဆောင်ထားတဲ့
" ပဉ္စမံအနမ်း "ဆိုတဲ့ဇာတ်ကားမှာ လက်လောက်တော့ နမ်းလို့ရလာပါပြီ၊၊ (ဂ) ယောင်္ကျားလေးများကလဲ
ထိန်းသင့်ပါတယ်၊၊ကိုယ့်ရဲ့နှမများလိုသဘောထားပြီးစောင့်ထိန်းသင့်ပါတယ်၊၊တွေ့သမျ­ှမိန်းကလေးတွေကို ကိုယ့်မြန်မာအမျိုးသမီးလေးတွေပါလား ဆိုတဲ့အသိနဲ့ ချက်တင်လောကထဲက ဆွဲထုတ်ရမဲ့အစား၊ပိုပြီးနစ်အောင်နှစ်နေတဲ့သူတွေက တစ်ပုံကြီးပါ၊၊ တစ်ချို့ဆို ရည်းစားထားပြီး ဟိုပစ္စည်းမှာ ဒီပစ္စည်းမှာနဲ့ ယောင်္ကျားမတန်မဲ့ ပိုင်းလုံးလုပ်နေတာတွေ သိပ်ပြီးရှက်ဖို့ကောင်းပါတယ် သိပ်ပြီးအောက်တန်းကျပါတယ်၊၊လက်တော့ မှာတဲ့သူနဲ့ ၊ ဖုန်းမှာတဲ့သူနဲ့ ၊၊
ပါးရိုက်သတ်ဖို့ကောင်းတယ်၊၊တစ်ချို့ကတော့ မိန်းကလေးတွေကို ပထမခင်အောင်ပြောတယ် ပြီးရင် sexyword တွေကိုလှည့်ပတ်ပြောပြီး မိန်းကလေးများစိတ်ပါအောင် ကြံဖန်ပြီးပြောတယ် ဖျက်စီးတယ် အဲ့လိုမျိုးတွေယုတ်မာရိုင်းစိုင်း
အောက်တန်းကျကြပါတယ် ၊၊ " ငါတို့ကယောင်္ကျားတွေပဲ ဥပုဒ်စောင့်တဲ့ ကျားရှိလို့လား " ဆိုပြီး အကြောင်းပြချက်မပေးပါနဲ့ ၊၊ အဲ့ဒါ မိမဆုံးမ ဖမဆုံးမ လမ်းကြိုလမ်းကြားမှာ ပြည့်တန်ဆာနဲ့ အမည်မသိဘိန်းစားနဲ့ မျိုးစပ်ပြီးပေါက်ဖွားလာတဲ့ ကလေကချေတွေ ပေးတဲ့ အကြောင်းပြချက်တွေပါ ၊၊တစ်ချို့သော မိန်းကလေးတွေဆိုရင် အဲ့ဒါတွေကြောင့်ပဲ ချက်တင်ကိုအစွဲကြီးစွဲပြီး
ချက်တင်ဆိုတဲ့နွံက နှုတ်ခေါင်းမြုပ်နေတာ အများကြီးပါ၊၊အဲ့လိုလူမျိုးတွေကို ခွေးကမွေးတဲ့ အောက်တန်းစားများအဖြစ်သတ်မှတ်ပြီး ရှောင်သင့်ပါတယ် မိန်းကလေးများအနေနဲ့၊၊ သို့သော် ပြောသာပြောရတာပါ အဲ့လိုပြောစားလာတဲ့ယောက်ျားတွေကလဲ သဘာကရင့်နေပါပြီ ပြီးတော့ မိန်းကလေးတွေကလဲ အဲ့လိုပြောတဲ့သူတွေကိုမှ ပိုပြီးကြွေသလားတော့ မပြောတတ်ဘူးပေါ့
တော်တော်သဘောကျကြပါတယ် ၊၊ တစ်ချို့သော အမျိုးသမီးများ၏ ဟာလာဟင်းလင်း ဓါတ်ပုံပေါင်းများစွာဟာ ကျွန်တော်တို့ရဲ့ကွန်ပျူတာတိုင်းမှာ ရှိပါတယ်၊၊ တော်တော်အရှက်နဲတဲ့ မိန်းမတွေပါ VZO ကနေတစ်ဖက်က ယောင်္ကျားလေးတစ်ယောက်ကို မျိုးစုံလုပ်ပြပါတယ် အကုန်ပြပါတယ် ကျွန်တော်ကတော့ အဲ့မိန်းမတွေရဲ့မျက်နှာကြီးတွေကို အပြင်မှာသာတွေ့လို့ကတော့ မျက်နှာကိုပြေးကန်မိမှာ အမှန်ပဲ ရွံလွန်းလို့ အော့နှလုံးနာလွန်းလို့ ၊၊ အဲ့ဒါလား မြန်မာဗုဒ္ဓဘာသာအမျိုးသမီး တွေ ဆိုပြီးတော့ စောင့်ကန်ပစ်ချင်တာ ၊၊အဲ့တော့ မြင့်မြတ်တဲ့မြန်မာအမျိုးသမီးကောင်းများအနေနဲ့ အဲ့လိုပုပ်နေတဲ့ ငခုံးမတွေ(မိန်းမများ)ကိုလဲရှေင်ကြဉ်ပါ ၊၊ ပြီးရင် ပုပ်နေတဲ့ငခုံးမ(အထီးတွေ)ကိုလဲ သတိထားပြီး ရှေင်ကြဉ်ပါ
၊၊အပေါင်းအသင်းမလုပ်ကြပါနဲ့ လို့ နှမရှိတဲ့ အကိုတစ်ယောက်အနေနဲ့ရော မြန်မာနိုင်ငံကို ဘက်စုံမှာတိုးတက်စေချင်တဲ့သူ တစ်ယောက်အနေနဲ့ရော သတိပေးပရစေ၊၊

(၂)စိတ်ဓါတ်ရေးရာအရ သုံးသပ်ချက်
-------------------------------------------------------------------
(က)မြန်မာတွေဟာကိုယ်ပိုင်-ကိုယ်တိုင် အသစ်အဆန်းများအားတီထွင်လိုစိတ်မရှိခြင်း ၊
အခြားနိုင်ငံများရဲ့တီထွင်ပေးမှုများကိုသာအဆင်သင့် သုံးချင်ကြသော
လူဖျင်းလူနုံလူအများဖြစ်နေခြင်း၊၊ ပျင်းရိခြင်း၊၊ တော်သည့်လူများ
ချွန်ထွက်လာပြီဆိုရင်လဲ အဲ့ဒီလူကိုဘယ်လို နှိပ်ကွပ်ရမလဲဆိုတာပဲ
စဉ်းစားကြပါတယ်၊၊ နမူနာပြောပြမယ်၊၊ အိုင်းစတိုင်းဟာ ပန်းသီးလေးတစ်လုံး
ကြွေကျတာကို ကြည့်ပြီး ထိုင်စဉ်းစားနေလို့ အင်မတန်အသုံးဝင်တဲ့
များစွာအကျိုးကျေးဇူးတွေ ဖြစ်လာစေမဲ့ formula တစ်ခုကို ရရှိခဲ့ပါတယ်၊၊
တို့ဆီမှာ တကယ်လို့များ လူတစ်ယောက်က အဲ့လိုထိုင်စဉ်းစားနေရင် ခုဒီစာကိုဖတ်နေတဲ့
လူကြီးမင်း ဘယ်လိုတေွးမလဲ၊၊ဂျက်လီဟာ ကွန်ဖူးကို တရုတ်ပြည်တစ်ပြည်လုံးမှာ
ပထမရအောင် ယှဉ်ပြိုင်ခဲ့ပါတယ်၊၊ဒါ့ကြောင့် သူ့ကို မင်းသားတင်ရိုက်တယ်၊၊
နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာပါတယ်၊၊ဘရုစလီဟာ ဗိုက်ပေါ်ကို
ကားနင်းတာခံပြခဲ့ပါတယ်၊၊အနီးကတ် ထိုးချက်ဆိုတဲ့ အဇုတ္တနဲ့ ဗဟိဒ္တ ပေါင်းစပ်ထားတဲ့
ထိုက်ကျိကို အခြေခံတဲ့ သိုင်းပညာတစ်မျိုးနဲ့ အခြားတရုတ်ရိုးရာ
သိုင်းပညာများစွာကို ဖော်ထုတ်ပြသခဲ့ပါတယ်၊၊ဒါ့ကြောင့်လဲ သိုင်းလို့ပြောရင်
တရုတ်ကို လူတိုင်းသိကြပါတယ်၊၊အဲ့လိုမျိုး သူတို့ဆီမှာ အားပေးအားမြှောက်
ပြုကြပါတယ်၊၊ တို့နိုင်ငံမှာ သိုင်းသင်နေတဲ့ လူတစ်ယောက်ကို ငပေါကြီး ငရူးကြီး
စသဖြင့်ပြောကြပါတယ် နှိမ့်ချချင်ကြပါတယ်၊၊တရုတ်ကားတွေထဲမှာ ပါတဲ့
အကြောပိတ်-အကြောနှိပ်ပညာဆိုတာ တကယ်ရှိပါတယ် အဲ့ဒါဟာ တို့မြန်မာ့ရိုးရာ
ဗန်တိုပညာ၊ ရှမ်းကြီးသိုင်း၊ပွဲကျောင်းသိုင်း ဆိုတဲ့ပညာရပ်တွေထဲမှာ ပါပါတယ်၊၊
တရုတ်က ဗောဓိဓမ္မ(တရုတ်လို ဆရာတော်တာမို)ဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးက
မြန်မာတို့ရဲ့ ပွဲကျောင်းသိုင်းနဲ့ နန်းသိမ်းခုံ(ယခု ရှမ်းကြီးသိုင်း)ကို
တိဗက်မှာ သင်ယူခဲ့ပြီး သူ့နိုင်ငံကိုရောက်တဲ့အချိန်မှာ
ကျန်းမာရေးနဲ့လဲညီညွတ်အောင်၊ဘုန်းကြီးတွေလဲ တရားကျင့်တဲ့အချိန်မှာ
မငိုက်မြည်းအောင်ဆိုပြီး ပုံစံတစ်မျိုးနဲ့ထွင်ပါတယ် ၊၊သူ့ကျောင်းရဲ့နာမည်ကို
အစွဲပြုပြီး အဲ့သိုင်းကို ရှောင်လင်လို့ခေါ်ပါတယ်၊၊ အဲ့တော့ တို့မြန်မာတွေ
သိပ်ပြီးတော်ပါတယ်၊၊ အဲ့လို ကိုယ့်ဟာက သူများဟာဖြစ်သွားအောင်
တော်တဲ့သူတွေကိုနှိမ့်ချနိုင်စွမ်းရှိပါတယ်၊၊ ပြီးတော့ တစ်ခုရှိသေးတယ်၊၊
မင်းတုန်းမင်းခေတ်ကပါ၊၊ အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို
ကျူးကျော်နေတဲ့အချိန်ပါ၊၊ မြန်မာတွေအနေနဲ့ လက်နက်အင်အားနဲ့နည်းပညာမှာ
အင်္ဂလိပ်ကိုမမှီလို့ သိပ်ပြီးအခက်အခဲတွေ့နေရတဲ့ အချိန်ပါ၊၊ အဲ့တုန်းက အင်္ဂလိပ်က
မြန်မာနိုင်ငံထဲကိုဝင်ရင် ရေကြောင်းကပဲ ၀င်နိုင်ပါတယ်၊၊ အဲ့အချိန်မှာ
ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့ ကနောင်မင်းသားကြီးတို့ဟာ
ရေမြှုပ်ဗုံးထွင်နေကြတဲ့အချိန်ပါ၊၊ သူတို့ ထွင်ထားတာပြီးသွားတဲ့အချိန်မှာ
အောင်ပင်လယ်ကန်ကို နှစ်ယောက်သားသွားပြီးစမ်းသပ်ကြပါတယ်၊၊ အရင်ဆုံး
ကနောင်မင်းသားကြီးဟာ ဗုံးတစ်လုံးကို ကန်ထဲပစ်ချလိုက်တော့ ၀ုန်းဆိုတဲ့
အသံကျယ်ကြီးနဲ့အတူ ပေါက်ကွဲထွက်သွားပါတယ် သူတို့အရမ်းကိုပျော်ပြီး ကနောင်က
ဦးဘိုးလှိုင်ကို " ကျုပ်တို့ အင်္ဂလိပ်ကို
ချောင်ပိတ်ပြီးစိစိညက်ညက်ချေပစ်နိုင်ပြီ"လို့ ပြောလိုက်ပါတယ်၊၊ သူတို့
စမ်းသပ်နေတုန်းအချိန်က နန်းတွင်းထဲမှာ မင်းတုန်းမင်းက
ဘုန်းကြီးတွေကိုဆွမ်းဖိတ်ကျွေးနေတဲ့အချိန်ပေါ့၊၊ ကနောင်နဲ့ ဦးဘိုးလှိုင်တို့
ပျော်ရွင်စွာနဲ့ပြန်လာကြတဲ့အချိန်မှာ နန်းတော်တံခါးဝကိုရောက်တော့
လှိုင်ထိပ်ခေါင်တင်နဲ့ တွေ့တယ် ၊၊ ကနောင်က " နှမတော် ခုဏက အသံတွေ
အကိုတော်ကြားလား သူဘာပြောလဲ" လို့ မေးလိုက်တယ်၊၊ သူကတော့
မင်းတုန်းမင်းကြီးလဲပျော်မယ်ထင်တာပေါ့၊၊ လှိုင်ထိပ်ခေါင်တင်ပြောတာက "
အဲ့အချိန်တုန်းက မင်းတရားကြီးက ဘုန်းကြီးဆွမ်းကျွေးလုပ်နေတာတဲ့၊ ဘုန်းကြီးတွေက
အဲ့ဗုန်းကွဲသံကို ကြားတော့ ရေထဲကသတ္တ၀ါတွေဒုက္ခရောက်တော့မယ်ဆိုပြီး
ဆွမ်းစားတာချက်ချင်းရပ်ပြီး ပြန်ကြွသွားကြ
တယ်တဲ့၊အဲ့ဒါနဲ့ မင်းတရားကြီးက ကနောင်နဲ့ဦးဘိုးလှိုင်ရဲ့ ရေမြှုပ်ဗုံးကို
တားမြစ်ပါမယ်ဆိုပြီး ကတိပေးလိုက်ရတယ်တဲ့"၊၊ အဲ့အခါမှ ကနောင်မင်းသားကြီးက
ဝမ်းနည်းစွာနဲ့ ဦးဘိုးလှိုင်ကို " ကျုပ်တို့တွေ သူ့ကျွန်ပဲ လုပ်ကြပါစိှု့ဗျာ"
တဲ့၊၊ ၁၂၄၀ ခုနှစ် အင်္ဂလိပ်အရာရှိမှတ်တမ်းတွင် " သတင်းပေးသူမှတ်တမ်း
"ဆိုတဲ့စာအုပ်မှာ မြန်မာတို့သည် ရိုင်ဖယ်သေနတ်များနှင့်
တော်ပီဒိုရေမြှုပ်ဗုံးများ လုပ်ကိုင်နိုင်ပြီလို့ ဖော်ပြထားပါတယ်၊၊ဒါကို
ကုန်းဘောင်ရှာပုံတော် ဆိုတဲ့စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်၊၊ အဲ့ဒီလို
တို့မြန်မာတွေဟာ တော်တဲ့သူတွေကို အားပေးအားမြှောက်လုပ်မှု နည်းပါးကြပါတယ်၊၊
(ခ)မိမိကိုယ်ကိုအထင်သေးသိမ်ငယ်တတ်ပြီး တိုင်းတစ်ပါးကိုစွတ်အထင်ကြီးတတ်သော
လူဖျင်းလူနုံများ၊ဆန်ကုန်
မြေလေးများ တစ်နေ့တစ်ခြားတိုးတက်များပြားလာခြင်း၊၊အဆိုတော်လောကမှာ
စိုင်းစိုင်းခမ်းလှိုင်တို့၊ကြက်ဖတို့ ကျော်ထွဋ်ဆွေ
တို့ဆိုတဲ့ကောင်တွေဟာ အောက်တန်းစားတွေပါ၊၊စိုင်းစိုင်းခမ်းလှိုင်ဟာ
သူများနိုင်ငံက သီချင်းတွေကို copy လုပ်ပါတယ်၊၊ပြီးရင် ဆိုတယ် ၊၊ဒီအထိအောင်
ပြသာနာ မရှိသေးဘူး၊၊ ခုနောက်ပိုင်း သီချင်းတွေမှာ မိုက်ရိုင်းတဲ့ အထာတွေ၊
အောက်ပိုင်းစကားလုံးတွေ ပါလာပါပြီ၊၊ရွံစရာသိပ်ကောင်းတယ်၊၊ အဲ့ဒါကိုပဲ သူ့ရဲ့
show ပွဲလာကြည့်တဲ့ အောက်က မိန်းမတွေက လက်ကြီးတွေကို အပေါ်ထောင်ပြီး
ယမ်းနေကြရတာနဲ့၊တဟေးဟေးတဟားဟားနဲ့
အော်ဟစ်နေလိုက်ကြတာကို၊၊နောက်တစ်ခုရှိသေးတယ်၊၊" ဒီထဲမှာဂျီဆွီးကြိုးဝတ်ထားတဲ့
စော် ဘယ်နှစ်ယောက်ပါလဲဆိုတာ" လေ၊၊အဲ့လိုပြောလိုက်တဲ့ အချိန်မှာ
အောက်ကကောင်မလေးတွေ အရမ်းသဘောကျသွားကြတာ တဟေးဟေးတဟားဟား နဲ့၊၊
ကြည့်စမ်း ဘယ်လောက်မိုက်ရိုင်းလဲ ၊၊ ကြက်ဖတို့ ကျော်ထွဋ်ဆွေတို့ဆိုတဲ့ကောင်တွေ
ဆိုထားတာ တရားဝင်မဟုတ်တဲ့ခွေတွေ
ပေါ့ ၊၊ တကယ်ကို ညစ်ညစ်စုတ်စုတ်တွေ သီချင်းလုပ်ဆိုထားတာပါ၊၊ သူတို့မှာ
အဲ့ဒါကိုဆုံးမပေးမဲ့ အဖေတွေအမေတွေ မရှိဘူးလား၊၊ ရှိတယ်ဆိုရင်ရော
သူတို့ရဲ့မိဘတွေက မဆုံးမလို့လား သူတို့မှာ နှမတွေအမေတွေမရှိဘူးလား၊၊
တော်တော်ပက်စက်တယ် အဲ့ကောင်တွေက လူကမွေးတဲ့ ခွေးတွေ၊၊ အဲ့တော့
အဲ့လိုလူကမွေးတဲ့ခွေးတွေဆိုတဲ့ show ပွဲတွေမှာများ သွားကြည့်ပြီး အောက်ကနေ
လက်ကြီးတွေအပေါ်ကိုထောင်ပြီး ဝှေ့ယမ်းနေကြတာ၊ဟိုဘက်ကိုယိမ်းလိုက်၊ဒီဘက်ကို
ယိမ်းလိုက်နဲ့၊၊ဦးထုပ်ကို ရှေ့မကျ/နောက်မကျဆောင်းတယ်
ဘောင်းဘီကိုအပွကြီးတွေဝတ်တယ် အိင်္ကျီက လက်ဇကောဇကနဲ့၊၊ လက်တွေ
လည်ပင်းတွေမှာပတ်ထားတာတွေက လမ်းဘေးမှာချရောင်းတဲ့ ၅ရာတန် ၆ရာတန်တွေ၊၊
သူများနိုင်ငံက ကောင်တွေက ကိုယ်လုံးကိုယ်ပေါက်က တောင့်တယ်၊၊
အဲ့ဒီရပ်ပါဆိုတဲ့ ကပလီကြီးတွေဘာတွေကိုကြည့်ပါလား၊၊ အားကစားလဲလုပ်တယ် သူတို့က၊၊
သူတို့ဆွဲတဲ့ သံဆွဲကြီုးတို့၊လက်
မှာပတ်တဲ့ လက်ပတ်တို့ဆိုတာတွေက အနည်းဆုံး ဒေါ်လာ၂၀၀၀ ကျော်တန်တယ်၊၊
အဲ့ဒါကိုလိုက်တုပြီး လမ်းဘေးကဟာကိုဝတ်ကြနဲ့၊၊ မရှိရင် မ၀တ်နဲပေါ့၊၊ Akon
ဆွဲတဲ့သံဆွဲကြိုးကြီးမြင်ဖူးလား အဲ့ဒါ ဒေါ်လာထောင်နဲ့ချီတန်တယ်၊၊
အ၀တ်အစား၊တန်ဆာဆိုတာ ဈေးကြီးမှမဟုတ်ဘူး၊ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်အောင်
ဝတ်ရတာ၊၊ပြီးရင် ကိုယ်က ဒီဇိုင်းတစ်မျိုးထွင်ပြီးဝတ်တယ်ဆိုရင်လဲ အဲ့ဒီ
ဒီဇိုင်းနဲ့လိုက်အောင် ဆံပင်ကိုပြင်ရတာတွေရှိသေးတယ်၊ဘယ်ပုံစံဝတ်ရင်
ဘယ်လိုမျိုးလမ်းလျှောက်မှ လိုက်တာဆိုတာရှိတယ်၊၊ ဥပမာ ဂျင်းထည်တွေကိုဝတ်ရင်
ဂျင်းသည် အမာသဘောကိုဆောင်လို့ သူနဲ့တွဲရမဲ့ accessories တွေဆိုရင် ဆွဲကြိုးဆို
သံထည် 925 မှ ဘာမှနဲ့ သတ်မှတ်ထားတာတွေရှိတယ်၊၊ ဖတ်ပါ fashion စာအုပ်တွေ၊၊
ဒါ့ကြောင့် အလိမ္မာ စာမှာရှိတဲ့၊၊ စာမှာ ဘာမဆိုရှိတယ်၊၊
fashion ဆိုတာ သူများမ၀တ်တာကိုဝတ်တာ fashion
မဟုတ်ဘူး၊၊ကိုယ်နဲ့လဲလိုက်ရမယ်၊ဆန်းလဲဆန်းသစ်ရမယ်၊အရောင်
စပ်ဟပ်မှု၊accessories ချင်းဆက်စပ်ရာမှာ လိုက်ဖက်မှု ဒါတွေနဲ့ပေါင်းမှ
fashionပါ၊၊အဲ့တော့ မြန်မာနိုင်ငံက ရပ်ပါတွေရဲ့
ဝတ်တာစားတာတွေဟာ အတုယူသင့်သလားဆိုတာကိုစဉ်းစားပါ၊၊ အကောင်းဆုံးက သူများကို
လိုက်တုမဲ့အစားကိုယ်ပိုင်
ထွင်တာပ်ုကောင်းပါတယ်၊၊သူများstyleကိုလိုက်တုတယ်ဆိုတာရှက်စရာကောင်းပါတယ်၊၊
ခုဆိုကြည့် အကယ်ဒမီမင်းသားချင်းအတူတူ လူမင်းက ဘောင်းဘီမှာ ကြိုးတပ်ဝတ်တာနဲ့ပဲ
မင်းမော်ကွန်းကလိုက်တုပြီး ဘောင်းဘီမှာ
ကြိုးတပ်ဝတ်တယ်၊၊ ကြိုးတပ်ဝတ်တဲ့ဘောင်းဘီက ဂျင်းရိုးရိုး၊အောက်က
ညှပ်ဖီနပ်၊အပေါ်ကြည့်လိုက်တော့ ဂျင်းဂျာကင်ကို
လက်အဖျားခေါက်ဝတ်ထားတယ်၊၊မင်းသမီးဆိုရင် အိန္ဒြာကျော်ဇင်တို့
ဝတ်တာစားတာတွေကြည့်ပါ၊၊ သိပ်ပြီး fashion ကျတယ်၊၊
ဒါ့ကြောင့် သူများ style တွေ သူများနိုင်ငံတွေကို နေရင်းထိုင်ရင်
အထင်ကြီးအတုယူနေမဲ့အစား ကိုယ်ပိုင် ကြိုးစားဖတ်မှတ်ပြီး
သင်ယူကြပါ ပြီးရင် တီထွင်ကြပါ၊၊ပြီးရင် underground အက၊၊ဟိုက သူတို့ရဲ့
ပါရာနာဝေးသိုင်းနဲ့တွဲပြီးက သွားကြတာ၊၊ကြည့်ကောင်းတယ်၊၊တို့ဆီက
ဘိန်းစားလက်မောင်းနဲ့ ပုလွေရိုးခြေသလုံးပိုင်ရှင်တွေက လိုက်ကတာဘယ်လိုနေလဲ၊၊
(ဂ)ထက်မြက်ပြီးတော်သောလူငယ်များမှာ
စီးပွားရေးကြောင့်ဖြစ်စေ၊အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ
ပေါ်ထွက်လာနိုင်ခြင်းမရှိပဲ အလကားအကျိုးမရှိသော လူပိုများသာ
ငွေဂုဏ်ကြောင့်ဖြစ်စေ၊ လာဘ်ထိုးပြီးဖြစ်စေ
ပေါ်ထွက်လာခြင်း၊၊
(ဃ) ယနေ့ INTERNET ကိုတော်တော်များများသုံးနေကြပါပြီ၊၊ သို့သော်
ဝမ်းနည်းစရာကောင်းသည်မှာ အကျိုးရှိ
သည့်နေရာတွင် အသုံးမချပဲ ရည်းစားရှာဖို့၊ Sexy Words တွေပြောပြီး ကျေနပ်ဖို့
စတဲ့မဟုတ်တဲ့နေရာတွေမှာ
အသုံးချနေကြတာပါပဲ၊၊မြန်မာရဲ့ အဓိကအားနည်းချက်က အဲ့ဒါပဲ၊၊မဟုတ်တဲ့နေရာမှာ
သိပ်ပြီး ချွန်တယ်၊၊ ၁ နာရီမှ ၂၀၀-၃၀၀လောက်ပေးရသော INTERNET ကို
အကျိုးရှိရှိအသုံးချမယ်ဆိုရင်
ရတနာသိုက်ကြီးပါ၊၊ လိုချင်တာ လေ့လာချင်တာ အကုန်ရတယ်၊၊ ရှာစမ်းပါ GOOGLE ကနေ၊၊
စာအုပ်တွေရှာ ဖတ်၊လေ့လာ၊၊လုပ်စမ်းပါ၊၊ အလိမ္မာ စာမှာရှိတဲ့၊၊ခုတော့
အဲ့လိုမဟုတ်ဘူး၊၊ ၃-၄-၅ နာရီလောက် ထိုင်ပြီး တွေ့သမျှ
(စော်-ဘဲ)နဲ့ထိုင်ချက်နေကြတယ်၊၊ အသက်အရွယ်ကြီးပြီးတောင်းစားနေတဲ့
အဘိုးကြီးအဘွားကြီးတွေကိုကျတော့ လာတောင်းရင်မရှိဘူးပြောလွှတ်ရတာနဲ့၊
အစုတ်ဆုံးနဲ့ တန်ဖိုးအသေးဆုံးပိုက်ဆံကိုရွေးပြီး ထည့်ရတာနဲ့ ၊၊
ဘယ်နိုင်ငံမှာမှ အဲ့လိုမချက်ပါဘူး၊၊ ချက်ဖို့လဲ အချိန်မပေးပါဘူး၊၊
အလုပ်ချိန်မှာ အလုပ်လုပ်တယ်၊၊ နားချိန်မှာ ကောင်းကောင်းနားတယ်၊၊
မြန်မာနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာ
NET အရမ်းကောင်းပါတယ်၊၊ သို့သော် သူတို့တွေ ဒို့ဆီက မြန်မာတွေလို
မချက်ပါဘူး၊၊ လိုအပ်မှ သုံးပါတယ်၊၊ ဒို့မြန်မာတွေကတော့ အဲ့လိုမဟုတ်ပါဘူး၊၊
နားကြပ်ကြီးတွေ တပ်ပြီး တစ်နေကုန်
ဖင်ပူအောင်ထိုင်၊ တွေ့သမျှ ဆန့်ကျင်ဘက်(gender ) များနဲ့ချက် နေလိုက်ကြတာကို
လေယဉ်မောင်းနေတဲ့
ပိုင်းလော့ကြီးတွေ ကျနေတာပဲ၊၊ တစ်ချို့ဆိုရင် အဲ့ဒီ INTERNET
ဆိုင်ကရောင်းတာကိုစားပြီး တစ်နေကုန်ထိုင်ချက်ပါတယ်၊၊လက်တွေ့
နားနဲ့ဆက်ဆက်ကြားနေရတာတွေရှိပါတယ် နစ်ကို
ကြိုက်တဲ့အချိန်ဖွင့်၊အမြဲတမ်းအွန်လိုင်းပဲ၊၊ပြီးရင် စကားကို အကောင်းမပြောဘူး၊၊
နှမရှိတဲ့ ကျွန်တော့်အနေနဲ့ ကိုယ့်နှမသာဆိုရင်ဆိုတာ
တွေးတောင်မတွေးရဲပါဘူး၊၊လူတစ်ယောက်ချက်တာကို ဘေးကနေနားထောင်နေတာ သူတို့မှာ
အွန်လိုင်းကနေ လေဥဥပြီးမွေးတာနဲ့ကို သားသမီးရတနာ ၁၀ ယောက်မကတော့ဘူး၊၊ကဲ
ဘယ်လိုလုပ်ကြမလဲ ၊၊ မြန်မာတွေဟာ မဟုတ်တဲ့ဘက်မှာ သိပ်ချွန်နေကြတယ်၊၊
အချိန်တွေ ၊ အင်အားတွေ ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ ၊၊ ရှက်သင့် ကြပါပြီ ၊
ပြင်သင့်ကြပါပြီ ၊၊ ကျွန်တော်တို့လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
မြန်မာလူမျိုးတွေကို ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်၊၊ ရိုင်းတယ်လို့တော့
မထင်ပါနဲ့၊၊ " ခင်ဗျားတို့ မြန်မာတွေ ဒီပုံအတိုင်းသာ ဆက်နေသွားမယ်ဆိုရင်
မြန်မာနိုင်ငံက ဖာနိုင်ငံကြီးဖြစ်သွားလိမ့်မယ်တဲ့"၊၊ဒီ Mail အတွက်
ကျွန်တော့်ကို မုန်းချင်မုန်းကြပါ နာချင်ရင်နာကြနိုင်ပါတယ်၊ နာအောင်လဲ
ရေးထားတာပါ၊၊ မှားနေကြတာတွေကို ပြင်စေချင်တဲ့စိတ်နဲ့၊အားလုံးကို
ကိုယ့်နှမတွေလို မပေါင်းသင့်တဲ့သူတွေနဲ့မပေါင်းရအောင် ၊ အတုမယူသင့်တဲ့သူတွေကို
အတုမယူမိအောင်၊အားလုံးကို ကြိုးစားချင်စိတ်ရှိကြဖို့တွေအတွက်
နာအောင်ရေးထားတာပါ၊၊ နာပြီးတော့ အဲ့ဒီလူမျိုးတွေ၊အဲ့လိုကိစ္စတွေကိုရှောင်ပြီး
ဖြောင့်
လာကြမယ်ဆိုရင် ကျွန်တော် အမုန်းခံရတာ တန်ပါတယ်၊၊ အားလုံးပဲ Good luck in
everything!
ဒီစာကို ထောက်ခံရင် မှန်တယ်ဆိုရင် သူငယ်ချင်းတွေကိုပါ ဖတ်ဖို့ပေးလိုက်ပါ၊၊
မမှန်ဘူးလို့ယူဆရင် ဒီစာရေးတဲ့သူကို မုန်းနိုင်ပါတယ်၊၊ တစ်ခုပြောစရာရှိတာက
အဲ့ထဲမှာရေးထားတဲ့ မကောင်းသောယောင်္ကျားများ၊မိန်းမများဆိုတာ
အကုန်လုံးကိုပြောတာမဟုတ်ပါ၊၊
အလွန်သိက္ခာရှိပြီး လေးစားဖွယ်၊ဂုဏ်ယူထိုက်သော
့မြန်မာအမျိုးသမီးကောင်းများစွာ၊အမျိုးသားကောင်းများစွာ ရှိပါသည်၊၊
နာမည်တပ်ပြီးပြောရန်မဖြစ်ဘူးဆိုတာကိုတော့ အားလုံးနာလည်ကြမှာပါ၊၊

