[An undocumented immigrant boy from Myanmar collects plastic at a rubbish dump near Mae Sot late lasy month. — Reuters pic]
မြန်မာရွေးကောက်ပွဲကြောင့် ဒုက္ခသည်ပိုမိုများပြားလာနိုင်ဖွယ်ရှိ။
Myanmar election could spark rise in refugees ၉ မတ်လ ၂၀၁၀ သတင်း
An undocumented immigrant boy from Myanmar collects plastic at a rubbish dump near Mae Sot late lasy month. — Reuters pic
MAE SOT, Thailand, Jan 7 — The rubbish dump outside the Thai town of Mae Sot steams with rancid rotting fish and other debris, a squalid haven for hundreds of refugees from Myanmar that aid groups say could swell in size this year.
Aid groups are bracing for a rise in refugees from military-ruled Myanmar into neighbouring Thailand and China ahead of its first parliamentary elections in two decades this year, potentially straining ties with its neighbours and worsening crowded refugee camps in Thailand.
Some who fled to Thailand are living in dire conditions. In one settlement, about 300 migrants who crossed illegally into Thailand have taken refuge next to mounds of garbage outside Mae Sot, about 5 km from the border.
Life amongst the rubbish beats what they had back home, they said. Some ethnic minorities have faced a military campaign marked by murder, forced labour, rape and the razing of villages.
“I want to stay here and save some money because I can keep what I earn and no one harasses me, even if the job is hard and dirty,” said Sen Sen, a 38-year-old ethnic Karen.
People run out of makeshift shacks and line up neatly whenever garbage trucks arrive, waiting to dig through the rubbish as it is unloaded in search of goods for recycling. Barefoot boys and girls sort through piles of trash, occasionally distracted by the broken toys and mud-caked dolls they uncover.
Sen Sen earns about 100 baht (RM10.19) a day selling plastic, which she said was enough to live on. In Myanmar she had to give almost all the money she managed to earn to military officers as “protection money” and taxes.
The Myanmar junta has long been accused of persecution of the country’s ethnic minorities, sparking a continuing exodus. Some 140,000 refugees live in official camps along the Thai-Myanmar border, according to the UN refugee agency.
An estimated 37,000 fled into China in August after government forces routed fighters loyal to a Chinese-speaking Kokang ethnic group, earning Myanmar’s generals a rare rebuke from China, a crucial ally and investor.
Thousands fled into Thailand in June when the army clashed with the Karen National Union (KNU), a rebel group that has been seeking independence in the eastern hills bordering Thailand for the past 60 years.
Aid workers say the number of refugees from the former Burma has slowed in recent months but the situation is delicate, with continued low-intensity fighting between KNU rebels and the Democratic Karen Buddhist Army (DKBA), aligned with the military.
The fighting, they say, suggests little progress in resolving one of the world’s longest-running insurgencies, raising the prospect of more instability and more refugees. It also underscores the fragility of the government’s ceasefire agreements with more than a dozen armed ethnic groups.
“Up here there is fighting every week,” said David Eubank, a relief worker in Myanmar’s northern Karen State and director of the Free Burma Rangers, a Christian group that helps refugees inside Myanmar.
He said there were no large-scale offensives yet but that Myanmar’s military was re-supplying its camps.
Aung Din, executive director of the US Campaign for Burma, an exile group in close contact with Myanmar’s ethnic leaders, said forces loyal to the government were also building up supplies after deadly clashes last month.
“The regime’s troops in Karen State are gathering food and other supplies,” he said.
According to his sources, KNU troops ambushed a regime battalion on Dec 16, killing a tactical commander and 14 solders and wounding 17. This could not be independently verified.
Three days later, two government soldiers were killed and four wounded in clashes in a rebel-held area controlled by the KNU’s sixth brigade.
Myanmar is to hold its first parliamentary election in two decades this year but critics already dismiss it as a ploy to legitimise and extend almost 50 years of military rule.
The regime wants ethnic groups to take part, and their support would help the junta claim the country was fully behind its elections. Critics also say the regime is trying to forcibly recruit rebel fighters for an army-run border patrol force.
They say Myanmar’s army is seeking to neutralise the Karen and other ethnic minorities, in part to seize rich natural resources for logging and mining, a crucial revenue source for the impoverished country, Southeast Asia’s second largest.
Many of the ethnic groups, including predominantly Christian Karens, do not trust the military and its ethnic Burman leaders who they have long resented and feel they have nothing to gain by taking part in the electoral process.
If they disarm and surrender hard-won autonomy, they could lose control over lucrative trade in natural resources and, in some cases, in opium and methamphetamines.
“The situation at the borders is expected to get worse as pressure will be on the ceasefire groups to transform before elections,” said Sally Thompson, deputy director of Thailand Burma Border Consortium, an aid agency that works at Thai government-run refugee camps.
“With the deadline looming for establishing border guard forces, we expect to see an increase in new arrivals of refugees.”
Tens of thousands of refugees from Myanmar have been resettled in third countries in recent years.
About two to three million migrants from Myanmar live scattered across Thailand, many working illegally in low-paid jobs. Many may qualify for refugee status, aid groups said.
Some are simply trying to escape grinding poverty.
“Things are bad there. They would rather live in Thailand on a rubbish dump than return,” said Ashin Sopaka, a monk who raises money to help migrants at the border. “Sound sleep here, but not in Burma.” — Reuters
Rest of your post
Tuesday, March 9, 2010
အကောင်းဆုံး ဓါတ်ပုံရွေးချယ်ခြင်း (ပုံ ၂)
Sunday, February 28, 2010
Wednesday, February 24, 2010
ဗမာပြည်မြေပုံ အစစ် True Burma Map
ကျွန်တော် ဗမာအစစ်ပါ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့  သူ့ တို့ ကိုယ်ပိုင် နယ်မြေတွေအကြောင်းစဉ်းစားဖြစ်ရင်းနဲ့  ဗမာပြည်မြေပုံ ကို အစိတ်စိတ်အမွှာမွှာ လုပ်ကြည့်ဖြစ်ပါတယ် ။ သဘောကတော့ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရပြီးရင် ကတိအတိုင်း ပေးရမယ့်  လွတ်လပ်ရေးနယ်မြေတွေပါ။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့  ဗမာနဲ့ တိုင်းရင်းသား စည်လုံး ညီညွတ်စွာတိုက်ခိုက်နိုင်မှ ဗမာပြည်လွတ်လပ်ရေးရမယ်ဆိုတာ သိခဲ့လို့ ပါဘဲ ။ တကယ်တမ်း တိုင်းရင်းသား ပြည်နယ်ပေါင်းစုံနဲ့ တိုက်ခိုက် အောင်မြင်ပြီး ဗမာပြည်လွတ်လပ်ရေးရခဲ့ ပေမယ့် အာဏာရှင်နေ၀င်းရဲ့ စစ်တပ်အာဏာမက်မောမှုကြောင့်  ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိ ဟာ ပျက်ပြားခဲ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ပေါ်ပေါက်ခဲ့ ကာ ဗမာပြည် အစိုးရကိုတိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်တာ မဆန်းပါဘူး ကလေးစကားနဲ့ ပြောရရင် မင်း ကတိမတည်တဲ့ ကောင် ငါသတ်မယ် ပေါ့။ တကယ်လို့ ဗမာပြည် တကယ်လွတ်လပ်ရေးရပြီး သစ္စာရှိစွာနဲ့ ပြည်နယ်တွေ ပေးခဲ့ မယ်ဆိုရင် ဤပုံအတိုင်းဗမာပြည်ဟာ ယ္ခုလိုတွေ့ မြင်ရမှာပါ။
သန်းရွှေကို ဒီအတိုင်းလွှတ်မထားကြဖို့  တိုက်တွန်းပါရစေ။
Sunday, February 14, 2010
ဦးတင်ဦး လွတ်ပြီတဲ့ 
ဘာမှ အပြစ်မရှိဘဲ ထိမ်းသိမ်းချုပ်နှောင်ခံခဲ့ ရတာ ခုလို လွတ်ပြီဆိုတော့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ သူခိုးဓားပြတွေ သာသာ ဆက်လက်ချုပ်နှောင်းထားတဲ့ အပေါ် ကိုယ်ချင်းစာဝမ်းနည်းမိပါတယ်။ ဦးတင်ဦး ပထမဆုံး စကားက သေတာကလွဲရင်တခြားဘာမှ မရှိတော့တဲ့ သူ့ ရဲ့ နောက်ဆုံး တတ်နိုင်သလောက် လုပ်စရာတွေ ဆက်လုပ်သွားမယ်ဆို လို့  ဂုဏ်ယူမိပါတယ်။
Sunday, December 27, 2009
ကဗျာဆရာအောင်ဝေးမှ အောင်ဆန်းဦးသို့ အိပ်ဖွင့်ပေးစာ
အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
အောင်ဝေး
ဒီဇင်ဘာ ၂၆၊ ၂၀၀၉
ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။
++++++++
သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။
အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။
တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။
ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …
ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။
ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။
ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။
တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။
ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။
အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။
ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။
ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။
ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။
ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။
အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။
သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။
အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်
Rest of your post
Tuesday, September 8, 2009
န-အ-ဖ ခေတ်မှ ဘုန်းကြီးဘဝ
ပြီးခဲ့ တဲ့ ဗူုဒ္ဓဟူးနေ့ ကစပြီးသောကြာနေ့ ထိရန်ကုန်တောင်ပိုင်းခရီုင်မြို
့နယ်တွေက ဗ.က.သတွေကဘုန်းကြီးကျောင်းတိုက်တွေမှာသံဃာတွေကံဆောင်မယ်
့စာတွေဖြန့် ခဲ့ တာကိုထောက်လှမ်းရေးကသတင်းရလို
့အခုသန်လျင်ကဘုန်းကြီးကျောင်းတိုက်တွေမှာညဘက်မှာ ရ.ယ.က
တွေလုံခြုံရေးစောင့် ခိုင်းထားတာတွေကို တွေ့၇ှိ၇ပါတယ် ။
ရ.ယ.ကရယ်ရဲရယ်ပေါင်းပြီးညမိုးချုပ်တာနဲ့ ဘုန်းကြီးကျောင်းတွေရဲ
့ဝင်ပေါက်တွေထွက်ပေါက်တွေမှာခုံတွေချပြီးသံဃာတွေရဲ့ အ၀င်အထွက်နဲ
့လူပုဂ္ဂိုလ်တွေအ၀င်အထွက်ကိုစစ်ဆေးနေပါတယ်။
အထူးသဖြင့် 2007သံဃာကံဆောင်ပွဲတုန်းကလမ်းသန်လျင်မြို
့ထဲမှာလမ်းလျှောက်မေတ္တာပို့ တဲ့ အထဲမှာပါတဲ
့ကျောင်းတိုက်တွေကိုပိုပြီးစောင့်ကြပ်နေပါတယ်။
သန်လျင်မှာကကျောင်းတိုက်ပေါင်းသုံးဆယ်ကျော်ရှိတယ်
သန်လျင်မြို့ အပိုင်ကအကျယ်ကြီးပါ။
ကျောင်းတိုက်ပေါင်းသုံးဆယ်ဆိုတာမြို့ ပေါ်ကျောင်းတိုက်အေ၇အတွက်ပါ။
