Wednesday, July 22, 2009

ရရှားမှာ ငှက် ပစ်ရအောင် Lets shoot birds in Russia

သတင်းထောက် ချမ်းအောင်(ဗမာပြည်) ထံမှ
တပ်မတော်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး ပစ်ရင်တည့်တည့်ပစ်တယ် (စစ်အာဏာရှင်နေ၀င်း)
လေ့ ကျင့် နေတာ စစ်အာဏာရှင် သန်းရွှေသက်ဆိုးရှည်ရေးအတွက်လား? လူ့ ဘ၀ က သက်တမ်း ၆၀ ပါ။ စစ်မှုထမ်းနေကြတဲ့ သူတွေ ၀ါသနာအရသော်၎င်း ၀မ်းရေးအတွက်သော် ၄င်း အမှုထမ်းရင်း နှစ်သက်တမ်း ဆယ်ဂဏန်းနှင့်ချီပြီး အမှုထမ်းနေကြတာ ဒီမိုကရေစီတိုင်းပြည်မှာတော့တမျိုးပေါ့လေ အခုလို လေ့ ကျင့်နေတဲ့ တပ်မတော်သားတွေ သူတို့ ယုံကြည်တဲ့ ခေါင်းဆောင်တွေ က သူတို့ အတွက် ဘ၀အာမခံချက်ဘယ်လောက် ဘယ်နှစ်ရာခိုင်နုံး ရှိတယ်ဆိုတာ မတွေးနိုင်ပါဘူး။ ဆိုလိုတာက အာမခံချက် မရှိပါဘူး ။ နှလုံးသားရှိတဲ့ နိုင်ငံကိုချစ်တဲ့  ပြည်သူတွေကို တကယ်ချစ်တဲ့ တပ်သားရဲဘော်တွေ အမှားနဲ့ အမှန် တကယ်ခွဲခြားသိမြင်နိုင်ပါစေ။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

“ငုံးဆူ လူမသိ”

ဒုဗိုလ်မှူးကြီး အေးမြင့်

စစ်အာဏာရှင် စနစ်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်နေ၀င်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့အပေါ်မှာ ဦးနုနဲ့ ယှက်နွယ်ကာ အငြိုး အာဃာတ ကြီးမားလွန်းလို့ သူအာဏာရတဲ့ သမတ ဘ၀မှာ ဦးသန့်လာတာကို အတွေ့မခံ အကြံအဖန် လုပ်ပြီး ငပလီဘက်ကို ရှောင်သွားဖူးကြောင်း အမှတ်မထင် ကြားမြင် ခဲ့ရပါတယ်။


ဗိုလ်နေ၀င်းဟာ ဦးသန့်အလောင်းကို မလွှဲမရှောင်သာ ဖိအားမျိုးစုံကြောင့် လက်ခံ ခဲ့ပေမယ့် ထိုက်ထိုက် တန်တန် ဂုဏ်ပြုသဂြိုလ်ဖို့ ကိစ္စမှာ မိုက်ရိုင်းမောက်မာစွာ ငြင်းပယ် ခဲ့တာလည်း ကြားဖူးး နားဝ ရှိခဲ့ပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦးကို ဖယ်ရှား လိုက်တာ အကြောင်းအများကြီး ရှိတဲ့အနက် ဦးသန့် အရေးခင်းနဲ့ ယှက်နွယ်မှုရှိကြောင်း အတွင်းစကားများ အရ ကြားဖူးးနားဝ ရှိခဲ့ဖူးပါတယ်။