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Friday, August 28, 2009

ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ

ဘဝ ဟူသည်
တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။


ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။

တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျမ သေဆုံးပါလိမ့်မယ်။
ကျမ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။

ကျမ ကိုယ် ကျမ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။

အကယ်၍ ကျမ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျမ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။

ကျမ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျမ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျမ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျမ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျမ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။

ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။

နောင်လာနောက်သားများအတွက်
ကျမ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျမ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျမ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။

ကျမ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျမ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျမနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။

ကျမ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။

အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။

ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။

အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျမအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။

ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။

ပြည်တွင်းပြည်ပ..
ကျမကို ချစ်ခင်ကြသော
ကျမကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျမပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။

ကျမ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျမ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။

အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျမ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျမရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျမ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။

ဖေဖေ့မျက်နှာနဲ့ 
ကျမအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။

ကျမ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျမ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။

ကျမ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျမရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျမ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျမ လက်ထက်မှာ မရသေးခင်
ကျမ သေလွန်ခဲ့ပါလျှင်
ကျမ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။

မသဒ္ဓါ ( ၈။ ၂၆။ ၂၀၀၉)

လူဆိုတာ တနေ့ နေ့ တော့ သေလွန်မှာပါ။ အပြစ်မရှိ မှန်ကန် ရိုးဖြောင့်သူ ရဲဝံ့စွာသေရဲတဲ့သူက သေခြင်းကို မကြောက်မရွံ့  ပြေးတွေ့ ဝံ့ပါ တယ်။
တကယ်လို့ များ တနေ့ နေ့ ဒေါ်အောင်ဆန်းစုကြည် သေလွန်ပြီးတဲ့ အခါ..သူရဲ့ ရင်ထဲမှာ..ဘာဆန္ဒတွေ ရှိပါ့မလဲ..စဉ်းစားပြီး သရုပ်ဖော်ကြည့်ပါတယ်။ မှားရင် ခွင့်လွှတ်ပါ။
တရားမျှမျှတတ နဲ့  တယောက် သေတယ်ရေးရင်..နောက်တယောက်ကိုလည်း အလားတူ..ရေးသင့်တာမို့  ဦးသန်းရွှေ ရဲ့ သေတမ်းစာ ကိုလည်း ဆက်ပုံဖော်ပေးပါ့မယ်။ စောင့်ဖတ်ပါ။

ဘာတွေရေးထားလည်းသိချင်ရင် ဆက်ဖတ်ပါ။

သဘောလောက်လေးဘဲ

Posted by Ma Thadar ( မသဒ္ဓါ ) at 4:48 PM

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

လူစိတ်ကင်းမဲ့ သူများနှင့် နေထိုင်ခြင်း သို့  အမဲရောင်နယ် တွင်နေထိုင်ကြရသော ဘ၀မြင်ကွင်း

ပြည်သူသာ အမိ ပြည်သူသာ အဖ – အပိုင်း (၁)ဆောင်းပါးရှင် – ဆရာဘုန်းမြင့်
ယခုဆိုလျှင် သမိုင်းဝင်ရှစ်လေးလုံး၏ သက်တမ်းကာလသည် (၂၀) နှစ်ပြည့်မြောက်၍(၂၁) နှစ် အတွင်းသို့ စွန်းထင်း ၀င်ရောက်ခဲ့ပါပြီ။ သို့သော် ရှစ်လေးလုံး၏အကျည်းတန်မှု၊ ရက်စက်မှု၊ ခါးသီးမှု၊ လူမဆန်မှု၊ ယုတ်မာရိုင်းစိုင်းမှု၊ကြေကွဲမှု၊ နာကျည်းမှု စသည့် စသည့် အနိဌာရုံများနှင့် နဖူးတွေ့ ဒူးတွေ့ ရင်းနှီး ထိတွေ့ကြားသိခဲ့ရသော လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
ကျောင်းသားကျောင်းသူ၊ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့သည် ထိုအချိန်
ထိုကာလမှ အကြောင်းအရာ များကို သူတို့ အသက်ရှင်နေသရွေ့ ကာလပတ်လုံး
မေ့ပျောက်ခြင်းငှာ တတ်နိုင်မည်မဟုတ်သကဲ့သို့ သူတို့၏ သားစဉ်မြေးဆက်
ပြောပြ၍လည်း ဆုံးနိုင်မည်မဟုတ်ပါ။



ထို ရှစ်လေးလုံး၏ များပြားလှစွာသော လမ်းကြောင်းများအနက်မှ လမ်းကြောင်း
တကြောင်း အတွင်းသို့ ၀င်ရောက်လျှောက်လှမ်းခဲ့ဖူးသော ကျွန်တော်သည်လည်း
ထိုလမ်းကြောင်းအတွင်းမှ သက်ဝင် လှုပ်ရှားမှု များကို ပြန်၍ မြင်ယောင်၊
ကြားယောင်နေဆဲပင်။ ရှစ်လေးလုံး၏ ပေါင်းဆုံစီးဆင်းရာ လမ်းကြောင်းများနှင့်
ပုံရိပ်များ သည် ကောင်းကင်မှ ကြယ်အစုံကို ကြည့်မိသကဲ့သို့ အချို့  မှာ
ထင်ရှားလျက်၊ အချို့မှာ မှုံဝါးလျက်၊ အချို့မှာ မပီဝိုးတ၀ါးနှင့်။ မတ်လ
(၁၆)ရက် ကျွန်တော် ရုံးတက်သောနေ့တွင် စက်မှုတက္ကသိုလ်သို့ လုံထိန်းနှင့်
စစ်တပ်မှ ၀င်နှောက်ရိုက်နှက် ဖမ်းဆီးသည့် သတင်းကိုကြားရသည်။ နောက်ဆက်ကာ
ဆက်ကာ ဆိုသလို အင်းလျားကန်ဘောင် တံတားဖြူတွင် လုံထိန်းများက ကျောင်းသား
ကျောင်းသူများကို ကမ်းကုန်ရက်စက်စွာ ရိုက်နှက် သတ်ဖြတ်မှု၊
ရန်ကုန်တက္ကသိုလ်ဝင်းထဲ လုံထိန်းနှင့် စစ်သားများဝင်စီးကာ ကျောင်းသား
ကျောင်းသူများကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်မှု၊ အလုံပိတ် အချုပ်ကားထဲတွင်
ကျောင်းသားများ မွန်းကြပ် သေဆုံးမှုတို့မှာ ကြားရသူတိုင်းကို
အံ့သြတုန်လှုပ် ခြောက်ချား စေကာ ပြင်းထန်စွာ ထိခိုက် ခံစားရစေပါသည်။
ဤအရေးအခင်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ရဲဘော်များကို
ကာကွယ်ရေးဝန်ကြီးဋ္ဌာန ခမ်းမသစ်ကြီးတွင် ခေါ်ယူပြီး ဗိုလ်မှူးကြီးများ
တယောက်ပြီး တယောက် စင်မြင့်ပေါ် တက်ကာ သူတို့ လိုချင်သော ပုံစံများဖြင့်
ရှင်းလင်းသွားခဲ့သည်။


သို့သော် ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ စစ်သည်များသည် အပြင်တွင်
နေခွင့်ရကြသူများဖြစ်ကြ၍ အဖြစ်မှန်များကို သိထားနှင့်ကြပြီးဖြစ်ရာ
ဤရှင်းလင်းပွဲကို စိတ်မ၀င်စားကြ၊ ဗိုလ်မှူးကြီးတယောက်က ပြောပါသေးသည်။
“ဒီလို မြို့တွင်း အရေးအခင်းတွေနဲ့ ပတ်သက်ရင် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှာ
ရှိတဲ့ အရာရှိ စစ်သည်တွေမှာလည်း တာဝန် ရှိတယ်၊ နောင်… ဒီလို
အရေးအခင်းမျိုးတွေ ထပ်ဖြစ်လာရင် ကာကွယ်ရေးဝန်ကြီးဋ္ဌာန အနေနဲ့
တာဝန်ယူရလိမ့်မယ်။ ဒါကြောင့် အခုကစပြီး လုံခြုံရေးတပ်ရင်းတွေ ဖွဲ့မယ်” ဟု
ပြောပါသည်။ “အော်…. ဒါကြောင့်လည်း ငါတို့ကို မွမ်းမံ သင်တန်းတွေ မကြာခဏ
တက်ခိုင်းတာကိုး” ဟု ခံပြင်းစွာ တွေးမိသည်။ ကျွန်တော်တို့
ကာကွယ်ရေးဝန်ကြီးဋ္ဌာန အတွင်းရှိ ကြည်း၊ ရေ၊ လေ စစ်သည်များသည် မကြာခဏ
ဆိုသလို ဖေါင်ကြီးလေ့ကျင့်ရေး (၁) နှင့် ဂျိုးဖြူတိုင်း ဗဟိုတို့တွင်
စစ်ပညာ မွမ်းမံ သင်တန်းများ သွားတက်ရသည်။ ဘယ်နှစ်ဘယ်သင်တန်းတွင်မဆို
အထူးဦးစားပေး သင်တာကတော့ လူထုအုံကြွမှု (သို့မဟုတ်) ဤကဲ့သို့သော
အရေးအခင်းမျိုးတွင် အရပ်ဘက် အုပ်ချုပ်ရေးမှ မထိန်းသိမ်းနိုင်တော့သဖြင့်
စစ်ဘက်သို့ လွှဲအပ်ပြီး နှိမ်နင်းစေသော သင်ခန်းစာ ဖြစ်သည်။


ဆန္ဒပြလူအုပ်ကြီး ချီတက်လာပုံ၊ အရပ်ဘက်အုပ်ချုပ်ရေးမှ တားဆီးပုံ၊
နောက်ဆုံး မတားနိုင်တော့သဖြင့် စစ်တပ်ကို လွှဲအပ်ပုံ၊ စစ်ကားများ ဆန္ဒပြ
နေရာသို့ ရောက်ရှိလာပုံ၊ ၀တ်စကုတ် အနီဝတ် လက်ဖြောင့် တပ်သားများက
သေနတ်ကို မုဆိုးဒူးထောက် အနေအထားဖြင့် ဆန္ဒပြ လူအုပ်ကြီး ဘက်သို့
ချိန်ရွယ်ထားပုံ၊ အထက်အရာရှိက အသေပစ်ရန် ခရာဖြင့် အမိန့်ပေးပုံ၊
ဆန္ဒပြသူများ လဲကျသေဆုံးပုံ၊ ထိုသရုပ်ပြပွဲကို ရှင်းလင်းပွဲ
နားထောင်ရင်း စိတ်မသက်မသာ ဖြစ်ခဲ့ပုံများကို ပြန်မြင်ယောင်လာကာ
“သြော်..ဒို့ကို ဒီသင်တန်းတွေ မကြာခဏ တက်ခိုင်းတာ တိုင်းပြည်ရဲ့
အညွန့်အဖူး ကျောင်းသားများကို ပစ်သတ် ခိုင်းဖို့ပါလား” ဟု နာကျင်စွာ
တွေးတောမိပြီး “အကယ်၍သာ ဒီလိုအရေးအခင်းတွေ ထပ်ဖြစ်ပြီး ငါတို့ကို
နှိမ်နင်းဖို့တာဝန်ပေးခဲ့ရင် ဘယ်လိုလုပ်ရပါ့” ဟု တဆက်တည်း စဉ်းစားမိပြီး
ရင်ထဲလေးလံ ထိုင်းမှိုင်း သွားခဲ့ရသည်။ အလျဉ်းသင့်၍ ပြောရပါလျှင် တပ်တွင်း
ရဲဘော်များသည် ဤအရေးအခင်း မပေါ်မှီ ကတည်းက စစ်အစိုးရနှင့် ပတ်သက်၍
မကျေနပ်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနတွင်
လုပ်အားပေးများ အမြဲလိုလို ရှိနေတတ်သည်။ သို့သော် ပြည်သူ့အကျိုးပြု
လုပ်ငန်းများတော့ မဟုတ်၊ ဒူးယားတဘူး၊ ဆပ်ပြာတတောင့်ပေးပြီး
အရာရှိကြီးများ နေထိုင်ရာ (ဥပမာ – အဏ္ဏ၀ါရိပ်သာ၊ ပြည်ထောင်စုရိပ်သာ)
ပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများစွာနှင့် ညစ်ပတ်ပေရေ နေသော
နေရာများကို ရှင်းလင်းခိုင်းခြင်းသာ ဖြစ်သည်။ ရဲဘော် စစ်သည်များအတွက်မူ
ဘာမျှ ဆောင်ရွက်မပေး၊ ယုတ်စွအဆုံး တပ်တွင်းလူပျိုလိုင်းရှိ
ရေချိုးကန်အိမ်သာများ ကိုပင် ကောင်းကောင်း မဆောက်ပေး၊ မပြင်ပေး၊
မြစိမ်းရောင်၊ ရွှေဝါမြေ စစ်ဆင်ရေးများတွင် အကြိမ်ကြိမ် ပါဝင်ခဲ့ဖူးသဖြင့်
တောင်သူလယ်သမားများ၏ အခွင့်အရေး ဆုံးရှုံးမှုများ၊ နစ်နာချက်များကိုလည်း
ရင်နင့်စွာ ကြားသိမြင်ခဲ့ရသည်။ ကိုယ်ချင်းစာ ခဲ့ရသည်။ ငါတို့ လုပ်နေတာ
ပြည်သူအတွက် တိုင်းပြည်အတွက် မဟုတ် ဆိုတာကို သိခဲ့ရသည်။
တောင်သူလယ်သမားများမှာ သေနတ်ကြောက်၍သာ ငုံ့ခံခဲ့ရသည်။ (ဥပမာ
မာဃစီမံကိန်း) ၊သည် အတွေ့အကြုံ၊ သည်ခံစားချက်များသည် အထက်အောက်
ဆက်ဆံမှုများတွင် လေးစားမှုများ လျော့နည်းခဲ့ရသည်။ ၂၅ိ၊ ၃၅ိ နှင့် ၇၅ိ တန်
ငွေစက္ကူများ တရားမ၀င်ကြောင်း ကြေညာ လိုက်ခြင်းကလည်း အောက်ခြေ ရဲဘော်များ
သာမက အထက်အရာရှိများ အတွင်းတွင်ပင် မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့ရသည်။