မနေ့ ကသန်လျင်ရဲစခန်းကအမိန့် နဲ့ ရ.ယ.ကတွေကကျောင်းတိုက်တွေမှာသန့် ရှင်
့ရေးလိုက်လုပ်ကြတယ်။
ကျောင်းတိုက်ဝန်းကျင်ကသစ်ပင်တွေခြုံပုတ်တွေမြက်တွေကိုလိုက်ရှင်းနေကြတယ်။၇ည်၇ွယ်ချက်က
တော့ ကုသိုလ်လိုချင်လို့မဟုတ်ပါဘူး သူတို့စောင့်ကြည့်ရတာ
ရှင်းလင်းအောင်ဖြစ်တယ်လို့ သိရပါတယ်။
Rest of your post
Saturday, August 22, 2009
Wednesday, August 19, 2009
ဝိုးတ၀ါး မနက်ဖန်များ
အင်းစိန်ထောင်အပါအဝင် နယ်ထောင်အသီးသီးတွင် အကျဉ်းချထားခံရသည့်
နိုင်ငံရေးအကျဉ်းသားများအနက် အချို့ကို တပ်မတော် စစ်ဖက်ရေးရာ
လုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝင်များက ပုံမှန်သွားရောက်တွေ့ဆုံနေကြောင်း
စုံစမ်းသိရှိရသည်။
“နေပြည်တော်ကနေ ကျနော်တို့ စရဖ အဖွဲ့ဆီ မော်လမြိုင်ထောင်ထဲမှာရှိတဲ့
နိုင်ငံရေးအကျဉ်းသားတချို့ကို သွားတွေ့ဖို့ ညွှန်ကြားတယ်။ လူဦးရေ
ဘယ်နှယောက်ရှိမလဲ ကျနော်မသိဘူး။ ကျနော်တို့ဆီ တယောက်ချင်းစာရင်းပေးတယ်။
သွားတွေ့ပြီး မေးရမယ့်မေးခွန်းတွေ ညွှန်ကြားချက်ထဲမှာ ပါတယ်။
အဲဒီညွှန်ကြားချက်အတိုင်းမေးတယ်။ နောက် နိုင်ငံရေးအကျဉ်းသားက
ပြန်ပြောသမျှတွေကို ရတခ၊ စရဖမှာ ပြန်ပြီး ရီပို့လုပ်တယ်။ နောက် အထက်ကနေ
နေပြည်တော်အထိ တင်တယ်။ နေပြည်တော်ရောက်ပြီး နောက်ထပ် ညွှန်ကြားချက်လာတယ်။
မေးခွန်းတွေ ထပ်ပေးလာတယ်။ တချို့မေးခွန်းတွေ အတူတူပဲ၊ တချို့မေးခွန်းတွေ
ကတော့ အသစ်။ အဓိက မေးတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို
ဘယ်လိုသဘောထားသလဲ။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားသလဲ။
တကယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့
နိုင်ငံတော်အစိုးရက ခွင့်ပြုခဲ့ရင် ဝင်အရွေးခံမလား၊ စတဲ့မေးခွန်းတွေ
ပါတယ်” ဟု အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) မှ အမည်မဖော်လိုသူ
စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းအနေဖြင့် အထက်ညွှန်ကြားချက်အရ အချို့နိုင်ငံရေး အကျဉ်းသားများကို (၂)
ခေါက်၊ အချို့ကို (၃) ခေါက် တွေ့ဆုံမေးမြန်းပြီးပြီဖြစ်ကြောင်း၊
ထောင်တွင်းတွေ့ဆုံမေးမြန်းရာ၌ အခြား ထောင်တာဝန်ကျများပင်လျှင် အနားတွင်
ရှိမနေစေဘဲ နိုင်ငံရေးအကျဉ်းသားများနှင့် တဦးချင်း၊ တချိန်မှာ
တယောက်ကိုသာ တွေ့ဆုံမေးမြန်းကြောင်း ရှင်းပြသည်။
အလားတူ စရဖအဖွဲ့ဝင်များက နိုင်ငံရေးအကျဉ်းသားများအား မေးမြန်းမှုမျိုး
မြစ်ကြီးနားအကျဉ်းထောင်တွင်လည်း ရှိကြောင်း ထောင်ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “ထောင်တာဝန်ရှိသူတွေအနေနဲ့ စရဖ က ခေါ်ခိုင်းတဲ့ နိုင်ငံရေးအကျဉ်းသားကို
ခေါ်ပေးရတယ်။ အနားမှာ ဘယ်သူမှ မရှိရဘူး။ အကျဉ်းသားတချို့ကို စရဖက (၃)
ကြိမ်လောက် လာတွေ့တာ ရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရန်၊ အစိုးရနှင့် အတိုက်အခံအကြား
ခိုင်မာသည့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲကို
စစ်မှန်သည့် ရွေးကောက်ပွဲဖြစ်စေမည့် အခြေအနေများ ဖန်တီးပေးရန်
အချက်သုံးချက်ကို အဓိကတောင်းဆိုခဲ့သည်။
ယင်းသို့ ဘန်ကီမွန်း၏ တောင်ဆိုချက်အရ မြန်မာစစ်အစိုးရက အကျဉ်းသားများကို
လူသားချင်း စာနာထောက်ထားမှု အခြေခံကာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်
ပါဝင်နိုင်ရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေကြောင်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ပြောကြားခဲ့သည်။
မစ္စတာဘန်ကီမွန်းက လုံခြုံရေးကောင်စီကို
မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး ဇူလိုင် (၁၃) ၌ အစီရင်ခံတင်ပြရာတွင်
မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရသည် ယခင်ကလည်း အကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး ၎င်းတို့အနက်
နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါရှိခဲ့သည်။
ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီးတဦးက “သူတို့အတွက် အနှောင့်အယှက်
အန္တရာယ်မဖြစ်နိုင်ဘူးလို့ ယူဆသူတွေကို ရွေးလွှတ်ပေးတတ်တယ်။ အခုလည်း
နိုင်ငံရေးအကျဉ်းသားတွေကို လွတ်လွတ်လပ်လပ်မဟုတ်ဘဲ နှောင်ကြိုးတခုခုနဲ့
လွှတ်ပေးမယ်လို့ ယူဆရတယ်” ဟု ပြောသည်။
လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ်
ပြည်တွင်းပြည်ပကို မြင်စေချင်ပါက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊
ခွန်ထွန်းဦး၊ မင်းကိုနိုင်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို
မည်သည့်ခြွင်းချက်မှ မထားဘဲ လွှတ်ပေးသင့်ကြောင်း ၎င်းက ပြောသည်။
ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို စရဖအဖွဲ့ဝင်များက ထောင်ထဲဝင်ပြီး
မေးမြန်းနေသည့်ကိစ္စ အကျဉ်းသားမိသားစုဝင် များကလည်း စိတ်ဝင်စားနေကြပြီး
၎င်းတို့၏မိသားစုဝင်များ မကြာမီ ပြန်လွတ်လာနိုင်သည်ဟု မျှော်လင့်နေကြသည်။
Rest of your post
ဖျားနာနေတဲ့ မုတ်သုန်မြို့
ရေးသားသီကုံးသူ ကိုမိုးလှိုင်ည ..မူရင်းတည်ရှိရာ နေရာလေးကိုသွားချင်ရင်တော့ www.moehlaingnya.blogspot.com လို့ ရိုက်ပြီးလည်ပါတ်ဖတ်ရှုနိုင်ပါတယ်ခင်မျာ။
ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို
ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့
ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ
၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း
ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ
ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ
ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက
ကြွပ်ကြွပ်အိတ်နဲ့ KTVလို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း
မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့
ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ
ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့
လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။
တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။ တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။
တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။ အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့
မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်အဆံ မလုပ်ချင်တော့ဘူး။ ဘကုန်း၊
စလုံး၊ ဂငယ်ကုန်းအထိ ခြေဆန့်သွားခဲ့တဲ့ သူ့မြို့သားတွေကတောင် ၀လုံးလို့
လှောင်ပြောင် ခေါ်နေကြပြီ။ မြို့အင်္ဂါရပ်တွေထဲမှာ လျှပ်စစ်မီး ရှိရမယ်၊
သန့်ရှင်းရေးစနစ် ရှိရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိရမယ်၊
သောက်သုံးရေ သန့်ရှင်းစွာ ရရှိရမယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်း
ဖြစ်ရမယ် အဲဒီိလို တစ်ယောက်ယောက်က ပြောခဲ့ရင် သူဟာ မြို့တစ်မြို့
မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် လူဦးရေ ခြောက်သန်းကျော်ဟာ သူ့ရင်ဘတ်ထဲမှာ
ရှင်သန် နေထိုင်တုန်းပါ။ သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့
ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိနေသလို တစ်ယောက် ကိုယ်ငွေ့ တစ်ယောက်
ပြန်ချုံလို့ ရတဲ့ မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။
လေးတိုင်စင်ဝါးခင်းကို ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့ ပလတ်စတစ်
ရွက်ဖျင်စတွေလည်း လွယ်လွယ်ကူကူ ၀ယ်လို့ရတယ်လေ။ ရာသီဥတု သာတောင့်သာယာ
ဆိုပေမယ့် ချူချာတတ်တဲ့ ကလေးငယ်တွေလည်း ရှိနေတတ်တဲ့မြို့။
အရင်ကတော့ နယ်မြို့တွေသွားရင် ရန်ကုန်သားတွေကလေ ဆိုပြီး ပုံပြင်တွေ
အမျိုးမျိုး ကြားရတတ်တဲ့မြို့။ အခုတော့ ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး
ပြန်လာတဲ့သူတွေကို ဘာလက်ဆောင်ပါသလဲလို့ စီး စီးမေးတတ်တဲ့မြို့လေ။
အင်္ဂါဂြိုဟ်ပေါ်က မြေအနေအထားကို မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ ရသလို
အ၀ီစိသွားတဲ့ အထူးရထားကို လှမ်းတားပြီး အထက်တန်းက တက်စီးလို့ရတဲ့မြို့။
ဟံသာဝတီ ဧကရာဇ် ရာဇာဓိရာဇ် တစ်ယောက် တိမ်းရှောင်ခဲ့ဖူးတဲ့မြို့။ ရန်သူတွေ
ကြားထဲကနေ သီပေါမင်းတစ်ယောက် ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။
ပြည်တွင်းစစ်ကာလမှာ ၀ါရှင်တန်မြို့သားတွေ သူ့မြို့ကို ကိုယ်တိုင် ထွက်ကာ
ကွယ်ရသလို ဗိုလ်စိန်မှန်တစ်ယောက် တပ်စိတ်လေးတစ်စိတ်နဲ့ အပျော်တမ်းတပ်၊
တက္ကသိုလ် ကျောင်းသားတပ်တွေနဲ့ အင်းစိန်တိုက်ပွဲမှာ တစ်လက်မချင်း
ခုခံခဲ့ရတဲ့မြို့။ အဲဒီအချိန်ကလည်း တချို့တွေက ရန်ကုန်ကို
ဟားတိုက်ခဲ့တာပဲ။ ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို ဖောက်ပြန်တဲ့
အတွေးမျိုးတော့ ရန်ကုန်က မတွေးခဲ့ရိုးအမှန်ပါ။ ပုံသေကားချပ်နေ့တွေကို
တင်ဆက်ပြီးရင် အပြောင်းအလဲကို ညနေစာငတ်သူ တစ်ယောက်လို သူ
ဆာလောင်တတ်ခဲ့တယ်။ မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင် မကျေမနပ်နဲ့။
အချိန်ကာလက ဇရာ ဘယ်လောက်ပြပြ သူသံဝေဂယူလို့ မရဘူး။ သူမှ မစောင့်ရှောက်ရင်
အုပ်ထိန်းသူမဲ့တော့မယ့် မြေးငယ်တွေကို သနားတဲ့ အဘွားအိုတစ်ယောက်လိုပေါ့။
ဒါပေမယ့် သူကိုယ်တိုင် ယိုင်တိယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။
ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို မုဆိုးမ၊ တစ်ခုလပ်နဲ့
ကလေးငယ်တွေ သိပ်များနေတဲ့မြို့။ အဝေးရောက် လင်သားတွေ အလုပ်အကိုင်
အဆင်ပြေပါစေ ဆုတောင်းနေရတဲ့မြို့။ လယ်ကန်သင်းတွေကို ဖြို၊
မြေကွက်အသစ်တွေရိုက်လို့ သူ့မြို့ခံတွေကို နေရာထိုင်ခင်း
လုပ်လုပ်ပေးရတယ်။ အချက်အချာ မြို့လယ်ခေါင် တိုင်းတပါးသား လက်အောက်တွေ
ကျရောက်နေလို့။ သူက တစ်ခါတစ်ခါ မောင်ချောနွယ် ပြောသလိုလဲ နေတတ်တယ်
`နာကျင်တဲ့အခါ မအော်ဘဲ၊ ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင်
နေတတ်ခဲ့´။ ဗုံးဆံ၊ အမြောက်ဆံကို ကြောက်လို့ ၀ါးရင်းတုတ်နဲ့ရိုက်လည်း
အံကြိတ်ခံ၊ ရိုင်ဖယ်နဲ့ ချိန်ပစ်လဲ အသံသိပ်မထွက်ရဲခဲ့ဘူး။
အခုတော့ ခေတ်နဲ့အညီ သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။
လောင်းကစားဒိုင်ကတော့ အရင်ကတည်းက မှိုလိုပွနေတာမို့ သူ့အတွက်
သိပ်အရေးမကြီး။ ကမ္ဘာပေါ် ဦးနှောက်ကြီးကြီးတွေ ခေါင်းစားအောင်
ပြဿနာရှာပေးတတ်ပြီ။ ကူးစက်ရောဂါတွေကိုလည်း ဖောဖောသီသီ လက်ခံသလို
အဏုမြူဗုံး ထပေါက်မှာ စိတ်မပူတတ်တော့ဘူး။ မနက်ဆိုရင် ပါးစပ်ခြောက်သန်းကို
ဘယ်လိုကျွေးမလဲ ခေါင်းစားနေရပေမယ့် ညကျရင်တော့ ဘီယာပရိုမိုးရှင်းတွေနဲ့
အသောက် မပျက်တဲ့မြို့။ လူ့ဘ၀စည်းစိမ်မှာ အဆိုး လောကဓံ လေးပါးကို
ထိန်ချန်လို့ မရဘူး။ အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်ဖြန်လို့
တဘောင်လိုလို ငကြောင်လိုလိုနဲ့ မူး မူးပြီး ထပြောတတ်တဲ့မြို့။
မြေပုံတလွဲကြီးနဲ့ ရတနာတွေ ရှိရာဆီ သွားမယ်လို့ အရူးတွေ ဆော်သြပြီး
နောက်ဖေးပေါက်က ပြန်တက်၊ သူများ ညစာတွေ ခိုးခိုးစားတတ်တဲ့ အရူးတွေ
ရှိနေတတ်တဲ့မြို့။ မြို့တစ်မြို့ရဲ့ ဂုဏ်ထူးတွေထဲမှာ မိန်းမပျက်နဲ့
အကျဉ်းထောင် အကြောင်းတွေပါရင် Grade(A) ရနိုင်မယ့်မြို့လေ။
အမှန်အကန်ဆိုရင်တော့ နံရံလေးဘက် ပိတ်ထားတယ်။ အတုတွေ သိပ်များတော့
ရှားပါးတဲ့ အမှန်တရားကို အကျဉ်းထောင်ထဲ ထည့်ထားတာပါလို့ သတင်းထောက်တွေကို
စိတ်ရူးပေါက်ပြီး ရှင်းရှင်းပြ တတ်သေးတယ်။ အတုကလည်း
ဘယ်လောက်တောင်များသလဲဆိုတော့ ခင်ဗျား မြင်မြင်သမျှ အကုန်အတုကြီးပဲ။
ဆေးဝါးအတု၊ ပွဲစားအတု၊ ကားအတု၊ တိုက်အတု၊ လက်ကိုင်ဖုန်းအတု၊ ကွန်ပျူတာ
ဆော့ဖ်ဝဲလ်အတု၊ ဗိုင်းရပ်စ်အတု၊ ပြီးတော့ မျက်နှာအတုနဲ့ လူတွေ၊
တရားရုံးအတု၊ စီရင်ချက်အတု၊ အမိန့်ကြော်ငြာစာအတု၊ အမွေစား အမွေခံအတု၊
လက်ထပ်စာချုပ် အတုကနေ ဒီမိုကရေစီအတု အထိ။ အတုဆိုရင် အကုန်ရှိနေတတ်တယ်။
ပလက်ဖောင်းပေါ် လမ်းမလျှောက်ပါနဲ့၊ ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊
တရားဥပဒေကို လက်တစ်လုံးခြား လိုက်နာပါ၊ အသက်ရှူကျပ်ရင် ကင်းမြီးကောက်
ထောင်ပြီး နေထိုင်ပါ၊ မီးပျက်ပျက် မီးလာလာ ဒီဈေးပဲ၊ ဒါဟာ
အခွင့်အရေးတစ်ရပ်။ အဲဒီလို မြင်တတ်ဖို့ မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး
အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက်
အလုပ်လက်မဲ့ပေမယ့်လည်း တစ်ယောက် လက်ဖက်ရည် တစ်ယောက် မျှသောက်တတ်တဲ့
ရန်ကုန်။
လမ်းကြုံရင် လာလည်ပါ။ ညအိပ်စရာ ခက်တဲ့အတွက် မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါဘူး။