အတန်တန် တားမြစ်ပိတ်ပင် ထားတဲ့ကြားက ဦးသန့်ရဲ့ ရုပ်ကလပ်ကို လေယာဉ် ကွင်းမှာ ကြိုဆိုခဲ့သူ ပညာရေးဌာန ဒုဝန်ကြီးဦးအောင်ထွန်း (ဒုဗိုလ်မှူးကြီးဟောင်း) မှာ နေ့ချင်း ညချင်း ဖြုတ်ခြင်း ခံခဲ့ရပါတယ်။ ဒုဗိုလ်မှူးကြီး အောင်ထွန်းဟာ ခေတ်ပညာတတ် တကဲ့စစ်သားကြီး ဖြစ်ပါတယ်။ စစ်တက္ကသိုလ်မှာ ဒုကျောင်းအုပ် လုပ်ဖူးးသလို စစ်ရုံးချုပ် DMT မှာ G 1 လုပ်ခဲ့ဖူးးသူ ဖြစ်ပါတယ်။ ဖာပွန် ခလရ-၁၃ မှ ရောင်းရင်း ဗိုလ်သိန်းဟန် တင်တို့ ကျဆုံးမှုနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းရေးမှူး တာဝန်ဖြင့် ဖာပွန်သို့ လာရာတွင် ဗိုလ်ကြီးတင်ရွှေ (နောင် လေတပ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး တင်ရွှေ) မောင်းနှင်တဲ့ ဘားတော် စစ်ရဟတ်ယာဉ်ကြီး ပေါ်မှာ အတူစီးခဲ့ဖူ့းလို့ လေးစားခင်မင်ခဲ့ရသူ အကြီးအကဲ တစ်ဦးပါ။ ထိုစဉ်က တပ်မဟာ ၁၁ မှူးက ဗလနယ်မြေ တာဝန်ခံ ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဆင်ကလဲယားပါ။ (နောင်မှာ ဗိုလ်မှူးကြီး စိန်လင်း ဟူ၍ နာမည်ပြောင်းခဲ့သူ ကပြားအရာရှိ ဖြစ်ပါတယ်)

မဆလပါတီက ဗိုလ်မှူးကြီး သန်းစိန် (ရခိုင်သန်းစိန်) ကွဲစဉ်က ဘာမဆိုင် ညာမဆိုင် ခလရ-၅ မှာ တပ်ရင်းမှူးဖြစ်နေတဲ့ ဗိုလ်မှူးအောင်သန်း(ရခီး၊ ဗိုလ်သင်တန်း အပတ်စဉ် ၂၁) ခမျာ ပြုတ်သွားရရှာပါတယ်။ ကိုအောင်သန်းက တပ်ခွဲမှူးသင်တန်း အပါတ်စဉ် ၅၅ မှာ ကျနော်နဲ့ အတူတူတက်ခဲ့ကြတဲ့ ရောင်းရင်း သူငယ်ချင်းများ ဖြစ်ကြပါတယ်။ အရာရှိကောင်းတစ်ဦးပါ။ ထို့အတူ ဗိုလ်ချုပ်ကြီး သူရတင်ဦး ပြုတ်စဉ်ကလည်း PSO ဟောင်းဖြစ်သူ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမြင့်(ဗိုလ်သင်တန်း အပတ်စဉ် ၂၁) ကိုပါ ဖြုတ်လိုက်တာ တွေ့ဖူးပါတယ်။ ဗိုလ်ချုပ်ကြီး တင်ဦး ပြုတ်သွားစဉ်က ထိပ်ပိုင်းစစ်ခေါင်း ဆောင်ပိုင်းမှာ အတော်ကလေး မကျေမနပ် ဖြစ်ခဲ့ကြတာ ယင်းတို့ရဲ့ PSO ဗိုလ်ကြီးများက ပြန်ပြောပြလို့ သိခဲ့ရပါတယ်။ ထိုစဉ်က ကျနော်ဟာ ရွှေညောင် ခလရ-၉၄ မှာ ဗိုလ်မှူး ဖြစ်နေပါပြီ။ ကျနော်လည်း စိတ်မကောင်းဖြစ်မိသလို မခံမရပ်နိုင် ဖြစ်ခဲ့ဖူး ပါတယ်။ ကျနော်က နယ်အဝေးမှာ ရောက်နေလို့ အုံးကျော်မြင့်တို့ ကြံစည်မှုမှာ မပါခဲ့ပါ။

PSO ဗိုလ်ကြီးများ ကြံစည်တာဟာလည်း သူတို့ ဆရာအကြီးအကဲများရဲ့ ခံစားမှုများ မှ အခြေခံကာ ဖြစ်ထွန်းခဲ့တာလို့ ဆိုရပါမယ်။ ဗိုလ်နေ၀င်းနဲ့ တလက်ကိုင်၊ သစ္စာခံ၊ အဲမ်အိုင်၊ စစ်မလိုင် ဒေါက်တိုင် ရာဇာကြီးလန်ဘားတို့ရဲ့ စနက်ဆိုတာ လူငယ်များဟာ သူတို့ ဆရာအကြီးအကဲများ ပြောသံဆိုသံကြားနေရာက မခံမရပ်နိုင် ဖြစ်ကာထပြီး ကြံမိ ကြံရာ ကြံစည်ကြတာပါပဲ။