ဇွန်လမြေနီကုန်း အရေးအခင်းများ ပြီးနောက် အမှတ်(၅၀၂) လေတပ်စခန်းနှင့်
ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း (လပထ)မှ စစ်သည်များကို အရေးအခင်းများ
နှိမ်နင်းရေးအတွက် လုံခြုံရေး တာဝန်များ ပေးလာသည်။ သို့သော် ခိုင်းသာ
ခိုင်းရသည်။ လေတပ်နှင့် ရေတပ်ကို မယုံကြ၊ သို့ဖြစ်၍ မြို့လယ်ခေါင်နှင့်
ကျောင်းသားများနှင့် နီးစပ်သော နေရာများတွင် လုံခြုံရေးတာဝန်မပေးရဲ၊
တောင်ဥက္ကလာလို မြို့ အစွန်များတွင် တာဝန်ပေးသည်။ အခြားတပ်များက
မည်သို့သဘော ထားသည်ကို ကျွန်တော်မသိ။ ကျွန်တော်နှင့် ထိတွေ့ရင်းနှီးမှု
ရှိခဲ့သော (လပထ) လေတပ်စခန်းရှိ ရဲဘော်များ၏ သဘောထားကတော့ ပြတ်သည်။ “ ဟေ့
– ငါတို့ကတော့ အထက်အမိန့်မို့သာ သွားရတာ၊ လုံးဝဆန္ဒမရှိဘူး၊ ငါတို့ကို
ပစ်မိန့် ပေးလို့ကတော့ ဆောရီးဘဲ၊ လုံးဝမပစ်ဘူး၊ ပြည်သူတွေ ကျောင်းသားတွေ
ရှေ့မှာ သေနတ်ကို ဒီအတိုင်း ပစ်ချပေးလိုက်မယ်၊ နောက်မှ ဘယ်လို
အပြစ်ပေးပေး၊ နောက်မှ ကြည့်ရှင်းမယ်” ဟူ၍ အချင်းချင်း လျှို့ဝှက်
ညှိနှိုင်းထား ကြသည်။ သို့သော် အချို့ တလွဲဆံပင်ကောင်းသူများကတော့ “
ငါတို့တော့ သူ့ဆန်စားထားရတာ၊ သူတို့ ခိုင်းတာ လုပ်ရမှာဘဲ” ဟု ပြောသံ
ကြားရကြောင်း ပွင့်လင်းစွာ ၀န်ခံပါသည်။ ရှစ်လေးလုံး အရေးအခင်းသည်
ကျွန်တော်တို့ ရဲဘော်များနှင့် အရာရှိ အသိုင်းအ၀ိုင်းထိ ၀င်ရောက်ခါ
နာကျည်းမှုများ နှင့်အတူ စစ်အစိုးရအား ပုန်ကန် ထကြွချင်စိတ်များ တဖွားဖွား
ပေါ်ပေါက်စေခဲ့သည်။


၁၉၈၈ခုနှစ် သြဂုတ်လ (၈) ရက်နေ့သည် ရုံးဖွင့်ရက်ဖြစ်သဖြင့် ကျွန်တော်တို့
ရုံးတက်ကြရသည်။ ရုံးသာ တက်ရသည်၊ ဘယ်သူမှ အလုပ်ကို စိတ်မ၀င်စားကြ၊ အထွေထွေ
သပိတ်မှောက်ရန် ကြေညာထားသော နေ့ဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်ပြီး
စိတ်ဝင်စားစွာ ပြောဆိုဝေဖန်မှုများသည် မနက်ကင်တင်းတွင် ထိုင်ချိန်မှာစ၍
ရုံးပေါ်ရောက်သည်အထိ ပြောဆို ဝေဖန်နေကြတုန်းပင်၊ မနက် (၁၀) နာရီခန့်တွင်
တောင်ဘက် ရွှေတိဂုံ ဘုရားလမ်းမှ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ”၊ “တပါတီစနစ်
အလိုမရှိ”၊ “ဒီမိုကရေစီ ချက်ချင်းပေး၊ ချက်ချင်းပေး” စသော
ကြွေးကြော်သံများကို ကြားရသဖြင့် ကျွန်တော်တို့သည်
ပြူတင်းပေါက်များနားသို့ အလိုလို ရောက်သွားကာ ကြည့်မိကြသည်။ ရှေ့ဆုံးတွင်
ခွပ်ဒေါင်းအလံနှင့် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများကို
ကိုင်ဆောင်ထားကြသော အဖြူအစိမ်း ကျောင်းဝတ်စုံနှင့် ငယ်ရွယ်သော ကျောင်းသူ၊
ကျောင်းသားများသည် ကြွေးကြော်သံများကို အသံကုန် အော်ဟစ် တိုင်ဖောက်ကာ
တက်ကြွစွာ ချီတက်လာကြသည်။ သူတို့ နောက်မှ များစွာသော လူထုကြီး၊
လူထုကြီးနောက်မှ ရဟန်းသံဃာပေါင်း များစွာကလည်း ကြွေးကြော်သံများဖြင့်
ချီတက်သွားရာ စတီးဝပ်၊ ဂျူပလီလမ်းတလျှောက် နှင့် ကျွန်တော်တို့
စစ်ရုံးပတ်ပတ်လည်တွင် လူပင်လယ်ကြီး ဖြစ်နေတော့သည်။ ဆန္ဒပြလူထုကြီးသည်
ကျွန်တော်တို့ စစ်သားများကို လက်ဝှေ့ရမ်း နှုတ်ဆက်ကြသည်။ “
ပြည်သူ့တပ်မတော် ဒို့တပ်မတော်”၊ “တပ်မတော်သားများ ပြည်သူလူထုနဲ့
ပူးပေါင်းပါ၊ ရပ်ကြည့်နေလို့ အမြတ်မရှိဘူး၊ ပြည်သူတွေနဲ့ ပူးပေါင်းမှ
ဒီမိုကရေစီရမယ်” စသဖြင့် အော်ဟစ်သွားကြသည်။


ညနေရုံးဆင်းချိန်တွင် ကျွန်တော်တို့ အိမ်ပြန်ရန် အခက်ကြုံရတော့သည်။ ဤမျှ
များပြားလှသော လူအုပ်ကြီများ ကြားမှ နေ၍ ကျွန်တော်တို့ အဘယ်သို့
ပြန်ရပါမည်နည်း။ (ကျွန်တော်တို့ ရုံးသူရုံးသားများကို နေ့စဉ် ဖယ်ရီဖြင့်
အကြိုအပို့ လုပ်ပေးသည်။) ကားများ ဘယ်လို ထိုးဖောက်ထွက်နိုင်မည်နည်း။
စစ်သားဆို အမုန်းကြီး မုန်းနေသော လူထုကြီးကို ကျွန်တော်တို့
ထိုးဖောက်သွားဖို့ ခက်နေပြီမဟုတ်ပါလား။ ရုံးဝင်းအတွင်းရှိ လုံခြုံရေး
တပ်ဖွဲ့များကတော့ (stand by) အနေအထားဖြင့် အထက်အမိန့်ကို စောင့်နေကြသည်။
မကြာမကြာ ဆိုသလို အသံချဲ့စက်တပ် (TE-11) စစ်ကားများဖြင့်
မြို့တွင်းမြို့ပြင်သို့ တစီးပြီး တစီး ထွက်သွားတတ်သည်။ ည (၇) နာရီ
ကျော်သည်နှင့် ကျွန်တော်တို့ အိမ်ပြန်ရေးအတွက် စခန်းမှူးဗိုလ်မှူးကြီး
ဘဆန်းနှင့် သူ၏ အထက်အရာရှိများက စီစဉ်ပေးသည်။ ဤသို့ဖြင့် ည (၈)
နာရီခန့်တွင် ဘရင်းကယ်ရီယာနှင့် လုံခြုံရေးတပ်ဖွဲ့များရှေ့နောက် ခြံရံကာ
ဖယ်ရီကားတစ်စီးတွင် လုံခြုံရေးစစ်သား (၄) ယောက်စောင့်ကြပ်၍
အိမ်ပြန်ခရီးကို စခဲ့ရသည်။


မင်္ဂလာဒုံတွင် နေသော ကျွန်တော်အပါအ၀င် စစ်မှုထမ်းများသည် (၁၅) စီးသော (BM)
ဖယ်ရီကားတန်းဖြင့် အစောင့်အရှောက်များ ခြံရံကာ ရွှေဂုံတိုင်၊
ကမ္ဘာအေးဘုရားလမ်း အတိုင်း မောင်းနှင်ခဲ့ရာ လမ်းတလျှောက်တွင် ဧရာမ
လူအုပ်ကြီးများနှင့် တိုးပါတော့သည်။ များပြားလှသော လူအုပ်ကြီးသည်
ကားသွားနိုင်ရုံ လောက်သာ လမ်းဖွင့်ပေးထားပြီး တဖက်တချက်တွင် ညှပ်ထားသည်။
ကမ္ဘာအေးလမ်းအဆုံး ရှစ်မိုင်၊ မရမ်းကုန်း လမ်းဆုံရောက်သည်အထိပင်။
စစ်သားများကို အန္တရာယ်ပြုဖို့တော့ မဟုတ်ပေ။ ကျွန်တော်ထင်သည်၊ ဤ (၈)
ရက်နေ့ည ကျွန်တော်တို့ ပြန်ချိန်အထိ ပြည်သူလူထုသည် စစ်တပ်ကို (တပ်မ ၂၂
မှလွဲ၍) ခါးခါးသီးသီး မမုန်းသေး၊ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုကြီးသည်
တပ်မတော်သား များကို အားကိုးကြောင်း၊ သူတို့နဲ့ ပူးပေါင်းရန်
လိုလားကြောင်း၊ သူတို့၏ အပြုအမူများကို မျက်ဝါးထင်ထင် မြင်လိုက်ရ
သောကြောင့်ပင် ဖြစ်သည်။ “ပြည်သူ့ တပ်မတော် ဒို့တပ်မတော်”၊ “တပ်မတော်နှင့်
ပြည်သူ ပူးပေါင်းရေး ဒို့အရေး၊ ဒို့အရေး” ၊ “တပ်မတော်သားများ
ကျန်းမာကြပါစေ”၊ စသဖြင့် အော်ဟစ် ကြွေးကြော်ရင်း လက်ခုပ်သြဘာပေးကာ
လက်များကို အားရပါးရ ဝှေ့ရမ်းပြကြသည်။


အချို့ဆိုလျှင် ကျွန်တော်တို့ အပြန်လမ်းကို တမင်စောင့်နေကာ
အကအခုန်များဖြင့် ကြိုဆိုကြသည်။ အချို့ဆိုလျှင် ပန်းကုန်းများဖြင့်
ပစ်ပေါက်ကြသည်။ ကျွန်တော်တို့လည်း ပြန်၍ လက်များ ဝှေ့ရမ်းပြသည်။
(ကျွန်တော်တို့ ကားများတွင် အရာရှိများ လုံးဝမရှိပါ။) သို့သော်
လက်များကို လွတ်လွတ်လပ်လပ် အပြင်ထုတ်မပြနိုင်ခဲ့၊ ဂျင်ဂလိအန္တရာယ်ကြောင့်
ကားမှန်ပြူတင်းပေါက်များကို ပိတ်ထားရမည် ဟူသော အမိန့်ကြောင့် ဖြစ်သည်။
ကျွန်တော်တို့ နေထိုင်ရာ ပြုပြင် ထိန်းသိမ်းရေး လေတပ်စခန်းသို့
ရောက်သောအခါ အဆောင်နေ ရဲဘော်များက မြို့တွင်းအခြေအနေကို လာရောက်
မေးမြန်းကြသည်။ ည(၁၁) နာရီခန့်တွင် လျှို့ ဝှက်ဆွေးနွေးမှုများ ပြုလုပ်ကာ
ကျောင်းသားများနှင့် ဆက်သွယ်ပြီး လှုပ်ရှားမှုများ ပြုလုပ်ရန်နှင့်
အခွင့်ကြုံလျှင် ကြုံသလို လူထုအတွင်း ပါဝင်ရန် ဆုံးဖြတ်ကြသည်။


နောက်တနေ့ ရုံးအတက်တွင် သတင်းဆိုးများကို ကြားရတော့သည်။ (၈) ရက်နေ့ည (၁၁)
နာရီ နှင့် (၁၃) နာရီကြားတွင် ဗိုလ်နေ၀င်း၏ လက်မရွံ့ အာဏာသားများက
မြို့တော်ခန်းမအနီး ဆန္ဒပြသူ လူအုပ်အတွင်းသို့ မောင်းပြန် ဂျီးသရီး၊
ဂျီဖိုး များဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခြင်း သတင်းပင်။
ကျွန်တော်တို့ တရုံးလုံး (မဆလ ဒေါက်တိုင်များမှလွဲ၍) စိတ်ထိခိုက်စွာ
ခံစားကြရသည်။ အခြားအဆင့် စစ်သည် other rank များမှအစ အရာရှိကြီးများပင်
စစ်တပ်၏ လူမဆန်မှုများကို ပစ်ပစ်ခါခါ ဆဲဆိုပြစ်တင် ဝေဖန်ရှုံချကြသည်။
ရုံးပတ်ဝန်းကျင် ဘယ်နေရာဘဲ သွားလိုက်သွားလိုက် ဤအသံများကိုသာ ကြားရသည်။
(ဤ အချိန်က ထောက်လှမ်းရေး သူလျှိုများ စိမ့်မ၀င်သေး၊ လွတ်လပ်စွာ
ပြောဆိုနိုင် သည်။)၊ (၈) ရက်နေ့ ညက ကျွန်တော်တို့ကို လှိုက်လှဲစွာ
ကြိုဆိုလက်ကမ်းလာသော ပြည်သူလူထုကြီး တရပ်လုံးသည် (၉)ရက်နေ့တွင်
စစ်သားဆိုလျှင် အသံကိုပင် မကြားချင်လောက်အောင် အမုန်းကြီးမုန်း၊ အရွံကြီး
ရွံသွားကြလေပြီ။ အချို့ ရပ်ကွက်များမှာဆိုလျှင် စစ်သားမှန်း သိလျှင်
ဝိုင်းအရိုက်ခံရသည်။ အချို့ဆိုလျှင် ရပ်ကွက်ထဲမှာ မနေရဲတော့၍
တပ်တွင်းသို့ ပြောင်းနေကြရသည်။


ပြည်သူ့တပ်မတော်အမည်ခံထားပြီး ပြည်သူ့ဘက်မှ မရပ်တည်ခဲ့သော၊ ပြည်သူကို
အကျိုးမပြုခဲ့သော၊ ပြည်သူတို့၏ အားကိုးရာ မဖြစ်ခဲ့သော ကျွန်တော်တို့
တပ်မတော်သားများသည် ငါးခုံးမတည်းဟူသော လက်မရွံ့ အာဏာသားများကြောင့်
လှေကြီး တလှေလုံးပုတ်ခဲ့ရပြီ၊ ဤ အရေးအခင်း၏ အကျိုးဆက်ကြောင့်
ကျွန်တော်တို့ စစ်သားများသည် ပြည်သူလူထု အရပ်သားဝန်ထမ်းများနှင့်
ဆက်ဆံရသောအခါ များစွာ မျက်နှာငယ်ရပြီး အရှက်ကြီး ရှက်ခဲ့ရသည်။
ကျွန်တော်သည် ဘဏ်များတွင် ငွေသွင်းငွေထုတ်ကိစ္စဖြင့် သွားရလေရာ
အခြားဝန်ထမ်းများ မဆိုထားနှင့်၊ ကျွန်တော်နှင့်ရင်းနှီးသော စာရေး
ဝန်ထမ်းများကပင် လိုလားဟန်မပြ၊ လူကို မုန်း၍မဟုတ်၊ စစ်သားဟူသော
အမြင်ဖြင့် မုန်းတီးရွံ့ရှာစွာ အကြည့်ခံရသည်။ ငွေစာရင်း ကိစ္စနှင့်
ပဲခူးကလပ်ရှိ CMA (ကာကွယ်ရေးငွေစာရင်း ၀န်ရုံး) သို့ သွားရာတွင်လည်း ဤ
နည်းနှင်နှင်ပင်။ အချို့ ရင်နှီးသော စာရေးဝန်ထမ်းနှင့်
ရုံးအုပ်အရာရှိများက “ဘယ်လိုလဲ ဒီအရေးအခင်းမှာ ခင်ဗျားတို့ ဘာမှ
မလှုပ်ရှားဘူးလား၊ ကျောင်းသူကျောင်းသားနဲ့ ပြည်သူလူထု တရပ်လုံးက
သတ္တိရှိရှိ တောင်းဆိုမှုတွေ၊ လှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေ လုပ်နေကြပြီ၊
ခင်ဗျားတို့လည်း ပါဝင်သင့်ပြီ၊ ပြည်သူဘက်က ရပ်တည်သင့်ပြီ” ဟု
ပြောဆိုခြင်း ခံရသည်။ ကျွန်တော်လည်း ရှက်ရှက်ဖြင့် “ အခွင့်အရေးတော့
စောင့်နေတုန်းဘဲ၊ အခုလောလောဆယ် အခြေအနေ မပေးသေးဘူး၊ အခြေအနေ ပေးတာနဲ့
လှုပ်ရှားဖို့ အဆင့်သင့် ပြင်ထားပါတယ်” ဟု ပြောခဲ့ရသည်။


ကျွန်တော်တို့သည် ဤသို့လျှင် ပြည်သူလူထု အကြားတွင် မတိုးရဲ၊ မတိုးဝံ့၊
မုန်းတီးရွံရှာသော အကြည့်များကို မခံရဲ၊ မခံဝံ့ဖြင့် အရှက်ကြီးရှက်၊
အခက်ကြီး ခက်ရပေပြီ။ စိတ်ဓာတ်လည်း အကြီးအကျယ် ကျခဲ့ရပြီ၊
ကြည့်ပါအုံးတော့၊ တပ်မတော်သားဆိုတဲ့ ကျွန်တော်တို့ အဖြစ်
ရုံးတက်ရုံးဆင်းချိန်တွင် အရပ်ဝတ်ဖြင့် ဆင်းတတ်ရပြီး ရုံးကျမှ
ယူနီဖောင်းလဲရသည်။ ဘယ်လောက် ရှက်စရာ ကောင်းပြီး ဘယ်လောက်ရယ်စရာ
ကောင်းပါသလဲ၊ ရှက်စရာ ကောင်းပြီး ရယ်စရာ ကောင်းတာကတော့ အရပ်ဝတ် ၀တ်ပြီး
BM စစ်ဖယ်ရီများဖြင့် ရုံးတက်ရုံးဆင်းရခြင်းပင်၊ ပြည်သူလူထု၏ စူးစမ်း၊
ထူးဆန်းသော အကြည့်၊ လှောင်ရီ ထေ့ငေါ့သော မျက်နှာပေး များကို
မမြင်ချင်ဆောင် ထားရသည်။ “အခုမှ ကြောက်နေပြီလား” ဆိုသော အသံများကိုလည်း
ကြားရသည်။ စစ်ရုံးမှ စစ်သားများ ဖယ်ရီတွေ တသီတတန်းကြီးဖြင့်
ရုံးတက်ရုံးဆင်းကြမှန်း ရန်ကုန်တမြို့လုံးက ပြည်သူတွေ သိနေကြပြီ။ အော်…
ပြည်သူတွေ ဘက်မှ အစဉ်ရပ်တည် နေပါသည်ဆိုသော တပ်မတော်သည် ယခုအခါ တွင်
ပြည်သူတွေ ကြားတွင် မ၀ံ့မရဲဖြင့် ခိုးကြောင်ခိုးဝှက် သွားလာနေကြရပြီ၊
ရင်နာစရာ ကြေကွဲစရာ ကောင်းလေစွ။


ပြည်သူလူထုရဲ့ လှိုက်လှဲစွာ ကြိုဆိုမှုနဲ့ ကြည်နူးဝမ်းသာ မျက်ရည်များ
တွေတွေ စီးကျခဲ့ရပုံ၊ တပ်မတော် (လေ) ရဲ့ ရှစ်လေးလုံး
လှုပ်ရှားခဲ့ပုံတွေကို အပိုင်း(၂) မှာ ဆက်လက် တင်ပြသွားပါမယ်။





ပြည်သူသာ အမိ ပြည်သူသာ အဖ – အပိုင်း (၂)


ဆောင်းပါးရှင် – ဆရာဘုန်းမြင့်


ဆန္ဒပြပွဲများအနက် လူအစည်ကားဆုံးနေ့ကို ပြောပါဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်
မိန့်ခွန်းပြောကြားမည့် သြဂုတ်လ (၂၆) ရက် သောကြာနေ့ဟု ပြောရမည်ထင်သည်။
ဘာကြောင့်လဲဆိုတော့ ယင်းနေ့ မနက် (၅) နာရီလောက် ကတည်းက သိန်းသောင်းမကသော
လူအုပ်ကြီးသည် ရွှေတိဂုံဘုရားလမ်းအတိုင်း အနောက်ဘက် မုခ်သို့
ချီတက်သွားကြသည်မှာ တနေ့လုံး မဆုံးနိုင်တော့၊ ကျွန်တော်တို့လည်း မနက် (၉)
နာရီကျမှ တပ်ပြင်ထွက်ခွင့် ရသောကြောင့် ထိုအချိန်ကျမှ
ယင်းဟောပြောမည့်နေရာသို့သွားရာ နဲနဲနောနော မဟုတ်သော ဧရာမလူအုပ်ကြီးကို
တွေ့ရသည်။ တိုး၍ ပင်မပေါက်၊ ဤမျှကျယ်သော ကွင်းပြင်ကြီးတွင်ပင်
နေရာမဆန့်တော့ဘဲ လူများအပြင်သို့ ပြည့်လျှံထွက်ကာ လမ်းတခုလုံး ခြေချစရာ
မရှိလောက်အောင် ပြည့်နှက်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရောက်သောအခါ
ပရိတ်သတ်၏ သြဘာသံသည် နားကွဲတော့မလား ထင်ရအောင် ကျယ်လောင်ပြင်းထန်လှသည်။
ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်တွင် သဲသဲကွဲကွဲ မမြင်ရတော့ဘဲ အသံသာ
ကြားနေရသည်။ များပြားလှသော လူအုပ်ကြီးကြောင့် အသံချဲ့စက် မြောက်များစွာ
တပ်ထားပါလျက် မကြားတချက် ကြားတချက် ဖြစ်နေသည်။ လက်ခုပ်သံများကသာ
ဖုံးလွှမ်း နေတော့သည်။ မှတ်မိလိုက်တာ တချို့ကတော့ “နိုင်ငံခြားသားနဲ့
အိမ်ထောင်ကျတာ ကလေးအတွက်ကြောင့် ကျမတိုင်းပြည်အပေါ် မှာထားတဲ့ မေတ္တာဟာ
ဘယ်လိုနည်းနဲ့မှ ကျဆင်းမသွားနိုင်ပါဘူး၊ နိုင်ငံရေးနဲ့ ဝေးဝေးကင်းကင်း
နေခဲ့ချင်ပေမယ့် ဒီအရေးအခင်းက တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်း
ဖြစ်နေပါတယ်။ ကျမလည်း ဖေ့ဖေ့သမီးလုပ်နေပြီး ခေါင်းရှောင်နေလို့
မဖြစ်တော့ဘူး။ တကယ်တော့ ဒီအရေးအခင်းဟာ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီး
ခေါ်ရင်လည်း ဖြစ်ပါတယ်။” ဟူသော စကားသံများပင်ဖြစ်သည်။