Rest of your post
အမေစုကို ဘယ်သူတွေကယ်မလဲ
ပေးပို့ သူ ကိုဒီရေအား ကျေးဇူးတင်ပါသည်။
မြန်မာပြည်သူ လူထုကြီးရဲ့အခြေအနေဟာ အဆိုးဝါးဆုံးကို ရောက်ရှိခဲ့ပါပြီ၊ တရားဥပဒေစိုးမိုးမှုမရှိ၊ အခြေခံလူအခွင့်အရေးမရှိနှင့် စစ်ကျွန်သဘောက် ပြားပြားမှောက်ပီး သားစဉ်မြေးဆက် တစ်သက်လုံးစစ်ကျွန်ခံဘ၀သို့ ရောက်ရှိရန် အချိန်ပိုင်းမျှသာ လိုပါတော့သည်၊ စစ်အာဏာရှင် ဖွတ်တစ်သိုက်သည် ဘာကိုမျှဂရုမစိုက် ထင်ရာစိုင်း ရိုင်းချင်တိုင်းရိုင်းနေဆဲ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင် ဖမ်းဆီးထောင်ချထားပီး စစ်ကျွန်ပြုရေး စနစ်ဆီ ရွက်ကုန်ဖွင့်လျှက်ရှိပေပြီ။
ပြစ်မှုကျူးလွန်သော ဂျွန်ဝီလျံယက်ထောကို အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်နှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြည်တော်ပြန်ခိုင်းခဲ့သည်၊ ဒါဟာ ၀မ်းသာစရာမဟုတ်၊ နအဖရဲ့ကလိမ်ကကျစ်ကျမှုနှင့် မလိမ့်တစ်ပတ်ရိုက်မှုသက်သက်သာဖြစ်ပေသည်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ကျခံစေရန် တမင်သက်သက်ရည်ရွယ်ပြီး ဒီအမှုကို မဖြစ်ဖြစ်အောင် စတင်ဖန်တီးခဲ့သူမှာ နအဖ ဖွတ်တစ်သိုက်မှလွဲပီး မည်သူမည်ဝါမျှမဖြစ်နိုင်၊ မတရားအမှုစီရင်ချက်ချပြီး နာမည်ကောင်းယူပြခဲ့သေးသည်၊ အမေရိကန်လူမျိုးတစ်ယောက် လွတ်မြောက်ရေးအတွက် အမေရိကန်သက်ဆိုင်ရာ အာဏာပိုင်ကလာပြီး ကြိုးပမ်းဆောင်ရွက်တာ ထူးဆန်းမှုတစ်ခုတော့မဟုတ်ပါ၊ ထူးဆန်းသည်က နအဖ အာဏာရူးဖွတ်တစ်သိုက်၊ ကိုယ်တိုင်းပြည် ကိုယ့်လူမျိုးအချင်းချင်း ဒုက္ခရောက်အောင် နည်းမျိုးစုံနှင့် ကလိမ်ကကျစ်လုပ်၊ ကောက်ကျစ်ယုတ်မာ၊ အာဏာကို လက်မလွတ်ချင်ပဲ သေသည်အထိ အာဏာကို ဖက်ပီးသေချင်နေတဲ့သူတွေ၊ ဒီလူတွေ တိုင်းပြည်အုပ်ချုပ်နေမှတော့ ဒီတိုင်းပြည်ကြီးဟာ ဖွတ်တိုင်းပြည်ဖြစ်ရုံတင်မက ဖာတိုင်းပြည်ဖြစ်နေရပါပြီ၊
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ယုံကြည်အားထားရာ အစစ်ပါ၊ မြန်မာ့နိုင်ငံရေးရဲ့အနာဂတ်ပုံဖော်ဆော်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မပါမဖြစ် အဓိကအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ရမည့်သူပါ၊ ကလိမ်ကကျစ် ကောက်ကျစ်ယုတ်မာတဲ့ ဥာဏ်နီဥာဏ်နက်ကလွဲပီး ကျန်တဲ့ အရည်အရည်း ဘာတစ်ခုမှမရှိတဲ့ နအဖ ဖွတ်တစ်သိုက်ဟာ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဘာတစ်ခုမှ စွမ်းဆောင်နိုင်ခြင်းမရှိပါဘူး၊ လွန်ခဲ့တဲ့ အနှစ်(၂၀) ကသက်သေပြနေပါပြီ၊ ဘယ်ပြည်သူလူထုကမှလဲ နအဖကို အယုံအကြည်မရှိပါဘူး၊ ရဟန်းရှင်လူ ပြည်သူပြည်သားတွေကို နည်းအမျိုးမျိုးနဲ့ ညှင်းပမ်းနှိပ်စက်၊ ထောင်ချ သတ်ဖြတ်မှုတွေ နေ့စဉ်ရက်ဆက် လုပ်နေတဲ့ မကောင်းဆိုးဝါးတွေအဖြစ်သာ ပြည်သူတွေရဲ့နှလုံးသွေးထဲမှာ စွဲမြဲစွာ ခံယူမှတ်သားခြင်းခံနေရသူတွေပါ၊ နအဖ ဖွတ်တစ်သိုက် တိုင်းပြည်မှာ မရှိရင် တိုင်းပြည်ငြိမ်းချမ်းသာယာမယ်ဆိုတာလဲ ပြည်သူလူထုကြီးတစ်ရပ်က လက်ခံထားကြပါတယ်။
မြန်မာနိုင်ငံကြီးရဲ့အခြေအနေဟာ ခိုလှုံရာမဲ့တိုင်းပြည်ကြီးတစ်ခုအဖြစ် ဆိုက်ရောက်နေပါပြီ၊ အကယ်၍များ ၂၀၁၀ နောက်ပိုင်း နအဖ ဖွတ်တစ်သိုက်သာ ဆက်ပြီးအုပ်ချုပ်ပါက တိုင်းပြည်ပါမက လူမျိုး ဘာသာ သာသနာ အားလုံး စုံးစုံးမြုတ်ပျောက်ကွယ်တော့မည့် အခြေအနေဆိုးများနှင့် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရပေမည်။ ကိုယ့်အားကိုယ်ကိုးခြင်း လက်နက်ကို ကိုင်စွဲပြီး နအဖ စစ်အာဏာရူး ဖွတ်တစ်သိုက်ကို မြန်မာနိုင်ငံသားတိုင်း တော်လှန်ရန်မှတစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိတော့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုကယ်တင်မည့်သူမှာလဲ မြန်မာတစ်နိုင်ငံလုံးရှိ သန်း(၅၀) ကျော်သော ပြည်သူလူထုပင်ဖြစ်ပေသည်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ဘယ်နေ့ဘယ်ရက်တွင် ခြွင်းချက်မရှိ လွတ်ပေးပါ မလွတ်ပေးလျှင် ပြင်းထန်တဲ့ လူထုလှုပ်ရှားမှုများနှင့် မလွဲမသွေရင်ဆိုင်ရမည်ဆိုတဲ့ ပြည်သူအသံ တစ်ညီတစ်ညွတ်တည်းထွက်ပေါ်လာသည့်နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်နေ့ အမှန်တကယ်ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း သတိပေးတိုက်တွန်းရေးသားလိုက်ရပေသည်။
တက္ကသိုလ်သောတုဇနဘိက္ခု(ရန်ကုန်)
Rest of your post
Sunday, August 2, 2009
အဖေကျော် ပထွေး တရုတ်ကို အတုယူခိုးချသော နအဖ စစ်တပ်
တရုတ်ကို အတုယူခိုးချသော နအဖ စစ်တပ် ဆောင်းပါး ဘိုဘိုကျော်ငြိမ်း စနေနေ့၊ သြဂုတ်လ 01 ရက် 2009 ခုနှစ် 19 နာရီ 07
ဒုံးပျံလက်နက်များနှင့် အနုမြူဗုံးပိုင်ဆိုင်ခွင့်ရလာသော နိုင်ငံသည် ထိုအနုမြူဒုံးပျံများအား လုံခြုံစွာ ထိန်းသိမ်းရန်နှင့် မတော်တဆ ပစ်ခတ်မှုသော်လည်းကောင်း၊ လူဆိုးဗိုလ်ချုပ် (Rogue-General) (သို့) ဗိုလ်ချုပ်တဦးဦးက ရူးပြီး ပစ်မိန့်မပေးနိုင်အောင် ထိန်းသိမ်းရန် တာဝန်ရှိလာပါသည်။ အမေရိကန်စနစ်တွင် အမေရိကန်သမ္မတကပဲ ပစ်မိန့်ပေးနိုင်ပါသည်။ ထို့ကြောင့် အမေရိကန်သမ္မတအနီးတွင် လျှို့ဝှက်ကုတ် (code) များ သယ်ဆောင်ထားသည့် စစ်ဗိုလ်တဦး အမြဲရှိနေရပါသည်။ လူနှစ်ဦး ပြိုင်တူဖွင့်မှ အနူမြူလက်နက်များကို လက်နက်တပ်ဆင်နိုင်ပါသည်။ အမေရိကန်စနစ်မှာ အနုမြူလက်နက်များကို ကုန်းမှပစ်ရန်၊ ရေမှပစ်ရန်၊ လေမှပစ်ရန်ဆိုပြီး ခွဲထားပါသည်။ ထို့ကြောင့် ကြည်းတပ် ရေတပ် လေတပ်ပိုင် အနုမြူလက်နက်များရှိသလို ကိုယ့်ဆိုင်ရာဌာနအတွက် (Research & Development) ဟုခေါ်သည့် သုသေသနပြုမှုနှင့် ဖော်ထုတ်တည်ဆောက်မှုကို ဆိုင်ရာဌာနများက ဦးစီးဆောင်ရွက်ရပါသည်။
တရုတ်စနစ်တွင်မူ အနုမြူလက်နက်အားလုံးသည် Second Artillery Corp ဒုတိယ အမြောက်တပ်အစု အောက်မှာရှိပါသည်။ အနုမြူလက်နက်အတွက် သုတေသနနှင့် ဖော်ထုတ်မှု၊ လက်နက်တပ်ဆင်မှု၊ ဖြန့်ဝေမှုအားလုံးသည် ဤဌာနအောက်တွင် ရှိပါသည်။ နအဖ စစ်ဗိုလ်ချုပ်များ ခိုးချထားသော စစ်အတွေးအခေါ် Military Doctrine ဖြစ်သည့် ခေတ်သစ်အခြေအနေအောက်ရှိ ပြည်သူ့စစ် People’s War Under Modern Condition အရ အကယ်၍ ရန်သူစစ်တပ်များ ဝင်တိုက်ခဲ့လျှင် ခံစစ်ဖြင့် တင်းခံပြီး၊ ပြောက်ကျားစစ်ဖြင့် ရန်သူ၏ စိတ်ဓာတ်ကို ချေမှုန်းကာ ရန်သူအား တန်ပြန်ထိုးစစ်ဖြင့် တိုင်းပြည်မှ မောင်းထုတ်ရန် ဖြစ်ပါသည်။ ဤအတွေးအခေါ်အရ ရန်သူများ၏ ထိုးစစ်ကို တင်းခံရာ၌ တရုတ်စစ်သည်နှင့် စစ်လက်နက်ပစ္စည်း ဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန်Tunnel-War-Fareဟုခေါ်သောလှိုဏ်ခေါင်းတူးစစ်ဆင်ရေးကို ထည့်သွင်းဖော်ထုတ်ကြပါသည်။
ယခုခေတ်ကို information-age သတင်းအသိပညာ ခေတ်ဟု ခေါ်ပါသည်။ ရန်သူ၏ အနေအထား၊ ကိုယ့်တပ်များ၏ အခြေအနေကို တိုက်ပွဲကိုဦးစီးရသော ဗိုလ်ချုပ်များက ချက်ချင်းသိရှိနိုင်၍ အဆုံးအဖြတ် အမိန့်ပေးနိုင်စွမ်း ရှိပြီဖြစ်၏။ ထို့ကြောင့် ယနေ့ စစ်အတွေးအခေါ်သစ်တခုမှာ Network Centric Warfare ဟု ခေါ်ပါသည်။ ကွန်ပြူတာ တခုနှင့် တခု ဆက်သွယ်ထားသည်ကို Network သတင်းကွန်ယက် ဟု ခေါ်သည်။ ဤသတင်းကွန်ယက်ကို ဗဟိုပြုသော စစ်တိုက်နည်းဟု အဓိပ္ပာယ်ရပါသည်။
ယခင်က စစ်တပ်တခုတွင် အရေးကြီးဆုံးမှာ Command & Control ဟု ခေါ်ပါသည်။ ယခုခေတ်စနစ်တွင် Command, Control, Communication, Computers and Intelligence (C4I) System စနစ်ဟု ခေါ်ပါသည်။ ဥပမာ ဒုတိယ ကမ္ဘာစစ်က ဌာနချုပ်မှ အမိန့်ကို ရှေ့တန်းစစ်မျက်နှာသို့ အမိန့်ပေးရာတွင် ရေဒီယိုကိုသာ သုံးကြရပါသည်။ ရန်သူက ကြားဖြတ်နားထောင်သော် နားမလည်နိုင်ရန် Military Code ဟု ခေါ်သော စစ်ဘက်ဆိုင်ရာ စကားဝှက်စနစ်ကို သုံးရပါသည်။ ဒုတိယကမ္ဘာစစ်က အမေရိကန်ဖက်က ဂျပန်တို့၏ စစ်သုံးစကားဝှက်လို ဖောက်နိုင်၍ ပုလဲဆိပ်ကမ်းကို ဦးစီးတိုက်ခိုက်ခဲ့သော ရေတပ်ဗိုလ်ချုပ် ရာမာမိုတို၏ လေယာဉ်ပျံကို ပစ်ချကာ ကလဲ့စားချေနိုင်ခဲ့ပါသည်။ အမေရိကန်တို့က အမေရိကန် နာဗါဟို ရက်ဒ်အင်ဒီယန်း American-Navaho-Red-Indian များကို ပစိဖိတ်စစ်မျက်နှာတွင် အသုံးပြုခဲ့ရာ ဂျပန်တို့က ဘာပြောနေမှန်း မသိကြပါ။ မြန်မာနိုင်ငံ၏ အနောက်မြောက်တွင် ကွန်မြူနစ်များ ကြီးစိုးစဉ်က ၎င်းတို့၏ ဌာနချုပ်တွင် အင်ဒိုနီးရှား ကွန်မြူနစ်နှင့် အခြားကွန်မြူနစ်များ လေ့လာရန် ရောက်ရှိနေရာ အချို့စစ်ပွဲများတွင် အင်ဒိုနီးရှားလို ဆက်သွယ်ကြရာ မြန်မာစစ်ဗိုလ်တွေ ဦးနှောက်ခြောက်ဖူးသည်ဟု ကွန်မြူနစ် ဌာနချုပ်သို့ ရောက်ခဲ့ဖူးသော နိုင်ငံခြားသားသတင်းသမားတဦးက ပြန်ပြောဖူးပါသည်။
ယနေ့ခေတ်တွင် Encryption ဟုခေါ်သော သိပ္ပံနည်းအရ တီထွင်ထားသော စကားဝှက်ကို Data Transmission ဟု ခေါ်သော သတင်းပို့ဆောင်ချက်တွင် ထည့်သွင်းထား၍ လုံခြုံသော ဆက်သွယ်မှု Secure Transmission စနစ်ကို သုံးကြပါပြီ။ ဆက်သွယ်ရာတွင် ဝေဟင်မှ Satellite ဂြိုလ်တုများမှလည်းကောင်း၊ တခုနှင့်တခု ဝါယာနှင့် ဆက်သွယ်၍လည်းကောင်း အသုံးပြုကြပါသည်။ တခုနှင့်တခု ဝါယာနှင့် ဆက်သွယ်ရာတွင် Fiber Optic Cable များကို အသုံးပြုကြရပါသည်။ ဥပမာ - လေယာဉ်ပစ်စနစ်များတွင် ကျူးကျော်လာသော လေယာဉ်ကို ရေဒါ (Radar) စခန်းများက ကြိုတင်သိရှိနိုင်၍ ပစ်မှတ်ကို ရေဒါက လေယာဉ်ပစ် ဒုံးပျံများကို သတင်းပေးပို့ရပါသည်။ လျှပ်တပြက်အတွင်း ပစ်မှတ်ကိုချိန်၍ သတင်းပို့ရသဖြင့် တချို့လေယာဉ်ပစ်စနစ်များတွင် ဆက်သွယ်မှုမှာ Fiber Optic Cable များဖြစ်သလို C4I စနစ်တွင်လည်း ဤကေဘယ်များကိုပင် အသုံးပြုရပါသည်။ ထို့ကြောင့် ကေဘယ်များကို လုံခြုံသော လှိုဏ်ခေါင်းများတွင် သွပ်သွင်းထားတတ်ပါသည်။
ဒုတိယအီရပ်စစ်ပွဲမဖြစ်ခင်အီရပ်တို့၏စစ်သုံး-Fiber-Optic-Cable များကိုတပ်ဆင်ခဲ့သူများ မှာတရုပ် ကုမ္ပဏီများဖြစ်သည်။ ထို့ကြောင့်ဒုတိယအီရပ်စစ်ပွဲအပြီး တရုတ်စစ်တပ်ကပြန်လည်သုံးသပ်မှုပြုရာတွင် အားနဲ ချက်များကိုကောင်းကောင်းသုံးသပ်နိုင်ခဲ့သည်။ Fiber Optic Cable လိုင်းများလုံခြုံရေးကိုသဘောပေါက်ခဲ့ ကြသည်။
ကျနော်သည် မြို့ပြအင်ဂျင်နီယာဘွဲ့ကို မြန်မာပြည်မှ ရခဲ့၍ ဘွဲ့လွန်ကို အမေရိကားမှရကာ ဆက်သွယ်ရေး ကဏ္ဍတွင် ၂၅ နှစ်ကျော်ကျော် အတွေ့အကြုံရခဲ့ပါသည်။ ထို့ကြောင့် ဒီဗီဘီ DVB TV က နအဖ၏ လှိုဏ်ခေါင်း (Tunnel) များအကြောင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ DVB က ရရှိထားသော သတင်းဓာတ်ပုံများတွင် နအဖတို့၏ Fiber Optic Cable မြေပုံ ပါရှိပါသည်။ အဆင့်ဆင့် မြန်မာတပြည်လုံး Fiber Optic Cable များ ချရန် ပြထားသော မြေပုံဖြစ်သည်။ အရပ်သားဆက်သွယ်ရေးတွင်လည်း Fiber Optic Cable ကို သုံးလေ့ရှိပါသည်။ သို့သော် မြန်မာနိုင်ငံမှ ပြင်ပကိုဆက်သွယ်ထားသော ဆက်သွယ်ရေးလင်ခ့် (Link) သည် ကမ္ဘာ့အဆင့်အတန်းနှင့် ပြောရလျှင် လွန်စွာနှေးပါသည်။ ဂျက်လေယာဉ်ခေတ်တွင် နွားလှည်းနှင့် ခရီးသွားသည့်အဆင့်ပဲ ရှိပါသေးသည်။ စစ်တပ်အတွက်သုံးသော ဆက်သွယ်ရေး Network မှာ သီးသန့်ဖြစ်ပါသည်။
Fiber Optic Cable ချရသော စရိတ်မှာလည်း မသေးလှပါ။ နအဖ အစိုးရသည် ၎င်းတို့၏ Fiber Optic Cable Network တချို့ကို လုံခြုံစိတ်ချရစေရန် လှိုဏ်ခေါင်းများထဲတွင် ချထားရန်စီစဉ်နေပုံရသည်။
မောင်အောင်မျိုး၏ စာအုပ် ဒုတိယအခန်းဖြစ်သော စစ်ရေးအတွေးအခေါ်နှင့် ဗျူဟာအခန်း၏ နောက်ဆုံးကောက်ချက်တွင် -
While the Tatmadaw continue to train its troops in anti-guerrilla warfare for counter-insurgency , it has been taking necessary measures for “ guerrilla warfare ” and “ tunnel warfare to deal with external threat - ဟုဆိုထားပါသည်။
ဆိုလိုသည်မှာ ပြည်တွင်းအန္တရာယ်အတွက် တန်ပြန်ပြောက်ကျား စစ်ဆင်ရေးကို တပ်မတော်တွင် ဆက်လက်၍ သင်တန်းပို့ချပြင်ဆင်နေသော်လည်း ပြည်ပအန္တရာယ်အတွက် ပြောက်ကျားစစ်နှင့် လှိုဏ်ခေါင်းစစ်အတွက် လိုအပ်သော ပြင်ဆင်မှုများကို တချိန်ထဲမှာ ဆောင်ရွက်လျက်ရှိသည်ဟု ကောက်ချက်ချထားပါသည်။
ထို့ကြောင့် နအဖ စစ်အစိုးရသည် မြန်မာပြည်တပြည်လုံးတွင် လှိုဏ်ခေါင်းများ တူး၍ နိုင်ငံခြားမှ ကျူးကျော်စစ်ကို ခုခံရန် ငွေအကုန်အကျခံ၍ ပြင်ဆင်လျက်ရှိသည်။
မောင်အောင်မျိုး၏ အဆိုအရ မြန်မာ့တပ်မတော်သည် Electronic warfare နှင့် Information Warfare လျှပ်စစ်နှင့် သတင်းစစ်ပွဲကိုလည်း စိတ်ဝင်စားသည်ဟု ဆိုပါသည်။ ယနေ့ခေတ်တွင် ကွန်ပြူတာများသည် မရှိမဖြစ်သော ကိရိယာများ ဖြစ်သလို ဆက်သွယ်ရေးသည် လွန်စွာအရေးကြီးပါသည်။ ထို့ကြောင့် ခေတ်ပေါ် ဗုံးတခုမှာ အဆောက်အဦးများကို ဖျက်ရန်မဟုတ်ဘဲ Electromagnetic radiation ကြောင့် လျှပ်စစ်ပစ္စည်းများ အလုပ်မလုပ် လောင်ကျွမ်းအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ electromagnetic bomb (e-bomb) ဟုခေါ်ပါသည်။