ရေးရတာ အားတော့နာစရာပါ၊ လူကြီးများဟာ မကျေနပ်တာ သာရှိတာပါ။ ညီညီ ညာညာ သတ္တိရှိရှိနဲ့ အဲဒီတုန်းက ထပြီးလုပ်ကြရင် တိုင်းပြည်ရဲ့ ကံကြမ္မာရော တပ်မတော် ရဲ့ အလားအလာပါ ပြန်လည် ကောင်းနိုင်မှာပါ။ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင် ပါတယ်။ မလုပ်ရဲကြပါ၊ ယုတ်စွအဆုံး တပည့် လူငယ်လေးများရဲ့ ကြံစည်မှုကို ထိထိမိမိ အားပေးခဲ့ရင်တောင် အောင်ပွဲခံ ရနိုင်ပါတယ်။ ချီးဘရိန်း ၀င်းသိန်း စောက်သုံးမကျလို့ ကလေးတွေ ဘ၀ပျက်ကုန်ရရှာတာ စိတ်မကောင်းစရာ ဖြစ်ခဲ့ရပါတယ်။

စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦး ကိစ္စနဲ့ ပတ်သက်ပြီး မနေ့က တပ်မတော်မှ အရာရှိ၊ စစ်သည်တိုင်းလိုလိုဟာ မခံမရပ်နိုင်ဖြစ်ခဲ့ကြတာ ပကတိ အရှိတရား ဖြစ်ပါတယ်။ မျိုးချစ်စစ်ခေါင်းဆောင် တချို့ မလုပ်ရဲ မကိုင်ရဲ၊ မလှန်ရဲကြလို့သာ တိုင်းပြည် ရော တပ်မတော်ပါ ဒီနေ့ထိ ကြမ္မာငင်ခဲ့ရတာလို့ ဆင်ခြင်မိ ပါတယ်။

ဗိုလ်ချုပ်ကြီး သူရတင်ဦးအပေါ် တပ်မတော်နဲ့ ပြည်သူတို့က သံယောဇဉ် ကြီးမားစွာ ရှိတာကို သိလို့လည်း ဗိုလ်နေ၀င်းနဲ့ လန်ဘားတို့ဟာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့ သိက္ခာနဲ့ တန်ဖိုးကို တမင်ချိုးဖျက် ချေမှုန်းလိုက်တာ တွေ့ခဲ့ရပါတယ်။ ဒီနေ့ ဇရာအို စစ်သူတောင်းစား စစ်ဦးစီးချုပ်ကလည်း ထိုနည်းနှင်နှင် ကျင့်ကြံအားထုတ်ကာ နမူနာ ယူခဲ့တာ လေ့လာသုံးသပ် တွေ့ရှိရပါတယ်။

ဒီနေ့တပ်မတော်ရဲ့ ရပ်တည်ချက်ကို ဆန်းစစ်ကြည့်လိုက်ရင် မနေ့ကတပ်မတော် ကို ၂၃ နှစ်ကျော်ကျော် ဦးစီးကွပ်ကဲခွင့်ရခဲ့တဲ့ ဗိုလ်နေ၀င်းဟာ အဆင့်ဆင့်ယုံကြည် စိတ်ချရသူ တပ်မှူးကြီးများကို ရာထူးအဆင့် ပုံအောပေးကာ သိမ်းသွင်းချုပ်ကိုင်ခဲ့သလို မနှစ်မြို့သူ မော်ကြည့်မယ့်သူ ယှဉ်နိုင်မယ့်သူ ဟူသမျှကို ပိပိရိရိ ပညာပါပါ မညှာမတာ ရက်ရက်စက်စက် ချကျွေးစတေးခဲ့လို့သာ ဒီနမူနာကျင့်စဉ်ကို နေရာရသူ စင်ပေါ်ရောက် သူတိုင်းက လိုက်နာကျင့်သုံး လုပ်စားနေကြလို့သာ အဓွန့်ရှည် ရှင်သန်နေတဲ့သဘောကို တွေ့ရပါတယ်။
မနေ့က တပ်မတော်မှာ ဗိုလ်နေ၀င်းကို မယှဉ်ရဲသူတို့ ရှိခဲ့သလို ဒီနေ့ တပ်မ တော်မှာလည်း ဗိုလ်သန်းရွှေ ကိုယှဉ်ရမှာ မ၀ံ့ကြလို့ တပ်မတော်ရဲ့ “စန်း” ပျောက်နေ ရတာပါ။ ဗိုလ်နေ၀င်းကို မယှဉ်ရဲတာက သမိုင်း အစဉ်အလာကြီးခဲ့တဲ့ အရှိန်အ၀ါ၊ အတွေ့ အကြုံ ကျေးဇူးခံ၊ ကျေးဇူးစား ဥာဉ်ကြောင့် ဖြစ်ပါတယ်။