စက်တင်ဘာ (၈) ရက်နေ့တွင် (လပထ) ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း၊
မင်္ဂလာဒုံ မှ ပါဝင်လှုပ်ရှားရန် အခြေအနေ တရပ်က မမျှော်လင့်ဘဲ
ဖန်တီးပေးလာသည်။ ထို့အတူ ကျွန်တော်လည်း ထိုဆန္ဒပြပွဲတွင် ပါဝင်လာရန်
အခြေအနေက သူ့ အလိုအလျောက် ဖန်တီးပေးလာသည်။ ထိုနေ့မနက်က ကျွန်တော်သည်
ကာကွယ်ရေးဝန်ကြီးဋ္ဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တွင် ရှိနေပါသေးသည်။
မနက် (၁၀) နာရီတွင် မင်္ဂလာဒုံတပ်နယ် လုံခြုံရေးတပ်ဖွဲ့များအတွက်
အင်အားဖြည့် ရိက္ခာများ သွားပို့ရန် အစီအစဉ် တရပ်ပေါ်လာသည်။ ထိုအဖွဲ့တွင်
ကျွန်တော်လည်း ပါဝင်သည်။ (၅၀၂) လေတပ်စခန်းတွင် ရိက္ခာများ ချပြီးနောက်
(လပထ) သို့ဝင်သည်။ ကျွန်တော်သည် ထိုတပ်လူပျိုဆောင်တွင် နေသောကြောင့်
ရုံးချုပ်သို့ ပြန်လိုက် မသွားတော့။ ညနေ(၃) နာရီလောက်တွင် ထူးခြားမှု
တရပ်ပေါ်ပေါက်လာသည်။ (ကျွန်တော်တို့ လူပျိုများနေသော မာဃဆောင် အပေါ်ထပ်မှ
ကြည့်လိုက်လျှင် ပန်းခြံကုန်းရှိ ကားလမ်းကို အတိုင်းသား မြင်နေရသည်။)
ရန်ကုန်မြို့တွင်း ဆန္ဒပြပြီး ထောက်ကြံ့၊ မှော်ဘီသို့ ပြန်လာကြသော
ကားတန်းကြီးဆီမှ အော်ဟစ်ကြွေးကြော်သံ များ ကျယ်လောင်လှလေရာ ကျွန်တော်တို့
တဆောင်လုံး ထွက်ကြည့်ပြီး ကျယ်လောင်သော သြဘာလက်ခုပ်သံများ၊
လက်ခေါက်မှုတ်သံများဖြင့် အော်ဟစ်အားပေးကြသည်။ ထိုစဉ် လေ – (၁၃၈၅)
ဒုဗိုလ်မှူးကြီးဇော်ဝင်း ဘယ်လိုက ဘယ်လို ရောက်လာသည်မသိ၊ “ဟေ့-ဘာလို့
လက်ခုပ်တီးကြတာလည်း မင်းတို့ကို ကောင်းကောင်းကျွေးထားတာ ကောင်းကောင်း
နေကြ၊ ဆူဆူပူပူ မလုပ်နဲ့၊ အကုန်ဖမ်းချုပ်လိုက်မယ်” ဟု ပြောလိုက်ရာ
ရဲဘော်အချို့ က “ကျုပ်တို့ ငတ်လို့ တပ်ထဲဝင်လာတာ မဟုတ်ဘူး၊ ဘွဲ့ရရင်
ထွက်မယ့် ကောင်တွေ ချည်းဘဲ” ဟု ပြန်ပြောသည်။ ဇော်ဝင်းမှာ
အလွန်ဒေါသထွက်သွားသော်လည်း များပြားလှသော လူအုပ်အရှိန်ကြောင့် ဘာမျှ
ပြန်မပြောတော့ဘဲ ချာကနဲ လှည့်ထွက်သွားသည်။ ရဲဘော်များ လုံးဝမကျေနပ်ကြ၊
နဂိုကတည်းက အခွင့်အရေး စောင့်နေကြသူများဖြစ်၍ မကြာမီပင် “ဒီမိုကရေစီ
ရရှိရေး ဒို့အရေး၊ ဒို့အရေး”၊ “တပါတီစနစ် အလိုမရှိ”၊ “ဒို့ရဲဘော်တွေ
ညီရဲ့လားဟေ့-ညီတယ်ဟေ့၊ ညီတယ်ဟေ့” စသဖြင့် အော်ဟစ်ပါတော့သည်။


မကြာမီပင် ရဲဘော် (၂) ယောက်အချုပ်ခံရရာ မကျေနပ်မှုများ
ပိုမိုပြင်းထန်လာသည်။ ရဲဘော်များ ဘာလုပ်ကြမည်ကို တိုင်ပင်ကြလေပြီ၊ ညနေ
ခြောက်နာရီခွဲလောက်တွင် ဇော်ဝင်း ထပ်ရောက်လာပြီး အဆောင်မှူး
တပ်ကြပ်အောင်စည်ရှိရာ မာဃဆောင် အခန်း(၁) သို့သွားပြီး
ပြစ်တင်ကြိမ်းမောင်းခြင်းနှင့် ညွှန်ကြားချက်များ ပေးနေသည်မှာ မဆုံးတော့၊
ရဲဘော်များကလည်း သူဝင်လာကတည်းက အောင်ဆန်း ဆောင်ရှိ ရဲဘော်များကို
သွားစည်းရုံးထားပြီး စီစဉ်မှုများ ပြုလုပ်ထားသည်။ (အချိန်က ည(၇)နာရီ
ကျော်ပြီဖြစ်၍ မှောင်နေသည်။ အဆောင်မီးနှင့် ကော်ရစ်ဒါမီးများကို
ထွန်းထားသည်။) ရဲဘော်များ အားလုံး အင်္ကျီချွတ်၊ ကတောင်းကျိုက်ထားကြပြီး
အခန်း(၁၀) အပြင်ဘက် ကော်ရစ်ဒါတွင် အသင့် စောင့်နေကြသည်။
သူထွက်လာပြီဖြစ်ကြောင်း ရဲဘော်တယောက်က အချက်ပြလိုက်သည်နှင့် ရှိသမျှ
မီးများ မှိတ်သွားပြီး တပြိုင်နက်တည်း တုတ်၊ ခဲ ပစ်ပေါက်သံနှင့်အတူ
“တပါတီစနစ်အလိုမရှိ၊ ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး”၊
“ငဖားဇော်ဝင်း အလိုမရှိ”၊ “ဖမ်းချုပ်ထားသူ အကုန်လွှတ်” စသဖြင့်
အော်ဟစ်သံများ ပွက်လော ရိုက်ဆူညံ သွားသည်။ ဇော်ဝင်းလည်း
အလွန်ထိတ်လန့်သွားကာ အပြင်သို့ အမြန် ထွက်သွားသည်။ ခဏအကြာတွင်
အင်အား(၃၀၀) နီးပါးရှိ ကျွန်တော်တို့ ရဲဘော်ထုကြီးသည် အချုပ်ခန်းသို့
သွားဝိုင်းရန်နှင့် အိမ်ထောင်သည် လိုင်းသို့ ချီတက်ရန်
ကြွေးကြော်သံများဖြင့် ထွက်လာကြပါပြီ။ (၅) မိနစ်ပင် မကြာလိုက်
ထမင်းစားဆောင်ဘက် အရောက်တွင် ဓာတ်မီးရောင် လက်ကနဲ မြင်ရသဖြင့် “ဟေ့
ဘယ်ကောင်လဲ မီးထိုးတာ၊ အခုပိတ်” ဟု ပြောရင်း ရှေ့သို့ ပြေးတက်သွားကြရာ
“ဟေ့ ဒုဗိုလ်မှူးကြီး ဇော်ဝင်းပါကွ၊ မင်းတို့ ဒေါသသိပ်မကြီးကြနဲ့၊
ပြေပြေလည်လည် ရှင်းကြတာပေါ့” ပြောသံကြားရာ “ဟေ့ကောင် ဇော်ဝင်း၊ မင်းအသံ
မကြားချင်ဘူး၊ အခု တို့ရှေ့က ဖယ်စမ်း” ဟု ပြောရင်း ရှေ့တက်သွားစဉ်
“နေပါအုံး ကိုယ်ပြောတာလည်း နားထောင်ပါအုံး၊” ဆိုသော အခြားအသံတခုကို
ကြားလိုက်ရာ ဒုဗိုလ်မှူးကြီး ခင်မောင်မြင့် (စာကလေး)မှန်း ကျွန်တော်တို့
ချက်ချင်း သိလိုက်သည်။



ရဲဘော်များ ခေတ္တငြိမ်သွားခိုက် “မင်းတို့ ဘာဖြစ်ချင်သလဲ ပြေလည်အောင်
လုပ်ပေးမယ်၊ အေးအေးဆေးဆေး ပြောကြတာပေါ့” ဟု ပြောသည်။ “ချုပ်ထားတဲ့
ရဲဘော်(၂) ယောက်ကို အခုလွှတ်ပေးပါ။ ကျွန်တော်တို့ အခု ချီတက်ဆန္ဒပြမယ်” ဟု
ပြောရင်းဆိုရင်း ကြွေးကြော်သံများ အော်ဟစ်ပါတော့သည်။ စာကလေးက “ဟေ့
မင်းတို့ ပြောမရဘူးလား၊ ဒီမှာ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာကော သိကြရဲ့လား”
ဟုပြောသောအခါ ရဲဘော်များ အလွန်ဒေါသ ထွက်သွားကြပြီး “ဟေ့ ဆယ်တန်း
အောင်ပြီးလို့ ဒီတပ်ထဲဝင်လာတာကွ၊ မင်းထက် နားလည်တယ်၊ ဟေ့ ကြာတယ်
ရဲဘော်တို့ ချီတက်ကြမယ်” ဟု ပြောပြောဆိုဆို ချီတက်မည်အလုပ်
ကားမီးရောင်မြင်သဖြင့် “ဟေ့ ဘာလို့ မီးဖွင့်တာလဲ” ဟု ပြောရင်း ကားဆီသို့
ပြေးတက်သွားသည်။ ကားလည်း မီးမှိတ်သွားပြီ “ရဲဘော်တို့ ခဏလေး သည်းခံပြီး
နားထောင်ကြပါ။” ဟု အသံကြားသဖြင့် စခန်းမှူး ဗိုလ်မှူးကြီး ချစ်သန်းမှန်း
သိလိုက်ကြသည်။ “မင်းတို့ရဲ့ အသံကို အဝေးကြီးကကြားနေရတယ်။ ကဲ မင်းတို့
ဘာလုပ်ချင်ကြသလဲ”။ “စခန်းမှူး ဖမ်ထားတဲ့ ရဲဘော်(၂) ယောက်ကို
အခုချက်ချင်းလွှတ်ပေးပါ၊ ကျွန်တော်တို့ တညလုံး စခန်းကို ပတ်ပြီး ဆန္ဒပြမယ်။
မနက်မြို့ထဲထွက်ပြီး ချီတက်ဆန္ဒပြမယ်။ ကျွန်တော်တို့ကို
မနှောင့်ယှက်ပါနဲ့”၊ “အေး မင်းတို့ကို ငါနားလည်ပါတယ်၊ မင်းတို့ကိုလည်း
လေးစားပါတယ်၊ င့ါစကားကို နားထောင်ကြပါ။ အခုလောလောဆယ် အဆောင်ပြန်ပြီး
အေးအေးဆေးဆေး အနားယူကြပါ။ မင်းတို့ ဘာအန္တရာယ်မှ မဖြစ်ဖို့ ငါတာဝန်ယူတယ်၊
မင်းတို့ ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်ပေးမယ်လို့ ငါကတိပေးတယ်။” ဟုပြောရာ
“စခန်းမှူး တကယ် တာဝန်ယူသလား၊ ကျွန်တော်တို့ကို အချိုသိပ်ဖို့တော့
မကြိုးစားပါနဲ့၊ အခုနေမှာ ကျွန်တော်တို့ ဘာကိုမှ မကြောက်ဘူး။ ဘာကိုမှလည်း
ဂရုမစိုက်ဘူး။” တိုတို ပြောရလျှင် စခန်းမှူးနှင့် တော်တော်ကြာ ညှိနှိုင်း
ပြောဆိုပြီးနောက် ကျွန်တော်တို့ အဆောင်သို့ ပြန်ရောက်လာကြသည်။
သို့သော်လည်း ကျွန်တော်တို့ အေးအေးဆေးဆေး အနားယူကြသည်တော့ မဟုတ်၊
မာဃဆောင် အခန်း (၄)တွင် အားလုံး စုရုံးတိုင်ပင်ကြသည်။


“ဟေ့ ငါတို့တော့ စခန်းမှူးစကားကို မယုံဘူး၊ ဒီပြဿနာ မသေးဘူး၊ ဟိုကောင်
ဇော်ဝင်းနဲ့ စာကလေး အန္တရာယ်ကလည်း မသေးဘူး၊ ငါတို့ကို ဒုက္ခပေးမှာ
သေချာတယ်။ ဒီတော့ ငါတို့ ဘာဆက်လုပ်ကြမလဲ၊ ကျောင်းသားသမဂ္ဂ နဲ့လည်း
ဆက်သွယ်ထားပြီဆိုတော့ ဖြစ်ချင်ရာ ဖြစ်ကွာ ရှေ့ဆက် ကြမ်းဖို့ဘဲ
ရှိတော့တယ်” ဟု ဒုတပ်ကြပ် သန့်စင်က ပြောသည်။ ထိုအချိန်တွင် ဂျူတီပို့စ်
အသီးသီးတွင် လုံခြုံရေးတာဝန်ယူနေကြသော ရဲဘော်များ ရောက်လာကြပြီး ” ဟေ့
မင်းတို့ အော်သံတွေ၊ အိမ်ထောင်သည် လိုင်းထိတောင် ကြားရတယ်၊ ဟိုမှာ
အကုန်လှုပ်လှုပ်ရွရွ ဖြစ်ကုန်ပြီ၊ မင်းတို့နဲ့ လာပေါင်းဖို့တောင် လုပ်နေတာ၊
ဟေ့ မင်းတို့ လုပ်ချင်တာ လုပ်သာလုပ်၊ နောက်ဆုတ်ဖို့ စိတ်မကူးကြနဲ့၊
ငါတို့ အကုန် တာဝန်ယူတယ်။ ဂျူတီ ပို့စ်တိုင်းမှာ သေနတ်မောင်းတင်ပြီး
အဆင်သင့် ပြင်ထားကြပြီ၊ ၀င်လာတဲ့ ကောင်မှန်သမျှ အကုန်ရှင်းပစ်မယ်။” ဟု
နေဒွန်းအောင်က ပြောသည်။ လက်နက်တိုက်တာဝန်ခံ တင်ဦးကလည်း “ဟေ့
လက်နက်တိုက် အဆင်သင့် ဖွင့်ထားပေးမယ်။ ကြိုက်တဲ့ လက်နက်သာ ယူထုတ်ပေတော့၊
အရေးကြုံရင် လက်မနှေးကြစေနဲ့” ဟု ပြောသည်။ အမှတ် (၁) ဗဟိုဂိတ်တွင်
တာဝန်ကျသော တပ်ကြပ်မြင့်အောင်က “စခန်းမှူးကား ဂိတ်ဝ ၀င်လာတော့
ဂိတ်ဖွင့်မပေးဘဲ အားလုံးသေနတ်တွေနဲ့ ချိန်ထားပြီး စခန်းမှူး ရဲဘော်တွေကို
ဒုက္ခမပေးဘူးလို့ ကတိပေးပါ၊ ရုတ်ရုတ် ရက်ရက်ဖြစ်ရင် ဒီမှာတွေ့လား၊
အတွဲလိုက် ဖြုတ်ပစ်လိုက်မယ်၊ ပြောတော့စခန်းမှူး တော်တော်ဖြုံသွားတယ်။
သူ့ဆီက ကတိရမှ ဂိတ်ဖွင့် ပေးလိုက်တယ်။” (ဂျူတီပို့စ် အသီးသီးမှ
ရဲဘော်များသည် အစောကြီးကတည်းက အခြေအနေ အရပ်ရပ်ကို သိထားကြပြီး လူတိုင်း
ဒေါသထွက်ကာ မကျေမနပ် ဖြစ်နေကြသည်။) တပ်ကြပ်တင်ကြိုင်က “စခန်းမှူးက
ဘယ်လောက် တာဝန်ယူတယ် ပြောပြော ခင်ဗျားတို့လည်း တပ်ထဲကြာပြီဘဲ၊
စစ်တပ်အကြောင်း သိပါတယ်။ ဒီတော့ ကျွန်တော်တို့ မနက်ဖြန် စောစော
မြို့ထဲထွက် ချီတက် ဆန္ဒပြကြမယ်။ ပြည်သူတွေနဲ့ ပူးပေါင်းမယ်။
ကျွန်တော်တို့ ပြည်သူတွေရဲ့ အမုန်း မခံနိုင်ဘူး၊ အားလုံးရဲ့
ဆန္ဒဘယ်လိုရှိသလဲ” ဟုပြောရာ အထွေအထူး စည်းရုံးရန်ပင်မလို၊ နဂိုကမှ
အခွင့်အရေး စောင့်နေသူများမို့ မနက်စောစော ထွက်ရန် အတည်ပြုလိုက်ကြသည်။
တစ်ညလုံး ဘယ်သူမှ မအိပ်လိုက်ရပါ။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြရင်း၊ သတိလည်း
ထားကြရင်း၊ တင်းပြည့် ပါတီကဒ်များကိုလည်း မီးရှို့ဖျက်ဆီးကြရင်း၊ မနက် (၄)
နာရီတွင် (စိတ်မ၀င်စားသူ၊ ရှောင်လိုသူ၊ စိုးရွံသူ၊ စာကလေး၊
ဇော်ဝင်းတို့ရဲ့ အတွင်းလူများမှအပ) အားလုံး အဆင်သင့် ဖြစ်နေကြပြီ။
တပ်ကြပ် တင်ကြိုင် ဦးဆောင်သော ဆန္ဒပြ စစ်ကြောင်းသည်
လုံခြုံရေးစစ်သားများရှိရာ BCMP ဂိတ်ကို ကွင်းပြီး တပ်အနောက်ဘက်မှ ထွက်ကာ
ခပ်တည်တည် ချီတက်ကြပါတော့သည်။ အားလုံး အင်အား (၂၀၀)၊ အချိန်က စက်တင်ဘာလ
(၉) ရက်၊ သောကြာနေ့ နံနက် (၀၄း၃၀)နာရီ။


စစ်စောင်ကြား အစိမ်းပေါ်တွင် (ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း မင်္ဂလာဒုံ)
ဟူသော ဆိုင်းဘုတ်ကိုင်၍ တိတ်ဆိတ်စွာ ချီတက်လာသော စစ်ကြောင်းသည်
စော်ဘွားကြီးကုန်းထိပ်ရောက်သည်နှင့် “ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊
ဒို့အရေး”၊ “တပါတီစနစ် ဖျက်သိမ်းပစ် ဖျက်သိမ်းပစ်”၊
“ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး”၊ “ဒို့ရဲ့
သွေးတွေ နီရဲ့လားဟေ့၊ နီတယ်ဟေ့ နီတယ်ဟေ့” ဆိုသော ကြွေးကြော်သံများကို
အော်ဟစ်လိုက်ရာ ပထမတော့ လူတွေ ကြောင်ကြည့်နေကြသည်။ (မိုးလင်းစဖြစ်၍ လူတွေ
သိပ်အပြင်မထွက်ကြသေး၊ အချို့ဆိုင်ဖွင့်စ၊ အချို့အိမ်တံခါးများဖွင့်စ၊
အချို့ မျက်နှာသစ်စ ရှိသေးသည်။) ကျွန်တော်တို့ လမ်းထဲသို့ ၁၀ ကိုက် ၁၅
ကိုက်ခန့်ဝင်မိမှ သက်ဝင်လှုပ်ရှားလာကြသည်။ အိမ်အပြင် တံခါးဝတွင် ရပ်နေသော
အသက်(၅၀) ကျော်ရှိ အဘကစတင်၍ “ဟာ ဟေ့ ဒါမှ ဒို့ တပ်မတော်ကွ ဒို့တပ်မတော်”
ဟု ကျယ်လောင်စွာ အော်ရင်း အိမ်ပေါ်မှ ပြေးချလာကာ ရှေ့မှ ရဲဘော်တဦးကို
ပြေးဖက်သည်။ မကြာပါ၊ အိမ်တိုင်း အိမ်တိုင်းမှ ၀မ်းသာအားရ
အော်ဟစ်ပြေးထွက်လာရင်း လက်ခုပ်သြဘာပေးကြသည်။ အဖွားအရွယ် တယောက်ကလည်း “
ဝမ်းသာလိုက်တာ ၀မ်းသာလိုက်တာ ဒါမှ ငါ့သားတွေ” ဟု ပြောရင်း မျက်ရည်များ
စီးကျလာသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။ ကျွန်တော်တို့လည်း
ပြည်သူတို့၏ လှိုက်လှဲစွာ ကြိုဆိုမှုကို မဖော်ပြနိုင်လောက်အောင် ကြည်နူး
ဝမ်းသာမိကြသည်။ ဒီလို ချီတက်လာရင်း အင်းစိန် ရန်ကုန်လမ်းမကြီးပေါ်သို့
ခြေချမိကြပြီ။ (လမ်းကျယ် ဖြစ်သောကြောင့်) ပထမတော့ လူတွေ ခပ်ဝေးဝေးမှသာ
လက်ခုပ်သြဘာ ပေးကြသည်။ နောက်ဘယ်လိုက ဘယ်လို အနားရောက် လာကြသည်မသိ၊
လမ်းတဖက် တချက်တွင်လူတွေ ပြည့်လာသည်။ အချို့ ကိုယ်ပိုင်ကားစီးသူများက
ကားကိုရပ်ပြီး ကျွန်တော်တို့ နီးလာတော့မှ ကားထဲမှထွက်ပြီး
လှိုက်လှဲဝမ်းသာစွာ နီးစပ်ရာ တယောက်ချင်းကို လက်ဆွဲ နှုတ်ဆက်ကြိုဆိုသည်ကို
ထူးကဲစွာကြုံတွေ့ရသည်။ သပိတ်နားသည့် နေ့လား၊ စောသေးလို့လားမသိ၊
လမ်းအပေါ်တွင် ချီတက် လာသည်မှာ ကျွန်တော်တို့ လေတပ် တစ်ဖွဲ့တည်းသာ
ထူးထူးခြားခြား ဖြစ်နေသည်။ ကျွန်တော်တို့ကို ၀မ်းသာအားရ ခုန်ပေါက်
ကြိုဆိုနေသော လူထုကြီးသည် လမ်းဘေးဝဲယာ တဖက်တချက်တွင် ပြည့်ကြပ်ညှပ်နေသည်။
(ပိုပြောသည် မထင်လိုက်ပါနှင့်၊)၊ သြော်….စစ်သားချင်း တူပေမဲ့ ပြည်သူ
ကြည်ဖြူသည့် သူနှင့် မကြည်ဖြူသည့်သူ မည်သို့ ကွာခြား သွားသည်ကို
မျက်ဝါးထင်ထင် တွေ့လိုက်ရပါကလား။ ကမာရွတ် မြို့နယ်ထဲ ၀င်လိုက်သည်နှင့်
ကျွန်တော်တို့ကို ပန်းစည်းများနှင့် ကြိုဆိုနေသော တက္ကသိုလ်ကျောင်းသူ
ကျောင်းသားအုပ်ကြီးကို လမ်းဘေးဝဲယာ တဖက်တချက်တွင် တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလို ၀ဲယာ တဖက်တချက်မှ ကျောင်းသူ များက အတွင်းစည်း
ကျောင်းသားများက အပြင်စည်းယူလျက် လက်ချင်းဆက်ကာကျွန်တော်တို့
ရဲဘော်တတွေကို အလယ်မှ လိုက်ပါစေပြီး မန္တလေးဆောင် ရောက်သည်အထိ စောင့်ရှောက
်ခေါ်ဆောင်သွားကြသည်။ ကျွန်တော့် စစ်သက် တလျှောက် သည်လိုကြိုဆိုမှုမျိုး
မကြုံဖူးခဲ့။ မိုးဟိန်း၊ မိုးသီးဇွန် နှင့် အခြား အမည်မသိ ကျောင်းသား
ခေါင်းဆောင်များက တစ်ဦးပြီးတစ်ဦး စင်မြင့်ပေါ်တက်ကာ ကျွန်တော်တို့
ပူးပေါင်းလာသည့်အတွက် မည်မျှအားတက် ၀မ်းသာသည်တို့ကို မငြီးငွေ့အောင်
ပြောသွားနိုင်သည်။ ပြည်သူအားလုံး တပ်မတော် (လေ) နှင့်အတူ
ချီတက်ဆန္ဒပြကြရန် လိုက်လံနှိုးဆော်နေပြီ ဖြစ်ကြောင်း ပြောသည်။