ထို့ပြင် ယ္ခုခေတ်တွင် ဗုံးများသည်လေထဲမှအရမ်း ကြဲခြသည့်ဗုံးများမဟုတ်တော့ပါ။ Precision Bomb ဟုခေါ်သော ပစ်မှတ်ကိုတိတိကျကျပစ်နိုင်သောဗုံးများ ဖြစ်သည် ထိရောက်မှုရှိရန် GPS (Global Positioning System) ဂြိုလ်တုမှ တဆင့်အသုံးပြုကြရပါသည်။ ထို့ကြောင့် GPS ဂြိုလ်တုနှင့်ဆက်သွယ်မှု ကိုဖျက်စီးသော GPS Jammer စစ်သုံးပစ္စည်းများပေါ်လာပါသည်
စစ်လေယဉ်များပျံသန်းရာတွင် Ground Control ဟုခေါ်သော မြေပြင်မှ ရန်သူ့လေယဉ်များကိုရေတာနှင့်ရှာ၍ ထိန်းကြောင်းပေးရပါသည်။ အမေရိကန်လေတပ်တွင်ဤစံနစ်တခုလုံးကိုလေယဉ်ပေါ်တင်ထားသော AWAC (Airborne Warning And Control System) လေယဉ် များရှိပါသည် ထို့ကြောင့် AWACS Jammer များပေါ် လာပါသည်
Information Warfare ဆိုသည်မှာရန် သူ့ Network အတွင်း ဝင်၍ သတင်းစုဆောင်းခြင်း - သတင်းမှားပေးခြင်း၊ အမိန့်အမှားပေးခြင်း ဖျက်ဆီးခြင်းတို့ ဖြစ်သည်။
(မှတ်ချက် - ရှုပ်ကုန်မည်ဖြစ်၍ အသေးစိတ် မရှင်းသည်ကို ခွင့်ပြုပါ)
ဤအတွက်ကြောင့် နအဖ စစ်အစိုးရသည် ကွန်ပြူတာဘွဲ့ပေးထားသော စစ်ကျောင်းများနှင့် အင်ဂျင်နီယာဘွဲ့ ပေးထားသော စစ်ကျောင်းများကို ထူထောင်ထားခြင်း ဖြစ်သည်။ လက်စမ်းသည့်အနေဖြင့် အတိုက်အခံ သတင်းဌာန ဝက်ဆိုက်များကို မကြာခဏ ဝင်ရောက်တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်စရာ ရှိပါသည်။
မကြာသေးခင်က တရုတ်ပြည်ဟိုင်နန်ကျွန်းတွင် ရေငုပ်သဘောင်္များ သိုလှောင်ရန် ရေအောက်လှိုဏ်ခေါင်းများကို အမေရိကန်တို့က သိရှိခဲ့ကြရ၍ ပွက်လောရိုက်ခဲ့ပါသည်။ မြောက်ကိုရီးယားတို့ကလည်း တရုတ်ပုံစံကို ကူးယူ၍ လှိုဏ်ခေါင်းများတူးကာ ပြင်ဆင်ခဲ့ကြပါသည်။ ယခုအခါ မြန်မာစစ်တပ်ကလည်း တရုတ်နှင့် မြောက်ကိုရီးယား ပုံစံကို အတုခိုး၍ ပြင်ဆင်လျက်ရှိပါသည်။
အတိုက်အခံသတင်းဌါနများလက်ခံရရှိခဲ့သောဗိုလ်ချုပ်ရွှေမန်း၏မြောက်ကိုရီးယားလျှိ့ဝှက်ခရီးမှတ်တမ်းတွင် လည်း မြန်မာစစ်တပ်က GPS Jammer နှင့် AWACS Jammer များကိုစိတ်ဝင်စားကြောင်းဖေါ်ပြခဲ့ပါသည်
လက်ရှိ မြန်မာစစ်တပ်၏လှိုဏ်ခေါင်းစီမံကိန်းသည်ပထမအဆင့်မျှပင်ရှိပါသေးသည်။ Command And Control Centers အမိန့်ပေးနှင့်ကွပ်ကဲမှုဌါနများ ၊ ဆက်သွယ်ရေးစနစ်များနှင့် Logistic ဖြည့်စီးမှုများ အတွက်သာ ရှိပါသေးသည်။ ဖေါက်ထားသည့်လှိုဏ်ခေါင်းများမှာကျင်းမြောင်း၍ကွန်ကရစ်အထူမှာမပြောပလောက်ပါ။ တရုတ်နှင့်မြောက်ကိုရီးယားတို့ကဲ့သို့ စစ်လေယျဉ်များပါသိုလှောင်လိုပါက စက်ကြီးများအကူနှင့်နက်နက် ကျယ်ကျယ်တူးရပါမည်။ ဗိုလ်ချုပ်ရွှေမန်း၏မြောက်ကိုရီးယားလျှိ့ဝှက်ခရီးမှတ်တမ်းအရမြန်မာစစ်တပ်ကစက်ကြီး များကိုကိုင်တွယ်နိုင်ရန်သင်တမ်းပေးပြီးပြီ၊စက်ကြီးများကိုမဝယ်ရသေးဟုဖေါ်ပြထားပါသည်။ နောက်အဆင့်တွေ အတွက်ပြင်ဆင်ထားသည်မှာထင်ပေါ်ပါသည်။
DVB၏အဆိုအရ လက်ရှိလှိုဏ်ခေါင်းများအတွက် အသုံးစရိတ်မှာ အမေရိကန်ေးဒ်ါလာ (၉) ဘီလျံ (သန်း၉ဝဝဝ) ကျော်သည်ဟုဆိုပါသည်။ ဤသတင်းသာမှန်ခဲ့သည်ရှိသော်
ပြည်သူတွေဆင်းရဲတွင်းနက်နေသောကမ္ဘာ့အဆင်းရဆုံးနိုင်ငံတခုဖြစ်သောမြန်မာနိုင်ငံ သည်လှိုဏ်ခေါင်းများအတွက်ဤမျှငွေဖြုန်းရက်သည်မှာအံ့သြစရာပင်
ဘိုဘိုကျော်ငြိမ်း
bnyein@gmail.com This e-mail address is being protected from spambots. You need JavaScript enabled to view it
(မှတ်ချက်) စစ်အတွေးအခေါ်ကိုစိတ်ဝင်စားသူများအတွက်သာ
Rest of your post
Wednesday, July 22, 2009
“ငုံးဆူ လူမသိ”
ဒုဗိုလ်မှူးကြီး အေးမြင့်
စစ်အာဏာရှင် စနစ်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်နေ၀င်းဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့အပေါ်မှာ ဦးနုနဲ့ ယှက်နွယ်ကာ အငြိုး အာဃာတ ကြီးမားလွန်းလို့ သူအာဏာရတဲ့ သမတ ဘ၀မှာ ဦးသန့်လာတာကို အတွေ့မခံ အကြံအဖန် လုပ်ပြီး ငပလီဘက်ကို ရှောင်သွားဖူးကြောင်း အမှတ်မထင် ကြားမြင် ခဲ့ရပါတယ်။
ဗိုလ်နေ၀င်းဟာ ဦးသန့်အလောင်းကို မလွှဲမရှောင်သာ ဖိအားမျိုးစုံကြောင့် လက်ခံ ခဲ့ပေမယ့် ထိုက်ထိုက် တန်တန် ဂုဏ်ပြုသဂြိုလ်ဖို့ ကိစ္စမှာ မိုက်ရိုင်းမောက်မာစွာ ငြင်းပယ် ခဲ့တာလည်း ကြားဖူးး နားဝ ရှိခဲ့ပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦးကို ဖယ်ရှား လိုက်တာ အကြောင်းအများကြီး ရှိတဲ့အနက် ဦးသန့် အရေးခင်းနဲ့ ယှက်နွယ်မှုရှိကြောင်း အတွင်းစကားများ အရ ကြားဖူးးနားဝ ရှိခဲ့ဖူးပါတယ်။
အတန်တန် တားမြစ်ပိတ်ပင် ထားတဲ့ကြားက ဦးသန့်ရဲ့ ရုပ်ကလပ်ကို လေယာဉ် ကွင်းမှာ ကြိုဆိုခဲ့သူ ပညာရေးဌာန ဒုဝန်ကြီးဦးအောင်ထွန်း (ဒုဗိုလ်မှူးကြီးဟောင်း) မှာ နေ့ချင်း ညချင်း ဖြုတ်ခြင်း ခံခဲ့ရပါတယ်။ ဒုဗိုလ်မှူးကြီး အောင်ထွန်းဟာ ခေတ်ပညာတတ် တကဲ့စစ်သားကြီး ဖြစ်ပါတယ်။ စစ်တက္ကသိုလ်မှာ ဒုကျောင်းအုပ် လုပ်ဖူးးသလို စစ်ရုံးချုပ် DMT မှာ G 1 လုပ်ခဲ့ဖူးးသူ ဖြစ်ပါတယ်။ ဖာပွန် ခလရ-၁၃ မှ ရောင်းရင်း ဗိုလ်သိန်းဟန် တင်တို့ ကျဆုံးမှုနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းရေးမှူး တာဝန်ဖြင့် ဖာပွန်သို့ လာရာတွင် ဗိုလ်ကြီးတင်ရွှေ (နောင် လေတပ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီး တင်ရွှေ) မောင်းနှင်တဲ့ ဘားတော် စစ်ရဟတ်ယာဉ်ကြီး ပေါ်မှာ အတူစီးခဲ့ဖူ့းလို့ လေးစားခင်မင်ခဲ့ရသူ အကြီးအကဲ တစ်ဦးပါ။ ထိုစဉ်က တပ်မဟာ ၁၁ မှူးက ဗလနယ်မြေ တာဝန်ခံ ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဆင်ကလဲယားပါ။ (နောင်မှာ ဗိုလ်မှူးကြီး စိန်လင်း ဟူ၍ နာမည်ပြောင်းခဲ့သူ ကပြားအရာရှိ ဖြစ်ပါတယ်)
မဆလပါတီက ဗိုလ်မှူးကြီး သန်းစိန် (ရခိုင်သန်းစိန်) ကွဲစဉ်က ဘာမဆိုင် ညာမဆိုင် ခလရ-၅ မှာ တပ်ရင်းမှူးဖြစ်နေတဲ့ ဗိုလ်မှူးအောင်သန်း(ရခီး၊ ဗိုလ်သင်တန်း အပတ်စဉ် ၂၁) ခမျာ ပြုတ်သွားရရှာပါတယ်။ ကိုအောင်သန်းက တပ်ခွဲမှူးသင်တန်း အပါတ်စဉ် ၅၅ မှာ ကျနော်နဲ့ အတူတူတက်ခဲ့ကြတဲ့ ရောင်းရင်း သူငယ်ချင်းများ ဖြစ်ကြပါတယ်။ အရာရှိကောင်းတစ်ဦးပါ။ ထို့အတူ ဗိုလ်ချုပ်ကြီး သူရတင်ဦး ပြုတ်စဉ်ကလည်း PSO ဟောင်းဖြစ်သူ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမြင့်(ဗိုလ်သင်တန်း အပတ်စဉ် ၂၁) ကိုပါ ဖြုတ်လိုက်တာ တွေ့ဖူးပါတယ်။ ဗိုလ်ချုပ်ကြီး တင်ဦး ပြုတ်သွားစဉ်က ထိပ်ပိုင်းစစ်ခေါင်း ဆောင်ပိုင်းမှာ အတော်ကလေး မကျေမနပ် ဖြစ်ခဲ့ကြတာ ယင်းတို့ရဲ့ PSO ဗိုလ်ကြီးများက ပြန်ပြောပြလို့ သိခဲ့ရပါတယ်။ ထိုစဉ်က ကျနော်ဟာ ရွှေညောင် ခလရ-၉၄ မှာ ဗိုလ်မှူး ဖြစ်နေပါပြီ။ ကျနော်လည်း စိတ်မကောင်းဖြစ်မိသလို မခံမရပ်နိုင် ဖြစ်ခဲ့ဖူး ပါတယ်။ ကျနော်က နယ်အဝေးမှာ ရောက်နေလို့ အုံးကျော်မြင့်တို့ ကြံစည်မှုမှာ မပါခဲ့ပါ။
PSO ဗိုလ်ကြီးများ ကြံစည်တာဟာလည်း သူတို့ ဆရာအကြီးအကဲများရဲ့ ခံစားမှုများ မှ အခြေခံကာ ဖြစ်ထွန်းခဲ့တာလို့ ဆိုရပါမယ်။ ဗိုလ်နေ၀င်းနဲ့ တလက်ကိုင်၊ သစ္စာခံ၊ အဲမ်အိုင်၊ စစ်မလိုင် ဒေါက်တိုင် ရာဇာကြီးလန်ဘားတို့ရဲ့ စနက်ဆိုတာ လူငယ်များဟာ သူတို့ ဆရာအကြီးအကဲများ ပြောသံဆိုသံကြားနေရာက မခံမရပ်နိုင် ဖြစ်ကာထပြီး ကြံမိ ကြံရာ ကြံစည်ကြတာပါပဲ။
ရေးရတာ အားတော့နာစရာပါ၊ လူကြီးများဟာ မကျေနပ်တာ သာရှိတာပါ။ ညီညီ ညာညာ သတ္တိရှိရှိနဲ့ အဲဒီတုန်းက ထပြီးလုပ်ကြရင် တိုင်းပြည်ရဲ့ ကံကြမ္မာရော တပ်မတော် ရဲ့ အလားအလာပါ ပြန်လည် ကောင်းနိုင်မှာပါ။ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင် ပါတယ်။ မလုပ်ရဲကြပါ၊ ယုတ်စွအဆုံး တပည့် လူငယ်လေးများရဲ့ ကြံစည်မှုကို ထိထိမိမိ အားပေးခဲ့ရင်တောင် အောင်ပွဲခံ ရနိုင်ပါတယ်။ ချီးဘရိန်း ၀င်းသိန်း စောက်သုံးမကျလို့ ကလေးတွေ ဘ၀ပျက်ကုန်ရရှာတာ စိတ်မကောင်းစရာ ဖြစ်ခဲ့ရပါတယ်။
စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦး ကိစ္စနဲ့ ပတ်သက်ပြီး မနေ့က တပ်မတော်မှ အရာရှိ၊ စစ်သည်တိုင်းလိုလိုဟာ မခံမရပ်နိုင်ဖြစ်ခဲ့ကြတာ ပကတိ အရှိတရား ဖြစ်ပါတယ်။ မျိုးချစ်စစ်ခေါင်းဆောင် တချို့ မလုပ်ရဲ မကိုင်ရဲ၊ မလှန်ရဲကြလို့သာ တိုင်းပြည် ရော တပ်မတော်ပါ ဒီနေ့ထိ ကြမ္မာငင်ခဲ့ရတာလို့ ဆင်ခြင်မိ ပါတယ်။
ဗိုလ်ချုပ်ကြီး သူရတင်ဦးအပေါ် တပ်မတော်နဲ့ ပြည်သူတို့က သံယောဇဉ် ကြီးမားစွာ ရှိတာကို သိလို့လည်း ဗိုလ်နေ၀င်းနဲ့ လန်ဘားတို့ဟာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့ သိက္ခာနဲ့ တန်ဖိုးကို တမင်ချိုးဖျက် ချေမှုန်းလိုက်တာ တွေ့ခဲ့ရပါတယ်။ ဒီနေ့ ဇရာအို စစ်သူတောင်းစား စစ်ဦးစီးချုပ်ကလည်း ထိုနည်းနှင်နှင် ကျင့်ကြံအားထုတ်ကာ နမူနာ ယူခဲ့တာ လေ့လာသုံးသပ် တွေ့ရှိရပါတယ်။
ဒီနေ့တပ်မတော်ရဲ့ ရပ်တည်ချက်ကို ဆန်းစစ်ကြည့်လိုက်ရင် မနေ့ကတပ်မတော် ကို ၂၃ နှစ်ကျော်ကျော် ဦးစီးကွပ်ကဲခွင့်ရခဲ့တဲ့ ဗိုလ်နေ၀င်းဟာ အဆင့်ဆင့်ယုံကြည် စိတ်ချရသူ တပ်မှူးကြီးများကို ရာထူးအဆင့် ပုံအောပေးကာ သိမ်းသွင်းချုပ်ကိုင်ခဲ့သလို မနှစ်မြို့သူ မော်ကြည့်မယ့်သူ ယှဉ်နိုင်မယ့်သူ ဟူသမျှကို ပိပိရိရိ ပညာပါပါ မညှာမတာ ရက်ရက်စက်စက် ချကျွေးစတေးခဲ့လို့သာ ဒီနမူနာကျင့်စဉ်ကို နေရာရသူ စင်ပေါ်ရောက် သူတိုင်းက လိုက်နာကျင့်သုံး လုပ်စားနေကြလို့သာ အဓွန့်ရှည် ရှင်သန်နေတဲ့သဘောကို တွေ့ရပါတယ်။
မနေ့က တပ်မတော်မှာ ဗိုလ်နေ၀င်းကို မယှဉ်ရဲသူတို့ ရှိခဲ့သလို ဒီနေ့ တပ်မ တော်မှာလည်း ဗိုလ်သန်းရွှေ ကိုယှဉ်ရမှာ မ၀ံ့ကြလို့ တပ်မတော်ရဲ့ “စန်း” ပျောက်နေ ရတာပါ။ ဗိုလ်နေ၀င်းကို မယှဉ်ရဲတာက သမိုင်း အစဉ်အလာကြီးခဲ့တဲ့ အရှိန်အ၀ါ၊ အတွေ့ အကြုံ ကျေးဇူးခံ၊ ကျေးဇူးစား ဥာဉ်ကြောင့် ဖြစ်ပါတယ်။
ဗိုလ်သန်းရွှေမှာ သမိုင်း အစဉ်အလာ အရှိန်အ၀ါဟာ ဗိုလ်နေ၀င်းနဲ့ ယှဉ်လိုက်ရင် နတ္ထိလို့ ဆိုရပါမယ်။ အတွေ့အကြုံမှာလည်း ဗိုလ်နေ၀င်းနဲ့ နံ့သာဆီနဲ့အီးတမျှ ကွာပါတယ်။ လက်ရင်းတပည့်၊ သစ္စာခံ အတွင်း စည်းကို ပိုင်ပိုင်နိုင်နိုင် ထိထိမိမိ စွန့်စွန့်စားစား ကိုင် နိုင်လျှင် ချေမှုန်းနိုင်လျှင် ချောင်ဆက်စကူ ဖြစ်အင်လို မလွဲမသွေ တိုးဝင်မိမှာ သေချာ ပါတယ်။ လူစွမ်းကောင်းများ မပေါ်နိုင်ဟု မပြောနိုင်ပါ။ ဒီနေ့ တပ်မတော်ထဲမှာ “ငုံးဆူ လူမသိ” ပင့်သက်ရှုနေရသူတွေ ရှိနေတာ ယုံမှားသံသယ မရှိပါ။
Rest of your post
Sunday, July 12, 2009
ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ (ဖိုးတရုပ် internet page )
စာဖတ်ပရိသတ်များခင်ဗျား
ပြည်တွင်းမှ ရုရှားပြန် တပ်မတော် အရာရှိတစ်ဦး ပေးပို့လာတဲ့ သူ့ကိုယ်တွေ့ကလည်း ဗဟုသုတ တစ်ခုမို့ လေ့လာနိုင်ဖို့ ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ တကယ်တော့ ရုရှား ပညာတော် သင်တွေကို ဒီထက်ပိုပြီး ထောက်ပံ့ကာ အနာဂတ်အတွက် အသိအမြင် ကျယ်ပြန့်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ် အသုံးဝင်အောင် အဓိပ္ပါယ်ရှိရှိ မွေးမြူသင့်ပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံ့ဂုဏ်ဆောင်သာ ဖြစ်စေလိုကြောင်း၊ နိုင်ငံတကာမှာ သိက္ခာရှိရှိ ဖြစ်စေလိုကြောင်း မျိုးချစ် တပ်မတော်သားများက ဆန္ဒပြုရင်း အခုလို တာဝန်ထမ်းဆောင်ဆဲမှာပင် ရေးသားပေးပို့လာတဲ့ ရုရှားပြန် မောင်ကျောင်းသားအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုပြီး စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ
ဆောင်းပါးရှင် – မောင်ကျောင်းသား (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)
nuclear-plan
၂၀၀၁ ခုနှစ်၊ မေလ၏ မနက်တစ်ခုတွင် ရန်ကုန်မြို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းမှ မှန်လုံ ကားငယ် ၄ စီး တန်းစီ ထွက်လာခဲ့သည်။ ကားပေါ်တွင် မျက်နှာညှိးငယ်စွာဖြင့် လိုက်ပါလာကြသော သူများကား စစ်ဘက်၊ အရပ်ဘက်မှ အရာရှိများ၊ ကထိကများ ဖြစ်ကြပါသည်။ ၄င်းတို့ အားလုံး အဘယ်ကြောင့် မျက်နှာများ မသာမယာ ဖြစ်နေရပါသနည်း။
သင်တို့ ယုံချင်မှ ယုံပါလိမ့်မည်။ ထိုသူတို့သည် ဗိုလ်ချူပ်ကြီး မောင်အေး၏ စကားဖြင့်ဆိုရလျှင် တပ်မတော်မှ ချီးမြှောက်ခြင်း ခံရသော ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံရသည့် အညတရ အရာရှိများ ဖြစ်ပါသည်။ နိုင်ငံရပ်ခြားသို့ ပညာတော်သင် သွားရခြင်းသည် မကောင်းပါလား။ ကောင်းပါသည်။ အလွန်ကောင်းပါသည်။
ပညာတော်သင် ရွေးချယ်ပုံမှာ ထက်မြက် ထူးချွန်သည်ဟု ယူဆသော အရာရှိများကို ခေါင်းခေါက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အရွေးခံရသော အရာရှိများမှာ ကိုယ့်ကိုကိုယ် မယုံရဲရဲဖြင့် အပျော်ကြီး ပျော်ခဲ့ရသေးသည်။ တချိန်က ပြည်ပ ပညာတော်သင် စေလွှတ်လေ့ ရှိသည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့လို ရေခံမြေခံကောင်းပြီး နိုင်ငံခြား လစာငွေ တနင့်ကြီး ရကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါက တိုက်ခန်းလေး တစ်ခု လောက်တော့ ၀ယ်နိုင်ကြပါသည်။ ထို့ကြောင့် အရွေးခံရသော အရာရှိများမှာ မည်သည့် နိုင်ငံမှန်း မသိရသေးခင်ကတည်းက ၀မ်းသာခဲ့ရသည်။