ဗိုလ်သန်းရွှေမှာ သမိုင်း အစဉ်အလာ အရှိန်အ၀ါဟာ ဗိုလ်နေ၀င်းနဲ့ ယှဉ်လိုက်ရင် နတ္ထိလို့ ဆိုရပါမယ်။ အတွေ့အကြုံမှာလည်း ဗိုလ်နေ၀င်းနဲ့ နံ့သာဆီနဲ့အီးတမျှ ကွာပါတယ်။ လက်ရင်းတပည့်၊ သစ္စာခံ အတွင်း စည်းကို ပိုင်ပိုင်နိုင်နိုင် ထိထိမိမိ စွန့်စွန့်စားစား ကိုင် နိုင်လျှင် ချေမှုန်းနိုင်လျှင် ချောင်ဆက်စကူ ဖြစ်အင်လို မလွဲမသွေ တိုးဝင်မိမှာ သေချာ ပါတယ်။ လူစွမ်းကောင်းများ မပေါ်နိုင်ဟု မပြောနိုင်ပါ။ ဒီနေ့ တပ်မတော်ထဲမှာ “ငုံးဆူ လူမသိ” ပင့်သက်ရှုနေရသူတွေ ရှိနေတာ ယုံမှားသံသယ မရှိပါ။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

Tuesday, July 21, 2009

သတင်းခေါင်းစဉ်

ဗမာသတင်း ဘယ်နေရာသွားကြည့်ကြည့် ဘယ်သတင်းဌာနသွားကြည့်ကြည့် မကောင်းဘူးဗျာ။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံး သွားကတည်းက နှစ်ပေါင်း ၆၀ ကျော် ဗမာသတင်း ဘာမှ စိတ်လက်ချမ်းသာစွာ ကြားနာ ရှုမြင်ရမှု မရှိခဲ့တာ အခုအချိန်အထိပါဘဲ။


ဤပုံကတော့ ဗမာမိန်းကလေးတွေ ရဲ့  ဗမာ့နည်းဗမာ့ဟန် ရိုးရာလို့ ဆိုရမယ့် အုတ်တုံး ကျောက်ပြားတွေထမ်းနေတဲ့  ပုံတပုံဖြစ်ပါတယ်။ နိုင်ငံတော်ကို အလုပ်အကြွေးပြုနေကြတဲ့ပုံပါ။စဉ်းစားသာကြည့်ပေတော့ ။

ဆက်ဖတ်မယ်ဆိုရင်....

၂၀ ဇူလိုင်သတင်းများ

DKBA သတင်း CLICK
Shan သတင်း CLICK
ရခိုင် သတင်း CLICK
ကရင် ဒုက္ခသည် ကလေး ငယ်များသတင်း CLICK
ကချင် သတင်း CLICK
Michael Jackson wasn't child abused CLICK

ဆက်ဖတ်မယ်ဆိုရင်....

Monday, July 20, 2009

မိစ္ဆာသွားလမ်း



ကိုဒီမိုဝေယံ အင်တာနက်သတင်း စာမျက်နှာမှ ( ခွင့်ပြုချက်အရ) ကဗျာအား ဓါတ်ပုံဖြင့် သရုပ်ဖေါ်ပါသည်။

ဆက်ဖတ်မယ်ဆိုရင်....