မကြာခင် သတင်းထောက်များနှင့်အတူ ဦးတင်ဦး (NLD)၊ ဦးအောင်ကြီးတို့
ရောက်လာကြပြီး ၀မ်းသာအားရ စကားပြောသည်။ ဒါရိုက်တာ မောင်တင်ဦးက
မှတ်တမ်းတင်ဗွီဒီယို ရိုက်ကူးသည်။ (၁၀) နာရီခန့်တွင် ချီတက်ဆန္ဒပြရန်
စတင်ပါတော့သည်။ မိန်းတံခါးဝရောက်သည်နှင့် ကျောင်းသူကျောင်းသားများနှင့်
ကြိုတင်စောင့်ဆိုင်းနေကြသော လမ်းအပြည့် လူထုကြီးသည် အလွန်ကျယ်လောင်သော
သြဘာလက်ခုပ်သံ နှင့်အတူ “ဒါမှ ဒို့တပ်မတော် (လေ) ကွ” ဟု အော်ဟစ်ကြသည်။
လှည်းတန်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ရာ
လမ်းတလျှောက်လုံးတွင် ကျွန်တော်တို့ကို ကြိုဆိုနေကြသော ပြည်သူလူထု
ကြီးသည် ဘယ်နေရာ ရောက်ရောက် ပြည့်ကြပ်ညှပ်ကာ ၀မ်းပန်းတသာ
လှိုက်လှိုက်လှဲလှဲ ကြိုဆို နေကြသည်မှာ မကြုံစဖူး ထူးကဲလှပေသည်။
ချီတက်လာသော ကျွန်တော်တို့ ရဲဘော်အားလုံးသည် သွေးပင်လယ်ဝေခဲ့သည့်
ရှစ်လေးလုံး အရေးအခင်းကြောင့် စစ်သားဆို ရေပင် စစ်မသောက်ချင် လောက်အောင်
အရွံကြီးရွံ အမုန်းကြီးမုန်း ဝေးဝေးက အရှောင်ကြီး ရှောင်ခဲ့သည့်
ပြည်သူလူထုကြီးသည် ယခုကဲ့သို့ ချီတက်ရာ လမ်းတလျှောက် လုံးပြည့်ကြပ်ညှပ်ကာ
အောင်သပြေပန်းများနှင့် ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲကြီး
ကြိုဆိုကြလိမ့်မည်ဟု လုံးဝ လုံးဝကို မထင်ရေးချ မထင်ခဲ့ပါ။ ယခုတော့
အထင်နှင့်အမြင် တခြားစီပါလား၊ အခြားနားကြီး ခြားနားနေပါလား။ ကျွန်တော်သည်
မြစိမ်းရောင်နှင့် ရွှေဝါမြေ စစ်ဆင်ရေး အကြိမ်ကြိမ်သွားဖူးပြီး လူထု၏
ကြိုဆိုမှုကို အကြိမ်ကြိမ် ခံရဖူးသည်။ သို့သော် လှိုက်လှဲမှုမရှိ၊
တော်လှန်ရေး ပရိတ်များကို နင်းဘူးသည်။ လှိုက်လှဲစွာ ကြိုဆိုမှုရှိသော်လည်း
ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လှိုက်လှိုက်လှဲလှဲ၊ ၀မ်းပန်းတသာ ဖက်လှဲတကင်း
မကြုံဘူးခဲ့၊ ဤကဲ့သို့လည်း ချမ်းမြေ့ကြည်နူးမှု အထွတ်အထိပ် မရောက်ဘူးခဲ့၊
တပ်မတော် (လေ) သည် စစ်အာဏာရှင်လက်အောက်က လက်ရုံးတပ် တစ်တပ်ပေမို့
ကျောင်းသားပြည်သူ တရပ်လုံးက အမုန်းကြီး မုန်း အရွံကြီးရွံ အနာကြီး
နာသင့်ပါလျက် တဖက်စောင်းနင်း တဖက်သတ်ခံထားရပါလျက် ယခုကဲ့သို့
နွေးထွေးပျူငှာစွာ ကြိုဆိုလာသော ပြည်သူလူထုကြီး၏ မေတ္တာတရားသည်
တုနှိုင်းဘွယ်ရာ မရှိအောင် ကြီးမားလှပါသည်။


အမိရင်ခွင် အတွင်းခိုဝင်လာသော သားသမီးမှန်သမျှကို အယုတ်အလတ် အမြတ်မရွေး
အကြင်နာတရား အစဉ် ဖုံးလွှမ်းထားသော မိခင်၏ မေတ္တာနှင့် ထပ်တူပါလား၊
(အမှန်အတိုင်း ပြောရလျှင်) ကျွန်တော်အလွန်ချစ်သော ကျွန်တော့် မေမေ
သေဆုံးစဉ်ကပင် မငိုခဲ့သော ကျွန်တော်သည် ယခုတော့ ၀မ်းသာကြည်နူးမှုဖြင့်
မျက်ရည်ရစ်ဝဲ ကျဆင်းခဲ့ရပြီ။ ညနေ (၃) နာရီခန့်တွင်
မဟာဗန္ဓုလပန်းခြံအတွင်းသို့ ရောက်ရှိတထောက်နားကာ ပြည်သူတို့ကျွေးသော
ဒန်ပေါက်ထမင်းနှင့် အအေးပုလင်းများကို အရသာရှိစွာ စားသောက်ကြပါသည်။
ထိုသို့ စားသောက်နေစဉ် စာရေးဆရာ မောင်သော်က (ဗိုလ်မှူးဘသော်) နှင့်
အဖွဲ့ရောက်လာပြီး ကျွန်တော်တို့ကို ဂုဏ်ပြုစကားပြောသည်။ ထိုစဉ်
မမျှော်လင့်ဘဲ တပ်ကြပ်ကြီး ဒေါ်နုနုအေးကို တွေ့လိုက်ရသဖြင့် “ ဟာ မာမီ
ဘယ်လိုက ဘယ်လို ရောက်လာတာလဲ” ဟု အံ့သြစွာ မေးမိသည်။ “ငါလည်း
ရပ်ကွက်ထဲမနေရဲလို့ (လပထ) အိမ်ထောင်သည်လိုင်းမှာနေတာ တစ်ပတ်လောက်ရှိပြီ၊
ညက နင်တို့ အော်နေတာ လိုင်းထဲမှာ အတိုင်းသား ကြားနေရတယ်။ လိုင်းတခုလုံး
ဆူပွက်နေတာဘဲ၊ နင်တို့အတွက်လည်း စိတ်ပူနေကြတယ်။ မနက်ကျတော့
ရုံးသာတက်ခံရတယ်၊ လုံးဝစိတ်မပါဘူး၊ ကားပေါ်မှာ ကျော်ရီက နင်ဆန္ဒပြတဲ့အထဲ
ပါသွားပြီဆိုတာ ပြောပြတယ်။ ရုံးရောက်တာနဲ့ ငါလည်း ယူနီဖောင်းလဲပြီး
နင်တို့ဆီ တန်းလိုက်လာတာဘဲ၊ ဟိုဘက်မှာ ဒို့ဌာနက ထွန်းရွှင်တို့၊
ကိုကိုနိုင်တို့ အုပ်စုလည်းပါတယ်။” ကာကွယ်ရေးဝန်ကြီးဋ္ဌာနတခုလုံးတွင်
ကျွန်တော်တို့ ကက (လေ) တစ်ဖွဲ့သာ ထူးခြားစွာ ထွက်ပေါ် လာခြင်းဖြစ်သည်။
ပို၍ ထူးခြားတာက တပ်ကြပ်ကြီး ထွန်းရွှင်အပါအ၀င် (၄) ယောက်သည် ကက (လေ)
ဗဟိုဆက်သွယ်ရေးမှ ၀ါရင့်ဆက်သွယ်ရေးသမားများ ဖြစ်ကြသဖြင့် လေတပ်တခုလုံး၏
ထိန်းချုပ် ဆက်သွယ်ရေးလုပ်ငန်းများ ကသိကအောက် ဖြစ်ခဲ့ရသည်။ ခဏအကြာတွင်
ကျောင်းသားသမဂ္ဂအဖွဲ့ နှင့် ရဟန်းပျိုသမဂ္ဂအဖွဲ့တို့မှ ကျွန်တော်တို့၏
လုံခြုံရေး၊ နေထိုင်ရေးအတွက် ဆွေးနွေးကြသည်။ နောက်ဆုံး
သရက်တောကျောင်းတိုက်တွင် သပိတ်စခန်းဖွင့်ရန် အတည်ပြုလိုက်သည်။
ကျွန်တော်တို့ သရက်တော ကျောင်းတိုက်သို့ ရောက်ရှိချိန်တွင် နဲနဲနောနော
မဟုတ်သော လူထုကြီးက စောင့်ကြိုနေသည်။



ကျွန်တော်တို့ တန်းစီဝင်လာသောအခါ အသက်(၅၀) ကျော် ရည်ရည်မွန်မွန်
အန်တီတယောက်နှင့် သူ၏နောက်မှပါလာသော အမျိုးသမီးတစုက လှိုက်လှိုက်လှဲလှဲ
ကြိုဆိုပြီး ကျွန်တော်တို့ အတွက်ဆိုကာ အင်္ကျီလုံချည်နှင့် လိုအပ်သော
အသုံးအဆောင် ပစ္စည်းများကို တစ်ဦးချင်း လိုက်လံ ဝေငှသည်။ အခြားအဖွဲ့အစည်း
အသီးသီးမှလည်း ထို့အတူပင်။ စားသောက်ရေးအတွက် ကျောင်းသား ကျောင်းသူများ
ဦးစီးပြီး ကျွန်တော်တို့အတွက် စီမံခန့်ခွဲပေးသည်။ ကျွန်တော်တို့သည်
ဘုရင့်နောင်ထုံး နှလုံးမူ၍ တပ်နှင့်လုံးဝ အဆက်ဖြတ်လိုက်ပြီး အခိုင်အမာ
သပိတ်စခန်းအဖြစ် အတည်ပြုလိုက်သည်။ ကျွန်တော်သည် (ကကလေ) မှ ဖြစ်သော်လည်း
ကက (လေ) နှင့်အတူ မနေ၊ (လပထ) လူပျိုဆောင်တွင် အနေကြာခဲ့သော ကျွန်တော်သည်
(လပထ) အဖွဲ့နှင့်ပင် သွားအတူ လာအတူ စားအတူ ဖြစ်နေသောကြောင့် စခန်းချသော
အခါတွင်လည်း (လပထ)အဖွဲ့နှင့်ပင် အတူနေ အတူချီတက် ဆန္ဒပြခဲ့သည်။ (၁၀)
ရက်နေ့ မနက်(၈) နာရီတွင် ကျွန်တော်တို့ အုပ်စု (လုံခြုံရေး
တပ်စုတစ်စုချန်၍) ချီတက်ဆန္ဒပြရန် ပြင်ဆင်ကြသည်။ ထိုစဉ် တပ်ကြပ်တင်ကြိုင်
ဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည် ပို့လိုက်သော ဂုဏ်ပြုသ၀ဏ်လွှာကို ဖတ်ပြသည်။
ထိုသ၀ဏ်လွှာတွင် “ထိုသို့ ပြည်သူ့ရင်ခွင် ခိုဝင်လာပြီး ပြည်သူနှင့်အတူ
ပူးပေါင်းလိုက်သည့် အတွက် အလွန်တရာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့်
ထိုသို့ ဆန္ဒပြရာတွင် လက်နက်ကိုင် လုံးဝမပါစေဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြရန်”
တို့ ပါဝင်သည်။ (၁၁) ရက်နေ့ မနက်တွင် အိမ်ထောင်ရှင်မ အသင်းမှ စပါယ်ရှယ်
မုန့်ဟင်းခါး ချက်ယူလာပြီး ရဲဘော်များကို ကိုယ်တိုင် ကျွေးကြသည်။
အဖွဲ့အစည်းအသီးသီးမှ လာပို့ကြသည့် အင်္ကျီလုံချည်၊ စီးကရက်၊ ဆေးပေါ့လိပ်၊
မုန့်မျိုးစုံတို့ကလည်း အလျံပယ်ပင်။ ပြည်သူတရပ်လုံး၏ ကျေးဇူးတရားသည်
ကြီးမားလှဘိသည်။ မနက်(၉) နာရီခန့်တွင် ကျွန်တော်တို့ ချီတက်ကြပြီး
အပြန်တွင် ရန်ကုန်ဆေးရုံကြီးရှိ သပိတ်စခန်းသို့ သွားရောက်ကာ
ဟောပြောပွဲများကို နားထောင်သည်။ ဆေးရုံကြီး ကွင်းပြင်တခုလုံးနှင့်
အပေါ်ထပ် အောက်ထပ် တခုလုံး လူများ ပြည့်ကျပ်ညှပ်နေသည်။ ရှေ့နေကြီးများ
အသင်းမှ ဥပဓိရုပ်ကောင်းကောင်း ရှေ့နေတယောက် ကလည်း အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့်
ပြောသွားသည်မှာ ပျင်းရိဘွယ်မရှိ ၊ လူတွေ တ၀ါးဝါး တဟားဟားပင်၊ နောက်တဖွဲ့
စင်ပေါ်သို့ တက်လာပြန်သည်။ မိုးဟိန်းနှင့် မိုးသီးဇွန်း တို့ပင်၊
မိုးသီးဇွန်က သူတို့၏ တောင်းဆိုမှု များကို ဖော်ပြသည်။


သူပြောတာတွေအနက် တခုကိုတော့ သေသေချာချာ မှတ်မိနေသည်။ “ထမင်းစားရမဲ့
အရွယ်ရောက်မှ နို့ချို တိုက်ကျွေးတာ ကျွန်တော်တို့ မလိုချင်” ဆိုတဲ့
စကားဘဲ ဖြစ်ပါသည်။ နေ့လည် (၁) နာရီခန့်တွင် တပ်မှ ရဲဘော်များ
ကျွန်တော်တို့ထံ လာလည်ပြီး ၀မ်းသာအားရ စကားပြောကြပါသည်။
အိမ်ထောင်သည်လိုင်းမှ ကျွန်တော်တို့ အဆောင်တွင် ရှိစဉ်က ဟင်းလာလာ
ရောင်းသော အဒေါ်တယောက်က “ နင်တို့ မရှိတာဟယ် ဘယ်လိုကြီးမှန်းကို မသိဘူး၊
အားလုံး ချောက်ကပ်နေတာဘဲ၊ အိမ်ထောင်သည် လိုင်းတစ်ခုလုံး ဘယ်သူမှ
မပျော်ကြဘူး၊ နင်တို့ကိုဘဲ သတိရနေကြတယ်၊ ဇော်ဝင်းနဲ့ စာကလေး
ကြောင့်ဆိုပြီး သူတို့ကို ပက်ပက်စက်စက် ကြိမ်ဆဲနေကြတာ ကြောက်ဖို့တောင်
ကောင်းတယ်၊ နင်တို့ မရှိတော့ ငါတို့လည်း ဟင်းမရောင်းရဘူး၊ နင်တို့
အကြွေးယူစားထားတဲ့ ဟင်းဖိုးတွေလည်း ဆုံးပြီ” ဟု ပြောပြသွားပါသည်။
မွန်းလွဲ (၂) နာရီခန့်တွင် အိမ်ထောင်ရှင်မ အသင်းမှ ကျွန်တော်တို့နှင့်
လာရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီး စကားပြောကြသည်။
ထိပ်တန်းအရာရှိကြီးတစ်ဦး၏ ဇနီးဖြစ်ပုံရပြီး ရည်မွန်လေးစားဖွယ်ကောင်းသော
အန်တီကြီး တစ်ဦး၏ ပြောခဲ့သော စကားကို ယခုထိ သံမှိုစွဲသကဲ့သို့
မှတ်မိနေသေးသည်။ “(၉) ရက်နေ့ကသားတို့ မင်္ဂလာဒုံ လေတပ်က ထွက်လာတယ် ဆိုတာ
ကြားတာနဲ့ အန်တီဖြင့် ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျမိတယ်ကွယ်။ အန်တီ့
သမီးတွေကို ဟဲ့ ဟဲ့ ရဲဘော်တွေကို ကျွေးဖို့ ဘာရှိလဲ ထုတ်စမ်း
ထုတ်စမ်းလို့ ပြောပြီး ရှာခိုင်းတာ ပေါင်မုန့်ခြောက် နှစ်ထုပ်ဘဲတွေ့လို့
အန်တီ ဖြင့်စိတ်မကောင်း ဖြစ်ရသေးတယ်။ အန်တီလည်း အိမ်က
အပြေးအလွှားထွက်လာမိပြီး လမ်းပေါ်ရောက်တော့ မင်းတို့ကို ပစ်ဖို့ ထွက်လာတဲ့
တပ်မ(၂၂) ကို တွေ့ရတော့တာပါဘဲကွယ်။ အန်တီ့ မျက်စိတွေ ပြာထွက်သွားတာဘဲ၊
ဘယ်လိုကနေ ဘယ်လို သူတို့ အရှေ့ ရောက်သွားသလဲ မသိဘူး။ လက်နှစ်ဘက်ကို
မြှောက်ပြီး Please, Please ဆိုပြီး မပစ်ဖို့ တားတာပေါ့ကွယ်။ သူတို့လည်း
ကြောင်သွားပြီး ရပ်နေကြတယ်။ နောက်မှ လှည့်ထွက် သွားကြတယ်။ အန်တီဖြင့်
ရင်တွေ တုန်လိုက်တာ အရမ်းဘဲကွယ်။ သားတို့ တတွေဟာ စစ်ဥပဒေအရတော့
တပ်ပြေးတွေပေါ့ကွယ်။ ဒါပေမဲ့ အန်တီတို့ကတော့ ဒီလို မသတ်မှတ်ဘူး။
ပြည်သူတွေဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်တဲ့ သူရဲကောင်းတွေ အဖြစ်သာ
တန်ဖိုးထားတယ်။ ရှေ့လျှောက်လည်း ပြည်သူတွေ ဘက်က ရပ်တည်ပါ။ ကာကွယ်ပါ။
ပြည်သူတွေရဲ့ အကျိုးကို သည်ပိုးပါ။ အန်တီတို့တတွေ သားတို့ကို အများကြီး
အားကိုးတယ်။ သားတို့ဘက်က ရပ်တည်ပေးဖို့လည်း အဆင်သင့်ဘဲ။ သားတို့
လိုအပ်တာတွေ အကုန်ဆောင်ရွက်ပေးမယ်။ မင်းတို့ တတွေ အားလုံး အန်တီ့သားတွေ
ပါဘဲ။ အန်တီ့သားတွေထက်တောင် ပိုချစ်ရတယ်။ အဲဒီတော့ မင်းတို့လေးတွေကို
အန်တီရဲ့ သားလို့ သတ်မှတ်လိုက်ပါပြီ။” အဲဒီလို တသွင်သွင် ပြောရင်း
မျက်ရည်များ ရစ်ဝိုင်းနေသလို ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာလည်း
မဖော်ပြ နိုင်လောက်အောင် ၀မ်းသာကြည်နူးမှုများ လှိုက်တက်လာကြကာ
မျက်ရည်များပြည့်လျံ နေကြပါတော့သည်။


အဲဒီနောက် ရှစ်လေးလုံးလူထုတိုက်ပွဲမှာ တပ်မတော်သားတွေ ပါဝင်လာလို့
စစ်တပ်က အပူတပြင်း အာဏာသိမ်းခဲ့ပုံ၊ တပ်မတော်သားတွေ အသီးသီးရဲ့
ရွေးချယ်ခဲ့ရတဲ့ လမ်းတွေကို အပိုင်း (၃) မှာ ကျွန်တော် ကိုဖိုးတရုတ်က
သင်ခန်းစာယူစရာ ဆက်လက်တင်ပြသွားပါမယ်။





ပြည်သူသာ အမိ ပြည်သူသာ အဖ – အပိုင်း (၃)