ယခု ပညာတော်သင် အရွေးခံရသော အရာရှိ ၂၀၀ နီးပါး ရှိပါသည်။ ထိုအရာရှိများကို တပ်မတော် အမှတ် (၂) စစ်ဆေးရုံကြီးတွင် ဆေးစစ်ပါသည်။ အသဲရောင် အသားဝါ ဘီတွေ စီတွေ လာမပြောနဲ့။ အားလုံးအောင်။ အားလုံး ကောင်းပါသည်။ အဲ..အဲ ဆေးကျသော အရာရှိ အချို့လည်း ရှိပါသည်။ ဗိုလ်မှူးကြီးနှင့်အထက် အဆင့်ရှိ အရာရှိများ၏ သားတချို့တော့ ဆေးကျပါသည်။ ထိုဆေးကျသော အရာရှိများမှာ ဆေးကျသည် ဆိုသော်လည်း မျက်နှာများမှာ ၀င်းပနေပါသည်။ ကျန်အရာရှိများမှာ ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်ကြရသည်။
ဆေးအောင်အရာရှိများကို ဗိုလ်ချူပ်ကြီးမောင်အေး အမှူးပြုသော လေ့ကျင့်ရေးအရာရှိချူပ်၊ စစ်ထောက်ချူပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သိပ္ပံနဲ့ နည်းပညာဝန်ကြီးများက သြ၀ါဒများ ပေးကြပါသည်။ ဗိုလ်ချူပ်ကြီး မောင်အေး စကားပြောစဉ် ရုရှားနိုင်ငံသို့ သွားရမည် ဖြစ်ကြောင်းနှင့် ထိုနိုင်ငံတွင် သုံးစွဲရန် ဒေါ်လာ ၁၀၀ ပေးမည်ဟု မိန့်မိန့်ကြီး ပြောလိုက်ရာ အောက်တွင် အဟုတ်မှတ်၍ နားထောင်နေသော အရာရှိများမှာ “ဟာ…” ဆိုသည့် ၀ုန်းကနဲ အသံကြီး ထွက်လာကြပါတော့သည်။ ဗိုလ်မောင်အေးလည်း အခြေအနေ မကောင်းမှန်းသိ၍ ချက်ချင်းပင် သူ့အနေနှင့် ဒေါ်လာ ၅၀ နှင့် တပ်ချူပ်ကြီးတို့မှ ဒေါ်လာ ၅၀ ထပ်ပြီး မုန့်ဖိုး ပေးပါမည်ဟု အမောတကာ ပြောကာ ချွေးသိပ်လိုက်ပါသည်။
ထိုအချိန်က အရာရှိများသာ ကြောက်၍ ငြိမ်နေခဲ့လျှင် ဒေါ်လာ ၁၀၀ နှင့် ရုရှားတွင် ခွေးလုံးလုံး ဖြစ်ကြရမည်ပင်။ ထိုလစာ ကိစ္စပြီးသည်နှင့် ဗိုလ်မောင်အေးလည်း ချက်ခြင်း လစ်သွားတော့သည်။ ကျန်ရှိနေသည့် ဗိုလ်ချူပ်များက အခြေအနေကို ဆက်ပြီး ထိန်းသိမ်းသွားသည်မှာ နိုင်ငံတော်အနေဖြင့် အခု အရာရှိများကို အများကြီး မြှောက်စား ထားကြောင်း၊ တပ်ချူပ်ကြီးကလည်း စေတနာ ဘယ်လောက်ရှိကြောင်းနှင့် ယခု ရုရှားနိုင်ငံတွင် နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် ပညာတော်သင် သွားရမည် ဖြစ်ကြောင်း ပြောကြပါတော့သည်။
ထိုသို့ပြောကြရာတွင် သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးသောင်းမှာ အဆိုးဆုံးဖြစ်ပြီး ၀န်ကြီးတစ်ဦးနှင့် မလျော်ညီစွာ စကားအဆင့်အတန်း အောက်တန်းကျလှသည်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ခိုးစရာရှိတာ ခိုးဖို့ လိုကြောင်း၊ ကိုယ်တိုင် မထုတ်လုပ်နိုင်ပါက ရသည့်နည်းနှင့် ၀ယ်မည်ဖြစ်ကြောင်း၊ ထို့အပြင် နျူးကလီးယားစက်ရုံ တည်ဆောက်ခြင်းသည် အလွန် ငွေကုန်ကြေးကျ များသောကြောင့် တိုင်းပြည်က ဤဒုက္ခကို ခါးစည်းခံရမည် ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် အငတ်ခံ၍ ကြိုးစားမည် ဖြစ်ကြောင်း စိန်အောင်မင်း လေသံနှင့် ပြောဆိုသွားပါသည်။ တက်ရောက်သော အရာရှိများ အားလုံး သိကြပါသည်။
return-of-ru-officers
ဤသို့ ကြိုးစားရခြင်းမှာလည်း တပ်ချူပ်ကြီးက စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်လို၍ ဖြစ်ကြောင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်ခဲ့ပါက အရှေ့တောင်အာရှတွင် စစ်ရေးအရ အင်အား အကြီးဆုံး ဖြစ်လာပြီး ယိုးဒယားကိုလည်း ခြေထောက်ဖြင့် ပါးရိုက်မည် ဖြစ်ကြောင်း စသည်ဖြင့် မိုက်မိုက်ရိုင်းရိုင်း ပြောဆိုသွားလေသည်။
ရုရှားနိုင်ငံမှ ပညာရှင် အမျိုးသမီးများကို ပန်းကုံးခြွေပြီး မြန်မာနိုင်ငံသို့အရ ခေါ်လာရန် တပ်ချူပ်ကြီးနှင့် ဒုချူပ်ကြီးတို့က အမှာပါးလိုက်ပြီး ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် အရာရှိများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ဦးမည်ဟုလည်း ထပ်ဆင့် ပြောလိုက်ပါသေးသည်။ နားထောင်နေသော အရာရှိများ၏ စိတ်ဓါတ်များသည် တဟုန်းဟုန်းတောက်နေသော မီးကို ရေဖြင့် လောင်းလိုက် သကဲ့သို့ ငြိမ်ကျသွားကြရသည်။
အဆင့်အတန်းရှိသော အရာရှိအများစု၏ စိတ်ထဲတွင်တော့ ငါတို့သွားရမည့် ခရီးသည် အဘယ်လောက် ကျက်သရေ ယုတ်ပြီး အမင်္ဂလာ ရည်ရွယ်ချက်များ ပါတကားဟု ခံယူ နားလည်သွားကြပြီး တက်ကြွခြင်း ကင်းမဲ့စွာဖြင့် ယူကြုံးမရ ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချူပ်ကြီးများ၏ ထိုဂုဏ်ယူဖွယ်ရာ ခရီးစဉ်တွင် ၄င်းတို့၏ ဆွေမျိုးသားချင်း ဆေးကျ အရာရှိများ မပါကြသည်ကို ခပ်ရေးရေးတော့ သဘောပေါက်မိခဲ့ကြပါသည်။
ဤသို့ဖြင့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ကျောင်းသား ခေါင်းဆောင်အဖြစ် ဦးဆောင်လျက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးသို့ ရောက်ရှိ ခဲ့ကြပါသည်။ မော်စကိုရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းမှ အပြန် ရုရှား ဆိုးသွမ်းလူငယ် တစ်စုက မြန်မာပြည်တွင် ဘယ်သူမှ မော်မကြည့်ရဲသော စစ်ဗိုလ် ၁၀၀ လောက်ကို အသားလွတ် လမ်းမပေါ်တွင် ဆော်ပလော တီးခဲ့ပါသည်။
ကွဲသူကွဲ၊ လဲသူလဲနှင့် တကယ့်ကို အမင်္ဂလာ ကျောင်းဖွင့်ရက် ဖြစ်လေသည်။ မိမိတို့ အကြောင်းကို ပြည်ပတွင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့် မြန်မာသံရုံးမှ သံအမတ်ကြီးဟောင်း ဦးတင်စိုး (ယခင် လပခ ဒုတိုင်းမှူး) အား တိုင်ကြားကြပါသည်။ သံအမတ်ကြီး ဦးတင်စိုးသည် သတင်းကြားကြားချင်း ကျောင်းသားအိပ်ဆောင်သို့ အပြေးရောက်လာကာ မြန်မာကျောင်းသားများကို မိုက်မိုက်ရိုင်းရိုင်း ဆဲပါတော့သည်။
russian-embassador-of-burma-u-tint-soe
ဘယ်အစွန်ဆုံး မျက်မှန်နဲ့ ပုဂ္ဂိုလ်ကတော့ အော့ကျောလန် သံအမတ်ကြီးဟောင်း ဗိုလ်မှူးချုပ် တင်စိုး
အဖြေက မြန်မာကျောင်းသားများ မနေတတ် မထိုင်တတ်၍ ယခုလိုဖြစ်သည်ဟု ကောက်ချက် ချခြင်းဖြစ်ပါသည်။ ကျောင်းသားခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခမျာ ကြီးကောင်ကြီးမား အရွယ်ကျမှ ကလေးတွေ ရှေ့တွင် အခုလို အဆဲခံရ၍ မျက်နှာမှာ နီရဲနေပါတော့သည်။ သူ့ကို ကြည့်၍ ကျန်ကျောင်းသားများမှာ အားတုံ့အားနာ ဖြစ်ကြရသည်။
အဆိုပါ ဒုတိယ ဗိုလ်မှူးကြီးသည် PhD ဘွဲ့ယူရန် လိုက်ပါလာခြင်းဖြစ်ပြီး ပညာဥာဏ် ကြီးမားခြင်း၊ အောက်လက်ငယ်သားများ အပေါ်တွင် ငဲ့ညှာခြင်းတို့ကြောင့် မြန်မာ ကျောင်းသားတို့က လေးစား ချစ်ခင်ကြပါသည်။ (ထိုဒုဗိုလ်မှူးကြီးသည် တပ်မတော်မှ ထွက်သွားရပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ဗိုလ်တန်မဲ့ ပညာတော် လွန်းသောကြောင့် ဖြစ်သည်။)
ရုရှားတွင် နေစဉ်ကာလ တစ်လျှောက်လုံးတွင် မြန်မာသံအမတ်ကြီး၏ တာဝန်မဲ့မှုကြောင့် ရုရှား ဆိုးသွမ်းလူငယ်များ ရိုက်နှက်မှုကို မြန်မာကျောင်းသားများ အလူးအလဲ ခံကြရပါသည်။ အချို့ဆိုလျှင် နားရွက်ကို ဓါးဖြင့် အလှီးခံရခြင်း၊ ပယ်ပယ်နယ်နယ် အရိုက်ခံရသောကြောင့် သွားအုံတစ်ခုလုံး ကျွတ်သွားခြင်း၊ မြေအောက် လမ်းကူးများတွင် ၀ိုင်းရိုက်ခံရခြင်း စသည်တို့မှာ နောင်ဆိုရင် အရိုးစင်းဆုံး သတင်းများသာ ဖြစ်သွားခဲ့ရသည်။
ထိုကဲ့သို့ ဒုက္ခများအပြင် ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် ဖျားနာပြီး ဆေးရုံတင်ခံရလျှင် တင်ပြကြသော်လည်း လက်မခံပေ။ စစ်သားဆိုတာ ခိုင်းတာလုပ်။ ကျွေးတာစား ဆိုသည့် ဦးနှောက်မဲ့စကားဖြင့် တုံ့ပြန်သည်။ မကျေနပ်သည့် ကျောင်းသား အများက ထိုကဲ့သို့ မနာခံလျှင် ရုရှားဆရာဝန်များက တီဘီလိုလို၊ ကင်ဆာလိုလိုရောဂါများဟု ဆိုကာ ထိုကျောင်းသားကို မြန်မာပြည်သို့ ပြန်ပို့တတ်ပါသည်။
ထိုသို့ပြန်ပို့ခံရသော ကျောင်းသားပေါင်း မည်မျှရှိပြီး တပ်မတော်မှ ထုတ်ပယ်ခံရခြင်းလည်း မနည်းလှတော့ပါ။ ဤသည်မှာ အန္တရာယ်များလှသော ရေဒီယို ဓါတ်ခွဲစမ်းသပ်ခြင်းမှ ရရှိသော ရောဂါများသာ ဖြစ်ပါသည်။ အမှန်ဖြစ်သင့်သည်မှာ ကျောင်းအနေဖြင့် ရောဂါရသော ကျောင်းသားများကို မြန်မာသံရုံးနှင့် ညှိနှိုင်းပြီး ဆေးကုသပေးသင့်သည်။ မြန်မာ သံအမတ်ကြီးကလည်း မသိကျိုးကျွံပြုပြီး အားလုံး ကောင်းပါသည်ဟု လစဉ် Report ရေးခြင်း မျိုး မလုပ်သင့်ပါ။ ကျောင်းသားများ နစ်နာလှပါသည်။
သို့သော် သံအမတ်ကြီး ဦးတင်စိုးသည် ကျောင်းသားအရေးထက် ရုရှား တက္ကသိုလ်နှင့် လက်ဝါးရိုက်ကာ ငွေရပေါက် ဖန်တီးခြင်းကိုသာ အလေးထားပါသည်။ ရုရှား တက္ကသိုလ်များသည် ပုဂ္ဂလိက ကျောင်းများ ဖြစ်ပြီး တစ်ချို့ စာသင်ခန်းများတွင် လူပင်မရှိပါ။ လူမရှိရခြင်းမှာ တစ်ချို့ Department များသည် လူကြိုက်နည်းသောကြောင့် ဖြစ်သည်။
ဤအချက်ကို အခွင့်အရေးယူပြီး သံအမတ်ကြီး ဦးတင်စိုးက တက္ကသိုလ် အာဏာပိုင်များနှင့် ပူးပေါင်းကာ လူမရှိသည့် Department များတွင် မြန်မာကျောင်းသားများကို ထိုးထည့်ပြီး ပွဲခဒေါ်လာ ရယူပါသည်။
(ဦးတင်စိုးသည် ဒေါ်လာစုရာတွင် ကျောင်းသားများကြား၌ အလွန် နာမည်ကြီးသည်။ သံအမတ်ကြီးဖြစ်ပါလျက်နှင့် ထမင်းချက်ခြင်းကို တစ်ကြိမ်သာ သူ့အမျိုးသမီးကို လုပ်ခိုင်းသည်။ နံနက်ကချက်ထားသည့် ထမင်းကြမ်းနှင့်သာ ညစာကို စားပါသည်။ စားသည့် အခါတွင်လည်း ဈေးအပေါဆုံး ကြက်သားကိုသာ တောချက် ချက်စားသည်။ ထို့ကြောင့် သူ့ကတော်နှင့် သူ့သမီးမှာ ဘယ်အချိန်ကြည့်ကြည့် မဲမဲခြောက်ခြောက်နှင့် လူမမာ ရုပ်ပေါက်နေသည်။ သမီးကို ရုရှားတွင် ကျောင်းတက်နေသော DSTA 1 Intake မှ တစ်ယောက်နှင့် မော်စကိုတွင် လက်ထပ်ပေးရာတွင် မင်္ဂလာပွဲလာ ကျောင်းသားများအား ဒေါ်လာသာ လက်ဖွဲ့ရမည်ဟု မညှာမတာ ပြောပါသည်။ ပြန်ဧည့်ခံသည့် အစားအသောက်က ပေါင်မုန့် အညံ့စားတစ်လုံးနှင့် အချိုရည် တစ်ခွက်သာ ဖြစ်ပါသည်။)
ဦးတင်စိုးသည် ပညာ၏ သဘောတရားကို နားမလည်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံက ကွန်ပြူတာနှင့် ကျောင်းပြီးလာသူသည် ရုရှားတွင် ရူပဗေဒကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ဓာတုဗေဒနှင့် ပြီးလာသူက ကွန်ပြူတာကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ကားမောင်းသူကို လေယာဉ်မောင်းခိုင်းပြီး၊ လေယာဉ်မောင်းသူကို ဆိုက်ကားနင်းခိုင်း သကဲ့သို့ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသည်။ ကျောင်းသားများက အကျိုးအကြောင်းကို တရားဝင် တမျိုး၊ တိုးတိုးတမျိုး တင်ပြကာ မြန်မာပြည် ပြန်မည်ဟု အထွန့်တက်သည်။ ထိုအခါ ဦးတင်စိုးက ပြန်ချင်လျှင်ပြန် သူတာဝန်မယူဟု တာဝန်မဲ့စကား ဆိုခဲ့လေသည်။
နောက်ဆုံးတွင် အမှန်တရားကို မြတ်နိုးပြီး မတရားတာကို ခေါင်းငုံ့မခံသည့် ကျောင်းသားတချို့ အမိနိုင်ငံ ပြန်ကြသည်။ ဤကဲ့သို့ တရားလက်လွတ် လုပ်ချင်တိုင်းလုပ်နေသော စစ်အာဏာရှင်များ ကြီးစိုးရာ တပ်မတော်တွင် မနေ၊ ထောင်ကျချင်လည်းကျ၊ ရုရှားမှ ဝေးလျှင်ပြီးရောဟု ဆုံးဖြတ်ကာ ကျောင်းသားအချို့ ခံဝန်ချက် လက်မှတ်ထိုးပြီး ပြန်ကြသည်။
တကယ်ဆိုလျှင် ရုရှားတွင်ဆက်နေပြီး အိုးနင်းခွက်နင်း ဘာသာရပ်များကို ဘွဲ့ရသည်အထိ သင်နိုင်ပါသည်။ ကျောင်းအာဏာပိုင်များက ပြန်မည့် ကျောင်းသားများကို ဘွဲ့ပေးပါမည်။ မပြန်ပါနှင့်။ စာမေးပွဲလည်း ဖြေစရာမလိုပါ။ နှစ်ကုန်သည်အထိ နေပါဟု တားရှာကြပါသည်။ သူတို့ စိတ်ထဲတွင် မြန်မာကျောင်းသား အချဉ်လေးများထံမှ ကျောင်းလခ မရလျှင် အလွန်နစ်နာသွားမည်ကို စိုးရိမ်ဟန် တူပါသည်။ ပညာတော်သင် ကျောင်းသားများအတွက် မြန်မာ အစိုးရထံက မြက်မြက်ကလေး ရနေသလို ရုရှားကို ဖါးနေရတဲ့ စစ်ခေါင်းဆောင်တွေကလည်း လက်သိပ်ထိုးကာ ရုရှားအား လူမိုက်ဌားခ ပေးရတာမျိုးပါ။
အိုးနင်းခွက်နင်း ဘာသာရပ်ကို ဘွဲ့လွန်မပြောနှင့်။ ပါရဂူဘွဲ့လိုချင်လျှင်လည်း ရပါသည်။ စာသင်နှစ် ကုန်သည်အထိသာ နေရန်လိုသည်။ သို့သော် မြန်မာကျောင်းသားအချို့ အမှန်တရားကို ဆုပ်ကိုင်၍ မြန်မာပြည်သို့ ပြန်ကြပါသည်။
မြန်မာပြည် ပြန်ရောက်သောအခါ ထုံးစံအတိုင်း စစ်ခုံရုံးဖွဲ့၍ ပြန်လာရသော အကြောင်းရင်းကို စစ်ပါသည်။ အဖြစ်မှန်ကို တင်ပြသော်လည်း သံအမတ်ကြီး ဦးတင်စိုးက ကြိုတင်၍ ဖက်စ်နှင့် သတင်းပို့ချက်မှာ ပြန်သွားသော ကျောင်းသားများသည် တပ်မတော်ကို အာခံပြီး အမိန့်ကို မနာခံကြောင်း၊ ထိုသူများကို ထောင်ချထုတ်ပယ်သင့်ကြောင်း စသဖြင့် သခင်အားရ ကျွန်ပါးဝလေသံဖြင့် ဗိုလ်ချူပ်ကြီး မောင်အေးထံ တင်ပြထားပြီး ဖြစ်ပါသည်။ သို့သော် ဗိုလ်မောင်အေး တပည့်စစ်စစ် ဦးတင်စိုးမှာ သူ့စေတနာသူ အကျိုးပေး အနားပေးခံရပြီးပါပြီး။