တွေးကြည့်ပါ နောင် ၁၀ နှစ်ရန်ကုန်

နေပြည်တော်ကြောင့် ရန်ကုန်မှာ လျှပ်စစ်မီးအပြည့်မရ NEJ / ၂၀ ဇူလိုင် ၂၀၀၉
နေပြည်တော်တွင် လျှပ်စစ်ဓာတ်အား အသုံးပြုမှုပမာဏ များပြားလာသောကြောင့် ရန်ကုန်ဧရိယာတွင် ယခင်ကဲ့သို့ လျှပ်စစ်မီး ပုံမှန်မပေးနိုင်တော့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB) မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ခါတိုင်းနှစ်တွေလို လျှပ်စစ်မီး မှန်မှန် မပေးနိုင်သေးတာ၊ ပင်မဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အား အပြည့်မရ တာက နေပြည်တော်မှာ အသုံးများလာလို့၊ ၂ဝဝ၇ ခုနှစ်ကနဲ့စာရင် ခုဆို နေပြည်တော်ဧရိယာရဲ့လျှပ်စစ်အသုံးပမာဏ တဆခွဲလောက် တိုးလာတယ်။ အသစ်ဆောက်ပြီးတဲ့ အဆောက်အဦတွေမှာ (၂၄) နာရီ အဲကွန်းပေးထားတာ၊ ဝန်ထမ်းအိမ်ရာ တွေဆိုရင်လည်း မီတာခ မပေးရတော့ မီးကို အလွန်အကျွံ သုံးစွဲနေတာ။ အဲဒါတွေကြောင့် ခုတော့ နေပြည်တော် ဝန်ထမ်းအိမ်ရာတွေကို မီတာခ ကောက်ဖို့ စလုပ်နေပြီ။ ရန်ကုန်ကို ဘယ်တော့ (၂၄) နာရီ လျှပ်စစ်မီးပေးနိုင်မလဲ မပြောနိုင် သေးဘူး” ဟု ပြောသည်။

၂ဝဝ၇ ခုနှစ် ဇူလိုင်တွင် ရန်ကုန်မြို့လယ်နှင့် ဧရိယာအချို့ကို (၂၄) နာရီ မီးအပြည့်ပေးနိုင်ခဲ့ကြောင်း၊ ၂ဝဝ၈ မေလတွင် နာဂစ်ကြောင့် လျှပ်စစ်ဓာတ်အားပေးတိုင်များ အားလုံးပြိုလဲခဲ့သော်လည်း ယင်းအချိန်က ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ပြီး သည့် ဧရိယာများကို (၂၄) နာရီ အပြည့်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် ယခုနှစ်တွင် မိုးတွင်းရောက်နေသော်လည်း ရန်ကုန်ကို လာသည့် ပင်မဓာတ်အားလိုင်းတွင် လျှစ်စစ်ဓာတ်အား အပြည့်မရရှိခြင်းကြောင့် မီးမှန်မှန်မပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်တွင် လျှပ်စစ်မီး (၂၄) နာရီ မရသည့်ကိစ္စကို သက်ဆိုင်ရာ လျှပ်စစ်ရုံးအသီးသီးကို ဆက်သွယ်မေးမြန်းရာတွင် အချို့ရုံးများက ပြင်ဆင်နေကြောင်း၊ အချို့ရုံးများက မသိပါကြောင်း၊ အချို့ရုံးများက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြင်ဆင်နေ သောကြောင့် ပြီးစီးသွားပါက ပေးနိုင်မည်ဖြစ်ကြောင်း စသဖြင့် ဖြေကြားကြသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်စာနယ်ဇင်းများတွင်မူ “မိုးတွေမှန်လာပြီ။ ပြည်သူတွေ လျှပ်စစ်မီး မှန်မှန်ရဖို့ မျှော်နေကြပြီ။ ဇူလိုင်လအတွင်း လျှပ်စစ်မီး မှန်မှန်ရတော့မယ်” စသဖြင့် ရေးသားဖော်ပြနေသည်ကို တွေ့ရသည်။

လက်ရှိ ရန်ကုန်မြို့တွင်း လျှပ်စစ်မီးပေးစနစ်သည် ၂ဝဝ၆ နိုဝင်ဘာက စတင်ခဲ့သည့်အတိုင်း တနေ့တာ အချိန်ကို (၄) ပိုင်း ပိုင်းပြီး အုပ်စု (၃) စုခွဲ မီးပေးသည့်စနစ်ကို ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်သည်။