ဆောင်းပါးရှင် – ဆရာ ဘုန်းမြင့်


အော်- “ပြည်သူသာ အမိ ပြည်သူသာ အဖ ” ဆိုတာ ယခင်တုန်းကတော့ ကျွန်တော်တို့
တပ်ထဲဝင်လာ ကတည်းက ကြားနေကျစကား၊ သို့သော် အမှန်ဝန်ခံရလျှင်
ကျွန်တော်တို့ လေးလေးနက်နက် မတွေးခဲ့၊ မစဉ်းစားခဲ့၊ အမှတ်တမဲ့ နေခဲ့သည်။
ပြည်သူတွေနှင့် ထိတွေ့မှုနည်းခဲ့ကြသည်။ ပြည်သူတွေနှင့် ကင်းကွာခဲ့ကြသည်။
မြစိမ်းရောင်၊ ရွှေဝါမြေစသော စစ်ဆင်ရေးတွေ ထွက်ခဲ့မှုကြောင့် ပြည်သူတွေ၏
ခံစားချက်ကို အနည်းအကျဉ်း သိခဲ့ရသည်။ ယခုပြည်သူဆိုတာ ပျောက်ပြီး
စစ်အာဏာရှင်တွေက တပ်မတော်သာ အမိ တပ်မတော်သာ အဖ ဆိုပြီး ပြည်သူတွေကို
အမှောင်တိုက်ထဲ ထည့်ထားကြသည်။ အကျဉ်းချထားကြသည်။ စော်ကားချင်တိုင်း
စော်ကားနေကြသည်။ ယခု ပြည်သူသာ အမိ ပြည်သူသာ အဖ ဆိုသည့်စကား ကို
စာတွေ့မဟုတ်၊ ကိုယ်တွေ့သိခဲ့ရပြီ ၊ခံစားတတ်လာရပြီ၊ ပြည်သူတွေရဲ့ တန်ဖိုး
အဖိုးဖြတ် မရအောင် ကြီးမားကြောင်း ပို၍ သိခဲ့ရပြီ၊ ပြည်သူတွေသည်
ကျွန်တော်တို့၏ ကျေးဇူးရှင်၊ ယခု ကျွန်တော်စားနေ ၀တ်နေ သုံးနေတာတွေသည်
ကျွန်တော်တို့ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်အစွမ်းအစဖြင့် စားနေ၊ ၀တ်နေ
သုံးနေတာမဟုတ်၊ ကျွန်တော်တို့ မိဘရင်းတွေ ကျွေးနေ ပေးနေတာမဟုတ်၊ တပ်က
ကျွေးနေ ပေးနေတာ မဟုတ်၊ ပြည်သူတွေ မရှိသည့်ကြားက ကျွေးနေ ပေးနေကြသည်။
ထမင်းထုပ်တွေ ဖွင့်ကြည့်လိုက်လျှင် ကောင်းပေ့ ညွန့်ပေ့ ဆိုသော ထမင်း
ဟင်းများ ကိုတွေ့ရသည်။ ချိုချဉ် သကြားလုံးများ ထည့်ပေးလိုက်သေးသည်။
ပြည်သူတွေတောင် ကျွန်တော်တို့လောက် ကောင်းကောင်းစားရမည်မထင်၊ အ၀တ်အစား
ဆင်ပေးသည်။ တယ်လီဗေးရှင်း ရေဒီယို ကက်ဆက် အပိုင်စားပေးထားသည်။ မိဘရင်းပင်
ဤသို့ ထားနိုင်မည်လား၊ ပြည်သူတို့၏ မေတ္တာ စေတနာသည် ကြီးမားဘိသည်။
ကျွန်တော်တို့ ဘေးမသီ ရန်မခအောင် အားလုံးက ၀ိုင်းဝန်း
စောင့်ရှောက်ပေးသည်။ ကျွန်တော်တို့ အပြင် မထွက်လိုက်နှင့်
ထွက်လိုက်သည်နှင့် ပြည်သူတွေ ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။
စစ်တပ်ကို ခါးခါးသီးသီး ရွံမုန်းနေသော ပြည်သူတို့သည် “ဒို့ကို
နှိပ်ကွပ်ခဲ့သည့် အယုတ်တမာ အာဏာရှင်၏ အစွယ်အပွားတွေ” ဟု သာ သဘောထားပြီး
ကျွန်တော်တို့ကို ဥပက္ခာပြု အငြိုးထားခဲ့ပါမူ ယခုလောက်ဆို ကျွန်တော်တို့၏
ကံကြမ္မာသည် တွေးပင် မတွေးရဲတော့၊ ပြည်သူတွေသည် ကျွန်တော်တို့၏ အမိအဖ
ဆိုပါလျှင် ကျောင်းသူ ကျောင်းသားများသည် ကျွန်တော်တို့၏ ညီငယ်
ညီမငယ်များသာ ဖြစ်မည်ပေါ့။ ဒီညီငယ် ညီမငယ် များသည် သူတို့၏ အကိုကြီး
အကိုလတ်၊ အကိုငယ်ဖြစ်သော ကျွန်တော်တို့ကို အရိပ်တကြည့်ကြည့်ဖြင့် မျက်နှာ
ညှိုးမှာကိုပင် မကြည့်ရက်၊ သူတို့ စွမ်းဆောင်နိုင်သည့် အတိုင်းအတာအထိ
အစွမ်းကုန် ဖြည့်ဆည်း ပေးကြသည်။



သူတို့၏ ကိုယ်ခန္ဓာကို တံတိုင်းသဖွယ် ကာရံ ပေးထားသည်။ အပြုံးပင် မပျက်ကြ၊
မငြီးငြူကြ၊ ကျွန်တော်တို့ ယူရမည့် တာဝန်ကို သူတို့ ယူနေကြရပြီ၊
သူတို့ကို နောက်မှာထားပြီး ကျွန်တော်တို့ကရှေ့မှ မားမားမတ်မတ်
ရပ်တည်ပေးရမည်ပေါ့။ ကာကွယ်ပေးရမည်ပေါ့၊ ခုတော့ ပြောင်းပြန်ဖြစ်နေပါလား၊
ကျွန်တော်တို့ တာဝန်မကျေပါလား၊ ကျွန်တော်တို့ အလွန်တာဝန်မဲ့နေလေပြီ၊
သေသေချာချာ စဉ်းစားလေ အလွန်တရာမှ ရှက်ဖို့ ကောင်းလေလေ။ (၁၃) ရက်နေ့
နေ့လယ်တွင် တပ်မှ အရာရှိတချို့နှင့် အရာခံ ဗိုလ်တချို့ ရောက်လာပြီး
ရဲဘော်များ တပ်စခန်းသို့ ပြန်ဝင်လာကြရန် စည်းရုံးကြသည်။ ဤတွင် ရဲဘော်
သုံးပုံတပုံလောက်မှာ ဟုတ်နိုးနိုးဖြင့် တပ်ထဲ ပြန်ဝင်လိုသူများ
ပေါ်ပေါက်လာသည်။ ဤကိစ္စကို အခြေအတင် ဆွေးနွေးကြသည်။ ကျွန်တော့် ဋ္ဌာနဖြစ်သော
ကက(လေ) ကလည်း တပ်ထဲ ပြန်လာရန် မကြာခဏ လာပြောသည်။ ကျွန်တော်နှင့်
ဒေါ်နုနုအေးက လုံးဝပြန်မည်မဟုတ်ကြောင်း ပြန်ပြောသည်။ ကိုယ့်ဆုံးဖြတ်ချက်
နှင့် ကိုယ်ထွက်လာပြီးမှ ဘာကြောင့် ပြန်ဝင်ရမည်နည်း။ ပြည်သူလူထုနှင့်
ကျွန်တော့် ပတ်ဝန်းကျင်ရှိ နီးစပ်ရာတို့က ကဲ့ရဲ့လှောင်ပြောင်ကြ
ပေတော့မည်။ ပြီးတော့ အရေးမယူဘူးဆိုကာ လုံးဝမဖြစ်နိုင်၊ ဒီလိုလုပ်လျှင်
ဒီလိုဖြစ်တတ်သည်ကို ဤအရေးအခင်းတွင် မပါဝင်ကတည်းက ကြိုတင် တွက်ဆထားပြီး
ဖြစ်သည်။ ကျွန်တော့်ကို ခုမှ လူအထင်ကြီးအောင် ပြောနေသည်ဟု ထင်ကောင်း
ထင်ကြပေမည်။ သို့သော်ခိုင်လုံသော အကြောင်းပြချက်ဖြင့် ကျွန်တော်
ပြောခြင်းသာ ဖြစ်သည်။ ကျွန်တော်တို့ စစ်တပ်တွင် အလကားနေရင်း
သောက်မြင်ကပ်ပုဒ်မ (၆၅) ဖြင့် အရေးယူနေတတ်သည်။ ယခုကိစ္စသည် ပုဒ်မ(၆၅) ထက်
အဆပေါင်း တရာမက အပြစ်ကြီးလေးသည်။ တန်းပြည့်စစ်မှုထမ်းချိန်ဟု သတ်မှတ်၍
ရနိုင်သော ယခုလို ကာလမျိုးတွင် ဂျူတီပို့စ်မှ ကိုက်(၅၀) အကွာ
ထွက်မိလျှင်ပင် ပစ်ခတ်ခွင့်ရှိလေရာ ယခု ကျွန်တော် ရောက်ရှိနေသောနေရာမှာ
ဂျူတီပို့စ် မှ မိုင်ပေါင်းများစွာ ကွာဝေး နေလေပြီ၊ ကျွန်တော်တို့
ဆန္ဒပြသော စက်တင်ဘာလ(၉) ရက်နေ့သည် ကိုယ့်အိပ်ရာလိပ် ကိုယ်ယူပြီး ရုံးသို့
လာရမည်ဟု အမိန့်ထုတ်ထားသော အချိန်ကာလဖြစ်သည်။ ပြီးတော့ ကိုယ့်ဌာနအကြောင်း
ကိုယ်သိသည်။ ကျွန်တော်တို့ တပ်မှူး လေ/၁၂၃၁ ဗိုလ်မှူး မြအောင်သည်
ဤကိစ္စကို တာဝန်ယူမည်မဟုတ်။ စခန်းမှူး ဗိုလ်မှူးကြီးဘဆန်းကလည်း
စစ်စည်းကမ်းနှင့် ပတ်သက်လျှင် တရွေးသားမျှ အလျှော့ပေးလိမ့်မည် မဟုတ်။
မျက်နှာအနေအထားကပင် ဘယ်အချိန်ကြည့်ကြည့် (ကျွန်တော်တွေ့ရသည့်
အချိန်တိုင်း) တင်းမာ နေသည့်လူ၊ ဒီတော့ တာဝန်ယူသည်၊ ဘာမျှမဖြစ်စေရ
ဆိုသည်မှာ ရေပေါ်အရုပ်ရေးလျှင် ထင်ချင်ထင်မည်၊ စကားလေးတခွန်း
(သတိမထားမိဘဲ) အမှတ်မထင် ပြောမိသည့်အတွက်ပင် ရေကြည်အိုင် ရောက်ပြီး
ဘ၀ပျက်ဘူးသူတို့ ရှိခဲ့ဖူးသည်။


ကတိ အထပ်ထပ်ပေးပြီး အရေးမယူ ဆိုသည့်တိုင် တပ်ကိုပြန်သွားလျှင် အလိုလို
မျက်နှာငယ်ရတော့မည်။ စောင့်ကြည့်ခံရတော့မည်၊ ကိုယ်မှန်သည်ထင်၍
လုပ်လိုက်သည့်ကိစ္စကို မှားပါသည်ဟု ခံဝန်ချက် ပေးရတော့မည်။ (စစ်တပ်၏
အစိတ်အပိုင်း တစိတ်တဒေသဖြစ်သည့် ကျွန်တော်တို့သည် စစ်တပ်၏ မှားယွင်းသော
လုပ်ရပ်များကြောင့်) ပြည်သူလူထု ရှေ့ဝန်ချတောင်းပန် ဒူးထောက်ရသည်က
လိပ်ပြာ သန့်လှသည်။ ပြည်သူသာအမိ ပြည်သူသာအဖ မဟုတ်ပါလား။ (၁၇) ရက်နေ့
နေ့လယ် (၁၂) နာရီခန့် တွင် ကျွန်တော်တို့ ထမင်းစားသောက်ပြီး
အပြင်သွားသူသွား၊ အနားယူသူယူ၊ စကားပြောသူပြော၊ လုပ်စရာ ရှိတာ လုပ်သူနှင့်
ရှိနေကြခိုက် အပြင်ထွက်သွားသော ထွန်းထွန်းနိုင် (PLF) အူယားဖားယား
ပြေးဝင်လာပြီး “ဟေ့ အားလုံး အမြန်ယူနီဖောင်းဝတ်ကြ၊
ကုန်သွယ်ရေးဝန်ကြီးဌာနမှာ စစ်တပ်က ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်နေပြီ၊
ငါတို့ လိုက်သွားကြမယ်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

အရိုးကြီးကြီးနှင့် မျှားခြင်း

ကြားရတဲ့သတင်းတွေက ကိုယ့်နားကိုယ် မယုံနိုင်လောက်အောင်ပါပဲ။

အခွန်ကိစ္စကို အကြောင်းပြုပြီး နိုင်ငံသားအဖြစ်က စွန့်လွှတ်တဲ့သူ များလာတာက
တစ်ကြောင်း၊ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေ အရင်ကထက် ပိုများလာတာက
တစ်ကြောင်း စတာတွေကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား
တွေရဲ့ ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ လျှော့ပြီး
ကောက်ခံဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာလည်း အဲဒီလို
လျှော့ကောက်တဲ့အတွက် အစိုးရ ဘဏ္ဍာငွေ လျော့မသွားအောင် အခွန်ဆောင်တဲ့ သူတွေကို
ကားပါမစ်တွေ ပြန်ချ ပေးသွားမယ်လို့ ဆိုပါတယ်။ လူတွေ အခွန် ဆောင်ချင်စိတ်
ရှိအောင် စည်းရုံးတဲ့ သဘောပါ။ အရင်ကလောက် များများစားစား ချပေးမှာ မဟုတ်ပေမယ့်
သတ်မှတ်ထားတဲ့ အခွန်ပမာဏကို ပေးသွင်း ပြီးသူတိုင်း ကားဝယ်ယူ တင်သွင်းခွင့်
ပါမစ် ရမယ်လို့ သိရပါတယ်။ ဒါပေမယ့် သိပ်ဟောင်းနေတဲ့ ကားတွေကို
တင်သွင်းခွင့်ပေးမှာ မဟုတ်ပဲ ၂၀၀၄ ခုနှစ် နောက်ပိုင်း ထုတ်တဲ့ကားတွေကိုပဲ
တင်သွင်းခွင့်ပေးသွားမယ် လို့လည်း သိရပါတယ်။

ဆိုးရွားလာတဲ့ ရန်ကုန်မြို့က ဂျီအက်စ်အမ် ကွန်ယက်ကြောင့် မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်းနဲ့ အပြိုင် ကုမ္ပဏီ တစ်ခုကို လုပ်ပိုင်ခွင့် ချပေးမယ်လို့ ကြားရပါတယ်။
အဲဒီအတွက် ပုဂံ ဆိုက်ဘာတက်ခ်နဲ့ နိုင်ငံခြား တယ်လီဖုန်း ကုမ္ပဏီတစ်ခု ဖက်စပ်
လုပ်ဖို့ စီစဉ် နေတယ်လို့လည်း သိရပါတယ်။ အခုလောလောဆယ် ပုဂံနဲ့ ဖက်စပ်လုပ်ဖို့
စကားပြောနေတဲ့ ကုမ္ပဏီတွေထဲမှာ ထိုင်းနိုင်ငံက Shin Corp၊ စင်ကာပူက SingTel
တို့အပြင် ထူးထူးခြားခြား ဥရောပ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Vodafone လည်း ပါဝင်နေ
ပါတယ်။ W-CDMA လို့ခေါ်ကြတဲ့ 3G service၊ Blackberry Pushmail Service၊ I-phone
Data plan တွေပါ ပေးနိုင်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

အခြားတစ်ဖက်မှာလည်း MPT က နိုင်ငံခြား ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းပြီး အင်တာနက်
ကွန်ယက်တွေ တိုးချဲ့သွားဖို့နဲ့ ဝန်ဆောင်မှု အသစ်တွေ ပေးသွားဖို့ စီစဉ်နေတယ်
လို့ သိရပါတယ်။ MPT က ပေးမယ့် ဝန်ဆောင်မှု အသစ်တွေထဲမှာ Pfingo၊ Skype တို့လို
VOIP ဝန်ဆောင်မှုတွေပါ ပါဝင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို လှမ်းကြူချင်သူ
များအတွက် ဝမ်းမြောက်စရာပါ။

နောက်တစ်ခုကတော့ ကမ္ဘာ အရပ်ရပ်မှာ နေထိုင်တဲ့ မြန်မာတွေ အတွက် သတင်းကောင်း
တစ်ခုပါ။ နိုင်ငံခြား ကုမ္ပဏီ တစ်ခုကနေ မြန်မာ အစားအစာ ချက်ပြုတ်နည်းကို
လေ့လာပြီး ကမ္ဘာအနှံ့အပြားမှာ မြန်မာစားသောက်ဆိုင်တွေ ဖွင့်လှစ်ဖို့
စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီ ကုမ္ပဏီဟာ လောလောဆယ် ကမ္ဘာ အရပ်ရပ်မှာ
တရုတ်နဲ့ထိုင်း စားသောက်ဆိုင် အမြောက်အများ ဖွင့်လှစ်ထား ပါတယ်။ အဲဒီ
အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ဖို့ ပြင်သစ်စားဖိုမှူး ၅ယောက် ဦးဆောင်တဲ့
အဖွဲ့တစ်ဖွဲ့ဟာ ရန်ကုန်မှာ မြန်မာအစားအစာကို သုတေသန လုပ်နေတယ်လို့ ကြားရပါတယ်။
သူတို့ မြန်မာစားသောက်ဆိုင် ဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ နေရာတွေမှာ
လော့စ်အိန်ဂျယ်လိစ်၊ ဆန်ဖရန် စစ္စကို ၊ နယူးယောက် စတဲ့ အမေရိကန် နိုင်ငံက
မြို့ကြီးတွေ၊ ဆစ်ဒနီ၊ မဲလ်ဘုန်း စတဲ့ သြစတေးလျ မြို့ကြီးတွေ၊ လန်ဒန်၊ ပဲရစ်၊
ဘာလင်၊ မြူးနစ် စတဲ့ ဥရောပ မြို့ကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်။

စင်ကာပူမှာ အမြဲတမ်းနေထိုင်သူတွေ၊ မလေးရှား ဗီဇာ ရှိတဲ့သူတွေ အတွက်လည်း
သတင်းကောင်း တစ်ခု ရှိပါတယ်။ ဘတ်ဂျက် လေကြောင်းလိုင်း တစ်ခု ဖြစ်တဲ့ AirAsia
ကို ရန်ကုန်-ဂျဟိုးဘာရူး၊ ရန်ကုန်-ပီနန် ခရီးစဉ် ပြေးဆွဲဖို့
ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ ဂျဟိုးဘာရူး Senai လေဆိပ်ကနေ စင်ကာပူ
နိုင်ငံအတွင်းကို ရောက်ဖို့ ၄၅ မိနစ် လောက်ပဲ ကြာပါတယ်။ အဲဒီတော့ နောက်ဆို
စင်ကာပူမှာ နေတဲ့သူတွေ ဝါသနာ ပါရင် စနေ၊ တနင်္ဂနွေ အိမ်ပြန်လို့ ရမယ့် သဘောပါ။
AirAsia ရဲ့ အဆိုအရ အဲဒီ ခရီးစဉ်တွေကို သူ့လေကြောင်းလိုင်းရဲ့ တခြား
ခရီးစဉ်တွေလိုပဲ ဈေးနှုန်း သတ်မှတ်မယ်လို့ သိရပါတယ်။ ရန်ကုန်-ဂျဟိုး ခရီးစဉ်ကို
ပုံမှန်အားဖြင့် မလေးရှား ရင်းဂစ် ၃၀၀-၄၀၀ (စင်ကာပူ ဒေါ်လာ ၁၀၀-၂၀၀) လောက်နဲ့
ပြေးဆွဲ ပေးသွားမယ် လို့ ဆိုပါတယ်။
အခု ပြောသွားတဲ့ သတင်းတွေက တကယ့်ကို မယုံနိုင်စရာပါပဲ။ ကျွန်တော်လည်း
မယုံပါဘူး။ တကယ်မှ မဟုတ်တာ။ ကျွန်တော် ကြားချင်တဲ့ သတင်းတွေပါ။
:))))))

ဘယ်သူရေးတယ် ဆိုတာမသိပေမဲ့ တော်တော် စိတ်ကူးကောင်းတဲ့သူ တစ်ယောက်ဖြစ်မှာ
သေချာပါတယ်..... ဖတ်ရင်းဖတ်ရင်း.... မျက်လုံးတွေ ပြူးထွက်လာအောင်
(ရုံးမှာ အိပ်ငိုက်တဲ့ အချိန်ဖတ်တာမို့ပါ...:P ) ... ဝမ်းသာလုံးတွေ
ကြွလာပြီး သကာလ...... အဆုံးရောက်မှ... "ယုံပဲယုံတတ်လေ... တန်ရာတန်ရာကို
မမှန်းဘူး.."လို့ ကိုယ့်ကိုယ်ကိုပဲ... အရီအပြုံးနဲ့ ...
ခွင့်လွှတ်လိုက်....အဲလေ... အပြစ်တင်လိုက်မိတယ် (ကိုယ့်ကိုယ်ကို ကတော့
အပြစ်မတင်ခင်ကတည်းက ခွင့်လွှတ်ပြီးသား ဆိုတော့လေ....)