ထို့ကြောင့် ရုရှားမှ ပြန်လာကြသော ကျောင်းသားများ ကံမကောင်းကြပေ။ သို့သော်လည်း ထိုသူများကို ကျွန်တော် လေးစားချီးကျူးပါသည်။ မတွန်းလှန်နိုင်သူများမှာ ယခုအခါ ဆုပ်လဲစူး စားလဲရူး ဘ၀တွင် ရောက်နေကြသည်။ ရုရှားမှ တတ်ယောင်ကား ဘွဲ့တစ်လုံးကိုပိုက်ကာ လုပ်ငန်းခွင်နှင့် ဝေးနိုင်သမျှဝေးအောင် အကြံအဖန်လုပ်ပြီး တပ်ရင်းတပ်ဖွဲ့ များသို့ သွားရန် ကြိုးစားနေကြသည်။
ရုရှားတွင်နေစဉ်က ဆရာတစ်ယောက် ပြောပုံမှာ မင်းတို့အရည်အချင်းနဲ့ နျူးကလီးယားစက်ရုံ တည်မယ်ဆိုတော့ အနာဂတ်က တော်တော်ရင်လေးစရာပါပဲတဲ့။ ဟုတ်ကဲ့။ ဖြစ်နိုင်လောက် ပါသည်။ စာသင်ချိန်တွင် ရုရှားကျောင်းသားများလို ကျားကုတ်ကျားခဲ မကြိုးစားပဲ ဗိုလ်လောင်း ဘ၀ကလို လစ်လျှင်လစ်သလို အိပ်ကြသည်မှာ မြန်မာ ကျောင်းသားများသာ ရှိပါသည်။ တကယ်ကြိုးစားသည့် ကျောင်းသားများလည်း ရှိပါသည်။ တချို့ ကျောင်းသားများလည်း ယခုအခါ အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်ကို ကျောခိုင်းသွားကြပြီ ဖြစ်ပါသည်။
ယခုအခါတွင် နျူကလီးယား လက်နက်ကို ထိုထိုသောပညာရှင်များနှင့် ထုတ်လုပ်ရန် စဉ်းစားနေကြသော အာဏာရူးတစ်စု၏ အနာဂတ်ကို စောင့်ကြည့်ရုံသာ ရှိပါတော့သည်။
http://www.photayokeking.org/ ကိုဖိုးတရုပ် အင်တာနက်စာမျက်နှာသို့ 
Rest of your post
Thursday, July 2, 2009
သန်းရွှေ ဗုံး ကြောင့် လူအများစိတ်ညှစ်ရ
စံခလပူရီ(ဇူလိုင်-၁)။ ။ ဇွန်လ ၂၈ ရက်နေ့ညက ဘုရားသုံးဆူမြို့၌ လက်ပစ်ဗုံး ၂ လုံးပေါက်ကွဲခဲ့ရာ ယနေ့အထိ ဒေသအာဏာပိုင်များက မည်သူမည်ဝါဟု လက်သည်မဖေါ်နိုင်(သို့မဟုတ်) ရေငုံနှုတ်ပိတ်နေကြရပြီး လုံခြုံရေး အစီအမံသစ်တစ်ရပ်သာ ထုတ်ပြန်ခဲ့ပါသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီး နောက်တစ်နေ့နံနက်ပိုင်းတွင် ဒေသအတွင်းလှုပ်ရှားနေကြသော ငြိမ်းချမ်းရေး၊ လက်နက်ချ အဖွဲ့ခေါင်းဆောင်များကို ခလရ ၃၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခင်ဇော် ခေါ်ယူတွေ့ဆုံ၍ သူ၏အမိန့်ကို နာခံ စေရန် တိုက်တွန်းခဲ့သည်ဟုသိရသည်။
“ သူပြောက သေနတ်ဒင်တွေတိုင်းမှာ ကိုယ့်အဖွဲ့အစည်းရဲ့ အလံတဆိပ်အမှတ်အသားတွေ ရေးထားရမယ်တဲ့၊ လွယ်တဲ့အလုပ်မှမဟုတ်ပဲ၊ ဘယ်အဖွဲ့ကမှ လိုက်နာကြမှာမဟုတ်ဘူးလို့ထင်တယ်၊ သူကတပ်ရင်းမှူး တစ်ယောက်
ပဲ၊ သူတပ်ကိုပဲဒီလိုအမိန့်ပေးလို့ရမယ်” ဟု KPF မှအမည်မဖေါ်လိုသော အရာရှိတစ်ဦးနှင့် ဆက်သွယ်မေးမြန်း ချက်အရ သိရသည်။
ဘုရားသုံဆူမြို့ပေါ်တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိရာ မော်တော်ဆိုင်ကယ်အားလုံး နံပါတ်ပြား၌ သက်ဆိုရာ ရပ်ကွက်အမှတ်ကို ထင်ရှားစွာရေးသားထားရမည်ဟု ဆိုသဖြင့်မြို့ခံများ ပြုလုပ်ပေးကြရပြီဖြစ်သည်။
ညပိုင်းတွင်များလည်း ပြည်သူ့စစ်များကိုအကူပေးရန် တစ်ရပ်ကွက်လျှင် ယောက်ျား ၁၀ ဦးကျ လုံခြုံရေး လိုက်ပါ ပေးရမည်။ အတည်မပြုနိုင်သောသတင်းတစ်ရပ်တွင် မြို့ခံများမှ ပြည်သူ့စစ်အဖြစ် အတင်းဝင်ရောက် တာဝန် ထမ်းဆောင်စေမည့် အစီအမံများရှိနေသည်ဟု သတင်းများပြန့်နှံ့နေသည်။
သုံးဆူမြို့ပေါ်မှ ငြိမ်းအဖွဲ့ဝင် အရာရှိတစ်ဦးက “ဒီဗုံးကဗမာစစ်တပ်ကဗုံးပဲ၊ ရှာတွေ့တဲ့ လက်ပစ်ဗုံးကလစ်တံကွင်း
က M-99 နာနတ်သီးဗုံးပဲ၊ ဒီဗုံးအမျိုးအစားက ဗမာစစ်တပ်မှာပဲ သုံးကြတာ၊ လုံခြုံရေးအကြောင်းပြချင်လို့ အခုလိုအကွက်ထွင်တာပဲဆိုတာ အဖွဲ့အစည်းတိုင်းက ကြိုမြင်နေကြတာပဲ” ဟုဆိုသည်။
အကဲခတ်သူများအဆိုအရ အကယ်၍ KNU မှဖေါက်ခွဲမည်ဆိုလျှင် မြို့တွင်းအထိရောက်လာပြီး လေထဲ
အလာဟသ ဗုံးဖေါက်ပစ်ခွဲအလုပ် လုပ်လိမ့်မည်မဟုတ်ဟု တွက်ဆပြသည်။
Rest of your post
အနှစ် နှစ်ဆယ်နီးပါး တည်ဆောက်သော်လည်း လမ်း၊တံတားများ ဆောက်၍မကုန်နိုင်
ပေးပို့ သူ ကိုဒေါင်းနီ-
MRTV
• နိုင်ငံတကာသတင်းဆိုသည်မှာ CCTV ကိုဆိုလိုခြင်းဖြစ်သည်။
• အခြားနိုင်ငံမှ မိမိထံလာပါက "ဂါဝရပြုတွေ့ဆုံ"ရန်လာခြင်းဖြစ်ပြီး ၊
မိမိကသွားရသူဖြစ်ပါက "သွား
ရောက်တွေ့ ဆုံ" ဟုသုံးစွဲရသည်။
• သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ
မှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။
(ဥပမာ ကျောပေး၍တောင်ခြစ်မြောက်ခြစ်လုပ်နေရန်)
• နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား"
ဇာတ်လမ်းများကို ကိုဆိုလိုခြင်း
ဖြစ်သည်။
• နိုင်ငံတော်အကြီးအကဲများသည်
"လိုအပ်သည်များကိုဖြည့်စွက်မှာကြား၍ပြန်လည်ထွက်ခွာ" သွားသူ
များသာဖြစ်ကြသည်။
• ပြည်သူလူထုဆိုသည်မှာ "အဖြူနှင့်အစိမ်း" သို့မဟုတ် “အဝါရောင်ဝမ်းဆက်”
သို့မဟုတ် “အပြာ
ရောင်ဝမ်းဆက်" များသာ ဝတ်ဆင်ကြသည်။
• မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ်
နှစ်ဆယ်နီးပါး
တည်ဆောက်သော်လည်း လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။
• နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း
သည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။
(ဝါ) အသိပေးရန်မလိုအပ်။
• ယင်းသို့မထုတ်ပြန်သော်လည်း လမ်း၊တံတား၊ဆည်မြောင်း
များဆောက်လုပ်ရာတွင်နိုင်ငံတော်မှ
စေတနာဖြင့်အကုန်အကျခံပေးနေရသည်။
• စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည်
လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံး
အဆုံး ကျွမ်းကျင်နှံ့စပ်ကြရာ ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန်
ရဟန်းများအားညွှန်ကြားနိုင်သည်။
• မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း
"ပြည်ပအားကိုးပုဆိန်
ရိုး"ဆိုသည့်လူနည်းစု အတွက် မြန်မာ့အသံမှ "စစ်မှန်သောမျိုးချစ်စိတ်ဓာတ်"
ဆိုသည့်ဖွင့်ဆိုချက်ကို
လွှင့်ထုတ်ပေးနေရသည်။
• နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်း သည် သတင်းထူးဖြစ်သည်။
• ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမ များသည် ပညာရေး၏အရေးပါပုံကို
မသိကြချေ။
နိုင်ငံတော်အကြီးအကဲများက ရံခါမလပ် ပညာရေးသည်အရေးကြီးသည်ဟုမှာကြားရသည်
ဟူ၏။
• အမြဲကြားရလေ့ရှိသည့်စကားလုံးများ"ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့်
အချိန်နှင့်တပြေးညီဆောင်ရွက်ခြင်း"
• အမြဲ မကြားရ သောစကားလုံးများ "စီးပွားရေးကျဆင်းခြင်း ၊
နှောင့်နှေးကြန့်ကြာ သွားခြင်း"
• မေးခွန်းနှင့်အဖြေ မှန်အောင်မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီး
ဖြစ်နိုင်သည်။ (မှတ်ချက်။ ဥပဓိ
ကောင်းရန်မလို။)
Rest of your post
Tuesday, June 30, 2009
မကြားချင်ဘဲ ကြားနေရတဲ့သတင်း
ဗမာပြည်ကို တရုတ် ကုလား ရရှား လုပ်ချင်သလိုလုပ် ခွင့်ပေးထားတယ်ဆိုတာပါဘဲ။ ဘာနဲ့ တူသလဲဆိုတော့ လင်သေသွားတဲ့ မုဆိုးမကို ရပ်ကွက်က၀ိုင်းစွဲ နေသလိုပေါ့။ ဗမာပြည်က ရစရာကိုမရှိတာ မျက်စိမှိတ်ထားတာတောင် မမြင်ချင့်ဆုံး နားကကြားနေရတယ် ။
ပြည်သူတွေ ခွက်လက်စွဲကာ တောင်းစားနေကြတယ်ဆိုဘဲ။
သန်းရွှေနဲ့ အမျိုးတွေကတော့ အနူတောမှာ နူချောတွေ ဖြစ်နေကြတယ်တဲ့ ။ အော်တဲ့ သူပစ်မယ် ရေဒီယိုဥပဒေတို့  ဗီဒီယိုမှု အင်တာနက်မှု ဗမာပြည်မှာ ရှိနေပြီတဲ့ ဗျ ။
ဘုန်းကြီးတွေ ဆွမ်းမ၀ကြတော့ပါတဲ့ ။
အမေစုကတော့ ၀မ်းနည်းစရာ အကောင်းဆုံးပါ ။ အကြမ်း မဖက်မှုနဲ့  ထောင်ဒဏ်တသက်ကြတော့မယ်။ သား တွေကိုတော့ လွတ်လပ်ခွင့် ပေးလိုက်ပါပြီ နောက်ဆုံးအကြိမ် တွေ့ ဖို့  စီစဉ်နေတာကြားရတဲ့ နောက် စိတ်မကောင်းပါဘူး။
ဘမ်ဂါရီဆိုလား ဂန္တာရီ ဆိုလား ကုလ က မဲမဲ နဲ့ တယောက်ကတော့ နေပြည်တော်မှာ သန်းရွှေကိုယ်နံ့ သွားရှူနေတာ ၈ ကြိမ်ရှိပြီတဲ့ ။
ဘင်ကီ လည်း နေပြည်တော်မှာ ရင်ဖွင့်ချင်တယ်တဲ့  ဇူလိုင်ကြရင်ဆိုလား။
နောက်ဆုံး ဗမာပြည်ကြီးက ဘာနဲ့ တူသလဲဆိုတော့  ကျူးကျော်ရပ်ကွက်ထဲက ပြည့် တဆာ အိမ်နဲ့ သာ တူပါကြောင်း ၀မ်းနည်းစွာဖြင့် သက်ပြင်းချမိပါတယ် ။ ဒေါင်းTM
Tuesday, June 23, 2009
ဖြစ်ရပ်မှန် ဇတ်လမ်း ( ကိုဒေါင်းနီမှပေးပို့ ပါသည်)
ဆူဆူဆိုတာက ခမီး အမျိုးသမီးငယ်လေး တဦးဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်
တရွာလုံးမှာ အလှဆုံး ကွမ်းတောင်ကိုင်မလေး ဖြစ်ပါတယ်။ အသက်က ငယ်ငယ် အသားက
ဖြူဖွေးပြီး ချစ်စရာကောင်းသူမို့ သူမအပေါ် တရွာလုံးမှာရှိတဲ့ ကာလသားတွေက
ဝိုင်းဝန်း ပိုးပန်းကြပါတယ်။ သူမနေထိုင်ရာ ရန်အောင်မြင် ကျေးရွာဟာ
မောင်တောမြို့နယ် မြောက်ပိုင်းက တိုက်နယ်ကျေးရွာ ကြိမ်ချောင်းနဲ့
ပါးနီးပါးစပ်မှာ ဖြစ်ပါတယ်။ အဲဒီရွာမှာ ရခိုင်၊ ခမီး၊ ဒိုင်းနက်နဲ့
သက်စတဲ့ လူမျိုးတွေ ရောပြွမ်းနေထိုင်ကြပြီး အိမ်ခြေ ၁၂၀ ကျော် ရှိပါတယ်။
အဲဒီရွာမှာ နေထိုင်တဲ့ လူတွေကတော့ ရခိုင်ဒေသရဲ့ ဓလေ့ ထုံးစံ အတိုင်း
လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ဆူဆူရဲ့ မိဖ တွေလည်း
တောင်ယာလုပ်ငန်းနဲ့ အသက်မွေး ၀မ်းကျောင်းမှု ပြုသူများ ဖြစ်ကြပါတယ်။
ဆူဆူမှာ သူအထက်က အမ တဦးနဲ့ မောင်တဦး ရှိပါတယ်။ သူမဟာ စာလေးတန်းထိသာ
သင်ကြားခဲ့ပြီး မူလတန်း ကျောင်းပီးတာနဲ့ ပညာကို ဆက်လက် မသင်ကြားတော့ဘဲ
မိဖတွေရဲ့ အိမ်မှုလုပ်ငန်းတွေကို ကူညီ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဆူဆူတို့
နေထိုင်နေတဲ့ ရန်အောင်မြင်ကျေးရွာဟာ နည်းနည်း ချောင်ကျတာကြောင့်
စစ်အစိုးရ အာဏာပိုင်တွေနဲ့ စစ်သားတွေ ရံဖန် ရံခါ ရောက်တာက လွဲပြီး
ရက်ကြာကြာ တည်းခိုနေထိုင်တာ မရှိပါဘူး။ ခုလို စစ်အစိုးရ အာဏာပိုင်တွေ
အရောက်အပေါက် နည်းတဲ့အတွက်လည်း တရွာလုံးမှာ အလှဆုံး ဆူဆူဟာ အပျိုဖေါ်
ဝင်စမှာ အာဏာပိုင်တွေရဲ့ စက်ကွင်းထဲက လွတ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း
နောက်ပိုင်းမှာ ဆူဆူဟာ ရမ္မက်သားအာဏာပိုင်တွေရဲ့ စက်ကွင်းကို ကြာကြာ
မရှောင်တိမ်း နိုင်ခဲ့ပါဘူး။
------------------------------
တနေ့
၂၀၀၉ ခုနှစ် မတ်လ နောက်ဆုံးအပတ်ထဲက တနေ့ဖြစ်ပါတယ်။ အဲဒီိနေ့မှာ ဘီအီး
လို့ခေါ်တဲ့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက တပ်စုတစုဟာ
ခြံစည်းရိုးစီမံကိန်း အတွက် ဆူဆူတို့ နေထိုင်ရာ ရန်အောင်မြင် ကျေးရွာကို
ရောက်လာခဲ့ပါတယ်။ ဗမာစစ်သားတွေရဲ့ "အိမ်ကြီးကြီး၊ ရေတွင်းနီးနီး၊
ဖင်ကြီးကြီး" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အချက်သုံးချက်နဲ့ ပြည့်စုံတဲ့
ဆူဆူတို့ အိမ်ဘေးနားက အိမ်ကြီး တလုံးကို သူတို့ ရွှေးချယ်ပြီး
တည်းခိုကြပါတယ်။ တည်းခိုပြီး သိပ်မကြာခင်မှာဘဲ "အမေတို့ အဖေတို့
နေကောင်းကြပါသလား" ဆိုပြီး စစ်သားအုပ်စု တစုဟာ ဆူဆူတို့ အိမ်ကို ရောက်ရှိ
လာခဲ့ပါတယ်။ ဆူဆူကို မြင်တယ်ဆိုရင်ဘဲ စစ်သားတွေဟာ အကြောင်းမရှိ
အကြောင်းရှာပြီး ဆူဆူရဲ့ အဖေအမေနဲ့ အတင်း ၀င်ရောပါတော့တယ်။ ဆူဆူရဲ့
အဖေအမေကလည်း တောသူတောင်သားတွေ ဖြစ်တဲ့အတွက် စေတနာ ကောင်းတာက တကြောင်း
စစ်သားတွေကို ကြောက်တာက တကြောင်း အိမ်မှာရှိတဲ့ ပြောင်းဖူးက အစ
လဘက်ရည်အဆုံး ရှိရှိသမျှ စားစရာတွေနဲ့ စစ်သားတွေကို ကျွေးမွေး ဧည့်ခံ
ပါတော့တယ်။ စစ်သားတွေကလည်း မိမိ တည်းခိုနေရာကို ပြန်ဖို့ စိတ်မရ တော့ဘဲ
ဆူဆူရဲ့ အလှနဲ့ ကျွေးမွေးတဲ့ အစားအစာတွေကို အားရပါးရ လွေးကြပါတော့တယ်။
ကျွေးမွေးသမျှကို "အားနာစရာကြီး မလုပ်ပါနဲ့၊ မလုပ်ပါနဲ့" ဆိုပြီး
စားကြတာကတော့ ငတ်နေတဲ့ တိုင်းပြည်ကလာတဲ့ လူတွေ အတိုင်းပါဘဲ။ ဆူဆူလည်း
မီးဖိုချောင်နဲ့ အိမ်ရှေ့ကွပ်ပျစ် ၀င်လိုက် ထွက်လိုက်နဲ့ စားစရာတွေကို
ကျွေးမွေးနေရတော့ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေတဲ့ စစ်သားတွေအထဲက
စစ်သားတဦးနဲ့ မျက်လုံးချင်း ဆုံမိကြပါတော့တယ်။ အဲဒီ စစ်သားရဲ့ စူးချတဲ့
အကြည့်ကို ဆူဆူလို နုနယ်တဲ့ အတွေ့အကြုံ မရင့်ကျက် သေးတဲ့ မိန်းခလေးတဦးက
ခံနိုင်ရည် မရှိတာကတော့ သေချာပါတယ်။ အဲဒီစစ်သားရဲ့ မျက်လုံးစိမ်းနဲ့
စူးချတဲ့ အကြည့်ကိုမြင်တိုင်း ဆူဆူ ရင်ထဲမှာ လှိုက်ဖို သွားပါတော့တယ်။
စစ်သားတွေ ပြန်သွားပေမယ့်လည်း အဲဒီ စစ်သားရဲ့ စူးချတဲ့ အကြည့်တွေက
ဆူဆူရင်ထဲမှာ ကိန်းအောင်းကျန်လိုက် ပါတော့တယ်။
------------------------------
နောက်တနေ့ မနက်လင်းတော့ ရွာထဲက မင်းကျွန်ပျိုနှစ်ဦးဟာ ဆူဆူဆီကို
ရောက်လာပြီး စာတစောင်ကို လာပေးပါတယ်။ နင်တို့အိမ်ကို မနေ့က လာလည်သွားတဲ့
"တပ်ကြပ် ကျော်သက်" ဆီကစာဖြစ်တယ်။ "မနေ့က လာတဲ့ စစ်သားတွေထဲက ဆရာလေး
ကျော်သက် ကို နင် မှတ်မိပါတယ်"ဆိုပြီး စာကိုပေးကာ သူတို့ ထွက်သွားပါတယ်။
စာကို ဖတ်ကြည့်တော့ "သိပ်ချစ်မိသွားပြီ" ဆိုတဲ့ စာသား အောက်မှာ ဆူဆူကို
မြင်ရင် မြင်ချင်း ချစ်သွားခဲ့ရပုံတွေ၊ ဆူဆူလိုလှတဲ့ မိန်းခလေးမျိုးကို
ရခိုင်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ (၅) နှစ်တာ ကာလမှာ စတင် တွေ့ခဲ့ရတဲ့အတွက်
ခံစားရပုံတွေကို စာမျက်နာ (၂) မျက်နာကျော် ရေးသားထားတာကို ဆူဆူ
ဖတ်လိုက်ရပါတယ်။ စာကို ဖတ်ပြီးတာနဲ့ ဆူဆူရဲ့ စိတ်တွေဟာ စတင် လူးလွန့်
သွားပါ တော့တယ်။
------------------------------