အဆိုပါစနစ်အရ မနက် (၉) နာရီမှ ညနေ (၅) နာရီ ရုံးချိန်အတွင်း တရက်လျှင် ပျမ်းမျှ (၂) နာရီ (၄၅) မိနစ်ခန့်သာ မီးရရှိပြီး (၃ဝ) ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ၊ လျှပ်စစ်မီး လိုအပ်သူများသည် မီးစက်များကို ငွေကုန်ကြေးကျများစွာ အကုန်ကျခံကာ သုံးစွဲနေကြရသည်။

မြန်မာနိုင်ငံ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများအနက် ၂ဝဝ၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံသည် စက်တပ်ဆင်အား (၂၈ဝ) မဂ္ဂါဝပ်ရှိပြီး ၎င်းမှထွက်သည့် လျှပ်စစ်ဓာတ်အားအများစုကို နေပြည်တော် ဧရိယာက အသုံးပြုနေသည်ဟု YESB မှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့ကို အဓိက ပေးပို့နေသည့် ဘီလူးချောင်း (၁) နှင့် (၂) နှစ်ခုပေါင်း စက်တပ်ဆင်အားသည် မဂ္ဂါဝပ် (၁၉၆) သာရှိပြီး မကြာခဏစက်များ ပျက်နေသောကြောင့် လျှပ်စစ်ဓာတ်အား အပြည့်အဝ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ မကြာခင်က ပြီးစီးခဲ့သည့် စက်တပ်ဆင်အား မဂ္ဂါဝပ် (၅ဝဝ) ရှိ ရွှေလီ ရေအားလျှပ်စစ်စက်ရုံသည်လည်း အပြည့်အဝလည်ပတ်နိုင်ခြင်း မရှိသေးပေ။

နောက်ထပ် ဒေါ်လာဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကိုလည်း ထိုင်းနှင့်တရုတ်နိုင်ငံသို့ ရောင်းချရန် စာချုပ်ထားပြီးဖြစ်သည်။

နအဖစစ်အစိုးရကမူ ဓာတ်ခဲအဟောင်းနှင့် နွားချေး၊ ဆား ရောနယ်ထားသည့် သဘာဝဘက်ထရီနှင့် အယ်လ်အီးဒီ မီးသီး အငယ်လေးများ အသုံးပြုကြရန် တနိုင်ငံလုံးကို လှုံ့ဆော်လျက်ရှိသည်။

ယခုကဲ့သို့ လျှပ်စစ်မီး မှန်မှန် မရသည့်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာ ဆုံးရှုံးရသကဲ့သို့ မြန်မာစက်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ အားလုံးနီးပါးသည် ဒေသတွင်း၌ ပြိုင်ဆိုင်မှုလည်း မပြုနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

Rest of your post

ဆက်ဖတ်မယ်ဆိုရင်....

ကျက်သရေ မရှိတဲ့  ဗမာ့အကြမ်းဖက် တပ်မှ ကြွက်များ နှင့် ရိုးသားသည့် ကရင် တိုင်းရင်းသားခေါင်းဆောင်များ

http://sawkyawkhwi.blogspot.com/ စောကျော်ခွီ အင်တာနက်စာမျက်နှာမှ တဆင့် ကိုစောကျော်ခွီ ထံမှ ပေးပိုးမှုကြောင့် မျှဝေတင်ပြဖြစ်ပါသည်။ စောကျော်ခွီအားကျေးဇူးတင်စွာဖြင့် 

ဆက်ဖတ်မယ်ဆိုရင်....