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Thursday, August 27, 2009

ငရဲပြည် အကြော်စုံလုပ်ငန်း

ပေးပို့ သူ ကိုဒေါင်းနီ -ရန်ကုန်

ဖြိုးဓန အကြာ်စုံလုပ်ငန်းတဲ့ ကျွန်မတို့နေ့တိုင်းစားသုံးအားပေးနေတဲ့အာလူးကြော်တို့ ဘရာကြော်တို့လုပ်တဲ့နေရာကြီးပေါ့ အဲ့ဒီဖြိုးဓနအကြာ်စုံလုပ်ငန်းက ရွှေပြည်သာမှာ ရှိတာပါ သူဌေးနာမည် က ဦးအောင်သန်းတဲ့ မြန်မာနိုင်ငံသားသူဌေးကြီးပေါ့ တစ်နေ့ ကလေးတစ်ယောက်ပြန်ပြေးလာပြီး အဲ့ဒီဖြိုးဓနအကြော်စုံနဲ့ပက်သတ်ပြီး ပြောပြမှ တော်တော်ရင်နာစရာကောင်းပါလားဆိုတာကိုသိရပါတယ် ..........ဖြစ်ပုံက.... မောင်နေနိုင် ၊မောင်ဝဏဇော် ၊ မောင်ဇော်ဇော်နဲ့ မောင်အောင်မြတ်ထူးသူငယ်ချင်းလေးယောက်ကအလုပ်အကြာင်း စုံစမ်းပြီးအဒေါ်ကြီးတစ်ယောက်အဆက်အသွယ်နဲ့ အဲ့ဒီငရဲဘုံကဲ့သို့သော ဖြိုးဓန အကြော်စုံလုပ်ငန်းကို ရောက်လာခဲ့ကြပါတယ်။ အဒေါ်ကြီးက စားရိတ်ညိမ်း
တစ်လ(၂၅၀၀၀)ပေးမယ်ပြောသော်လည်း တကယ်တန်း ထိုနေရာသို့ရောက်သောအခါ (၂၀၀၀၀)ဖြစ်သွားပါတယ်။ ပြီးတော့ အလုပ်လုပ်ဖို့စာချုပ်ချုပ်ရမယ်ဆိုကာ (၃)လလုပ်ပါမယ်ကတိပေးပြီးလေးယောက်လုံး လက်မှတ်ထိုးခဲ့ရပါတယ်။ ပိုက်ဆံကြိုတင်ငွေ တစ်သောင်းတုတ်ပေးပြီး ရှိရှိသမျှအလုပ်တွေသိမ်းကြုံးလုပ်ခိုင်းပါတော့တယ် ။တစ်နေ့ကိုအလုပ်ချိန်(၁၀)နာရီဖြစ်ပြီး အချိန်ပိုမရှိပါက ညနေအလုပ်ဆင်းချိန်မှာ အလုပ်ရုံမှ အာလူးအိတ်များ(ဆန်တစ်အိတ်မျှလေးသော)ကိုထမ်းခိုင်းခြင်း၊ဆီပုန်းများသယ်ခိုင်းခြင်းဖြင့် အလုပ်နားချိန်မှတောင်
အလုပ်ရုံရဲ့ ရှိရှိသမျှ လက်တိုလက်တောင်းတွေကိုခိုင်းစေတက်ပါတယ်.။ ည၉း၃၀ မှေ၇ချိုးထမင်းစာရပါတယ်။ ထို့ကြောင့်ထိုကောင်လေး (၄)ယောက်မှ
သုံယောက်က အလုပ်ကိုနော်မယ် မဟုတ်ဘဲပိုခိုင်းသောအတွက် ပင်ပန်းကာ နဂိုရှိပြီးသား အပင်ပန်းမခံနိုင်ရင်ထွက်ပြေးသူများ၏လမ်းကြောင်းဖြစ်သော
အိမ်သာပေါက်မှ ထွက်ပြေးကြပါသောလည်း ကံဆိုးစွာပြန်၍မိသွားသောကြောင့် ကြိုးတုပ်တိုးကြိတ်ကာ နှစ်ယောက် ကို သံဇကာ ထဲထည့် ကြိုးတုပ်ထားပြီး ကျန်တစ်ယောက်ကို အပြင်ကမာကလာပင်မှာ လက်ကိုကြိုးတုတ်ကာ တွဲလောင်းချထားတယ်၊ နိုင်ကငံခြားအက်ရှင်ကားထဲအတိုင်းပေါ့
ဒါပေမယ့် ဖြစ်နေတာက မြန်မာနိုင်ငံ ဗုဒ္ဓဘာသာနိုင်ငံမှာပါ ညဘက်ရောက်တော့ ကျန်နေသေးတဲ့ တစ်ယောက်ကထွက်ပြေးပြန်လာပြီး လူကြီးတွေနဲ့
ထိုငရဲဘုံမှာကျန်နေခဲ့သောကလေးများ သွားခေါ်သောအခါမှ ငရဲဘုံ ဖြိုးဓန အကြော်စုံလုပ်ငန်းမှ သူဌေးဖြစ်သော ဦးအောင်သန်း (မြန်မာနိုင်ငံသားကုလားကြီး)ကတရားတစ်ဘောင်တွေကိုကြိုမြင်ကာ
“ငွေများတော့ တရားနိုင်ဆိုတာသိလား”လို့လဲမေးလိုက်ပါတယ်
အမှန်တော့တရားနိုင်တွေဘာတွေမသိပါဘူး ခုအလုပ်သွားလုပ်တဲ့ သူတို့အလုပ်ခန့်ပြီး အလုပ်စေခိုင်းခဲ့တဲ့ ကောင်လေးလေးယောက်မှာ နှစ်ယောက်က
အသက်မပြည့်သေးသူများတာဖြစ်ပါ တယ် ......
ဘာဘဲဖြစ်ဖြစ် ရိုးရိုးသားသား အလုပ်လုပ်ချင်နေသောမြန်မာလူငယ်လေးများကို ထိုကဲ့သို့သော ငရဲဘုံနှင့်တူသော ဖြိုးဓနအကြော်စုံလုပ်ငန်းမှာ မလုပ်မိအောင်ရယ် ဖြိုးဓနကျွန်မတို့လိုစားသုံးအားပေးနေသူများကိုလဲ အဆိပ်ပင်ရေလောင်း နေသလိုဖြစ်နေပါကြောင်းအသိပေးတာပါ ....

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Wednesday, August 26, 2009

နအဖစစ်အစိုးရအာဏာပိုင်များက အမြန်ဆုံးတောင်းပန်ရန်

မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ်
သတ်ဖြတ်စော်ကားထားမှုများကို နအဖစစ်အစိုးရအာဏာပိုင်များက
အမြန်ဆုံးတောင်းပန်ရန်နှင့် မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅)
ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့ တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်
သပိတ်မှောက်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက
ကြေညာချက်ထုတ်ပြန်ထားသည်။ အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ယင်းအဖွဲ့မှ
နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက
ဘာရည်ရွယ်ချက်နဲ့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ဖို့ ကြေညာချက်
ထုတ်ရတာပါလဲဘုရား။

ဖြေ။ ။ ၁၉၉၀ သပိတ်တုန်းက မန္တလေးမှာ ဆရာတော်ကြီးတွေက ဦးဆောင်ပြီး
သပိတ်မှောက်ခဲ့တယ်လေ။ အဲဒီမှာလည်း စစ်အစိုးရက သပိတ်မှောက်ကံကို
ကျူးလွန်လိုက်ပြီး သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က
ပြန်လည်ပြီး မတောင်းပန်တဲ့အပြင် ဆရာတော်ကြီးကိုယ်တိုင်ကို ထောင်ချတာ၊
နှိပ်စက်တာ၊ ကျောင်းတိုက်တွေကို စီးနင်းတာတွေ လုပ်ခဲ့တယ်။ အဲဒါတွေကို
ပြန်မတောင်းပန်တဲ့အတွက်ကြောင့် အဲဒီကတည်းက သပိတ်က မလှန်ရသေးဘူး။ သူတို့
သပိတ်မှောက်ကံကို ဆက်ကျူးလွန်တယ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းက ဘယ်သူမှ
ထပ်ပြီးမလုပ်နိုင်ခဲ့ဘူး။ သပိတ်မလှန်သေး ပေမယ့် ငြိမ်နေခဲ့ကြရတယ်။
နောက်တခါ သူတို့က ၂၀၀၇ စက်တင်ဘာမှာ ဦးဇင်းတို့သံဃာတွေ
ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ လမ်းလျှောက်တာကို သူတို့ကနေပြီးတော့
ဓာတ်တိုင်မှာကြိုးနဲ့တုပ်၊ ခေါင်းရိုက်ဆိုတဲ့အခါကျတော့ သပိတ်မှောက်ကံကို
ထပ်ကျူးလွန်တဲ့အတွက်ကြောင့် သံဃာတော်တွေကနေပြီးတော့ သူတို့ကို
ထပ်ပြီးတော့ ဒုတိယအကြိမ် သပိတ်မှောက်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က
ပြန်ပြီးတော့ သံဃာတွေကို မတောင်းပန်တဲ့အပြင် ထပ်ပြီးတော့တခါ ပစ်သတ်တာ၊
ကျောင်းတိုက်တွေကို သူပုန်စခန်းစီးသလိုလုပ်တာ၊ ဒါတွေကို သူတို့က
ထပ်ပြီးတော့ကျူးလွန်တယ်။ အဲဒီလိုမျိုး ကျူးလွန်ခဲ့တဲ့အတွက်ကြောင့်
ဦးဇင်းတို့က ဒီလိုတော့မဖြစ်ဘူး၊ ငါတို့သာသနာကို သူတို့ကနေပြီးတော့
အမြဲတမ်းပဲ စော်ကားချင်သလိုစော်ကား၊ လုပ်ချင်တိုင်း လုပ်နေရင်
ဘုရားရဲ့သာသနာဟာ အင်မတန်မှနစ်နာတယ်၊ သံဃာတွေလည်း နစ်နာတယ်။ အခုဆိုရင်
သံဃာတွေဟာ ထောင်ထဲမှာ အပြစ်မရှိဘဲနဲ့ နေနေရတာဟာ ကျန်သံဃာတွေအားလုံးအတွက်
ဝမ်းနည်းစရာလည်းကောင်းတယ်၊ ရင်နာစရာလည်းကောင်းတယ်။ အဲတော့ တတိယအကြိမ်
ဒီသံဃာတော်တွေပြန်လွတ်ဖို့ ငါတို့မှာတာဝန်ရှိတယ်။ အသတ်ဖြတ်ခံလိုက်ရတဲ့၊
အနှိပ်စက်ခံထားရတဲ့ သံဃာတော်တွေရဲ့ကိုယ်စား
လုပ်ပေးဖို့တာဝန်ရှိတယ်လို့ယူဆပြီး ပြည်တွင်းပြည်ပသံဃာတော်တွေ
အကုန်လုံးပေါင်းစည်း စည်းဝေးတိုင်ပင်ပြီးတော့ ငါတို့
မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းများနဲ့ညီတဲ့ ဒီ တတိယအကြိမ် သပိတ်တော့
ဆင်နွှဲမှဖြစ်မယ်ဆိုပြီးတော့ ဦးဇင်းတို့ လာမယ့် သီတင်းကျွတ်လပြည့် (၁၅)
ရက်၊ (၃-၁၀-၂၀၀၉) စနေနေ့ ပ၀ါရဏာနေ့ကို အတည်ပြုပြီး ပတ္တနက္ကုဇ္ဇနကံဆောင်
သပိတ်မှောက်ဖို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ဘာကြောင့် အခုလို ပ၀ါရဏာနေ့ကိုမှ ရွေးချယ်ပြုလုပ်တာပါလဲ ဘုရား။

ဖြေ။ ။ အဲဒါကတော့ ပ၀ါရဏာပွဲဆိုတာ သံဃာတော်တွေကိုယ်တိုင်ပင် တပါးနဲ့တပါး
အပြစ်တွေရှိရင် ဆုံးမပါ၊ ပြောဆိုပါဆိုပြီး
ဝန်ချတောင်းပန်ကြရတဲ့ပွဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများကလည်း
ဒါကိုအတုယူပြီးတော့ သီတင်းကျွတ်လို့ရှိရင် လူကြီးသူမ မိဘတွေကို
ကန်တော့ကြတယ်၊ တောင်းပန်ကြတယ်၊ အပြစ်တွေကို ၀န်ချကြတဲ့ အစဉ်အလာရှိပါတယ်။
ပြီးတော့ ပ၀ါရဏာနေ့မှာ ဆိုလို့ရှိရင် သံဃာတော်တွေအားလုံးဟာ
စည်းရုံးညီညွတ်စွာနဲ့ သိမ်တွေအသီးသီးမှာ တမြို့နယ်ကို
မိမိတို့ရဲ့ပ၀ါရဏာပြုရာ ဂိုဏ်းဌာနကြီးတွေကို အကုန်လုံးစုပြီးတော့
ပ၀ါရဏာပြုကြရပါတယ်။ အဲတော့ သံဃာတော်အားလုံး ကလည်း ညီညီညွတ်ညွတ်နဲ့
စုစည်းတဲ့အချိန်တချိန်ကို ပြောပါဆိုရင် တနှစ်မှာ
ပ၀ါရဏာပြုတဲ့အချိန်တချိန်ပဲ ရှိပါတယ်။ အဲဒါကြောင့်မို့
အားလုံးစုစည်းညီညာတဲ့အချိန်မှာ ငါတို့သံဃာတော်တွေပင် တပါးနဲ့တပါး
ဝန်ချတောင်းပန်ကြသေးတာ၊ နအဖစစ်အစိုးရအနေနဲ့လည်းပဲ
သူတို့ကျူးလွန်ထားတဲ့အပြစ်တွေကို သေချာကျနလာပြီးတော့ တောင်းပန်မယ်၊
ဆရာတော်တွေကို ပြန်လွှတ်မယ်ဆိုလို့ရှိရင် ဒီအချိန်ဟာ ဗုဒ္ဓဘာသာကောင်းလို့
သူတို့ကိုယ်သူတို့ ဟစ်ကြွေးနေကြတဲ့ သူတွေအနေနဲ့ လာပြီးတော့
တောင်းပန်ရမယ်၊ သံဃာတော်တွေကို လွှတ်ပေးရမယ်။ နိုင်ငံကြီးပြေလည်တဲ့အထိ
သွားရမယ်ဆိုတဲ့ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဦးဇင်းတို့က ပ၀ါရဏာနေ့ကို
ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့
တောင်းဆိုချက်ကို နအဖစစ်အစိုးရက လိုက်နာလိမ့်မယ်လို့ ထင်ပါသလားဘုရား။

ဖြေ။ ။ ဒါကတော့ နှစ်ပိုင်းရှိပါတယ်။ နှစ်ပိုင်းဆိုတာက
ဦးဇင်းတို့သံဃာတော်တွေ လုပ်ရမယ့်အပိုင်းနဲ့ စစ်အစိုးရ
လုပ်ရမယ့်အပိုင်းဆိုပြီး ရှိပါတယ်။

ဦးဇင်းတို့သံဃာတော်တွေက မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းကံတွေနဲ့ညီလာရင်
မြတ်စွာဘုရားရဲ့ အာဏာဒေသနာတော် ခေါ်တယ်။ ဒါမလုပ်မဖြစ်လုပ်ရပါတယ်။
ပတ္တနိက္ကုဇ္ဇနကံဆိုတာလည်း မြတ်စွာဘုရားလက်ထက်ကတည်းက လိစ္ဆ၀ီမင်းသားက
သံဃာတော်တွေကို စော်ကားခဲ့တဲ့အတွက်ကြောင့် မြတ်စွာဘုရားက အချက် (၈)
ချက်ထုတ်ပေးထားခဲ့တယ်။ ဒီအချက်တွေနဲ့ ညီလာလို့ရှိရင် မင်းတို့သာသနာမှာ
မခံကြနဲ့၊ ပတ္တနိက္ကုဇ္ဇနကံ ကမ္မ၀ါကိုရွတ်ဆိုပြီးတော့ ကျူးလွန်တဲ့သူတွေကို
သပိတ်မှောက် ကံဆောင်ရမယ်လို့ မြတ်စွာဘုရားက အမိန့်အမှာရှိခဲ့တယ်။
ဝိနည်းဥပဒေတော်ရှိခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့သံဃာတော် တွေက
မြတ်စွာဘုရားရဲ့ဝိနည်းကျင့်ဝတ်ကို လေးစားလိုက်နာရမယ့်၊
မဖြစ်မနေလုပ်ဆောင်ရမယ့် သာသနာ့ဝန်ထမ်းတွေရဲ့ အလုပ်တခုဖြစ်ပါတယ်။
ဒါကြောင့် နအဖစစ်အစိုးရအနေနဲ့ သံဃာတော်တွေအပေါ် ကျူးလွန်စော်ကားခဲ့တာဟာ
သာသနာတော်ကို စော်ကားရာရောက်နေတဲ့အတွက်ကြောင့်
မြတ်စွာဘုရားရဲ့ဝိနည်းကံနဲ့အညီ သံဃာတော်တွေစုပေါင်းပြီး
ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒါကသံဃာတော်တွေ လုပ်ရမယ့်အပိုင်းဖြစ်ပါတယ်။

စစ်အစိုးရအနေနဲ့ လုပ်ရမယ့်အပိုင်းက သူတို့အပိုင်းဖြစ်တယ်။ ဦးဇင်းတို့က
ဒီလိုလုပ်ရတာကလည်း ဆက်ပြီးတော့ အကုသိုလ်တွေ ကျူးလွန်နေကြရင်
မဟာအ၀ီစိငရဲကို ကျသွားနိုင်ကြတယ်။ ဒါကြောင့် ဒီလို ပတ္တနိက္ကုဇ္ဇနကံနဲ့
သတိပေးလိုက်ရင်၊ သူတို့လည်း လာပြီးတောင်းပန်လိုက်ရင်၊ ဆက်ပြီးတော့
အကုသိုလ်ကံတွေ မကျူးလွန်တော့ဘူးဆိုရင် သာသနာတော်အတွက်
အင်မတန်ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်၊ နိုင်ငံကြီးလည်း ကျကျနန ပြေလည်သွားမယ်။
သူတို့ရဲ့အပိုင်းက သူတို့တတွေသည် ဗုဒ္ဓဘာသာကောင်းလို့
ယနေ့ဟစ်ကြွေးနေကြတဲ့အတွက်ကြောင့် တကယ်မှန်လို့ရှိရင် ဒီလုပ်ရပ်ဟာ
မြတ်စွာဘုရားချမှတ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်။ တရားတော်တွေရဲ့လုပ်ရပ်ဖြစ်တယ်။
သံဃာတော်တွေရဲ့ လုပ်ရပ်ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ဟာ ဒါကိုကျကျနန
လိုက်နာဖို့လိုပါတယ်။

မေး။ ။ မြတ်စွာဘုရားချမှတ်ထားတဲ့ သပိတ်မှောက်ကံဆောင်ဖို့ အင်္ဂါ (၈)
ချက်က ဘာတွေပါလဲဘုရား။

ဖြေ။ ။ မြတ်စွာဘုရားက သပိတ်မှောက်ကံဆောင်ဖို့အတွက် ချမှတ်ထားတဲ့အချက်
(၈) ချက်ရှိပါတယ်။ အဲဒီ (၈) ချက်ထဲက တချက်ချက်ညီခဲ့ရင်တောင်မှပဲ
သပိတ်မှောက်ကံဆောင်လို့ရပါတယ်။ အခုကတော့ (၈) ချက်စလုံးနဲ့ ညီနေပါတယ်။
အဲဒါတွေ ကတော့ နံပါတ် (၁) က ရဟန်းတို့အား လာဘ်မရအောင်
ပြု၏ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို ပစ္စည်းလေးပါးတွေ လိုက်ပိတ်တာပေါ့။
သပိတ်မှောက်ကံဆောင်တဲ့ ကျောင်းတွေကို မသွားရအောင်၊ ဗုဒ္ဓဘာသာဝင်တွေ
လာလှူတာတွေကို မလှူနဲ့၊ လက်မခံနဲ့။ အန်အယ်လ်ဒီရုံးတွေက
ပင့်ဖိတ်တာမျိုးတွေကို မကြွရဆိုတဲ့ အမိန့်တွေထုတ်တာဟာ သံဃာတော်တွေရဲ့
လာဘ်လာဘကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။ (၂) အချက်က သံဃာတော်တွေကို
နေရာမရအောင်လုပ်တာပေါ့။ နေမြဲကျောင်း မနေရအောင် ပြု၏ ဆိုတဲ့အချက်ပါ။
အများသိတဲ့အတိုင်းပဲ သံဃာတော်တွေဟာ ကျောင်းတိုက်တွေမှာ မနေရဲတော့ဘူး။
တခြားတိုင်းပြည်တွေကို ထွက်ပြေးနေရတယ်၊ တချို့လူဝတ်တွေလဲနေရတယ်၊
တချို့ပုန်းရှောင်နေကြရတယ်။ နောက် နံပါတ် (၃) အချက်က ရဟန်းတို့ကို
ဆဲရေးကြိမ်းမောင်း၏ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါလည်း
အားလုံးမြင်ကြတဲ့အတိုင်းပါပဲ၊ သံဃာတော်တွေကို လိုက်ခြိမ်းခြောက်တဲ့အတွက်
ကျောင်းတိုက်တွေထဲ မနေရဲ ဖြစ်နေကြရပါတယ်။ နံပါတ် (၄) ကတော့ ရဟန်းချင်း
ကွဲပြားအောင်ပြု၏ ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို အချင်းချင်းကွဲပြားအောင်
မိမိတို့စည်းရုံးလို့ရတဲ့ သံဃာတော်တော်တွေက တဖက်၊ မြတ်စွာဘုရားရဲ့
ဝိနည်းလိုက်နာတဲ့ သံဃာတော်တွေကတဖက် ဆိုပြီး နှစ်စုကွဲအောင်၊ သူတို့ကို
လိုက်နာအောင် အတင်းအမိန့်တွေထုတ် လုပ်တာဟာလည်းပဲ သံဃာအသင်းကွဲအောင်
လုပ်တာပါပဲ။ နောက် နံပါတ် (၅) ဘုရားဂုဏ်ကျေးဇူးမဲ့ဆို၏။ နံပါတ် (၆)
တရားဂုဏ် ကျေးဇူးမဲ့ဆို၏။ နံပါတ် (၇) သံဃာဂုဏ် ကျေးဇူးမဲ့ဆို၏
ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ တချက်ချင်းဆိုရင် ဘုရားကို စော်ကားတာ၊ တရားကို
စော်ကားတာ၊ သံဃာကိုစော်ကားတာ ဖြစ်ပါတယ်။ နံပတ် (၈) ကတော့
အကျိုးမဲ့ဘေးရန်ဖြစ်အောင်ပြု၏ ဆိုတဲ့အချက်ပါ။ ဒါကတော့ သာသနာတော်အတွက်
အကျိုးမရှိတာတွေကို ခွင့်ပြုတာဖြစ်ပါတယ်။ ကျောင်းဝိုင်းတွေမှာ
လောင်းကစားဝိုင်းတွေ ခွင့်ပြုတာတို့၊ သံဃာတော်တွေကို
ဘာသာရေးမလုပ်နိုင်အောင် ကျောင်းတွေမှာ စောင့်ကြည့်စစ်ဆေးတာတို့
ဖြစ်ပါတယ်။

မေး။ ။ သံဃာတော်တွေ သပိတ်မှောက်ကံဆောင်ဖို့အတွက် ပြည်တွင်းပြည်ပအနေနဲ့
ဘယ်လိုအစီအစဉ်များ ရှိပါလဲဘုရား။

ဖြေ။ ။ ဒီတခါလုပ်မယ့် တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရာမှာ
ထူးခြားတဲ့အချက်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို မလိုက်နာတဲ့
သံဃာတော်တွေ၊ နအဖနဲ့ပေါင်းတဲ့သံဃာတော်တွေကို ဦးဇင်းတို့က
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးတွေ၊
အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့ကြီးတွေ၊
ပြည်တွင်းသံဃာအဖွဲ့တွေကနေပြီးတော့ တံဆိပ်တွေရိုက်နှိပ်ပြီး ဒီသံဃာဟာ
မြတ်စွာဘုရားရဲ့ ၀ိနည်းကံတွေကို မလိုက်နာဘူး။ သံဃာတော်တွေကိုချမှတ်ထားတဲ့
လမ်းစဉ်ကို မလိုက်နာဘဲနဲ့ စစ်မိစ္ဆာများနဲ့ သွားပေါင်းတဲ့အတွက်ကြောင့်
သူ့ကို သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယကံဆောင်လိုက်ပါသည်။
ပြည်သူပြည်သားအပေါင်းကလည်း ပစ္စည်းလေးပါး လှူဒါန်းခြင်း လုံးဝမပြုရ
ဆိုတာတွေကို ဦးဇင်းတို့က ကြေညာချက်တွေ ထုတ်မယ်။ တနိုင်ငံလုံးကို
ဖြန့်မယ်။ ၀က်ဘ်ဆိုက်တွေ အင်တာနက်တွေပေါ်တင်မယ်။ သတင်းမီဒီယာတွေကို
ပို့ပြီး ဖော်ပြမှာဖြစ်ပါတယ်။