နောက်တနေ့ ဆူဆူတို့အိမ်ကို ကျော်သက်က သေနတ်ကလေးကို လွယ်ပြီး လာပါတယ်။
ဆူဆူကို မနေ့က ပေးတဲ့ စာကိုရသလားမေးပြီး အဖြေကို တောင်းပါတယ်။ ဆူဆူကလည်း
မြင်မြင်ချင်း ရင်ဖိုခဲ့ရသူမို့ ခေါင်းညိတ်ပြလိုက်ပါတော့တယ်။
အဲဒီနေ့ကစပြီး ကျော်သက်ဟာ လုပ်ငန်းခွင်က ပြန်လာတိုင်း သူရဲ့ အချစ်တွေ
ကြီးမားတဲ့ အကြောင်းကို သက်သေပြဖို့ ဆူဆူဆီကို တန်းကနဲ ရောက်လာပါတော့တယ်။
------------------------------
များမကြာခင်မှာဘဲ နယ်စပ် ခြံစည်းရိုး စီမံကိန်းအတွက် ရောက်ရှိ လာတဲ့
စစ်သားတွေဟာ ရွာထဲကနေ ခြံစည်းရိုးကာရံနေတဲ့ ယာယီ စခန်းကို
ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ အဲဒီအထဲမှာ တပ်ကြပ် ကျော်သက်လည်း
ပါဝင်သွားပါတယ်။ ဒါပေမယ့်လည်း တပ်ကြပ် ကျော်သက်ဟာ အားလပ်ရက် ရောက်တိုင်း
ဆူဆူတို့ ရွာကိုလာလည်ပြီး ဆူဆူနဲ့ ချိန်းတွေ့ ပါတယ်။ အဲသလို
ချိန်းတွေ့နေတာကို ဆူဆူရဲ့ မောင်က တနေ့မြင်သွားတော့ ဆူဆူကို ဆဲဆို
ကြိမ်းမောင်းပြီး ရိုက်ပုတ် ပါတော့တယ်။ အဲသလို ရိုက်ပုတ်တဲ့ အပေါ်
တရွာလုံးက သိသွားတာကြောင့် ဆူဆူလည်း အရှက်ရပြီး ကျော်သက်နဲ့အတူ
သူနေထိုင်ရာစခန်းကို ခိုးရွာ လိုက်ပါသွားပါတော့တယ်။ ဆူဆူရဲ့ အပျိုစင်ဘ၀ဟာ
ခြံစည်းရိုးကာရံနေတဲ့ စစ်သားတဦးနဲ့ အတူ ယာယီတဲကလေး တလုံးရဲ့ မပီမပြင်
ဝိုးဝါးနေတဲ့ ကြယ်ရောင် မစုံတဲ့ ညအမှောင်အောက်မှာ
ကုန်ဆုံးသွားခဲ့ရပါတော့တယ်။
------------------------------
မနက်လင်းတာနဲ့ သူမရဲ့ ဘေးနားမှာ သူ့ချစ်သူ ကျော်သက် မရှိတာကို
သတိပြုမိတာနဲ့ ဆူဆူ ထထိုင်လိုက်တယ်ဆိုရင်ဘဲ သူမရဲ့ အဖေ အမေသံက တဲအပြင်က
ထွက်ပေါ်လာပါတယ်။ "သမီး ထွက်ခဲ့လေ။ အိမ်ပြန်ရအောင်" ဆူဆူလည်း အဖေ အမေ
အသံကို ကြားတာနဲ့ တဲအပြင်ကို ထွက်ပြီး "အဖေရယ် အခု ကျွန်မလေ
ကိုကျော်သက်ရဲ့ မိန်းမ ဖြစ်သွားပြီ။ သမီးတို့ရဲ့ ချစ်ခြင်းကို
မခွဲပါနဲ့နော် ဖေဖေနော်။" ဆိုပြီး သူမ အဖေရဲ့ ခြေကို ဦးတိုက်ပြီး
ရှိခိုး တောင်းပန်ပါတယ်။
ဆူဆူရဲ့ အဖေက ဆူဆူကို ဆိုးနင့်စွာ ကြည့်ရင်း "သမီးတို့ အချစ်ကို ဖေဖေတို့
မခွဲပါဘူး။ ဒါပေမယ့် သမီးသူ့ကို လက်ထပ်လို့ မရနိုင်ပါဘူးကွယ် ။ တပ်က
သူ့ကို သမီးနဲ့ ခွင့်မပြုနိုင်ဘူး ဆိုပြီး ကိုယ့်သမီးကို ကိုယ် ပြန်ခေါ်
ပါဆိုပီး အကြောင်းကြားတဲ့ အတွက် ဖေဖေတို့ သမီးကို လာခေါ်တာပါ။ သမီး ချစ်သူ
ကျော်သက်မှာ မိန်းမနဲ့ ကလေးနှစ်ဦးရှိတဲ့ အတွက် တပ်က
ခွင့်မပြုနိုင်ဘူးတဲ့ သမီး။"
သူမရဲ့ အဖေရဲ့စကားအဆုံးမှာ ဆူဆူရဲ့ နှလုံးသား တောင်ပြိုသွားသလို ဆူဆူဟာ
အရုပ်ကြိုးပြတ် ဖြစ်သွားပါတော့တယ်။ ဆူဆူက ကိုကျော်သက်နဲ့ ခဏလေး
တွေ့ချင်ကြောင်း ခွင့်တောင်းပေမယ့် တပ်အရာရှိက ကျော်သက်ကို ဖမ်းပြီး
ကြိမ်ချောင်းကို ပို့လိုက်ပြီ ဖြစ်တဲ့အတွက် တွေ့ဆုံလို့ မရနိုင်တော့ဘူး
ဆိုတာကြောင့် ဆူဆူဟာ ကိုကျော်သက်ကို တွေ့ဆုံခွင့် မရခဲ့တော့ပါဘူး။
ဆူဆူတို့ သားမိ သားဖ သုံးဦး ငိုရှိုက်သံတွေနဲ့ အတူ ရွာကို ချိနဲ့စွာ
ပြန်သွားခဲ့တာကို တခြား တဲတလုံးကြားထဲက ခိုးကြည့်နေတဲ့ ကျော်သက် ကိုလည်း
ဆူဆူ မမြင်တွေ့နိုင်ခဲ့တော့ပါဘူး။
------------------------------
အိမ်ကို ပြန်ရောက်တဲ့ အခါ ဆူဆူနဲ့ ဆူဆူ အမေတို့ရဲ့ ငိုရှိုက်သံတွေ၊
အဖေဖြစ်သူနဲ့ မောင်ဖြစ်သူတို့ရဲ့ အံကြိတ်သံတွေ၊ ဆူဆူကို ဆဲဆို
ကြိမ်းမောင်းသံတွေကတော့ ရန်အောင်မြင် ကျေးရွာကို လွမ်းချုံသွားပါတော့တယ်။
(ပြီး)
(ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်ပါသည်။ လွန်ခဲ့သော မေလ အတွင်းက
ရန်အောင်မြင်ကျေးရွာတွင် တကယ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို "
ဘုန်းစည်သူ" က ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။)
Rest of your post
Saturday, June 20, 2009
အရည်အချင်းပြည့်ဝသော ခေါင်းဆောင်ဟူသည် ကျား-မ မခွဲ မည်သူမဆို ဦးညွတ်ရန်အသင့်
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှု တိုင်းရင်းသားခေါင်းဆောင်များ ယုံကြည်Friday, 19 June 2009 17:02 ကိုထွေး
မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို ယခု အချိန်အထိ ယုံကြည်လျက် ရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက သူမ၏ ၆၄နှစ်ပြည့် မွေးနေ့ အခါသမယတွင် ပြောကြားလိုက်သည်။
မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့(MNDF) ဒု ဥက္ကဌ ( ၁ ) နိုင်ငွေသိမ်းက“မွန်တိုင်းရင်းသား တယောက်အနေနဲ့ သူရဲ့ခေါင်းဆောင်မှုကို အပြည့်အ၀ယုံကြည်ပါတယ်၊ အမျိုးသားပြန်လည်သင့် မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးအတွက် တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ သာတူညီမျှရမယ်ဆိုတဲ့ သဘောထားက သူ့ဆီမှာ ရှိပါ တယ်”ဟု ဧရာဝတီသို့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားတို့၏ လိုလားချက်များကို သိရှိရန်အတွက် ပြည်ထောင်စု တိုင်းရင်း သားခေါင်းဆောင်များနှင့် တွေဆုံ ဆွေးနွေးပွဲများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် ပင်လုံ ညီလာခံကဲ့သို့ ညီလာခံတခု ကျင်းပပြီး ဌာနခွဲဝေမှုကို ပြန်လည် စိစစ်၍ ပြေပြေလည်လည် လုပ်ဆောင်ပါက တိုင်းရင်းသား ညီညွှတ်ရေးရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည့်အတွက် ပူးပေါင်း ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က“တိုင်းရင်းသားတွေရဲ့ လိုလားခံစားချက်ကို သူက နားလည်တယ်၊ တိုင်းရင်းသား တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီးတော ပြည်ထောင်စုနိုင်ငံ ထူထောင်ရမယ်ဆိုတာ ပြောလည်း ပြောတယ် ယုံလည်း ယုံကြည် တယ်၊ တိုင်းရင်သားတွေကို စည်းရုံးဖို့ သက်သက် မဟုတ်ဘဲ ပကတိ အခြေအနေက တကယ်ကို ရှိနေတယ်ဆို တာကို သူလက်ခံထားတယ်”ဟု ပြောသည်။
ဦးအေးသာအောင်သည် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး တဦးလည်း ဖြစ်သည်။
တိုင်းရင်းသားများ၏ ပြဿနာကို ဖြေရှင်းရာတွင် တိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး နားလည်မှုရှိရှိ လက်တွဲကာ လက်တွေ့လုပ်ဆောင်ရမည် ဆိုသောသဘောတရားအရ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အချိန်မရွေး ဆွေးနွေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗမာခေါင်းဆောင်တဦးအဖြစ် ပြောဆိုခြင်းထက် တိုင်းပြည်၏ တကယ့် ခေါင်းဆောင်ကောင်းတဦးအဖြစ်မြင်ကြောင်း ၎င်းက ဆိုသည်။
“သူက တခြား နိုင်ငံရေးသမားများနဲ့မတူထူးခြားတာက ရင်ထဲကမပါဘဲ ဟန်ဆောင် စည်းရုံးရေး သက်သက် ပြောဆိုခြင်း မရှိဘူး၊ ယုံယုံကြည်ကြည် မှန်မှန်ကန်ကန်နဲ့ တိုင်းရင်းသားများ အပါအ၀င် တခြားသော နိုင်ငံရေး ပါတီများကိုပါ ဆက်ဆံတာ တွေ့ရတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
၁၉၈၉ ခုနှစ် အာဇာနည်နေ့ မတိုင်မီ အစည်းအဝေးတွင် စစ်အစိုးရ၏ တားမြစ်ချက်ကို ဆန့််ကျင်၍ အာဇာနည် ဗိမာန်သို့ ချီတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ဗိုလ်ချုပ်ဓာတ်ပုံကိုရှေ့မှ ကိုင်ဆောင်ကာ အလံကိုင် အဖွဲ့၏နောက်တွင် တိုင်းရင်းသားပေါင်းစုံဝန်းရံ၍ ချီတက်ရန် ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ခဲ့ကြောင်း ဦးအေးသာအောင် က ပြောပြသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြာင်းအလဲဖြစ်ဖို့အတွက် အရေးကြီးတဲ့ပုဂ္ဂိုလ်တဦးဖြစ်တယ်၊ နိုင်ငံရေးပြဿနာကို ဖြေ ရှင်း ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးသင့်တယ်”ဟုပြောသည်။
နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် မရှိမဖြစ်လိုအပ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို ဖမ်းဆီးချုပ်နှောင်ပြီး ထောင်ချရန် ကြိုးစားနေသော စစ်အစိုးရသည် ကြီးမားသည့် အပြစ်တခုကို ကျူးလွန်နေခြင်းဖြစ်ကြောင်း နော်စီဖိုးရာစိန်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက်သာမက ပိုမို ပြည့်ဝသော နိုင်ငံသူ နိုင်ငံသားများ ဖြစ်လာရေးအတွက် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် ဘာသာစကားများကို နှီးနှော ဖလှယ် နိုင်သည့် အဆင့်ရောက်ရန် လေးစားစွာလေ့လာသင့်ကြောင်း သူမ၏ မိန့်ခွန်းတခုတွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်
နေ့မအားညမနား ကြိုးပမ်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
မြန်မာပြည်အနှံ့ တိုင်းရင်းသားလူမျိုးများက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားချစ်ခင်ပြီး မြန်မာပြည် လွတ်လပ် ရေးလှုပ်ရှားမှုအတွက် အားကိုးအားထား ပြုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူ့ဖခင်နည်းတူ တိုင်းရင်းသားလူမျိုးများ၏ လေးစား၊ ချစ်ခင်၊ အားကိုးခြင်းကို ခံရသူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေး လှုပ်ရှားမှု အစပိုင်း ၁၉၈၈၊ ၁၉၈၉ ခုနှစ်များနှင့် ၂၀၀၃ ခုနှစ် တို့တွင် မြန်မာပြည်အနှံ့ ခရီးထွက်ခဲ့ရာ တိုင်းရင်းသားများ၏ ဒေသများသို့လည်း ရောက်ရှိခဲ့သည်။ ဒေသခံ တိုင်းရင်းသားများက စစ်အာဏာပိုင်တို့၏ ခြိမ်းခြောက် ဟန့်တားမှုများ ကြားမှပင် ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့သည်ကို တွေ့ရသည်။
ယနေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ် မြောက်မွေးနေ့ပွဲကို ကမ္ဘာတ၀န်းလုံးရှိ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြသူများက ကျင်းပလျက်ရှိကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။
အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
Rest of your post
Tuesday, June 16, 2009
နောက်ဆို လူပါအရည်ဖျော်တော့မယ်
မနေ့က စားအုန်းဆီထဲမှာ ဆပ်ပြာမှုန့်တွေရောပြီး မခဲအောင်လုပ်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတခုကြားပါတယ်။ ကြောက်စရာကောင်းတဲ့ သတင်းပါ။ (ကိုညိုစိုင်း မှပေးပို့ ပါသည် မှတ်ချက် ဆောင်ရန်ရှောင်ရန်ဆိုသလို စီပွားရေးသမားတွေမှာ ငွေသာမြင်သည်မို့  စားအုံးဆီ မခဲရေးအတွက် အဆိပ် တဇွန်းလောက်ထည့်ရမယ်ဆိုရင်လည်းသူတို့ က ဂျွမ်းထိုးထည့်မှာပါ-ဒေါင်းTM)
အီလန်ဆပ်ပြာမှုန့်က ဈေးပေါတော့ စားအုန်းဆီတပီပါ ၄၂ဂါလံကို အီလန်တထုပ် (၂၀၀ ဂရမ်လို့ထင်ပါတယ်) ထည့်တယ်လို့ ကြားပါတယ်။
ဆီကိုရေချိုး ဆေးရိုးမီးလှုံ ကောက်ရိုးတောင်လိုပုံဆိုတဲ့ စကားပုံကို အမြတ်တနိုးရွတ်တတ်တဲ့ ဗမာလူမျိုးဟာ ဆီစားကြမ်းပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဆီပေါလို့လားဆိုတော့ မဟုတ်ပါဘူး။ မပေါတော့တာ ကြာလှပါပြီ။ ဒီစကားပုံက ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။
မြန်မာတိုင်းမ်ရဲ့ အဆိုအရ ဗမာတယောက်ဟာ တနှစ်ကို စားသုံးဆီ ၅ပိသာနဲ့ ၄၉ကျပ်သား စားပါတယ်။ လူဦးရေ ၅၂သန်းနဲ့ တွက်မယ်ဆို တနှစ်ကို ပိသာပေါင်း ၂၈၅ သန်း၊ တန်အားဖြင့် ၄သိန်းစားပါတယ်။
ဆီအဖြစ် ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီတို့ကို အဓိက အသုံးပြုရာမှာ ပြည်တွင်းမှာ စားဆီ ၅၀%လောက်ပဲ ထွက်ပြီး ကျန်တဲ့တ၀က်ကို ပြည်ပက တင်သွင်းရပါတယ်။
အဓိကတင်သွင်းတဲ့ နိုင်ငံက မလေးရှားဖြစ်ပြီး သွင်းတဲ့ဆီအမျိုးအစားက စားအုန်းဆီဖြစ်ပါတယ်။ တနှစ်ကို တန်ချိန် ၂သိန်းတင်သွင်းပါတယ်။ ပြည်တွင်းမှာ တနင်္သာရီတိုင်းမှာ ဧက ၂သိန်းလောက်စိုက်ဖို့ လျာထားတာ ၁သိန်းလောက်ပဲစိုက်နိုင်သေးတယ်လို့ ဆင်ဟွာသတင်းဌာနက ပြီးခဲ့တဲ့လက ရေးပါတယ်။
ဒါပေမယ့် မြန်မာတိုင်းမ်က ၂၀၀၅မှာ ဧက ၇သောင်းလောက်ပဲ စိုက်နိုင်သေးတယ်လို့ ဆိုပါတယ်။ မြန်မာတိုင်းမ်အဆိုက အမှန်နဲ့ ပိုနီးစပ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ၁ဧကကို ၂.၅တန်ထွက်ရင် ဧက ၇သောင်းကို တန်ချိန် ၁ သိန်း၇သောင်းခွဲ ထွက်ပါတယ်။ မလေးရှားက တနှစ်ကို စားအုန်းဆီ တန် ၂သိန်းတင်သွင်းတယ်ဆိုတော့ ပြည်တွင်းမှာ စားအုန်းဆီ နှစ်စဉ် တန်ပေါင်း ၃သိန်း ၇သောင်းခွဲ စားနေပါတယ်။ ဆင်ဟွာက ပြောတာယူရင် နှစ်စဉ်စားတဲ့ဆီက စားအုန်းဆီချည်းပဲ တန်၎သိန်းခွဲ ဖြစ်သွားပါလိမ့်မယ်။
တနှစ်ကို စားအုန်းဆီ တန် ၃သိန်း၇သောင်းခွဲစားတယ်ဆိုတော့ လိုတဲ့ တန် ၂သောင်းခွဲက ပဲဆီနဲ့ နှမ်းဆီဖြစ်ဖို့များပါတယ်။ နေကြာဆီနည်းနည်းပါနိုင်ပါတယ်။
ချုပ်လိုက်ရင် စားအုန်းဆီတွေ ပြည်တွင်းမှာ လှိုင်ဘောလယ်နေပါတယ်။ တန် ၃သိန်း၇သောင်းခွဲကို လူဦးရေ ၅၂သန်းနဲ့စားရင် လူတယောက်ဟာ တနှစ်ကို စားအုန်းဆီ ၅ပိသာနဲ့၁၅ကျပ်သား စားပါတယ်။
စားအုန်းဆီက ဒီတိုင်းထားရင်း ခဲတယ်ဆိုတာ လူတော်တော်များများသိပါတယ်။ သူ့ရဲ့ အခဲဖြစ်တဲ့ အပူချိန်ကမြင့်ပါတယ်။ ၃၁နဲ့ ၄၁ဒီဂရီ စင်တီဂရိတ်ကြားမှာအခဲဖြစ်ပါတယ်။ ဗမာပြည်မှာ အောက်ပြည်အောက်ရွာနဲ့ အညာမှာ တနှစ်လုံးပျမ်းမျှအပူချိန်က ၃၀ဒီဂရီနဲ့ အထက်မှာ ရှိတာဆိုတော့ စားအုန်းဆီခဲဖို့ လွယ်တဲ့နေရာပါ။
စားအုန်းဆီခဲရင် ပျော်သွားအောင် တနေ့ကို နည်းနည်းချင်းစီ အပူပေးရပါတယ်။ အပူသိပ်ပြင်းရင် ဆီထဲက အဆီတွေပျက်သွားလို့ အနံ့ဆိုးသွားပါတယ်။ ဒီတော့ စားအုန်းဆီကို ထိန်းသိမ်းရတာ ခက်ပါတယ်။
အဲဒီတော့ ရောင်းတဲ့လူတွေက အလွယ်လိုက်ပြီး အဆီတွေပျော်အောင် ဆပ်ပြာမှုန့်ရောလိုက်ပုံ ရပါတယ်။
ဆပ်ပြာမှုန့်သွေးလမ်းကြောင်းထဲရောက်သွားရင်
သွေးထဲမှာ အက်ဆစ်ပမာဏများလာတာ
အစာလမ်းကြောင်းပေါက်ကုန်တာ
အသက်ရှုကျပ်တာ
သွေးဖိအားကျတာ
လည်ချောင်းယောင်လာတာ
ခန္ဓာကိုယ်တွင်းက အင်္ဂါတွေပျက်စီးတာ ဖြစ်တတ်ပါတယ်။
၂၀၀၉ခုနှစ် ဇွန်လ ကမ္ဘာ့စားအုန်းဆီပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် စားအုန်းဆီတတန်ကို အမေရိကန်ဒေါ်လာ ၇၁၄ဒေါ်လာပေါက်ပါတယ်။ ပိသာနဲ့ပြန်တွက်မယ်ဆို တပိသာကို ၉၉ဆင့်ပဲကျပါတယ်။ ၁ဒေါ်လာပဲ ထားပါတော့။ ဗမာငွေနဲ့ဆို ၁၁၀၀မပြည့်ပါဘူး။
ဒါပေမယ့် ရန်ကုန်မှာ စားအုန်းဆီ တပိသာ ၂၁၀၀၊ မန္တလေးမှာ ၁၉၁၀၊ တောင်ကြီးမှာ ၂၁၀၀နဲ့ စစ်တွေမှာ ၂၂၀၀ပေါက်ပါတယ်။ စစ်တွေကလူတွေက စားအုန်းဆီကို ကမ္ဘာ့ပေါက်ဈေးထက် ၂ဆပိုပေးပြီး စားရပါတယ်။
စားအုန်းဆီကို မလေးရှားကသွင်းနေတာ ဦးပိုင်ကပါ။ လက်ကား၊ လက်လီအဆင့်ဆင့်ဖြတ်ပြီး တကယ်စားတဲ့လူဆီရောက်တော့ သွင်းဈေးရဲ့၂ဆဖြစ်နေပါပြီ။ ဒါပေမယ့် ဈေးကြီးတာက ထားတော့။ လူတွေအဆိပ်သင့်အောင် ဘာဖြစ်လို့ ဆပ်ပြာမှုန့်တွေ ရောနေပါလဲ။
စားသုံးသူက ဘာအခွင့်အရေးမှ မရှိတာကြာနေပါပြီ။ ဒါပေမယ့် ကိုယ့်အသက်ကို အန္တရာယ်ပြုနေတဲ့လူတွေကို တရားစွဲလို့ရတဲ့ ဥပဒေရှိတာကို သုံးရမယ့် အချိန်ရောက်နေပါပြီ။ တရုတ်ပြည်မှာတောင် နို့မှုန့်ထဲ မယ်လမင်းရောတဲ့လူတွေကို သေဒဏ်ပေးလိုက်ပါပြီ။
ဗမာပြည်မှာ စားသုံးသူတွေရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ အဖွဲ့တွေရှိဖို့လိုနေပါပြီ။ ဥပဒေပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စားသုံးသူတွေကိုယ်တိုင်ပါဝင်ပြီး အစားအစာတွေကို အဆိပ်ဖြစ်အောင်လုပ်နေတဲ့ လူတွေကို တရားစွဲရမယ့် အချိန်ရောက်နေပါပြီ။ တနှစ်ကို အဆိပ်ရည် ၅ပိသာ သိသိကြီးနဲ့ တိုက်နေတာကို ချက်ချင်းရပ်သင့်ပါပြီ။
Rest of your post
Monday, June 15, 2009
အဆုံးသတ် ကံမြင့်ချိန် (ဖတ်သင့် ဗဟုသုတ ရယူသင့်တဲ့  တပ်မတော်အရာရှိ အဖြစ်အပျက်)
စာဖတ်ပရိသတ်များ ခင်ဗျား
တပ်မတော် အရာရှိ တစ်ဦးရဲ့  ကိုယ်တွေ့ ဖြစ်စဉ်နဲ့ အတွေးအမြင် တစ်ခုကလည်း ဗဟုသုတ ရစရာမို့ ဒီကနေ့မှာ စာဖတ်ပရိသတ်များအတွက် တင်ပြပေးလိုက်ပါတယ်။ ကိုယ်ပြုသမျှ ကံဟာ တစ်နေ့မှာတော့ ကိုယ့်ဆီသာ ပြန်လာစမြဲမို့ စစ်ခေါင်းဆောင်တွေ အနေနဲ့ အချိန်မှီ အမြင်မှန်တရား ရရှိကာ တိုင်းပြည် ကောင်းကျိုး ဆထက်တံပိုး ဆောင်ရွက်ဖို့ လိုကြောင်း ဆောင်းပါးရှင်က ဆန္ဒပြု ပေးပို့ လာခြင်း ဖြစ်ပါတယ်။ အခုလို ပေးပို့လာတဲ့ ဆောင်းပါးရှင် တပ်မတော် အရာရှိ သိုးထိန်းအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
အဆုံးသတ် ကံမြင့်ချိန်
ဆောင်းပါးရှင် - သိုးထိန်း (တပ်မတော် အရာရှိ တစ်ဦး)
ယနေ့ စစ်အစိုးရအုပ်ချုပ်သော စစ်အာဏာရှင် လက်အောက်မှ မြန်မာ ပြည်သူ ပြည်သား များသည် ကျီးလန့်စာစား ဘ၀ကို ရုန်းကန် ဖြတ်သန်းနေကြရသည်။ ခေတ်တစ်ခေတ်၏ မင်းကောင်း မင်းဆိုးအပေါ်တွင် အဓိက အကျိုးအမြတ် ခံစားနေရသည်မှာ ပြည်သူတွေသာ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ ပြည်သူများခမျာ မင်းဆိုးမင်းညစ်တွေကြားမှာသာ ကျင်လည်ကြီးပြင်း နေခဲ့ကြရသည်မှာ ကံဆိုးလှပေသည်။ ဘယ်သောအခါမှ မင်းကောင်း မင်းမြတ် ပေါ်မည်နည်း။ ယနေ့ခေတ် ကာလကတော့ဖြင့် မင်းဆိုးမင်းညစ်တို့၏ တန်ခိုးအာဏာ အကြီးထွားဆုံး အချိန်ကာလ ဖြစ်ပေသည်။
ပြည်သူတွေခမျာ တံတားဆောက်လို့ အိမ်ဖယ်ပေးလိုက်ရပြန်ပြီ။ တပ်မြေမို့လို့ လယ်တွေ၊ ယာတွေ အသိမ်းခံလိုက်ရပြန်ပြီ၊ မိရိုးဖလာ လုပ်လာသော လယ်မြေတွေကို ပိုင်ရှင်အတိအကျ မပြနိုင်၍ တပ်ပိုင် အသိမ်းခံ လိုက်ရပြန်ပြီ စသည်….စသည်ဖြင့် ဒုက္ခ တွေ ပင်လယ်ဝေကာ ပြည်သူတွေ အတိဒုက္ခ ရောက်ကြသည်မှာ သနားစရာပင် မြင်တွေ့နေရသည်။
အဲ့ဒီလို ဖြစ်စဉ်တွေအတွက် ဖြေသာစရာ အကြောင်းအရာလေးတစ်ခု မြန်မာပြည်သူများကို ပြောပြချင်သည်။ ယနေ့ စစ်အစိုးရလက်ထက်တွင် လူသားများသာ မဟုတ် နတ်ဒေ၀တာများပါ မကျန် နေစရာ နေရာမရှိသည်ကို ယုံကြည်မည် လားမသိ။ ပြည်သူတွေ အားမငယ်ကြပါနဲ့၊ နတ်ဒေ၀တာတွေပင် နေစရာ ခဏခဏ အသိမ်းခံရလို့ ပြဿနာတွေ ဖြစ်ခဲ့ဘူးပါသည်။
ယခုဖော်ပြမည့် ဖြစ်စဉ်လေးသည် ကျွန်တော် တက်ရောက်ခဲ့သော စစ်တက္ကသိုလ်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်လေး ဖြစ်သည်။ ၎င်းဖြစ်စဉ်တွင် သိပ္ပံနည်းအရ လက်ခံဖွယ်ရာ မရှိသော သဘာဝလွန် ဖြစ်ရပ်များ ပါဝင်နေပေသည်။ ကျွန်တော်ကိုယ်တိုင်က စစ်သားလည်းဖြစ်၊ ယင်းသဘာဝလွန် ဖြစ်ရပ်များကိုလည်း မကြုံခဲ့ဖူး၍ မယုံကြည်ခဲ့ချေ။ သို့သော် ကိုယ်တိုင်ကြုံခဲ့ရသော ယင်းဖြစ်စဉ်လေးမှာတော့ ယုံရမလိုပင် ဖြစ်ခဲ့သည်ကို ၀န်ခံရပေမည်။
စစ်တက္ကသိုလ်သည် ယခင်က တပ်ရင်းတစ်ရင်းသာ ရှိသည်။ ကျွန်တော် စစ်တက္ကသိုလ်ရောက်တော့ တပ်ရင်း(၂)ရင်း ဖြစ်နေချေပြီ။ တပ်ရင်း(၁)နဲ့ တပ်ရင်း(၂)။ အသစ် တိုးချဲ့ထားသော တပ်ရင်း(၂)သည် ယခင်က တောအုပ်ကြီး၊ ၎င်းတောအုပ်ကြီးကို ခုတ်ထွင် ရှင်းလင်းပြီး တပ်ရင်း(၂) ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်က တပ်ရင်း (၁)မှ ဖြစ်သည်။ ကျွန်တော် Final year ရောက်တော့ တပ်ရင်း(၃) ကို တိုးချဲ့ တည်ဆောက်သည်။ ၎င်းတပ်ရင်း(၃)သို့ ကျွန်တော် ပြောင်းရွှေ့ခဲ့ရသည်။
၎င်းတပ်ရင်း (၃) ရှိ ကျွန်တော်တို့ တပ်ခွဲနောက်တွင် “ရေကွက်” လေးတစ်ခု ရှိသည်။ ပေ ၂၀ သာသာ လောက် ရှိမည်။ ဘယ်က ဘယ်လို ရေထွက် နေသည် မသိ။ အပြင်ကို လျှံမသွား၊ ရေလည်းခမ်းမသွား ၎င်း “ရေကွက်” လေး၏ ဘေးတွင် သစ်ပင်ကြီးတစ်ပင် ရှိသည်။ ထိုသစ်ပင်ကြီး အောက်တွင် နတ်စင်လိုလို ခပ်ယိုင်နဲ့နဲ့လေး တစ်ခုပြုလုပ်ထားသည်။ ဘယ်သူက လာလုပ်သွားသည်မသိ။ သေချာတာကတော့ ကျွန်တော်တို့ တပ်ရင်း(၃)ကို ပြောင်းရွှေ့မလာခင်ကတည်းက ရှိနေသော နတ်စင် လေးဖြစ်သည်။
ကျွန်တော်တို့ Final year များကတော့ အယုံအကြည် သိပ်မရှိ။ ထမင်းစား တန်းဖြုတ်ပြီး အပေါ့သွားချင်သည် ဆိုပါစို့၊ အိမ်သာသို့ ၀င်မသွားတော့။ ၎င်းရေကွက်၏ အပေါ် လှေကားထစ်မှ “ရေကွက်” ထဲသို့ ကော့ကော့ပန်းကြသည်မှာ အကျင့်လို ဖြစ်နေသည်။ စားရိပ်သာနှင့် လမ်းသင့်၍ လည်းကောင်း၊ “ရေကွက်” ရေမျက်နှာပြင်နဲ့ ရူးရူးတို့ ထိတွေ့သွားသည့် ပလုံစီ အသံလေးကပင် နားထောင်ကောင်းသယောင်၊ ဒီကြားထဲ First year များကို အမှိုက်သွန်ခိုင်းလျှင် စီနီယာ ဗိုလ်လောင်းများ လစ်တာနဲ့ ၎င်းရေကွက်ထဲသို့ ပစ်ချကြသည်။ အမှိုက်ပုံသို့ မသွားကြ။ အမှိုက်ပုံက ဝေးသည်လေ။ ဒီလိုနဲ့ ရေကွက်ကလေးကို လုပ်ချင်သလို လုပ်နေကြရာ တစ်နေ့ တပ်ခွဲမှူးအရာရှိက ကျွန်တော်တို့ Final year များကို လာပြောလေသည်။
“၎င်းအား ညက ပိတ်ဖြူစင်ကြယ်နှင့် အဘိုးကြီးက အိပ်မက်လာပေးကြောင်း သူ့ရဲ့ ရေကွက်ထဲသို့ အမှိုက်တွေ ပစ်ကြောင်း၊ အပေါ့အလေး စွန့်ကြောင်း မင်းလူတွေ မင်းထိန်းလို့ ပြောသွားကြောင်း” ကျွန်တော်တို့ကို အကြားအမြင်ရ ပုဂ္ဂိုလ်တစ်ဦးပုံစံနဲ့ လာပြောလေသည်။ ကျွန်တော်တို့က ပြန်မပြောရဲ၍သာ ငြိမ်နေရသည်။ စစ်သားကို အိပ်မက်အကြောင်း လာပြောတော့ ကျွန်တော်တို့ နားထဲ ကန့်လန့်ကြီး ဖြစ်နေတာ သေချာသည်။ ဒါပေမဲ့လည်း ၎င်းဗိုလ်ကြီး စိတ်ကျေနပ်အောင် First year များ ရေကွက်ထဲသို့ အမှိုက်မပစ်ရန် တင်းကြပ်စွာ အမိန့်ထုတ် ပေးလိုက်ရတော့သည်။
သို့ပေမယ့် စစ်တက္ကသိုလ်မှာ ထိန်းမရဆုံးက Final year များဖြစ်ကြသည်။ ရေကွက်ထဲသို့ အပေါ့မသွားပါနဲ့ တောင်းပန်လည်းမရ၊ အပေါ့သွားမြဲ သွားသည်။ နောက်တပတ်လောက်လည်းကျရော တပ်ခွဲမှူးအရာရှိ ပြန်ရောက်လာပြီး ညက သူ့ကို အိပ်မက်ထဲမှာ လည်ပင်းလာညှစ်ကြောင်းပြောပြီး ပုဆိုးကို ခါးတောင်းကျိုက်၊ ပေါက်တူးတစ်လက်နဲ့ ရေကွက်ထဲဆင်းပြီး သန့်ရှင်းရေး လုပ်နေပါတော့သည်။ သူပြန်တော့ နတ်စင်လေးမှာ ဖယောင်းတိုင်နဲ့ ထမင်းတောင် ကပ်သွားလိုက်သေးသည်။ ၎င်းတပ်ခွဲမှူးကို ဘယ်လို ယုံကြည်ရမှန်းမသိ၊ စိတ္တဇဖြစ်နေပြီလားလို့တောင် ထင်လိုက်မိသည်။
ဒါပေမဲ့ ၎င်းအရာရှိ ကတော့ အပတ်စဉ်ပုံမှန် ၎င်းရေကွက်ကို သန့်ရှင်းရေးလာလုပ်သည်။ ကျွန်တော်တို့ ကတော့ နေ့စဉ်မှန်မှန် ရေကွက်ထဲ အပေါ့သွားသည်။ ဒီလိုနဲ့ တစ်ည First year ခန်းဘက်မှ ဆူဆူညံညံ အသံများ ကြားလိုက်ရသည်။ စစ်တက္ကသိုလ်တွင် ဂျူနီယာများ ဤကဲ့သို့ ဆူဆူ ညံညံလုပ်ဖို့ နေနေသာသာ စီနီယာရှေ့တွင် စကားပင် ပြောခွင့်မရှိ၊ ကျွန်တော်တို့ စိတ်အရမ်းတိုသွားသည်။
ဒါနဲ့ Final year ဗိုလ်လောင်းတွေ First year အခန်းထဲ ချက်ချင်း ထလိုက်ကြသည်။ First year က ပထမဆုံး ၀င်လာတဲ့ ဗိုလ်လောင်းတပ်ခွဲမှူးကို ပြေးထိုးပါတော့သည်။ ဗိုလ်လောင်းတပ်ခွဲမှူးခမျာ ဖင်ထိုင်ပါကျသည်။ ကျွန်တော်တို့လည်း စိတ်အရမ်းတိုကာ ၎င်း First year ဆီ ပြေးအ၀င်၊ ၎င်း First year ကလည်း တစ်ယောက်ပြီး တစ်ယောက် ဆင့်ဆင့်ထိုးလိုက်တာ အကုန်လုံး အကွဲကွဲ အ ပြဲပြဲ ဖြစ်ကုန်သည်။
အဲ့ဒီ First year ကို Second year ၁၀ယောက်လောက် ၀ိုင်းချုပ်တာတောင် ထိန်းလို့ သိမ်းလို့မရ၊ နောက်အသံနက် ကြီးနဲ့ ထအော်တော့သည်။ “မင်းတို့ အရာရှိကို သွားခေါ်တဲ့” ကျွန်တော်တို့လည်း အခြေအနေ မဟန်တာနဲ့ တပ်ခွဲမှူးအရာရှိကို သွားပြေးခေါ်ရသည်။ တပ်ခွဲမှူးအရာရှိရောက်လာပြီး သောင်းကျန်းနေတဲ့ First year ကို မြင်တယ်ဆိုရင်ဘဲ ချက်ချင်း လှည့်ပြေးပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်နိုင်ကို ပြေးခေါ်ပါတော့သည်။ သိပ်မကြာလိုက် တပ်ရင်းမှူး ရောက်ချလာသည်။ တပ်ရင်းမှူး ရောက်လာသည်အထိ First year ရဲ့ အခြေအနေကို မထိန်းသိမ်းနိုင်သေး။ ရုန်းရင်းဆန်ခတ် ဖြစ်နေဆဲပင်။
တပ်ရင်းမှူးကို မြင်သည်နှင့် First year က “ဟေ့ကောင်တွေ မင်းတို့ဟာက မလွန်ဘူးလားကွ ဟင်.. ငါ့ဘာသာငါ ဟိုဘက်မှာ နေတယ်” ဆိုပြီး လက်ညိုးလှမ်းထိုးပြတဲ့နေရာက ယခင်တောအုပ်ကြီးကို ရှင်းပြီး ဆောက်လုပ်ထားသောတပ်ရင်း(၂)၊ ပြီးတော့ ဆက်အော်ပြန်သည်။“မင်းတို့ရွှေ့ ဆိုလို့ ဒီဘက်ရွှေ့လာပြီးပြီ။ တခါထပ်ပြီး ကျူးကျော်လာပြန်ရော၊ တစ်ကောင်မှ လေးစားမှု မရှိဘူး၊ ငါ့ကို နေရာတစ်နေရာစာ အမြန်ပေးစမ်း” ဆိုပြီး အသံနက်ကြီးနဲ့ အားရပါးရ အော်ကာ ရပ်သွားတော့သည်။ အပ မီသလိုလို ဖြစ်နေသော First year လည်း အရုပ်ကြိုးပြတ် လဲကျသွားသည်။ ကျွန်တော်တို့မှာ အပမီသည်ဆိုလို့သာ သီးခံလိုက်ရသည်၊ ၎င်း First year ထိုးထည့်လိုက်သော ဗိုလ်လောင်းများမနဲ။
နောက်နေ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်နိုင် ကိုယ်တိုင် ပြန်တမ်းစာတခု ယူလာပြီး တပ်ခွဲ အနောက်ဘက်ရှိ အပင်က ရုက္ခစိုးကို အနောက်ဘက်က တောအုပ်ထဲသို့ ရွှေ့ပေးလိုက်ရသည်။
အဲဒီအဖြစ်အပျက်ကလေးသည် စစ်တက္ကသိုလ်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ဤဖြစ်စဉ်နှင့်တဆက်တည်း ရာဇ၀င်လေးတစ်ခုကို ပြောပြချင်သည်။ အနော်ရထာမင်းကြီး ဘုန်းတန်ခိုး လွန်စွာ ထက်မြက်နေသော အချိန်က သစ်ပင်စောင့် ရုက္ခစိုး နတ်တစ်ပါးကို ကျိန်ဖြင့် ရိုက်၍ အပြစ်ပေးဖူးသည် ဟူ၏။ အကြောင်းက အနော်ရထာမင်းကြီး တိုင်းခန်းလှည့်လည်လာစဉ် သစ်ပင်စောင့်ရုက္ခစိုးက ခရီးဦးကြိုမပြု ဘဲ နေခဲ့သောကြောင့် ဟုဆို၏။
သို့ပေမဲ့ အနော်ရထာ ဘုန်းတန်ခိုး အာဏာယုတ်လျော့ လာသောအခါ ၎င်းကိုယ်တိုင် ကျိန်ဖြင့် ရိုက်၍ အပြစ်ပေးခဲ့သော ရုက္ခစိုးက ကျွဲယောင် ဖန်ဆင်း၍ အနော်ရထာမင်းအား ရန်ငြိုးထား ဝှေ့သတ်ခဲ့သည်ဟု ရာဇ၀င်များတွင် ကြားဖူး လေသည်။( ပါးစပ်ရာဇ၀င် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်)
၎င်းရာဇ၀င်လေးနှင့်ဆက်စပ်စွာ ယနေ့စစ်အာဏာရှင် လူတစ်စုသည် ဘုန်းတန်ခိုး အာဏာ အမြင့်ဆုံး အချိန်ကို ရောက်ရှိနေသည်မှာ သေချာလှသည်။ သို့သော်လည်း ကျွဲဝှေ့ခံရဖို့ အချိန်ကလည်း တဖြည်းဖြည်း နီးလာပြီ ဆိုတာကိုလည်း စေတနာရှေ့ထား၍ သတိပေး နှိုးဆော်လိုက်ရခြင်း ဖြစ်ပါတော့သည်။
(စာကြွင်း။ ။ ကျွန်တော်တို့ စစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီး ဘွဲ့လွန်သင်တန်း တက်ရန် ပြင်ဦးလွင်သို့ ပြန်ရောက်သောအခါ ကျွန်တော်တို့ တပ်ခွဲနောက်မှ ရုက္ခစိုးအား နေရာရွေ့ပေးခဲ့သော တောအုပ်ကြီးတွင် တပ်ရင်းအသစ်တစ်ခု တိုးချဲ့နေသည်ကို တွေ့ခဲ့ ရပါသည်။)
http://www.photayokeking.org/ ကိုဖိုးတရုပ် အင်တာနက်စာမျက်နှာမှ ကူးယူ သိမ်းဆည်းပါသည်။
Rest of your post