Nargic Cyclone after a year in Burma -You must see these videos

ဤဗီဒီယို ကို ABC.com.Au သတင်း အင်တာနက်စာမျက်နှာမှ ကူးယူခဲ့တာဖြစ်ပါတယ်။ ဗမာဘလော့ခ်များတွင် ပိုမိုထိရောက် ခံစားနိုင်စေလိုသော ဆန္ဒဖြင့် အများသုံးယူကျု့ မှတဆင့် မျှဝေတင်ပြလိုက်ပါတယ် ။ ဤဗီဒီယို တင်ခဲ့ သည်မှာ ယ္ခုလ ဒုတိယပါတ်တွင် ဖြစ်ပြီး သိပ်မကြာသေးသော ဗီဒီယို ထိရောက်မှုရှိသော ပုံရိပ်များ အရွယ်မရောက်သေးသော ၆နှစ် ၇နှစ် အရွယ် ကလေးငယ်လေးများ ရဲ့  လက်ရှိတွေ့ ကြုံနေရသော ဘ၀ပြသနာများကို သူတို့ ကိုယ်တိုင် ရသမျှ အင်းအားလေးနဲ့ ဖြေရှင်းနေကြတာ သိပ် ၀မ်းနည်းစရာကောင်းပါတယ်။ ဒီလို ကလေးငယ်များကို အစိုးရ ကတော့ လစ်လျူရှုထားကြတာ သူတို့ နဲ့ ဘာမှ မဆိုင်သလိုပါဘဲ။ ကိုယ်အမျိုး ကိုယ့် အာဏာ တည်မြဲရေး ရှေ့ ရှုထား နေကြတဲ့  အာဏာရှင်တွေလက်အောက်မှာ တိုင်းပြည်ဟာမဖြစ်သင့်တာတွေ ဖြစ်နေပြီး လူသားမဆန်လွန်းတဲ့ ၊အကြင်နာတရားခေါင်းပါးလှတဲ့ ဘယ်အရာနှင့်မှနိုင်းယှဉ်မရနိုင်လောက်တဲ့ သတ္တ၀ါများကို အော့နလုံးနာမိပါကြောင်းနှင့် ယ္ခုဗီဒီယိုအားကိုယ်တိုင်ကြည့်ရှု ခံစားကြပါလို့ ဝေမျှရင်း (ဒေါင်းတမာန်).............
ပထမ ပိုင်း

ဒုတိယပိုင်း

နိဂုံး

ဆက်ဖတ်မယ်ဆိုရင်....

အမဲရောင် ပန်းချီကားမှ အလင်းစက်တို့

ကောက်ကြောင်းရေးခဲ့သူတို့

မရှိတော့သည့်နောက်ဝယ်

ငရဲပြည် ဗီဇာကျထားသူအချို့

ပုတ်သင်ညိုတစ်ချို့ကို စုစည်း

အမဲရောင် စုတ်တံတွေကိုင်ဆွဲလျက်

ပိန်းပိတ်အောင်ခြယ်နေလည်း

အလင်းစက်တွေ အလင်းစက်တွေ

ပန်းချီကားအနှံ့
တဖြတ်ဖြတ် တောက်နေဆဲ ဟေ့

ကိုဖြိုးဝေရေးတဲ့ ကဗျာပါခင်မျ ။

ဆက်ဖတ်မယ်ဆိုရင်....

Sunday, July 19, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့် ခွန်းများ

နိုင်ငံတော်လွတ်လပ်ရေးကို ရအောင်ကြိုးပမ်းပေးခဲ့တဲ့  သိက္ခာကျေးဇူးကိုမှ မထောက် အလေးမပေး အရေးမယူ ၊ ကျဆုံးသွားတဲ့ အာဇာနည်းခေါင်းဆောင်များအတွက် ချီတက်ဂုဏ်ပြုမှုအပေါ်ဖမ်းဆီးအရေးယူမှုအား ဤနေရာမှ ဥဒါန်းမကြေရှုံ့ ချပါတယ်။ ဘယ်လိုမှ အမည်တပ် မခေါ်တွင်နိုင်လောက်သော မျိုးယုတ်များ တိုင်းပြည်ချယ်လှယ်အုပ်ချုပ်နေသည့် အပေါ် ကျရာ ရောက်ရာ တတ်နိုင် လုပ်နိုင်သည့် ဖက်က စစ်အာဏာရှင် တည်နေသ၍ အမြဲ ဆန့် ကျင့် သွားမည်ဖြစ်ပါကြောင်း ဗိုလ်ချုပ်အောင်ဆန်းအား ဦးတည်လျက်သစ္စာပြုပါတယ် ။ ခွေးလောက်မှ နှလုံးသားမရှိ ကျက်သရေမဲ့ သော စစ်အာဏာရှင် အား အစဉ်ဆန့် ကျင်လျက် ။ ဒေါင်းTM.

Who is Aung San? What is his Speech? part 1

Who is Aung San? What is his Speech? part 2

နောက်ခံ မိန့် ခွန်းကို http://www.lovelamp88.co.cc/ မှမျှဝေတာပါ။

ဆက်ဖတ်မယ်ဆိုရင်....

မနှေး.ယခု အလေးပြုကြစို့ 



မမေ့နိုင်သော အာဇာနည်နေ့ 

ဆက်ဖတ်မယ်ဆိုရင်....

 

Downtamun template | DOWNTAMUN