မေး။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာကို ထပ်မံရှင်းပြပေးစေလိုပါတယ် ဘုရား။

ဖြေ။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာ သံဃာအဖြစ်ကနေ
ကျဉ်ပယ်ပစ်ခြင်းကိုဆိုတာပါ။ ဒါပေမယ့် ရဟန်းမဟုတ်တော့ဘူးလို့
ပြောတာမဟုတ်ဘူး။ ပေါင်းသင်းဆက်ဆံခြင်းမပြုရလို့ ပြောတာ။ အဲဒီသံဃာကနေပြီး
ပြန်လည်ပြီး တောင်းပန်လာမယ်၊ သူကမှားကြောင်း ၀န်ခံလာမယ်၊
သံဃာတွေကျေနပ်တဲ့အထိ ပြန်တောင်းပန်မယ်ဆိုရင် သူ့ကို
လွတ်ငြိမ်းချမ်းသာခွင့် ပြန်ပေးလို့ရတယ်။ သံဃာမဟုတ်တော့ဘူးလို့
သူ့ကိုပြောတာမဟုတ်ဘူး။ သူ့အပြစ်ကို ၀န်ချတောင်းပန်မှု မရှိမချင်း သူ့ကို
ပေါင်းသင်းဆက်ဆံခြင်းမပြုရဘူးလို့ ပြောတာ။

မေး။ ။ ၂၀၀၇ ခု စက်တင်ဘာမှာ သံဃာတွေ သပိတ်မှောက်ကံဆောင်တုန်းက
သံဃာတွေနဲ့အတူ ပြည်သူတွေက တခဲနက် နောက်ကလိုက်ပြီး ထောက်ခံအားပေး
ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ အခုလို တတိယအကြိမ် သံဃာသပိတ်မှောက်မယ်ဆိုရင်
ပြည်သူလူထု အနေအထားဘယ်လိုရှိမယ် ထင်ပါသလဲဘုရား။

ဖြေ။ ။ ဒါက ပြည်တွင်းမှာ ဦးဇင်းတို့ကိုယ်တိုင်လည်း
စည်းရုံးလုပ်ခဲ့တာဆိုတော့ သိတယ်လေ။ ၂၀၀၇ မတိုင်ခင်က သံဃာထုကြားရော၊
လူထုကြားရော စည်းရုံးရတာ အတော်လေးခက်တယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ
သူတို့က မျက်ဝါးထင်ထင်တွေ့လိုက်ရ၊ မြင်လိုက်ရ၊ ဗွီဒီယိုတွေက ကြည့်လိုက်ရ၊
ကိုယ်တိုင်လည်း ခံစားလိုက်ရတဲ့အခါမှာ သံဃာတွေရော၊ လူတွေရောဟာ
လုံးဝမကျေနပ်ဘူး။ တော်တော်ပေါက်ကွဲသွားတယ်။ လက်ရှိစစ်အုပ်ချုပ်သူတွေဟာ
သာသနာတော်ကို ဖျက်ဆီးနေသူတွေ၊ သာသနာတော်ရဲ့ရန်သူတွေပဲဆိုတာ
မျက်ဝါးထင်ထင်တွေ့သွားတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ပြည်သူတွေက
အရန်သင့်ဖြစ်နေကြတယ်။ အရင်တုန်းက နိုင်ငံရေးကိုစိတ်ဝင်စားအောင်
လိုက်ပြောရတာ။ အခုက သူတို့က အဆင်သင့်ဖြစ်နေကြတယ်ဆိုတာ သိရတယ်။ ၂၀၀၇
ခုနှစ်ထက် ပြင်းထန်သွားမယ်လို့ ဦးဇင်းတို့တော့ သုံးသပ်လို့ရပါတယ်။
သံဃာတော်တွေကို နှိပ်စက်ခဲ့တယ်ဆိုတဲ့ ပေါက်ကွဲမှုကလည်း တချက်၊ နောက်တချက်က
နာဂစ်ပေါ့။ နာဂစ်မှာလည်း ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကိုတောင်မှ စစ်အစိုးရက
မသနားဘူး၊ အင်မတန်မှ ရက်စက်တယ်။ လှူဒါန်းနေတဲ့သူတွေအပေါ်လည်း
ဖြတ်စားတယ်ဆိုပြီးတော့ မကျေနပ်ချက်က ပိုလာတယ်။ နောက်တချက်က
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်တုန်းက မဲပေးတဲ့ကိစ္စမှာလည်း လူတွေက
ငါတို့ဘာသာရွေးချယ်ခွင့်မရှိဘဲနဲ့ အတင်းအဓမ္မ လုပ်သွားတယ်ဆိုပြီး
မကျေနပ်ကြဘူး။ နာဂစ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး
အသက်သွေးကြောဇုန်တခု ပြတ်တောက်သွားတဲ့အတွက် စီးပွားရေးကျပ်တည်းမှုဟာ
အရင်ကထက် အဆပေါင်းမြောက်မြားစွာပြင်းထန်လာတယ်။ နိုင်ငံရေးအရဆိုလည်း ၂၀၀၇
တုန်းက နိုင်ငံရေးသမားတွေက နောက်ကိုနည်းနည်းဆုတ်လို့ရသေးတယ်။ အခုကျတော့
သူတို့နောက်ကို ဆုတ်လို့မရတော့ဘူး၊ အဖြေတခုပေးသွားပြီ။ ဘာလုပ်မှာလဲလို့
အချက်ပေးလိုက်ပြီ။ ဒါကြောင့် နိုင်ငံရေးစံချိန်အရ ပြောရင်လည်း ဒီအချိန်က
အမြင့်ဆုံးဖြစ်နေတယ်။ နိုင်ငံရေးအခြေအနေအရရော၊ စီးပွားရေး အခြေအနေ အရရော
ဆုံချက်ညီနေတာလည်း ပါတာပေါ့။ အားလုံးက ဘာမှနောက်ထပ်ရွေးချယ်စရာ
မရှိတော့ဘူး။ ဒီတချိန်အောင်မြင်အောင် လုပ်ရင်လုပ်၊ မလုပ်ရင် ထာဝရ
စစ်ဖိနပ်အောက်မှာနေရမယ်ဆိုတာ လူတိုင်းက သိသွားတယ်။ ဒါကြောင့်
စံချိန်တွေအားလုံးဟာ ဆုံချက်ညီနေတဲ့ပွဲဖြစ်နေတယ်။

မေး။ ။ ဦးဇင်းတို့ သပိတ်မှောက်ကံဆောင်မယ့် ကိစ္စကို သံဃာ့မဟာနာယကအဖွဲ့က
ဆရာတော်ကြီးတွေနဲ့ရော ညှိနှိုင်းမှု ရှိပါသလားဘုရား။

ဖြေ။ ။ စာတွေပို့တာ၊ စကားပြောဆိုတာတွေတော့ သွားနေတယ်။ ဆက်ပြီးတော့လည်း
ဆရာတော်ကြီးတွေဆီကို သတင်းပို့မယ်၊ မီဒီယာတွေကနေလည်း ပြောမယ်။
ဆက်ပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်မှာပါ။ ဆရာတော်ကြီးတွေအနေနဲ့
ဝိုင်းဝန်းလာမယ်ဆိုရင်တော့လည်း ပိုပြီးအောင်မြင်တာပေါ့လေ။
သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲလေ။ သာသနာရဲ့ဝန်ကို ထမ်းဖို့ပဲ၊
နအဖရဲ့ဝန်ကို ထမ်းဖို့မဟုတ်ဘူး။ ဒီလို သာသနာ့ဝန်ကို ဆရာတော်ကြီးတွေက
ဝိုင်းဝန်း ထမ်းဆောင်မယ်ဆိုရင်တော့ ၀မ်းသာစရာပါ။

မေး။ ။ မြန်မာပြည်သူတွေကို ဘာများမှာကြားလိုပါသလဲဘုရား။
ဖြေ။ ။ ပြည်သူတွေကို ပြောချင်တာကတော့ မိမိတို့သာသနာကို
မိမိတို့အသက်ပေးကာကွယ်မှ ရပါမယ်။ မိမိတို့ကနေပြီးတော့ ငါတို့သာသနာကို
ဖျက်ဆီးနေတာပဲဆိုပြီးတော့ အိမ်ထဲထိုင်ပြီး လက်သီးဆုပ်နေလို့မရပါဘူး။
မိမိတို့ရဲ့သာသနာကို ဘယ်လိုကာကွယ်မှာလဲ။ အဲတော့ လူထုအားဆိုတာ
တကယ်ညီညွတ်လို့ရှိရင် ပြည်တင်းရင် မင်းမခံနိုင်ဆိုသလိုမျိုး
ပြည်သူပြည်သားတွေ ညီညွတ်လာလို့ရှိရင် ဘယ်လိုအစိုးရမျိုးမှ
ရပ်တည်လို့မရပါဘူး။ ပြည်သူလူထုက သန်း (၅၀) ကျော်ရှိပါတယ်။
စစ်တပ်အရေအတွက်ဆိုတာ အင်မတန် နည်းပါးပါတယ်။ စစ်တပ်ထဲမှာတောင် ဗုဒ္ဓဘာသာ
အများစုဖြစ်နေ ကြပါတယ်။ အမိန့်ပေးခိုင်းနေတာ အထက်ကခေါင်းဆောင်
လက်တဆုပ်စာလောက်ပဲရှိပါတယ်။ သူတို့ရဲ့အမိန့်ကိုလည်း ၀န်ထမ်းတွေအားလုံးက
မလိုက်နာသင့်ဘူး။ ပြည်သူလူထုကို မှာကြားလိုတာကတော့ တကယ်ကို ဒီတခါ
သံဃာတော်တွေက သပိတ်မှောက်ကံဆောင်ပြီဆိုတာနဲ့ တတိုင်းပြည်လုံး ချီတက်ရမယ်၊
သံဃာတော်တွေကို ၀န်းရံရမယ်၊ ငါတို့အသက်တွေ သေချင်သေပစေဟေ့၊
ငါတို့သာသနာတော်ကိုတော့ ငါတို့အသက်နဲ့လဲပြီးကာကွယ်မယ်လို့
သန္နိဋ္ဌာန်ချပြီးတော့ တနိုင်ငံလုံးကာကွယ်ကြပါလို့ ဦးဇင်းအနေနဲ့
ပြောကြားလိုပါတယ်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Tuesday, August 25, 2009

လူတယောက်မှာ သူဖြစ်ချင်တာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ရှိတယ်၊ဒါဟာ ဒီမိုကရေစီ

စစ်အစိုးရ ဆရာဝန်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ
Monday, 24 August 2009 17:45 သန်းထိုက်ဦး
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးပေးနေကျ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ကုသခွင့်ရရန် တောင်းဆိုထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။

[ဒေါက်တာ တင်မျိုးဝင်း (ဓာတ်ပုံ - pbase.com)]

ဒေါက်တာ တင်မျိုးဝင်း (ဓာတ်ပုံ - pbase.com)
သြဂုတ်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေး စစ်ဆေးရန်အတွက် အစိုးရ အာဏာပိုင်များက စီစဉ်ပေးထားသော အမျိုးသမီး ဆရာဝန်တဦးကို လက်မခံလို သောကြောင့် ဒေါက်တာ တင်မျိုးဝင်းနှင့် ကုသခွင့်ရရန် တောင်းဆိုထားသည်ဟု NLD ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“အာဏာပိုင်တွေ စီစဉ်တဲ့ ဆရာဝန် တယောက် လာတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က သူအရင်တုန်းက ပြနေကျ ဆရာ တင်မျိုးဝင်းကိုပဲ ပြချင်တဲ့ အကြောင်း အာဏာပိုင်တွေကို ပြောတာ ဆိုတာ ရှိတယ်၊ ဒီနေ့အထိတော့ ဆရာ တင်မျိုးဝင်းသွားတာ မတွေ့ဘူး” ဟု ၎င်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုံမှန် ကျန်းမာရေးအတွက် အာဏာပိုင်များက စီစဉ်ထားသော အမျိုးသမီး ဆရာဝန်မှာ မည်သူ မည်ဝါ ဖြစ်ကြောင်း မသိရှိရသေးပေ။

သို့သော် ဒေါက်တာတင်မျိုးဝင်း နှင့် ကုသခွင့်ရရန် အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆောင်ရွက်နေကြောင်း ဦးဉာဏ်ဝင်း က ဆိုသည်။

ဒေါက်တာ တင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေအား လစဉ်စစ်ဆေး ကုသပေး သည့် မိသားစု ဆရာဝန် ဖြစ်သည်။

“အာဏာပိုင်တွေက ဘာအတွက်ကြောင့် ဘယ်လို လုပ်တာလဲတော့ မသိဘူး။ ကျနော်တို့ နားလည်တာက ကိုယ်ပြသရမယ့် ဆရာဝန်က ကိုယ့်စိတ်ကြိုက်တော့ ရွေးချယ်ခွင့်ရှိရမယ်လို့ အဲဒီလိုပဲ နားလည်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း သူ၏အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား တဦးကြောင့် ရုံးတင် တရားစွဲခံခဲ့ရသည်။ ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော်လည်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချ၍ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံရကာ နေအိမ်သို့ ပြန်လည် ပို့ဆောင် ထိန်းသိမ်းလိုက်သည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း ဖြစ်သည်ဟု အာဏာပိုင်တို့က ဆိုသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

တော်တော်လည်းဟုတ်နေတဲ့  နအဖ

စစ်သားစုဆောင်းရေးမှ ကလေးငယ်အား မိဘများက ငွေပေး၍ ပြန်လည်ထုတ်ယူခဲ့ရSunday, 23 August 2009 21:20
ဗထူး စစ်သားအဖြစ် စုဆောင်းခံရသည့် ဘိုကလေးမြို့မှ ကျောင်းတက်နေသူ ကလေးငယ်အား မိဘများက စစ်သားစုဆောင်းရေးတပ်မှ ငွေပေးကာ ပြန်လည်ထုတ်ယူခဲ့ရသည်။

နေအိမ်မှ ညနေခင်းအချိန်တွင် ပျောက်ဆုံးသွားသည့် အသက် (၁၅) နှစ်အရွယ် အောင်ချစ်ထွေးဆိုသူ ကလေးငယ်အား ကျပ်ငွေ ၅၀,၀၀၀ ပေးကာ မိဘများက နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အောင်ချစ်ထွေးသည် ဘိုကလေးမြို့ အထက (၁) တွင် (၈) တန်းပညာ သင်ကြားနေသူဖြစ်ပြီး ယခုလ (၁၆) ရက်နေ့က ပျောက်ဆုံးသွားခဲ့သည်။

မိဘများက သားပျောက်ဆုံးသည့်အတွက် လိုက်လံရှာဖွေကြရာ ဘိုကလေးမြို့ မြို့ပတ်တာလမ်း (၄) ရပ်ကွက်မှ သန့်ဇင်ထိုက်ဆိုသူနှင့် လိုက်သွားသည်ကို တွေ့မြင်လိုက်သူများက ပြောဆိုသဖြင့် သန့်ဇင်ထိုက်၏ မိဘများနှင့်အတူ နောက်တနေ့တွင် ရန်ကုန် မင်္ဂလာဒုံရှိ ဒညင်းကုန်းစစ်သားစုဆောင်ရေးတပ်သို့ ထပ်မံ လိုက်သွားခဲ့ရသည်။

အဆိုပါစုဆောင်းရေးတပ်သို့ ရောက်ရှိချိန်တွင် သန်းအေးဆိုသူ စစ်သားတဦးက ၎င်းကလေးငယ်မှာ ယခုမရှိတော့ဘဲ သင်တန်းသို့ပါသွားသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

“နောက်တော့ အောင်ချစ်ထွေးရဲ့ ယောက်ဖကနေပြီးတော့ ဟိုမှာ ကျနော်တို့ကလေး၊ ကလေးတွေအများကြီးအထဲက ကိုယ့်ကလေးကို သွားတွေ့လိုက်တယ်။ တွေ့တော့ ကျနော်တို့ကလေးဆိုပြီး အတင်းပဲ ပြန်ခေါ်ထုတ်တာ၊ အဲဒါဆိုရင် ပိုက်ဆံ ၅၀,၀၀၀ ပေးလို့ သန်းအေးဆိုတဲ့ စစ်သားက တောင်းတာ” ဟု မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။

အောင်ချစ်ထွေး၏မိဘများအနေဖြင့် ပါသွားသည့်ငွေ မလုံလောက်သဖြင့် အဆိုပါနေ့တွင် ဘိုကလေးမြို့သို့ပြန်ကာ ငွေငါးသောင်းပြည့်အောင် ရှာဖွေပြီး သြဂတ်လ (၁၉) ရက်နေ့တွင် စစ်သားစုဆောင်းရေးမှ သားဖြစ်သူအား ပြန်လည်ထုတ်ယူခဲ့ရသည်။

ငွေငါးသောင်းတောင်းခြင်းနှင့်ပတ်သက်၍ အဆိုပါ မိသားစုနှင့်နီးစပ်သူက “၅၀,၀၀၀ ပေးရင် ပြန်ထွက်လို့ရမယ်၊ ဒီကလေးကို သူတို့က ဆေးစစ်ချက်တွေ ဘာတွေ အကုန်လုံး စရိတ်စကတွေ ကုန်ထားပြီးပြီ၊ အဲဒီစရိတ်တွေအတွက်တောင်းတာလို့ ပြောတယ်” ဟု ဆိုသည်။

စစ်အစိုးရအနေဖြင့် စစ်သားသစ်စုဆောင်းခြင်းကို နေရာအနှံ့ပြုလုပ်နေပြီး တပ်သားသစ်တယောက်ကို စုဆောင်းပေးနိုင်သူအား ကျပ်ငွေ ၃၀,၀၀၀ ပေးလေ့ရှိပြီး အဆိုပါလုပ်ငန်းမှာ စီးပွားရေးတခုသဖွယ် ဖြစ်လာနေသည်မှာ အချိန်အတော်ကြာကပင်ဖြစ်သည်။

ယခု အောင်ချစ်ထွေးအား စစ်တပ်ထဲသို့ သွတ်သွင်းခဲ့သူ သန့်ဇင်ထိုက်မှာ ယခင်က စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး အောင်ချစ်ထွေးနှင့်အတူ အဆိုပါနေ့က လူငယ်နှစ်ဦးလည်း စစ်သားစုဆောင်းရေးသို့ ပို့ဆောင်ခံခဲ့ရသည်ဟု ဒေသခံတဦးက ပြောသည်။

“လူတစ်ယောက်သွားပို့ရင် သူ့အတွက်က ဆုတော်ငွေရသလားမသိဘူး။ သူက ဘိုကလေးမှာ ကလေးတွေ လိုက်လိုက်ခေါ်တယ်။ သူ့အသက်က (၂၀) ကျော် (၃၀) ၀န်းကျင်ပဲ၊ အခု ဒီ အောင်ချစ်ထွေးနဲ့ အတူပါသွားတဲ့ ကလေးတွေလည်း သက်တူရွယ်တူပဲ၊ တယောက်က မြဂုဏ်ရောင် (၁၃) လမ်းက၊ နာမည်တွေတော့ မသိဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

စစ်အစိုးရအနေဖြင့် တပ်ရင်း/တပ်ဖွဲ့အသစ်များ တိုးချဲ့နေသည်နှင့်အမျှ လိုအပ်နေသည့် တပ်သားသစ်အင်အား စုဆောင်းမှုများ ပြုလုပ်လျှက်ရှိရာ ယခုကဲ့သို့ အရွယ်မရောက်သေးသည့် ကလေးငယ် အမြောက်အများ ပါဝင်လျက်ရှိသည်။

ထို့အပြင် စစ်အစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် “အရွယ်မရောက်သေးသူ က လေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ” ကို ၂၀၀၄ ခုနှစ် နှစ်ဦးပိုင်းက ဖွဲ့စည်းခဲ့သော် လည်း ယခုကဲ့သို့ နိုင်ငံအနှံ့အပြားတွင်း စစ်သားအဖြစ် အဓမ္မ စုဆောင်းခံရ ခြင်းကို ကလေးငယ်များ ရင် ဆိုင်ကြုံတွေ့နေဆဲဖြစ်သည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Sunday, August 23, 2009

LAW ( ဥပဒေ )

(၁) ရင်ထဲဝယ် ဗုဒ္ဓရှိသော်
ဗုဒ္ဓ၏ တရားတော်တို့ ကိန်းဝပ်သော ရင်ခွင်သည် အေးချမ်းသောရင်ခွင်ဖြစ်သည်.........

(၂) သံသရာ
သံသရာဆိုတာ ဒုက္ခစက်ဝိုင်းကြီးပါ.........

(၃) မေတ္တာ
အရာအားလုံးကို အောင်နိုင်သော တစ်ခုတည်းသော စွမ်းအားရှင်ဟာ မေတ္တာပါပဲ.........

(၄) ဥပက္ခာ
နှောင်ဖွဲ့မှုပေါင်းများစွာကို ဖြတ်နိုင်တာ ဥပက္ခာဆိုတဲ့
ဓါးတစ်ချောင်းပဲရှိတယ်..........

(၅) ဒေါသ
လူသားတို့ကို ကောင်းကျိုးမပေးပဲ ဆိုးကျိုးသာပေးတဲ့ ထာဝရငရဲမီးပါပဲ.........

(၆) အတ္တကိုလောဘကြီးသူ
ငါ..ငါ..ငါနှင့် ငါချင်းထပ်သူသည် အတ္တကိုလောဘကြီးသူဖြစ်သည်.........

(၇) အတ္တ <----> မေတ္တာ
အတ္တများသူသည် မေတ္တာတရား ကိုထာဝရနားမလည်နိုင်ပေ.........

(၈) ငါ \ သူ ( ချစ်ခြင်း )
မိမိကိုယ်မိမိ ချစ်သောသူသည် တစ်ပါးသူအား မချစ်နိုင်ပေ..........

(၉) ကြောက်စရာလူသား
စိတ်ထားယုတ်ညံ့သူတို့ ပညာတတ်သော် ကြောက်စရာအကောင်းဆုံး
လူသားဖြစ်လာပေလိမ့်မည်.........

(၁၀) လူ့တန်ဖိုး
သီလ မရှိသောသူသည် တန်ဖိုးမရှိသောသူဖြစ်သည် တန်ဖိုးရှိမှ လူပီသမည်.........

(၁၁) ကောင်းအောင်နေပါ
လူတိုင်းမကောင်းနိုင်သဖြင့် သင်သာလျှင်ကောင်းအောင်နေပါ........

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN